ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, July 18, 2012

Q and A July 2012 (3)

1. ရန်ကုန်မှာ ဝယ်ယူနိုင်တဲ့ တူတဲ့ဆေး အမျိုးအစားများကို ညွှန်ပြပေးစေလိုပါတယ်။
2. အမျိုသမီးက ချွေးထွက်ရင်၊ နည်းနည်း အေးရင် နှာချေတာ မရပ်တော့ပါဘူး။
3. အဲလိုသွေးကြောပြတ်တာ ၅ နှစ်လောက် ရှိပါပြီ။
4. ဆီးအောင့်သလို ဖြစ်နေလို့ပါ။
5. ကျေးဇူးပြု၍ Stugeron ဆေးအကြောင်း သိပါရစေ။
6. ဘယ်ညာ ပေါင်ကြားတွေနဲ့ ဗိုက်မှာပါ ပွေးတွေဖြစ်ကုန်ပါတယ်။
7. အလုပ်ထဲမှာ အလေးအပင်မရင်း ခါးနာဖူးပါတယ်။
8. အိပ်ရတာ အရမ်းခက်တယ်။ တော်ရုံနှင့် အိပ်မပျော်ဘူး။
9. ရောဂါမကောင်းခင် ဓါတ်မှန်ရိုက်တုန်းက အဖေ့မှာ
10. အဒေါ်အပျိုကြီးရဲ့ ခြေထောက်မှာ နှင်းခူတွေ ရှိပါတယ်။

Wed, Jul 18, 2012 at 6:09 AM
ယခင်တစ်ခေါက်က သွေးစစ်ချက်တွေ ပို့ပေးလိုက်ပါတယ်။ (့) မှာ သွေးစစ်ဆေးချက်ပါ။ ယခု သောက်နေတဲ့ ဆေးကဒ်တွေကို စကန် ဖတ်ပေးလိုက်ပါတယ်။ ရန်ကုန်မှာ ဝယ်ယူနိုင်တဲ့ တူတဲ့ဆေး အမျိုးအစားများကို ညွှန်ပြပေးစေလိုပါတယ်။ (1) Zetia-10mg (2) Olmetec-20mg (3) Januvia-50mg (4) Seibule-50mg တို့ ဖြစ်ပါတယ်။ သင့်တော်မည့်ဆေးများကို ပြန်ကြားပေးစေလိုပါတယ်။ အသည်းလုပ်ငန်း ပျက်စီးခြင်းပါ။

- Seibule 50mg (Miglitol) ဆေးက ဆီးချိုအတွက်ဖြစ်တယ်။
- Januvia ဆေးကလဲ ဆီးချိုအတွက်ဖြစ်တယ်။
- Zetia 10mg ဆေးက (ကိုလက်စထော) ကျဆေးဖြစ်တယ်။
- Olmetec (Olmesartan) သွေးကျဆေးဖြစ်တယ်။
ဆေးကိုပြရင် ဆင်တူတာ ရှာလို့ရနိုင်ပါတယ်။

Tue, Jul 17, 2012 at 1:55 PM
ကျွန်တော် အမျိးသမီးက ချွေးထွက်ရင်၊ နည်းနည်း အေးရင် နှာချေတာ မရပ်တော့ပါဘူး။ ဆရာဝန်ပြတော့ ဆေးပေးပါတယ်။ ဆေးသောက်ရင်လည်း ခဏဘဲ ပျောက်ပါတယ်။ ပြီးရင် ပြန်ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတာ နားမလည်ပါ။ ဘာဆေးသောက်ရမလဲ ညွှန်ကြားပေးပါ။ ပြီးတော့ လည်ချောင်းနားကလည်း ယောင်နေတယ်။ လေးဘက်နာလည်းရှိတယ်။ အသက်က ၂၉ ပါ။ ဖြစ်တာက ၂ လကျော်နေပါပြီ။ ဆေးနာမည်ကိုတော့ မမှတ်မိပါဘူး။ ပတ်ဝန်းကျင်ကတော့ (အလာဂျီ) ရစေတာမျိုး ရှိပါတယ်။

(အလာဂျီ) ရတာကြောင့်၊ ဒါမှမဟုတ် ကိုယ်နဲ့မသင့်တာကို ရှူရတာကြောင့် ဖြစ်မယ်။ ပို့လိုက်တဲ့စာထဲက အနီးစပ်ဆုံး ဆေးနည်းကို သုံးနိုင်ပါတယ်။
Allergic Rhinitis အလာဂျီ နှာခေါင်း

Wed, Jul 18, 2012 at 10:32 AM
သမီးအသက်၂၈ နှစ်ပါ။ အိမ်တောင်မရှိပါဘူး။ အပျိုပါ။ သမီး ၄ တန်း၊ အသက် ၉ နှစ်မှာ ကစားရင်း အရမ်းမောပြီး အမောဆို့သလိုဖြစ်သွားရာက ဆေးခန်းသွားတော့ လေးဖက်နာပိုး ရှိတယ်၊ နှလုံးရောင်နေတယ်ဆိုပြီး ဆေးစွဲသောက်ခဲ့ရပါတယ်။ အသက် ၁၇ နှစ်လောက်အထိ သောက်ခဲ့ပါတယ်။ နောက် မြန်မာဆေးဘဲ သောက်ဖြစ်ပါတယ်။ ဒါကလဲပုံမှန်သောက်တာမျိုး မဟုတ်ဘဲ တခါတလေ ရင်အရမ်းတုန်တာမျိုး၊ အရမ်းမောလာတာမျိုးမှသာ သောက်တာပါ။ ခြေသလုံးနဲ့ပေါင်တွေမှာ သွေးကြောပြတ်တာတွေ အရမ်းများပါတယ်။ ဝလာလို့ ပြတ်တာဘဲဆိုပြီး ဒီအတိုင်းဘဲ ထားပါတယ်။ သွေးကြောတွေက မပြတ်ခင် အရင်နီရဲပြီး ဖောင်းလာပါတယ်။ ၂ ရက်လောက်နေတော့ အရောင်ကျပြီး အရေပြားမှာ အဖြူလိုင်းစင်းတွေ ကျန်ခဲ့ပါတယ်။ အရပ် ၅' ၁" မှာ ကိုယ်အလေးချိန် ၁၁၆ ရှိပါတယ်။ အရင်ကတော့ ၁ဝ၈ ပေါင်ဘဲ ရှိရာက တက်လာတော့ ဝလို့ဖြစ်တာဆိုပြီး ဒီတိုင်းနေလိုက်ပါတယ်။ အဲလိုသွေးကြောပြတ်တာ ၅ နှစ်လောက် ရှိပါပြီ။ ခုရက်ပိုင်းမှာတော့ ပေါင်မှာ အဲလိုဘဲ သွေးကြောတွေ နီရဲပြီး ဖောင်းလာပါတယ်။ အရင်လိုဘဲဆိုပြီး ဒီတိုင်း နေလိုက်ပါတယ်။ ၂ ရက်လောက်ကြတော့ အဲလိုရဲနေတာကနေ အနာလိုဖြစ်လာပါတယ်။ သွေးကြောတောက်ရှောက် ဖြစ်လာတာပါ။ ဆရာဝန် အကိုကြီးကို ပြောတော့ သူက အနာကိုကြည့်ပြီး နှလုံးကြောင့် ဖြစ်မှာစိုးတယ်တဲ့။ ပြနေကြ ဆရာဝန်ကို ပြန်ပြပါလို့ ပြောပါတယ်။ ဆေးခန်းမပြတာကြာတော့ ဆေးမှတ်တမ်းတွေ၊ စာရွက်စာတမ်းတွေလဲ မရှိတော့ဘူး။ ဘာဆေးတွေ သောက်ခဲ့လဲလဲ မမှတ်မိတော့ဘူး။ စိုးရိမ်ရလား။ ဘာဆက်လုပ်ရမလဲ။

အကြောပြတ်တဲ့ စာတပုဒ်ပို့ပါတယ်။ နှလုံးရောဂါဆိုတာတော့ စမ်းသပ်မှသိမယ်။ ရင်တုန်တာ၊ လက်ကောက်ဝတ်နား စမ်းလို့ သိတဲ့ သွေးခုန်နှုန်း များတာ ရှိနေရင် ပြောပါ။ ကိုယ်အလေးချိန် ထိန်းပါ။
Stretch Marks အကြောပြတ်ခြင်း

Tue, Jul 17, 2012 at 5:30 PM
ကျမ အသက် ၃၇ ထဲမှာပါ။ ၂ နှစ်အရွယ် သားတယောက်ရှိပါတယ်။ ဆီးအောင့်သလို ဖြစ်နေလို့ပါ။ ပုံမှန်ရာသီမလာခင် ၁ဝ ရက်လောက်အလိုမှာ ဆီးအောင့်သလိုဖြစ်ပါတယ်။ အဲလိုဖြစ်ပြီး ၂ ရက်လောက်နေတော့ ရာသီလာပါတယ်။ ဒါကြောင့် ရာသီလာတာလဲ စောသလို ဖြစ်ပါတယ်။ ရာသီလာခါနီးလဲ ဆီးစပ်တွေ အောင့်တာမျိုး ဟိုးငယ်ငယ်က ဖြစ်ဘူးပါတယ်။ အခုဟာက ရာသီလာပြီးရင် သက်သာသွားရမှာ အခုတော့ မသက်သာဘူး။ ဆီးသွားပြီး ကုန်ခါနီးရင် အောင့်သလို ဖြစ်တယ်။ ၁ နာရီခြားတခါလောက် သွားချင်တယ်။ ရေလဲ ပုံမှန်သောက်ပါတယ်။ ဆီးပမာဏလဲ ပုံမှန်ပါပဲ။ နေတာက (့) မှာပါ။ အလုပ်က တနေ့ကို ၆ နာရီလောက်ပဲ ထိုင်ဖြစ်တာပါ။ လှုပ်ရှားမှုလဲ ရှိပါတယ်။ အခုလိုဖြစ်တာ ၄ ရက်ပဲ ရှိပါသေးတယ်။

ဆီးအောင့်တယ်လို့ အများကပြောကြတာတိုင်းဟာ တကယ်ဆီးလမ်းကြောင်းမှာ တခုခုဖြစ်တာ ဟုတ်ချင်မှဟုတ်လို့ သေခြာအောင် မေးချင်ပါသေးတယ်။ တကယ် ဆီးအောက်တယ်ဆိုတာ ဆီးလမ်းမှာ ပိုးဝင်လို့ဖြစ်တယ်။ ဆီးခဏခဏ သွားချင်မယ်၊ ဆီးကပူတယ်၊ သွားတိုင်းနာမယ်၊ ဆီးထဲ အနည်ပါမယ်၊ နောက်နေယမ်၊ ဆီးစစ်ရင် သွေး-ပြည်ပါမယ်။

ဆီးအိမ်နဲ့ကပ်နေတဲ့ သားအိမ်မှာ တခုခုဖြစ်ရင် ဆီးစပ်ဆိုတဲ့နေရာက နာနိုင်တယ်။ ရာသီဖြစ်စဉ်၊ ကိုယ်ဝန်ပျက် ဖြစ်စဉ် တွေမှာလဲ အဲဒီနေရာက နာမယ်။ မျိုးပွါးလမ်းကြောင်း၊မှာ ပိုးဝင်ရင်လဲ အဲလိုနေရာက နာမယ်။ နာတယ်ဆိုတာမှာလဲ ၂ မျိုးရှိသေးတယ်။ လူနာကနေ နာတယ်လို့ ခံစားရတာနဲ့ နေရာကို ဖိကြည့်မှ နာတာကို ခံစားရတာ။ ရောဂါတချို့မှာ ၂ မျိုးလုံး ဖြစ်နေနိုင်တယ်။ မျိုးပွါးလမ်းမှာဖြစ်ရင် အဖြူဆင်းတာ စတဲ့လက္ခဏာပါတွဲရှိနိုင်သေးတယ်။

သိချင်တာလဲမစုံသေး၊ စမ်းသပ်တာလဲ မလုပ်ရ၊ ဆေးစစ်တာလဲ မလုပ်ရသေးတာမို့ ရောဂါနာမည် အတိအကျ ပြောမရသေးပါ။ ဆီးလမ်းပိုးဝင်တာဆိုရင် Norflofcin 400 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။ ဆီးပူနေရင် Antacid လေဆေး တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်တွဲသောက်ပါ။ နာတဲ့လက္ခဏာအတွက် Ibuprofen/Paracetamol/Buscopan တမျိုးမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ ရာသီကြောင့် နာတာလဲ သက်သာစေမယ်။ လိုအပ်ရင် ဆီးစစ်ရမယ်။ မပျောက်သေးရင် ဆရာသိချင်တာတွေပါဖြည့်ပြီး မေးပါ။

ဆီးက မပူပါဘူး။ ဆီးသွားလို့ကုန်ခါနီးမှာမှ အထဲက နာသလို အောင့်သလိုခံစားရတာ။ အပြင် ဘက်က ဆီးစပ်ဝန်းကျင်ကို လက်နဲ့ဖိကြည့်လို့လဲ မနာပါဘူး။ ဆီးသွားရင်း ကုန်ခါနီးမှာမှ နာတာက ပိုထင်ရှားပါတယ်။ ဆီးအနည်မတွေနဲ့ပါဘူး။ ဆီးက အဖြူရောင်ပါ။ ကြည်လဲ ကြည်ပါတယ်။ သွေးလဲ မပါဘူး။ အခု ရာသီလာတာ ဒုတိယရက်ပဲ ရှိပါသေးတယ်။ ပုံမှန် ၃ ရက်ပဲ လာပါတယ်။ နောက်ထပ် ၁ ရက်နေရင် ရာသီလာတာက ပြီးမှာပါ။ ရာသီလာတာလဲ ဒီတခါ နည်းတယ်လို့ပြောရမှာပါ။ ကလေးမွေးတာက ဗိုက်ခွဲမွေးထားပါတယ်။ အခုရက်ပိုင်း ကလေးနေမကောင်းလို့ ခဏခဏ ချီရတာတွေလဲ ရှိပါတယ်။ သူနဲ့ကို ကျောင်းကြိုတိုင်း ကျောင်းကနေ အိမ်ကို အပြန်လမ်းမှာ ခနခန ချီလိုက် ချလိုက်လုပ်ရပါတယ်။ အကြာကြီးလဲ မချီနိုင်ပါဘူး။ အဲလိုချီတဲနဲ့အခါ ကိုယ့်ဘာသာ ညှစ်သလို ဖြစ်နေသလားလို့လဲ တွေးမိပါတယ်။

ဘာဘဲဖြစ်ဖြစ် Norflox နဲ့ Painkiller တခုခုသောက်သင့်ပါတယ်။ ဘေးထွက်-ဆိုကျိုး မဆိုးပါ။

အဲဒီဆေးနဲ့ ထပ်တူမရနိုင်ရင် နောက်ထပ် ဘာဆေးရှိပါသေးလဲ။ ကျမလဲ ဆေးဆိုင်မှာ မနက်ဖန် သွားဝယ်မလို့ပါ။

UTI ဆီးလမ်းရောဂါ ပိုဖြစ်နေကြတယ် ကို ပို့လိုက်ပါတယ်။

Thu, Jul 19, 2012 at 1:06 PM
ကျေးဇူးပြု၍ Stugeron ဆေးအကြောင်း သိပါရစေ။ သူငယ်ချင်းတစ်ယောက်က အဲဆေးဟာ အိပ်ပျော်တယ်လို့ ပြောလို့ ဝယ်ပြီး စားကြည့်မလို့ပါ။ ဒါပေမယ့် စားသင့်မစားသင့်ဆေးအကြောင်းကိုလည်း သိချင်လို့ပါ။ ကျွန်တော်က အိပ်မပျော်တယ့် ဝေဒနာ ခံစားနေရတာ ၄ နှစ်လောက်ရှိပါပြီ။ လူငယ်တစ်ယောက်ပါ။ နောက်တစ်ခုက အင်္ဂလိပ်ဆေးနဲ့ ဗမာဆေး ဒါမှမဟုတ် တရုတ်တိုင်းရင်းဆေးတွေကို တစ်နေ့ထဲမှာ အချိန်ဘယ်လောက်ခြားပြီး စားနိုင်ပါသလဲ။ တစ်နေ့တည်းမှာ အင်္ဂလိပ်ဆေးရော အခြားဆေးတွေရော စားမိမယ်ဆိုရင် ဘာဖြစ်နိုင်ပါသလဲ။

Stugeron ဆေးထဲမှာ Cinnarizine ပါတယ်။ Stunarone နာမည်နဲ့လဲလာတယ်။ Antihistamine ဆေးဖြစ်တယ်။ အိပ်ဆေးတော့ မဟုတ်ပါ။ ဦးနှောက်ထဲက Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) မှာရှိတဲ့ Vomiting centre အန်တာကို ထိန်းတဲ့နေရာကို သက်ရောက်လို့ Motion sickness ကားစီး၊ လေယာဉ်းစီး၊ သင်္ဘောစီးလို့ ပျို့ချင်-အန်ချင်တာတွေ အတွက်ပေးတယ်။ နားအတွင်းထဲက Vestibular apparatus နေရာကိုလဲ သက်ရောက်တယ်။ Motion receptors လှုတ်ရှားမှုအထိန်း အချက်ပြကို တားပေးလို့ Visual senses အမြင်အာရုံ ပျောက်သွားစေတယ်။ လူက ရပ်နေတာ လှုတ်ရှားနေတာဆိုတဲ့ အသိကို နည်းစေတယ်။ Scuba divers ရေငုပ်သူတွေလဲ သုံးတယ်။ အောက်စီဂျင်နည်းတာကို ခံနိုင်တယ်။ Meniere's disease နာရောဂါရှိသူတွေကိုလဲ ပေးတယ်။ ဆေးသောက်ရမဲ့သူ အစာနဲ့တွဲသောက်နိုင်တယ်။

ဘေးထွက်-ဆိုးကျိုးတွေ = အရက်နဲ့ တွဲမသောက်ရဘူး။ အိပ်ချင်မယ်၊ ဗိုက်နာ၊ ဝမ်းလျှော၊ ဝမ်းချုပ်၊ အန်၊ ခေါင်းကိုက်၊ အာခေါင်ခြောက်၊ ချွေးထွက်၊ ကိုယ်အလေးချိန်တက်၊ ခြေစလက်တုံ ဖြစ်နိုင်တယ်။ တာရှည်သုံးရင် အသားဝါ။

မွေးရာပါ Porphyrias သွေးရောဂါရှိသူ၊ Fructose or Galactose intolerance, Lapp lactase deficiency, Glucose-galactose malabsorption or Sucrase-isomaltase insufficiency ခေါ်တဲ့ သကြားဓါတ်အမျိုးမျိုးကို ခံနိုင်ရည် နည်းသူတွေကို မပေးရဘူး။ ကျောက်ကပ်၊ အသဲမကောင်းသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေ Parkinson's disease ရောဂါရှိသူတွေ သတိထားရမယ်။ Drowsiness အိပ်ချင်တာ နဲ့ Blurred vision အမြင်ဝေဝါးတာ ဖြစ်စေတယ်။ ကားမောင်း၊ စက်မောင်းနေသူတွေ မသောက်ရဘူး။

Chlorpromazine, Diazepam, Temazepam, Chlorphenamine, Promethazine, Zopiclone, Morphine, Codeine, Amitriptyline ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။

အိပ်မရတဲ့ရောဂါအကြောင်း ရေးထားပါတယ်။ ဆရာဝန်တွေ မသင်ရတဲ့ တခြားဆေးကုသနည်းတွေကို မသိပါ။
• Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) http://dts-medicaleducation.blogspot.com/2011/12/sleep-disorders.html
• Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) http://dts-medicaleducation.blogspot.com/2010/10/sleeping.html
• Sleeping pills အိပ်ဆေး http://dts-medicaleducation.blogspot.com/2011/03/sleeping-pills.html

Thu, Jul 19, 2012 at 10:49 PM
အခု ကိုယ်ဝန်က သုံးလထဲရောက်နေပါပြီရှင့်။ ချိုင်းကြားကနေ ပွေးတစ်ကွက်စရာကနေ တစ်ပတ်အတွင်း ယားလို့ ကုတ်ရင်း ဘယ်ညာချိုင်း၊ ဘယ်ညာ ပေါင်ကြားတွေနဲ့ ဗိုက်မှာပါ ပွေးတွေဖြစ်ကုန်ပါတယ်။ တအားယားပါတယ်ရှင်။ အကြီးအကျယ်ကို ယားပါတယ်။ စိန်တစ်လုံးက အရမ်းစပ်လို့ မသုံးနိုင်ပါဘူး။ ပွတ်ပြီးရင် ရေပြန်ချိုးပစ်ရတာနဲ့ စပ်လွန်း အားကြီးတော့ မျက်ရည်ပေါက်ပေါက်ကျရပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သတ်ရင် တအားသန့်ပါတယ်။ ပြီးတော့ ကျွန်မ ယောက်ျားနဲ့ကလွဲရင် အိမ်မှာ ဘယ်သူနဲ့မှ မတွေ့ထိပါဘူး။ အပြင်လဲ မထွက်တော့ တခြားကူးစရာဘယ်ကနေ ကူးတယ်လို့ ပြောရမယ်တောင် မသိတော့ပါဘူးရှင်။ သူ့ဘာသာ ထပေါက်တာပါ။ သူ့ဘာသာ ပျောက်မယ်လို့ထင်မိပါတယ်။ မပျောက်ပါဘူး။ ပွါးလာပါတယ်။ အခုဆိုရင် ဗိုက်ကို အပ်ရပါတော့မယ်။ သူများနိုင်ငံမှာ ဆရာဝန်ကို ဗိုက်လှန်ပြရင် ဗိုက်က ပွေးကွက်ကြီးနဲ့ အရှက်ကွဲမှာပါ။ အင်တာနက်က ပွေးပျောက်ဆေးတွေကိုလဲ အရမ်း အရမ်းဝယ်မသောက်ရဲပါဘူးရှင်။ ကလေးကို ထိခိုက်မှာစိုးလို့ ပါရာစီတမော့တောင် မသောက်ပါဘူး။ သိပ်မစပ်မယ့် လူဆေးနဲ့ သောက်ဆေးရှိရင် ဆေးညွှန်းလေး ပေးပါ။

Ringworm ပွေး ကို ပို့လိုက်ပါတယ်။
1. Griseofulvin (ဂရစ်ဆီယိုဖူလ်ဘင်)
Fulcin Forte ဟာ ဒီဆေးပါဘဲ။ Jock itch ဂျွတ်၊ Athlete's foot အားကစားသမားခြေထောက်၊ Ringworm ပွေး၊ Fungal infections of the scalp ဦးရေခွံပွေး-မှို၊ Fingernails and toenails လက်သည်း-ခြေသည်းမှို၊ တနေ့ ၁ ကြိမ်ကနေ ၃-၄ ကြိမ်ပေးရတယ်။ ရောဂါ သက်သာပေမဲ့ ဆေးဆက်သောက်ရမယ်။ အရေပြားမှာဖြစ်ရင် ၂-၄ ပါတ်အထိပေးရမယ်။ ဦးရေခွံမှာဖြစ်ရင် ၄-၈ ပါတ်အထိ ပေးရတယ်။ လက်သည်းမှာဖြစ်ရင် ၃-၄ လအထိပေးရမယ်။ ခြေသည်းမှာဖြစ်ရင် ၆ လအထိ ပေးရမယ်။
Tinea capitis (Ringworm of the scalp) ဦးရေခွံမှိုရောဂါ၊ Tinea corporis (Ringworm of the body) ကိုယ်ခန္ခာမှို၊ Tinea pedis (Athlete's foot) အားကစားသမားခြေထောက်၊ Tinea unguium (Onychomycosis; Ringworm of the nails) ခြေသည်း-လက်သည်းမှို၊ Tinea cruris (Ringworm of the thigh) ပေါင်ခြံမှို၊ Tinea barbae (Barber's itch) ဆံပင်ညှပ်ဆိုင်ကကူးလာတဲ့မှို၊ Tinea corporis, Tinea cruris, and Tinea capitis တွေအတွက် တနေ့မှာ 500 mg ပေးတယ်။ Tinea pedis and Tinea တွေအတွက် တနေ့မှာ 1.0 gram ပေးရတယ်။

2. Naftifine (တက်ဖတီဖိုင်း) လိမ်းဆေး၊
(Naftin, Naftin-MP)
Athlete's foot (Tinea pedis) အားကစားသမားခြေထောက်၊ Jock itch (Ringworm of the groin; Tinea cruris) ဂျွတ်၊ ပေါင်ခြံပွေး၊ Ringworm of the body (Tinea corporis) ကိုယ်ခန္ဓာပွေး၊

3. Tinea Corporis or Tinea Circinata (Ringworm) ပွေး
• Miconazole, Clotrimazole, Butenafine နဲ့ Terbinafine လိမ်းဆေး။ အမြင်အရ ပျောက်သွားတဲ့နောက် ၁-၂ ပါတ် အထိ ဆေးပေးပါ။
• Griseofulvin 250–500 mg ကို တရက် ၂ ကြိမ်။ Itraconazole 200 mg daily ၁ ပါတ်၊ Terbinafine 250 mg daily ၁ လ၊ Griseofulvin က အရေပြားမှာ ဖြစ်တဲ့ မှိုရောဂါတွေအတွက် အကောင်းဆုံးဖြစ်တယ်။ ဦးရေခွံနဲ့ လက်သည်း ဖြစ်ရင်တော့ မရဘူး။
• Fluconazole က Mucocutaneous Candidiasis အတွက် အကောင်းဆုံးပါ။ (Fluconazole 50-400 mg daily ဖြစ်တဲ့နေရာကိုလိုက်ပေးရတယ်။ အပြင်ကမြင်ရတာတွေ ပျောက်ပေမဲ့ နောက်ထပ် ၁-၂ ပါတ်ကြာတဲ့အထိ ဆေးဆက်ပေးရမယ်။ Esophageal Candida အစာမြိုပြွန်မှာဖြစ်ရင် ၄ ပါတ်ကြာအောင်ပေးရမယ်။ Cryptococcal meningitis ဦးနှောက်မှေးရောင်တာဆိုရင် ၁ဝ-၁၂ ပါတ်ကြာမယ်။)
• Ketoconazole က တလကျော်ပေးရင် အသဲကို ထိခိုက်နိုင်တာမို့ Tinea Versicolor ကလွဲရင် မပေးတော့ပါ။
4. Tinea Corporis or Tinea Circinata (Body Ringworm) ကိုယ်ခန္ခာ-မှို (ပွေး)၊
• Miconazole, Clotrimazole, Butenafine နဲ့ Terbinafine လိမ်းဆေးတွေ ပေးရတယ်။
• Terbinafine နဲ့ Butenafine ဆိုရင် ရက်တိုတိုနဲ့ရတယ်။
• မျက်မြင်မှာ ကင်းစင်နေပေမဲ့ နောက်ထပ် ၁-၂ ပါတ်အထိ ဆေးပေးရတယ်။
• Betamethasone Dipropionate with Clotrimazole (Lotrisone) ဆေးမသုံးရဘူး။
• စားဆေးအဖြစ် Griseofulvin (ultramicrosize) 250–500 mg တနေ့ ၂ ကြိမ်၊ ၄-၆ ပါတ်။
• Itraconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်။
• Terbinafine 250 mg တနေ့ ၁ ကြိမ်၊ ၁ လ။

Sat, Jul 21, 2012 at 9:47 AM
ကျနော့် နာမည်က (့) ပါ၊ လာမဲ့ ၁ဝ လပိုင်းဆို အသက် ၃၂ နှစ်ပြည့်ပါပြီ။ အခု (့) မှာ နေပါတယ်။ ကျနော်လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တုန်းက အလုပ်ထဲမှာ အလေးအပင်မရင်း ခါးနာဖူးပါတယ်။ ဆေးဆိုင်မှ ခါးနာပျောက်ဆေး မေးပြီး ဝယ်သောက်လိုက်တာ နှစ်ရက်မကူးဘဲ ခါးနာတာ အရှင်း ပျောက်သွားပါတယ်။ ဒီလိုနဲ့ နေလာလိုက်တာ လွန်ခဲ့တဲ့ ၆ လက အလုပ်ထဲမှာဘဲ အလေးအပင်မရင်း ခါးကဆိုးရွားစွာ ထပ်နာပါတယ်။ ညွှန်ကြားတာတွေကို တတ်နိုင်သလောက် လိုက်လုပ်ခဲ့ပါတယ်။ တတ်နိုင်တဲ့ ငွေကြေးပိုင်းပါ။ အဲလိုနဲ့ သူတို့ပြောသလို တစ်ခြားရောဂါတွေ ရှိ-မရှိလည်း စစ်ခဲ့ပါတယ်။ ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ ဆေးတွေသောက်တာ အခိုက်အတန့်လေးဘဲ နာကျင်မှု သက်သာပါတယ်။ နောက်ပိုင်း ငွေကြေးပိုင်း အဆင်မပြေ ဖြစ်လာတော့ သူငယ်ချင်း တစ်ယောက်ရဲ့အကူအညီနဲ့ ဒုက္ခသည်တွေကို အခမဲ့ ကုပေးတဲ့ဆေးခန်းကို ပြောင်းပြီး ပြဖြစ်ပါတယ်။ သို့သော်လည်း အထက်ကအတိုင်း ဆေးသောက်တုန်း ခဏသာ နာကျင်မှုသက်သာပါတယ်။ ဆရာဝန်ကတော့ ခါးအတွင်းပိုင်းကြွက်သား စုတ်ပြတ်တာလို့ ပြောပါတယ်။ ဆေးကိုတော့ ၃ လမှ ၆ လအတွင်း သောက်ရလိမ့်မယ်လို့လည်း ပြောပါတယ်။ သိချင်တာက အခုဆေးတွေ သောက်နေပေမဲ့ ခဏသာသက်သာတဲ့အတွက် ဆရာဝန်တွေ ညွှန်ကြားသလို ၆ လလောက် ဆက်သောက်ရင် ရောဂါပျောက်နိုင်ပါ့မလား။ ပြီးတော့ ကျနော့်ရောဂါ အခြေအနေကို ဘယ်လိုများ သုံးသပ်မိပါသလဲ။ လိုအပ်တဲ့ ဆောင်ရန်ရှောင်ရန်နဲ့ ဘယ်လို ဆက်လုပ်သင့်တယ်ဆိုတာ အကြောင်းပြန်ပေးပါရန် ပန်ကြားအပ်ပါတယ်။

ခါးနာတာကို ဆေးသောက်ရင် ဆေးအရှိန်ရှိနေချိန်မှာတော့ သက်သာနေမယ်။ အခြေခံ ခါးနာစေတာ မပျောက်သေးသမျှ နာနေမယ်။ ဆင်ခြင်ဘို့လိုတာကို မဆင်ခြင်ရင် ပြန်ဖြစ်မယ်။
သောက်ဆေးနာမည် ရေးပြမထားပါ။
Low Back Pain ခါးနာ သက်သာစေရန်

Sat, Jul 21, 2012 at 9:47 AM
ဆေးနာမည်တွေကို မသိလို့ပါခင်ဗျာ။ ဒီလကုန်လောက်ကျရင် အပ်စိုက်တဲ့ကုထုံးနဲ့ကုမလို့ စဉ်းစားထားပါတယ်။

အပ်စိုက်ကုနည်းကို ဆရာဝန်တွေက သိပ် အာမမခံပါ။ ကုန်ကျတာ မများရင်တော့ သုံးကြည့်ပေါ့။ အအိပ်၊ အနေ၊ အထိုင် (၃) မျိုးမျာ ဂရုစိုက်တာနဲ့ ကောင်းနေတယကို အထူး (အထူး) သတိထားပါ။ ဆရာလဲ ဖြစ်ဘူးထားတယ်။ ဆင်ခြင်နေလို့ နှစ်အတော်ကြာပြီ ပြန်မဖြစ်ဘူး။

ကြမ်းမာမာပေါ်သာ အိပ်ပါ။ ကြိုကုတင်၊ စပရင်ကုတင်၊ မွေ့ယာ လုံးဝ မသင့်ပါ။ ခဏလေးတောင် လှဲမအိပ်ပါနဲ့။
ပက်လက်ကုလားထိုင်၊ ဖင်ထိုင်ခုံ၊ ကြမ်ုပင်တွေမှာ မထိုင်ပါနဲ့။
လက်ဆေး၊ ပန်းကန်ဆေး၊ မျက်နှာသစ်တာ ကိုယ့်အရပ်နဲ့ ခါးကို နဲနဲလေးမှ ကုန်းစရာမလိုတာ သုံးပါ။ ရေစိုချင်စိုပါစေ မကုန်းပါနဲ့။ ရေအိမ်သာ ၉ဝ ဒီဂရီ ထိုင်တာကိုသာ သုံးပါ။
ဆေး၊ ပလာစတာကို နာနေချိန်မှာသာ သုံးပါ။ တကယ်နာရင် အနာသက်သာဆေး မသောက်ဘဲ မနေပါနဲ့။ နာတာသာမက ရောင်နေတာကိုပါ သက်သာစေတယ်။

Sat, Jul 21, 2012 at 11:44 AM
ကျွန်တော့် အသက်က ၂၉ နှစ်ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။ အလုပ်က ညဘက်မှာလုပ်ရပါတယ်။ နေ့ခင်းဘက်ဆိုရင် အိပ်ရပါတယ်။ အိပ်ရတာ အရမ်းခက်တယ်။ တော်ရုံနှင့် အိပ်မပျော်ဘူး။ အိပ်ပျော်ပြန်ရင်လည်း အခန်းထဲမှာ တခြားအခန်းဖော် သူငယ်ချင်းတွေကရှိတော့ စကားပြောသံတစ်ခုခုကြားရင် ချက်ချင်းလန့်နိုးတယ်။ အဲဒါအမြဲတမ်းပါပဲ။ အခန်းဖော်သူငယ်ချင်းတွေက ဆင်တော့ဆင်ခြင်ကြပါတယ်။ ဒါပေမယ့် တိုးတိုးလေးစကား ပြောရင်တောင် နိုးတယ်။ နိုးပြီးရင်လည်းပြန်အိပ်လို့ မရပြန်ဘူး။ အခန်းထဲမှာ တစ်ခြား ညဂျုတီ သူငယ်ချင်း ၃ ယောက်လည်း အတူတူအိပ်ကြပါတယ်။ သူတို့ကမနိုးဘူး။ ကျွန်တော် တစ်ယောက်ထဲပဲ ဒုက္ခရောက်နေတယ်။ တစ်ခါတစ်ခါဆိုရင် ၂ ရက် ၃ ရက်လောက် လုံးဝမအိပ်ပဲ အလုပ်သွားလုပ်နေရတယ်။ အဲဒါရောဂါတစ်ခုလား။ ဘာလုပ်ရမှာလဲ၊ ဘာဆေးတွေသောက်ရမှာလဲ။

• Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) http://dts-medicaleducation.blogspot.com/2011/12/sleep-disorders.html
• Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) http://dts-medicaleducation.blogspot.com/2010/10/sleeping.html
• Sleeping pills အိပ်ဆေး http://dts-medicaleducation.blogspot.com/2011/03/sleeping-pills.html

Sat, Jul 21, 2012 at 4:41 PM
နေတာက မြန်မာနိုင်ငံပါ၊ ထိုးဆေးစထိုးတော့ MDR-TB လို့တော့ရေးတယ်၊ ရောဂါမကောင်းခင် ဓါတ်မှန်ရိုက်တုန်းက အဖေ့မှာ (Left lung; 36 x 33 mm area of patchy reticulonodular opacity in lateral peripheral zone of lingular segment of LUL. Differential diagnosis includes TB, other lobular pneumonia. Correlation with further investigation recommended.) လို့ ရေးထားတယ်။ နောက်ဆေးဖြတ်တဲ့အချိန် ဓါတ်မှန်ရိုက် ပြီးတော့ အဆုပ်ပုံထဲမှာ အစက်လေးတွေနဲ့ အမှက်အသား လုပ်ပြီး ဘေးမှာ Scar လို့  ဆေးစာအုပ်မှာရေးတယ်၊ ရောဂါမကောင်းခင် သလိပ်ပိုးမွေးသေးတယ်၊ သုံးလကြာ အကောင်မပေါက်ဘူးလို့ ပြောတယ်၊ ပေါင်ချိန်ကတော့ အခု ၂ ပေါင် ၃ ပေါင် လောက်တော့ တိုးတယ်၊ အရေးကြီးတာက အဆုပ်အနာရှိတဲ့နေရာက ရှိန်းရှရှဖြစ်ပြီး ကိုယ်ထဲမှာ ဖျားချင်သလိုလို ဖြစ်ဖြစ်နေတာ လုံးဝမကောင်းလာဘူး၊ သိချင်တာက တီဘီရောဂါပျောက်တဲ့သူတွေက လုံးဝမကောင်းသွားဘဲ အဲ့လို ဖြစ်နေတတ်လား၊ အချိန်တစ်ခုကို စောင့်ရတာလား၊ ဒါမှမဟုတ် ရောဂါမပျောက်သေးတာလား၊ ဘာကြောင့် ဆေးဖြတ်ပြီး ရောဂါဝေနာ မကောင်းရတာလဲ။

ရေးပြတာတွေအရ လူနာမှာ ဘယ်ဘက်အဆုတ် အထက်ပိုင်း၊ ဘေးဘက်နေရာမှာ ၃့၆ x ၃့၃ စင်တီမီတာအရွယ် အစိုင်အခဲကွက် တခုတွေ့တယ်။ ဓါတ်မှန်အရ ဖြစ်နိုင်ခြေရောဂါထဲမှာ ဆီဘီ နဲ့ (လိုဘာ-နူမိုးနီးယား) တွေ ဖြစ်တယ်။ လိုအပ်ရင် လူနာကိုစစ်ဆေးချက်တွေနဲ့ ဆက်လက်ဆေးစစ်မှုတွေ ဆက်လုပ်ဘို့လဲ အကြံပြုထားတယ်။ တီဘီအတွက်ဆိုရင် အရင်စာမှာ ရေးပြတာတွေအရ အကောင်းဆုံး ကုသနည်းကို လုပ်ပေးထားတာ ဖြစ်ပါတယ်။ လူနာက အကောင်းပကတိအထိ မရောက်သေးတာဟာ လူနာကို စောင်ကြည့်မှု၊ ဆေးစစ်မှု၊ ဆေးကုသမှုတွေ လိုနေတာ ဖြစ်နိုင်ပါတယ်။ ဆေးပတ်လည်ပြီးနောက် ထပ်ရိုက်တဲ့ ဓါတ်မှန်နဲ့ အရင်ရိုက်တာကို ယှဉ်ကြည့်ဘို့လဲ လိုပါသေးတယ်။

Sat, Jul 21, 2012 at 9:15 PM
သားလေးက ဇူလိုင် ၂၄ ၇က်နေ့ဆို (၄) လပြည့်ပါပြီ။ သားလေးကို ထိန်းပေးတဲ့ အဒေါ်အပျိုကြီးရဲ့ ခြေထောက်မှာ နှင်းခူတွေ ရှိပါတယ်။ သားလေးမွေးခါစကတော့ ခြောက်နေပါပြီ။ ခုတော့ နည်းနည်း ပြန်ယားလို့ ကုတ်တော့ သွေးလေးတွေ တခါတလေထွက်ပါတယ်။ ကလေးကို သူက သူ့ခြေထောက်ပေါ် တင်ပြီးရေချိုးပေးနေကျပါ။ တခါတလေ အနှီးနဲ့ သူခြေထောက်က ထိတတ်ပါတယ်။ သူက ကိုယ့်ကိုလာကူတာဆိုတော့ ခုမှ ကလေးကို မထိန်းနဲ့လို့ ပြောရမှာ အားနာနေလို့ပါ။ ဒါပေမယ့်လဲ ကလေးကိုလည်း ကူးမှာစိုးလို့ပါ။ ကျွန်မခြေထောက်မှာလည်း ခြင်ကိုက်ပြီး ယားလို့ ကုတ်တဲ့ အနာလေးတွေ ရှိပါတယ်။ တခါတလေတော့ ကလေးလက်တို့၊ ခြေထောက်တို့နဲ့ ထိတတ်ပါတယ်။ အဲဒါကရော ကလေးကို ကူးတတ်ပါသလားရှင့်။ နှင်းခူတို့၊ ယားနာတို့ ကူးစက်နိုင်တဲ့ အကြောင်းရင်းနဲ့ မကူးစက်အောင် ကာကွယ်နိုင်တဲ့နည်းလမ်း၊ ကူးစက်လာရင် ကုသရမဲ့နည်းလမ်းတို့ကို သိချင်ပါတယ်။

နှင်းခူးနာမှန်ရင် မကူးပါ။ ဝဲဆိုရင် ကူးပါသည်။
Eczema နှင်းခူနာ
Scabies ယားနာ (ဝဲ) စာ ၂ ပုဒ် ပို့လိုက်ပါတယ်။