ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, September 19, 2012

Q and A September 2012 (5)

1. လေမုတ် ခွဲစိတ်ထားပါတယ်။
2. အရေပြား ယားခြင်း။ ရာသီမရွေးနှာချေခြင်း
3. T3, T4, TSH စစ်ခိုင်းပါတယ်။
4. နှလုံးသွေးကြောကျဉ်း ရောဂါကြောင့်
5. ကျွန်တော်က မီးသတ်သမားတစ်ယောက်ပါ။
6. ခေါင်းလောင်းရေချိုးတာနဲ့ ခေါင်းခဏခဏ လျှော်ရတာတွေကို
7. ကျမ အရပ် က ၄' ၁၁''ရှိပြီး ပေါင်ချိန်က ၃၇ ကီလို မှာပဲရှိပါတယ်။
8. ဆီးခဏခဏသွားချင်တဲ့ရောဂါ ခံစားနေရပါတယ်။
9. အောက်သွားဖုံးမှာ အနာဖြစ်ပြီး ပြည်စတည်ပါတယ်။

Mon, Sep 17, 2012 at 10:03 AM
ဆရာရှင့် ကျွန်မ အဖေက အခု အသက် (၈၀) ရှိပါပြီ။ အဖေက လွန်ခဲ့တဲ့ တစ်နှစ်က လေမုတ် ခွဲစိတ်ထားပါတယ်။ နှလုံးရောဂါရှိပေမဲ့ အောင်အောင်မြင်မြင်ပဲ ခွဲစိတ်ထားပါတယ်။ အဖေ့ နှလုံးရောဂါကတော့ နှလုံးညှစ်အား နည်းတယ်လို့ ပြောပါတယ်။ အဖေက အသက်လဲ ကြီးပြီဆိုတော့ ခုဆို မောမောနေတတ်ပါတယ်။ ဆရာဝန်ညွှန်းတဲ့ နှလုံး အားတိုးဆေးတွေတော့ သောက်နေပါတယ်။ အခုတလော အဖေ့မှာ လေရောဂါခံစားနေရပါတယ်။ လေမလည်ပဲနဲ့ ဗိုက်ထဲမှာ လေတွေနဲ့ပြည့်နေပါတယ်တဲ့။ Air x အစရှိတဲ့ ဆရာဝန်တွေညွှန်းတဲ့ လေဆေးတွေသောက်နေပေမဲ့ မသက်သာပါဘူး။ တခါတလေ လေကမထွက်ပဲ ပိုပိုမောမောနေတတ်ပါတယ်။ တခါတလေ ရင်ဘတ်ထဲက နဲနဲအောင့်တယ်လို့ ပြောပါတယ်။ ဆေးတွေမှီဝဲသင့်တယ်။ ဘယ်လိုနေထိုင်ပြုမူသင့်တယ်ဆိုတာကို ညွှန်ပြပေးပါအုံး။

လေမုတ် ဆိုတာ မရှင်းပါ။ လူကြီးဖြစ်တော့ သွေးတိုးမရှိရင် မြန်မာဆေးလဲ အားကိုးနိုင်ပါတယ်။ လျှက်ဆား စတာမျိုး။ လေနာအကြောင်း စာတပုဒ် ပို့ပါတယ်။
Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

ဟုတ်ကဲ့ပါဆရာ။ ခုလိုပို့ပေးတာ ကျေးဇူးတင်ပါတယ်။ အဖေခွဲစိတ်တုန်းကျတော့ အူကျလို့ခွဲတာပါ။ အဲ့ဒါဆရာဝန်က လေမုတ်ကြောင့်ဖြစ်တယ်လို့ပြောလို့ပါဆရာ။
Hydrocele မုတ်ရောဂါဆိုတာ ရေမုတ်။ Hernia ဆိုရင် အူကျတာ။ မုတ်မခေါ်ပါ။

Mon, Sep 17, 2012 at 8:57 AM
Address = Yangon, Myanmar, age = 54 yr
အရေပြား ယားခြင်း။ ရာသီမရွေးနှာချေခြင်း ၇ နှစ်ခန့် ရှိပါပြီ။ ကျောက်ကပ် ၂ ဖက်လုံး ကျောက်တည်ဘူး (၃ နှစ်ခန့်)၊ I.B.S ဖြစ်ဘူး (၂ နှစ်ခန့်)။ အရေပြားယားပါသည် ကုတ်လိုက်လျင် အနီရောင်အစင်းရာပေါ်လာပြီိး ကြွလာပါသည်။ ၁၅ မိနစ်ခန့် ကြာသော် အနီရောင်ပျောက်ပြီး မူလအသားရောင်ပြန်ဖြစ်ပါသည်။ ဖေါင်းကြွနေခြင်းကတော့ နောက်ထပ် ၁၅ မိနစ်ခန့်တွင် ပြန်ပျောက်ပါသည်။ မယားယံဘဲ အရေပြားကို လက်သဲနှင့် အသာလေးခြစ်ယုံနဲ့ အနီစင်းထင်လာပါသည်။ ဓါတုဗေဒအနံ့ ရလျင် နှာချေပါသည်။ Antihistamine များသောက်ပါသည်။ နှစ်ချီပြီး ဆေးသောက်ရတာ ကြာတော့ ဆေးမသောက်ဘဲ ခံနေလိုက်ပါတယ်။ နာရီဝက်ကြာရင် ပျောက်သွားပါတယ်။ သောက်ခဲ့သောဆေးများမှာ Burmeton-Cetrizine-Loratadine-Albandazole-Fecet (ဖေဆိုဖနဒင်း)များ ဖြစ်ပါသည်။ သောက်လျင်သက်သာပါသည်။ investigation လိုအပ်လျင် ညွန်ကြားပေးပါခင်ဗျား။ သောက်သင့်သောဆေးကိုလည်း ညွန်ပေးပါခင်ဗျား။

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
Allergy သို့မဟုတ် မတည့်အတူနေ
Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ
Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး

Tue, Sep 18, 2012 at 4:11 PM
သမီးအသက်က (၂၅)နှစ်ပါ၊ အိမ်ထောင်ရှိပါတယ်၊ ကလေးတော့မရှိပါဘူး။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က လည်ပင်းက ယောင်ယောင်လေးကြီးလာလို့ ဆေးခန်းပြခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်ကပါ၊ T3, T4, TSH စစ်ခိုင်းပါတယ်။ T3 = 2.23၊ T4 = 135၊ TSH = 0.62 ဖြစ်ပါတယ်။ Provimin (စိမ်းပြာရေညှိ အားဆေး) သောက်ခိုင်းပါတယ်။ တခြားဘာမှ မသောက်ခိုင်းပါဘူး။ အခုလည်ပင်းက နည်းနည်းပိုကြီးလာတယ်ထင်လို့ ကိုယ့်ဘာသာကိုယ် ဆေးစစ်ကြည့်လိုက်တော့ T3 = 1.47၊ T4= 91.74၊ TSH = 0.009 ဖြစ်နေပါတယ်။ TSH က Below normal (expected) range ဖြစ်နေပါတယ်။ သမီး ဘာဆေးသောက်သင့်ပါသလဲ၊ မျက်လုံးကလည်းပုံမှန်ပါပဲ။ မပိန်တဲ့အပြင် ပိုတောင်ဝလာပါတယ်။ လည်ပင်းက အရင်ကထက် နည်းနည်းလေးပိုကြီးလာတယ်။ အလုပ်နဲ့ဆိုတော့ ဆေးရုံသွားဖို့ သိပ်အဆင်မပြေလို့ပါ။ သမီးက ရန်ကုန်ကပါ။ ဆေးခန်းသွားဖို့လည်း သိပ်အဆင်မပြေလို့ပါ။

Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်း
Thyroid လည်ပင်းကြီးရောဂါ

Tue, Sep 18, 2012 at 8:32 PM
အမေကအသက် ၆၂ နှစ်ရှိပါပြီ။ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဆေးသောက်နေရပါတယ်။ ဆရာဝန်က အောက်ပါဆေးတွေကို ပေးပါတယ်။ သွေးတိုးရောဂါလည်း ရှိပါတယ်။ အသက် ၃ဝ လောက်မှယနေ့ အထိ နောက်ကျောတက်ဝေဒနာ ရှိပါတယ်။ ယခုသောက်နေသောဆေးများမှာ adpin-5, trimetazidino - 20mg ဆေးသောက်နေသော်လည်း အကြောတက်၊ မောသည်။ ခြေသလုံးကြွက်တက်၊ ဒူးခေါင်းနာ၊ ခြေဖမိုးအကြောများ တင်းကာအရမ်းနာသည် ယခုဆိုလမ်းလျှောက်လျှင် တကိုယ်လုံးနာကျင်ကိုက်ခဲ ညဘက်အိပ်မပျော် တနာရီခြားတခါ ဆီး ထသွားရပါသည်။ နှလုံးရောဂါသည်များ မည်သည့်အားဆေးကိုသောက်သင့်ပါသလဲ။ ဆေးရုံတက်သင့်ပါသလား။ ဆရာဝန်ကတော့ ဆေးရုံတက်ရန်မလိုဆေးစွဲ သောက်ရမည်ဟုပြောပါတယ် ရောဂါသည်အတွက်မည်သို့ နေထိုင်ပြုမှုသင့်ပါသလဲ။
Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ
ဆရာရေးတာ မရှိသးလို့ တခြားဆရာရေးထားတာကို ပို့လိုက်ပါတယ်။ ဆီးချိုလဲစစ်ပါ။ လိုသေးရင်မေးပါ။

Wed, Sep 19, 2012 at 9:45 AM
ကျွန်တော်က မီးသတ်သမားတစ်ယောက်ပါ။ အသက် (၂၇)နှစ်ရှိပါပြီ၊ တာဝန်ကျတာကတော့ မီးသတ်ဦးစီးဌာန (ရုံးချုပ်) (့) မှာ တာဝန်ကျပါတယ်။ ငယ်ငယ် ၁၃ နှစ်သားလောက်ကတည်းက ခေါင်းလောင်းပြီး ရေချိုးလေ့ရှိပါတယ်။ အခုချိန်ထိဆိုပါတော့ဆရာ၊ ပြီးတော့ မီးသတ်သမားတစ်ယောက်လဲ ဖြစ်တာကြောင့် ခေါင်းလောင်ပြီးရေမချိုးရင်လဲ မီးလောင်ပြင်ထဲ ခဏခဏဆိုသလို ဝင်ရတော့ ခေါင်းခဏခဏလျှော်ရပါတယ်။ ခေါင်းလောင်းလဲရေချိုး၊ ခဏခဏလဲ ခေါင်းလျှော်ရတော့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေများ ဖြစ်တတ်ပါလားလို့သိချင်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ သူငယ်ချင်း မီးသတ်သမားတော်တော်များများဟာ ကျွန်တော့်လိုမျိုး ခေါင်းလျှော်၊ ခေါင်းလောင်းပြီး ရေချိုးရတာတွေကို ခဏခဏလုပ်ကြရပါတယ်။ အခုချိန်ထိတော့ ခေါင်းအရမ်းကိုက်တာတို့ အရမ်းမူးတာတို့တော့ မဖြစ်ကြပါဘူး၊ ဒါပေမယ့် စိုးရိမ်စိတ်ဝင်လာလို့ သိချင်စိတ်နဲ့ ဆရာကို အခုလိုမေးလ်ပို့ပြီး မေးရတာပါ။

လုံးဝ စိုးရိမ်စရာမရှိပါ။ ယောက်ျားလေးတွေက ဆံပင်ခေါင်းလျှော်တာ ပျင်းကြတာများတယ်။ မိန်းကလေးတွေက သန့်ရှင်းချင်ကြပေမဲ့ ဆံပင်များတော့ ခေါင်းလျှော်ရင် တော်တော်နဲ့ မခြောက်လို့ ရက်ခြားကြရတယ်။ နေ့တိုင်းလျှော်လဲ ရတယ်။ ချွေးနံ့သက်သာစေမယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက်ကောင်းပါတယ်။ ပုံမှန် ရေကြောင့် ဆံပင်ကို မထိခိုက်ပါ။ ခေါင်းလျှော်ရည်ကနေသာ အဆင်မသင့်ရင် ထိခိုက်စေနိုင်တယ်။

Wed, Sep 19, 2012 at 10:20 AM
ကျေးဇူးပါဆရာ ကျွန်တော်တို့ သူငယ်ချင်းတွေက ဦးနှောက်အမှေးပါးရောင်တာတို့၊ ဦးနှောက်မှာ အရည်ကျိတ် တည်တာ တို့ကို ဖြစ်မှာကြောက်ပြီး ဆရာ့ကို အပူတပြင်း မေးလ်ပို့ပြီးမေးလိုက်ရတာပါ။ မစိုးရတော့မှန်း သိလိုက်ရတော့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကိုယ်လုပ်ရတဲ့အလုပ်ပေါ်မူတည်ပြီး ခေါင်းလောင်းရေချိုးတာနဲ့ ခေါင်းခဏခဏ လျှော်ရတာတွေကို အခုမှပဲ စိတ်သန့်သွားတော့တယ်။

Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်

Wed, Sep 19, 2012 at 11:10 AM
ကျမ အရပ် က ၄ ပေ၊ ၁၁ ရှိပြီး၊ ပေါင်ချိန်က ၃၇ ကီလိုပဲရှိပါတယ်။ doctor ကပြောပါတယ်၊ ကီလို တက်သင့်တယ်လို့။ နောက်ကျရင် တက်လာမှာပါနော် နေမကောင်းတော့ သိပ်မဖြစ်ပါဘူး။ ဒါပေမယ့် အပြင်ကို ၃ နာရီထက် ပိုသွားမိရင် ဆီတွေပူ အောင့်ပြီး ဖျားသလိုဖြစ်တတ်ပါတယ်။ နေပူပူ မပူပူ အမြဲထွက်တိုင်း ဖြစ်တတ်ပါတယ်။ ရေခဲရေ လုံးဝမသောက်ပါ။

၃၇ ကေဂျီ = ၈၄့၎ ပေါင်ရှိတယ်။ အနောက်နိုင်ငံစံတွေအရ မိန်းကလေး အရပ် 4' 11" ရှိသူဟာ 101 ဆိုရင် နည်းတယ်။ 117 ဆိုရင်ကောင်းတယ်။ 134 ဆိုရင်များတယ်။
Weight gain လှယုံမက ဝချင်သေးရင် ကိုပို့လိုက်ပါတယ်။
Wed, Sep 19, 2012 at 2:20 PM
ဆီးခဏခဏ သွားချင်တဲ့ရောဂါ ခံစားနေရပါတယ်။ အသက် ၂၉ နှစ်ရှိပါပြီ။ အိမ်ထောင်မရှိပါ။ ဒီလိုဖြစ်နေတာ သုံးနှစ်လောက်ရှိပြီ ထင်ပါတယ်။ ဆီးခဏခဏ သွားချင်တဲ့အတွက် ရေသောက်ရမှာလဲ ကြောက်နေပါတယ်။ ရေမသောက်ရင်တောင် ခဏခဏ သွားချင်နေတတ်ပါတယ်။ ညဘက်ဆိုလဲ တစ်ညကို သုံးခါထက်မနည်း သွားရပါတယ်။ ဘာရောဂါဖြစ်နေလဲသိချင်လို့ပါ။ ဘာဆေးတွေ သောက်ဖို့လိုမလဲ။ ဆရာကူညီပေးပါဦး။

ဆီးချိုစစ်ပါ။ အဖြေပြောပြပါ။ ဆီးသွာလို့ အောင့်-မအောင့်၊ ဆီးမလုံတာ (ချောင်းဆိုး၊ နှာခြေရင် ဆီးတစက်ထွက်တာ) ရှိ-မရှိလဲ ပြောပါ။

ဆီးသွားရင်တော့ မအောင့်ပါဘူး။ ချောင်းဆိုး၊ နှာခြေရင်လည်း ဆီးတစက်ထွက်တာလဲမရှိပါဘူးရှင်။ ဆီးချိုရှိမရှိစစ်ပြီး ဆရာ့ကို ပြန်ဆက်သွယ်ပါ့မယ်။

Wed, Sep 19, 2012 at 11:09 AM
ကျွန်မ နာမည်က (့) ပါ။ ၇ တန်းလောက်ကတည်းက ရေခဲကို တစ်ရက်ကို အကဒ် ၂၀ လောက်စားပါတယ်။ စတုတ္ထနှစ်လောက်မှာ မစားတော့ပဲ တခါတရံမှသာ စားပါတော့တယ်။ ပထမနှစ်ကစပြီး အောက်သွားဖုံးမှာ အနာဖြစ်ပြီး ပြည်စတည်ပါတယ်။ ပြည်တည်လိုက်၊ ပြည်ပေါက်လိုက်၊ ပြန်တည်လိုက်နဲ့ အခုဆို အဲဒီအနာလေးဟာ ၇ နှစ်ရှိပါပြီ။ နာတာကျင်တာတော့ မရှိပါဘူး။ ဒါပင်မယ့် အဲဒီအနာထဲမှာတော့ အသားစလိုလေး ထွက်နေပါတယ်။ ကျွန်မအနာက သွားဖုံးကင်ဆာ ဖြစ်လာမှာစိုးရိမ်လို့ပါ။ ကျွန်မအသက်က အခု ၂၃ နှစ်ပါ။ တခါတလေတော့ ဆေးလိပ်သောက်ပါတယ်။ ကင်ဆာဖြစ်နိုင်ပါသလားဆရာ။

သွားဖုံးအနာက ကြာရင် အမာရွတ်ဖြစ်မယ်။ ပြည်ကုန်သွားတာပေမဲ့ အထဲမှာ ခဏခဏဖြစ်တာမို့ အသားနု ထူနေမယ်။ ဒါကြောင့် အဖုလို၊ အကျိတ်လိုရှိနေတာဖြစ်မယ်။ ပိုးထပ်ဝင်တနဲ့ ပြည်တည်တာတော့ အဆင်မသင့်ရင် ထပ်ဖြစ်နိုင်တယ်။ ကင်ဆာ မဟုတ်နိုင်ပါ။

ဆေးလိပ်ကနေတော့ အဆုပ်ကင်ဆာဖြစ်ဘို့ ဆေးလိပ်မသောက်သူတွေထက် အခွင့်အလမ်း အတော်များတယ်။ ခံတွင်းကင်ဆာလဲ နဲနဲပိုများတယ်။