ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, July 11, 2012

Q and A July 2012 (1)

1. အိပ်မပျော်တာ လေးနှစ်လောက် ကြာပါပြီ။
2. သူငယ်ချင်းတွေစုပြီး (့) မှာ Seafood သွားစားပါတယ်။
3. ဆေးခန်းမှာ ကိုယ်ဝန်ကို အပ်လို့ရှိရင် ကိုယ်ဝန်ဆောင်မိခင်ကို HIV test လုပ်တာများရှိပါသလား။
4. ကျွန်တော့် ပေါင်မှာ အကွက်တွေ့လို့။
5. ဆေးရည်စိမ်ပြီးသား ရင်သားကင်ဆာအကျိတ်အား ကင်ဆာပိုးရှိမရှိ နောက်ထပ်တစ်ကြိမ် ပြန်လည်စစ်ဆေးလို့ ရပါသလား။
6. အမျိုးသမီးမှာ အသက် ၂၈ နှစ်ရှိပါပြီ။ ကွန်ပြူတာရှေ့တွင် အထိုင်များသော အလုပ်လုပ်ပါသည်။
7. မွေးကင်းစကလေး အသားဝါလို့ ဓာတ်ကင်တာ ရှိပါသလား
8. I have read your post about "lung cancer and papaya".

Thu, Jul 5, 2012 at 2:22 PM
ကျွန်တော် အသက်က ၂၇။ နိုင်ငံခြားမှာ အလုပ်လုပ်နေတာပါ။ အိပ်မပျော်တာ လေးနှစ်လောက် ကြာပါပြီ။ မြန်မာနိုင်ငံကို အလည်ပြန်စဉ်တုန်းက အာရုံကြော အထူးကုနဲ့ပြခဲ့ပါတယ်။ တစ်လစာ သောက်ဆေးတွေ ပေးလိုက်တယ်။ နေ့ရော ညရော ဆီးခဏခဏ သွားတယ်လို့ပြောလို့ ဆီးထိန်းဆေးပါ ပေးလိုက်ပါတယ်။ အဲဒီဆေးတွေ သောက်နေတာ တစ်ပတ် ရှိပါပြီ။ အဲဆရာပေးလိုက်တယ့် ဆီးထိန်းဆေးက ဆီးသွားချင်တာကို ပိတ်ထားသလို ခံစားရပါတယ်။ ဆီးအောင့်တာမျိုးတော့ မဟုတ်ပါ။ ဆီးသွားဖို့လုပ်ရင် တမ်းမသွားပဲ ညှစ်နေရသလို ဖြစ်နေပါတယ်။ အဲဒီတွက် ဆီးနဲ့ပတ်သက်ပြီး ထိခိုက်မှာ စိုးရိမ်ပါတယ်။ ဒါပေမယ့် အဲဒီဆီးဆေးကို မသောက်ပဲ နေဖို့တွက် ဘယ်ဆေးဟာ ဆီးထိန်းဆေးဖြစ်တယ်ဆိုတာ မသိဖြစ်နေပါတယ်။ ဆီးထိန်းဆေးအပြင် အခြားဆေးတွေရယ့် အကျိုးအာနိသင်တွေကိုလည်း သိပါရစေ။ အဲဒီဆေးတွေကို တစ်လမက ကြာရှည်သောက်ရင် ဘယ်လို ဖြစ်နိုင်ပါသလဲ။ အခု သောက်သလောက်တော့ အနည်းငယ် ခေါင်းနောက်ပါတယ်။ ဆေးအားလုံးရယ့် ရှေ့နောက် နှစ်မျက်နှာလုံးကို ဓာတ်ပုံ ရိုက်ပို့ပေးလိုက်ပါတယ်။ အဲဒီဆေးတွေ အရင်တုန်းက Melatonin 3 mg သောက်ပါတယ်။ သောက်ပြီးရင် တစ်နေ့လုံးလိုလို ခေါင်းနောက်နေတယ့်အတွက် သောက်လိုက် မသောက်လိုက်နဲ့ ဆက်မသောက်ဖြစ်တော့ပါ။ အိပ်မပျော်တယ့်ရောဂါကို ပျောက်အောင် ကုလို့ရပါသလား။ တရုတ်အပ်စိုက်တာ၊ ခန္ဓာကိုယ်ကို နှိပ်နယ်တယ့်နည်းတွေနဲ့ကုမယ်ဆိုရင် ကြာရှည်မှာ အဆင်ပြေနိုင်မလား။

1. Zolpidem (Ambien, Ambien CR, Stilnox, and Sublinox) ဆေးဟာ အိပ်ဆေးဖြစ်တယ်။ ဦးနှောက်ရောဂါ တချို့ အတွက်လဲ သုံးတယ်။ ကြာကြာမအိပ်ပေမဲ့ မကြာခင် အိပ်ပျော်သွားစေမယ်။ ၁၅ မိနစ်နေရင် အစွမ်းပြတယ်။ ၂-၃ နာရီအထိ ခံတယ်။ Benzodiazepine ဆေးအမျိုးအစားလို သဘောချင်းဆင်းတယ်။ အိပ်ပျော်စတာထက် ၁ဝ-၂ဝ ဆ လောက်ပေးမှ Seizure အတက်ရောဂါသက်သာစေတယ်။ Muscle relaxation ကြွက်သားပျော့စေအောင်လဲ လုပ်ပေးတယ်။
2. Propranolol (Inderal, Inderal LA, Avlocardyl, Deralin, Dociton, Inderalici, InnoPran XL, Sumial, Anaprilinum, Bedranol SR) ဆေးဟာ Sympatholytic non-selective beta blocker ဖြစ်တယ်။ Hypertension သွေးတိုး၊ Anxiety စိုးရိမ်စိတ် နဲ့ Panic စိတ်ရောဂါ စတာတွေမှာ သုံးတယ်။
3. Valproate semisodium နဲ့ Divalproex sodium ဆေးမှာ Sodium valproate နဲ့ Valproic acid တွေပါတယ်။ Manic episodes of bipolar disorder အမျိုးအစား စိတ်အခြေအနေရှိသူတွေကိုပေးတယ်။ Major depressive disorder မှာလဲ သုံးတယ်။
4. Escitalopram (Nexito, Anxiset-E, Lexapro, Cipralex, Seroplex, Lexamil, Lexam, Entact, Losita) ဆေးဟာ (SSRI) အမျိုးအစား antidepressant စိတ်မကျဆေးဖြစ်တယ်။ Major depressive disorder နဲ့ Generalized anxiety disorder စိတ်အခြေအနေတွေအတွက်သုံးတယ်။
5. Oxybutynin (Ditropan, Lyrinel XL) ဆေးဟာ Anticholinergic သတိရှိလို့ ဆီးသွားရခက်တာအတွက် သုံးနိုင်တယ်။ ချွေးထွက်များသူတွေကိုလဲသုံးနိုင်တယ်။

ဆရာတို့ မသင်ဘူးတဲ့ ဆေးနည်းတွေကို အကောင်း-အဆိုး မပြောတတ်ပါ။ ဆရာဝန်ညွှန်တာတွေကို တိတိကျကျ သောက်စေချင်ပါတယ်။ နာတာရှည် ဖြစ်ထားတာမို့ စိတ်ရှည်ရှည် ဆေးကုသပါ။ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ တခါတလေ ကောင်းလာဘို့ရာ ဆိုးတာလေးတွေကို သည်းခံရတယ်။ အိပ်တယ်ဆိုတာမှာ စိတ်-ဦးနှောက်အသုံးချတာပါလို့ ဆေးကို အားကိုးပြီး ကိုယ့်စိတ်ကိုလဲ နိုင်အောင်ကြိုးစားပါ။ တခါတည်း၊ တချက်တည်း၊ တလ၊ တနှစ်နဲ့ မရသေးလဲ အားမငယ်ပါနဲ့။ ဆေးကို မယုံတာလဲ မဖြစ်ပါနဲ့။

Tue, Jul 10, 2012 at 11:04 AM
အသက် ၃၂ နှစ်ပါ။ ၂ဝဝ၈ လောက်မှာ သူငယ်ချင်းတွေစုပြီး (့) မှာ sea food သွားစားပါတယ်။ ခရု ၂/၃ မျိုးလောက် စားမိပါတယ်။ ညကျတော့ ငရှဥ့် ၂ တုံးလောက်ထပ်စားပါတယ်။ စားပြီး ၂ နာရီ လောက်ကျတော့ တစ်ကိုယ်လုံးယားပြီး ကုတ်ရတာ နေ့တိုင်းပါဘဲ။ ဒါနဲ့ (့) က ဆရာဝန်ကို ပြတော့ Rinityn (hovid) ဆေးပေးပါတယ်။ ဆေးသောက်လိုက်ရင် သုံးပါတ်လောက် သက်သာပါပြီး ပြန်ယားပါတယ်။ အဲဒီတုန်းထဲက တင်ပါးမှာလည်း ပွေးလို လိုအကွက်သေးသေးလေးတွေ ဖြစ်ပြီး ယားပါတယ်။ တင်ပါးကဟာကျတော့ Quadriderm (Beclomethasone Dipropionate Clotrimazole & Neomycin Cream) စလိမ်းပါတယ်။ ၂/၃ ရက်လောက်နေရင် ပြန်ယား ဆေးပြန်လိမ်းနဲ့ အခုပုံမှာပါတဲ့အတိုင်း တင်ပါး နှစ်ဘက်စလုံး ကူးသွားပြီး အကွက်တွေက ကြီးလာပါတယ်။ Skineal (Compound Ketoconazole Cream) လိမ်းပါတယ်။ တင်ပါးမှာဖြစ်တဲ့ဟာကျတော့ ရှက်လို့ ဘယ်ဆရာဝန်နဲ့မှ မပြဘဲ ကြော်ငြာမှာတွေ့တာနဲ့ မြန်မာပြည်ပြန်မှာပြီး ကိုယ့်ဟာကို လိမ်းတာပါ။ တင်ပါးကလွဲပြီး ကျန်တဲ့နေရာတွေကိုတော့ Caldryl (Herbal base) ကိုလိမ်းပါတယ်။ ဘယ်လို ဆေးလိမ်း ဆေးသောက် ခဏဘဲသက်သာပြီး ပြန်ပြန် ပြီးယားနေတာဘာဘဲ။
3 attachments

• Eczema Medicine နှင်းခူနာဆေး http://dts-medicaleducation.blogspot.com/2011/06/clobetasol-propionate-and-neomycin.html
• Eczema နှင်းခူနာ http://dts-medicaleducation.blogspot.com/2011/05/eczema.html

Tue, Jul 10, 2012 at 7:27 AM
တခြားတယောက်ဆီက သွေးသွင်းခြင်း ခံထားရသူဟာ သွေးလှူလို့ရပါသလား။ အဖေက ကျောက်တည်လို့ ခွဲဖူးပါတယ်။ အဲဒီ့တုန်းက သွေးသွင်းခဲ့ရတယ်။ အဲဒီလိုလူမျိုးသွေးလှုလို့ ရပါသလား။ ပြီးတော့ မွေးစမှာ အသားရောင် အသားဝါ ဖြစ်လို့ သွေးလဲသွေးသွင်းခဲ့ရတဲ့ ကလေးတွေ သွေးလှူလို့ရပါသလား။ မိန်းမများ ကလေးမွေးပြီး ဘယ်လောက် အကြာမှာ သွေးလှူနိုင်ပါသလဲ။ ကလေးကို ခွဲမွေးရသူများရော သွေးလှူခွင့်ရှိပါသလား။

သွေးလှူမဲ့သူကို နောက်ကြောင်းရာဇဝင် မေးမြန်တာတွေ သိပ်မလုပ်ပါ။ ငှက်ဖျားနဲ့ ဘီပိုး၊ စီပိုး၊ HIV တော့မေးမယ်။ အပေါ်ပမ်းကြည့်မယ်၊ သွေးဖိအားတိုင်းမယ်၊ လှူမဲ့သွေးကိုစစ်မယ်။ အားလုံးက လက်ခံနိုင်တဲ့အခြေအနေဆိုရင် သွေးလှူတာကို လက်ခံပါမယ်။ စိုးရိမ်ရင် သွေးလှူဘဏ်က ဆရာဝန်ကို အရင်ပြောပြသင့်ပါတယ်။ ယေဘုယျပြောရရင် ကလေးမိခင်လဲလှူနိုင်တယ်။ အရင်က လူနာဖြစ်ဘူးသူလဲ လှူနိုင်ပါတယ်။

Tue, Jul 10, 2012 at 6:30 AM
ဆေးခန်းမှာ ကိုယ်ဝန်ကို အပ်လို့ရှိရင် ကိုယ်ဝန်ဆောင်မိခင်ကို HIV test လုပ်တာများရှိပါသလား။ ကလေး မွေးခဲ့တဲ့ ဆေးရုံမှာ HIV စစ်ဆေးတာတွေ လုပ်ပါသလား။

ကိုယ်ဝန်အပ်တဲ့ ဆေးရုံအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတွေလဲ မတူပါ။ လိုအပ်တာမို့ လုပ်ပေးတဲ့ဆီမှာ စစ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဘယ်လိုဆေးစစ်ချက်တွေ လိုတယ်တယ်ဆိုတာ ရေးထားပါတယ်။
• Pregnancy and Oscar Test & Triple Test ကိုယ်ဝန်ဆောင်စဉ် စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-and-oscar-test-triple-test.html
• Pregnancy Tests (2) ကိုယ်ဝန်ဆောင်စဉ် စမ်းသပ်ရမဲ့ စစ်ဆေးနည်းများ http://dts-medicaleducation-adult.blogspot.in/2012/05/pregnancy-tests-2.html

Mon, Jul 9, 2012 at 11:51 PM
ကျွန်တော့် ပေါင်မှာ အကွက်တွေ့လို့။ ဒီနေ့မှ တွေ့တာပါ။ ဘာမှန်းတော့ မသိဘူး။ တွေ့တွေ့ခြင်း ဓာတ်ပုံရိုက်ပြီး ပို့လိုက်တာပါ။ ပြီးတော့ ကျွန်တော့် အင်္ဂါက ယားပြီးတော့ အဖြူအဖတ်တွေထွက်လာတယ်။ အဲဒါ မှိုဖြစ်တာလားမသိဘူး။ ဘာဆေးကို ဘယ်နှစ်ရက်သောက်ရမယ်ဆိုတာလေးပြောပြပေးပါခင်ဗျာ။ ကျွန်တော် ရန်ကုန်မှာနေတာပါ။

ပုံကို အမြန်ကြည့်ရင် ပွေးနဲ့တူတယ်။ ပွေးဆိုရင် ယားမယ်။ အနားသတ်မှာ အသီးငယ်လေးတွေနဲ့ ဝိုင်းပတ်နေမယ်။
ပုံကိုချဲ့ကြည့်တော့ ပွေးနဲ့ မတူသလိုဖြစ်နေတယ်။ အဖြူဖတ်လဲဆင်းတာရှိတော့ ပိုးသေဆေးသောက်ရမယ်။ အရင်ဆုံး Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၇-၁ဝ ရက်သောက်ပါ။ နောက်မှာ မေးစရာရှိခဲ့ရင် (မဆိုကောင်းစကား) အသက်၊ ဖြစ်တာဘယ်လောက်ကြာ၊ နောက်ခံ ကျန်းမာရေး အချက်အလက်၊ ဥပမာ အိမ်ထောင်ရေး၊ ဆက်ဆံရေး၊ ကလေး စတာတွေ ပါသင့်ပါတယ်။

Mon, Jul 9, 2012 at 3:19 PM
ဆေးရည်စိမ်ပြီးသား ရင်သားကင်ဆာအကျိတ်အား ကင်ဆာပိုးရှိမရှိ နောက်ထပ်တစ်ကြိမ် ပြန်လည်စစ်ဆေးလို့ ရပါသလား။ ကျွန်တော့် အမေရဲ့ ရင်သားမှာ ကင်ဆာဆိုတဲ့ အကျိတ်လုံးကို ရိုးရိုးအကျိတ်လုံးအမှတ်နဲ့ ပထမခွဲထုတ်ခဲ့ပါတယ်။ နောက် ယင်းအကျိတ်လုံးအား စစ်ဆေးရာမှာ ကင်ဆာပိုးရှိသည်ဆို၍ အမေစိတ်တိုင်းကြ အခြားဆေးရုံတစ်ခုမှာ ပထမဆေးရုံက ဆေးစစ်ချက်နဲ့ ရင်သားကို ဖြတ်ထုတ်ခဲ့ပါတယ်။ နောက် ယင်းဖြတ်ထုတ်လိုက်တဲ့ ရင်သားအတွင်းမှာ ကင်ဆာပိုးမတွေ့၍ ဆရာဝန်ကြီးများက အကျိတ်လုံးအား စစ်ဆေးရာတွင် ဆေးစိမ်ထားပြီးဖြစ်၍ ရောဂါပိုးအားရှာဖွေရန် အခက်အခဲ ဖြစ်နေသည်ဟု ပြောပါသည်။ သူတို့လဲ အတတ်နိုင်ဆုံး ကြိုးစားပေးပါမည်ဟု အကြောင်းကြားထားပါသည်။ သိလိုသည်မှာ ဆေးရည်စိမ်ပြီးသား ကင်ဆာအကြိတ်အား ပြန်လည် စစ်ဆေးရန် ဖြစ်နိုင်ပါသလားဆိုတာပါ။

ဆေးစိမ်တာက ဘယ်လိုဆေးရည်နဲ့ပါလဲ။ ဆေးရုံတွေမှာစိမ်ရင် (ဖော်မလင်) ဆိုတာသုံးတယ်။ ပုပ်သိုးသွားတာ မဖြစ်စေပါ။ ဒါပေမဲ့ ဆေးစစ်သလို ပြန်စစ်ဘို့ ခက်မယ်။ ကင်ဆာကို စစ်တာက အနုကြည့်မှန်ဘီလူးနဲ့ ပုံမှန်မဟုတ်တဲ့ (ဆဲလ်) တွေကို စစ်ရတာဖြစ်တယ်။ ပိုး မဟုတ်ပါ။ စိမ်ထားတာကို မရလဲ သံသယရှိတဲ့နေရာကို အသားစလေးဖြတ်ယူပြီး စစ်နိုင်ပါတယ်။ ဓါတ်မှန်စတာလဲ ထပ်ရိုက်ဘို့လိုချင်လိုမယ်။ ၆ လ တခါဆိုသလို စစ်နေဘို့လဲ လိုတတ်တယ်။

Mon, Jul 9, 2012 at 12:02 PM
ကျွန်တော်ဧ။် အမျိုးသမီးမှာ အသက် ၂၈ နှစ်ရှိပါပြီ။ ကွန်ပြူတာရှေ့တွင် အထိုင်များသော အလုပ်လုပ်ပါသည်။ လမ်းလျှောက်များတဲ့နေ့ မတ်တတ်ရပ်များတဲ့နေ့ဆိုလျှင် ခါးနာတတ်ပါသည်။ ကလေးမရှိပါ အလေးအပင်လည်း မမဘူးပါ။ တခါတရံဖြစ်သည့်အတွက် ဆေးခန်းပြရန် လိုအပ်ပါသလား။ မည်သို့နေထိုင်သင့်သည်ကို ဖြေကြားပေးပါခင်ဗျား။

• Low Back Pain ခါးနာ သက်သာစေရန် http://dts-medicaleducation.blogspot.in/2012/02/low-back-pain.html

Mon, Jul 9, 2012 at 6:30 AM
မွေးကင်းစကလေး အသားဝါလို့ ဓာတ်ကင်တာ ရှိပါသလား ကျေးဇူးပြီး ပြန်ဖြေပေးပါ။

• Neonatal jaundice မွေးစကလေး အသားဝါခြင်း http://dts-medicaleducation.blogspot.com/2012/01/neonatal-jaundice_24.html

Sat, Jul 14, 2012 at 1:18 PM
we did biopsy for my father, 78 years old, and he has got lung cancer stage 3B invaded chest wall and ribs posterity. But he has also heart problem and high blood pressure. His surgeon suggested not to do operation on him because his lung is so weak. So currently we are waiting to see oncologist for him but I really don't know his body is possible to take it chemo/radiation side effects.

I have read your post about "lung cancer and papaya". we really would like him to try papaya leaf too. But he is taking Aspirin and found out in your post that the patient who is taking Aspirin better not to take papaya leaf. Is it because papaya leaf also makes blood thin or possible to try any option or alternative way?

As far as I can search, I see only one website which says:
Side Effects from Papaya Enzymes
Papaya enzymes have many uses, such as digestive aid, skin softener, anti-inflammatory agent and meat tenderizer. Some people experience side effects or allergic reactions when using products containing papaya enzymes, such as stomach upset, rash, itching, swelling or dizziness.
Serious side effects occur infrequently, including slow heartbeat; heartburn; chest pain; difficult or painful swallowing; facial, tongue or throat swelling; severe dizziness or drowsiness; trouble breathing; or paralysis.
Papaya enzymes may affect the blood's clotting ability, according to Pharmacy Health, so people should avoid this product when taking blood thinners.

Many other sites say all good about Papaya. Even in the Pharmacy Health site I am difficult to search that piece of info.

Apology if my hand is too short.