ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, September 26, 2012

Q and A September 2012 (8)

1. Oxylift ဆေးကို ရန်ကုန်၏ မည်သည့်နေရာတွင် ရှိသည်ကို
2. သမီးအသက် ၂၈ နှစ်ပါ။
3. ဦး(့)၊ ၅၆ နှစ်၊
4. ဒေါ်(့)၊ ၅၁ နှစ်၊
5. အရင်တုန်းက လေးဘက်နာရောဂါ ရှိပါတယ်။
6. နှုတ်ခမ်းခြောက်ပြီး နီနေလို့ပါ။
7. ဘာကြောင့် အကြောပြတ်ရတာလဲဆိုတာပါ။
8. နှာခေါင်းပိတ်တဲ့ ပြဿနာဖြစ်နေပါတယ်။
9. လက်တွေမှာ ခရုသင်းစွဲသလိုဖြစ်နေတယ်။

Thu, Sep 27, 2012 at 3:08 PM
Oxylift ဆေးကို ရန်ကုန်၏ မည်သည့်နေရာတွင် ရှိသည်ကို ပြောပေးဝေချင်ပါတယ်။

Sorry! ကျွန်တော်က ပြည်ပမှာသာနေရသူဖြစ်လို့ ပြည်တွင်းဆေးဝျေးကွက်ကို မသိပါ။

Thu, Sep 27, 2012 at 12:14 PM
သမီးအသက် ၂၈ နှစ်ပါ။ တခါမှဖျားနာတာမျိုးမဖြဝ်ခဲ့ဘူးလို့ မိသားဝုတွေအားလုံးအံ့သြနေပါတယ်။ ငယ်ငယ်တုန်းက ရေချိုးရင်မကြာဘူး။ အခု ရေချိုးရင်ဂျီးပိုတွက်လာတယ်။ ဂျီးတွန်းတာအချိန်တော်တော်ပေးရတယ်။ ရေတခါချိုးရင် 45 mins - 1hr ကြာတယ်။ ဘာကြောင့် အဲ့လောက် ဂျီးထွက်တဲ့အသားအရေဖြဝ်ရတာလဲ။ အခြားသူတွေရော အဲ့သည်လို ဖြဝ်တဲ့သူရှိလား။ bodylotion လိမ်းလို့ဂျီးပိုထွက်တယ်ထင်ပြီး အခုဆိုမလိမ်းတော့ပေမဲ့ ထွက်မြဲထွက်နေဆဲပါ။ ဂျီးတိုက်လွန်းရင် အသက်ကြီးတဲ့အခါ အသားအရေထိခိုက်နိုင်ပါသလား။ လူတယောက်က ဂျီးထွက်များတာ ပုံမှန် ဟုတ်ပါသလား။ ကျန်းမာရေး ချွတ်ရွင်းနေလို့လား။ ရေချိုးချိန်မှာ ဂျီးတွန်းနေရတာ အချိန်ကြာတော့ အဆုတ်ထိမှာလဲ ကြောက်တယ်။ အိမ်ကလည်း ဆူတာခံရတယ်။ ဂျီးကတွန်းတိုင်းထွက်တော့ ဝင်အောင်တိုက်ရတာပေါ့ ဆရာ။ အရေပြား ဆရာဝန် ပြဖို့လိုအပ်လား။ နနွင်းနဲ့ ပျားရည် ဖျော်ပြီး တနေ့ လက်ဖက်ရည် တဇွန်းဝာလောက်စားပေးတယ်။ အသားအရေ လှတယ် သွေးသန့်တယ် ကျန်းမာတယ်ဆိုလို့။ 2010 လောက်ကနေ အခုချိန်ထိ စားနေပါတယ်။ ဆက်စားဖို့သင့်လား မသင့်လား အကြံပေးပါ။ စာကြည့်နေလို့ မျက်စိအတွက် မြင်းခွာရွက်ထောင်းပြီး အရည်ဝဝ်သောက်တယ်။ English ဆေးတွေက sideeffect ရှိလို့ မသောက်ရဲသလို မြန်မာဆေးတွေကလည်း ဈေးကွက်ထဲဖြန့်တော့ ကုန်ကြမ်းဘာတွေ ရောထားမှန်းမသိတော့ စိတ်မချလို့ မသောက်ရဲပြန်ဘူး။ မြန်မာဝမ်းနုတ်ဆေးဂြိုလ်တု တခါစားဘူးတယ်။ စားပြီးတာနဲ့ လုံးဝနေလို့ မကောင်းဘူးအန်ချင်တယ်။ အဲ့ဒီဆေးနံကြီးနှာခေါင်းထဲက ပြန်ရတယ်။ ရင်ထဲမှာလဲအော်ကလီဆန်နေတာဘဲ။ ဒါကြောင့် ဝမ်းချုပ်ရင် English ဆေး Delax 3 လုံးသောက်ရင်အဆင်ပြေသွားပါတယ်။ အခုတော့ စာတွေတွက်ရတာ ခေါင်းရှုပ်လို့ ENERVON C ဒီလမှ စသောက်ဖြဝ်ပါတယ်။ သမီးသောက်နေတဲ့ဟာတွေ တခုနဲ့တခု ဆိုးကျိုးပေးနိုင်သလား။ အသားအရေကို ထိခိုက်နိုင်ပါသလား။ အရေပြားပေါ်မှာ အညိုဖျော့ရောင် အဝက်လေးတွေ (မဲ့ခြောက်) ထွက်လာတာကို သတိထားမိတယ်။ အမျိုးသမီးတွေ အသက်ကြီးလာရင် အဲ့လိုအဝက်လေးတွေထွက်တယ်လို့ ပြောတယ်။ ဟုတ်လားဆရာ။ သမီးရဲ့ ဝါသနာက ကြက်သွန်နီ ကျန်းမာရေးအတွက်ကောင်းတယ်ဆို စားတယ်။ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ပျားရည် အသီးအရွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆို စားပေးတယ်။ အခုလဲအိမ်မှာ ရှားစောင်းလက်ပက်ပင်တွေ ကြီးလာပြီ။ သူ့ကို အခွံမခွာဘဲ ဒီတိုင်းကိုက်စားလို့ရလားဆရာ။ ဟင်းသီးဟင်းရွက်တွေကို ထောင်းပြီးအရည်ဝဝ်သောက်ရင် ရလာမဲ့ ကောင်းကျိုးဆိုကျိုးရှိပါသလား။ သိချင်ပါတယ်။ သမီးအကျင့်က ဟင်းသီးဟင်းရွက်တွေကို ထောင်းပြီး အရည်စစ် သောက်ပါတယ် ဒါပေမဲ့ ဘယ်ဟင်းသီးဟင်းရွက်က ကိုယ့်ကို ဘာကောင်းကျိုး ဆိုးကျိုးပေးနိုင်လဲဆိုတာ သေသေချာချာ မသိပါ။ ရောဂါရသွားမှာလည်း စိုးရိမ်ပါတယ်။

မေးတဲ့သူပြောသလို ရေချိုးတာကြာချိန် သူများထက်ကြာနေတယ်။ သူများထက်နဲနဲထူးနေတာပေါ့။ ရေချိုးရင်း ရေချိုးကန်မှာ စိမ်နေတာမဟုတ်ဘဲ ချေးတွန်းတာက ကြနေတယ်လို့ သိရတယ်။ သူများတွေအဲလိုမကြာပါ။ အဲလောက်အချိန်မပေးကြပါ။

အရေပြားရဲ့ (ဆဲလ်) လေးတွေက ဖြစ်-ရင့်-ပျက် ဆိုတဲ့ အနိစ္စသဘောဖြစ်ဝဉ်က စက္ကန့်မလပ် ဖြစ်နေတယ်။ သေသွားတဲ့ (ဆဲလ်) တွေက ကွာကျမယ်။ ဆေးကြောတာ၊ ရေချိုးတာကနေ သန့်ရှင်းဝေတယ်။ စက္ကန့်မလပ် ဖြစ်နေတာမို့ ဆက်တိုက် ဖြစ်-ပျက်နေတာပါ။ ဖြစ်သင့်တာထက် ပိုများများ၊ ကြာကြာလုပ်ရင် အရေပြားကို သက်ရောက်ဝေပါမယ်။ ဘာသုံးပြီး ချေးတွန်းသလဲ၊ အပြော့စား၊ အလတ်စား၊ အမာစား။ အရေထူနေရာတွေဖြစ်တဲ့ ခြေဖဝါးကိုတော့ ကျောက်ခဲလို မာကြောတာနဲ့လုပ်တာ ပုံမှန်လိုလုပ်ကြပါတယ်။ တခြားအရေပြားကိုတော့ အဲလိုမလုပ်သင့်ပါ။

နနွင်းနဲ့ ပျားရည်၊ မြင်းခွာရွက်ထောင်း၊ မြန်မာဝမ်းနုတ်ဆေး၊ ဝတာတွေကို ဆေးအနေနဲ့အသုံးကျတာကို သိပ္ပံနည်းကျ ဆရာမပြောနိုင်ပါ။ တိုင်းရင်းဆေးတွေဖြစ်လို့ ဆရာတို့ ဆေးပညာနဲ့ မတူပါ။

လူတိုင်း အသက်ရလာတာနဲ့ အမျှ အရေပြားပေါ်မှာ အဝက်အပျောက်တွေ၊ မှည့်ခြောက်လိုဟာတွေ ဖြစ်ပေါ်လာတယ်။ မေးတဲ့သ အသက်မသိရပါ။ မိန်းကလေးဆိုတာတော့မှန်းလို့ရတယ်။ အသက်နဲ့ အဝက်ဆိုတာမှာ ရေးထားပါတယ်။
• Skin Hazards အရေပြားကို ဒုက္ခပေးတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-hazards.html
• Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ http://dts-medicaleducation.blogspot.com/2012/01/skin-pigmentation.html
• Skin Pressure Sore အရေထူတိုင်း မကောင်းပါ http://dts-medicaleducation.blogspot.com/2011/02/skin-pressure-sore.html
• Skin Problems အရေပြားမှာ အဖြစ်များတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-problems.html
• Bathing and Health ရေချိုးခြင်း http://dts-medicaleducation.blogspot.com/2011/12/bathing-and-health.html
• Age Spots အသက် နဲ့ အဝက် http://dts-medicaleducation.blogspot.com/2010/12/age-spots.html
• Nutrition အာဟာရ http://dts-medicaleducation.blogspot.com/2009/12/nutrition.html တွေကိုဖတ်နိုင်ပါတယ်။

Thu, Sep 27, 2012 at 10:57 AM
သမီးကို OGD လုပ်ဖို့ ဆရာဝန်ကပြောပါတယ်။ သမီးရောဂါအခြေအနေနဲ့ ဆို OGD က မလုပ်မဖြစ်ပါလား။ သမီး အခုထိအစားအဝာတွေက စားရတာအရသာ မရှိပါဘူး။ နောက် ပြီး ဗိုက်ဆာတယ်ဆိုတာလဲမရှိဘူး။ သမီးရင်တွေလဲ တုန်နေပါတယ်။ သမီးရောဂါက thyroid ဖြစ်လောက်ပါသလား။

OGD လုပ်တာ သိတဲ့အတိုင်း upper part of the gastrointestinal tract up to the duodenum ကို ကြည့်ချင်လို့ ဖြစ်တယ်။ အန်တတ်တဲ့အကြောင်းရှာတာနေမယ်ထင်ပါတယ်။ အထူးကုဆရာဝန်တွေကပြောရင်တော့ လုပ်ရမှာပေါ့။ Toxic goitre ကိုတော့ ဟုတ်-မဟုတ် ပြောမရသေးပါ။ HR နဲ့ Palpitation သာသိရသေးတယ်။ စိတ်တိုတတ်တာ၊ ဟောဟောဒိုင်းဒိုင်းလုပ်တတ်တာ၊ အိုက်တတ်တာ ဝတာတွေကော ရှိနေသလား။ သေခြာအောင်တော့ Thyroid function test လုပ်မှ ပြောနိုင်ပါမယ်။

Thu, Sep 27, 2012 at 6:21 AM
ဦး(့)၊ ၅၆ နှစ်၊ အိမ်ထောင်ရှိ၊ ကလေး ၁ ယောက်၊ ရန်ကုန်။ အပေါ်နှုတ်ခမ်းသည် ယားယံခြင်း မရှိဘဲ ရောင်ရမ်း ထူအမ်းပြီး မာကြောလာပါသည်။ တဝ်လမှာ တဝ်ကြိမ်လောက် ဖြစ်ပါသည်။ အစားမှားခြင်း မရှိပါ။ ဘာမီတွန် သောက်လျှင် ပျောက်ပါသည်။ မည်သို့ ပြုလုပ်ရမည်ကို ဖြေကြားပေးပါ။

• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

Thu, Sep 27, 2012 at 6:14 AM
ဒေါ်(့)၊ ၅၁ နှစ်၊ အိမ်ထောင်ရှိ၊ ကလေး ၁ ယောက်ရှိ၊ ရန်ကုန်။ ယားယံပြီး ကုတ်ရင် အင်ပျဉ်လို့ အဖုအပိန့်များ ထွက်လာ။ ယားတဲ့နေရာ ကုတ်လိုက်တာ ထွက်လာ။ ဖြစ်တာ ၂ လကြာပါပြီ။ ယားရင် ဘာမီတွန်ပဲ သောက်ပါသည်။ မည့်သည့် ဆေးခန်းကိုမှ မပြရသေးပါ။

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း

Fri, Sep 28, 2012 at 1:06 AM
အမေက အရင်တုန်းက လေးဘက်နာရောဂါ ရှိပါတယ်။ ခုသူက နောက်ထပ်ကိုက်ခဲလာလို့ အမြဲတမ်းကိုက်ခဲနေလို့ပါ။ အဲဒါ ဘာရောဂါလဲ။ သူ့ကျောရိုးတွေနဲ့ ခြေဖဝါးတွေက အမြဲတမ်းပဲကိုက်တယ်လို့တော့ ပြောပါတယ်။ အသက်က ၅၇ လောက် ရှိပါပြီ။ စာတွေဖတ်ဖူးသလောက်တော့ သွေးလေးဘက်နာလို့ ထင်လို့ပါ။

ဆေးဝဝ်ဘူးသလား။ ASO ဆိုတာသိပါသလား။
• ASO ဆိုတာ http://dts-medicaleducation.blogspot.com/2012/01/aso.html
• Arthritis အဆဝ်နာ 4
• Rheumatism လေးဘက်နာ (၁) http://dts-medicaleducation.blogspot.com/2010/06/rheumatism_08.html
• Rheumatoid arthritis လေးဘက်နာ (၂) http://dts-medicaleducation.blogspot.com/2011/11/rheumatoid-arthritis.html တွေကို ဖတ်နိုင်ပါတယ်။

Mon, Sep 24, 2012 at 1:54 PM
နှုတ်ခမ်းခြောက်ပြီး နီနေလို့ပါ။ သမီးအသက် ၂၉ နှစ် အိမ်ထောင်ရှိပါတယ်။ ရန်ကုန်ကပါ။ လွန်ခဲ့တဲ့ ၃လလောက်က စပြီး ဖြစ်တာပါ။ စဖြစ်ခါစက အပေါ်နှုတ်ခမ်းမှာ အဖု (ရေယုံလိုမဟုတ်) သေးသေးလေးတွေ အများကြီးထွက်လာပါတယ်။ အကြီးကြီးတွေ မဟုတ်ပါဘူး။ အရည်လည်း မရွှမ်းပါဘူး။ ထွတ်ထွတ်ကလေးတွေပါ။ သေချာကြည့်မှ တွေ့ရတဲ့ အနေလောက်ပါပဲ။ ပြင်လိုက်ထွက်လာပါတယ်။ ခြောက်ပြီး သက်သာသွားလိုက် ပြန်ဖြစ်လိုက်နဲ့ လုံးလည်လိုက်နေရာက နှုတ်ခမ်းတွေ ခြောက်လာပါတယ်။ အပေါ်နှုတ်ခမ်းက ပိုဆိုးပါတယ်။ Baby Sebamed lip balm ဆိုးပေမယ့် ဘာမှ သိပ်မထူးပါဘူး။ B2 နဲ့ စီဗစ် သောက်ပါသေးတယ်။ အခုတော့ ဘာမှမသောက်တော့ပါဘူး။ အခု အပေါ်နှုတ်ခမ်းတစ်လျှောက်အပြင် နှုတ်ခမ်းသားတဝိုက်က အသားမှာပါ နီပြီး ယောင်သလို ဖြစ်နေပါတယ်။ အောက်နှုတ်ခမ်းက သိပ်မဆိုးပါဘူး။ အစပ်ဆို လုံးလုံးစားလို့မရပါဘူး။ အစပ်စားမိရင် အပေါ်နှုတ်ခမ်းက စပ်ပြီး ယောင် နီလာတာ အနည်းလေး တစ်ပတ်လောက်တော့ ကြာပါတယ်။ ဘာလိုလုပ်သင့်သလဲ သိချင်ပါတယ်။ မှိုတို့ ပိုးတို့ ဝင်တာများလား။ ဘာဆေးသောက် လိမ်းရလဲ သိချင်ပါတယ်။ နှုတ်ခမ်းခြောက်တာ သက်သက်မဟုတ်ဘဲ အပေါ်နှုတ်ခမ်းက ခြောက်လည်းခြောက် နောက် ယောင်ပြီး နီနေလို့ပါ။

စိုးရိမ်စရာတော့ မဟုတ်ပါ။ ရေပိုသောက်ပေးပါ။ အစပ်စားတာ ရှောင်ပါ။ ဗိုင်းရပ်စ် ဆိုရင် ရေယုံဖြစ်မယ်။ နာတာက သိသာမယ်။
• Aphthous ulcer and Fissured tongue လျှာနာ အာနာ http://dts-medicaleducation.blogspot.com/2010/12/fissured-tongue-and-aphthous-ulcer.html

Sun, Sep 23, 2012 at 4:07 PM
သမီးအသက် ၂ဝ ရှိပါပြီ။ သမီးသိချင်တာက ဘာကြောင့် အကြောပျက်ရတာလဲဆိုတာပါ။ နားနဲ့မနာ ဖုဝါးနဲ့နာပါရှင်။ အကြောက တင်ပါးနဲ့ ပေါင်တွေမှာပျက်နေတာပါ။ ဘာကြောင့် အကြောပျက်ရတာလဲ ဆိုတာ သိချင်ပါတယ်။ သမီးသတိထားမိသလောက်ကတော့ သမီးအသက် ၁၆ နှစ် ၁၇ နှစ်လောက်ကတည်းကပါ။ ဘယ်လိုလုပ်ရင် ပျောက်မလဲဆိုတာလဲ သိချင်ပါတယ်။
• Stretch Marks အကြောပြတ်ခြင်း http://dts-medicaleducation.blogspot.com/2010/05/stretch-marks.html

Wed, Sep 26, 2012 at 12:19 AM
ကျွန်တော် အသက် ၁၇ ရှိပါပြီ။ ရင်ဘတ်နဲ့ကျောမှာ ဝက်ခြံ တော်တော်များပါတယ်။ ၁၅ နှစ်လောက်ကတည်းက ပေါက်တာပါ။ အရေပြားဆရာဝန်နဲ့လည်းပြ ပြီးပါပြီ။ မထူးခြားလာပါ။ ကျွန်တော် Clindamycin လိမ်းဆေးလိမ်းပါတယ်။ သိပ်မသက်သာပါ။ မျက်နှာမှာ ဝက်ခြံသိပ်မထွက်ပါဘူး။ ကျွန်တော်က ချွေးထွက်များပါတယ်။ အဲ့ဒါနဲ့ဆိုင်ပါသလား။ ပူတဲ့ရာသီဆို ပိုဆိုးပါတယ်။ ပြည်လိုမျိုးလည်းမဟုတ်ဘူး။ အနီလည်းဘဲဖြစ်နေတာ။ အဖြူအဆံလေးတော့ရှိတယ်။ ခြောက်သွားရင်လည်း အမဲပြောက်ကျန်ပါတယ်။ ဘယ်လို ကုရမလဲဆိုတာဖြေကြားပေးပါအုန်း။ နောက် ကျွန်တော့် ဒူးအောက်ပိုင်း မှာ ပူတဲ့ရာသီဆို အနီ အပြောက်အပြောက်လေးတွေထွက်ပါတယ်။ တော်တော်များပါတယ်။ ကုတ်ရင် ပိုများလာပါတယ်။ နည်းနည်ယားတယ်။ မပူတော့ရင် သူ့အလိုလိုပျောက်သွားပါတယ်။ ဘောင်းဘီတို ဝတ်ရင် ကြည့်ရ ဆိုးပါတယ်။ ဘာဆေးသုံးရင်ပျောက်နိုင်ပါသလဲ။

စာ ၃ ပုဒ်ပို့ပါတယ်။ စာတွေထဲက ကိုယ်နဲ့ဆိုင်တာကိုယူပါ။ လိုက်နာပါ။ သက်သာလာပါလိမ့်မယ်။ ချွေးထွက်နည်းပါစေ။ အဆီ-ဆီ လျှော့စားပါ။ ကိုယ်အလေးချိန် ထိန်းပါ။ အရေပြာသန့်ရှင်းရေး ပုံမှန်လုပ်ပါ။ ဒါပေမဲ့ လိုတာထက် မပိုစေနဲ့။
• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducationblogspotcom/2010/11/hyperhidrosishtml
• Skin Problems အရေပြားမှာ အဖြစ်များတာတွေ http://dts-medicaleducationblogspotin/2012/03/skin-problemshtml
• Acne ဝက်ခြံ ရောင်စုံ http://dts-medicaleducationblogspotcom/2010/10/acnehtml

Tue, Sep 25, 2012 at 9:09 AM
ကျွန်တော်က အသက် ၃၈ နှစ်ရှိပါပြီ။ နှာခေါင်းပိတ်တဲ့ ပြဿနာဖြစ်နေပါတယ်။ တစ်နှစ်လောက်ရှိပါပြီ။ နှာရည်မထွက် နှာမမွှန်ပဲ ဒီအတိုင်း ပိတ်သွားတာပါ ပိတ်နေတဲ့အချိန် နှာခေါင်းထဲကို မှန်နဲ့ကြည့်ရင် နှာခေါင်းအတွင်းသားတွေက ပိတ်နေတာကို တွေ့ပါတယ်။ နှာခေါင်းထဲကို otrivin ဆေးရည်ကို ထည့်ပါတယ်။ အဲဒီဆေးရည်ထည့်လိုက်ရင် ပြန်ပွင့်သွားပါတယ်။ နောက်ပိုင်း ဆေးခန်းမသွားဘဲ ဆေးရည်ပဲ ထည့်နေပါတယ်။ တစ်နေ့ကို ၃ ကြိမ်ထည့်နေရပါတယ်။ အချိန်တန်ရင် ပြန်ပိတ်သွားပါတယ်။

• Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း http://dts-medicaleducationblogspotcom/2009/08/nasal-polyps_26html

Fri, Sep 21, 2012 at 10:08 PM
၂၅ နှစ်၊ ကျား၊ (့)၊ လက်တွေမှာ ခရုသင်းစွဲသလိုဖြစ်နေတယ်။ အဲဒီလိုမဖြူခင်က အမာရွတ်ပါ။ အမာရွတ်ကမှ ဖြူလာပြီး ခရုသင်းလိုဖြစ်လာတာ။ ခုအချိန်တခုခု အနာတရဖြစ်ရင် အမာရွတ်အရောင်မတက်ပဲ အဖြူကွက်ကြီး ဖြစ်သွားတယ်။ ပြီးတော့ နှုတ်ခမ်းထိပ်မှာလည်း မသိမသာဖြူချင်တယ်။ လက်ထိပ်မှာလည်း လက်သည်းရဲ့ ဘေးနားလေးတွေမှာလည်း ဖြူလာပြီ။ ဘယ်လိုလုပ်ရင်ပျောက်နိုင်ပါသလဲခင်ဗျာ။
ကျွန်တော်က Programming လေ့လာနေသူတဦးပါ။ ပြီးတော့ ကွမ်းလဲ ဆေးနဲ့ စားပါတယ်။ အစက ဖြတ်ထားပြီးသားပါ။ အခု ကျွန်တော်ဖြစ်နေတာက အိပ်ရေးဝဝ မဝဝ တစ်နေကုန် အိပ်ချင်နေတယ်။ အဲဒါ ကွမ်းစားဆေးတွေနဲ့ ဆိုင်သလား။ ပြီးတော့ Computer နဲ့ကော ဘယ်လိုပတ်သက်နေသလဲဆိုတာ သိချင်ပါတယ်။ တခါတလေဆို မူးတောင် မူးလဲမလို ဖြစ်တတ်ပါတယ်။ တခါတလေ အရက်အလွန်အကျွံ သောက်ခြင်းဖြင့် သွေးတိုးရောဂါ ခံစား ရနိုင်ပါသလား။

ဆရာဝန် ပြဘူးပါသလား။ ဆေးစစ်ဘူးပါသလား။ ရှိဘူးရင် ထူခြားတာ ဘာရှိပါသလဲ။ BP သွေးဖိအား တိုင်းဘူးပါသလား။