ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, July 16, 2012

Q and A July 2012 (2)

1. စာပြန်ဖြေကြားလားသည်ကို တွေ့ရသောအခါ အရမ်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။
2. (့) မှာနေပါတယ်။ အိမ်ထောင်သည်ပါ။
3. ကျမကလေးက ၁ နှစ်နှင့် ၇ လရှိပါပြီ။
4. သမီး၏အဖေမှာ အသံအိုးကင်ဆာကို ဆရာဝန်၏ ညွန်ကြားမှုဖြင့် (့) ဆေးရုံတွင်
5. မိခင် ဒူးနာတာနဲ့ ပက်သက်ပြီး မေးခွင့်ပြုပါ။
6. Attach လုပ်ထားတဲ့ ဓါတ်ပုံထဲကဆေးက ကျွန်တော့်ချစ်သူကို ဆရာဝန်ပေးထားတာပါ။
7. သမီးက ကွန်ပြူတာနဲ့ အလုပ်လုပ်တဲ့သူတယောက်မို့ နေ့တိုင်း ကွန်ပြူတာရှေ့မှာ
8. ဆေးစာရွက်ရော ECG ပါ ထည့်ပေးလိုက်ပါတယ်။
9. သမီး ယားနေပါတယ်။ သွေးထဲကနေယားပါတယ်။

Thu, Jul 5, 2012 at 1:17 PM
စာပြန်ဖြေကြားလားသည်ကို တွေ့ရသောအခါ အရမ်းပင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ ယခု တီဘီရောဂါ ခံစားရသူသည် ငယ်ငယ်ကလည်းဖြစ်ဖူးသည်ပြောပါသည်။ ယခု ဆေးစစ်ရာတွင်လည်း ဓါတ်မှန်၊ ECG ၊ သွေးချို ရှိမရှိစစ်ဆေးပြီး ဓါတ်မှန်တွင် အဖြေပေါ်သဖြင့် တီဘီဆေးစသောက်ခိုင်းခြင်းဖြစ်ပါသည်။ ဆရာကျေးဇူးကို အမြဲတမ်း အောက်မေ့ပြီး ဆရာကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးနေပါတယ် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့လျင်လည်း ယခုဘဝမှာတင် နိဗာန်သို့ မျက်မှောက်ပြုနိုင်တဲ့ တရားထူးတရားမြတ်များကို တွေ့သိကျင့်ကြံ အားထုတ်နိုင်သူ ဖြစ်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ရှင့်။

စိတ်မပူနဲ့ ဆရာ့ဆေးခန်းမှာ လူနာ မိန်းကလေးတယောက် ဆေး ၉ လ တိတိကျကျ သောက်ပြီးနောက်၊ ရောဂါလဲပျောက်၊ လူကလဲ ဝလာ၊ လှလာပြီး၊ ဆေးခန်းမှာ (ဗော်လန်တီယာ) လာလုပ်ပေးနေတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်-ကိုးကွယ်ပြီး တတ်စွမ်းသလောက် လိုက်နာ-ကျင့်ကြံပါတယ်။ တောင်းပေးတဲ့ဆုနဲ့ ပြည့်ရပါစေ။

Wed, Jul 11, 2012 at 1:01 PM
(့) မှာနေပါတယ်။ အိမ်ထောင်သည်ပါ။ သားက ၄ လရှိပါပြီ။ သားက ခဏခဏအန်တယ်။ ဆရာဝန်တွေကတော့ ဘာမှမဖြစ်ဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့ ခဏခဏ အန်ရတာလဲ။ နောက်ပြီးသားက မှောက်အိပ်ပါတယ်။ ပက်လက် အိပ်တာထက် မှောက်တာကိုပိုကြိုက်နေတယ်။ မှောက်အိပ်ရင်လဲ လူကြီးတစ်ယောက်လို ခေါင်းကို တစ်ဘက်စောင်းပြီး အိပ်ပါတယ်။ ညောင်းရင်တစ်ဘက်ပြန်အိပ်တယ်။ ၄ လအရွယ်နဲ့ မှောက်အိပ်တာ ကောင်းပါသလား။ သားကို မိခင်နို့ တစ်မျိုးတည်းပဲ တိုက်ပါတယ်။ ခွဲမွေးခဲ့ပါတယ်။ မွေးပြီး ၂ဝ၁၂-၄-၁၅ နေ့က ဓမ္မတာ လာပေမဲ့ အဲ့ဒီနောက် ခုထိ မလာသေးဘူး။ စစ်တာလည်း Minus ပါ။

ကလေးတွေ တယောက်နဲ့တယောက် မတူကြပါ။ အိပ်တဲ့ပုံစံက ရောဂါရှိလို့ မဟုတ်နိုင်ပါ။ သူ အသက်ရှူတာ အကောင်းဆုံးအနေအထားကို ရွေးတာဖြစ်ပါမယ်။ အန်တာအတွက် ကလေးဆရာဝန်ပြထားရင် စိုးရိမ်စရာမရှိပါ။ ကလေးတွေက အန်တတ်တယ်။ အစာအိမ်မှာ နို့စို့ရင်း၊ ရေသောက်ရင်း၊ အစာစားရင်း လေကိုမျိုချတယ်။ လေများနေရင် ထွက်စရာရှာတယ်။ အောက်မသက်ရင် အန်တယ်။ မအန်အောင် အထိန်းကထိန်းပေးတယ်။ ကလေးတွေမှာ အစာအိမ်အထက်ဖျား အစာမျိုပြွန်နဲ့ ဆက်တဲ့နေရာက အထိန်းက ကောင်းကောင်း မသန်သေးလို့ဖြစ်တယ်။ လေဆေး တိုက်ကြတယ်။ ကလေးလေဆေးအကြောင်းလဲ ရေးထားပါတယ်။ အအန်သက်သာဆေး အကြောင်းလဲ ရေးထားပါတယ်။ ကလေးဆိုတော့ ဆေးအဆ၊ ဆေးအမျိုးအစား ရွေးရမယ်။ ကလေးဆရာဝန် ညွှန်မှသာ တိုက်သင့်တယ်။ အန်တာများရင် ရေနဲ့ ဓါတ်ဆားနည်းတတ်တယ်။ လိုမယ်ထင်ရင် ဓါတ်ဆားရည်တိုက်ပေးပါ။ ချက်ချင်း အားပြန်ပြည့်မယ်။

Wed, Jul 11, 2012 at 1:33 PM
ကျမကလေးက ၁ နှစ်နှင့် ၇ လရှိပါပြီ။ Hydrocaplus မွေးရာပါပါ။ Shunt ထည့်ထားပါတယ်။ အခုဖြစ်တာက ရှေ့သွားက ထက်ပိုင်းကျိုးသွားပါတယ်။ မွပြီးကြွေကျသွားတာပါ။ အဲဒီသွားရဲ့ သွားဖုံးပေါ်မှာ ပြည်တည်နာလေး ဖြစ်လာပါတယ်။ စဖြစ်ပြီး ၂ ရက်နေတော့ ကလေးဆရာဝန်နဲ့ ပြပါတယ်။ Curam 375 mg (Co-am0xiclav Tablet) ကို မနက် ၁/၂ နေ့ ၁/၂၊ ည ၁/၂၊ (၇) ရက်တိုက်ခိုင်းပြီး ပြည်ကို ညှစ်ပေးလိုက်ပါတယ်။ သွားပြန်ပြတော့ ပြည်ထပ်ညှစ်ပေးလိုက်တယ်။ သွားဆရာဝန်ဆီသွားပါလို့ ပြောပါတယ်။ သွားဆေးခန်းက သွားကို အပေါက်ဖောက်ဖောက်ပြီး အမြစ်ကို ဆေးထည့် ရမယ်ဟု ပြောပါတယ်။ ကလေးဆိုတော့ မကိုင်ရဲ မလုပ်ရဲပါ။ ၃ နှစ်သားလောက်မှ ဝိုင်းချုပ်ပြီး လုပ်လို့ရမယ်။ အခုတော့ မရပါ။ Antibiotics တိုက်လိုက်၊ ပြည်သွားညှစ်လိုက်ပဲ လုပ်လို့ရမည်ဟု ပြောပါသည်။

ပြည်ရှိနေရင် ပြည်ကို တနည်းနည်းနဲ့ ထုတ်ရပါတယ်။ ပိုးသေဆေးလဲပေးရတယ်။ သွားဆရာဝန်ကနေ အကောင်းဆုံးကို ညွှန်ပေး။ လုပ်ပေးမှာပါ။ ကလေးအသက်အလိုက် ထုံဆေး၊ မေ့ဆေး သုံးလို့ရပါတယ်။ မေ့ဆေးဆရာဝန်ကနေ အကောင်းဆုံး ရွေးပေးပါမယ်။ မွေးရာပါချို့ယွင်းချက်အတွက် (ဆောရီး) ပါ။ ကံတရားဆိုတာ ဒီလိုဘဲ။ လူတိုင်း သတ္တဝါတိုင်းမှာ အဲလိုရှိတာချည်းဘဲ။ ဆေးနာမည်ကို စာလုံးပေါင်းရင် (အို) နဲ့ (ဇီးရိုး) သုည မတူတာ သတိပြုပါ။

Wed, Jul 11, 2012 at 7:29 PM
ကလေးက ၂ နှစ် ယောက်ျားလေးပါ။ ခဏခဏ ဖျားပါတယ်။ ဆေးခန်းကပေးတဲ့ Antibiotic လဲ ကုန်အောင်တိုက်ပါတယ်။ ၃-၄ ရက်ကြာရင်တခါ ဖျားပါတယ်။ ညဘက် ကိုယ်အရမ်းပူပြီး မနက်နဲ့နေ့လည်မှာ ကောင်းသွားတတ်ပါတယ်။ အဲဒီတော့ ၂ ရက်ဆက်တိုက် မဖျားတော့ ပါရာစီတမောအရည်ပဲတိုက် ၂ ကြိမ်လောက် တိုက်လိုက်ရင် အဖျားမရှိတော့ပြန်ဘူး။ ၁ ပါတ်လောက်နေရင် အအေးမိသွားလား ချွေးနဲ့အအေးမိတာလိုမျိုး ထပ်ဖြစ်ပါတယ်။ အခုအဲလိုဖြစ်တာ ဇွန် ၁၆ ရက်ကတည်းကပါ။ ဇူလိုင် ၁ ရက်နေ့မှာ သွေးစစ်ပါတယ်။ ကောင်းတယ်လို့ ပြောပါတယ် ဆီးစစ်တော့ Infection ၀င်တယ်ဆိုပြီး Antibiotic ထပ်ပေးပါတယ်။ အဲဒါတွေ ကုန်အောင်တိုက်ပြီးတော့ အခု ဇူလိုင် ၁၁ ရက်နေ့မှာ ထပ်ဖျားပါတယ်။ ဘာလို့ဒီလို ဖျားလိုက်-ပျောက်လိုက် ဖြစ်နေရပါလဲ ရှင်းပြပေးပါ။

နေတဲ့ တိုင်းပြည် မသိရပါ။ ရာသီဥတု မှန်းနိုင်အောင်ပြောရတာဖြစ်ပါတယ်။

အဖျားဖြစ်တာဟာ တခါတလေ အဖြေရှာဘို့ အတော်ခက်ခဲတဲ့ ရောဂါလက္ခဏာတခုဖြစ်တယ်။ အမေး-အဖြေတခုမှာ ရေးခဲ့ဘူးတယ်။ "PUO (Pyrexia of Unknown Origin) ဘာလို့ ကိုယ်ပူမှန်းမသိတဲ့ အဖျား" လို့ အထူးကုဆရာဝန်တွေကိုယ်တိုင်က ဆေးရုံဆင်းလက်မှတ်မှာရေးတာ မနည်းလှပါ။ ဒီလိုအဖျားက ဗိုင်းရပ်စ် ကနေဖြစ်တာ များတယ်။ ဗိုင်းရပ်စ်တွေက ရာသီအပြောင်မှာ ပေါက်ပွါးကြတယ်။ အကောင်သစ်တွေနဲ့ ကလေး (လူကြီး) က မတွေ့ဘူးသေးဘူး။ ခံနိုင်ရည်မရှိကြသေးဘူး။ အချိန်တန်တော့ ပျောက်သွားတယ်။

ဆရာဝန်လဲပြထားတယ်။ သွေးလဲစစ်တယ်ဆိုရင် စိုးရိမ်စရာမရှိပါ။ ဆေးနာမည်သိရရင်လဲ မှန်းလို့ ပိုကောင်းပါမယ်။

Thu, Jul 12, 2012 at 2:04 PM
သမီး၏အဖေမှာ အသံအိုးကင်ဆာကို ဆရာဝန်၏ ညွန်ကြားမှုဖြင့် (့) ဆေးရုံတွင် ဓါတ်ရောင်ခြည်ဖြင့် တနင်္လာမှ သောကြာနေ့အထိကင်ပြီး အပြင်ဆေးခန်းတွင် စနေ့နေ့မနက် ကင်ဆာဆေး ၁ လုံးနှင့် အခြား ဆီးဆေးများ သွင်းပြီး တနင်္ဂနွေနေ့ ဆေးစစ်ဆေးပြီး ဆင်းရပါသည်။ ဆေးသွင်းသည့်အရှိန်ဖြင့် ၂ ရက် ၃ ရက်ခန့် အစာ ကောင်းကောင်း မစားချင်သည်မှလွဲပြီး အန်ခြင်းများမရှိခဲ့ပါ။ ဓါတ်ရောင်ခြည်ကင်အကြိမ်ပေါင်း ၃ဝ တိတိ နှင့် ဆေးသွင်း ၆ ကြိမ် သွင်းခဲ့ပါသည်။ ကုသမှုပြီးပြီးခြင်း ရေတပတ်မချိုးရန်နှင့် တလကြာလျှင် ပြန်လာပြရန် ညွန်ကြားပါသည်။ တပတ်ကြာ ရေချိုးပြီး အသံပြန်လည်ထွက်လာပါသည်။ ယခုတလကြာသောအခါ ပြန်လည်သွားပြရာတွင် ဆေးကို တလတကြိမ်လာ သွင်းရန်ညွှန်ကြားကာ ယခုလအတွက် ဆေးသွင်းရန်ညွန်ကြားပါသည်။ ဆေးသွင်းရာတွင် ကင်ဆာဆေး ၂ လုံးနှင့် အခြားဆေးများ သွင်းရပါသည်။ ဒုတိယအလုံးတွင် အန်ခြင်း အစားမစားခြင်းများ တွေ့ကြုံရပါသည်။ အပြန်လမ်း ကားပေါ်တွင်လည်း အန်ပါသည်။ အစာကောင်းကောင်း မစားနိုင်ပါ။ ဟင်းနံ့ရလျှင် အန်ပါသည်။ ၂ ရက် ၃ ရက် ကြာမှ အနည်းငယ် ပြန်လည်စားနိုင်လာပါသည်။ လူမှာလည်းအတောင်ပင် ပိန်ချုံသွားပါသည်။ အသိထံမှသိရသည်မှာ ကင်ဆာကုထုံးသည် ဓါတ်ကင်အကြိမ် ၃ဝ ကြိမ်နှင့် ကင်ဆာဆေးသွင်းခြင်း ၆ ကြိမ်မှာ ကုထုံးအရ ပြီးစီးပြီဟုသိရပါသည်။ တလတကြိမ်နှင့် ၆ လသွင်းရန်မှာ ဆရာဝန်များမှ Safe ဖြစ်စေရန် ထပ်မံသွင်းခိုင်းခြင်းဖြစ်သည်ဟု သိရပါသည်။ လူနာရှင်သဘောမှာ ထပ်မံပြီး မသွင်းချင်တော့ပါ။ ဆေးဒဏ်မခံနိုင်သောကြောင့် လုံးပါးပါးလိမ့်မည်ဟု ပြောပါသည်။ သမီးတို့အနေဖြင့်လည်း ဆေးကိုဆက်မသွင်းစေချင်တော့ပါ။ အသက်မှာ ၅၆ နှစ်ဖြစ်နေသောကြောင့် ကင်ဆာကုထုံးကို သေချာစွာကုပြီး ခံနိုင်ပါလျှက်နှင့် ယခု ဆေးသွင်းသောအခါမှ အစားမစားနိုင် ဆေးဒဏ်မခံနိုင်ပြီး တခုခုဖြစ်မှာ စိုးရိမ်ပါသည်ရှင့်။

ကင်ဆာဆေးတိုင်းဟာ ဘေးထွက်-ဆိုးကျိုးတွေ ပြင်းတယ်။ ရေးပြတဲ့အတိုင်းဖြစ်တတ်တယ်။ ဆောရီး။
ဒါပေမဲ့ ဆေးပတ်လည်အောင်ကုသမှု ခံယူသင့်ပါတယ်။ ဆရာဝန်နဲ့လဲ ဆွေးနွေးပါ။ ဆေးတွေက ကင်ဆာ-ဆဲလ်တွေကို သေစေတယ်။ တခြားဆဲလ်တွေကိုလဲ ထိခိုက်တယ်။ ဒိထက်ကောင်းတာ မရှိသေးလို့ အဆိုးကြီးနဲ့ အဲလောက်ထိ မဆိုးတာကို လဲယူရသလို သဘောထားသင့်ပါတယ်။
ဆေးအရှိန် ဝေးသွားတာနဲ့ လူနာ နလံပြန်ထူပါမယ်။ အနားယူတာနဲ့ အစာအာဟာရပြည့်ဝအောင် စားပြီး မြန်မြန် သက်သာလာအောင် လုပ်သင့်ပါတယ်။
အန်ချင်နေချိန်မှာ အလွန်ကို အနေရခက်၊ အခံရဆိုးဝါးပါတယ်။ Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေးတွေဟာ ကင်ဆာအတွက် ပေးရတဲ့ဆေးတွေကြောင့်ဖြစ်တဲ့ အန်ချင်စိတ်ကို သက်သာစေပါတယ်။

Thu, Jul 12, 2012 at 10:48 PM
မိခင် ဒူးနာတာနဲ့ ပက်သက်ပြီး မေးခွင့်ပြုပါ။ အမေ့အသက်က ၆၄နှစ်ပါ။ (့) မှာနေပါတယ်။ တခါတလေ သွေးပေါင်ကျပါတယ် အခုနောက်ပိုင်း မနက်အိပ်ယာထ ဇက်ကြောတက်တယ်လို့ ပြောပါတယ်။ တခြား ထွေထွေထူးထူး ရောဂါတော့ မရှိပါဘူး။ ဒူးနာဒါ ၆ နှစ်နီးပါးရှိပါပြီ။ စနာတုန်းက ဒူးကို ဆေးတစ်ခါ ထိုးဖူးပါတယ်။ တစ်နှစ်လောက်တော့ အနာကိုသက်သာစေပါတယ်။ နောက်ပိုင်းပြန်နာဒါဘဲ။ ဆေးလဲလိမ်းပါတယ်။ ဆေးမလိမ်းခင် ရေခဲအုံပေးပါတယ်။ အနေအထိုင်လည်း ဆင်ခြေပါတယ်။ အခုနောက်ပိုင်း သွားပြလည်း ထူးထူးခြားခြားမသက်သာတာနဲ့ မပြဖြစ်တော့ပါဘူး။ ကျွန်တော်က အခုပြည်ပရောက်နေတဲ့သူပါ။ ပုံနဲ့တကွပို့လိုက်တဲ့ဆေးနမူနာက ရေရှည်သောက်လို့ သင့်တော်ပါသလား။ ဘေးထွက်ဆိုးကျိုး ဘာတွေများရှိသလဲ။ ပြီးတော့ ဒူးနေရာကို ပုံမှန်အပူပေးစက်နဲ့ အပူပေးရင်ကော ကောင်းပါသလား။ သောက်ဆေး၊ လိမ်းဆေးနှင့်တကွ နေထိုင်ပုံတွေကို ညွှန်ကြားပေးပါ။ အမေ့ကို ပုံမှန် အားဆေး တိုက်ချင်ပါတယ်။ မည်သည့်ဆေးက သင့်တော်သလဲ။ ဒူးနာရောဂါဟာ အရှင်းမပျောက်ဘူးဆိုဒါ သိထားပါတယ်။ ဒါပေမယ့် အမေ့ကိုတော့ သက်တောင့်သက်သာနေစေချင်ပါတယ်။ 2 attachments

Side Effects of Triple Flex
- ဆေးဆိုင်မှာ ဘယ်သူမဆို ဝယ်လို့ရတဲ့ဆေးဖြစ်တယ်။ အဆစ်နာအတွက်လို့ ရေးထားတယ်။
- Food and Drug Administration က အသိအမှတ်ပြုမထားဘူး။
- ဆရာဝန်လက်မှတ်နဲ့မှသာ ဝယ်ရတဲ့ဆေးတွေလို့ ဘေးထွက်-ဆိုးကျိုးတွေကို သုတေသနလုပ်ထားတာ စနစ်တကျ မရှိဘူး။
- Glucosamine, Chondritin and Hylarunonic acid တွေပါတယ်လို့ ဖတ်ရတယ်။ သဘာဝကနေထုတ်ထားတာဖြစ်တယ်။
- Severe allergic reaction မတည့်သူတွေမှာ ဆိုးဝါးတဲ့ (အလာဂျီ) ကိုရစေနိုင်တယ်။ Shellfish, Shrimp and Crab ဆိုတဲ့ ပင်လယ်စာတွေလဲပါနေလို့ အဲလိုမတည့်တာဖြစ်စနိုင်တယ်။
- Upset stomach and nausea အစာမကျေ၊ ပျို့-အန်နိုင်တယ်။
- Aspirin (အက်စ်ပရင်) နဲ့ မတည့်သူတွေ မသောက်သင့်ဘူး။
- အဆစ်နာရောဂါသည်က ဒီဆေးသောက်တာကို ဆရာဝန်ကိုပြောပြသင့်တယ်။

အမျိုးသမီး အသက်ကြီးသူတွေ အားဆေးဆိုတာ အများသောက်နေကြ ဗီတာမင် ဘီ အုပ်စု နဲ့ ကယ်လ်စီယမ် လိုမယ်။ နေရာတကာမှာ ဝယ်လို့ရတယ်။ ဒါပေမဲ့ နာမည်ရ ဆေးထုတ်လုပ်တဲ့ဆီကနေလာတာက စိတ်ချရတယ်။ ဗြိတိန်မှာ Multivionta ကသုံးတယ်။ အိန္ဒိယမှာ Revital (Wpmen) ဆေးကိုလဲ လူသုံးများတယ်။
အပူ-အအေးဆိုတာမျိုး ကျန်တာတော့ လူနာက သက်သာတယ်ဆိုရင် သုံးနိုင်ပါတယ်။
နာတာရှည် အဆစ်နာဆိုတာ ဆရာဝန်တွေကတော့ (ကော်တီဇုန်း) စားဆေး၊ အဆစ်ထဲထိုးဆေးကို သုံးတယ်။

Fri, Jul 13, 2012 at 10:02 PM
Attach လုပ်ထားတဲ့ ဓါတ်ပုံထဲကဆေးက ကျွန်တော့်ချစ်သူကို ဆရာဝန်ပေးထားတာပါ။ သူဒီရက်ပိုင်း အစာအိမ် အရမ်းနာနေပါတယ်။ ဓါတ်ပုံထဲကဟာက 20 ပါ။ သူသောက်ရတာက 40 ပါ။ အဲ့ဒီဆေးက တစ်နေ့အလွန်ဆုံး ဘယ်နှလုံးထိ သောက်လို့ရပါသလဲ။ ပိုသွားရင် ဘေးထွက်ဆိုးကျိုးဘာဖြစ်နိုင်ပါသလဲ။ သူကအသက် ၁၈နှစ်ပါ။ ရေသောက်တာတောင် ဗိုက်နာတယ်လို့ ပြောပါတယ်။ ဘယ်လိုနေနေ။ အိပ်ယာပေါ်လှဲနေတာပဲဖြစ်ဖြစ် နာတယ်လို့ ပြောပါတယ်။ အဲ့ဒီ Nexpro 40 နဲ့ Kremil-s ၂လုံး စုစုပေါင်း ၃ လုံး ပေါင်းသောက်ခိုင်းလိုက်ပါတယ်။ ကျွန်တော့်မှာ စာတွေ ပိတဲ့ကြားက အဲ့သလိုနေမကောင်းတာတွေ ပြောပြတော့ စိတ်အရမ်း ဆင်းရဲရပါတယ်။ ဆေးခန်း သွားရအောင်ကလည်း နိုင်ငံခြားတိုင်းပြည်ရောက်နေလို့ ဘာသာစကား အခက်အခဲ ရှိပါတယ်။

Nexpro (Esomeprazole Magnesium)
• ဆေးကို အစာခြေအရည် အထက်ဆန်တဲ့ရောဂါအတွက် ပေးတယ်။ GERD လဲခေါ်တယ်။ GORD လို့လဲခေါ်တယ်။ အဖြစ်များတယ်။ အသုံးများတယ်။
• Oesophagitis အစာမြိုပြွန်ရောင်နေသူဆိုရင် တနေ့မှာ 40mg နဲ့ ၄ ပတ်ပေးလေ့ရှိတယ်။
• ပြန်မဖြစ်အောင် တချို့ကို တနေ့မှာ 20mg ဆက်ပေးတယ်။
• GORD သက်သက်ဆိုရင် တနေ့မှာ 20mg ဆက်ပေးတယ်။
• ၄ ပတ်နေလို့ မတသက်သာရင် ဆေးစစ်ရမယ်။
• လေနာကိုဖြစ်စေတဲ့ Helicobacter pylori ပိုးကိုရှင်းသွားအောင် Antibiotics တခုခုနဲ့ပါတွဲပေးတယ်။ H pylori ကြောင့် Duodenal ulcers အစာအိမ်အောက်၊ လူသိမ်အစပိုင်းနေရာအနာဖြစ်သူ၊ နောက်ပြီး Peptic ulcers လေနာ ပြန်ဖြစ်မှာ ကာကွယ်ဘို့အတွက် Nexium 20mg + Amoxycillin 1g x Clarithromycin 500mg တွဲပြီး တနေ့ ၂ ကြိမ်၊ ၇ ရက် ပေးတယ်။
• ဘေးထွက်-ဆိုးကျိုးတွေ = Diarrhea အကြာကြီး ဝမ်းလျှောနိုင်တယ်။ Constipation ဝမ်းချုပ်နိုင်တယ်။ ဗိုက်နာ၊ ဝမ်းထဲသွေးပါ၊ ကြွက်တားနာ၊ တက်တာတွေဖြစ်နိုင်တယ်။ Kremil-S ဆေးဟာ Antacid/Antiflatulent လေးဆေးဖြစ်တယ်။
• (Aluminum hydroxide 178 mg + Magnesium hydroxide 233mg + Simethicone 30mg) တွဲပါနေတယ်။ အစာအိမ် အက်စစ်ဓါတ်ကို ပျယ်စေတယ်။
• Peptic ulcer လေနာ၊ Gastritis အစာအိမ်ရောင်၊ Esophagitis အစာမြိုပြွန်ရောင် နဲ့ Dyspepsia အစာမကျေတာအတွက် သုံးတယ်။
• Kremil-S Reformulated chewable tablet ဆေးပြားကို ဝါးစားလို့ရတယ်။
• တခါသောက် ၁-၂ ပြား၊ အစာမစာခင် ၁ နာရီကြိုတင်သောက်ပါ။ ညအိပ်ခင် တခါထပ်သောက်ပါ။
• Renal failure ကျောက်ကပ်မကောင်းသူ၊ Partial intestinal obstruction အူလမ်းပိတ်နေသူ၊ Appendicitis အူအတက်ရောင်နေသူ၊ Fecal impaction ဝမ်းမသွားနိုင်ဘဲ ပိတ်နေသူ၊ Phosphate depletion (ဖေါ့စဖိတ်) ဓါတ်နည်းနေသူတွေကို မပေးသင့်ဘူး။
• ဘေးထွက်-ဆိုးကျိုးတွေ = Diarrhea ဝမ်းလျှောနိုင်တယ်။ Constipation ဝမ်းချုပ်နိုင်တယ်။
• Iron သံဓါတ်ဆေး၊ Ketoconazole (ဖန်းဂတ်စ်) ဆေး နဲ့ Tetracyclines (တက်ထွာဆိုက်ကလင်း) ဆေးတွေနဲ့ တွဲမပေးသင့်ဘူး။

စိတ်မပျက်ပါနဲ့။ ကုလို့ရတဲ့ရောဂါသာဖြစ်တယ်။ ဆေးလဲလွယ်တယ်။
Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း

Fri, Jul 13, 2012 at 2:41 PM
သမီးက ကွန်ပြူတာနဲ့ အလုပ်လုပ်တဲ့သူတယောက်မို့ နေ့တိုင်း ကွန်ပြူတာရှေ့မှာ ၅ နာရီထက်မနည်း ထိုင်ဖြစ်ပါတယ်။ ခုတလော မျက်လုံးမှာ ကွန်ပြူတာကြည့်ရင်း အထဲမှ စူးပြီးနာပါတယ်။ စာဖတ်နေရင်းနဲ့ မျက်လုံးကို ချက်ချင်း မှိတ်လိုက်ရတဲ့အထိပါ။ ၅ မိနစ်လောက် အနားယူလိုက်မှ သက်သာပါတယ်။ သမီးက မျက်မှန်မတပ်ရသေးပါဘူး။ မျက်လုံးလဲ မမှုံပါဘူး။ အဲဒီ မျက်စိစူးးပြီး အောင့်တာကို VROHTO အစိမ်းရောင်ဘူးလေး ကြော်ငြာတာတွေ့လို့ သုံးချင်လို့ သုံးသင့်မသုံးသင့် အကြံပေးပါဦး။ နောက်တခုက သမီး ရင်သားနေရာမှလဲ အတွင်းမှ စူးပြီးအောင့်ပါတယ်။ စူးနေတဲ့အချိန်ဆိုရင် မခံနိုင်လို့ ရင်သားနေရာကို ဖိထားရပါတယ်။ တော်တော်တော့ နာပါတယ်။ ရင်ဘတ်ကို စမ်းကြည့်တာတော့ အကျိတ်တော့ မတွေ့ရပါဘူး။ သမီးမေမေကို ပြောပြတော့ အဲဒါ ဘရာစီယာဝတ်လို့ ဖြစ်တာလို့ ပြောပါတယ်။ အာလူးစိမ်းကို ဖျော်ပြီးတိုက်ပါတယ်။ ကင်ဆာပျောက်တယ်ဆိုပြီးတော့ပါ။ ခုထိ တချက်တချက် စူးပြီး အောင့်နေတုန်းပါပဲ။ ဘရာစီယာဝတ်ရင် ရင်သားကင်ဆာဖြစ်နိုင်ပါသလားဆရာ။ သမီးအမတယောက်က ရင်သား ကင်ဆာ ရှိလို့ပါ။ ဆေးခန်းသွားပြသင့်ပါသလားရှင့်။ သိပ်အရေးမကြီးရင်တော့ ပြရမှာရှက်လို့ပါ။ သမီးအသက်က ၂၈ နှစ်ပါ။

စာ ၃ ပုဒ် ပို့လိုက်ပါတယ်။ လိုသေးရင် မေးပါ။
1. Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ
2. Eye Allergies မျက်စိနာ မဟုတ်တဲ့ မျက်စိ (အလာဂျီ)
3. Breast pain ရင်သားနာတာ ဘာလို့ပါလဲ

Sat, Jul 14, 2012 at 5:41 AM
ဆေးစာရွက်ရော ECG ပါ ထည့်ပေးလိုက်ပါတယ်။ ဆရာဝန်ကတာ့ ဘာမှမဖြစ်ပါဘူးလို့ ပြောပါတယ်။ ကျွန်တော် စိတ်ပူလို့ပါ။ ဖြစ်ခဲ့ရင် ဘာဆေးတွေက အကောင်းဆုံးဖြစ်မလည်းဆိုတာကို ညွှန်ကြားပေးပါ။ နှလုံးအောင့်တာက ဘာတွေကြောင့် ဖြစ်တက်ပါသလဲ။ 6 attachments

လူနာ ယောက်ျား၊ မိန်းမ၊ အသက်၊ မသိပါ။ ဆေးစာအရ ရင်တုန်တယ်လို့တော့ သိရတယ်။ ECG အဖြေကောင်းတယ်လို့ ဖတ်ရတယ်။ ဆေးလဲ ညွှန်းထားတာ တွေ့ရတယ်။ စိတ်မပူပါနဲ့ နှလုံးခုန်တာ လုံးဝကောင်းပါတယ်။ စိတ်ပူတာကနေ ရင်တုန်နေတာကို မသသက်သာစေဘူး။ ညွှန်းတဲ့ဆေးကို လိုအပ်ချိန်မှသာ သောက်ဘို့လိုမယ်။ ရင်တုန်တာ နဲ့ နှလုံးခုန်မြန်တာ မတူပါ။ စိတ်လှုတ်ရှားမှုကြောင့် ရင်တုန်နိုင်တယ်။ ကိုယ့်စိတ်ကို ကိုယ်ဘဲအနိုင်ယူနိုင်ကြပါတယ်။

Sat, Jul 14, 2012 at 7:10 PM
သမီး ယားနေပါတယ်။ သွေးထဲကနေယားပါတယ်။ ကျောကုန်း ရယ် ပေါင်ရယ် ရင်ဘတ်ကော ယားပါတယ်။ မခံနိုင်အောင်ကို ယားတဲ့အတွက် ဆေး Triz ကို သောက်နေပါတယ်၊ တစ်ညတစ်လုံးပါ။ ကုတ်လိုက်ရင်လည်း အကွက်တွေဖြစ်လာတယ် ပြီးတော့နီလာတယ်။ အဲ့ဒီဆေးကိုသောက်တာ တစ်လလောက်တော့ ရှိတော့မယ်။ ညတိုင်းလိုလိုယားနေတယ်။ အရင်ကတော့ အငန်စားလို့ယားတာ အခုတော့ အငံမစားဘဲနဲ့လည်း ယားပါတယ်။ တစ်ခါထဲ ပျောက်သွားအောင် ဘာဆေးစားရင်ကောင်းမလဲရှင်။

Triz ဆိုတာ Cetirizine ဆေးဖြစ်တယ်။ (အလာဂျီ) အတွက်ပေးတယ်။ ယားတာကလဲ (အလာဂျီ) ဖြစ်မယ်ထင်ရတယ်။ စာရေးထားတာ ပို့လိုက်တယ်။ နောင်မှာ (မဆိုးကောင်းစကား) မေးစရာများရှိရင် လိုအပ်တာတွေစုံသင့်ပါတယ်။ ဥပမာ အခုဖြစ်နေတာမျိုးအတွက် အသက်၊ လုပ်ငန်းခွင်သဘာဝ၊ နေအိမ်သဘာဝ၊ ဆေး နာမည်အပြည့်အစုံ (မီလီဂရမ်)၊
Allergy သို့မဟုတ် မတည့်အတူနေ
Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ
Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း