ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, September 29, 2012

Q and A September 2012 (9)

1. Dust များနှင့်ထိတွေ့နေရသူဖြစ်ပါတယ်။
2. သမီးရဲ့အသက်က ၁၉ နှစ်ပါ။
3. ကျမ မောပြီး နှလုံးခုန်မြန်သည့်အတွက်
4. Penicillin, Aspirin, Ibuprofen ၃ မျိုး တွဲသောက်လို့ တည့်ပါ့မလား
5. ဝမ်းသွားပြီး သေးမပေါက်နိုင်သေးတာ
6. ကျွန်တော်၏ ဇနီးသည် ၃၃ နှစ်၊
7. ကျွန်မ အသက် ၂၇ နှစ်ပါ။ (့) မှာနေပါတယ်။
8. ဂျာနယ်ထဲမှာဆရာ့ရဲ့ email address နဲ့
9. ဆေးလုံးပေါ်မှာ C 50 လို့ရေးပြီး
10. အလုပ်က နေ့လည်ကနေ ညမိုးချုပ်မှ ပြန်ရောက်ပါတယ်။

Mon, Oct 1, 2012 at 6:27 AM
ကျနော် ကွန်ပျူတာဆားဗစ်ပြုပြင်သူတစ်ယောက်ပါ။ အသက်ကတော့ 38 ထဲမှာပါ။ အိမ်ထောင်ရှိ၊ သမီးတစ်ယောက် ရှိပါတယ်။ ကျနော့်အိပ်ချိန်မှာ အစောဆုံး မြန်မာစံတော်ချိန် မနက် ၂ နာရီဖြစ်ပါတယ်။ အထိုင်များပါတယ်။ ကွန်ပျူတာ ကီးဘုတ် များစွာနှိပ်ပြီး၊ Dust များနှင့်ထိတွေ့နေရသူဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အယားပြသနာများ ဖြစ်ခဲ့ဖူးပါတယ်။ အသက် ၂၅ နောက်ပိုင်းလောက်ထ ပြသနာမဖြစ်ခဲ့ပါ။ အခု ခြောက်လတစ်နှစ်အတောအတွင်းမှာ ကွန်ပျူတာပြင်ရင် ဖုန်မှုန့်များထိမိ၊ ကိုင်မိပါက အလာဂျီသဘောမျိုးတွေဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် နှာခြေ၊ နှာမွှန် နဲ့ ညာဖက်လက် လက်ညှိုး အောက်ဖက် ဒုတိယအရစ်မှာ အသမာလိုလို အဖုအပိန့်လေးများဖြစ်ခဲ့ပါတယ်။ တခါတခါ အရမ်းကိုယားယံပါတယ်။ ယခု ၄ လလောက်အတောအတွင်းတွင် လက်များတွင် လက်စွယ်ငုတ်သလို မကြာခန ဖြစ်ပါတယ်။ လက်သည်းထောင့် စွယ်တွေမှာ ပစ္စည်းမဖို့တောင် အဖိမခံနိုင်ပါ။ စွယ်များတွင် ယောင်ယမ်းနေပြီး ဖိညှစ်လိုက်လျင် ပြည် ထွက်ပါတယ်။ မည်သည့်ပစ္စည်းကိုမျှ လက်ထိပ်ပိုင်းကို ဖိ၍ပစ္စည်းများ အားပြု/အားစိုက်လို့မရခဲ့ပါ။ လုပ်ခဲ့ပါလျင် ထိုနေရာတ၀ိုက် သွေးများယားသလိုဖြစ်၍ တဖြည်းဖြည်း ပိုယားလာပါတယ်။ လက်ရဲ့အခြေအနေကိုလည်း ပို့ပေးလိုက်ပါတယ်။ ဒါနဲ့ပဲ ဒေါက်တာ (့) ထံမှာပြပါတယ်။ လက်ကို ရေအေးနဲ့ ဖန်ရည်ဆေးပြီး ဆေးသုံးမျိုး ရောလိမ်းဖို့ ပေးလိုက်ပါတယ်။ ဆေးသောက်သော်လည်းမသက်သာ၍ ထိုဆေးများကို ဆက်မလိမ်းဖြစ်တော့ပါ။ ပေးသော ရောပြီး လိမ်းရသောဆေးများမှာ အခု ပုံမှာပါတဲ့အတိုင်းဖြစ်ပါတယ်။ အဆိုးဆုံးမှာ မနေ့တစ်နေ့ကမှစပြီး ဟိုနားယားသလို၊ ဒီနား ယားသလို ဖြစ်နေခဲ့ပါတယ်။ ယခု လက်ညိုးအောက်ပိုင်းတွင် အဖုအထစ်များ ဖြစ်နေပြီး အလွန်အမင်း မနေနိုင် မထိုင်နိုင်အောင် ယားလွန်းခဲ့ပါတယ်။ အိပ်လို့တောင်မရတော့ပါဘူး။ ဒီလိုနဲ့ပဲ မတတ်သာတဲ့အဆုံး ဆားနှင့် ဖိကာပတ်ပစ်မှ နည်းနည်းသက်သာပြီး နေလို့ရပါတယ်။ အခုတော့ Cetrine 10 mg သောက်ထားပါတယ်။ အရင်ကတော့ Silkron လိမ်းနေရင် သက်သာနေပါတယ်။ အခုတော့ အဲ့ဒါလိမ်းလည်း မထူးလာတော့ပါ။ Clotrimazole (USP) - 10 mg, Betamethasone Dipropionate (USP) = 0.6 mg, Gentamicin sulfate (USP) 1 mg တို့ဖြစ်ပါတယ်။

1. အခြေခံက (အလာဂျီ) ဖြစ်တယ်။ နာတာရှည်ဖြစ်နေတော့ နောက်ဆက်တွဲတွေလဲ ဝင်လာတယ်။ လက်စွယ်ငုပ်သလို ဆိုတာ နောက်ထပ်ဆက်ဖြစ်တာပါ။ (အလာဂျီ) ရဲ့သဘောက မတည့်တာပါ။ ဘာနဲ့ မတည့်သလဲ သိရင်ကောင်းတယ်။ မဟုတ်ရင် ပြန်ပြန်ဖြစ်နေမယ်။ ပိုမိုဆိုးလာနိုင်တယ်။ (အလာဂျီ) စာတွေ ပို့ပါတယ်။ နောက်ဆက်တွဲဖြစ်တာကတော့ သက်သာလာမှာပါ။
2. အကြောင်းခံရှာမရရင် Life style change လုပ်ရတတ်တယ်။ ကိုယ့်အလုပ်၊ နေရာ၊ အသုံးအဆောင်၊ အဝတ်အစား၊ အစားအသောက်၊ ပတ်ဝန်းကျင်ကိုပြောင်းရတတ်တယ်။ အရာတိုင်းနဲ့ကိုယ်နဲ့ မတည့်တာ မဟုတ်တာလဲ သတိထားပါ။
3. Cetrizine ဆေးတော့သောက်ရမယ်။ လိမ်းဆေးလဲလိုမယ်။ သာမန် (အလာဂျီ) အတွက် Calamine lotion ကောင်းပါတယ်။ ပိုးဝင်တာအတွက် ပိုးသေဆေးပါတဲ့လိမ်းဆေး Gentamicin sulfate ကို ဖြစ်တဲ့နေရာ အတွက်သာ လိုမယ်။ နာတာရှည်ဖြစ်လို့ (ကော်တီဇုန်း) ပါတာ Betamethasone ကို လိမ်းစေတာဖြစ်တယ်။

Sun, Sep 30, 2012 at 12:28 PM
သမီးရဲ့အသက်က ၁၉ နှစ်ပါ။ ကျောင်းတက်နေဆဲဖြစ်ပါတယ်။ သမီးမှာ ရာသီဥတုလေး နည်းနည်းအေးလာပြီဆိုတာနဲ့ နှာမွှန်၊ နှာချေ ခဏခဏဖြစ်နေပါတယ်။ အအေးပတ်တာမျိုးလည်းမဟုတ်ပါပဲနဲ့ ပထမ နှာခေါင်းကယားပြီး မွှန်တယ်။ ပြီးတော့ အာခေါင်တွေရော မျက်လုံးတွေရော ယားလာပါတယ်။ အဆိုးဆုံးက အဆက်မပြတ် နှာချေရခြင်းပါပဲ။ အဲလိုဖြစ်ပြီဆိုရင် မျက်လုံးတွေလည်း ပူလာပြီး မျက်ရည်တွေ ထွက်လာတတ်ပါတယ်။ အရင်က အဲလိုမဖြစ်ခဲ့ဖူးပါဘူး။ သမီးရဲ့မေမေငယ်ငယ်တုန်းကတော့ နှာခေါင်းထဲမှာ ပိုးရှိလို့ခွဲပြီး ခြစ်ထုတ်ခဲ့ရဖူးပါတယ်။ မျိုးရိုးလိုက်ပြီးဖြစ်တာလား၊ ဒါမှမဟုတ် တစ်ခြားသူဆီကကူးတာလားတော့မသိပါဘူး

Allergic Rhinitis အလာဂျီ နှာခေါင်း

Name = (့)
Age = 54
Marital status = Single
ကျမ မောပြီး နှလုံးခုန်မြန်သည့်အတွက် နှလုံးအထူးကုဆရာဝန်နှင့်ပြရာ ECG = NML, LDL =150, HR=78, BP=130/80 ရှိ၍ဆေး -
1. Herbesser (Diltiazem HCK 30mg) Pt. Tanabe Indonesia မနက် ၁-၂၊ ည ၁-၂၊
2. Protec Plus, Super Antioxidant, Product of Zifam Pinnacle Pty Ltd, Sydney, Australia မနက် ၁ လုံး၊
3. Storvas Tablets, Atorvastatin calcium tablets 10 mg တရက်ခြား ၁ လုံး၊ သောက်ခိုင်းပြီး၊၂ လကြာမှ ပြန်လာပြခိုင်းပါသည်။ ၁ လကျော် သောက်ပြီးနောက် ခေါင်မူး၊ ရင်တုန်လာ၍ ၄င်းဆေးများကြောင့် ဖြစ်လား ဆိုတာ သိလိုပါသည်။

LDL မကောင်းတဲ့ (ကိုလက်စထော) တခုတည်းသာ (ဘော်ဒါလိုင်း) ရှိနေတာဘဲ အပြစ်လို့ပြောနိုင်တာ တွေ့ပါတယ်။ ကျန်တာတွေ အားလုံးကောင်းနေလို့ ဝမ်းသာစရာပါဘဲ။
- LDL cholesterol (U.S. and some other countries)
- Below 70 mg/dL = Ideal for people at very high risk of heart disease
- Below 100 mg/dL = Ideal for people at risk of heart disease
- 100-129 mg/dL = Near ideal
- 130-159 mg/dL = Borderline high
- 160-189 mg/dL = High
- 190 mg/dL and above = Very high

Herbesser/Herbesser 60 ဆေးကို နှလုံးအတွက်ပေးတယ်။ ကာကွယ်တဲ့သဘောဖြစ်မယ်။ Protec Plus ကလည်း Super Antioxidant ဆိုတော့ ကောင်းပါတယ်။ ဒီ ၂ မျိုးက တိုင်းရင်းဆေးနွယ်တွေမို့ ဘေးထွက်-ဆိုးကျိုးတွေ မသိပါ။

Atorvastatin (Lipitor 10 mg) ဆေးဟာ LDL မကောင်းတဲ့ ကိုလက်စထော ကျစေဘို့ပေးတာဖြစ်တယ်။ ကောင်းတဲ့ HDL ကိုများစေမယ်။ Statins ဆေးအုပ်စုထဲကဖြစ်တယ်။ များသောအားဖြင့် ဆိုးဝါးတဲ့ ဘေးထွက်-ဆိုးကျိုးမရတတ်ပါ။ ကြွက်သားတွေ နာတာ၊ အားနည်းတာဖြစ်စေနိုင်တယ်။ Rhabdomyolysis ခေါ်တယ်။ ဆီးသွားတာပြောင်းလဲ တတ်တယ်။ အသားဝါ၊ ဗိုက်နာ၊ ပျို့-အန်တာဖြစ်နိုင်တယ်။ ဆေးမတည့်တာ (အလာဂျီ) လဲ ရှိတတ်တယ်။ ခေါင်းမူးတယ်လို့ ဆေးစာထဲမှာတော့ မတွေ့ပါ။

Sat, Sep 22, 2012 at 1:23 AM
Penicillin, Aspirin, Ibuprofen ၃ မျိုး တွဲသောက်လို့ တည့်ပါ့မလား သိချင်လို့ပါ။

Penicillin မတည့်သူ မဟုတ်ရင် ဒီဆေးတော့ရတယ်။
Aspirin နဲ့ Ibuprofen တွေက အနာသက်သာဆေးတွေချည်းဖြစ်လို့ တွဲပေးလေ့မရှိပါ။ နာတာ၊ ဖျားတာ၊ ကိုက်တာ ပြင်းထံရင် တမျိုးကို မီလီဂရမ် တိုးသောက်တာကမှ ထိရောက်မယ်။ မဟုတ်ရင် ဟိုဟာနည်းနည်း ဒီဟာနည်းနည်းသဘောဖြစ်နေမယ်။
နောက်တခုက အနာသက်သာဆေးတိုင်း အစာလမ်းအနာဖြစ်မှာ၊ သွေးယိုမှာကို သတိထားရတယ်။

Sat, Sep 22, 2012 at 9:44 AM
ကလေးမွေးဖွါးပြီး ၂၄ နာရီအတွင်းမှာ ဝမ်းသွားပြီး သေးမပေါက်နိုင်သေးတာ ဘာအကြောင်းကြောင့် ဖြစ်နိုင်ပါသလဲ။ ကျွန်တော်တို့ အပ်ထားတဲ့ အိုဂျီဆရာမကတော့ ရေအဝင်နည်းတယ် ထင်နေတယ်ဆရာ။ နို့လဲစို့ပြီး သိပ်မထွက်လို့ နို့မှုံ့လည်း တိုက်ပါတယ်။ ဒါပေမယ့် အီးပါပြီး သေးမပေါက်သေးတာ ဘာအကြောင်းကြောင့်ဆိုတာ သိပါရစေ။

• Newborn baby and Water ကလေးကို ရေဘယ်တော့တိုက်မလဲ http://dts-medicaleducation.blogspot.in/2012/08/newborn-baby-and-water.html

Thu, Sep 27, 2012 at 7:36 PM
ကျွန်တော်၏ ဇနီးသည် ၃၃ နှစ်၊ နေရပ် (့)၊ ၃ နှစ်ခွဲအရွယ် ကလေး ၁ ယောက်မိခင်သည် လွန်ခဲ့သော ၁ လကျော်ခန့်မှစတင်ပြီး မောဟိုက်ပြီး နှလုံးခုန်မမှန်ခြင်း ခံစားနေရပြီး ဆရာဝန် (အထွေထွေရောဂါကု) နှင့် ပြကြည့်ရာတွင် ဆေးသောက်ချိန်နှင့် မနက် အိပ်ရာထချိန်တွင် ခဏတာမောဟိုက်ပြီးနောက် သက်သာသလိုရှိလာလိုက်နှင့် သက်သာခြင်း မရှိပါ။ လှုပ်ရှားတိုင်းလည်း မောနေပါသည်။ ယင်းသို့မဖြစ်ပွားမီ သူမသည် ရန်ကုန်မှ (့) သို့ အသွားပြန် ခေါက်တုံ့ပြန် တပါတ်တွင်း ခရီးနှင်ခဲ့ပါသည်။ သူမ၏ လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများပါသည်။ တခါတရံ ညနေစာ မစားဖြစ်ပါ။ ပူးတွဲဖိုင်တွေကတော့ သွိုင်းရိုက်နဲ့သွေးစစ်ချက်မှတ်တမ်းနဲ့ ဆေး၃ မျိုးပါ။ ဆရာဝန်ပေးသော ဆေးများမှာ Procad, Referon, Cypon, Procardia, Revica နှင့် Propanalol (သောက်လျှင်မောသည်) တနေ့ နှစ်ကြိမ်။

ဆေးတွေထဲက တမျိုးဘဲသိပါတယ်။ ကျန်တာတွေက ဆေးရောင်းဘို့ပေးတဲ့နာမည်သာဖြစ်လို့ မသိပါ။ Procardia ဆေးကို နှလုံးသွေးကြောကျဉ်းတာအတွက် ပေးပါတယ်။ ဆေးစစ်ချက် ၂ ခုမှာ သွေးအခြေအနေစစ်တာထဲက ၃ ခုမှာ နည်းနေတယ်။ လည်ပင်းကြီးဟော်မုန်းစစ်တာ ကောင်းပါတယ်။ ရောဂါနာမည်မသိရသေးပါ။ လူ အပိန်-အဝ မသိပါ။ သွေးခုန်နှုန်းနဲ့ သွေးဖိအား မသိရပါ။

သွေးခုန်နှုန်းက မောနေတဲ့အချိန်မှာ ၉၈ ပါ။ သာမာန်အချိန်မှာက ၇ဝ နဲ့ ၈ဝကြား၊ အရပ်က ၄ပေ ၁၁ လက်မ၊ ကိုယ်အလေးချိန် ၁ဝ၅ပေါင်၊ ယခင် ကိုယ်အလေးချိန် ၁ဝ၈ ပေါင်၊ ရာသီလာရက် ၅ ရက်ကြာ သွေးဆင်းများသည်။

ကိုယ်အလေးချိန် ကောင်းပါတယ်။ အဆီ (ကိုလက်စထော) များလို့ နှလုံးသွေးကြောကျဉ်းစရာမရှိလောက်ပါ။ နှလုံးခုန်တော့ များတယ် Propranolol ဆေးက အဲဒါအတွက်ပေးတာဖြစ်တယ်။ နှေးသွားစေပါမယ်။ (ဆောရီး) ဒိထက်ပို မပြောနိုင်ပါ။

Sat, Sep 29, 2012 at 4:25 AM
ကျွန်မ အသက် ၂၇ နှစ်ပါ။ (့) မှာနေပါတယ်။ ဝမ်းသွားရင်သွေးပါတယ်။ ဝမ်းသွားရတာ အားမရသလိုဖြစ်တယ်။ ဗိုက်အောင့်တဲ့ ပျို့အန်ချင်တဲ့ လက္ခဏာမျိုးဖြစ်နေတာ ၂ လလောက်ရှိပါပြီ။ မနေ့က ကျွန်မ စအိုထဲကို ကင်မရာထည့်ပြီး စစ်ဆေးပြီးတော့ လုံးဝမမျှော်လင့်ထားတဲ့ အဖြေတစ်ခုရခဲ့ပါတယ်။ Tumor in colon ဖြစ်နေတဲ့။ အဲတာ ရှေ့တပတ်ထဲ အော်ပရေးရှင်း အမြန်လုပ်ရမယ်လို့ပြောပါတယ်။ ဘယ်လောက်ထိ ဖြတ်ထုတ်ရမယ်ဆိုတာ အဲနေ့ကျမှ သိရမယ်လို့ ပြောပါတယ်။ ခွဲစိတ်ဖြတ်တောက်ပြီးရင်ရော ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်ပါ့မလဲဆရာ။ အူမကြီးကင်ဆာ တွေရဲ့ခွဲစိပ်မှုတွေက အောင်မြင်မှုရောရှိပါသလား။ ဘယ်လောက်ရာခိုင်နှုန်းလောက် ရှိပါသလဲ။ ကျွန်မ အရမ်း ကြောက်နေတယ်ဆရာ။

ရောဂါဆိုတာ မဖြစ်ခင်ကာကွယ်တာက ပိုကောင်းတယ်။ ဖြစ်လာရင်လဲ ဘယ်လို အကောင်းဆုံး ကျော်ဖြတ်မလဲဆိုတာကိုသာ အာရုံစိုက်သင့်တယ်။
လူတိုင်း ရောဂါဘယတွေ ရကြရတာဘဲ။ ကိုယ်တယောက်တည်း မဟုတ်ပါ။ ကိုယ်လောက်မဆိုးသူတွေ၊ ကိုယ့်ထက်ဆိုးသူတွေရှိတယ်။
တိုတာနဲ့ တိုင်းတတ်မှ ရှည်တာသိတယ်။ ဆေးဝါးကုသမှု ကောင်းမွန်တဲ့ နေရာ အရပ်မှနေရတာကိုက ကုသိုလ်တခုလို့ သဘောထားသင့်တယ်။ အသက်မကြီးသေးတာကလဲ အထောက်အကူတရပ်ဘဲ။
ကံတရားဆိုတာယုံပါ။ ကင်ဆာလိုဟာ ဖြစ်လာရင် ပိုပြီး လိုတယ်။ စိတ်ခိုင်မာပါ။ စိတ်ကောင်းမွေးပါ။ ကောင်းမှု ပြုခဲ့တာတွေ ဆင်ခြင်ပါ။
• Colorectal Cancer အူမကြီး ကင်ဆာ http://dts-medicaleducation.blogspot.in/2012/06/colorectal-cancer.html

Sat, Sep 29, 2012 at 9:02 AM
ဟိုတစ်လောက ဂျာနယ်ထဲမှာဆရာ့ရဲ့ email address နဲ့ ကျန်းမာရေးဒါနလုပ်ပေးတယ်ဆိုလို့ ဆရာ့ကို အကူအညီ တစ်ခုလောက် တောင်းချင်ပါတယ်။ သမီးရဲ့ဘဘက အသက် ၈၁ ရှိပါပြီ။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကထိ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါပဲ။ သို့သော် အခုနောက်ပိုင်းတွင် ခေါင်းမူးမူးနေတတ်ပြီ ရိပ်ခနဲရိပ်ခနဲ ဖြစ်ဖြစ်သွားတတ်ပါတယ်။ အခြားသွေးတိုးရောဂါများတော့မရှိဘူး။ အခုတော့သူ့ကျန်းမာရေးကို အရမ်းစိုးရိမ်နေပါတယ်။ သူ့ကိုယ်သူ အမြဲဂရူစိုက်တတ်ပါတယ်။ အသက်အရွယ်ကြောင့်လား၊ ရောဂါဝေဒနာတစ်ခုခုကြောင့်လားဆိုတာ ကျေးဇူးပြူပြီး ဖြေကြားပေးပါရှင့်။

ရောဂါဆိုတာတော့ ဆေးစစ်မှသိပါမယ်။
အသက်ကြီးသူတွေမှာ ကျန်းမာရေးက အမြင်အရကောင်းနေပေမဲ့ ဗီတာမင်ချို့တဲ့နေတတ်ကြတယ်။ ဗီတာမင် ဘီ၊ စီ၊ ဒီ၊ အေ တွေဖြစ်တယ်။ ဒါတွေအပြင် ဓါတ်ဆားတွေနဲ့ အိုမီဂါ-သရီး ပါအပိုဆောင်း အားဆေးအဖြစ်ပေးသင့်တယ်။ အမျိုးသမီးဆိုရင် ကယ်လ်စီယန်ဓါတ်လိုတယ်။
အစယးအသောက်မှာ အရွယ်ကြီးလာသူတိုင်း ကိုယ်ကြိုက်တာလေး ရွေးစားချင်ကြတတ်တယ်။ တချို့က ထမင်းသပြ် ၇ ရက်လောက်ဆက်စားချင်တယ်။ တချို့ကြ ကြိသားဟင်း တပတ်ကြာဆက်တိုက်စားချင်တယ်။ လက်ယာကိုလဲ တသမတ်တည်းမှ ကြိုက်တတ်တယ်။
ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတမျိုးမျိုးကို နေ့တိုင်းစားတာထဲမှာ ပါသင့်တယ်။ လူကြီးတွေအတွက်ဆိုပြီးရောင်းတဲ့အားဆေးမျိုးလဲ လာတယ်။

Fri, Sep 28, 2012 at 8:42 PM
ဆေးလုံးပေါ်မှာ C 50 လို့ရေးပြီး အရောင်ကပန်းရောင်၊ ဘဲဥပုံလိုလိုရှိတဲ့ဆေးက ဘာဆေးလဲဆရာ။ ကျနော် သိချင်တာက Apcalis, Caverta, Forzest, Levitra, Lovegra, Silagra, Slimona, Tadacip, Womenra, စတဲ့ဆေးနာမည် ထဲက တစ်ခုခုဖြစ်နိုင်မလား။ သူငယ်ချင်းတစ်ယောက်က ပေးလိုက်လို့ပါ။ ဆေးရဲ့အစွမ်းလည်း သိချင်ပါတယ်။

မသေခြာပါ။ လက်လှမ်းမီသလောက် -
Oval Orange Pill
500mgs of Acetaminophen and 7.5mgs of Oxycodone
Acetaminophen + Propoxyphene Napsylate
Clarithromycin extended release
Niaspan 500 mg; a generic of Niacin, also known as vitamin B3 or nicotinic acid တွေ ဖြစ်နိုင်နေတယ်။ တခုနဲ့တခု ဘယ်လိုမှမဆက်စပ်ပါ။ မသေခြာတာကို မသုံးသင့်ပါ။

Fri, Sep 28, 2012 at 8:19 PM
အလုပ်က နေ့လည်ကနေ ညမိုးချုပ်မှ ပြန်ရောက်ပါတယ်။ ဒါကြောင့် ည ၁ နာရီ ၂ နာရီ အိပ်ရာမဝင်ခင် ထမင်း (သို့) တစ်ခုခု စားပြီးမှ အိပ်ဖြစ်ပါတယ်။ အလုပ်ကလဲ ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်ရတဲ့ အလုပ်မျိုးပါ။ အလုပ် အသွားအပြန် ဖယ်ရီနဲ့မို့ ကိုယ်လက်လှုပ်ရှားမှုလဲ နည်းပါတယ်။ ဝမ်းမကြာခဏချုပ်သည့်အပြင် ရင်ပြည့်ရင်ကယ်ပါ ဖြစ်တတ်ပါတယ်။

Life style ကြောင့်ဖြစ်တာမျိုးပါ။ တတ်နိုင်သလောက်ပြုပြင်ပါ။ ကြာရင်တော့ အသားကျလာပါလိမ့်မယ်။