ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, August 21, 2012

Q and A August 2012 (3)

1. အသည်းအဆီဖုံးရောဂါကို ဘယ်လိုပျောက်ကင်းအောင်
2. သွားထဲကနေ သွေးခဏခဏထွက်ပါတယ်။
3. Ankylosing Spondylitis အကြောင်းသိချင်လို့ပါ
4. ကျောက်ကပ်မှာ ကျောက်တွေ မကုန်သေးလို့လား
5. လိပ်ခေါင်းရောဂါဖြစ်နေပြီလား။
6. Salbutamol ဆေး ပေးလို့ရသလား။
7. ဒါပေမယ့် ဝမ်းချုပ်ချုပ်နေလို့
8. ကြွက်နိ့ပေါက်နေတာ ၂ နှစ်လာက်ရှိပါပြီ။
9. သံသယငှက်ဖျားဆိုတာ တကယ့်တောမှာဆို ဘယ်လိုကုသမှုပေးမှာလဲ။
10. အသက် ၆ဝ ကျော်မှစပြီး ဆီးမထိန်းနိုင်တဲ့ ရောဂါ

Tue, Aug 21, 2012 at 10:40 AM
ကျမအမေက အသက် ၅၇ နှစ်ရှိပါပြီရှင့်။ မြန်မာပြည်မှာပဲ နေထိုင်ပါတယ်။ မျက်စိကလဲ မကြာမကြာသွားပြရပါတယ်။ မှုံမှုံသွားလို့ပါ။ အသည်းအဆီဖုံးနေတာတော့ ကြာပါပြီ။ တိုင်းရင်းဆေး မသောက်ဖိုတော့ လှမ်းပြီး မှာထားပါတယ်။ ဆေးရောမှာစိုးလိုပါ။ ဒါပေမယ့် ပြီးခဲတဲ ၆ လလောက်က ရင်ဘတ် အရမ်းအောင်ပြီး မေ့သွားလို့ ဆေးရုံတက်ရတယ် ပြောပါတယ်။ ပြီးတော့ သွေချိုဆီးချိုလဲဖြစ်နေပါတယ်။ သမီးမေမေအတွက် သင့်တော်တဲ့ အားဆေးလေး လိုချင်ပါတယ်ဆရာ။ အသည်းအဆီဖုံးရောဂါကို ဘယ်လိုပျောက်ကင်းအောင် ကုသရမလဲ နည်းလမ်းလေးများ ရှိမလားဆရာရှင့်။

ဆီးချိုအကြောင်းစာ ၂ ပုဒ် နဲ့ အသဲအဆီဖုံးခြင်းစာ ၁ ပုဒ်ပို့လိုက်ပါတယ်။ တိုင်းရင်းဆေးတွေကို ဆရာဝန်တွေက နားမလည်ပါ။ ကောင်းတာရော၊ မကောင်းတာပါ မပြောနိုင်ပါ။
• Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း http://dts-medicaleducation.blogspot.com/2011/11/fatty-liver-disease-fld.html
• Diabetes ဆီးချို http://dts-medicaleducation.blogspot.com/2010/09/diabetes.html
• Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducation.blogspot.in/2012/06/diabetic-neuropathy.html

Tue, Aug 21, 2012 at 1:42 PM
သမီးလေ သွားထဲကနေ သွေးခဏခဏထွက်ပါတယ်။ အဒါဘာလို့ပါလဲ။ ပြီးတော့ သမီးမှာ သွေးအားနည်းတဲ့ရောဂါလည်း ရှိပါတယ်။ သွေးသွင်းတာမျိုးတော့ မရှိပါဘူး။ အခုသမီးက ၁၉ နှစ်ပါ။ ဆယ်တန်းတုန်းက ခြေထောက်တွေရောင်လာလို့ သွားပြတော့ ကျောက်ကပ်ရောင်တယ်ပြောလို့ ကုရပါသေးတယ်။ အခုတော့ ပျောက်သွားပြီလို့ ပြောပါတယ်။ အဲဒီတုန်းက သွေးပေါင်ချိန်က ၁၅ဝ ကျော်ပါတယ်။ ဒါပေမယ့် ခေါင်းမူးတာတော့မရှိပါဘူး။ အခု (့) ကို ကျောင်းလာတက်တော့ ဆေးစစ်ရပါတယ်။ သွေးပေါင်ချိန်က အခုထက်ထိ များနေတုန်းပါပဲ။ ၃ ခါတောင် တိုင်းပါတယ်။ များနေပေမယ့် သမီးက ဘယ်လိုမှ မခံစားရပါဘူး။ ပြီးတော့ ဆေးစစ်ချက်အဖြေက Inflammation လို့ ပြောပါတယ်။ နောက်တစ်ခါ ထပ်စစ်တော့လည်း သွေးပေါင်ချိန်က တိုးနေပါတယ်။ ပြီးတော့ သမီးကိုသူတို့က ဒီအတောအတွင်း နေမကောင်းတာတွေ ရှိလားလို့ မေးပါတယ်။ သမီးက အကုန်လုံးကောင်းပါတယ်လို့ ပြောတော့ သူတို့က နောက် ၂ လ နေရင် ထပ်လာစစ်ပါလို့ ပြောပါတယ်။ အဲဒါ သမီးကဘာဖြစ်နေတာလဲဆရာ။ ပြီးတော့ ရန်ကုန်ကနေ သွေးအားကောင်းဖို့အတွက် ဆရာဝန် ပြောလိုက်တဲ့ ဆေးတွေကိုလည်း သမီးသောက်နေပါတယ် ရန်ကုန်မှာသမီးပြခဲ့တဲ့ဆရာဝန်က ဒေါ် (့) ပါ။ သွေးရောဂါအထူးကုလို့တော့ ပြောပါတယ်။ အခုသောက်နေတဲ့ဆေးတွေက မနက်နဲ့ညမှာ Happi (20 mg) tablet ပါ။ နေ့လည်ကျတော့ Fegem-100 ပါ။ သမီးက ကျောင်းတက်နေတာ့ မနက်စာမစားတာကလည်း များပါတယ် အဒီတော့ မနက်ဆေးဆို မသောက်တာလည်း များပါတယ်။

သွားဖုံးသွေးယိုတဲ့အကြောင်း စာတပုဒ်ပို့လိုက်ပါတယ်။ သွေးအားနည်းတာအတွက်လဲ ပို့လိုက်ပါတယ်။ ငယ်ငယ်တုံးက ကျောက်ကပ်ရောင်တာဟာ ကြီးအထိမဖြစ်တာကတမျိုး တသက်လုံးဖြစ်တာက တမျိုး ရှိတယ်။ ရောဂါနာမည်သိမှ ပြောနိုင်တယ်။ သွေးဖိအားတိုင်းတာမှာ အထက်သွေးချိန် နဲ့ အောက်သွေးချိန် ၂ မျိုး သိဘို့လိုတယ်။ Inflammation ဆိုတာ ရောင်တာကိုပြေတာ။ ဘယ်ဟာကရောင်တာလဲ။ သွေးရောဂါအတွက် ဆရာဝန်လဲပြထားပြီး ခိုင်းတာတွေသောက်နေရင် ပြီးတာပါဘဲ။ ဆရာသိချင်တာနဲ့ ထပ်ပြောနိုင်တာတွေရှိရင် ပြန်မေးပါ။ ဆီးစစ်ဘူးသလား။ အနည်ပါသလား။ ရာသီ မှန်သလား။

Tue, Aug 21, 2012 at 8:25 PM
Ankylosing Spondylitis အကြောင်းသိချင်လို့ပါ ဆရာ။ ကျွန်မ အမျိုးသား ခါးနာတာ ၃ နှစ်လောက်ရှိပါပြီ။ မြန်မာနိုင်ငံမှာပဲ ပါရဂူနဲ့ပြပါတယ်။ ဆရာဝန်က Ankylosing Spondylitis ရောဂါလို့ပြောပါတယ်။ လေ့ကျင့်ခန်းပဲလုပ်ခိုင်းပါတယ်။ ကြာရင် အရိုးတွေ ပိုခိုင်လာပြီး အသက်ရှူမဝ ဖြစ်လာမယ်လို့ ပြောပါတယ်။ ကုလို့ ရနိုင်-မရနိုင် သိချင်ပါတယ်ဆရာ။

Lumbar spondylosis ခါးရိုး ကျီးပေါင်းတက်ခြင်း

Wed, Aug 22, 2012 at 11:27 AM
သမီး အန်တီတစ်ယောက်က ကျောက်ကပ်မှာကျောက်တည်လို့ဆိုပြီးခွဲထားတာ အဲဒါ ခု ၂ လလောက်ရှိနေပြီ ဆေးရုံကနေလဲ မဆင်းရသေးဘူး အစားလဲမ၀င်လို့ တချိန်လုံးအန်နေတယ်။ အဲဒါ ဘာကြောင့်လဲဆိုတာ ဖြေပေးပါအုံး။ ကျောက်ကပ်မှာ ကျောက်တွေ မကုန်သေးလို့လား ဆိုတာပါ သိချင်ပါတယ်ဆရာ။

လူနာ အသက်၊ ခွဲနည်း၊ ဆေးရုံ အဆတင့်အတန်းတွေ မသိပါ။ မှန်းပြောဘို့ ပြောဘို့ခက်တယ်။ ကျောက်ကပ်ကျောက်ကြောင့် အန်တာတော့ မဟုတ်လောက်ပါ။ ၂ လကြာနေရတာ ဘာလို့လဲ မသိဘူး။ အန်တာသက်သာဆေး ပေးမှာပါ။ လိုအပ်ရင် အကြောထဲဆေးသွင်းပေးမယ်။ ပိုသိလာတာရှိရင် ပြန်မေးနိုင်ပါတယ်။

အသက် ၄၉ နှစ်ပါ။ ဆေးရုံက (့) မှာလုပ်တာပါ။ ဆေးရုံက သက်သာလို့ဆိုပြီးခွဲပြီး ၃ ရက်အကြာမှာ ဆင်းခိုင်းတယ်။ ၅ ရက်ကြာတော့ ပြန်ဖြစ်လို့ နီးစပ်ရာ ဆေးရုံဖြစ်တဲ့ (့) မှာ တင်ထားရပါတယ်။ လူနာက လှုပ်တောင် မလှုပ်နိုင်ဖြစ်နေတယ်။ ဆေးတောင်မ၀င်လို့ ပိုက်တတ်ထားရပါတယ်။ အန်တာပျောက်တဲ့ဆေးတွေလဲ ပေးပါတယ်။ အဲဒီက ဆရာဝန်တွေ ပြောတာတော့ ချေထားတဲ့ ကျောက်တွေ မကုန်သေးလို့ဆိုပြီး ပြောပါတယ်။ သူ့မိသားစုကလဲ ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေလို့ပါ။ လူနာလဲ တော်တော်ခံနေရတော့လေ။

ဆရာက ဆီးလမ်းအထူးကုဆရာဝန် မဟုတ်ပါ။ အန်တဲ့သူ အလွန်အားယုတ်တယ်။ ORS ဓါတ်ဆားရည် သောက်နိုင်သလောက်လေး နည်းနည်းချင်း ဝင်ရင် သက်သာမယ်။

၁။ Lithotripsy For Kidney Stones Risk Factors ကျောက်ကပ်ကျောက်ခွဲစိတ်ခြင်း သတိထားစရာများ
- Postoperative Care ခွဲစိတ်ပြီးနောက် ဖြစ်လာနိုင်တာတွေ
- ခွဲပြီးမကြာခင် လှုတ်ရှားနိုင်မယ်။
- ဆရာဝန်ညွှန်ကြးချက်တွေလိုက်နာရမယ်။ အဲဒါတွေကတော့ -
- ရေ၊ အရည် များများသောက်ပါ။ ဒါမှ ချေထားတဲ့ကျောက်အစအနတွေ ဆီးလမ်းကနေကောင်းကောင်းထွက်လာစေမယ်။
- ၁-၂ ရက်နေရင် လူကောင်းလို့ လှုတ်ရှား၊ သွားလာနိုင်မယ်။
- အနာသက်သာ သောက်ဆေးပေးမယ်။

၂။ Possible Complications နောက်ဆက်တွဲဖြစ်တတ်တာတွေကတော့ -
- ဖြစ်တာရှားတယ်။ လိုအပ်ရင် ဆရာဝန်ကတွေ ဒါတွေစစ်မယ်။
- ဆီးထဲသွေးပါတာ၊
- ဗိုက်နဲ့ ကျောမှာ သွေးခြည်ဥဖြစ်နေ-မနေ၊
- ပိုးဝင်တာ၊
- ကျောက်အစအနထွက်ချိန်မှာ နာတာ၊
- ကျောက်အစအန ထွက်မလာနိုင်တာ၊ လိုအပ်ရင် ထပ်ခွဲရတာ၊
- ဆေးကုသမှု ထပ်လိုတာ၊
- မေ့ဆေးရဲ့ သက်ရောက်မှုတွေ။

Wed, Aug 22, 2012 at 7:44 PM
ကျမ အသက် ၃၇ ထဲမှာပါ။ ၂ နှစ်အရွယ် သားတယောက်ရှိပါတယ်။ အိမ်ထောင်လဲရှိပါတယ်။ နေတာက (့) မှာပါ။ ဝမ်းချုပ်တတ်ပါတယ်။ စအိုထဲက ကြွက်သားတစ်ကလေး ထွက်ထွက်လာတတ်ပါတယ်။ လက်နဲ့ ပြန်ထဲ့သွင်းလဲ မကြာခင်ပြန်ထွက်လာပါတယ်။ ၂ ရက် ရှိပါပီ။ ဘယ်လိုလုပ်ရပါ့မလဲ။ အဲဒါတကယ်ပဲ လိပ်ခေါင်းရောဂါဖြစ်နေပြီလား။

Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Fri, Aug 24, 2012 at 10:16 PM
ဆရာညွှန်တဲ့ Hydrocortisone လိမ်းဆေးလိမ်းပါတယ်။ ဆရာပြောသလို ရောင်တာပဲ သက်သာတာလား။ လုံးဝ ပျောက်မသွားဘူးလား။ စဖြစ်တဲ့နေ့ကထက်တော့ ဒီနေ့ပို သက်သာလာပါတယ်။ Magnesia လဲ သောက်ပါတယ်။ Psyllium လဲ သောက်တယ်။ ရေနွေးလဲ စိမ်ပါတယ်။ ထိုင်လိုက်တာနဲ့ ပြန်ထွက်လာတယ်။ နာတော့ မနာပါဘူး။ သွေးလဲ မထွက်ပါဘူး။ ဝမ်းသွားရင်တော့ ရုံးမှာ ရေသုံးလို့မရဘူး။ Baby wipe ပဲ သုံးမှရမယ်။ အဲဒါကြီးကို စိတ်ရှုပ်နေရတာနဲ့ အလုပ်လဲ ထင်သလောက် မလုပ်နိုင်ဘူး။ လုံးဝပျောက်သွားအောင် ဆေးသောက်လို့ မရဘူးလား။ အတွင်းလိပ်ဆိုတာကရော ဘာကိုခေါ်တာပါလဲ။ ကျမဖြစ်နေတာ အတွင်းလိပ်လား။ အပြင်လိပ်လား။ လေလည်ရမှာတောင် တွန့်နေတယ်။ ပြန်ထွက်လာမှာစိုးလို့။ ဝမ်းသွားချင်ပေမယ့် မညှစ်ရဲတော့ ဝမ်းကလဲ သိပ်မသွားဘူး။ ဝမ်းပျော့အောင်တော့ အစားကို ဂရုစိုက်စားပါတယ်။ ရေလဲ များများသောက်ပါတယ်။ ကျမ မဝပါဘူး။

Hydrocortisone (ကော်တီဇုန်း) လို ဆေးမျိုးက ခံစားနေရတာတွေကို သက်သာလာစေတယ်။ ရောဂါဖြစ်စေတဲ့ ပင်မအကြောင်းကို ပျောက်စေတာ မဟုတ်ပါ။ Psyllium ဆေးဟာ အပင်ကနေထုတ်တဲ့ ဝမ်းပျော့စေတဲ့ဆေးမျိုးဖြစ်တယ်။ ရေသုံးမရတဲ့ သန့်စဉ်ခန်းက မကောင်းပါ။ ထိုင်တာလဲ ဒူးကို ၉ဝ ဒီဂရီကွေးမနေရတာမျိုးက မကောင်းပါ။ (ပေပါ) သုံးတာထက် ရေနဲ့ ဖြစ်သလိုဖြစ်ဖြစ် သုံးသင့်ပါတယ်။ အတွင်း-အပြင် လိပ်ခေါင်းဆိုတာ အခေါ်သာကွာတယ်။ အမှန်က ရောဂါ အဆင့်သာဖြစ်တယ်။ တယောက်ထဲမှာလဲ အဆင့်က ပြောင်းနေတတ်တယ်။ တိုးတိုးလာတာချည်းမဟုတ်ဘဲ သက်သာလာတာလဲ ဖြစ်နိုင်ပါတယ်။

Thu, Aug 23, 2012 at 1:32 PM
Lower Respiratory Tract Infection (LRTI) ရောဂါနဲ့ ပတ်သက်ရင် လိုအပ်ရင် ဆာဗျူတမော (Salbutamol) ဆေး ပေးလို့ရသလား။ အချို့ဆရာတွေကုသနေလို့ ရမရ သိချင်ပါတယ်။

Salbutamol ဆေးဟာ ပန်းနာအတွက်သာဖြစ်တယ်။ ပန်းနာလို လေပြွန်လေးတွေကျဉ်းတာအတွက်လဲ ပေးနိုင်တယ်။ နားကြပ်နဲ့နားထောင်ရင် စီစီ၊ ရွှီရွှီ ကြားရတာမျိုးဖြစ်တယ်။

Fri, Aug 24, 2012 at 6:48 AM
ကျနော်သားက အခုမှ ရက်(၁၆)ရက်သားလေးပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဝမ်းချုပ်ချုပ်နေလို့ သူခဗျာ တော်တော်ခံရခက်နေတယ်။ သူများတွေက ကွမ်းရိုးနဲ့ လုပ်ဆိုလို့ လုပ်တာလဲ လုပ်တုန်းပဲ သွားတယ်။ နောက်ရက်တွေ မသွားဘူး။ မိခင်နို့ကလဲ တိုက်မရလို့ နို့ဘူးတိုက်နေရပါတယ်။ ကလေး ဝမ်းမချုပ်အောင် ဘာလုပ်သင့်လဲ ကူညီပါအုံး။

ကလေးငယ်ငယ်လေးကို ဝမ်းနုပ်ဆေး မတိုက်သင့်ပါ။ ဝမ်းခြူပေးနိုင်တယ်။ ကိုယ်တိုင်အိမ်မှာတင် ဆပ်ပြာခဲကို လက်ချောင်းလို အနေတော်လုပ်ပြီး ရေနဲ့ စိုပါစေ။ ကလေးငယ်ရဲ့ စအိုထဲကို လက်တဆစ်ကျော်ကျော်ထည့်သွင်းပေးပါ။ ဆေးဆိုင်ကနေ အလွယ်ဝယ်လို့ရတာလဲ ရှိတယ်။ Suppository ဝမ်းခြူတောင့် ကလေး-လူကြီး ၂ မျိုးလာတယ်။ ကလေးဆိုပေမဲ့ သိပ်ငယ်ရင် အရွယ် နဲနဲသေးပေးသင့်တယ်။ နောက်တနည်းက သားဖွါးဆရာမ၊ သူနာပြုဆရာမ အသိရှိရင် ဆီးခြူပိုက်လေး အနေတော်ကို ကလေး စအိုထဲထည့်ပြီး Liquid paraffin အဆီကို ကလေးအသက်အလိုက် ဆေးထိုးပိုက်တခုနဲ့ သွင်းပေးနိုင်တယ်။ ကလေးကို ရေများများတိုက်ပါ။ မအေတခါသောက်ရင် ကလေးကိုတခါတိုက်ပါ။

Thu, Aug 23, 2012 at 1:54 PM
ကျွန်မနာမည် (့) ပါ။ ရန်ကုန်မှာနေပါတယ်။ ကျွန်မမှာ ၁ဝ လအရွယ် သမီးလေးရှိပါတယ်။ ကျွန်မရဲ့ ခြေမမှာ ကြွက်နိ့ပေါက်နေတာ ၂ နှစ်လာက်ရှိပါပြီ။ ဘယ်လိုဆေးမျိုးလိမ်းပြီး ပျောက်သွားအောင် ကုရမလဲသိချင်ပါတယ်ရှင့်။ နောက်ထပ်ကြွက်နိ့ ထပ်မပွားအောင်ဘယ်လိုကာကွယ်ရမလဲ။

Warts ကြွက်နို့

Thu, Aug 23, 2012 at 1:41 PM
Presumptive Malaria သံသယငှက်ဖျားဆိုတာ တကယ့်တောမှာဆို ဘယ်လိုကုသမှုပေးမှာလဲ။ ငှက်ဖျားလမ်းညွန်စာ ရှိရင် ပို့လာပေးပါဆရာ။

Malaria ငှက်ဖျားရောဂါ

Thu, Aug 30, 2012 at 7:26 PM
ကျွန်တော့ အမေဟာ သားသမီး ကိုးယောက်မွေး ဖွားခဲ့ပါတယ်၊၊ အသက် ၆ဝ ကျော်မှစပြီး ဆီးမထိန်းနိုင်တဲ့ ရောဂါ ခံစားနေရပါတယ်။ ဘယ်လို ဆေးဝါးမျိုးကို ရေရှည် သောက်သုံးလျှင် သက်သာ ပျောက်ကင်းနိုင်မလဲ။

လိုသေးရင် မေးပါ။
Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း