ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, September 16, 2012

Q and A September 2012 (4)

1. ကျွန်မက ကလေးနဲ့မို့ မလိုက်နိုင်ခဲ့ပါ။
2. ကျွန်မမှာ ဒူးနာသောဝေဒနာကို ခံစားနေရပါတယ်ရှင်။
3. May I know TB?
4. Dear Sir/Madam,
5. အမေ့ လက်မောင်းမှာ အနာ့ပဆုပ်လို့ခေါ်တဲ့
6. ဆရာ/ဆရာမခင်ဗျား။
7. ကျွန်တော့သားမှာလဲ G6PD ရှိပါတယ်။
8. I want to know HRE medicine.
9. အရေပြား ယားခြင်း၊ ရာသီမရွေးနှာချေခြင်း၊ ၇ နှစ်ခန့်ရှိပါပြီ။

Fri, Sep 14, 2012 at 10:11 PM
ကျွန်မရဲ့အမျိုးသား ဒီနေ့ ည ၁ဝ နာရီလောက်မှာ အပြင်ကပြန်ရောက်ပြီး တံခါးလှမ်းပိတ်လိုက်ချိန်မှာ အသက်ရှူကြပ်ပြီး လဲသွားပါတယ်။ ပြီးတော့ ကျောပြင်အလယ်နားက ကြွက်သားတွေနည်းနည်း ရောင်လာပြီး လှုပ်လိုက်ရင် အသက်ရှူကြပ်ပြီး ရင်ခေါင်းထဲက အရမ်းအောင့်လို့ အော်နေရပါတယ်။ အဲ့ဒီအချိန်မှာ ခြေဖျားလက်ဖျားတွေက အေးနေပါတယ်။ အရက်လည်းမသောက်ထားပါဘူး။ ဆေးလိပ်ကတော့ တစ်နေ့ ၂ လိပ်လောက်ပဲသောက်ပါတယ်။ ထမင်းကလည်း ပဲဟင်းနဲ့ ငါးခြောက်ပဲ စားထားပါတယ်။ အပြင်မှာတော့ ရေဆာလို့ဆိုပြီး honey lemon tea ပဲသောက်ခဲ့ပါတယ်။ နောက် ကျောကိုတက်ဖိထားသလိုလှုပ်လို့မရပဲ အသက်ရှူကြပ်ပြီး ရင်ဘတ်ထဲ အရမ်းအောင့်တာ မနေနိုင်တော့လို့ အခုဆေးရုံသွားပါတယ်။ ကျွန်မက ကလေးနဲ့မို့ မလိုက်နိုင်ခဲ့ပါ။ ဒါပေမဲ့ စိတ်ထဲမှာ သတိရလိုက်မိတာက ဆရာ့ကိုပါ။ ဆရာ အဲ့ဒါဘာဖြစ်တာပါလဲ။ ဆေးလေးနဲ့ ဘာလုပ်သင့်တယ်ဆိုတာ အကြံလေးပေးပါအုံးဆရာ။

Sorry.
ဖြစ်တဲ့သူရဲ့ အသက် မသိရပါ။ အရင် ဘာရောဂါရှိဘူးလဲ မသိရပါ။ သွေးတိုး၊ ဆီးချိုး စတာ။ စိတ် သိပ်မပူပါနဲ့။ ဆေးရုံဆိုတော့ ကောင်းလာမှာပါ။
အသက်က ၃၈ နှစ်ပါ။ ဘာရောဂါမှမရှိပါ။ ဒါပေမဲ့ဆီးချိုမျိုးရိုးတော့ ရှိပါတယ်။ နှလုံးသွေးကြောပေါက်ရင် ဘာဖြစ်နိုင်ပါသလဲရှင်။ ခွဲစိတ်ကုသရင်ပျောက်နိုင်ပါသလားရှင်။
နှလုံးသွေးကြော ကျဉ်းတာ၊ သွေးယိုတာက အရေးပေါ်ဖြစ်တယ်။ ချက်ချင်း ထိရောက်တဲ့ကုသမှုလုပ်ရမယ်။ လိုအပ်ရင်ခွဲရတယ်။

Sat, Sep 15, 2012 at 7:04 AM
ကျွန်တော် တီဘီရောဂါရှိတာကို နိုင်ငံခြားသွားဖို့ ဆေးစစ်မှ သိတာပါ။ ဆေးကိုလဲ ၆ လသောက်လို့ပြီးပါပြီ။ အဆုတ်မှာအစက်လေး ကျန်ခဲ့ပါတယ်။ အဲ့တာပျောက်အောင် ဘာဆက်လုပ်ရပါမလဲ။
ကျွန်တော်က အမာရွတ် နဲနဲလေးကျန်တာပါ။ နိုင်ငံခြားသွားမယ်ဆိုတော့ အခက်အခဲဖြစ်နိုင်လား။ ပို့တဲ့စာထဲမှာ ပါတယ်။ ဆေးစစ်တဲ့ဌာန အပေါ်မူတည်မယ်။ အစိုးရိမ်မကြီးပါနဲ့။ ပြောထားသလို တချို့ဆီမှာ အအောင်ပေးတာလဲရှိတာဘဲ။
TB အသစ်လား အဟောင်းလား

Sat, Sep 15, 2012 at 2:10 PM
အမည် (့)၊ အသက် ၆၉၊ နေရပ် (့)၊ သား/သမီး ၃ (ဦး)။ ကျွန်မမှာ ဒူးနာသောဝေဒနာကို ခံစားနေရပါတယ်ရှင်။ ကျွန်မကုတာလဲ နေရာတွေနှံ့နေပါပြီ မပျောက်ကင်းခဲ့ပါဘူး။ လမ်းလျှောက်ရင် တစ်ခါတစ်ခါဒူးခေါင်းက ဂလုတ်လုတ် မြည်မြည်နေပါတယ။် နောက်ပြီးတော့ ဒူးခေါင်းတွေက ညပိုင်းဆို ပုံမှန်လိုကိုက်ပါတယ်။ ဆေးအပူတွေ လူးပေးမှ သာပျောက်ကင်းပါတယ်။ လမ်းလျှောက်ရင်လဲ အောင်ပိုင်းများလေးပြီး လိုရာခရီးမလျှောက်နိုင်ဘဲ ရောက်နေသော နေရာတွင် ခေတ္တနားပြီးမှသာ ဆက်လျှောက်လို့ရပါတယ်။

Arthritis အဆစ်နာ
Rheumatism လေးဘက်နာ (၁)
Rheumatoid arthritis လေးဘက်နာ (၂)

Sun, Sep 16, 2012 at 1:23 PM
May I know TB?

• TB အသစ်လား၊ အဟောင်းလား http://dts-medicaleducationblogspotin/2012/05/tbhtml
• TB (Tuberculosis) တီဘီ http://dts-medicaleducationblogspotcom/2008/10/tuberculosis-tbhtml
• TB Medicines Side Effects (တီဘီ) ဆေးတွေ နဲ့ ဘေးထွက်-ဆိုးကျိုးတွေ http://dts-medicaleducationblogspotin/2012/04/side-effects-of-tb-medicineshtml
• TB No more in Medical Curriculum ဆရာဝန်တွေကို တီဘီ သင်မပေးကြတော့တာ စိုးရိမ်စရာ http://dts-medicaleducationblogspotcom/2009/10/tb-no-more-in-medical-curriculumhtml

Sat, Sep 15, 2012 at 9:28 PM
Dear Sir/Madam,
I want to know something about my problem. Last two months ago, I woke up around 3:30AM because I wanted to go toilet. But I cannot stand can stand and go toilet after I tried 3 times I suddenly dropped to floor. When I come back to my bed my leg could not stand. Muscles near my knee were and it was very painful. When I tried to stand 15min later I had to use my hands to go back my bed. 30 min later I could stand but my waist could not control for standing but I could stand and walk for 3 meters. I walked back to my bed and sat but I suddenly dropped on my bed because my waist could not control. Around 6:30 Am, I slept. I could stand when I woke up around 7. My hands, feet and upper body were normal. Is my problem nerve system weakness or Stroke? Doctor gives Procardin, B6, B12.

As you have seen the doctor he/she will tell you the diagnosis. For me you need to tell me your age and man/woman.

As it has been 2 months, is there improvement or not I also need to know your BP, pulse, X-ray, Ultrasound and etc. One more thing, this email of my own My Blogs and Website are my own I clearly mentioned my profile there.

Sat, Sep 15, 2012 at 11:26 PM
May I introduce myself? My name is (့). I am (့) and working in (့). My age is 33. I am single and I have't diabetic. Sometimes, starting from last year August, My leg muscle is painful in night. Before this problem within that month I got 3 injections and took medicine but I do not know medical injection name. I know medicine name (1) Procardin tab 75mg - Contents: Dipyridamole and (2) B6 and B12.

I have taken this medicine around one month. While I was taking this medicine, i do not suffer muscle pain at night. My doctor told me that it was my nervous system weakness. I have not yet done body medical checkup. I suffer one night only. Now i am okay. I am not clear what you wrote, "i have't diabetic". Yes or No. This is important because Diabetes can cause neuropathy.
Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducationblogspotin/2012/06/diabetic-neuropathyhtml
Procardin (Dipyridamole) is for inhibit thrombus formation. That means to prevent blood clotting Do you have heart problem? Are you over weight? This is nothing to do with nerves. But B6 and B12 are for nerves.

Sat, Sep 15, 2012 at 11:35 PM
ကျွန်တော့် အမေ့ လက်မောင်းမှာ အနာ့ပဆုပ်လို့ခေါ်တဲ့ အနာတစ်မျိုး ပေါက်နေပါတယ်။ အနာက ပြည်ထွက်နေပါပြီ။ လောလောဆယ် ဆေးပဒိုင်းရွက်ကို အပူပေးပြီး ကပ်ပေးနေပါတယ်။ အမေက အနာကိုခွဲထုတ်ရမှာကို ကြောက်နေပါတယ်။ အဲဒါ အနာကို မခွဲဘဲ ပျောက်ကင်းနိုင်မဲ့နည်းလမ်းများ ရှိရင် သိပါရစေ။

အနာ့ပဆုပ်ဆိုတာမှန်ရင် ပြည်ကထွက်လာမှာဘဲ။ ခွဲရင်လဲ ရိုးရိုးပြည်တည်နာနဲ့မတူဘူး။ ပြည်ပေါက်လေးတွေ အများကြီးကနေ ထွက်တယ်။ ပြည်ထွက်တာနဲ့ အဲဒီနေရာက အသားနုတက်လာတယ်။ ပြည်ဆိုတာ ကိုယ်မှာ ဘယ်နေရာမှာရှိရှိ မထွက်ထွက်အောင်လုပ်ရတယ်။ ပိုး (ဗက်တီးရီးယား) ကနေဖြစ်တာမို့ ပိုးသေဆေး သောက်ရမယ်။ Ampicillin 250 mg + Cloxacillin 250 mg ကို တခါသောက် တတောင့်၊ တနေ့ ၄ ခါသောက်။ 500 mg တွေဆိုရင် တခါသောက် ၁ တောင့်၊ တနေ့ ၂ ခါသောက်၊ ပေါင်း ၄-၅-၆ ရက်သောက်ပါ။ ဆီးချိုး ရှိ-မရှိစစ်ပါ။ အချိုလျှော့စားပါ။ အနာဆေးထည့်တာ စနစ်တကျလုပ်ပါ။

Sat, Sep 15, 2012 at 10:59 PM
ဆရာ/ဆရာမခင်ဗျား။ ကျွန်တော့် အမည်မှာ (့) ဖြစ်ပါသည်။ ကျွန်တော်သည် (့) တွင် တစ်ဦးတည်းနေထိုင်ပါသည်။ ကျန်းမာရေးအာမခံကဒ် သက်တမ်းကုန်သွားပါပြီ။ သို့ပါ၍ ဆေးရုံသွားပြရန်ခက်ခဲပါသည်။ လွန်ခဲ့သောတစထလခန့်မှစ၍ သွားနာခြင်းဝေဒနာခံစားနေခဲ့ပါသည်။ ကျွန်တော်သည် စားသောက်ဖိုတွင် အလုပ်လုပ်သူဖြစ်၍ နေ့စဉ်ချက်ပြုတ် ကြော်လှော်ရသောကြောင့် အပူကန်တာလားလည်းမသိပါ။ သွားဖုံးများ ယောယမ်းခြင်းတော့ မရှိပါ။ ဝမ်းလည်းမှန်သည်ဟု ဆိုနိုင်ပါသည်။ အသားစားပါကနာ၍ ယခုအခါအသားမစားတော့ပါ။ သွားအခေါင်းပေါက်ဖြစ်ခြင်းလည်း မဟုတ်ပါ။ အန်ဆုံး ပေါက်ခြင်းလည်း မဟုတ်ပါ။ နိုဝင်ဘာလကုန်တွင် မြန်မာပြည်သို့ ပြန်မည်ဖြစ်ပါ၍ သက်သာစေရန် မည်သည့်ဆေး သောက်သင့်ဝေကာင်း ဘယ်လိုကုသသင့်ကြောင်း ကျေးဇူးပြုပြီး ကူညီပေးပါရန်။

ကျွန်တော် ဆရာမ မဟုတ်ပါ။ သွားနာတာဟာ အခေါင်း မမြင်နိုင်တာရှိနေနိုင်တယ်။ Paracetamol, Ibuprofen အနာသက်သာဆေး တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ခါသောက်ပါ။ ၂-၃ ရက်မှ မသက်သာရင် ပိုးသေဆေး တမျိုးမျိုး - Erythromycin တခါသောက် ၁ ပြား၊ တနေ့ ၄ ခါသောက်ပါ။
Cephalosporins တခါသောက် ၁ ပြား၊ တနေ့ ၂ ခါသောက်ပါ။
Metronidazole တခါသောက် ၁ ပြား၊ တနေ့ ၂ ခါသောက်ပါ။
Amoxicillin 250mg တခါသောက် ၁ ပြား၊ တနေ့ ၄ ခါသောက်ပါ။
ဆားရည်နဲ့ ပလုပ်ကျဉ်းပါ။ တနေ့ ၂ ခါ။ ညအိပ်ရာဝင်သွားတိုက်ပါ။ အစာစားပြီးတိုင်း ပါးစပ်ဆေးပါ။

Sun, Sep 16, 2012 at 5:57 PM
အောက်ဖော်ပြပါ မေးမြန်းချက်တွေကို ဖတ်ပြီးသိချင်တာတခုရှိလာလို့ပါ။ ကျွန်တော့သားမှာလဲ G6PD ရှိပါတယ်။ ခု၁နစ်ခွဲပါပြီ။ ရင်လူးဆေးတွေလဲ လိမ်းပါတယ်။ ကလေးကတော့ မစားဘူးပေါ့။ လူကြီးကတော့ ဒညင်းသီးတို့ ဆူးပုပ်တွေတော့ စားဖြစ်ပါတယ်။ ကလေးက အရမ်းနုနေပြီ ဖျားတာ နှာစီးချောင်းဆိုး တလ တခါလောက်ကိုဖြစ်နေလို့ပါ။ ကလေးကို ပရုပ်လုံးတို့ဘာတို့နဲ့ မထိအောင်တော့ ထားပါတယ်။ ခုလိုခလေးအရမ်းနုနေတာ G6PD ကြောင့်များလား။ လူကြီးတွေကို ဆေးထိုးထားရင် နောက်မဖြစ်ဘူးလို့လဲ ဖတ်ဘူးလို့ပါ။ လမ်းညွန်ပါဦးဆရာ။

ကလေးတိုင်း နှာစေး၊ ချောင်းဆိုး မကြာမကြာဖြစ်တာ မစိုးရိမ်ရပါ။ (ဗိုင်းရပ်စ်) ကနေဖြစ်တာသာ များတယ်။ ဒါမျိုးဆိုရင် ပိုးသေဆေး မလိုဘူး။ ကလေးအတွက်သပ်သပ်လာတဲ့ဆေးကို ကလေး ကိုယ်အလေးချိန်နဲ့တိုင်း တိုက်ပါ။ G6PD မရှိတဲ့ ကလေးတွေလဲ ဖြစ်တာပါဘဲ။ ရာသီဥတု၊ ပတ်ဝန်းကျင် နဲ့ လူစုလူဝေး သတိထားပါ။

Sun, Sep 16, 2012 at 10:01 PM
I want to know HRE medicine. My father's name is U (့). My father feel (arthetthukat).
WBC 10.2
PLT 405
ESR 85
RBS 8.4
LFT 0.7
Uric/A 196
My doctor on AKT 3 two month.

I can't figure out some words: "HRE medicine" and "arthetthukat". If AKT 3 was given, it it TB? How old is he? Any X-ray, Ultrasound? What are the complaints, I mean how dose he suffer?

Tightness of chest for one month.Dyspnoea off & on orthopnoea@no PND
No history of TB
O/E
VBS(+)
Dullness
On right lowerzon
Dx? Rt please effusion.
USG Report NO difinite pleased effusion noted unsolidation

Still there are Spelling and typing mistakes.
orthopnoea@no = ?
On right lowerzon = On right lower zone
Rt please effusion = Rt pleural effusion
NO difinite pleased effusion noted unsolidation = No definite pleural effusion noted consolidation

So the patient has lung problem i.e. fluid in right lung. That is why AKT 3 was given. My advice is to take medication with correct dose and course. That means to take medicines as instructed by the doctor. Nowadays anti-TB medicines are better. He will be alright then.

Mon, Sep 17, 2012 at 8:57 AM
ကျား၊ အသက် ၅၄၊ ရန်ကုန်၊ အရေပြား ယားခြင်း၊ ရာသီမရွေးနှာချေခြင်း၊ ၇ နှစ်ခန့်ရှိပါပြီ။ ကျောက်ကပ် ၂ ဖက်လုံး ကျောက်တည်ဘူး (၃နှစ်ခန်Y)။ I.B.S ဖြစ်ဘူး(၂နှစ်ခန့်)။ ကုတ်လိုက်လျင် အနီရောင်အစင်းရာပေါ်လာပြီး ကြွလာပါသည်။ ၁၅ မိနစ်ခန့်ကြာသော် အနီိရောင်ပျောက်ပြီး မူလအသားရောင်ပြန်ဖြစ်ပါသည်။ ဖေါင်းကြွနေခြင်းကတော့ နောက်ထပ် ၁၅ မိနစ်ခန့်တွင် ပြန်ပျောက်ပါသည်။ မယားယံဘဲ အရေပြားကို လက်သဲနှင့် အသာလေးခြစ်ယုံန့ အနီိစင်းထင်လာပါသည်။ ဓါတုဗေဒအနံ့ရလျင် နှာချေပါသည်။ Antihistamine များသောက်ပါသည်။ နှစ်ချီိပြီး ဆေးသောက်ရတာ ကြာတော့ ဆေးမသောက်ဘဲ ခံနေလိုက်ပါတယ်။ နာရီိဝက်ကြာရင် ပျောက်သွားပါတယ်။ သောက်ခဲ့သောဆေးများမှာ Burmeton-Cetrizine-Loratadine-Albandazole-Fecet (ဖေဆိုဖနဒင်း) များ ဖြစ်ပါသည် သောက်လျင်သက်သာပါသည်။ investigation လိုအပ်လျင် ညွန်ကြားပေးပါခင်ဗျား။ သောက်သင့်သောဆေးကိုလည်း ညွန်ပေးပါခင်ဗျား

• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html