ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, September 13, 2012

Q and A September 2012 (3)

1. အလှူငွေ ဘယ်လောက်ထည့်လို့ရလဲ ဆရာ။
2. Allozym 100 mg ဆေးသောက်နေရလို့ ဆေးက ဘာရောဂါ ပျောက်အောင်
3. ထိပ်ကပ်နာလိုမျိုး ဖြစ်နေတာ ၇ လ ၈ လ ကျော်ရှိနေပါသည်။
4. အသက်ရူမဝသလိုဖြစ်ဖြစ်နေပါသည်ရှင့်။
5. ဆီးအောင့်တာ ကြာတာကနေ ဖြစ်လာတယ်လို့ သူယူဆ ပုံရပါတယ်ဆရာ။
6. အစပိုင်းမှာ နှာမွန်လာတယ်ပြီးတော့ ချေပါတယ်။
7. သူငယ်ချင်းတစ်ယောက်က ခေါင်းတစ်ခြမ်းကိုက်၊
8. အသက်ရှုလိုက်တိုင်း ရင်ဘတ်ထဲက နာတယ်။
9. ဝက်ခြံကို ကျွန်တော် တော်တော်စိတ်ကုန်နေပါပြီ။
10. Antibiotic သောက်ထားတဲ့သူ သွေးလှူလို့ရပါသလား။
11. Colitis ulcerosa လို့ထင်တယ်လို့ ပြောပါတယ်။

Sun, Sep 9, 2012 at 11:51 AM
Allozym 100 mg ဆေးသောက်နေရလို့ ဆေးက ဘာရောဂါ ပျောက်အောင် သောက်ရတဲ့ဆေးဆိုတာရယ် ဘေးထွက် ဆိုကျိုးတွေ သိချင်လို့ပါ။

Allozym ဆေးဟာ Generic name ဆေးနာမည်ရင်းဖြစ်တယ်။ Zyloprim စတဲ့နာမည်တွေနဲ့ ရောင်းတယ်။ Gout ဂေါက်ရောဂါအတွက် ဖြစ်တယ်။ ရောဂါရှိသူရဲ့ သွေးထဲမှာ Acidic များနေမယ်။ စားဆေး၊ ထိုးဆေးရှိတယ်။ ဘေးထွက်-ဆိုးကျိုးတွေထဲမှာ အများဆုံးက အရေပြားနီရဲတာ ခပ်သင့်သင့်ကနေ ဆိုးဆိုးဝါးဝါးအထိဖြစ်နိုင်တယ်။ ဆေးမတည့်တာ (အလာဂျီ) လဲရတဲ့သူတွေမှာ ရစေတယ်။ ကိုယ်ပူ၊ ချမ်း၊ အသားဝါ၊ သွေးဖြူဥနည်း၊ ဝမ်းပျက်၊ အစာမကျေ၊ အာရုံကြောရောင်၊ အိပ်ရေးပျက်၊ အရသာပျက်၊ အားနည်း၊ လိင်စိတ်နည်း၊ စတာတွေလဲ ရှားရှားပါးပါးဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေစဉ် မပေးသင့်ဘူး။

Sun, Sep 9, 2012 at 10:11 PM
ကျွန်တော်သည် နှာခေါင်းပိတ်၍ တခွတ်ခွတ်ဖြင့် ထိပ်ကပ်နာလိုမျိုး ဖြစ်နေတာ ၇ လ ၈ လ ကျော်ရှိနေပါသည်။ ထိုကြောင့် အမြန်ဆုံး သက်သာပျောက်ကင်းစေရန် မည်သည့် ဆေးမျိုးသောက်သုံး၍ မည်ကဲ့သို့ နေထိုင်ရမည့် ဆောင်ရန် ရှောင်ရန် များကို ညွှန်ကြားပေးစေလိုပါသည်။

Sinus (ဆိုင်းနပ်စ်)
Sinusitis (ဆိုင်နူဆိုက်တစ်)

Mon, Sep 10, 2012 at 12:57 PM
သမီး အသက် (၂၆) နှစ် ရှိပါပြီရှင့်။ အိမ်ထောင်ရှိပါသည်ရှင့်။ အသက်ရူရင် အသက်ရူမဝသလိုဖြစ်ဖြစ်နေပါသည်ရှင့်။ အစာတစ်ခုခုစားပြီး အထူးသဖြင့် ညစာစားပြီးလျှင် ပိုဖြစ်တတ်ပါသည်ရှင့်။ အခု နောက်ပိုင်း တစ်ပတ် တစ်ရက် (သို့) နှစ်ပတ် တစ်ရက်လောက် လည်ပင်းထဲတွင် တစ်ဆို့ဆို့ကြီးဖြစ်ဖြစ်နေပါသည်ရှင့်။ လည်ပင်းအစ်သလိုမျိုး တင်းတင်းကြီးဖြစ်နေပါသည်ရှင့်။ တစ်ရက် နှစ်ရက်လောက်နေရင် သက်သာသွားပါသည်ရှင့်။ လည်ပင်း အစ်သလို ဖြစ်သည့်နေ့တွင် အသက်ရူမဝသလို မဖြစ်ပါရှင့်။ ဆေးခန်းသွားပြသောအခါ Salbuair CFC-Free inhaler ရူဆေးပေးပါသည်ရှင့်။ ထူးထူးခြားခြား သက်သာခြင်းမရှိပါရှင့်။ (့) မှာ အလုပ်လုပ်နေပါသည်ရှင့်။ ဆရာဝန်ကို သွားပြပါက သေသေချာချာ မပြောပြတတ်တာနဲ့ပဲ အဆင်မပြေဘူးဖြစ်နေပါသည်ရှင့်။ ဘာရောဂါဖြစ်နေပါလဲ နှင့် သက်သာအောင် ဘယ်လိုဆေးများ သောက်သုံးရမလဲ။ သမီးရောဂါနှင့် မတည့်သော အစားအစာများရှိပါကလည်း ဖြေကြားပေးပါရှင့်။

ပေးထားတဲ့ဆေးဟာ အသက်ရှူလမ်း လေပြွန်တွေ ကျဉ်းတာကို သက်သာစေတဲ့ဆေးဖြစ်တယ်။ အထူးသဖြင့် ပန်းနာလို ရင်ကျပ်တာအတွက်သုံးတယ်။ ပန်းနာ ဒါမှမဟုတ် ရင်ကျပ်တာကို နားကျပ်နဲ့နားထောင်ရင် သိမယ်။ လည်ပင်းတစ်နေတာဟာ အားသီးရောင်၊ အာခေါင်နာ ဟုတ်-မဟုတ် ပါးစပ်ဟ မီးထိုးကြည့်မှ သိမယ်။ မျိုချရင်နာတာပါရှိရမယ်။ လည်ပင်းကြီး ဟုတ်-မဟုတ် မှန်ထဲမှာ ကြည့်ရင် သိမယ်။ လည်ပင်းကြီးပေမဲ့ အနေရမခက်တာကသာ များတယ်။ ဓါတ်မှန်၊ အာလ်ထွာဆောင်း ရိုက်ဘူးပါသလား။ ဆရာဝန်က ဘာရောဂါလို့ ပြောသလဲ။

Mon, Sep 10, 2012 at 8:44 PM
သမီးရဲ့ ညီမလေး အသက်က ၂၈ ပါ အိမ်ထောင် မရှိသေးပါဘူး ရာသီလဲ တစ်လတခါ ပုံမှန်လာပါတယ် အဓိက သူပြောပုံအရတော့ ဆီးအောင့်တာ ကြာတာကနေ ဖြစ်လာတယ်လို့ သူယူဆ ပုံရပါတယ်ဆရာ။ ပြီးတော့ သူ့ဗိုက်သားက အရင်ထက် ပိုဖောလာသလို တင်းနေတယ်လို့ ခံစားရပါတယ်တဲ့ ဆရာ။

ဆီးလမ်းပိုးဝင်တာအတွက် ပို့ထားပါတယ်။ မိန်းကလေး ဆီးစပ်နေရာဖေါင်းရင် ရာသီဖြစ်စဉ် အသေအခြာ မေးပါ။ တကယ်အလုံး၊ အကျိတ်မရှိဘဲ ဆီးအိမ်ရောင်လို့လဲ ဖေါင်းနေတယ်လို့ ခံစားရနိုင်ပါတယ်။ ဆရာ့စာထဲက ဆေးနည်းကို လိုက်နာရင် ဆီးလမ်းပိုးဝင်တာ ကောင်းသွားပါမယ်။ လိုသေးတော့မှ ဆရာဝန်တဦးဦးကို အရင်ပြပါ။ ဓါတ်မှန်ကို ကိုယ့်ဖါသာ မရိုက်ပါနဲ့။ လိုသေးရင် မေးပါ။

Mon, Sep 10, 2012 at 10:29 AM
ကျွန်တော်ရဲ့ အကိုတော် (ဝမ်းကွဲ) တစ်ယောက်က ၃၂ နှစ်လောက်ရှိပါပြီ။ အိမ်ထောင်မရှိပါ။ လူပျိုပေါ့။ အသောက်အစား ကင်းရှင်းပါတယ်။ ဆေးလိပ်ကွမ်းယာ မသုံးစွဲပါ။ ဖျားနားခြင်း အအေးမိခြင်း မရှိဘဲ နှာမွန်လာတာပါ။ ခဏခဏ ဖြစ်တတ်ပြီး အစပိုင်းမှာ နှာမွန်လာတယ်ပြီးတော့ ချေပါတယ်။ နှာချေပြီးဆိုရင် နှာရည်ကျပါတယ်။ နှာရည် အရည် သက်သက်ချည်းပါပဲ။ တွေကျလာပြီးနောက် နှာပိတ်သလိုဖြစ်ပါတယ်။ ဒါပေမယ့် နှာခေါင်းသံ ပါယုံလေးပါပြီး လုံးဝမပိတ်ပါဘူး။ ဖျားနာခြင်း၊ အအေးမိခြင်း မရှိဘဲ ဘာကြောင့်ဖြစ်တာလဲ သိချင်လို့ပါ။ ဒါပေမယ့်သူက အခုလိုအချိန်လို တစ်ပါတ်မှာ ၄ ရက်လောက် ချောင်းထဲမှာ စက်လှေနဲ့ စပါးတွေ သွားသယ်ရပါတယ်။ စက်လှေမောင်းပေါ့။ တစ်ခါတလေ တစ်နေကုန်ပါတယ်။ တစ်ခါတလေ နေ့ဝက်လောက်ဆိုပြန်လာပါတယ်။ ဖြစ်တာက တစ်လ ၃ ခါလောက်ဖြစ်ပြီး တစ်ခါဖြစ်ရင် ၂ ရက်လောက် ကြာတတ်ပါတယ်။
ဒုတိယမေးခွန်းက ကျွန်တော့် အမျိုးသမီးရဲ့ အမေပါ။ သူက အစတုန်းက ခေါင်းက နေရာကွက်ကွက်ပြီး ကျဉ်ပါတယ်။ အဲဒီ့အချိန်ဆို ဇက်ကြောတက်တယ်။ အကြော (လက်မောင်း၊ ပေါင် ၊ ခြေသလုံး) တွေ နာပါတယ်တဲ့။ အခုတော့ ခေါင်းတစ်ခြမ်းလုံး၊ တစ်ခါတရံ ခေါင်းတစ်လုံးလုံး ကျဉ်ပါတယ်။ အဲဒါကရော ဘာဖြစ်တာလဲသိချင်လို့ပါ။ အမေက အသက် ၆ဝ လောက်။ အိမ်ထောင်သည်က ဆုံးသွားတာ ၁၅ နှစ်လောက်ရှိပါပြီ။

အကိုအတွက် စာတပုဒ်ပို့ပါတယ်။ Allergic Rhinitis အလာဂျီ နှာခေါင်း
နောက်တဦးရဲ့ BP သွေးဖိအား သိချင်တယ်။ ဆေးစစ်ဘူးရင် ဘာထူးတာရှိလဲ သိချင်ပါတယ်။

Tue, Sep 11, 2012 at 10:15 AM
ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်က ခေါင်းတစ်ခြမ်းကိုက်၊ ခေါင်းတစ်ခြမ်း ထိရင်နာ (သို့) မထိဘဲနဲ့ သူအလိုလို နာနေပါတယ်။ နောက်ပြီး တံတွေးမြိုချတဲ့အခါနဲ့ ပါးစပ်ဟတဲ့အခါ နာနေပါတယ်။ အမည် (့)၊ အသက် ၄ဝ၊ အိမ်ထောင်ရှိ။ ကြာချိန် ၁ ရက်။ နေရာ (့)။

အနာသက်သာဆေး (Paracetamol. Ibuprofen) တခုခုကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်၊ အစာနဲ့ တွဲသောက်ပါ။ တံတွေးမြိုချတာနာရင် Amoxacillin 500 mg ဆိုရင် တခါသောက် ၁ တောင့်၊ တနေ့ ၂ ကြိမ်၊ 250 mg ဆိုရင် တခါသောက် ၁ တောင့်၊ တနေ့ ၄ ကြိမ်၊ အနာသက်သာဆေးပါ တွဲသောက်ပါ။ ၄-၅ ရက်သောက်ပါ။ ဆားရည်နဲ့ ပလုပ်ကျဉ်းပါ။ Blood pressure သွေးဖိအား သိချင်ပါသေးတယ်။

Wed, Sep 12, 2012 at 8:15 PM
သမီး ရင်ဘတ် အလည်တည့်တည့် အောင့်နေတာ ၂ လလောက်ရှိနေပြီ။ အသက်ရှုလိုက်တိုင်း ရင်ဘတ်ထဲက နာတယ်။ အခုက ပိုဆိုးလာတယ်။ နှလုံးနဲ့ ပက်သက် မပက်သက်။ ဘယ်လိုနည်းနဲ့ ကုသနိုင်မလဲဆိုတာ အကြံဥာဏ်ပေးပါဆရာ။ အမည် မ (့)၊ အသက်- ၃၂နှစ်၊ အိမ်ထောင်ရှိ၊ ကလေး ၁ ဦးရှိ၊ လက်ရှိနေတာ (့) နိုင်ငံမှာ ရွေ့ပြောင်း အလုပ်သမားတဦး ဖြစ်ပါတယ်။

ရင်ပတ်ဆိုတာ နဲ့ ဝမ်းဗိုက် ခွဲသိရ၊ ပြောရပါမယ်။ နှလုံးနဲ့ဆိုငတာက ရင်ပတ်။ အတိအကျပြောရရင် ရင်ပတ်အလည် ရင်ညွန့်ရိုးအောက်နေရာက နာတယ်။ ဒါပေမဲ့ အသက်ကြီးသူ၊ အဝလွန်သူ နဲ့ (ကိုလက်စထော) များသူတွေမှာသာ အဲလို နှလုံးကြောင့် နာတာဖြစ်ပါတယ်။
ဆက်နေတာက ရင်ခေါင်းခေါ်တဲ့နေရာ။ တကယ်က ဗိုက်ဖြစ်တယ်။ လေ၊ အစာအိမ်၊ အသဲတွေနဲ့ ဆိုင်တယ်။
နာပုံနာနည်း၊ အောင့်နာ၊ ထိုးနာ၊ ရစ်နာ ပြောပါ။ ဘယ်အချိန်မှာ ပိုဆိုးတယ်၊ ဥပမာ အစာစားပြီး။ ဘယ်ဆေးသောက်ရင် သက်သာတယ်။ ဖြစ်တာဘယ်လောက်ကြာ ပြောပါ။ မိန်းကလေးဖြစ်လို့ ရာသီလဲ ပြောပါ။ ဆေးစစ်ဘူးလို့ ထူတာသိလဲ ပြောပါ။

Thu, Sep 13, 2012 at 10:05 AM
ဘဏ်အကောက်ထဲကို အလှူငွေ ဘယ်လောက်ထည့်လို့ရလဲ ဆရာ။ သောင်းဂဏန်းကနေ သိန်းအထိလားဆရာ။

အလှူငွေကို မြန်မာပြည်ကနေ တခါမှာ လာဘူးပါ။ ခုတလောကြားတာက Western Union ငွေလွဲစနစ် မြန်မာပြည်မှာလဲ ရတော့မယ်လို့ ကြားရတယ်။ မြန်တယ်။ စိတ်ချရတယ်။ ဒါပေမဲ့ ပို့ခပိုက်ဆံ ဘဏ်ထက်ပိုယူတယ်။ တခြား အကြောင်းကိစ္စတွေ အတွက်တော့ လူကြုံတို့ ဟွန်ဒီတို့ အဆင်ပြေတာရှာ လုပ်ရပါတယ်။ ဘဏ်နဲ့ Western Union ကနေ ငွေဘယ်လောက်များများ၊ နည်းနည်း လွှဲလို့ရပါတယ်။

Thu, Sep 13, 2012 at 10:52 AM
ကျွန်တော်က မန်းလေးသားတစ်ယောက်ပါ။ ကျွန်တော် ၉ တန်းလောက်မှာ ဝက်ခြံစပေါက်ပါတယ်။ အဲဒီတုန်းက ၁၅ နှစ် ပတ်ဝန်းကျင်ပေါ့။ အခု university first year တောင်ပြီးပါပြီ။ အခုဆို အသက်က ၁၆ ကျော်ကျော်ပေါ့ဗျာ။ အခုထိ ဝက်ခြံက မပျောက်သေးပါဘူး။ နှစ်နဲ့ချီးပြီး ပေါက်လာလို့ ဝက်ခြံကို ကျွန်တော် တော်တော်စိတ်ကုန်နေပါပြီ။ အဲ့ဒီ ဝက်ခြံက မပျောက်တာကတစ်ကြောင်း အခုဆိုဝက်ခြံကြောင့် အမာရွတ်တွေက တော်တော်များနေပါပြီ။ အမြန်ပျောက်အောင် လုပ်ဆောင်သင့်တာတွေ၊ ကာကွယ်သင့်တာတွေ၊ နောက်ပြီး သုံးရမယ့်ဆေးတွေကို သိချင်ပါတယ်။ ဆေးကလည်း ခက်ခက်ခဲခဲ မဟုတ်ပဲ အိမ်တွင်းမှာပဲ အလွယ်တကူသုံးလို့ရပြီး အကျိုးရှိတာမျိုးကိုပဲ သုံးချင်ပါတယ်။ နောက်ပြီး ကျွန်တော်က ကိုယ်ကာယကိုလည်း ကျန်းမာ လှပချင်ပါတယ်။ အဲ့ဒါ အသက် ၁၆ နှစ်ကျော်လာတဲ့အချိန်မှာ gym တက်ရင် သင့်တော်သလားဆိုတာကိုလည်း သိချင်ပါတယ်ခင်ဗျာ။

Acne ဝက်ခြံ ရောင်စုံ

Thu, Sep 13, 2012 at 2:11 PM
သွေးလှူတာနဲ့ ပတ်သက်ပြီး လာပြန်ပါပြီဆရာ။ Antibiotic သောက်ထားတဲ့သူ သွေးလှူလို့ရပါသလား။ ရတယ်ဆိုရင် ဘယ်လောက်ကြာမှ လှူလို့ရတာပါလဲ။ အခုနေမကောင်းဖြစ်လို့ ချောင်းဆိုးပြီး Antibiotic သောက်ထားရလို့ပါ။ Safe ဖြစ်ချင်လို့ပါဆရာ။
Antibiotic သောက်ထားလဲ တခြားမရမဲ့ အချက်တွေ မရှိရင် သွေးလှူလို့ရပါတယ်။

Fri, Sep 14, 2012 at 12:01 AM
ကျွန်မ အသက် ၂၇ ပါ။ (့) မှာနေပါတယ်။ ဝမ်းသွားရင်ချွဲပါပြီး သွေးပါတယ်။ ခဏခဏဝမ်းသွားချင်တယ်၊ ဝမ်းသွားတာ အားမရကြောင်း ရေးပြီးမေးခဲ့ပါတယ်။ ဆရာလည်းစာပြန်ပါတယ်။ ဘာသာလည်းပြန်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်။ ဆရာဝန်နဲ့ သွားပြတော့ သွေး (နီညိုဖျော့)၊ ဆီး၊ ဝမ်းကိုစစ်ပါတယ်။ ဝမ်းထဲမှာတော့ ဘာလက္ခဏာ မပြဘူးတဲ့။ သွေးထဲမှာတော့ ပြဿနာနည်းနည်းရှိတယ်တဲ့။ Colitis ulcerosa လို့ထင်တယ်လို့ ပြောပါတယ်။ အဲတာ ဆေးရုံမှာ စအိုထဲကို ကင်မရာထည့်ပြီး ကြည့်ရမယ်တဲ့ အဲဒီကအဖြေအတိအကျသိမှ ကုသမှုပေးမယ်လို့ ပြောပါတယ်။ ဆေးရုံ ရက်ချိန်းက အောက်တိုဘာ လလည်လောက်မှ ရပါတယ်။ ကျွန်မသိချင်တာ Colitis ulcerosa ဆိုတာ ဘာကြောင့် ဖြစ်ရပါလဲ။ မည်ကဲ့သို့ နေထိုင်စားသောက်ရမည်ကိုလည်း ဖော်ပြပေးပါနော် (ဆောင်ရန်ရှောင်ရန်များ)။ ဘာရောဂါဖြစ်ဖြစ် သွေးစစ်ရင် အဖြေအတိအကျ သိရပါလားရှင့်။ ဒီမှာ ဘာရော၈ါဖြစ်ဖြစ် သူတို့က သွေးပဲစစ်တယ်။ ဘာမှလည်း သိပ်မစမ်းဘူး။ အဲတာအမြဲမှန်ပါသလားရှင့်။ ဆေးရုံရက်ချိန်းက ရောဂါဖြစ်နေတဲ့အချိန်နဲ့ တော်တော် ကွာနေတော့ ဒီကြားထဲမည်ကဲ့သို့ သက်သာအောင်နေထိုင်ရမည်ကို ဖော်ပြပေးပါနော်။ ဒီမှာက ဆေးတော်တော်များများကို ဆရာဝန် လက်မှတ်မပါရင် ဝယ်လို့မရပါ။ စိတ်လည်းပူပြီး မျှော်လင့်ချက်မဲ့နေသလိုလို ဖြစ်နေပါတယ် ကူညီပေးပါအုံးနော်။

ဆောရီး။ ဒီရောဂါက နာတာရှည်ဖြစ်တယ်။ ဘာလို့ဖြစ်သလဲ အတိအကျ ပြောမရဘူး။ ကုရတာလဲ အချိန်ယူမယ်။ ကင်ဆာ မဟုတ်တာ ကံကောင်းတယ်လို့ မှတ်ယူပါ။ အူမကြီးမှာ အနာလိုဖြစ်တာပါ။ အူမကြီးရောင်တာလို့လဲ ပြောနိုင်တယ်။ အချိန်ယူပြီးမှ စာတပုဒ်ရေးပါမယ်။