ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, September 1, 2012

Q and A September 2012 (1)

1. Danazol ရဲ့ ဘေးထွက် ဆိုးကျိုးတွေသိချင်ပါတယ်
2. အရက်တွေ ဘီယာတွေ နည်းနည်းသွားသောက်ခဲ့ပါတယ်။
3. My question is that do I need to shave my baby hair
4. စအိုက အချွဲလိုဟာ ထွက်ထွက်သွားတယ်။
5. သွေးဖြူဥများနေတယ်ဆိုပြီး သွေးသွားသွားသွင်းရပါတယ်။
6. ရင်သားမှာ အကျိတ်ရှိ/မရှိဆိုတာကို
7. ကျမ နားတော့ပြန်ကြားကောင်းပါရဲ့ နော်။
8. X ray ဖွင့်ထားတဲ့ အခန်းထဲမှာ ၁၅ မိနစ်လောက်လှည့်ပတ်သွားလာပြီး
9. ဝက်ခြံလိုမျိုး အဖုတွေ အများကြီး ပေါက်လာပါတယ်။

Sat, Sep 1, 2012 at 8:45 AM Danazol ရဲ့ ဘေးထွက် ဆိုးကျိုးတွေသိချင်ပါတယ် ကျေးဇူးပြု၍ ရှင်းပြပေးစေလိုပါတယ်။

• Danazol (ဒါနာဇိုးလ်) ဆေးဟာ ဓါတ်ခွဲခန်းမှထုတ်လုပ်ထားတဲ့ (စတီရွိုက်) ဖြစ်တယ်။ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်းဖြစ်တယ်။
• ယောက်ျားဟော်မုန်းခေါ်ပေမဲ့ အမျိုးသမီးတွေမျာလဲရှိတယ်။
• Menorrhagia ရာသီဆင်းများခြင်း၊ Fibrocystic breast disease ရင်သားရောဂါ၊ Immune thrombocytopenic purpura သွေးရောဂါ၊ ရင်သားနာတာ၊ နဲ့ Hereditary angioedema ရောဂါတွေအတွက် သုံးနိုင်တယ်။ ကိုယ်ဝန်တားနိုင်စွမ်းရှိပေမဲ့ တားဆေးအနေနဲ့မသုံးပါ။
• ဘေးထွက်-ဆိုးကျိုးတွေ = ဝက်ခြံထွက်၊ မျက်နှာနီမြန်း၊ အသံပြောင်း၊ အမွှေးပိုပေါက်၊ ဗဂျိုင်းနာ ခြောက်၊ ရင်သားသေး၊ ကြာကြာပေးရင် လူဝလာမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာမပေးရပါ။
• Endometriosis သားအိမ်ရောဂါအတွက်ဒီဆေးကိုကြာကြာပေးရင် တချိန်မှာ Ovarian cancer ဖြစ်လာမှာ စိုးရတယ်။ Liver tumors ကင်ဆာမဟုတ်တဲ့ အသဲအကျိတ် ဖြစ်မလားလဲ သတိထားရမယ်။

Sat, Sep 1, 2012 at 9:48 PM
ကျနော် မနေ့က သူငယ်ချင်းတွေနဲ့ အရက်တွေ ဘီယာတွေ နည်းနည်းသွားသောက်ခဲ့ပါတယ်။ အခုမှ ပထမဦးဆုံးပါ။ တစ်ခါမှ မသောက်ဖူးဘူး။ အဲဒါနောက်နေ့လည်းရောက်ရော လက်ထိပ်ဖျားလေးတွေမှာ အဖုသေးသေးလေးတွေ ပေါက်နေတယ်။ မိတ်ဖုလိုမျိုးတွေ။ ပြောရမယ်ဆို တစ်ကိုယ်လုံးနီးပါးပါ။ အဲဒီလက်နှစ်ဖက်စလုံးက အဖုလေးတွေ လက်ဖျားတွေဆို အရမ်းနုသွားတယ်။ တခါးဖွင့်တာတောင် နည်းနည်းနာတယ်။ အခုတော့ နည်းနည်း သက်သာသွားတယ်။ ဒါပေမယ့် လက်ဖျားရဲ့အပေါ်လက်ဖျံလားမသိ ဘယ်လိုခေါ်လဲမသိလို့ပါ။ အဲဒါက အဖုသေးသေးလေးတွေရှိနေသေးတယ်။ နည်းနည်း ပွတ်ကြည့်တာနဲ့ကိုနာတယ်။ အဲဒါ ဘာဖြစ်တာပါလဲ။ မတည်းလို့လား။ အဲဒီအရက်တွေ ဘီယာတွေနဲ့ အသက်က ၁၇ ပါ။ ရေမြေခြားမှာ ကျောင်းတက်နေပါတယ်။

တခုခုနဲ့ မတည့်တာဖြစ်နိုင်တယ်။ အရက်လဲဖြစ်နိုင်တယ်။ ရာသီဥတုကြောင့်လဲ ထည့်စဉ်းစားရတယ်။ ဘာကြောင့်ကနေဖြစ်ဖြစ် Cetrizine ဆေး တနေ့တပြား ညပိုင်းသောက်ပါ။ Cetrizine က မြန်မာပြည်မှာဆို Burmeton နဲ့ဆင်တယ်။ ဒါပေမဲ့ Burmeton လို မအိချင်ဘူး နောက်ပေါ်တာဖြစ်တယ်။

Sun, Sep 2, 2012 at 9:02 AM
Here (့) again from (့). I have one year old baby girl now doctor. Now she starts walking. My question is that do I need to shave my baby hair since I never tried before to shave her hair? She got a thin hair but I think she get thicker and thicker as she grows older. But my relatives and friends suggest me I should shave my baby hair for thicker hair. What should I do doctor? Here I attach my daughter's picture for showing her hair.

Hair shaving is done differently by different societies. From medical point of view there is no strict rule. But hair and scalp (shin of the head) can be infected mostly by fungus. The more hair the more sweating. Sweating makes bad odor and fungus happy. There are other infections like lice, dandruff, ringworm, and etc. So regular shaving and cutting is recommended.

Sun, Sep 2, 2012 at 7:20 PM
ကျွန်မက အသက် ၂၇ နှစ်ပါ။ (့) နိုင်ငံမှာနေပါတယ်။ အိမ်ထောင်ရှိပါတယ်။ ကလေး၁ယောက်ရှိပါတယ်။ ငယ်ငယ်က ဖြစ်ဖူးပါတယ် အတွင်းလိပ်ခေါင်းပါ။ အသက် အတိအကျမမှတ်မိပါ။ ကျွန်မ အဖေမှာလည်း လိပ်ခေါင်းဖြစ်ဖူးပါတယ်။ အပြင်ကပါ။ ၂ လလောက်ရှိပြီ သတိထားမိတာ။ လေလည်ရင် အီးပါ ထွက်ထွက်သွားတာ (ချွဲဖတ်လိုနည်းနည်း)။ ပြီးတော့ တနေ့ကို အိမ်သာ အနည်းဆုံး ၈ ခါလောက်သွားပါတယ်။ ၄ ခါလောက်က တကယ်ဝမ်းသွားတာ။ ၄ ခါလောက်က ဆီးသွားရင်း စအိုက အချွဲလိုဟာ ထွက်ထွက်သွားတယ်။ ဝမ်းလုံးဝမချုပ်ပါ။ အခု ၂ ပတ်လောက်အတွင်း သေချာ သတိထား ကြည့်မိတော့ သွေးရည်အကျဲအရောင် အနီဖျော့ရောင်ဖြစ်နေတာတွေ့ပါတယ်။ ပြီးတော့ အခုပဲ အိမ်သာကထွက်လာပြီး အခုပဲပါချင်သလိုမျိုး ခဏခဏ ဖြစ်နေပြီး ပြန်ပါရင် အဲချွဲလိုဟာပဲ ပြန်ထွက်တာ များပါတယ်။ အဲလိုနည်းနည်းနဲ့ ခဏခဏအိမ်သာသွားပါတယ်။ ငရုပ်သီးမှုန်လည်းနေ့တိုင်းနီးပါး စားမိပါတယ်။ အထိုင်လည်း များပါတယ်။ ပြီးခဲ့ ၂ ရက်လောက်တုန်းကစပြီးတော့ ထိုင်နေရင်းနည်းနည်းကြာလာရင် ညောင်းသလိုလို ကျိန်းသလိုလိုခံစားရပါတယ်။ အဲတာ လိပ်ခေါင်းပြန်ဖြစ်နေတာပါလား ။ လိပ်ခေါင်းကို အမြစ်ပြတ်အောင် ကုလို့ရပါသလားရှင့်။ တကယ်လို့ ဆရာဝန်နဲ့ပြဖို့ လိုအပ်ရင် ကျွန်မရဲ့ အဲရောဂါ လက္ခဏာတွေကို အင်္ဂလိပ်လိုကျေးဇူးပြုပြီး ရေးပေးပါနော်။

Piles လိပ်ခေါင်း
Bleeding PR စအိုကနေသွေးဆင်း
Mucus အချွဲ
Blood သွေး
Red blood = fresh blood သွေးနီနီရဲရဲ
Blood color is pale သွေးအရောင်ပျော့လာ
Old blood = reddish brown သွေးဟောင်း ညိုမဲမဲ
I want to go to bathroom frequently ကျမ အိမ်သာကို ခဏခဏသွားချင်တယ်။
About 8 times a day တနေ့ ၈ ခါလောက်
Stool for 4 times and mucus for 4 time ၄ ခါမှာ ဝမ်းပါပြီး ၄ ခါက အချွဲတွေသွားတယ်။
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ
Dysentery ဝမ်းကိုက်ရောဂါ ဒီစာကိုဖတ်ပြီး ဟုတ်ရင် ဆေးနည်းအတိုင်းလုပ်ပါ။ လိပ်ခေါင်းဆိုရင် ရေအိမ်သာထိုင်ရတဲ့အကြိမ် မများပါ။ ဗိုက်လဲ မနာပါ။

Mon, Sep 3, 2012 at 9:49 AM
ကျွန်တော်က ရုံးတစ်ရုံးမှာ အလုပ်လုပ်ပါတယ်။ ရုံးကလူကြီး တစ်ယောက် သွေးဖြူဥများနေတယ်ဆိုပြီး သွေးသွားသွားသွင်းရပါတယ်။ တစ်လတစ်ခါလောက်ပေါ့။ နောက်ပြီး ကောင်မလေးတစ်ယောက်လဲ ဖြစ်နေပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်က သွေးလှူလို့ မရပါဘူး။ ဘာဖြစ်လို့လဲ သိချင်လို့ပါ။ နောက်တစ်ခုက ရင်သားကင်ဆာ စမ်းသပ်နည်းပါ။ ရင်သားမှာ အကျိတ်ရှိ/မရှိဆိုတာကို စမ်းသပ်တယ်လို့ ကြားဖူးမိပါတယ်။ ဘယ်လိုစမ်းသပ်ရမယ်။ ဘာကြောင့် အိမ်ထောင်မပြုဘူးတဲ့ မိန်းကလေးတွေမှာ ဖြစ်တယ်ဆိုတာ သိချင်ပါတယ်။

သွေးဖြူဥများတာမှာ အကြောင်းတရာတွေ အမျိုးမျိုးရှိတယ်။ ရောဂါပိုးတခုခုဝင်ခံနေရချိန်မှာ များနေတာက အများဆုံးဖြစ်တယ်။ သွေးသွင်းစရာတော့ မလိုပါ။ ရေးထားတာ တခုပို့ပါတယ်။ လူနာမှာ အဲဒါဖြစ်နေတာလို့ ပြောချင်တာမဟုတ်ပါ။ ရောဂါအမည် (သွေးစစ်ဆေးချက်) သိရမှသာ ပြောနိုင်တယ်။ ရင်သားစမ်းသပ်နည်းလဲ ပို့လိုက်ပါတယ်။
Leukemia (လူကီးမီးယား) သွေးကင်ဆာ
Breast self examination ရင်သားအား မိမိဖါသာ စမ်းသပ်နည်း

Mon, Sep 3, 2012 at 10:30 AM
ကျမ (့) ပါ။ (့) မှာ အလုပ်လုပ်နေပါတယ်။ အသက် ၃၆ နှစ်ပါ။ နှာခေါင်း အလာဂျီဖြစ်နေတဲ့တယောက်ပါ။ ကျမကနှာခေါင်း အမြဲပိတ်နေတော့ နှာညစ်လိုက်ရင် နားပိတ်သွားတယ်။ ပြန်လဲမပွင့်ဘူး။ အလုပ်မှာ သူများကိုယ့်ကိုပြောရင် သဲသဲကွဲကွဲမကြားရဘူး။ သီချင်းလဲ အမြဲဖွင့်ထားတော့ မကြားရဘူး။ အရမ်းရှက်မိတယ်။ ဒါကြောင့် ဘာဆေးသောက်ရမလဲ ညွှန်ကြားပေးပါနော်။ ဆရာညွှန်တဲ့ဆေးတွေပဲ ဝယ်သောက်ဖြစ်တယ်။ ဒါကြောင့်ခုလဲ နားအတွက် ဆေးထပ်ညွှန်ကြားပေးပါ။ ဆရာကျမ နားတော့ပြန်ကြားကောင်းပါရဲ့ နော်။

နှာခေါင်းနဲ့ နားနဲ့ ခံတွင်း ၃ ခုက ဆက်နေတယ်။ တနေရာမှာ တခုခုဖြစ်ရင် ဆက်တိုက်လိုက်ဖြစ်တတ်တယ်။ (အလာဂျီ) နဲ့ (ရိုင်နိုက်တစ်) ကို ကုသနည်းကိုဘဲ ဆက်လုပ်ရပါမယ်။ စာတွေ ပို့ထားပြီးလို့ ထင်ပါတယ်။ နားရောဂါဖြစ်ပြီး နားမကြားရတာအထိမဖြစ်စေပါ။ ဆရာပို့တဲ့စာတွေထဲမှာ နှာခေါင်းထဲထည့်ဆေးတွေဘဲ သုံးရမယ်။ (ကော်တီဇုန်း) ပါတာခပ်ရင် ချက်ချက်းဆိုသလို သက်သာတယ်။ ကြာကြာတော့ မသုံးသင့်ပါ။ ရောဂါထချိန်မှာ အဲလိုဘဲ။ နှပ်ညှစ်ရင် တဖက်ချင်းသာလုပ်ဘို့ မမေ့ပါနဲ့။
Tue, Sep 4, 2012 at 3:15 PM
သမီးကို မေးခွန်းတခုလောက် မေးခွင့်ပြုပါနော် X rays ရောင်ခြည်ကို ၁၅ မိနစ်လောက်ဖြတ်ခံရဖူးရင် ဘယ်လို ဆိုးကျိုးတွေ ရှိနိုင်ပါသလဲရှင်။ အသိ အမျိုးသားတယောက်က အသက်က ၃၂ လောက်ရှိပါပြီ။ သူက အလုပ်ခွင်မှာ x ray ရောင်ခြည်ကို ဖွင့်ထားတဲ့ အခန်းထဲမသိဘဲ ၁၅ မိနစ်လောက် အဲဒီအခန်းထဲမှာလိုက်လှည့်လည် စစ်ဆေးရင်း နေခဲ့မိတယ်လို့ ပြောပါတယ်။ သူ့သူငယ်ချင်းတွေရဲ့ပြောကြားချက်အရ x ray ဖြတ်မိရင် သားသမီးမရ နိုင်ဘူးလို့ ပြောလို့ သူက စိုးရိမ်နေပါတယ်။ အဲဒီ x rays ရောင်ခြည်ကိုဖြတ်မိလို့ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲဆရာရှင့်။ သူက ကြောက်နေလို့ ဆရာကို့မေးပေးပါဆိုလို့ သူ့ကိုယ်စားမေးပေးရတာပါရှင် သမီးကိုဖြေကြားပေးပါဆရာ။

X-ray ခန်းမှာ လူနာကိုရိုက်စရာမရှိရင် ဓါတ်ရောင်ခြည်ထွက်မဲ့စက်ကို ဖွင့်မထားပါ။ ရိုက်ရင်လဲ ဖျတ်ကနည်းသာ ရိုက်တယ်။ ဓါတ်ပုံရိုက်သလိုပေါ့။ ဓါတ်ရောင်ခြည်ကြောင့် ဖြစ်နိုင်တာတွေ များတယ်။ ကင်ဆာက နံပါတ်တစ်။ ကလေး မရတာလဲ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆေးရုံသုံးဓါတ်ရောင်ခြည်ကို ဆရာဝန်တွေကနေ အထူးသတိထားပေးပါတယ်။

Tue, Sep 4, 2012 at 8:25 PM
ဟုတ်ကဲ့ဆရာ သူက သဘောင်္တည်ဆောက်တဲ့အပိုင်းမှာ အင်ဂျင်နီယာအဖြစ် အလုပ်လုပ်တာပါ။ သူတို့ အလုပ်မှာ သဘောင်္တည်ဆောက်ပြီးရင် သံပြားအဆက်တွေ လုံမလုံသိရအောင် x ray ရောင်ခြည်ကို သဘောင်္ခန်းထဲမှာ ဖွင့်ပြီး စစ်ဆေးတယ်လို့ ပြောပါတယ်။ အဲဒီနေ့မတိုင်ခင်က meeting မှာလူတွေ အားလုံးကို x- ray ဖွင့်ထားတဲ့ အဲဒီအခန်းထဲ မဝင်ဖို့ကို ကြိုပြောထားပေမယ့် သူက ခွင့်ယူထားတာမို့ နောက်နေ့ x- ray ဖွင့်မယ့်နေ့မှာ မသိပဲ တခန်းလုံးကို X ray ဖွင့်ထားတဲ့ အခန်းထဲမှာ ၁၅ မိနစ်လောက်လှည့်ပတ်သွားလာပြီး အခန်းကိုစစ်ဆေးရင်းနေခဲ့တာမို့ X ray ၁၅ minutes လောက် တကိုယ်လုံးကို ထိသွားတာပါသူ့ကို ဘယ်လိုကုသမှုမျိုး လုပ်ပေးရမလဲဆရာ။ x ray ထိတာက အခုဆို ၁ နှစ် ကျော်လောက်တော့ ကြာပါပြီ။ သူကအခုထိတော့ ကျန်းကျန်းမာမာပါပဲ။ ဒါပေမယ့် အိမ်ထောင်ပြုတဲ့အခါ သားသမီး မရနိုင်တာမျိုးဖြစ်မှာကို စိုးရိမ်လို့ပါ။ သူကလဲစိုးရိမ်နေတယ်။ သမီးဘာလုပ်ပေးရမလဲမသိဖြစ်နေလို့ပါ။

ဒီလိုရင်တော့ ဆရာပြောတဲ့ Medical uses ဆေးပညာသုံး Radiographs, Computer tomography, Fluoroscopy နဲ့ Radiotherapy တွေနဲ့မတူဘူး။
- Radiographic testing
- Industrial radiography
- Industrial CT scanning တခုခုဖြစ်မယ်။
အလုပ်ဌာနတွေမှာ Safety measure လုံခြုံမှု အစီအမံတွေ ထားလိမ့်မယ်။ သက်ဆိုင်ရာ ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောပြီး ဆေးစစ်တာ၊ ကုသမှုခံယူတာလုပ်ရပါမယ်။

Wed, Sep 5, 2012 at 9:48 AM
သမီး အသက် ၂၆ ပြည့်တော့ပါမယ်။ အပျိုဖော်ဝင်တာ ၁၁ နှစ်သမီးမှာပါ။ သမီးအသက် ၁၈ နှစ်လောက်မှာ တင်ပါး (ထိုင်တဲ့နေရာမှာ) ဝက်ခြံလိုမျိုး အဖုတွေ အများကြီး ပေါက်လာပါတယ်။ ပြီးတော့ အမာရွတ်တွေ ကျန်ခဲ့ပါတယ်။ အမဲအကွက်တွေ ဖြစ်သွားပါတယ်။ အဲ့အဖုတွေက တစ်လတစ်ခါလောက် နည်းနည်းနဲ့ ထပ်ထွက်ပါတယ်။ အခုထိ မပျောက်ပါဘူး။ GentlanceC လိမ်းပါတယ်။ မပျောက်ပါဘူး။ ဆေးခန်းပြရမှာလဲ ရှက်ပါတယ်။ အဖုတွေက မနာတော့ မနာပါဘူး။ ယားလည်းမယားပါဘူးရှင့်။ ဘာဆေးလိမ်းရမလဲရှင်။ အကြံဝာဏ်ပေးပါဝီးရှင့်။

Scar (1) အမာရွတ် (၁)
Scar (2) အမာရွတ် (၂)