ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, August 9, 2012

Q and A August 2012 (1)

1. အဲတာ လိပ်ခေါင်းရောဂါလား။
2. Specialist နဲ့ပြတော့ (၅) ချောင်းလုံး နုတ်ရမယ် ပြောပါတယ်။
3. She is worried about her stomach pain
4. လွန်ခဲ့တဲ့ ၁ လခွဲလောက်က မျက်စိကျိန်းပါတယ်။
5. ရင်ဘက်မှာ အနီရောင်အဖု သေးသေးလေးတွေ
6. အရက်သောက်ရင်းနဲ့ အကင်တွေစားရင်း
7. I am travelling to Myanmar in October
8. ပါးဘယ်ဘက်ခြမ်းမှာ အဖုထွက်နေပါတယ်။
9. မျက်စိထဲကို သံပရာရည်ခပ်ပါတယ်။

Thu, Aug 9, 2012 at 1:44 PM
ကျွန်မရဲ့ (၃) နှစ် သမီးလေးမှာ သွားရောဂါပြဿနာ ရှိနေပါတယ်။ အပေါ်ရှေ့သွား (၄) ချောင်လုံး ပိုးစားပြီး တချောင်းက ပြည်တည်နေပါတယ်။ Upper front molar tooth ကလဲ အပေါက်ဖြစ်ပြီး ကိုက်နေပါတယ်။ Specialist နဲ့ပြတော့ (၅) ချောင်းလုံး နုတ်ရမယ် ပြောပါတယ်။ တချို့သွားတွေကို Filling လုပ်ရမယ်။ ခွဲစိတ်ခန်းမှာ မေ့ဆေးနဲ့လုပ်ရမယ်၊ ခန့်မှန်း (့) ဒေါ်လာ ၄ဝဝဝ ကျော်လောက် ကုန်ကျမယ်ပြောပါတယ်။

ဒီအရွယ်မှာ ငယ်သွားတွေသာဖြစ်တယ်။ သိပ်စိုးရိမ်စရာမရှိပါ။ သွားဆရာဝန်တွေကလဲ တနေရာနဲ့ တနေရာ မတူပါ။ ကုန်ကျစရိတ်က များလွန်းတော့ စဉ်းစားတာ မှန်တယ်။

ပိုးဝင်နေတာအတွက် ပိုးသေဆေး လိုမယ်။ အနာသက်သာဆေးလဲလိုမယ်။ သင်ပေးလို့ရရင် ဆားရည်နဲ့ ပလုပ်ကျဉ်းတာ လုပ်ရမယ်။ ပါးစပ်ဆေးတဲ့ ဆေးရည်က အတော်ထိရောက်တယ်။ အလွယ်ဝယ်လို့ရတယ်။ ဥပမာ Clohex Antiseptic and Antiplague Mouthwash ဆေးရည်။

ပိုးသေဆေးကတော့ Amoxacillin ဆိုရင်ရပါမယ်။ Paracetamol ကို ကလေးအလေးချိန်နဲ့တိုင်း တိုက်ရမယ်။ မများစေရဘူး။

ဆရာသိသလောက် စကားမပီတာ မဖြစ်စေပါ။

Thu, Aug 9, 2012 at 12:28 PM
ကျွန်တော့် နာမည်က (့) ပါ။ အသက်က ၂၂ နှစ်၊ ကိုယ်အလေးချိန် ၁၃၅ ပေါင်၊ အရပ် ၅ ပေ ၆ လက်မပါ။ လွန်ခဲ့တဲ့ တပတ်လောက်က ဝမ်းချုပ်လို့ အိမ်သာသွားတော့ စအိုမှာ အသားနုနုလေး ထွက်နေတာကို စမ်းမိတယ်တယ်။ အကြီးကြီးလဲ မဟုတ်ဘူး။ အရင်က မရှိပါဘူး။ ဝမ်းသွားတိုင်းလဲ မဟုတ်ဘူး။ နည်းနည်းညှစ်ရတဲ့အခါမှ တွေ့တယ်။ အဲတာ လိပ်ခေါင်းရောဂါလား။ ကျွန်တော်က ကာယဗလကို တော်တော်နှစ်သက်တယ်။ ဒါပေမယ့် အခု အလေးကြီးတွေ မမရဲတော့ဘူး။ ခဏနားနေရတယ်။ လိပ်ခေါင်းရောဂါဆိုရင် ဘာလုပ်ရမလဲ။ ကာယဗလ စွန့်လွှတ်ရမှာလား။ နောက်ပြီးတော့ အရေပြားမှာ ညှင်းပေါက်ရင် ဘာဆေးသောက်ရမလဲ။ အစတုံးက သတိမထားမိပေမဲ့ အခုနားလိုက်မှ ပိုသိသာလာတယ်။ ၅ လလောက်တော့ ရှိပြီ။

Tinea Versicolor (Pityriasis Versicolor) ညှင်း
• Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဖြစ်တယ်။
• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။
• Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။
• Ketoconazole 200 mg daily orally for 1 week or 400 mg as a single oral dose စားဆေးပေးပါ။
• Clotrimazole 1% solution တနေ့တခါ တပါတ်ကြာလိမ်းပါ။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။
• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။
• Hydrogen peroxide ဆေးရည်လိမ်းနိုင်တယ်။

- Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
- Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Fri, Aug 10, 2012 at 7:33 AM
My name is (.....) and (.....)’s husband. Thank you very much for your prompt reply and sorry for inconvenience of Myanmar font. She is worried about her stomach pain and now happy to hear from you that is not a serious one. Please see attached file that we scan all the pages and send to you. Please review and advise us.

ဒေါ်(့) ခင်ဗျား
• မရှင်းတာလေး အရင်မေးပါရစေ။
• အစာမြိုပြွန်လို့ပြောတာက ကိုယ့်ဖါသာ ယူဆတာလား၊ အာလ်ထွာဆောင်း၊ ဓါတ်မှန်အရ ပြောတာလား။
• လေချဉ်တက်တာ ပုံမှန်ဆိုတာ မမှန်ဘူးထင်ပါတယ်။ ပုံမှန်က လေချဉ်မတက်ရပါ။ လေတော့ တက်မယ်။
အသက်ကြီးသူတိုင်း နို့သောက်ရင် လေက အထက်ဖြစ်ဖြစ် အောက်ဖြစ်ဖြစ် တက်မယ်၊ သက်မယ်။
• နာတယ်-အောင့်တယ် စသဖြင့် ပြောရင် အစာအိမ်၊ ဆီးအိမ် စသဖြင့်နာမည်တပ်တာထက် ဗိုက်၊ အောက်ပိုင်း-အထက်ပိုင်း၊ ဘယ်ဘက်-ညာဘက် ဆိုတာမျိုးပြောရင် ပိုပြီးမှန်ပါတယ်။
• စာတပိုဒ်ဖတ်တိုင်း အဲလိုမှတ်ချက်ရေးတာ စာဆုံးမှ ပိုသိလာရတယ်။ Heartburn တို့ GERD စာလုံးတွေ တွေ့လာလို့ မေးဘို့ မလိုတော့ပါ။
• Gastroscope နဲ့ Ultrasound စစ်ဆေးပြီးလို့ စိုးရိမ်ရမဲ့ရောဂါ မဟုတ်တာ စိတ်သက်သာရာရပါ။
• ကျန်တဲ့ဆေးတွေက လေနဲ့ပတ်သက်တာတွေဖြစ်ပြီး Livial ဆေးတခုတည်းသာ ဟော်မုန်းဖြစ်တယ်။ ဒီဆေးထဲမှာ Tibolone 2.5 mg ပါတယ်။ Hormone replacement therapy အတွက်သုံးပါတယ်။ တချို့ အထူးကု ဆရာဝန်တွေက နောက်ဆုံးရာသီရပ်တဲ့နောက်မှာ ၁၂ လအထိပေးတယ်။
• ဆေးရုံ၊ ဆရာဝန်တွေကို စနစ်တကျပြထားတာမို့ ထူးပြီး အကြံပေးစရာမလိုပါ။ ဆိုင်မဲ့ စာ ၃ ပုဒ် ပို့လိုက်ပါတယ်။
• Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း http://dts-medicaleducation.blogspot.com/2011/01/gastroesophageal-reflux-disease-gerd.html
• Menopause (1) သွေဆုံး-သားဆုံး (၁) http://dts-medicaleducation.blogspot.in/2010/12/menopause.html
• Menopause (2) သွေဆုံး-သားဆုံး (၂) http://dts-medicaleducation.blogspot.in/2012/03/menopause-and-perimenopause.html


Fri, Aug 10, 2012 at 3:32 PM
ကျွန်တော့်နာမည် (့) ပါ။ မန္တလေးကပါ။ လွန်ခဲ့တဲ့ ၁ လခွဲလောက်က မျက်စိကျိန်းပါတယ်။ ၁ဝ ရက်လောက်တော့ ကြာပါတယ်။ ဖြစ်ကာစကတော့ lomeflox နဲ့ dexoptic-N ခပ်ပါတယ်။ Flumox သောက်ပါတယ်။ ဒါပေမယ့် မျက်စိထဲမှာ သွေးကြောအနီလေးတွေက အခုထိရှိနေသေးတယ်။ အခုတော့ new V-rohto ခပ်ပါတယ်။ အမြင်ကတော့ ကောင်းပါတယ်။ တခါတလေ နာတာလိုလို အောင့်တာလိုလို ဖြစ်ပါတယ်။ ဘာလုပ်ရင်ကောင်းမလဲ။

- Lomeflox Eye Drops မျက်စဉ်းထဲမှာ Lomefloxacin 3 mg ပါတယ်။ ဗက်တီးရီးယားတွေကို နိုင်တယ်။
- Dexoptic-N Eye Drop ထဲမှာ Neomycin Sulphate 5 mg နဲ့ DexamethasoneSodium Phosphate 1 mg တွေ ရောထားတယ်။ Allergic အလာဂျီရတာ၊ non-purulent conjunctivitis ပြည်မတည်တဲ့ မျက်စိနာ၊ Keratitis, Iritis, Cyclitis, Chemical burns of the cornea ဆိုတဲ့ တခြားမျက်စိဝေဒနာတွေအတွက် သုံးတယ်။
- Flumox ထဲမှာ Amoxycillin နဲ့ Flucloxacillin ဆေးတွေပါတယ်။ 250 mg နဲ့ 500 mg စီပါတဲ့ Capsule ဆေးတောင့် ၂ မျိုးလာတယ်။ 125 mg စီပါတဲ့ Suspension ဆေးရည်လဲရှိတယ်။ 250 mg နဲ့ 500 mg စီပါတဲ့ ထိုးဆေးလဲရှိတယ်။
- New V Rohto Plus 13ml မျက်စဉ်းကတော့ Vitamin B ဗီတာမင် (ဘီ) နဲ့ Special cooling formula မျက်စိကိုအေးစေတဲ့ ဆေးတွေပါတယ်။ မျက်စိကိုအသုံးချများရာကနေဖြစ်တတ်တဲ့ Eye discomfort အတွက်ပေးတယ်။

Fri, Aug 10, 2012 at 10:08 AM
နိုင်ငံခြား တက္ကသိုလ် တစ်ခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ရဟန်းတော်တစ်ပါးပါ။ ဦးဇင်းရဲ့ ရင်ဘက်မှာ ခဏခဏ ပေါ်လာတဲ့ ရောဂါတစ်ခု အကြောင်းပါ။ အစပထမတော့ ဦးဇင်းရဲ့ ရင်ဘက်မှာ အနီရောင်အဖု သေးသေးလေးတွေ (မုံညင်းစေ့ခန့်သာသာ) ပေါ်လာပါတယ်။ တပတ်ကျော်လောက်ဆိုရင် ငါးမျက်စိလို (အမာအဖု) ပုံစံသို့ ပြောင်းသွားတတ်ပါတယ်။ အဲဒါက ကြီးတော့ ကြီးမလာပေမယ့် တိုးလားတာကိုတော့ သတိထားမိပါတယ်။ ဘယ်လို ရောဂါအမျိုးအစားဖြစ်ပြီး ဘာဆေးတွေကို မှီဝဲရပါမလဲ ဆိုတာကို အကူညီပေးစေလိုပါတယ်။

ကင်ဆာမဟုတ်အုပ်စုဝင် အရေပြားမှာဖြစ်တတ်တာလို့ ယူဆပါတယ်။ ဘာလို့ဖြစ်လဲ အတိအကျတော့ ဆရာဝန်တွေ မသိကြပါ။ ဒါကြောင့် ကုသဘို့လဲ သတ်သတ်မှတ်မှတ် မရှိပါ။ လူကိုထိခိုက်စေတာ ဖြစ်မလာနိုင်ပါ။ ဒါပေမဲ့ တချို့နေရာလေးတွေမှာ နဲနဲပိုကြီး၊ နီနေ၊ ကြွနေတာဖြစ်လာရင် ပိုးဝင်တာထပ်ဖြစ်လာတာဖြစ်တယ်။ ဝက်ခြံသဘောမျိုးနဲ့ တူတယ်။ ထိရင်၊ ထိရင် နာမယ်။ အဲလိုအချိန်မှာ Tetracycline 250 mg တခါသောက် တတောင့်၊ တနေ့ ၄ ကြိမ်၊ ၅-၇-၁ဝ ရက်သောက်ပါ။ ဒါမှမဟုတ် Doxycycline 100 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇-၁ဝ ရက်သောက်ပါ။ နာတာရှိရင်တော့ Paracetamol သောက်နိုင်ပါတယ်။ အနာဖြစ်မလာရင် ဆေးလိမ်းစရာမလိုပါ။ အရေပြားသန့်ရှင်းရေး ပုံမှန်ထက်တော့ မလိုပါ။ ဗီတာမင် (စီ) သောက်နိုင်ပါတယ်။ (အေ) ကိုလဲ မများစေဘဲ သောက်နိုင်ပါတယ်။ (စီ) က များလို့ရတယ်။ (အေ) က များရင်မသင့်ဘူး။ ထူခြားလာရင် အရေပြားအထူးကုဆရာဝန်ပြပါ။

Mon, Aug 13, 2012 at 10:04 AM
ကျနော် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှ ဝမ်းကိုက်တာ စဖြစ်ပါတယ်။ အရက်သောက်ရင်းနဲ့ အကင်တွေစားရင်း အရက်က သုံးမျိုးလောက် ရောသွားပါတယ်။ တစ်ခါမှလဲ အဲလောက်မသောက်ဖူးပါဘူး။ နောက်နေ့မနက် ရောက်တော့ ရေအိမ်သွားတာ သွေးကျလာပါတယ်။ တစ်ပတ်လောက် စောင့်ကြည့်တာ မပျောက်ပါဘူး။ အဲဒါနဲ့ ဆရာဝန်နဲ့ပြတော့ မက်ထရိုဆေး အဖြူလေး ပေးပါတယ်။ တစ်ပတ်လောက်စားတော့ မပျောက်ပါဘူး။ ဆေးတစ်မျိုး ထပ်ပေးပါတယ်။ တန်ဒေါ်ဇော၊ မက်ထရို၊ ဘီ ၆၊ ကပ်ပ်ဆူးလေး တစ်မျိုးပါပါတယ်။ မသက်သာလို့ ညပိုင်းသွားပြတော့ အဲ့ဒီဆေးလေးတွေ ပေးလာပါတယ်။ တန်ဒေါ်ဇောက ပြင်းတယ်တဲ့။ ဘီယာတွေ အရက်တွေ မသောက်မိစေနဲ့တဲ့။ ဘီ ၆ တို့ဘာတို့က မူးမှာစိုးလို့တဲ့၊ တစ်ပတ်စာပေးလိုက်ပါတယ်။ တစ်ရက် သုံးကြိမ်ပေါ့။ အဲ့ဒီညမှာဘဲ အစားစားပြီးတော့ ညအိပ်ခါနီး သောက်တော့ ယူပြစ်သလို ပျောက်သွားပါတယ်။ နောက်မနက် ရောက်တော့။ ဆေးကို ကိုစ့် ကုန်အောင် စားပြီးတော့ ပြန်ပြီးတော့ သွားပြောပါတယ်။ ဆရာဝန်ကတော့ လမ်းဘေးစာတွေ မစားနဲ့တဲ့။ စသဖြင့်ပေါ့ မှာလိုက်ပါတယ်။ နောက် (၇) လ တစ်ခါ (၈) လ တစ်ခါ ပြန်ဖြစ်တာ ဒါနဲ့ဆို ၅ ခါ လောက် ရှိပါပြီ။ ငါးခါလုံးမှာ ခုနကပေးလိုက်တဲ့ ဆေးငါးမျိုးနဲ့ ပျောက်ပျောက်သွားပြီး ပြန်ပြန် ဖြစ်ပါတယ်။ အစားသောက်လဲ ဂရုစိုက်ပါတယ်။ ကျနော် နယ်ရောက်သွားပါတယ်။ နယ်မှာဖြစ်တော့ နယ်ကဆရာဝန်နဲ့ဘဲ ပြပါတယ်။ ဓါတ်သွားတာ သွေးပါ ပါနေတယ်လို့ ပြောလိုက်တာနဲ့ လိပ်ခေါင်းဆေး ပေးလာပါတယ်။ သောက်လိုက်ပါတယ်။ မပျောက်ပါဘူး။ ရန်ကုန်ပြန်ရောက်တော့ ကျနော်ပြနေကျ မိသားစုဆရာဝန်နဲ့ဘဲ ပြလိုက်တော့ ပြန်သက်သာသွားပါတယ်။ မင်းမှာတဲ့ Sensitive ဝမ်းကိုက်ပိုး ရှိနေမလား မသိဘူး၊ ဝမ်းစစ်ကြည့်ပါလားတဲ့။ ဆက်ပြီးတော့ ဝမ်းစစ်လဲ မထူးဘူးတဲ့။ ချက်ချင်း စစ်မှလဲ အဖြေက ပေါ်မှာတဲ့ စသဖြင့်ကျနော်လဲ မစစ်ဖြစ်ပါဘူး။ ခုနောက်ဆုံး ဒီတစ်ခါမှာ (့) က အထူးကု ဆရာဝန်နဲ့ ပြကြည့်ပါတယ်။ မိသားစုဆရာဝန်ဆီက ဆေးစာလေး ပြပြီးတော့ ဖြစ်ပုံအကျိုးကြောင်း ပြောပြပါတယ်။ များများစားစားလဲ မပြောဘူး ဟိုစမ်းဒီစမ်းနဲ့ ဆေးလေးတစ်မျိုး ပေးလာပါတယ်။ ကျနော်က အသက် (၃၂)ပါ။ ဆရာဝန်ကြီးက ကျနော့်ကို ငယ်လဲငယ်သေးတော့ ကန်တော့ပါဗျာ Anus ထဲကို မစမ်းချင်သေးဘူးတဲ့။ ဆေးပေါ်မှာက (ZNT) လို့ရေးထားပြီး ဆေးရဲ့  ကဒ်အနာက်မှာတော့ Zanocin 200 လို့ ရေးထားပါတယ်။ တစ်ပတ်စာပေါ့။ မသက်သာပါဘူး။ နောက်တစ်ခေါက် သွားပြတော့ အဲ့ဒီဆေးအပြင် Dalfon 500mg ဆေးပေးတယ်။ သောက်နေတာ ၃ ရက် ရှိနေပါပြီ။ လိပ်ခေါင်းလို့လဲ ထင်မိသလိုပါဘဲ။ ကျနော်က ရုံးမှာလုပ်ပါတယ်။ တစ်နေကုန် ထိုင်ရပါတယ်။ ဒါပေမယ့် တက်လိုက်ဆင်းလိုက်လှေကားကို အမြဲလုပ်ပါတယ်။ ရေလဲများများ သောက်ပါတယ်။ ဝမ်းလဲ ချုပ်လေ့မရှိပါဘူး။

Dalfon 500mg ဟာ ဗီတာမင်တွေဖြစ်တယ်။ Zanocin 200/400 Tablets ဆိုတာ Ofloxacin ဗက်တီးရီးယားတွေ အတွက်ဆေး ဖြစ်တယ်။ အသက်ရှူလမ်းအောက်ပိုင်း၊ ဆီးလမ်းကြောင်း၊ လိင်လမ်းကြောင်းရောဂါတွေအတွက် သုံးတာ များတယ်။ ဆရာဝန် (၃) ဦးကိုလဲ အသေအခြာပြပြီး ဆေးတွေလဲ သောက်နေတာမို့ အဝေးဆရာကနေ ထပ်တော့ ဆေးမညွှန်းသင့်ပါ။

ဝမ်းကိုက်ပိုတွေထဲက (အမီးဘား) ပိုးဖြစ်နေရင် ကြာတတ်တယ်။ ပြန်ဖြစ်တတ်တယ်။ ဆေးတွေကနိုင်ပါတယ်။ ဝမ်းစစ်တာတော့ မမှာဘူးထင်ပါတယ် သံသယထားစရာ မလိုတာပေါ့။ (အမီးဘား) ဆိုရင် တွေ့နိုင်တယ်။ လိပ်ခေါင်းဆိုရင် နာတာက နောက်မှသာဖြစ်မယ်။ ဝမ်းသွားတဲ့အခါ တခုခုထွက်လာတာနဲ့ သွေးထွက်တာ ဖြစ်မယ်။ စအိုလမ်းနေရာ ရောဂါတွေအကြောင်း အကျဉ်းရေးထားတာ ပို့ပါတယ်။ သိပ်လဲ အစိုးရိမ်မကြီးပါနဲ့။ ဆေးစာမှန်သမျှ ကောင်းတာကို မရှိဘူး။ စာထဲပါတိုင်း ကိုယ်ဖြစ်နေမယ် မထင်ပါနဲ့။

Mon, Aug 13, 2012 at 7:40 AM
I am travelling to Myanmar in October and may require an INR to be done- hopefully I will not need this but I need to make some enquires before leaving New Zealand. Would I be able to get the test done at your clinic and what would be the cost in American or New Zealand dollars?

Greetings! Thanks for asking me about INR. Unfortunately, I am residing in New Delhi as an exile Burmese doctor cum political activist. So I am not in a position for testing. Sorry!

Mon, Aug 13, 2012 at 12:11 PM
ကျွန်တော်ရဲ့ ပါးဘယ်ဘက်ခြမ်းမှာ အဖုထွက်နေပါတယ်။ ပါးရောင်တာကတော့ ကျသွားပြီး အဲ့ဒီ အဖုက သိပ်မကျ (သို့) မသေးပဲရှိပြီး ကိုင်လိုက်ရင် မာမာကြီးဖြစ်နေပါတယ်။ ဆရာဝန်က အပူဖုလို့ ပြောပါတယ်။ ဆေးသောက်တာလည်း တစ်ပတ်ကျော်ပါပြီ ပါးရောင်တာက ကျသွားပြီး ဘာဖြစ်လို့ အဲဒီ အဖု ကသိပ်မကျသွားတာလဲမသိဘူး။ အညော်လည်း ရှောင်ပါတယ်။ ဆေးလည်းပုံမှန်သောက်ပါတယ်။ ဝမ်းလည်း မှန်ပါတယ်။ အရင်တုန်းက အဲဒီလိုဖြစ်ရင် တစ်ပတ်လောက် ဆိုရင် ပျောက်ပါတယ်။ အမည် (့)၊ အသက် ၂ဝနှစ်၊ အလုပ်အကိုင်- ဝန်ထမ်း။

ဆရာဝန်ပြထားတယ်ဆိုတော့ စိုးရိမ်စရာ မဟုတ်လောက်ပါ။ အနာဖြစ်တာ၊ ရောင်ရမ်းတာ၊ ပိုးဝင်တာ တခုခုဖြစ်ပြီးရင် ဘယ်နေရာမှာဖြစ်ဖြစ် ပျောက်ဘို့ဆိုတာ အဆင့်ဆင့်သွားတယ်။ သက်သာတဲ့နောက်မျာ အမာရွတ်ဖြစ်စဉ်ဆက်တယ်။ အခုလိုနေရာမှာ အဖု-အကျိတ် ကျန်နေတာကလဲ ဒီသဘောဖြစ်မယ်။ အကျိတ်ထဲမှာ အသားနု (တစ်ရှူး) တွေရှိနေမယ်။

တကယ်လို့ ပြည်ဖြစ်နေရင် နာတာ၊ နီတာ၊ ရောင်တာတွေ ရှိလိမ့်မယ်။ ပြည်ထုတ်ပြစ်မှ ပျောက်မယ်။ ဖြစ်စေခဲ့တဲ့ပိုးကို ဆေးကနိုင်သွားရင် နောက်ဆက်တဲ့ ဖြစ်တာကို မစိုးရိမ်ရပါ။ အချိန်ယူနိုင်တယ်။ အနာ-အရောင်ကျဆေး ဥပမာ Paracetamol နဲ့ Ibuprofen တခုခု သောက်ပါ။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။ မနာပေမဲ့လဲသောက်သင့်တယ်။ ရောင်တာကျစေမယ်။ ဗီတာမင် (စီ) ကိုလဲသောက်သင့်တယ်။ ၅ဝဝ မီလီဂရမ်၊ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။ ပါးစပ်မှာ ဆားရည်ငုံတာလဲ လုပ်ပေးပါ။ မကိုက်မိပါစေနဲ့။ ခဏခဏလက်နဲ့ လျှာနဲ့ မစမ်းပါနဲ့။

Tue, Aug 14, 2012 at 12:31 PM
ကျွန်တော့် ဇနီးတစ်ယောက်သည် အသက်အားဖြင့် ၃၆ နှစ်ရှိပါပြီ သားသမီးကတော့ နှစ်ယောက်ပါ။ ကျွန်တော်ဇနီးသည်မှာ မျက်စီမှာ သွေးကျောတွေနီလာပြီဆိုရင် မျက်စိ မှုံလာပါတယ်။ မြန်မာပြည်တွင်နေစဉ်တုန်း အင်္ကျီချုပ်ပါတယ်။ အာရုံတခုကို စူးစိုက်ကြည်ပြီဆိုရင် မျက်လုံးဝါးလာတယ်လို့ သူများတွေ ညွှန်းတော့ မျက်စိထဲကို သံပရာရည်ခပ်ပါတယ်။ ဇနီးသည် လုပ်နေတာ နှစ်နဲ့ကြာနေပါပြီ သံပုရာရည်ခပ်ရင် မျက်စိ ပြန်ကြည်လာတယ်လို့ ဆိုပါတယ်။ နှစ်ရက်တခါလောက် ခပ်ပါတယ်။ မျက်စိထဲကို သံပုရာ ရည်ခပ်တာ မည်သို့သော ဆိုးကျိုးများ သက်ရာက်နိုင်ပါမည်နည်း။ (့) နိုင်ငံတွင်လည်း ဆေးရုံကိုပြဆိုရင် ဘာသာစကားက ခရေစေ့တွင်းကျ မပြောတက်ဘူးဆိုရင် ဆေးဘက်ဆိုင်ရာတွင် အဓိပ္ပါယ်တမျိုး ဖြစ်သွားနိုင်ပါတယ်။ မလွန်ခင်ကတားနိုင်ရန်အတွက် ဖြေကြားပေးပါခင်ဗျား။

မဖြေခင် ရေးပါရစေ။ စာရိုက်တာနဲ့ သတ်ပုံတော့ ထားပါတော့ “ဇနီးတစ်ယောက်သည်” ဆိုတော့ တယောက်မကဘူး ထင်တယ်။
• မျက်စိထဲကို သံပရာရည်ခပ်တာ မြန်မာပြည်ကလူတွေသာ လုပ်ကြသလားမသိပါ။ အနောက်နိုင်ငံတွေမှာ မလုပ်ပါ။ ဆေးပညာစာတွေမှာလဲ မပါပါ။ ဒါကြောင့် သုတေသနလဲ မရှိသေးပါ။ ဒီတော့ ဆရာဝန် တယောက်အနေနဲ့ ကောင်းတာရော၊ ဆိုးတာပါ ပြောမဖြစ်ပါ။
• မေးတဲ့သူရဲ့ဇနီးဟာ သုတေသနတခုထဲက တဦးတော့ဖြစ်လာပြီ။ သူကိုယ်တိုင် “မျက်စိထဲကို သံပုရာရည် ခပ်တယ်၊ လုပ်နေတာ နှစ်နဲ့ကြာနေပါပြီ၊ မျက်စိပြန်ကြည်လာတယ်၊ နှစ်ရက်တခါလောက်ခမ်တယ်” အသက် ၃၆ နှစ်ရှိ အမျိုးသမီး တယောက်၊ အဲဒီဆေးနည်းသုံးလို့ ကောင်းကျိုးသိရတယ်။ ဆိုးကျိုးကိုတော့ သူကိုယ်တိုင် ပြောတာ မသိရပါ။ မသိတာလဲ ဖြစ်နိုင်တယ်။ မသိနိုင်တာလဲ ဖြစ်နိုင်ပါတယ်။
• Lime juice သံပရာသီးအရည်မှာ Vitamin C ဗီတာမင် (စီ) ပါတာလူတိုင်းလိုလို သိပြီးသားပါ။ ကမ္ဗလာသီးနဲ့ စာရင်တော့ နဲနဲနည်းတယ်။ သံပရာရည်ကို အရေပြားမှာတင်ပြီးနေရောင်နဲ့ထိတွေ့တဲ့အခါ နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်ကြောင့် အရောင်ပိုရင့်လာမယ်။ ရောင်လာမယ်။ အဖုပေါက်နိုင်တယ်။ ဒါကြောင့် မျက်စိထဲ ခပ်ပြီး နေရောင်နဲ့ တွေ့မိရင် အဲဒီနေရာမှာ အဲဒီအတိုင်းဖြစ်လာစေနိုင်တယ်။
• Lemon oil ကမ္ဗလာသီးအဆီကိုတော့ Aromatherapy အငွေ့ပြန်အဆီသုံး ဆေးကုသနည်းမှာ သုံးတယ်။ Ohio State University က လုပ်တဲ့သုတေသနတခုမှာ Lemon oil aroma ကမ္ဗလာသီးအဆီအနံ့ကနေ လူရဲ့ Immune system ခုခံစနစ်ကို သက်ရောက်မှု မရှိဘူး။ Mood စိတ်အခြေအနေကိုတော့ ပြောင်းလဲစေနိုင်တယ်။ Low pH အက်စစ်ဓါတ်ကဲရင် Antibacterial (ဗက်တီးရီးယား) တွေကို နိုင်တယ်။ အိန္ဒိယမှာ Siddha Medicine (ဆစ်ဒူး) နဲ့ Ayurveda (အာယုဗေဒ) ဆေးပညာမှာ သုံးကြတယ်။
• Lime သံပရာဟာ Citrus fruit အမျိုးအစားထဲကအသီးဖြစ်တယ်။ တိုင်းရင်းဆေးတွေမှာ အရည်၊ အခွံ၊ အဆီ၊ အစေ့ အားလုံး သုံးတယ်။ အသီးတခုလုံကိုကြိတ်ပြီးလုပ်တာကို Distilled lime oil ခေါ်ပြီး၊ အခွံစိမ်းကနေ ထုတ်တာကို Expressed lime oil လို့ခေါ်တယ်။
• သံပရာရည်ကို Diarrhea ဝမ်းပျက်တာ၊ Dysentery ဝမ်းကိုက်တာတွေအတွက် သုံးကြတယ်။ တချို့က ပျို့ချင်၊ အန်ချင်တာအတွက်လဲ သုံးတယ်။ စိတ်ရွှင်လမ်းအောင်လဲသုံးတယ်။ အဆီကို ဝမ်းနုတ်ဆေးအနေနဲ့လဲ သုံးတယ်။
• ဒါတွေအားလုံးကို ကျွန်တော်တို့ ဆေးပညာနယ်က မဟုတ်တဲ့နည်းနာတွေသာ ဖြစ်ပါတယ်။