ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, July 30, 2012

Q and A July 2012 (5)

1. ဆရာရှင့် အားနည်းပြီး ပင်ပန်းနေပါတယ်။
2. ထူးထူးခြားခြား ဝေဒနာတခု ခံစားမိလို့ပါ။
3. စအိုနား အထက်ပိုင်းတွင်း ဘုတခု ခဏခဏ ထွက်ပါသည်။
4. တကိုယ်လုံး မနေတတ်အောင်ယားတတ်တယ်။
5. ကျောက်ကပ်မှာ ကျောက်တည်နေတဲ့လူနာအတွက် မုန့်ဝယ်ပေးချင်လို့
6. စစ်ဆေးရုံမှာ ကျောက်ကပ် အစားထိုးကုပေးနိုင်ပြီလို့ သိရပါတယ်။
7. ဂရင်ဂျီနာကိုလည်း ခွဲစိတ်ကုသ၊ ထိပ်ဖျားက အရေပြားကိုလည်းဖြတ်
8. အဲတာ ထပ်ခွဲစိတ်ရမယ်လို့ ပြောပါတယ်။
9. မနက်အိပ်ရာထရင် အသက်ရှူမဝသလို အိပ်ရေးမဝသလိုဖြစ်လို့

Sat, Jul 28, 2012 at 6:24 PM
ဆရာရှင့် အားနည်းပြီး ပင်ပန်းနေပါတယ်။ အမြဲတမ်းလည်း အိပ်ချင်နေပါတယ်။ အခု FERROVIT နဲ့ SUPRAVIT သောက်နေပါတယ်။ တွဲသောက်လို့ ရလားရှင့်။ လိုအပ်တာတွေ ညွှန်ကြားပေးပါရှင့်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့ တိုင်းပြည်။ ဆေးနာမည် ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။

ဟုတ်ကဲ့ပါ။ သမီးက အသက်(၂၈) အပျိုပါ။ မြန်မာနိုင်ငံမှာပဲနေပါတယ်ရှင့်။ အရမ်း ပင်ပန်းသလိုဖြစ်နေပြီး အိပ်ချင်နေပါတယ်။ တစ်နေ့ကို (၈) နာရီ အိပ်တာတောင် အိပ်ရေးမဝပါဘူး။ အရမ်းအိပ်ချင်နေတာတောင် တော်တော်နဲ့ အိပ်မပျော်ပါဘူးရှင့်။ တစ်နေကုန် နွမ်းဖတ်ပြီး မျက်လုံးတွေကလည်း ကျိမ်းစပ်ပြီးနီနေပါတယ်။ အဲဒီလိုဖြစ်နေတာ တစ်လရှိပါပြီ။ အခု FERROVITနဲ့ SUPRAVIT သောက်နေပါတယ်။ တွဲသောက်လို့ ရလားရှင့်။ လိုအပ်တာတွေ ညွှန်ကြားပေးပါရှင့်။ တစ်ခြားသောက်သင့်တဲ့ဆေးလည်း ညွှန်ပေးပါရှင့်။ သွေးအမျိုးအစားက ဘီသွေး ပါရှင့်။

ထပ်သိချင်တာတွေ ရှိသေးတယ်။ မိန်းကလေးဖြစ်လို့ ရာသီ မှန်ပါသလား။ အခုလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ သွေးဖိအား၊ နှလုံးခုန်နှုန်း သိပါသလား။ ဆေးစစ်ဘူးသလား။ ဆရာဝန်ပြဘူးသလား။ ပြဘူးရင် ဘယ်လိုမှတ်ချက် ပေးသလဲ။ လူက ပိန်သလား၊ ဝသလား၊ အနေတော်ဘဲလား။

Sat, Jul 28, 2012 at 9:07 PM
ထူးထူးခြားခြား ဝေဒနာတခု ခံစားမိလို့ပါ။ ကျနော့် ခြေဖ၀ါးတွေနဲ့ လက်ဖ၀ါးတွေမှာ တခါတရံ သွေးပွက်သလိုမျိုးနဲ့ အနီရောင်သမ်းလာပြီး အရမ်းကို နာလာပါတယ်။ ထိလိုက်တဲ့အခါ လမ်းလျှောက်လို့ ဖိတဲ့အခါမျိုးမှာဆို နာနေပါတယ်။ ဖြစ်တာကတော့ ၁ လဝန်းကျင်လောက်ပါ။ အမြဲမဖြစ်ပေမယ့် မကြာမကြာတော့ ဖြစ်လေ့ဖြစ်ထ ရှိနေပါတယ်။ ဘယ်လိုကြောင့် ဖြစ်တယ်ဆိုတာလေး သိချင်လို့ မေးမြန်းလိုက်ပါတယ်။ အသက်က ၂၈ပါ။ အိမ်ထောင်မရှိပါဘူး။

ဆီးချို အရင်စစ်ပါ။ ဆေး ၂ မျိုးထဲတ ၁ မျိုးသောက်နိုင်တယ်။
(၁) Neurontin (Gabapentin)
ပဌမနေ့မှာ 300-mg တပြားသောက်ပါ၊ ဒုတိယနေ့မှာ 300-mg မနက်တပြား၊ ညနေတပြားသောက်ပါ။ တတိယနေ့မှာ 300-mg မနက်တပြား၊ နေ့လည်တပြား၊ ညနေတပြားသောက်ပါ။
ဘေးထွက်-ဆိုးကျိုး= ခေါင်းမူး၊ ခေါင်းကိုက်၊ အိပ်ချင်၊ မောပန်း၊ ပျို့၊ မျက်စိကြည့်မကောင်း၊ အာခေါင်ခြောက်၊

(၂) Lyrica (Pregabalin)
မနက်တပြား၊ ညနေတပြား။
ဘေးထွက်-ဆိုးကျိုး= ခေါင်းမူး၊ အိပ်ချင်၊ ဆေးနဲ့မတည့်လို့ (အလာဂျီ) ရခြင်း။

Fri, Jul 27, 2012 at 8:36 PM
ကျွန်တော့်မှာ စအိုနား အထက်ပိုင်းတွင်း ဘုတခု ခဏခဏ ထွက်ပါသည်။ ထွက်ကာစ သေးသေးနှင့် နာလာပါသည်။ လက်နှင့်စမ်းကြည့်လျင် သိပါသည်။ ထိုနောက် ကြီးထွားလာကာ အလွန်နာလာပါသည်။ ၂ဝဝ၈ မှစတင်ပြီး ယခုချိန်ထိ ခံစားရပါသည်။ ဖြစ်လျင် ဆရာဝန်နှင့် သွားပြကာ ပျောက်ကင်းသွားပြီး ၃ လ တခါလောက် ပေါ်လာတတ်ပါသည်။ အရင်တခါ အရမ်းနာကျင်သဖြင့် ဆရာဝန်မှ ဆေး (cream) အဖြူ သုတ်ပေးလိုက်ရာ ချက်ချင်း သက်သာသွားပါသည်။ ဆရာပို့စ်ထဲက တင်ထားတဲ့အတိုင်းဆိုရင် ထုံဆေးဖြစ်နိုင်ပါသည်။ ကင်ဆာဖြစ်နိုင်ပါသလား။ ဘာဆေးတွေ သောက်ရပါမလဲ။ ဘာတွေ ရှောင်ကျဉ်ရပါမလဲ။ အမြစ်ပြတ်အောင် ဘယ်လိုကုသရပါမလဲ။ ယခု (့) မှာ အလုပ် လုပ်နေပါတယ်။ ဒီက ဆရာဝန်တွေကတော့ အပူကြောင့် ဖြစ်ရတာလို့ပြောပါသည်။ မနက်တခါ ညတခါ ရေမချိုး ဖြစ်ရင်လည်း ဖြစ်ပါသည်။ ဝမ်းချုပ်ရင်လည်း ဖြစ်ပါသည်။

Anal and perianal disorders စအိုနေရာ ရောဂါများ

Sun, Jul 29, 2012 at 12:24 PM
ကျွန်တော့် မိန်းမအသက် ၅၃ နှစ် (့) မှာနေတယ်။ မျက်နှာမှာ တစ်နာရီခြားဝန်းကျင် ခဏာ ခဏယားနေတယ်။ ညအိပ်ချိန်မှာ ပိုယားလာတယ်။ တခါတရံ နေ့ခင်းဖက် တကိုယ်လုံး မနေတတ်အောင်ယားတတ်တယ်။ ဒီလိုဖြစ်တော့ cetiriz 10mg တလုံးနဲ့ biobril (Loratadine 10mg) တလုံးနဲ့ တရက် ၃ ကြိမ်သောက်တာ ၃ ရက်ရှိပြီ။ မတက်သာဘူး။ အရင်ပတ်က အကိုက်အခဲဖြစ်တော့ Ibuprofen 400mg (Ubimol forte) တလုံးနဲ့ Tiffy အစိမ်းရောင် ဆေးကဒ် တလုံးကို တရက် ၃ ကြိမ် တပတ်ကြာ သောက်သေးတယ်။ နောက်ယားလာရင် အကုတ်လွန်ရင် မျက်နှာမှာ အနီကွက်ကြီးနဲ့ အဖုသေးတွေ ထွက်လာပြီး ရောင်လာတက်တယ်။ လိမ်းဆေးက Fluocinonide Oinment (တရုတ်ဖြစ် ငှက်နှစ်ကောင် တံဆိပ်) လိမ်းတယ်။ သူမက သားသတ်လွတ်စားတယ်။ ၁ဝ နှစ်ကျော်ရှိပြီ။ ဘယ်လိုလုပ်ရမလဲ။

- Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
- Allergy သို့မဟုတ် မတည့်အတူနေ
- Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

Fri, Aug 3, 2012 at 8:29 AM
ဆရာရှင့် ကျောက်ကပ်မှာ ကျောက်တည်နေတဲ့လူနာအတွက် မုန့်ဝယ်ပေးချင်လို့ အဲဒါ အိုဗာတင်း၊ မောလ်မစ်နဲ့များ တည့်လားလို့။ တကယ်လို့ အဲဒါနဲ့မတည့်ရင်လဲတခြား ဘာအရည်များ သောက်လို့ရသလဲ ဆိုတာ လေးများသိချင်လို့ပါ ပြန်ဖြေကြားပေးပါနော်ဆရာ။

ဒီစာထဲမှာပါတဲ့ အစားအသောက်တွေနဲ့ တည့်ပါမယ်။
• Kidney Stones Home Remedies ကျောက်ကပ် ကျောက်တည်တာ အိမ်မှာ သက်သာအောင် http://dts-medicaleducation.blogspot.com/2010/11/home-remedies-for-kidney-stones.html

သမီးရဲ့ အသိမိတ်ဆွေ တစ်ယောက်ရဲ့ သမီးက ကျောက်ကပ်ရောဂါဖြစ်နေပါတယ်။ သမီးသိချင်တာက မြန်မာပြည်မှာ စစ်ဆေးရုံမှာ ကျောက်ကပ် အစားထိုးကုပေးနိုင်ပြီလို့ သိရပါတယ်။ ဘယ်နှခုနစ်ကစပြီး အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့တာပါလဲရှင်။ တစ်နှစ်ကို ဘယ်နှစ်ယောက် ခွဲစိတ်ကုပေးနိုင်ပါသလဲရှင့်။ နောက်ပြီး အဲဒီလို ခွဲစိတ်ကုပေးခဲ့တဲ့ လူနာပေါင်း ဘယ်လောက်ရှိသွားပါပြီလဲရှင့်။

ဆရာက အပြင်မှာသာနေရပါတယ်။ ဒါကြောင့် ပြည်တွင်းက ကျန်းမာရေး အခြေအနေ သိပ်မသိလှပါ။ စစ်ဆေးရုံဆိုရင် ပိုမသိပါ။ ဆရာနေတဲ့ ဒေလီမှာတော့ အသဲ၊ ကျောက်ကပ် နဲ့ ရိုးတွင်းခြင်ဆီ လဲတဲ့ လူနာ လက်ရှိ (၃-၄) ယောက် ရှိနေတယ်။ ကျောက်ကပ်ကို ကာကတ္တားကိုလဲ လာကြတယ်။

Mon, Aug 6, 2012 at 12:42 PM
ကျနော်က ၂၉ နှစ်။ ခု (့) မှာ အလုပ်လုပ်နေပါတယ်။ စအိုဝနားမှာလည်းအနာ ရှိပါတယ်။ ဆရာကိုလည်းအရင်တစ်ခါ ပြောပြီးသားဖြစ်တယ်။ ကျနော် နောက်လ ၉ လ ပိုင်းကျရင် မြန်မာပြည်ကိုပြန်ပြီး အနာကိုခွဲမှာပါ။ နောက်ပြီး ကျနော့် အင်္ဂါထိပ်ဖျားရဲ့ ဖုံးနေတဲ့အရေပြားကိုလည်း ဖြတ်ပစ်ချင်ပါတယ်။ ကျနော့်ရဲ့ ဂရင်ဂျီနာကိုလည်း ခွဲစိတ်ကုသ၊ ထိပ်ဖျားက အရေပြားကိုလည်းဖြတ် အဲလိုတစ်ခါတည်း တစ်ပြိုင်နက်ထဲ လုပ်လို့ရပါသလား။ ဒါမှမဟုတ် တစ်ခုခုကို အရင်လုပ်လို့ ကောင်းသွားပြီးမှ နောက်တစ်ခုကို လုပ်ရမှာလား။ ကျနော့မှာ အချိန်က ၂ လ ပဲရလို့ပါ။

ခွဲစိတ်ဆရာဝန်အပေါ်မှာ မူတည်ပါတယ်။ တပြိုင်တည်း လုပ်လို့ရပါတယ်။ တချို့ဆေးရုံတွေမှာ ခွဲစိတ်အထူးကု ဆရာဝန်တွေက (လိုင်း) ခွဲထားလို့ သူ့ (စပါယ်ရှယ်လိုင်း) မဟုတ်ရင် တခြား (လိုင်း) ကို လွှဲပေးတတ်တယ်။ အထွေထွေဆရာဝန်တွေကတော့ အားလုံးလုပ်ကြရတယ်။

Mon, Aug 6, 2012 at 4:50 PM
ကျွန်မသားလေးက ၁ နှစ်နဲ့ ၁၁ ပါ။ ၁-၇-၁၂ တုန်းက ရွှေဥတစ်လုံးကို ဥအိတ်ထဲမှာမရှိဘဲ အပေါ်ရောက်နေလို့ ခွဲစိပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအဲဒီဟာက အပေါ်ပြန်တက်သွားပြန်တယ်ဆရာ။ အဲတာ ထပ်ခွဲစိတ်ရမယ်လို့ ပြောပါတယ်။ အဲဒီလိုမျိုး ဖြစ်တက်ပါသလား။ ဘာကြောင့်ဖြစ်တာပါလဲရှင့်။ ဒီတစ်ခေါက်ခွဲပြီလို့မှ အပေါ်ပြန်တက်သွားရင် အဲဒီဥလေးကို ထုတ်ပစ်လိုက်မယ်လို့ ပြောပါတယ်။ အဲတာ သားလေးအတွက် အရမ်းစိုးရိမ်ပါတယ်။ သူများကလေးတွေလိုပဲ ဖြစ်စေချင်ပါတယ်။ ခွဲစိပ်ပြီးသွားရင်ဘယ်လို ပြုစုရမည် ဆောင်ရန် ရှောင်ရန်များကို ကျေးဇူးပြုပြီးဖြေကြားပေးပါနော်။

ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ နဲ့ ဘယ်လိုဆေးရုံမျိုးဆိုတာ မသိပါ။ ဒါကြောင့် မခွဲခင်က ဆေးစစ်တဲ့အဆင့်ကို မှန်းမရပါ။ ဥလေးက ဘယ်နေရာအတိအကျမှာနေသလဲ မသိပါ။ ဖြစ်တတ်တာ မှန်ပါတယ်။ မဖြစ်မှသာ ထုတ်ပြစ်မယ်လို့ ယူဆပါတယ်။ တကယ်လို့ ထုတ်ပြစ်လိုက်ရလဲ တဖက်တည်းနဲ့ တခြားသူငယ်ချင်းတွေလိုဘဲ အဆင်ပြေဘို့များပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

ကျွန်မက ငယ်ငယ်ကတည်းကနှလုံးအားနည်းပါတယ်ရှင့် ကိုးတန်းနှစ်လောက်က စဖြစ်ပါတယ်။ အသက်ရှူမ၀လို့ အဲဒီတုန်းက မုံရွာက သမားတော် (့) နဲ့ပြကြည့်တော့မှ နှလုံးအားနည်းတယ်ဆိုပြီး 21 veta သောက်ခိုင်းပါတယ်။ အဲဒီတုန်းက စာကို အသည်းအသန် ကျက်နေရတဲ့အချိန်ဆိုတော့ အိပ်ငိုက်တယ်ဆိုပြီး ဆေးတွေကို ၁ဝ လုံး ၁၅ လုံးလောက် သောက်ပြီး ဆက်မသောက်ဖြစ်တော့ပါဘူး အခုလည်း အသက်ရှုမ၀ရင် ခရမ်းဦးချစ်တင်လို ဗမာဆေးကို ရံဖန်ရံခါ စားဖြစ်ပါတယ်။ အခုတလော မနက်အိပ်ရာထရင် အသက်ရှူမဝသလို အိပ်ရေးမဝသလိုဖြစ်လို့ ခုနစ်နာရီ၊ ရှစ်နာရီမှ ထဖြစ်တော့ အလုပ်ကိုလည်း နောက်ကျမှရောက်တယ်။ မနက်အိပ်ရာထရင် လန်းလန်းဆန်းမရှိ ဖြစ်နေပါတယ်။ ကျွန်မသိချင်တာက
- နှလုံးအားနည်းလို့ သွေးအားနည်းတာလား (တစ်ခါတုန်းက သွေးလှူချင်လို့ သွားတော့ သွေးပေါင်မပြည့်လို့ လှူခွင့်မရဘူး)
- သွေးအားနည်းလို့ နှလုံးအားနည်းတာလား။
- ကျွန်မအသက်က ၃၅ လောက်ရှိပြီဆိုတော့ ဘယ်လိုအားဆေးတွေ သောက်သင့်ပါသလဲ။

သွေးအားနည်းတာ ရှိ-မရှိ မသိရပါ။ မိန်းကလေးတိုင်း သံဓါတ်အားဆေး သောက်နေသင့်ကြတယ်။ 21 veta ဆေးကို ဆရာမသိပါ။ သံဓါတ်ပါနေရင်တော့ ကောင်းမယ်။ မေးတဲ့သူမှာ ရာသီ မှန်-မမှန် မသိပါ။ အသက်ရှူမဝတာဟာ သွေးအားနည်းတာကြောင့်လဲ ဖြစ်နိုင်တယ်။ အစားအသောက်ကိုလဲ သံဓါတ်ပါတာ စားပေးပါ။ အစာအဟာရမျှတ လုံလောက်ပါ။ မြန်မာဆေး၊ တိုင်းရင်းဆေးကို ဆရာသိပ်မသိပါ။