ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, August 26, 2012

Q and A August 2012 (4)

1. Glyen tablet and glipizide 5g ဆေးက သုံးဖို့သင့် မသင့်
2. အူမကြီး ကင်ဆာ ဖြစ်နေတယ်လို့ ပြောပါတယ်။
3. အနီးကပ် မပြုစုပေးနိုင်ဘူး ဖြစ်နေပါတယ်။
4. ကင်းမွန် စားပြီး တကိုယ်လုံး ယားလာတယ်လို့ ဆိုပါတယ်။
5. မနက်တိုင်း ပါးစပ်ထဲမှာ ချဉ်နေတတ်ပါတယ်။
6. ဆရာဝန်က TB ဆေးတိုက်လိုက်ဖို့ ပြောလာပါတယ်။
7. လျှာကိုကြည့်ပြီး ဘယ်လိုအနေအထားက ကိုယ့်မှာ ဘယ်လိုကျန်းမာရေးညံ့နေသလဲဆိုတာ
8. ဆရာ၊ ဆရာမများခင်များ
9. လိပ်ခေါင်းဖြစ်နေမလားလို့ပါ။

Sat, Aug 25, 2012 at 6:19 PM
ကျနော့် အစာအိမ်ရောဂါနဲ့ ပတ်သက်ပြီး မေးခွန်းမေးခဲ့ဖူးပါတယ်။ မြန်မာပြည်ပြန်ကုပြီး ၅ လလောက် ကောင်းကောင်း အနားယူလိုက်တော့ တော်တော်လေး သက်သာသွားပါတယ်။ အခု (့) ကိုပြန်လာတာ ၄ လလောက်ပဲ ရှိသေးတယ်။ အလုပ်စလုပ်တာတော့ ၂ လလောက်ပဲရှိပါသေးတယ်။ အခုဗိုက်ထဲက ထမင်းစားပြီးရင် တင်းပြီးအောင့် အောင့်လာတယ်။ အမြဲတမ်းလိုလိုဖြစ်နေတယ်။ နောက်ပြီးတခါတလေ လေထိုးပြီးတော့အောင့်ပါတယ်။ ဘာဆေးသုံးသင့်ပါသလဲခင်ဗျာ။ Glyen tablet and glipizide 5g ဆေးက သုံးဖို့သင့် မသင့် ဖြေကြားပေးစေလိုပါတယ်။

Glyen tablet ဆိုတာ မသိပါ။ အထဲမျာပါတဲ့ဆေးကို ရေးပြမှ သိမယ်။
Glipizide ဆေးက သိသလောက်တော့ ဆီးချိုဆေးဖြစ်တယ်။

Sat, Aug 25, 2012 at 6:47 PM
ကျွန်တော့် သူဌေးမရဲ့အစ်ကိုက အူမကြီး ကင်ဆာ ဖြစ်နေတယ်လို့ ပြောပါတယ်။ (့) ဆေးရုံမှာလဲ ပြပါတယ်။ ငွေကြေးကုန်ကျမှု အရမ်းများနေလို့ ငွေကုန်စိတ်ပန်း ဖြစ်နေပါတယ်။ ဆောင်ရန်/ရှောင်ရန်နှင့် ဗဟုသုတများ လိုချင်ပါတယ်။

• Colorectal cancer အူမကြီး ကင်ဆာ http://dts-medicaleducation.blogspot.in/2012/06/colorectal-cancer.html

၂၅-၈-၂ဝ၁၂
ညက ဖေဖေ ဝမ်းပျက်ပြီး ဆေးသွင်းနေရင်းနဲ့ ကြွက်တက်သလို ခဏခဏ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးအေးစက်လာပြီး အသားတွေ ပြာနှမ်းသလိုဖြစ်ကာ သတိလစ်တဲ့အထိဖြစ်သွာတယ်လို့ မေမေက ပြောပါတယ်။ မနက် ၅ နာရီ ဝန်းကျင်လောက်မှာ မန္တလေး သစ္စာဆေးရုံကို သွားရောက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။ အခုတော့ အခြေအနေ ပြန်လည်ကောင်းမွန်လာပြီလို့ ညီမလေးကပြောပါတယ်။ ကျွန်တော်က အဝေးမှာရာက်နေတဲ့အတွက် ဖေ့ဖေ့ ကျန်းမာရေး အခြေအနေကို အနီးကပ် မပြုစုပေးနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် အခုဖေဖေ အမြန် ကျန်းမာလာဖို့ ဆုတောင်းပေရင်းနဲ့ ဖေဖေ့ FB မိတ်ဆွေများကို အသိပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။

(ဆောရီး)။ သိပ်မပူပါနဲ့။ ဆေးရုံရောက်ပြီး သွေးပြန်ကြောထဲ ဆေးသွင်းရင် ကောင်းပါမယ်။ ပါးစပ်ကလဲ မအန်ရင် ဓါတ်ဆားရည် သောက်နိုင်သလောက် သောက်ရတယ်။ ကြွက်တက်တာက ဝမ်းသွားလို့၊ အန်လို့ ဓါတ်ဆားတွေ နည်းရာက ဖြစ်တယ်။ အဝေးကနေလဲ စိတ်ထက်ထက်သန်သန်နဲ့ ဆုတောင်းမေတ္တာပို့တာဟာ ထိရောက်ပါတယ်။ သစ္စာစကားခေါ်တဲ့ အမှန်ဖေါ်ပြချက်တခုကို ရွတ်ဆိုရင်း ဆုတောင်းကြလေ့ရှိတယ်။ သေမလိုဖြစ်တဲ့ မိဘတွေတောင်မှ သားရွှေအိုးထမ်းလာတာကို မြင်နိုင်တယ်မဟုတ်လား။

Sun, Aug 26, 2012 at 9:38 PM
ကျွန်တော့် သူငယ်ချင်းတစ်ယောက် မနှစ်တုန်းက နှစ်သစ်ကူးကာလမှာ ပျော်ပွဲရွှင်ပွဲမှာ ကင်းမွန် စားပြီး တကိုယ်လုံး ယားလာတယ်လို့ ဆိုပါတယ်။ အရက် ဘီယာ သောက်ရင်ဘာမှတော့ မဖြစ်ဘူးတဲ့။ ကင်းမွန် စားပြီဆိုရင် တကိုယ်လုံး အနီကွက်တွေထွက်ပြီး ယားတယ်လို့ ဆိုပါတယ်။ အနီကွက်တွေက သိပ်ပြီးမကြီးပါဘူး။ မည်သည့် ဆေးစားသင့်သည်ကို စာပြန်ပို့စေချင်ပါသည်။

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း

Mon, Aug 27, 2012 at 1:36 PM
ကျွန်တော် မနက်တိုင်း ပါးစပ်ထဲမှာ ချဉ်နေတတ်ပါတယ်။ ညတရေးနိုးတဲ့အချိန်မှာလည်း ချဉ်နေတတ်လို့ ရေသောက်ပေးပါတယ်။ သွားတွေပျက်စီးတာ အက်ဆစ်ကြောင့်လို့သိထားတော့ အက်ဆစ်ပျော့သွားအောင် ပါးလုပ်ကျင်းပြီးမှ ပြန်အိပ်ပါတယ်။ မနက်ကျလို့ သွားတိုက်တော့ လျှာပေါ် အာခေါင်ရင်းမှာ အဝါရောင် Cream လိုမျိုးဖုံးနေတတ်ပါတယ်။ အဲဒါကိုလည်း လက်သည်းနဲ့ပဲ ဖယ်ပစ်ပါတယ်။ အဲဒီလိုဖြစ်နေတာ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းကပါ။ အလုပ်ကိစ္စနဲ့ နယ်ကိုသွားရတော့ ခေါင်းအုံးပါမသွားလို့ ပါလာတဲ့ အဝတ်အစားတွေကိုပဲ ခုအိပ်မိတဲ့ အချိန်ကစပါတယ်။ ဆေးတော့ သိပ်မသောက်ဖြစ်ပါဘူး။ အစာအိမ်ထင်လို့ ဒိုင်ဂျင်း သောက်ပါသေးတယ် သိပ်မထူးပါဘူးဆရာ။ ညတစ်ရေးနိုးတိုင်း၊ မနက်အိပ်ယာထတိုင်း အဲဒီလိုဖြစ်နေတော့ စိတ်ညစ်မိပါတယ်။ ဘယ်လိုလုပ်ရမလဲ လမ်းညွှန်ပေးပါဦး။

- Gastroesophageal reflux disease (GERD) အချဉ်ရည် အထက်ဆန်ခြင်း
- Gastric Juice အစာခြေအရည်

Mon, Aug 27, 2012 at 3:18 PM
ကျွန်မ သမီးလေး အသက် (၃) နှစ်ရှိပါပြီ။ ကာကွယ်ဆေး အပြည့်အစုံ ထိုးခဲ့ပါတယ်။ ငယ်ငယ်ကတည်း ကျန်းမာ ထွားကျိုင်းတဲ့ကလေးပါ။ မူကြိုစတက်ကတည်းက နေမကောင်းတာ ခဏခဏပါပဲ။ စဖြစ်တာက ဝမ်းကိုက်ပြီး ဖျားတာပါ။ ဝမ်းစစ်ခိုင်းတော့ ဝမ်းထဲမှာပိုးရှိလို့ ပိုးသတ်ဆေးတွေနဲ့ကုပြီး ပြန်ကောင်းသွားပါတယ်။ တစ်ပါတ်ကျော်ကျော်လောက်မှာ ထပ်ဖျားပါတယ်။ အဲဒီ့ဆေးစစ်ချက်တွေကိုင်ပြီး ကလေးအထူးကု နောက်တစ်ယောက်နဲ့ ပြဖြစ်ပါတယ်။ သွေးစစ်၊ ဆီးစစ် ခိုင်းပြီး ဓါတ်မှန်လဲရိုက်ခိုင်းပါတယ်။ TB ရှိမရှိုစစ်တာပါ။ သွေးအဖြေက TB ပိုးက 15 လို့ပြောပါတယ်။ ဆေးသောက်ရမယ့် အနေအထားက 30 ဝန်းကျင် ဖြစ်တဲ့အတွက်အခုက TB ဆေးသောက်စရာ မလိုသေးပါဘူးလို့ ပြောပါတယ်။ အဆုတ်ကတော့ နည်းနည်း ပွနေတယ်ပြောပြီး ဆေးပေးပါတယ်။ သမီးလေးရဲ့ အဆုတ်က ငယ်ငယ်လေးကတည်းက ဆရာဝန်ပြတိုင်း အဆုတ်အအေးပါတ်တယ်၊ အဆုတ်နည်းနည်းပွတယ်လို့ အပြောခံရပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာပြီး ဆေးလဲပုံမှန်တိုက်တော့ ကောင်းသွားပါတယ်။ တစ်ပါတ်လောက် နေတော့နေမကောင်း ထပ်ဖြစ်ပါတယ်။ အခုတစ်ကြိမ်ကတော့ ချောင်းဆိုး ရင်ကျပ်တာပါ။ ရင်ကျပ်တာမှ မအိပ်နိုင်မစားနိုင် ကျပ်တာပါ။ အခုတစ်ကြိမ်မှာ ဆရာဝန်က TB ဆေးတိုက်လိုက်ဖို့ ပြောလာပါတယ်။ ကလေး TB အကြောင်းကို အင်တာနက်မှာ ရှာဖတ်တော့ ကလေးမှာဖြစ်နေရဲ့သားနဲ့ မတိုက်ရင် ဘယ်လိုဖြစ်သွားနိုင်တယ်။ အသက်အန္တရာယ်ထိ ကြုံနိုင်တယ်ဆိုတာ သိရလို့ တိုက်လိုက်ဖို့ စိတ်ကူးမိပါတယ်။ မတိုက်သင့်ဘဲသွားတိုက်မိရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲ။ TB ဆေးတိုက်သင့်ရဲ့လား။ ဆရာဝန်က TB ရှိမရှိ ပိုသေချာချင်ရင် စစ်တဲ့နည်း နှစ်မျိုးရှိကြောင်း၊ တစ်ခုက TB ပိုးထိုးသွင်းပြီး Antibody စစ်တာ။ နောက်တစ်ခုက ရိုးတွင်းချင်ဆီ ထုတ်ပြီး စစ်တာလို့ ပြောပါတယ်။ အဲဒီ့လိုစစ်ဖို့ ဆရာဝန်က အားမပေးပါဘူး။ ကျွန်မတို့လဲ အဲလိုကြီး မစစ်ချင်ပါဘူး။ အစိုးရိမ်လွန်ပြီး TB ဆေး မတိုက်သင့်ဘဲ တိုက်လိုက်မိလို့ ကလေးခံရမှာ အရမ်းစိုးပါတယ်။ ဆေးပြင်းလို့ ကလေး အကြောက်ကြီးပြီး အားငယ်သွားမှာ၊ ကလေး ဥာဏ်မကောင်းတော့မှာလဲ ကြောက်ပါတယ်။

နေတဲ့နိုင်ငံ မသိပါ။ Blood test အမည်မသိပါ။
သိချင်တာက တီဘီ စစ်ဆေးနည်းကို မှန်းချင်လို့ဖြစ်ပါတယ်။ Blood tests for TB ကို သုံးကြတာ မတူဘူး။ တချို့နေရာတွေမှာ ဆန်းတာ၊ ဈေးကြီးတာတွေ မလုပ်ပါ။ USA မှာ FDA ကခွင့်ပြုထားတာတောင်မှ WHO က သတိပေးထားတာရှိတယ်။ (WHO warns against the use of inaccurate blood tests for active tuberculosis)
ကလေးအထူးကုဆရာဝန်ကနေ ညွှန်ရင် လုပ်သင့်ပါတယ်။ ကလေးကို စမ်းသပ် စစ်ဆေးတာ မလုပ်ရတဲ့ ဆရာဝန် တယောက်ဆီကနေယူတဲ့ ဒုတိယအကြံက ပိုကောင်းမှာမဟုတ်ပါ။

29-8-2012 Facebook chat
ငယ်ငယ်ကတည်းက ဆေးခန်းသွားပြရင် ဆရာဝန်တွေက လျှာထုတ်ခိုင်းပါတယ်။ လျှာကိုကြည့်ပြီး ဘယ်လိုအနေအထားက ကိုယ့်မှာ ဘယ်လိုကျန်းမာရေးညံ့နေသလဲဆိုတာ ကျွန်မတို့လို လူပိန်းတွေရော နားလည်နိုင်ပါသလားရှင့်။

လျှာကို အထုတ်ခိုင်းတာမှာ (၁) ယေဘုယျ လျှာရဲ့ အရောင်က ဖြူဖတ်ဖြူရော်ဖြစ်နေရင် သွေးအားနည်းနေမယ်။ (၂) လျှာပေါ်မှာ အဖြူဖတ်တွေ ရှိနေရင် မှက္ခရု (မှို) ရောဂါရှိနေသလား။ ဒါကတော့ နို့စို့ကလေးငယ်တွေမှာသာ ဖြစ်တယ်။ (၃) တိုက်ဖွိုက် အဖျားရှိနေရင် လျှာဘေးအနားတွေက နီနေပြီး၊ လျှာအလည်မှာ အဖြူဖတ်တွေ တွေ့နိုင်တယ်။ (၄) လျှာကို အပေါ်လိပ်တင်ခိုင်းပြီး အောင်ခြေနေရာကိုကြည့်ရင် ဝါနေတာတွေ့ရင် အသားဝါ (ဂျွန်းဒစ်) ဖြစ်နေနိုင်တယ်။ (၅) လျှာရဲ့ နောက် ဘယ်-ညာမှာရှိတဲ့ အာသီးရောင်နေရင် မြင်ရမယ်။ ရောင်တာသက်သက်က နီရဲပြီး ကြီးနေမယ်။ တဖက်တည်း၊ နှစ်ဖက်လုံးဖြစ်နေ-မနေကြည့်မယ်။ ပြည်တည်နေတာလဲဖြစ်နိုင်တယ်။ အာသီးက အဝင်လမ်း (အသက်ရှူလမ်း + အစာမျိုလမ်း) ကို ဘယ်လောက်အထိ ပိတ်နေသလဲ ကြည့်မယ်။ အရင်က အာသီးရောင်ထားရာကနေ သက်သာနေရင် အရွယ်ကြီးတာ ကျန်နေပြီး ရောင်ရမ်းတဲ့ လက္ခဏာတွေ မရှိတော့တာတွေ့မယ်။ (၆) လျှာနဲ့ လျှာအနီးအနားမှာ မြန်မာလို အပူကန်တာ၊ ဆေးစာလို (Cold sore) အနာ။ (၇) ရှားပါးရောဂါတွေလဲ ရှိပါသေးတယ်။ ဥပမာ မြေပုံလိုဖြစ်နေတာ။ လျှာကွဲနေတာ။ လျှာကင်ဆာ။

Wed, Aug 29, 2012 at 6:13 PM
ဆရာ၊ ဆရာမများခင်များ ကျွန်တော်ကတော့ ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ အသက်က ၄၄ နှစ်ဖြစ်ပြီ။ အရက် ဆေးလိပ် ကွမ်းယာများကိုလုံးဝ မသောက်ပါပဲနဲ့ ရောဂါထူပြောများပြားလှပါတယ်။ ဒါကြောင့် ဆရာဆရာမများကို အွန်လိုင်းမှတဆင့် ကျေးဇူးပြုပြီး ဘယ်လိုနေထိုင်ပြီး ဘယ်ဆေးစားရမလည်း ဖြေကြားပေးစေလိုပါတယ်။

ကျွန်တော့်ဆီကို အီးမေးလ် ရောက်လာပါတယ်။ ဘယ်သူကိုမေးချင်တာလဲ မသိပါ။ ဒီ အီးမေးလ် ကတော့ ကျွန်တော် ဒေါက်တာတင့်ဆွေ တယောက်တည်း သုံးတာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော့်ကိုဘဲ မေးချင်တယ်ဆိုရင် အောက်ကအတိုင်း မေးစေလိုပါတယ်။

Fri, Aug 31, 2012 at 9:59 PM
သမီးအသက်က ၂၃ နှစ် ပါ၊ နာမည်က (့)၊ ရန်ကုန်မှာနေပါတယ်။ လိပ်ခေါင်းဖြစ်နေမလားလို့ပါ။ ၃ လပိုင်းလောက်က စဖြစ်တာပါ။ စဖြစ်ကာစက ဝမ်းအရမ်းအရမ်းချူပ်ပြီး ၃ ရက်လောက် ဝမ်းသွားရင် သွေးပါတယ် အဲနောက်ပိုင်းကစပြီး စအိုမှာ အသားစလို အသားပိုလေး စထွက်လာပါတယ်။ စအိုက ထွက်တာပါ။ ဖြစ်ပြီးတဲ့နောက်ပိုင်း ဝမ်းသွားရင်လည်း သူများတွေလို့ သွေးပါတာတို့ နာတာတို့ဘာမှမဖြစ်ပါဖူး ပုံမှန်အတိုင်းပါပဲ။ အရင်ကဆို ၀မ်းခဏခဏ ပျော့လွန်းလို့ အစားမမှားရဲတဲ့သူပါ။ ကြာလိုလားမသိဖူး အခု နည်းနည်းလေး ပိုကြီးလာသလိုပဲ။ ဖြစ်ကာစက အရမ်းလန့်ပြီး မြန်မာဆရာနဲ့ ပြကြည့်တော့ သူက လိပ်ခေါင်းဆိုပြီး ဆေးပေးပါတယ်။ ၂ လလောက်ကြာတယ် ဆေးသောက်တာ စအိုကအသားစလေးက ဒီအတိုင်းပါပဲမပျောက်ဖူး။ အဲမြန်မာဆရာနဲ့လည်း ဆက်မပြဖြစ်တော့ပါဖူး။ ဘာဖြစ်တာလဲ သေချာသိချင်လိုပါ။ ဘာဆေးတွေသောက်ရမလဲဆိုတာလည်း ညွှန်ပေးပါဦးဆရာ။

ဒီရောဂါကို တခြားဆေးကုနည်းတွေ မသုံးစေချင်ပါ။ လိပ်ခေါင်းမှန်ရင် အရေးတကြီးကုစရာမျိုး မဟုတ်တာများတယ်။ သွေးကြောပိတ်တာဖြစ်ရင် ထိုင်လို့မရအောင်နာတာ တခုဘဲ အရေးပေါ်လုပ်ရတယ်။ ဒါဖြစ်လဲ ကုလိုက်ရင် ခဏနဲ့ပျောက်တယ်။
အစားအသောက် အနေအထိုင်ကို မပြတ်ဆင်ခြင်ပါ။ ရေနွေးထိုင်တာ၊ ရေနွေးသုံးတာ အလွန်ကောင်းပါတယ်။ သက်သာလိုက် ပေါ်လိုက်နေမယ်။ အမျိုးသမီးတွေမှာ ကိုယ်ဝန်နဲ့ ကလေးဖွါးရရင် ပိုထွက်လာတယ်။ နောက်ပိုင်း ပြန်သက်သာလာမယ်။ ဝမ်းမချုပ်တာကောင်းတယ်။ ဝမ်းနုတ်ဆေးကို စာထဲမှာပါသလိုသာ သုံးပါ။
- Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
- Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ