ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, July 23, 2012

Q and A July 2012 (4)

1. ကျန်းမာရေး မေးခွန်း အခက်အခဲ
2. သားလေးမှာ ကပ်ပယ်အိတ်တစ်ခုက ခုန်တာများရင် ကြီးလာပါတယ်။
3. ချောင်းဆိုးနေတာ ၂ လ လောက်ရှိပါပြီ
4. တပည့်မလေး တစ်ယောက်ရဲ့ ခြေထောက် ဒူးအောက်ပိုင်း နှစ်ဖတ်စလုံးမှာ
5. ငယ်ငယ်လေးကတည်းက မျက်ကွင်းညိုပါတယ်။
6. အိမ်ထောင်ပြုမယ်ဆိုရင် အိမ်သူကို ကူးစက်နိုင်ပါသလား။
7. ကျွန်မဆံပင်က ကျောလယ်လောက်အထိ ရှည်ပါတယ်။
8. ဆီးချို ရောဂါ နဲ့ ပါတ်သတ်ပြီး သိလိုပါတယ်။
9. နွားတွေမှာ ကိုက်တဲ့ မွှားက လူကိုကိုက်ပြီး

ကျွန်တော့်မှာ ကျန်းမာရေး မေးခွန်းတွေအတွက် အခက်အခဲ ရှိပါတယ်။

Q 1: Fri, Jul 20, 2012 at 11:14 AM
ကျွန်တော် လွန်ခဲ့တဲ့ နှစ်လကျော်က တီဘီဆေးကို စဖြတ်တယ်။ အထူးကုသမားတော်ကြီးက သွေးရယ် ဓါတ်မှန်ရယ် ရိုက်ပြီးတော့ ဖြတ်လိုက့့်

Q 2: Fri, Jul 20, 2012 at 9:23 PM
မနက်တုန်းက တီဘီရောဂါနဲ့ ပါတ်သတ်ပြီး ပို့ထားတဲ့ စာအဆက်ပါ။ ဆရာစက်ဆပ်မိလားတော့ မသိဘူး။ ကျွန်တော့် အသက်က ၁၉ နှစ်ပါ။ တီဘီဆေးကို ၁ နှစ်နဲ့ ၁ လကျော် သောက်ရပါတယ်။့

Q 3: Sat, Jul 21, 2012 at 4:41 PM
နေတာက မြန်မာနိုင်ငံပါ၊ ထိုးဆေးစထိုးတော့ MDR-TB လို့တော့ရေးတယ်၊ ရောဂါမကောင်းခင် ဓါတ်မှန်ရိုက်တုန်းက အဖေ့မှာ (့)့ (Font ပြောင်းထားရတာ ဖြစ်ပါတယ်။)

Q 4: Sun, Jul 22, 2012 at 9:35 AM
ကျွန်တော် အဆုတ်ဓါတ်မှန်ရိုက်ထားတာတွေ ပြချင်ပါတယ်။ အဲ့ဒီဓါတ်မှန်တွေကို ကြည့်ပါက ဆရာရောဂါ အခြေအနေကို ဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ်။့

ပို့လာတဲ့ အီးမေးလ်တွေ အကုန်လိုက်ရှာတော့ အောက်ကအတိုင်း တွေ့တယ်။ တမနက်လုံး အတော် ခေါင်းစားရတယ်။
(၁) လူနာကိုယ်တိုင်ရေးတာနဲ့ အဖေ့မှာလို့ရေးတာ ၂ မျိုးဖြစ်နေတယ်။
(၂) စာတွေက ဖေါင့် မတူတာ ပြောင်းယူရတယ်။
(၃) အရင်မေးတာကနေ ဆက်ရေး-မေးတာ မဟုတ်ပါ။

အဖြေတွေတင်တိုင်း (ဘလော့ခ်) မှာ မေးတဲ့သူရဲ့ (အီးမေးလ်) ကို ထည့်တာ မဟုတ်လို့ ဖြေပြီးသားကနေ ပြန်လိုက်ရတာ ခက်တယ်။ လူနာအတွက် (ပရိုက်ဗေစီ) ကိုလဲ သတိထားရတယ် မဟုတ်လား။ အချိန်ကုန်၊ ခေါင်းရှုတ်ရက အကြောင်း သိပ်မဟုတ်ပေမဲ့ အဖြေရေးလို့ လွဲသွားရင် လူနာ နစ်နာစေနိုင်ပါတယ်။

Mon, Jul 23, 2012 at 1:19 PM
ကျွန်မရဲ့ သားလေးမှာ ကပ်ပယ်အိတ်တစ်ခုက ခုန်တာများရင် ကြီးလာပါတယ်။ အခု သားအသက်က ၂ နှစ်နဲ့ ၈ လ ရှိပါပြီ။ မခုန်မဆော့ပဲနေရင် ပုံမှန် အတိုင်းပါပဲ။ ဆော့ရင်တော့ ညာဖက် ကပ်ပယ်အိပ်တစ်ဖက်က လက်ဖက်ရည် ပန်ကန်လုံး နီးပါး ကြီးလာပါတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ညွှန်ကြားပေးပါရှင်။ သူခုလိုဖြစ်တာ တစ်နှစ်သား အရွယ်လောက် ကတဲက စဖြစ်တာပါ။ ငယ်ငယ်ကတော့ သူက ဝမ်းသွားရင် ညှစ်တတ်ပါတယ်။

အူကျတာဖြစ်နိုင်တယ်။ တချိန်မှာ ခွဲစိတ်ကုသရမယ်။ ဆေးရင်၊ ခုန်ရင်၊ ညှစ်ရရင်၊ အလေးအပင်မရင်၊ အူက ထွက်ကျလာမယ်။ ကြာလေ တိုးလေဖြစ်မယ်။ အပေါက်နေရာ အကျဉ်း-အကျယ် အပေါ်မူတည်ပြီး ဆက်တွဲဖြစ်တာ မတူဘူး။ ကျဉ်းနေပြီး ထွက်ကျနေတာက ပြန်မဝင်နိုင်ရင် နေရာမှာနာပြီး၊ ရောင်လာမယ်၊ ဗိုက်အောင့်၊ ဗိုက်နာမယ်။ အန်မယ်ဆိုရင် ချက်ချင်း ကုသရမယ်။ အဲလိုမဖြစ်ရင် အကြာကြီးထားလို့လဲရပါတယ်။
• Hernia အူကျ-မကျ သိပါရစေ http://dts-medicaleducation.blogspot.com/2010/08/hernia.html ကို ပို့လိုက်ပါတယ်။

Mon, Jul 23, 2012 at 2:44 PM
ကျနော် ချောင်းဆိုးနေတာ ၂ လ လောက်ရှိပါပြီ ဆရာဝန်နဲ့တော့ ပြမကြည့်ရသေးပါဘူး။ ဆေးလဲ အမျိုးမျိုး သောက်ပါတယ်။ မြန်မာဆေးရော နိုင်ငံခြားဆေးရာ သောက်ပါတယ်။ တရက်လောက်ပျောက်လိုက် ပြန်ဖြစ်လိုက် ခဏခဏ ဖြစ်နေပါတယ်။ အသက်ကတော့ ၃ဝ ပါ။

ချောင်းဆိုးစေတဲ့ အခြေခံအကြောင်းတရား အလွန်များပြားတယ်။ ဒီလောက်နဲ့ ဆေးနည်းပေးရတာ ရမ်းကုအစစ် ဖြစ်တယ်။ နေတဲ့တိုင်းပြည်-နေရာ၊ ရာသီဥတုလဲ မသိပါ။ ဆေးဆိုတာ ဘာဆေးတွေလဲ မသိပါ။
• Respiratory tract infections (1) အသက်ရှူလမ်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-1.html
• Respiratory tract infections (2) အသက်ရှူလမ်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-2-pleurisy.html
• Respiratory tract infections (3) အသက်ရှူလမ်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-3.html
• Respiratory tract infections (4) အသက်ရှူလမ်း ပိုးဝင်ခြင်း (၄) http://dts-medicaleducation.blogspot.com/2011/11/respiratory-tract-infections-4.html

Mon, Jul 23, 2012 at 9:06 PM
ကျွန်တော်ရဲ့ တပည့်မလေး တစ်ယောက်ရဲ့ ခြေထောက် ဒူးအောက်ပိုင်း နှစ်ဖတ်စလုံးမှာ အဖု အပိန့်အကျိတ်တွေ ထွက်နေပါတယ်။ အဖုတွေက ပဲကြီးစေ့လောက်နဲ့ အဲဒီထက် နည်းနည်းကြီးပါတယ်။ အဖုတွေက ထိရင် (သို့) ကိုင်ရင် နာတယ် ပြောပါတယ်။ အသက် (၂ဝ)၊ အိမ်ထောင်မရှိ။ နောက်တစ်ယောက်ကတော့ သူငယ်ချင်းကလေးပါ။ အသက် (၃) နှစ်၊ မိန်းခလေး။ ရင်ဘတ်မှာ ငွေဒဂါင်္းလောက်ရှိတဲ့ အဖုကျိတ် ထွက်လာတယ်။ အနာကိုထိရင် ကလေးက ငိုတယ်။

ဖြစ်တဲ့သူတွေ နေထိုင်တဲ့ နိုင်ငံ၊ နေရာ မသိရပါ။ အခုအချိန် ရာသီဥတုကြောင့်ဖြစ်တာတွေနဲ့ ဆင်နေလို့ မှန်းဘို့တော့ ခက်တယ်။ ဖြစ်နိုင်တာက -
အသက် ၂ဝ မိန်းကလေးမှာ ရာသီဥတုကြောင့် ဆက်ဖြစ်တဲ့ (အလာဂျီ) နဲ့ ပိုးတခုခုဝင်နေတာလို့ ထင်ရတယ်။ (၁) Calamine/Caladine/Mezincal lotion လိမ်းဆေးလိမ်းပါ။ (၂) ညအချိန်မှာ Cetrezine ၁ ပြားသောက်ပါ။ (၃) ပိုးဝင်နေရင် ပိုးသေဆေး တခုခု ဥပမာ Ampicillin 500mg/Dozycycline 100mg တမျိုးမျိုးကို တခါသောက် ၁ ပြား-တောင့်၊ တနေ့ ၂ ကြိမ်သောက်ပါ။ (၄) နာတာသက်သာချင်ရင် Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။

ကလေးဖြစ်တာ ဘယ်လောက်ကြာလဲ မသိရပါ။ မွေးရာပါရောဂါ ဟုတ်-မဟုတ် ခွဲဘို့တော့ လိုတယ်။ ဒါပေမဲ့ မွေးရာပါက အဲလို မနာဘူး။ ဖြစ်နိုင်တာက ပြည်တည်နာ။ ပိုးသေဆေး နဲ့ အနာ သက်သာဆေး တွဲသောက်ရမယ်။ ပြည်ဆိုရင် ခွဲထုတ်ရမယ်။ ကလေးကို Ampicillin/Amoxacullin အရည်-အမှုံ့ လက်ဖက်ရည်ဇွန်းနဲ့ ၁ ဇွန်း၊ တနေ့ ၂-၃ ကြိမ်၊ Paracetamol syrup အရည် လက်ဖက်ရည်ဇွန်း တဝက် တနေ့ ၂-၃ ကြိမ်တိုက်ပါ။ မများစေနဲ့။

Sat, Jul 21, 2012 at 8:11 PM
ကျွန်တော်က အသက် (၂၇) နှစ်ရှိပြီဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက မျက်ကွင်းညိုပါတယ်။ ကျန်းမာရေး ကောင်းနေပါရက်နဲ့ မျက်တွင်းကျတာ မျက်ကွင်းညိုတာ ဘာ့ကြောင့်ပါလဲ။ မျက်ကွင်းညိုတာကို ဘယ်လို ကုသသင့်ပါသလဲ။

- Periorbital hyperpigmentation မျက်ကွင်းညိုနေပါတယ် http://dts-medicaleducation.blogspot.com/2011/01/periorbital-hyperpigmentation.html ကို ပို့လိုက်ပါတယ်။

Tue, Jul 24, 2012 at 5:32 PM
ကျနော့် နာမည် (့) ပါ၊ အသက်က ၂၅ နှစ်ရှိပါပြီ။ အခု (့) မှာ အလုပ်လုပ်နေပါတယ်။ ကျန်းမာရေး သိပ်မကောင်းလို့ ဆေးသွားစစ်ကြည့်လိုက်တော့ တီဘီရောဂါပိုး ရှိနေတယ်လို့ ပြောပါတယ်။ တကယ်လို့များ အိမ်ထောင်ပြုမယ်ဆိုရင် အိမ်သူကို ကူးစက်နိုင်ပါသလား။ ဘယ်လိုဆေးဝါးကုသမှု ခံယူသင့်ပါသလဲ။ ရောဂါကို သိရတာ ၁ လကျော်ပါပြီ။ ခုချိန်ထိ ဆေးရုံက ဘာဆေးမှ မပေးသေးပါ။ ကျနော်သွားတိုင်း ရက်ချိန်းတွေဘဲ ထပ်ထပ်ပေးနေပါတယ်။ ကြာလာရင် ပိုဆိုးလာနိုင်ပါသလား။ ဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာ လမ်းညွှန်မှုလေး ပေးပါဦး။

• TB အသစ်လား၊ အဟောင်းလား http://dts-medicaleducation.blogspot.in/2012/05/tb.html
• TB (Tuberculosis) တီဘီ http://dts-medicaleducation.blogspot.com/2008/10/tuberculosis-tb.html
• TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducation.blogspot.in/2012/04/side-effects-of-tb-medicines.html

Tue, Jul 24, 2012 at 3:23 PM
ကျွန်မနာမည်က (့) ပါ။ (့) မှာ နေပါတယ်။ ဆံပင်ကျွတ်ခြင်းအကြောင်းအရင်းနှင့်တကွ ဆောင်ရန်၊ ရှောင်ရန် အသေးစိတ်ကို သိချင်လို့ပါရှင်။ ကျွန်မ သိရသလောက် (့) ရေက ကလိုရင်းကို အသုံးပြုပြီး သန့်စင်ထားတယ်လို့ ကြားဖူးပါတယ်။ ဒါကြောင့် ဆံပင်ကို ကျွတ်စေတယ်လို့လဲ သိရပါတယ်။ ဒီမှာနေတဲ့ သူတော်တော်များများကို မေးတော့ သူတို့လည်း အရင်မြန်မာပြည်မှာ နေတာထက် ဆံပင်တွေပိုကျွတ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက်က ကျွန်မ ဆံပင်ဆေးဆိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဦးရေပြားပျက်ဆီးသွားလို့လား မပြောတတ်ဘူး အရင်ကထက် ဆံပင် ပိုကျွတ်လာတာကိုတော့ သတိထားမိတယ်။ ကျွန်မဆံပင်က ကျောလယ်လောက်အထိ ရှည်ပါတယ်။ ဆံပင် ဆေးဆိုးခြင်းကြောင့် ဦးရေပြားပျက်စီးပြီး ဆံပင်ကျွတ်တာ ဟုတ်ပါသလားရှင်။ ကျွန်မသုံးတဲ့ Shampoo က ကျွန်မ ဦးရေပြားနဲ့ မတည့်လို့ ဆံပင်ကျွတ်တယ်လို့ ထင်ပြီး တစ်မျိုးပြီးတစ်မျိုး သုံးတော့လည်း ကျွတ်မြဲကျွတ်တာပါပဲရှင်။ organic shampoo သုံးလျှင် ဆံပင်ကျွတ်တာကို လျော့နည်းစေပါသလားရှင်။ အစားအသောက်နဲ့ ဆံပင်ကျွတ်တာ သက်ဆိုင်ပါသလား။ ဆံပင်ကျွတ်နည်းအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာကို အကြံဥာဏ်လေး ပေးပါရှင်။

• Hair Loss ဆံပင်ကြွတ်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hair-loss.html
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://dts-medicaleducation.blogspot.in/2012/03/hair-loss-in-women-treatments.html
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducation.blogspot.in/2012/03/hair-health.html

Tue, Jul 24, 2012 at 10:33 AM
ဆီးချို ရောဂါ နဲ့ ပါတ်သတ်ပြီး သိလိုပါတယ်။ မေးသူက အသက် (၄ဝ)၊ အမျိုးသမီး၊ အိမ်ထောင်မရှိပါ။ ဆီးချိုရှိမှန်း သိတာ (၅) နှစ်လောက် ရှိပါပြီ။ တကယ်ဖြစ်တာဆိုရင် (၁) နှစ် (၂) နှစ်စောနိုင်မယ် ထင်ပါတယ်။ ရန်ကုန်မှာနေပါတယ်။ ဆီးချို မျိုးရိုးရှိပါတယ်။ သွေးလှုချင်တဲ့အတွက် ဆီးချိုသမားသွေး လှူလို့ရသလား။ ရတယ်ဆိုရင်လည်း လှူတဲ့သွေးက ချိုနေတဲ့အတွက် သွေးလက်ခံတဲ့သူဟာ ဆီးချိုရောဂါ ကူးစက်နိုင်ပါသလား။ ပြီးတော့ လှုတဲ့သူကကော အကြိမ်များများ လှူရင် ဆီးချို ရောဂါ ပျောက်နိုင်ပါသလား။

ဆီးချိုရှိနေသူကနေ တခြားဆေးစစ်တာ ကောင်းနေရင် သွေးလှူလို့ရပါတယ်။ သွေးခဏခဏလှူပေမဲ့ ဆီးချိုရောဂါ ပျောက်သွားမှာ မဟုတ်ပါ။ သွေးလက်ခံသူကိုလဲ မကူးစက်နိုင်ပါ။ ဘာလို့လဲဆိုတော့ ဆီးချိုဟာ ကူးစက်ရောဂါ မဟုတ်ပါ။ ဖြစ်စေတဲ့အကြောင်းရင်းက သွေးထဲမှာရှိနေတာ မဟုတ်ပါ။ မျိုးရိုး၊ သကြားဓါတ်ထိန်းတဲ့ ဟော်မုန်းတွေကနေ ဖြစ်စေတာမို့ပါ။ သွေးလှူချင်စိတ် ရှိတဲ့အတွက် ချီးကျူးပါတယ်။ စိတ်ကောင်းစေတနာထားသူတွေ ကိုယ့်ကျန်းမာရေးအတွက်ပါ အထောက်အကူရစေမှာ အမှန်ပါ။
• Blood donation မြတ်သော နီသော သွေး http://dts-medicaleducation.blogspot.com/2012/01/blood-donation.html

Wed, Jul 25, 2012 at 10:50 AM
နွားတွေမှာ ကိုက်တဲ့ မွှားက လူကိုကိုက်ပြီး အဲဒီမွှားကို ဖယ်ရှားလိုက်ရင် မွှားရဲ့ ဦးခေါင်းက လူ့အရေပြားအောက်မှာ စိုက်ပြီး ကျန်နေတတ်ပါတယ်။ အဲဒီလို စိုက်ပြီးကျန်နေတဲ့ မွှားရဲ့ဦးခေါင်းနေရာနားမှာ အဖုလေးတစ်ခုဖြစ်လာပြီး အလွန်ပဲ ယားပါတယ်။ လအတန်ကြာတဲ့အထိလည်း မပျောက်နိုင်ဖြစ်နေပါတယ်။ အပ်နဲ့ ထွင်ကြည့်ပေမယ့်လည်း ကျန်နေခဲ့တဲ့ မွှားခေါင်းကို ရှာမတွေ့ပါဘူး။ မည်သို့ ကုသရမည်ကို အကြံဥာဏ်လေးပေးစေချင်ပါတယ်။

ဆေးစာမှာ အတိအကျ မပါဘူး။ ဒါပေမဲ့ အကောင်တကောင်ကနေဖြစ်ဖြစ်၊ လူတခြားတယောက်ကနေဖြစ်ဖြစ် ကိုယ့်ထဲ ဝင်လာတာမှန်သမျှ ကိုယ်နဲ့မသင့်ဘူး။ ပိုမွှားကောင်ကလဲ ဒီသဘောဘဲ။< ကိုယ့်မှာ (အလာဂျီ) ဖြစ်စဉ် နဲ့ ရောင်ရမ်းဖြစ်စဉ်တွေ ဖြစ်ပေါ်လာမယ်။ (အလာဂျီ) အတွက် (အင်တီဟစ်တမင်း) ဆေးပေးရတယ်။ ဥပမာ Cetrizine စားဆေး။ တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်။ ရောင်ရမ်းဖြစ်စဉ်ကို အနာသက်သာဆေး တခုခုပေးရတယ်။ ဥပမာ Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။

ဝင်လာတဲ့အကောင်ကနေ တခုခုထုတ်တာမျိုးလဲရှိတတ်တယ်။ အဆိပ်သဘောပေါ့။ ဒါကို သတ်သတ်မှတ်မှတ် အဆိပ်ဖြေဆေးရယ် မရှိရင် ကြာလဲနေပြီမို့ စိုးရိမ်စရာတော့ မရှိပါ။ ဒါပေမဲ့ ဒီဒဏ်ကို ကိုယ့်ခုခံအားစနစ်ကနေ တိုက်ဘို့ အချိန်ယူမယ်။ ကောင်းကောင်းလာပါမယ်။ ဖြစ်စဉ်တွေကို ပိုသက်သာစေအောင် အခုလို အချိန်ကြာနေတာမျိုးအတွက် (စတီရွိုက်) ဆေးလဲ ပေးတယ်။ ဥပမာ (စတီရွိုက်) လိမ်းဆေးကို ဖြစ်တဲ့နေရာမှာ လိမ်းရတယ်။ နာမည်တွေ အမျိုးမျိုးနဲ့လာတယ်။ ဆေးအစွမ်းက နာတာ၊ ရောင်တာ၊ ယားတာတွေကို သက်သောစေမယ်။ လိုသေးရင် (စတီရွိုက်) စားဆေး ပေးသေးတယ်။ ဥပမာ Prednisolone စားဆေး။ ဒီဆေးကြ သတိကြီးကြီးနဲ့သာ ပေးရတယ်။ မရေးတော့ပါ။ မမှားနိုင်တာက ဖြစ်တဲ့နေရာကို Calamine lotion လိမ်းပေးတာလဲ သက်သာစေမယ်။ နောက်ဆုံး ထုံဆေးနဲ့ ခွဲထုတ်တာလဲ လုပ်နိုင်သေးပါတယ်။

• Ticks of domestic animals အိမ်မွေး-တိရစ္ဆာန်တွေမှာရှိတဲ့ မွှားကောင်လေးတွေကနေ လူကိုဒုက္ခပေးတတ်တယ်။ ဒီအကောင်လေးတွေကနေ (ဗိုင်းရပ်စ်) အမျိုးမျိုး၊ (ဗက်တီးယား) တွေ၊ (ပရိုတိုဇိုးဝါး) တွေကိုလဲ ကူးစက်စေနိုင်တယ်။ တိရစ္ဆာန်တွေဆိုရင်သေစေတဲ့အထိဖြစ်နိုင်တယ်။
• မေးတဲ့သူလိုက် အကိုခံရရင် အကောင်းဆုံးနည်းကတော့ Fine-tipped tweezers သေးငယ်တဲ့ အရည်အသွေးကောင်းတဲ့ မွှေးညှပ်နဲ့ နုတ်ပြစ်ရတယ်။ အရေပြားကို ကပ်နိုင်သမျှကပ်ထားပြီး ဆတ်ကနည်း ဆွဲနုတ်ရတယ်။ ချေမပြစ်ပါနဲ့။ တန်းတန်းမတ်မတ်ဆွဲပါ။ မဟုတ်ရင် အကောင်ရဲ့ ပါးစပ်နေရာက ကျန်နေရစ်မယ်။ တချို့နေရာတွေမှာ Proprietary tick removal tools ကရိယာသပ်သပ်ဝယ်လို့ရတယ်။
• နုတ်တဲ့နေရာကို ပိုးသန့်ပေးရမယ်။ လိုမယ်ထင်ရင် ဆွဲထုတ်လိုက်တဲ့အကောင်ကို သိမ်းထားပြီး ရောဂါလိုဖြစ်လာတဲ့အခါ ဆရာဝန်ကိုပြနိုင်တယ်။ တကယ်လို့ အကောင်ရဲ့ ခေါင်းပိုင်းနဲ့ ပါးစပ်ကျအထဲမှာကိန်နေရစ်ရင် Punch biopsy ခွဲစိတ်နည်းနဲ့ထုပ်ပေးနိုင်တယ်။ အကိုက်ခံရတဲံနေရာက ရင်းနေရင် Antibiotics ပိုးသေဆေးပေးရတယ်။ Tetracycline, Penicillin နဲ့ Doxicycline တွေကိုသုံးတယ်။
• တော်တော်နဲ့ မပျောက်တဲ့ Babesia protozoa အကောင်ကြောင့်ဆိုရင် Imidocarb နဲ့ Diminazine ဆေးတွေသုံးတယ်။
• Theileria ကြောင့်ဆိုရင် Parvaquone နဲ့ Halofuginone ဆေးတွေကိုသုံးတယ်။ ရောဂါနာမည်သေခြာမှသုံးရတယ်။ ဈေးကြီးတယ်။ အချိန်နောက်မကျသင့်ဘူး။