ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, September 21, 2012

Q and A September 2012 (7)

1. ရိုးတွင်းကင်ဆာရောဂါအကြောင်းကို
2. Please also let me know the name of disease
3. အခုလောလောဆယ် ဆေးစာအပြည့်အစုံနဲ့
4. အသဲအထူးကုနဲ့ ပြသဖို့ ရည်ရွယ်ထားပါတယ်။
5. ကျနော့်အသက်က ၄ဝ နှစ်ပါ
6. သမီး အသက်က ၃၅ နစ်ပါ။
7. မနေ့ကမှ မိန်းမနဲ့ဖုန်းပြောဖြစ်တယ်။
8. အမည် မ(့)၊ အသက် ၂၂၊

Thu, Sep 20, 2012 at 11:12 AM
ရိုးတွင်းကင်ဆာရောဂါအကြောင်းကို အသေးစိတ်သိရှိလိုပါတယ်ရှင်။ ရိုးတွင်းကင်ဆာရောဂါကကုသလို့ ပျောက် မပျောက်ကိုလဲ သိရှိလိုပါတယ်ရှင်။

ရိုးတွင်းခြင်ဆီ-ကင်ဆာကို ပြောတာပါလား။ အင်္ဂလိပ်စာလုံးပေါင်းကော သိပါသလား။
• Bone Marrow Diseases ရိုးတွင်းခြင်ဆီ ရောဂါများ http://dts-medicaleducation.blogspot.in/2012/08/bone-marrow-diseases.html
• Lymphoma (လင်ဖိုးမား) ရောဂါ http://dts-medicaleducation.blogspot.in/2012/03/lymphoma.html

Thu, Sep 20, 2012 at 10:26 AM
Please also let me know the name of disease as per the attached photos

Please go through the articles. You will come to know which is yours. The photos are helpful but not good enough to decide the diagnosis. A doctor needs thorough history and exam. Most possible is piles. But the color photo shows something around anus. I suspect ulcers or sores. Therefore I sent two writings so that you can assume. If you have sores around anus it can be FIA. But FIA (Fistula) does not bleed. If it is FIA (Fissure) it is painful while you use the bathroom. It can bleed a bit. Piles are common and bleed if stool is hard.

Thu, Sep 20, 2012 at 2:29 PM
အခုလောလောဆယ် ဆေးစာအပြည့်အစုံနဲ့ ဖြစ်နေတဲ့ရောဂါအသေးစိတ်ကို မသိရသေးတဲ့အတွက် သိရသလောက် ပြောပြပါ့မယ်။ အစာလမ်း (အူ) တီဘီလို့ထင်တယ်။ Abdominal TB ရှိတယ်လို့ပြောပါတယ်။ ပြီးတော့ အရည်ထဲမှာလည်း တီဘီပိုးတွေ့တယ်တဲ့။ အသည်းကတော့ ကောင်းတယ်၊ အသားဝါလည်း မရှိဘူးလို့ပြောပါတယ် (၁ဝဝ% မသေချာ)။ ဝမ်းပိုက်ရောင်တာတော့ အရည်တွေထုပ်လိုက်တော့ လျှော့သွားတယ်၊ နည်းနည်းတော့ ရောင်နေသေးတယ်။ တီဘီဆေး ထပ်မပေးသေးပါဘူး။ အခုလောလောဆယ် အရည်ထုတ်နေတုန်း Antiboitic တစ်ခုထဲပဲ သွင်းပေးတယ်။ ခံတွင်း မကောင်းလို့ အစာစားရတာ အဆင်မပြေဘူးဆိုတော့ အားလည်းနည်းနေတယ်။ အားနည်းလွန်းလို့လားမသိ နားတွေပါ အူတယ်။ အခြေအနေအသေးစိတ်သိသိချင်း ဆရာ့ကိုစာထပ်ရေးပါ့မယ်။

အူ (တီဘီ) ကိုလဲ တခြားနေရာမှာဖြစ်သလိုကုသရပါတယ်။ အရင်ဆေးသောက်ထားလျှက်နဲ့ ဆက်ဖြစ်တာမို့ ဆေး ပြောင်းချင်ပြောင်းမယ်။ ဖျင်းက ဖေါက်လို့ လျှော့သွားပေမဲ့ ပြန်အောင်းတတ်တယ်။ စိတ်မပျက်ပါနဲ့။ အားနည်းနေမှာသေခြာတယ်။ အာဟာရ မျှတ ပြည့်စုံအောင်းစားပါ။ နားနေပါ။ လေကောင်းလေသန့်ရပါစေ။ ဒါဆိုရင် အသဲကောင်းနေမှာပါ။

Thu, Sep 20, 2012 at 3:43 PM
အသဲအထူးကုနဲ့ ပြသဖို့ ရည်ရွယ်ထားပါတယ်။ တစ်နှစ်ကျော်မှ ကုသတယ်ဆိုတော့ ပျောက်ကင်းနိုင်ပါသေးသလား။

6 လ ကျော်လွန်ရင် ကိုယ်ခံအားစနစ်က အလိုအလျောက် တိုက်ထုတ်လို့ ဖတ်မိဖူးလို့ပါ.။ အခု ရှိနေသေးခဲ့ရင် နာတာရှည်ဖြစ်နိုင်ပြီး ဆေးနဲ့ကုမှ ပျောက်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ပျောက်တဲ့ဆေးက မပေါ်ခဲ့သေး ရင်ပေါ့။ ဒါပြီးတော့ ပိုးကူးစက်ခံရသူ 80% နီးပါးလောက်က အလိုအလျှောက် ပြန်ပျောက်တယ်လို့ ဖတ်ထားရပါတယ်။ ကျန်တဲ့ 20% နီးပါးကတော့ ဆေးသောက်ရမယ်ပေါ့နော်။ လူတစ်ဦးနဲ့ တစ်ဦးမတူဘူးဆိုတာကို ဆရာပြောထားပါတယ်။ ဒါကို ရည်ညွန်းတာလားခင်ဗျာ။ အသဲကောင်းဖို့သာ လိုတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ပိုးက အသဲကို တိုက်ခိုက်ပြီး (ဥပမာ ခြစားသလို စားတာ) ကွယ်ပျောက်သွားစေမှာလို့လဲ စာစောင်တွေ ဖတ်ပြီး (အဲ ကောက်ချက်ချမိတာပါ။ အဲဒီလို ရေးမထားပါ) မှတ်သားထားမိပါတယ်.။ အခု ပိုးက ရှိပဲရှိနေပြီး အသဲကို အလုပ်မလုပ်နိုင်အောင် (လူဆိုရင်တော့ နွမ်းနယ်နေအောင်ပေါ့။) ပဲ လုပ်ထားပြီး အပေါ်ကပြောသလို မစားပစ်လိုက်ဘူးလားခင်ဗျာ။

LFT ခေါ်တဲ့ အသဲအလုပ်ကို စစ်နေမှ အသဲအလုပ် ကောင်း၊ မကောင်းသိတယ်။ ဒါက အလုပ်ပိုင်း။ ရောဂါဗေဒပိုင်းမှာ တချို့က အသဲခြောက်လာနိုင်တယ်။ ကံဆိုးရင် အသဲကင်ဆာဖြစ်တယ်။ လူတိုင်းလဲ မဟုတ်ပါ။ တချိန်မှာ အသဲ အစားထိုးရတတ်သေးတယ်။ အသဲအထူးကုဆရာဝန်ကနေ ပြောပါလိမ့်မယ်။ ကြိုတင်မစိုးရိမ်ပါနဲ့။

Thu, Sep 20, 2012 at 6:32 PM
ကျနော့်အသက်က ၄ဝ နှစ်ပါ။ psoriasis ရောဂါဖြစ်နေတာ ၅ နှစ်ခန့်ရှိပါပြီ။ အရေပြားအထူးကုဆရာဝန်ကြီးဆီ သွားပြတော့ ပျောက်တဲ့ဆေးတောင်မရှိသလို ပြောပါတယ်။ ဟုတ်ပါသလား။ beprosalic လူးဆေးပေးလို့ စွဲလူးပါတယ်။ သောက်ဆေးပေးတာကိုလည်း သောက်ပါတယ်။ ဒါပေမဲ့ မပျောက်ပါဘူး။ ကျနော်က အိမ်ထောင်ရှင်တစ်ဦးဖြစ်ပါတယ်။ သမီးငယ်တစ်ဦးရှိပါတယ်။ psoriasis ရောဂါပျောက်တဲ့ဆေး ညွှန်ပြပေးပါ။ မြန်မာပြည်ကမေးတာပါ။

Psoriasis အရေပြားနာ တမျိုး။ နှင်းခူလိုလို ဆင်တယ်။ သူများကို မကူးစေဘူး။ အပေါ်ယံမှာ ခပ်ဖြူဖြူ ငွေရောင်ရှိတယ်။ ဦးရေခွံ၊ တတောင်ဆစ်၊ ဒူး၊ ခါးတွေမှာ အဖြစ်များတယ်။ ဖြစ်လိုက်-ပျောက်လိုက်နေတယ်။ ဘာလို့ဖြစ်လဲ မပြောတတ်ဘူး။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး၊ အလင်းရောင်သုံးကုသနည်း ကုနည်းအမျိုးမျိုးရှိတယ်။

Betamethasone ဆေးလိမ်းပေးလိုက်တာနဲ့ ဖြစ်နေတာတွေကို လျှော့နည်းသက်သာစေတယ်။ ဆေးက အပြော့-အပြင်း အမျိုးမျိုးနဲ့ လာတယ်။ Betamethasone valerate 0.1% ကို အများဆုံး သုံးတယ်။ ပြင်းအား မနည်းလှဘူး။ ဒီပြင်းအားမျိုးက အနာက စိုစွပ်နေတာ၊ အဆီပြန်နေတာ၊ အရေပြားထူတဲ့နေရာမှာ ဖြစ်တာတွေအတွက် ကောင်းတယ်။
- Insect bites (အင်းဆက်) ကိုက်တာ၊
- Eczema and dermatitis နှင်းခူနာလို နာတာရှည်ပျောက်နိုင်ခဲ့တဲ့အနာမျိုး၊
- Seborrhoeic dermatitis အဆီပြန်-နီမြန်း-အဖတ်တွေကွာကျနေတဲ့ နာတာရှည်အနာမျိုး၊
- Allergic skin reactions (အလာဂျီ) ဖြစ်နေတာမျိုး၊
- Psoriasis (ဆိုရီရေးဆစ်) အနာမျိုးတွေအတွက် သုံးနိုင်တယ်။
• Eczema Medicine နှင်းကူနာဆေး http://dts-medicaleducation.blogspot.com/2011/06/clobetasol-propionate-and-neomycin.html နဲ့
• Eczema နှင်းကူနာ http://dts-medicaleducation.blogspot.com/2011/05/eczema.html တွေကိုလည်း ဖတ်ပါ။

Fri, Sep 21, 2012 at 12:15 PM
သမီး အသက်က ၃၅ နစ်ပါ။ ကလေးဆယ်နစ်သား တစ်ယောက်ပဲရှိပါတယ်။ အမျိုးသားက အဝေးမှာပဲနေပါတယ်ရှင်။ အရပ်က ငါးပေရှိပါတယ်။ ပေါင်ချိန်က 138 ပေါင်လောက်ရှိနေပါပြီ။ အာရုံကြော အားနည်းတဲ့ရောဂါလည်း ရှိပါတယ်။ ဒီတွက် ဆေးလဲကုရပါတယ်။ မိုးလင်းရင် လန်းလန်းဆန်းဆန်းမရှိပါဘူးရှင့်။ မိုးလင်းအိပ်ရာထချိန်မှာ ညာခြေထောက်က ထောက်လို့မရအောင် တင်းပြီးနာပါတယ်။ သွေးပူသွားရင်တော့ကောင်းသွားပါတယ်။ နောက်ပြီး ကိုယ်က အမြဲတမ်း နွမ်းပြီး လေးလံနေပါတယ်ရှင်။ လှုပ်ရှားပါတယ်။ ညောင်းညာ တင်းတောင့် လာပါတယ်။ အဲလိုကနေ့တိုင်းပါပဲရှုင့်။ ရယ်ဒီမိတ် ကော်ဖီလဲ နို့မှုန့်နဲ့ တစ်နေ့ကို သုံးခွက်လောက်သောက်ပါတယ်။ ရေသောက်နဲပါတယ်ရှင့်။ အသားတွေက ကျစ်ပြီး ဝတယ်။ ဗိုက်ခေါက်လဲ ထူတယ်။ အစားကို တစွတ်စွတ်စားတာမျိုး မရှိပါဘူး။ ဘယ်လို လုပ်ပြီးဘာတွေ လုပ်သင့်တယ်ဆိုတာကို ညွန်ကြားပေးပါ။ တစ်ကိုယ်လုံး အကြောတွေတင်းပြီး ဘယ်တော့မှ လန်းဆန်းတာမျိုးမရှိပါဘူး။ ညလဲ အိပ်ပါတယ်။ သိပ်ပြီးအရမ်းကြီးအိပ်တာလဲမရှိဘူး။ ဇက်ကြောလဲ အမြဲတမ်းတင်းတယ်။ အသားများတဲ့နေရာမျိုးမှာ အရမ်းယားတဲ့ အဖုလေးတွေဟာ ငပိလိုငခြောက်လို မျစ်ချဉ်လို့ အရာမျိုးပေါ့။ စားရင်လဲထွက်တတ်ပါတယ်။ နောက် ဘီတာကလော့လိုမျိုး ဆေးလိမ်းရင်လဲပျောက်သွားပြန်ပါတယ်။ ဒါပေမဲ့ နောက်ပြန်ပြန်ပြီးထွက်တာပါပဲ။ မျက်နာမှာလဲ အဖုသေးသေး လေးတွေက ဗြုတ်သီးလေးတွေ ထွက်လာတတ်ပါတယ်။ မိတ်ကပ်တွေ အမျိုးမျိုးမလိမ်းတတ်ပါဘူးရှင့်။ တစ်ခါထွက်ရင် တစ်လလောက်ကြာပါတယ်။ နောက်အမဲစက်လေးတွေကျန်ခဲ့ရောဆရာ။ သံနဲ့လဲ ထိလို့မရဘူး။ သံပါတဲ့ ပစ္စည်းတွေ ကိုင်လို့သုံးလို့မရပါဘူးရှုင့်။ ထိတာ 15 မိနစ်လောက်ကြာသွားရင် အယားဖုလေးတွေထွက်လာတတ်ပါတယ်။ ဘယ်ဖက်ပေါင်ရင်းနားက အမြဲတမ်းလိုလို ကြက်သီး ထထနေသမျိုးကျင်ကျင်လာပါတယ် တပတ်လောက်ရှိပြီလို့ ထင်ပါတယ်။ ကြက်သီးထလိုမျိုးပါပဲ။ နောက်ပျောက်ပျောက်သွားရော ခဏခဏဖြစ်တယ်။

• အာရုံကြော အားနည်းတဲ့ရောဂါဆိုတာ ဆရာဝန်ကပြောတဲ့ နာမည်သိပါသလား။ ရာသီအကြောင်းမသိရပါ။ ပုံမှန်ဖြစ်နေတာလို့ထင်ပါတယ်။ BP သွေးဖိအား မသိပါ။
• လူဝတာ ကျန်းမာရေးမှာ ခြူခြာတယ်။ အလေးချိန်ချတာအတွက် ရေးထားတာ တခုရှိပါတယ်။
o Weight loss ပိန်ချင်သလား http://dts-medicaleducation.blogspot.in/2012/02/weight-loss.html
• အမျိုးသမီးတွေက ယောက်ျားတွေထက် (ကယ်လ်စီယမ်) ဓါတ်ပိုလိုကြတယ်။ ဒါနည်းရင် အရိုး၊ ကြွက်သားတွေကို ဒုက္ခပေးတယ်။ ရေးထားတာရှိပါတယ်။
o Vitamin D ဗီတာမင် (ဒီ) http://dts-medicaleducation.blogspot.com/2009/08/vitamin-d.html
• ရေသောက်နည်းတာတော့ မကောင်းပါ။
• အရမ်းယားတဲ့ အဖုလေးတွေဆိုတာ သံနဲ့လဲထိလို့မရဘူးဆိုတာ (အလာဂျီ) ဖြစ်တယ်။
• (ဘီတာကလော့) လိုမျိုးဆေးမှာ (ကော်တီဇုန်း) ပါလို့ ရောဂါလက္ခဏာဆိုတာတွေကို သက်သာစေတယ်။ လက္ခဏာတွေကို ဖြစ်စေတာကို ကူသတာတော့ မဟုတ်ပါ။ မတည့်တာနဲ့ တွေ့ဆိုင်း ပြန်ဖြစ်ပါမယ်။
• မျက်နာအဖုသေးသေးလေးတွေဆိုတာက အရွယ်ကြောင့်၊ ဟော်မုန်းအပြောင်းအလဲကြောင့်နဲ့ နေရောင်ကြောင့်ဖြစ်နိုင်တယ်။ ဖြစ်မယ်ထင်တာကို ဆင်ခြင်ပါ။ သဘာဝအလှအပပစ္စည်းတွေကိုသာ သုံးပါ။ Calamins lotion လိုဟာ လိမ်းပါ။ Cetrizine ဆေးကိုသောက်ပါ။ တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်။ ညမှာသောက်ပါ။
• သံပါတဲ့ပစ္စည်းတွေကိုတော့ သတိထားရှောင်ပါလေ။ ဖြစ်လာရင်လဲ (အလာဂျီ) ဆေးနည်းကိုသုံးပါ။
o Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
o Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
o Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
o Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

Fri, Sep 21, 2012 at 12:33 PM
မနေ့ကမှ မိန်းမနဲ့ဖုန်းပြောဖြစ်တယ်။ သူခြေထောက်တွေ ရောင်ပြီးတင်းနေတယ်တဲ့။ အဆစ်တွေပါ ရောင်တာ ခြေဆစ်တွေ ရာသီကတော့ မှန်တယ်တဲ့။ မိုးတွင်းဆိုတော့ အပြင်ထွက်လမ်းမလျောက်ရလို့လားဆရာ။ သောက်ရမဲ့ ဆေးလေးမျာနဲ့ အစားအစာ ရှောင်ရန်ဆောင်ရန်လေးများအကြံပြုပေးပါ။

• Arthritis အဆစ်နာ http://dts-medicaleducation.blogspot.com/2010/06/arthritis_08.html
• NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html

Fri, Sep 21, 2012 at 12:51 PM
အမည် မ(့)၊ အသက် ၂၂၊ နေရပ် (့)၊ အိမ်ထောင်- မရှိ။
သမီးမှာ မျက်စိဝေဒနာ ခံစားနေရတာကြာပါပြီ။ ၁ နှစ်လောက်တော့ရှိနေပါပြီ။ ဆိုင်ကယ်နှင့်အပြင်ကိုထွက်တာနဲ့ အိမ်ပြန်ရောက်ရင် မျက်စိတွေယားယံပြီး လယ်ချောင်းတွေမှာမှာ ပါစပ်ဖျင်းဖျင်းတွေဖြစ်နေပါတယ်။ ပြီးတော့တစ်ခါတစ်ခါ မျက်စီတွေက အရမ်းကိုယားလာတယ်။ လက်တွေနဲ့လဲပွတ်၊ တစ်ရှူးနဲ့လဲပွတ်ပါတယ်။ ပြီးတော့ မျက်လုံးတွေလဲ ရောင်လာတယ်။ မျက်စိဆေးခန်းတွေလဲပြပါတယ်။ မသက်သာဘူးဖြစ်နေတယ်။ ခုမျက်စဉ်းဆေးဆော့ထည့်ပါတယ်။ VHOTO ဆိုတဲ့မျက်စဉ်းဆေးကိုသုံးပါတယ်။ ခဏပါဘဲဆရာ။ သမီးကွန်ပျူတာလဲအသုံးပြုပါတယ်။

• Eye Allergies မျက်စိနာ မဟုတ်တဲ့ မျက်စိ (အလာဂျီ) http://dts-medicaleducation.blogspot.in/2012/04/eye-allergies.html
• Eye Drops မျက်စဉ်းအမျိုးမျိုး http://dts-medicaleducation.blogspot.in/2012/08/eye-drops.html
• Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ http://dts-medicaleducation.blogspot.com/2011/01/computer-eye-strain.html