Friday, September 14, 2012

Vitamin D ဗီတာမင် (ဒီ)

Thu, Sep 13, 2012 at 8:01 PM
အသိ အမျိုးသမီးတယောက်က မေးပေးပါဆိုလို့။ ဆရာဝန်က ဗိုက်တာမင် D နဲ့ သံဓါတ်အား နည်းတယ် ပြောတယ်။ ဆေးစစ်တော့ ဗီတာမင် D က ၂၇ ပဲ ရှိတယ်တဲ့။ ၅ဝ နဲ့ ၁၅ဝ ကြားရှိရမယ်။ သံဓါတ်က ၆ တဲ့ (၉-၁၄ ရှိရမှာ) လို့ပြောတယ်။ အဲဒါတွေနဲရင် ဘာဖြစ်တတ်လဲ၊ ဘာလို့  ဖြစ်တာလဲ၊ ဘာလုပ်ရမလဲဆိုတာ သိချင်တာ။ အသက်က ၄ဝ ကျော်။ လေးဘက်နာ ရောဂါလဲ ရှိတယ်။ ညကအကောင်းပေမဲ့ မိုးလင်းလို့ နေမကောင်းရင် မျက်ကွင်းညို နုံးချိပြီး ထတောင် မထနိုင်အောင်ဖြစ်တတ်တယ်။ အခုဆရာဝန်ပေးတဲ့ဆေး သောက်နေတယ်တဲ့။ ဒါပေမဲ့ အကျိုးဆက်ကို သိချင်လို့။

အမျိုးသမီးတိုင်း သံဓါတ်နည်းတတ်ကြတယ်။ သံဓါတ်ဆေး အမြဲသောက်နေရမယ်။ သံဓါတ်ကြွယ်အစာတွေစားနေရမယ်။
ဗီတာမင် (ဒီ) ဆိုတာ နေရောင်နဲ့ ထိတွေ့ရင် အရေပြားကနေ အလိုလိုရနေတာပါ။ လွယ်လွယ်လေး ရတာဖြစ်ပေမဲ့ နည်းနေရင်တော့ ရောဂါအတော်များများနဲ့ ဆက်စပ်နေတယ်။ အရိုးသန်မာအောင် လုပ်ပေးတယ်။ ဆီးချို၊ ကင်ဆာ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ (မာလတီပယ်-စကယ်လ်ရိုးဆစ်) ရောဂါတွေနဲ့ ဆက်စပ်နေတယ်။ ကိုယ်အလေးချိန် ချချင်သူတွေအတွက်လဲ လိုတယ်။

Vitamin D Deficiency ဗီတာမင် (ဒီ) နည်းခြင်း
တချို့မှာ နည်းနေပေမဲ့ ဘာမှ မဖြစ်သလိုနေနိုင်တယ်။ ကလေးတွေမှာဖြစ်တာကို Rickets ခေါ်တယ်။ သိပ်နည်းလွန်းရင် Osteomalacia အရိုး အားနည်း ရောဂါ ရလာတယ်။ အရိုးတွေနာ၊ ကြွက်သားတွေ အားနည်းမယ်။ အသက် ၅ဝ ကျော် လာရင်၊ အသားရောင်ရင့်ရင်၊ မြောက်ဝန်ရိုးစွန်းနဲ့နီးတဲ့အရပ်မှာနေရရင်၊ လူကဝရင်၊ Gastric bypass surgery ခွဲစိတ်ပြီး အစာအိမ်နဲ့အူဆက်ထားရရင်၊ Milk allergy or lactose intolerance နွားနို့နဲ့မတည့်ရင် ဖြစ်တယ်။

Bone Health အရိုး
ကလေးငယ်လေးတွေရော အသက်ကြီးသူတွေအတွက်ပါ အရိုးကောင်းဘို့ရာ ဗီတာမင် (ဒီ) လိုတယ်။ စားတဲ့အစာထဲက Calcium (ကယ်လ်စီယမ်) ဓါတ်ကို ကိုယ်ကနေစုပ်ယူဘို့ရာမှာ အကူအညီ ပေးတယ်။ အသက်ကြီးသူတွေ အရိုး မကျိုးလွယ်အောင် ကာကွယ်မယ်။ ကလေးဘဝမှာ အရိုးတွေသန်မာ၊ ဖြစ်ထွန်းလာစေမယ်။ ကလေးပန်းနာ ဆိုးဆိုးဝါးဝါး ဖြစ်တာနဲ့လဲ ဆက်စပ်တယ်။ အသက်ကြီးလာရင် ကျောက်ကပ်ကနေ Vitamin D ပြောင်းမပေးနိုင် ဖြစ်လာတယ်။ Crohn's disease, Cystic fibrosis, Celiac disease ဆိုတဲ့ အစာလမ်း နာတာရှည် ရောဂါရှိနေသူတွေမှာလဲ နည်းမယ်။

Foods အစားအသောက်
အဆီများတဲ့ငါး၊ ကြက်ဥအဝါနှစ်၊ အမဲအသဲ၊ အိုက်စ်ခရင်မ်၊ ငါးကြီးဆီ၊ အားဖြည့်ထားတဲ့ နို့ထွက် အစား အသောက်၊ အားဖြည့်ထားတဲ့ အစေ့အဆံတွေ၊ အားဖြည့်ထားတဲ့နွားနို့၊ ဒိန်ခဲ စတာတွေထဲမှာ ဗီတာမင် (ဒီ) ပါတယ်။

• Multiple Sclerosis (မာလတီပယ်-စကယ်လရိုးဆစ်) ရောဂါ = နေရောင်နဲ့ဝေးရာမှာ နေရသူတွေမှာ (အော်တို-အင်မြူး) အာရုံကြောရောဂါ ပိုဖြစ်ကြတယ်။
• ဆီးချို = လေ့လာမှုတချို့အရ ဆက်စပ်နေတာတွေ့ရတယ်။
• ကိုယ်အလေးချိန် = လူက ဝနေရင် ဗီတာမင် (ဒီ) နည်းတာတွေ့ရတယ်။
• စိတ်ဓါတ်ကျရောဂါ = စိတ်ဓါတ်ကျနေသူတွေကို ဗီတာမင် (ဒီ) များများပေးတော့ သက်သာတယ်။
• လေ့လာမှု မပြည့်စုံသေးပေမဲ့ Colon Cancer အူမကြီး ကင်တာအတွက် ကောင်းတယ်လို့ ယူဆတာရှိထားတယ်။ ရင်သား ကင်ဆာ နဲ့ ယောက်ျား-ဆီးကျိတ် ကင်ဆာတွေကိုလဲ ကောင်းစေတယ်လို့ ယူဆသူတွေလဲ ရှိသေးတယ်။ နှလုံး သွေးကြော ကျဉ်းတာ၊ (စထုပ်ခ်) ရတာအတွက်လဲ ကောင်းတယ်လို့ ဆိုကြတယ်။
• အသက်ကြီးလို့ဖြစ်တဲ့ အာရုံကြောရောဂါ Dementia (ဒီမန်းရှား) အတွက်လဲ ကောင်းတယ်။

Vitamin D Level သွေးစစ်ရင် သိမယ်။ 25-hydroxyvitamin D test လို့ခေါ်တယ်။ 20-30-50 nanograms per milliliter (ng/mL) ရှိရင် ပုံမှန်။ ၁၂ ng/mLထက်လျှော့နေရင် vitamin D deficiency နည်းတဲ့ရောဂါလို့သတ်မှတ်တယ်။

• လူကြီးတွေ အစားအသောက်ထဲမှာ တနေ့ကို ဗီတာမင် (ဒီ) 600 IU ပါသင့်တယ်။ အသက် ၇ဝ ကျော်ရင် 800 IU လိုမယ်။
• နို့စို့ကလေးတွေမှာ တနေ့ကို ဗီတာမင် (ဒီ) 400 IU လိုတယ်။ နို့ဗူးတိုက်ရင်လဲ ဗီတာမင် (ဒီ) ပါတာသုံးသင့်တယ်။ နွားနို့သောက်ရင်တော့ ကောင်းတယ်။ လူကြီးတွေမှာလိုဘဲ သိပ်များရင် ကလေး အန်မယ်၊ အစားပျက်မယ်၊ ရေငတ်မယ်၊ အသားတွေနာမယ်၊ ဒိထက်ဆိုးတာတွေလဲ ဖြစ်မယ်။

Vitamin D Supplements ဗီတာမင် (ဒီ) ဆေး
(၂) မျိုးရှိတယ်။ အစားအစာကနေရတဲ့ D2 (Ergocalciferol) နဲ့ နေရောင်ကနေရတဲ့ D3 (Cholecalciferol) တွေ ဖြစ်တယ်။ ဖြစ်လာပုံတွေ မတူပေမဲ့ သွေးထဲမှာ ဗီတာမင် (ဒီ) ကို များစေတာ တူတယ်။ Multivitamins (မာလ်တီ-ဗီတာမင်) ဆေးတွေထဲမှာ အများအားဖြင့် ဗီတာမင် (ဒီ) 400 IU ပါတတ်တယ်။ တချို့ ဝမ်းနုတ်ဆေး၊ (စတီရွိုက်) ဆေး၊ အတက်သက်သာဆေး၊ (ကိုလက်စထော) ကျဆေးတွေနဲ့ ဗီတာမင် (ဒီ) သက်ရောက်မှု ရှိတယ်။ နှလုံးရောဂါအတွက် ပေးတဲ့ Digoxin နဲ့တွဲရင် ပိုများလာစေမယ်။ နှလုံးခုန် မမှန်ဖြစ်မယ်။

Too Much Vitamin D သိပ်များရင်
လူကြီးတွေ တနေ့ကို Vitamin D ဆေးပြား 600 IU ထက်များတာ မကောင်းဘူး။ သွေးကြောတွေ၊ နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်။ 4,000 IU ထက်ကျော်ရင် ဆိုးတာတွေ ဆက်ဖြစ်နိုင်တယ်။

အရေပြားကင်ဆာ၊ တင်းတိပ်အတွက် နေရောင်ကို ရှောင်ပါ။ ဗီတာမင် (ဒီ) ရချင်ရင်တော့ နေရောင်နဲ့ ထိတွေ့ချိန်လေး ပေးပါ။

ရေးတဲ့ စာအတိုင်းလုပ်ရမယ်။ နေရောင်မထိတာကလဲ အချက်တခုဖြစ်မယ်။ ဗီတာမင် (ဒီ) ကတော့ ဆေးနဲ့ အစားအသောက်နဲ့ ဖြေးဖြေးကောင်းမယ်ထင်တယ်။ သံဓါတ်ကတော့ အစားအသောက်နဲ့ စားဆေး နဲ့ ကြာနေရင် ထိုးဆေး နဲ့ သွေးသွင်းတာလုပ်တာက မြန်မယ်။ ဘာလို့ သံဓါတ်နည်းလဲကိုပါ စစ်ရမယ်။ အတော်နည်းနေတယ်။ သွေးဆင်းများနေတာကြာနေပြီလား၊ သွေးဖြစ်စေတဲ့စနစ် ချို့ယွင်းနေတာလာ။ တခြားဟာတွေ ထပ်စစ်မှသာ သိမယ်။ ထပ်သိလာရရင်လဲ ထပ်ပြောဘို့ အကြံပေးလိုက်ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၉-၂ဝ၁၂

Pain နာတာကို ဘယ်လိုစာဖွဲ့မလဲ

အင်္ဂလိပ်စာလုံးလေးတွေ မထည့်မဖြစ်ပါ။ ဆောရီး။ ၁။ ဆရာ မင်္ဂလာပါရှင့် ကျမအသက်၂၉နှစ်ပါ အပျိုပါ ကျမမှာ ခဏခဏဗိုက်အယ်လိုက် အစားပျက်လိုက် တလှည့်စီဖြစ...