ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, September 6, 2012

Q and A September 2012 (2)

1. ဒီရောဂါဖြစ်ရင် အထူးသဖြင့် ပရုပ်နဲ့မတည့်ဘူး၊
2. အူအတက်ရောင်တာတဲ့။
3. ဖြစ်နေတာကတော့ နှစ်ယောက်စလုံးမှာ
4. ဆီးကျင်နေတာ ၃ ရက်ရှိနေပါပြီ။
5. ဆီးအောင့်ပြီးတော့ မိန်းကလေးရဲ့ သားအိမ်လိုနေရာမျိုးမှာ
6. Allozym 100 mg ဆေးသောက်နေရလို့
7. ထိပ်ကပ်နာလိုမျိုး ဖြစ်နေတာ ၇ လ ၈ လ ကျော်ရှိနေပါသည်။

Thu, Sep 6, 2012 at 1:30 PM
ကျတော့် သားလေးဟာ ၁-၉-၂ဝ၁၂ နေ့မှာ မွေးဖွားခဲ့ပါတယ် ၂-၉-၂ဝ၁၂ နေ့မှာ အသားဝါတယ်ဆိုပြီး မီးချောင်းပြခိုင်းတယ်။ နောက်ပြီး သွေးလည်းစစ်သေးတယ်။ အဖြေရတော့ ကလေးက G6PD-deficient ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီရောဂါဖြစ်ရင် အထူးသဖြင့် ပရုပ်နဲ့မတည့်ဘူး၊ သွေးနီဥတွေပြိုကွဲထွက်ကုန်မယ်လိုပြောတယ်။ နောက် ပဲကြီး၊ ပဲနက်၊ ဓညင်းသီး၊ ဆူးပုပ်ကြီး မတည့်ဘူး။ ဆာလဖာအုပ်စုဆေးတွေနဲ့လည်းမတည့်ဘူးလို့ ပြောပါတယ်။ ကြားကြားခြင်းတုန်းက အရမ်းတုန်လှုပ်မိတယ်။ ဝမ်းနည်းပက်လက် ငိုကြွေးမိတယ်။ ဆရာဝန်တွေ နပ်စ်မတွေကတော့ အနေအထိုင် ဆင်ခြင်ရင် သက်တန်းစေ့ နေရတယ်၊ စိုးရိမ်စရာမရှိပါဘူးလို့ ပြောပေမယ့် မိဘ ဖြစ်တော့ စိုးရိမ်မိတာပေါ့။ နောက်ဆေးစာအုပ် တစ်အုပ်မှာ မြန်မာပြည်တွင် ယောက်ျားလေး ၁ဝဝ မှာ ၁၅ ယောက်လောက်က ပရုပ်နံရှူမိရင် သွေးဥနီတွေ ပြိုကွဲတတ်တယ် ဆိုတာနဲ့ ကလေးဆရာဝန်က ကလေးတစ်ရာမှ ၁ဝ ယောက် ၁၂ ယောက်လောက် ဒိရောဂါ ဖြစ်တတ်တယ်ပြောမှ နည်းနည်းဖြေသာခဲ့ပါတယ်။ ကျတော်အဓိက သိခြင်တာက ကလေးကို ဒီရောဂါရှိမှန်းသိတော့ တစ်ခုခုဖြစ်ရင် ဆေးကို ကိုယ်တိုင်မတိုက်ပဲ ဆရာဝန်ညွန်ကြားချက်နဲ့တိုက်မှာ ဖြစ်တဲ့အတွက် ဆေးအတွက် မစိုးရိမ်ပါဘူး။ စိုးရိမ်တာက ကလေး အသုံးအဆောင်နဲ့ အစားအသောက်မှာ ကိုယ်မသိပဲ တစ်ခုခုမှားပါလာတာကို စိုးရိမ်တာပါ။ နောက်ပြီး ကလေးက ပရုပ်နဲ့မတည့်လို့ ကလေးကိုယ်တိုင် မသုံးပေမယ့် လူကြီးတွေက ပရုပ်ပါသော သွားတိုက်ဆေး ဆပ်ပြာရည် ခေါင်းလျော်ရေ Roon On စတာတွေ သုံးထားခဲ့ရင်ကော ကလေးမှာ side effect ဖြစ်နိုင်ပါသလား။ လူကြီးတွေ ဓညင်းသီး ဆူးပုပ်ကြီးစားခဲ့ရင်ကော ကလေးမှာ တစ်ခုခုဖြစ်နိုင်ပါသလား။ အဲဒါလေးတွေကို ပြည့်ပြည့်စုံစုံသိချင်ပါတယ်။

• G6PD မွေးရာပါရောဂါ http://dts-medicaleducation.blogspot.com/2010/09/g6pd.html

Thu, Sep 6, 2012 at 9:28 PM
ကျတော် အရင် ဗိုက်အောင့်ဘူးပါတယ်။ အောင့်တဲ့နောက်နေ့မနက် ဆေးခန်းသွားပြပါတယ်။ ဘာမှမပြောပါဘူး။ သုံးရက်လောက်နေတော့ သက်သာလာတယ်။ အခု ဗိုက်အောင့်တော့ မနက်စောစော ဘာမှစားလို့မရဘူး၊ အန်တယ်။ ရေသောက်တာတောင် အန်တယ်။ ညနေဘက် ဆေးခန်းသွားပြတော့ ညာဘက်အောက်အခြမ်းကို အောင့်သွားတယ်။ အူအတက်ရောင်တာတဲ့။ ဆေးထိုးပေးပါတယ်။ သောက်ဆေး တစ်ရက်စာပေးတယ်။ အမာ မစားရပါဘူး။ ဆန်ပြုတ်ကြဲကြဲလေးသောက်ရမယ်တဲ့။ ဆေးသောက်လိုက်တော့ အဖျားတွေတက်ပါတယ်။ တစ်ကိုယ်လုံးတုန်နေအောင်ပါပဲ။ တစ်ရေးအိပ်ပျော်ပြီး သွားတော့ သက်သာသွားပါတယ်။ တစ်ဝက်နည်းပါး သက်သာသွားပါတယ်။ ဝမ်းသွားပါတယ်။ နောက်နေ့ ဆေးထိုးပေးပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်ပဲ သောက်ပါတဲ့။ လေအောင့်တာလိုလို ဗိုက်ကတစ်ချက်ချက် အောင့်အောင့်လာပါတယ်။ အခုတော့ သက်သာသလောက်ရှိသွားပါပြီ။ လူပျိုပါ။ ရောဂါက ခွဲဖို့ထိ လိုမလားမသိဘူး.ဆေးထိုးဆေးသောက်တာနဲ့တင် ပျောက်သွားနိုင်ပါသလား။ တစ်နေကုန်ထိုင်ရတော့ ဝမ်းမမှန်ပါဘူး။ အစားအသောက်လည်း အမှန်ပါဘူး။ အဲဒါနဲ့ရော ဆိုင်ပါသလား။

ဖြစ်တဲ့သူရဲ့ အသက် မသိရပါ။ ဗိုက်မှာ ဘယ်နေရာက နာတယ်ဆိုတာ အတိအကျ မသိရပါ။
ဆရာဝန်က အူအတက်ဆိုရင်တော့ ဘာဘက်အောက်နား၊ အူအတက်ရှိရာနေရာ အတိအကျမှာ နာမယ်။ ဖိရင်ပိုနာမယ်။
ကိုယ်ပူတာရောဆိုရင် အူအတက်ရောင်တာ ဖြစ်နိုင်တယ်။ စမ်းကြည့်မှာသာ အသေအခြာပြောနိုင်မယ်။ တခြားဖြစ်နိုင်ခေတြွေလဲ ရှိသေးတယ်။ ဝမ်းသွားတာလဲပါနေတော့ တခြားဟာလဲ စဉ်းစားရအုံးမယ်။ ခွဲဘို့လိုရင် စမ်းသပ်ကုသပေးတဲ့ ဆရာဝန်က ပြောပါလိမ့်မယ်။

Sat, Sep 8, 2012 at 12:18 PM
အိမ်ထောင် သက်တမ်း (၃)နှစ် ကလေးမရှိသေးပါ။ အခုကျွန်တော်မှာ ဖြစ်နေတာကတော့ နှစ်ယောက်စလုံးမှာ

မေးခွန်း မပါပါ။

Sun, Sep 9, 2012 at 8:19 AM
သမီးအသက်က ၂၄ နှစ်ပါ။ ခု ဆီးကျင်နေတာ ၃ ရက်ရှိနေပါပြီ။ ဘာဆေးသောက်ရမလဲ။ ဘယ်လိုနေရမလဲ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။
UTI ဆီးလမ်းရောဂါ ပိုဖြစ်နေကြတယ် ပို့လိုက်ပါတယ်။

Sun, Sep 9, 2012 at 10:48 AM
သမီးရဲ့ ညီမလေးက ဈေးပတ်ရောင်းပါတယ် (၅ ရက် ၁ ခါ)။ ပြီးတော့ ညဈေးထဲမှာ အထည်လဲ ရောင်းပါတယ်။ တစ်နှစ်ကျော်လောက် ရှိပါပြီ။ အပေါ့ကို တခါတလေ အောင့်ထားရတဲ့ အခါတွေရှိပါတယ်။ (ဈေးနဲ့ အိမ်သာနဲ့ ဝေးလို့ရယ်၊ ပြီးတော့ တခါတလေ ဆိုင်စောင့်ကူသူ မရှိရင် မသွားဖြစ်ဆိုတော့ ရောဂါက အဲ့ကစဖြစ်တာပါပဲ။ လက္ခဏာကတော့ အခုမှ စပြတာပါ။ ၃ ရက်လောက်ရှိပါပြီ။ ဆီးအောင့်ပြီးတော့ မိန်းကလေးရဲ့ သားအိမ်လိုနေရာမျိုးမှာ ဗိုက်သားတစ်ပြင်လုံး ခါးအောက်ပိုင်း တင်းပြီးတော့ နှိပ်လိုက်ရင် အရမ်းနာပါတယ်။ ဆေးခန်းသွားပြီး ဆေးသွားထိုးတာ ဆီးအောင့်တာတော့ သက်သာသွားပါတယ်။ ဒါပေမယ့် သားအိမ်နေရာတဝိုက် ဗိုက်သားမှာ တင်းတာတော့ မပျောက်ပါဘူး။ သမီးညီမလေး စိတ်အထင်က သူ့ဗိုက်သားမှာလဲ နည်းနည်းဖောင်းလာသလို ဖြစ်သလားမသိဘူးတဲ့။ သူ့ခံစားချက်ပေါ့နော်။ (1) သမီးရဲ့ ညီမလေး ဘာဖြစ်သလဲ၊ (2) သားအိမ်ကင်ဆာ ဖြစ်နေသလား၊ (3) ဆီးအိမ်က ဘာဖြစ်သွားတာလဲ၊ (4) ဘာဆေးများ သောက်သင့်ပါသလဲ။ ဆေးခန်းက ပေးလာတဲ့ သောက်ဆေးကတော့ နာမည် အပြည့်အစုံ မပါတဲ့အတွက် ကြည့်ပြီး ပြောပြရမယ်ဆို ဆေးတခုကတော့ Espa Drotaverine အဲ့လောက်တော့ ပါတယ်။ ညှပ်ထားတဲ့အတွက်ကြောင့် စာသား ကျန်ရင် ကျန်ခဲ့ကောင်းမှာပါ။ ပြီးတော့ ဆေးအဖြူရောင် (၁) လုံးရယ် အရှည် နှစ်ခြမ်းပုံစံ (၁) လုံးရယ်၊ သောက်ပါတယ်။ ဓါတ်မှန်ရိုက်သင့်သလား၊ ဆေးစား ဆေးသောက် အနေနဲ့ ဘယ်ဆေးများ သောက်သင့်ပါသလဲ။

Drotaverine HCl ဆေးဟာ နာတာကိုသက်သာဆေး စားဆေး၊ ထိုးဆေးဖြစ်တယ်။ ဗိုက်နာ၊ သားအိမ်နာ၊ ဆီးအိမ်နာ၊ သည်းခြေအိတ်နာတာတွေအတွက် ပေးတယ်။ ခံစားရတာကိုသာ သက်သာစေတဲ့ဆေးဖြစ်တယ်။ နာတာကိုဖြစ်စေတာကို မပျောက်စေပါ။ ဖြစ်တဲ့သူရဲ့ အသက်၊ သူ့ရဲ့ ရာသီ၊ အိမ်ထောင်ရေး သိချင်ပါတယ်။