Wednesday, October 31, 2012

Amlong သွေးကျဆေး

Wed, Oct 31, 2012 at 1:49 PM
သွေးတိုးကျဆေး Amlong 5 mg ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သိချင်ပါတယ်ရှင်။

Amlong ဆေးဟာ Amlodipine 5 mg နဲ့ Amlodipine 10 mg ဆိုပြီးလာတယ်။ Angina ခေါ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါ အတွက်လဲသုံးတယ်။ Calcium-channel blockers (Calcium antagonists) အမျိုးအစားဆေးဖြစ်တယ်။ သွေးကြောနံရံအပေါ်သက်ရောက်ပြီး သွေးဖိအားကိုကျစေတယ်။

ဆေးနဲ့မတည့်သူ (အလာဂျစ်ဖြစ်သူ) တွေ၊ သွေးဖိအားနည်းနေသူတွေကို မပေးဘူး။ သိလစ်နေသူကိုလဲမပေးဘူး။ နှလုံး (အတက်ခ်) ရလို့ ၂၈ ရက်အတွင်းရှိသူ၊ နှလုံးဘယ်ဘပ်ခမ်းကို သွေးအရောက်နည်းသူတွေကိုလဲ မပေးဘူး။ ကိုယ်ဝန်ဆောင်နေရင်၊ ကလေးနို့တိုက်နေရရင် ဆရာဝန်ပေးမှသာသောက်သင့်တယ်။ အသက် ၁၈ နှစ်အောက်လဲ မပေးဘူး။

Diltiazem သွေးကျဆေး၊ Ketoconazole, itraconazole (ဖန်းဂတ်စ်) မှိုဆေး၊ Ritonavir ခေါ်တဲ့ HIV/AIDS ဆေး၊ Rifampicin တီဘီဆေး၊ Cimetidine, နဲ့ Aluminium/Magnesium လေနာဆေးတွေ၊ Sildenafil (Viagra) ယောက်ျား ပန်းသေအတွက်ဆေးတွေနဲ့ တွဲမသောက်သင့်ဘူး။ တခြားသွေးကျဆေးတွေဖြစ်ကြတဲ့ Beta-blockers, ACE inhibitors, Alpha-blockers တွေနဲ့ တွဲပေးရင်သတိထားရမယ်။

အများအားဖြင့် တနေ့မှာ 5 mg ပေးတယ်။ ၂-၄ ပတ်မှာ အစွမ်းမပြရင် 10 mg ပေးတယ်။ အသက်သိပ်ကြီးသူတွေ၊ ကျောက်ကပ်မကောင်းသူတွေ၊ ဆေးသောက်ချိန် တူသင့်တယ်။ ဆေးသောက်တာမေ့လို့ ၁၂ နာရီကျော်သွားရင် တနေ့ထဲ ၂ ခါသာက်လိုမဖြစ်စေရဘူး။ ဆေးကို လိုတာထက် များသွားရင် ခေါင်းမူးဝေဝေဖြစ်မယ်။ အသက်ရှူရခက်မယ်။ ဆီးခဏခဏ သွားချင်လာမယ်။

ဘေးထွက်-ဆိုးကျိုးတွေ = ခေါင်းကိုက်၊ မောပန်း၊ ခေါင်းမူး၊ အားယုတ်၊ နှလုံးခုန်နေတာကိုသတိထားမိတာ၊ နေမကောင်းသလိုနေတာ၊ အစာမကျေ၊ ခြေခြင်းဝတ်ရောင်၊ မျက်နှာနီမြန်း၊ ဆေးသောက်နေသူတွေ ခေါင်းမူးတတ်၊ မောပန်းတတ်လို့ ကားမောင်း၊ စက်မောင်တာ သတိထားရမယ်။

Grapefruit juice စပျစ်ရည်နဲ့မသင့်ဘူး။ ဆေးကိုရေများများနဲ့သောက်ရမယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁ဝ-၂ဝ၁၂

Monday, October 29, 2012

ASD နှလုံးရောဂါ

Mon, Oct 29, 2012 at 2:05 AM
ကျနော်အနေနှင့် နှလုံးသား ကျန်းမာသန်စွမ်းအောင် မည်သို့ ဂရုပြုရမည်ကိုသိရှိလို့ပါသည်။ တခါတရံ နို့သီးခေါင်းနှင့် ရင်ညွှန့်နှစ်ခုကြား နေရာတွင် စူးကနဲ့ အောင့်တတ်ပါသည်။ ASD ခွဲဖူးပါသည်။ အရက် တစ်ခါတစ်ရံ ပါတီရှိပါက သောက်တတ်ပါသည်။ အထိုင်များသော အလုပ်ဖြစ်ပါသည်။ ဆေးလိပ်မသောက်တတ်ပါ။ လမ်းညွှန်ပေးပါခင်ဗျား။

နှလုံးရောဂါအမျိုးအစား အများကြီးရှိပါတယ်။ မေးတဲ့သူမှာ ဖြစ်တဲ့ ASD ရောဂါဆိုတာ မွေးရာပါရောဂါတခုပါ။ အစားအသောက် အနေအထိုင်ကြောင့်ဖြစ်ခဲ့ရတာမဟုတ်ပါ။ အသက်ကို ရုတ်တရက် အန္တရာယ်ပေးနိုင်တဲ့ နှလုံးသွေးကြော ကျဉ်းရောဂါကတော့ (ကိုလက်စထော)၊ ကိုယ်အလေးချိန် နဲ့ အသက်တွေနဲ့ဆိုင်လို့ ဆင်ခြင်နေဘို့ အထူး လိုအပ်တာမျိုး ဖြစ်တယ်။ ပန်းသီးစားရင် ဆရာဝန်နဲ့ဝေးဝေးနေရနိုင်တယ်ဆိုတဲ့ (မိုတို) တခုဟာ ဒီရောဂါမျိုးနဲ့ဆိုင်တယ်။

နှလုံးရောဂါအမျိုးအစားများ
1. Cardiac dysrhythmias နှလုံးခုန်မမှန်ရောဂါ၊
2. Cardiomyopathy နှလုံးကြွက်သားရောဂါ၊
3. Cor pulmonale နှလုံးဘညာဘက်ခြမ်း အလုပ်မလုပ်နိုင်တော့ခြင်း၊
4. Coronary heart disease (ischaemic heart disease) နှလုံးသွေးကြောကျဉ်းရောဂါ၊
5. Heart failure နှလုံးအလုပ်မလုပ်နိုင်တော့တဲ့ရောဂါ၊
6. Hypertensive heart disease သွေးတိုး-နှလုံးရောဂါ၊
7. Inflammatory heart disease နှလုံးရောင်ရောဂါများ၊ (Endocarditis နှလုံးအတွင်းပိုင်းရောင်ခြင်း၊ Inflammatory cardiomegaly နှလုံးရောင်ခြင်း၊ Myocarditis နှလုံးကြွက်သားရောင်ခြင်း၊)
8. Peripheral arterial disease အဖျားအနားသွေးကြောရောဂါ။
9. Stroke and cerebrovascular disease ဦးနှောက်သွေးကြောရောဂါ၊
10. Valvular heart disease နှလုံးအဆို့ရှင်ရောဂါများ၊

မွေးရာပါနှလုံးရောဂါလို့ နုတ်ကျိုးနေပေမဲ့ ဆေးစာမှာတော့ မွေးရာပါနှလုံးချို့ယွင်းချက်လို့ ခေါ်တယ်။ Congenital Heart Defect (CHD) ထဲမှာ ၅ မျိုးရှိတယ်။
(၁) Cyanotic defects သွေးမဝတဲ့ချို့ယွင်းချက်၊
(၂) Defects အင်္ဂါပိုင်းချို့ယွင်းချက်၊
(၃) Hypoplasia ဖွံ့ဖြိုးမှုချို့ယွင်းချက်၊
(၄) Obstruction defects ဆို့ပိတ်ချို့ယွင်းချက်၊
(၅) Septal defects အကန့်ချို့ယွင်းချက်၊

Defects အင်္ဂါပိုင်းချို့ယွင်းချက်များ၊
• Atrial septal defect (ASD) (မေးတဲ့သူများဖြစ်ခဲ့တဲ့ရောဂါ)
• Aortic stenosis (AS)
• Atrioventricular septal defect (AVSD)
• Bicuspid aortic valve
• Coarctation of the aorta (CoA)
• Dextrocardia
• Dextro-Transposition of the great arteries (d-TGA)
• Double inlet left ventricle (DILV)
• Double outlet right ventricle (DORV)
• Ebstein's anomaly
• Hypoplastic left heart syndrome (HLHS)
• Hypoplastic right heart syndrome (HRHS)
• Interrupted aortic arch (IAA)
• Levo-Transposition of the great arteries (l-TGA)
• Mitral stenosis
• Partial anomalous pulmonary venous connection (PAPVC)
• Patent ductus arteriosus (PDA)
• Pentalogy of Cantrell
• Persistent truncus arteriosus
• Pulmonary atresia
• Pulmonary stenosis
• Scimitar syndrome (SS)
• Shone's syndrome/ Shone's complex / Shone's anomaly
• Some constellations of multiple defects are commonly found together.
• tetralogy of Fallot (ToF)
• Total anomalous pulmonary venous connection (TAPVC)
• Transposition of the great vessels
• Tricuspid atresia
• Ventricular septal defect (VSD)

နောင်မှာ မဆိုကောင်းစကား မေးစရာများရှိရင် အသက်၊ ဖြစ်တာဘယ်လောက်ကြာ၊ ဘာခံစားနေရတယ် စတာတွေပါ ထည့်ရေးပါ။ ASD ဆိုရင် ကလေး၊ လူကြီးခွဲပြောရတယ်။

• Medical Follow-up ဆက်လက်ပြသ-ကုသစရာလိုတယ်။ ခွဲစိတ်ပြီးနောက် တချို့ကို လနဲ့ချီပြီး သွေးမတိတ်ဆေးပေးရတယ်။ ၆ လထက်တော့မပိုပါ။ စစ်ဆေးတာလဲလုပ်ရနိုင်တယ်။ ဥပမာ electrocardiograms, Holter monitors, exercise stress tests and echocardiograms တွေဖြစ်တယ်။ cardiac catheterization ကိုတော့ လုပ်ရတာရှားတယ်။
• Activity Restrictions ကိုယ်လက်လှုတ်ရှားမှုကန့်သတ်ခြင်းကို လူတိုင်းအတွက်မလုပ်စေပါ။ တချို့ကို အချိန်ကန့်သတ်ပြီး သက်တောင့်သက်သာနေစေတယ်။ ဒိနောက်တော့ သူများလိုနေနိုင်လုပ်နိုင်ပြီ။
• Pregnancy အခြေအနေတွေပုံမှန်ဖြစ်တာနဲ့ ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ခွဲစိတ်ပြုပြင်မထားသူဆိုရင်တော့ နှလုံးကို ထိခိုက်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၁ဝ-၂ဝ၁၂

Saturday, October 27, 2012

Q and A October 2012 (7)

1. ကလေးက အသက်(၈)နှစ် ယောက်ျားလေးပါ၊
2. ကျွန်တော့နာမည်က (့) ပါ။
3. ကျွန်တော်အသက်က (26) နှစ်ပါ။
4. သမီးရဲ့သားမှာ ပွေးများ မကြာခဏဆိုသလို
5. လေးဘက်နာရောဂါအတွက် အကိုက်အခဲပျောက်ဆေး
6. ညီမအကို ဇက်ကျီးပေါင်းဖြစ်နေလို့ပါ။
7. သွေးလွန်တုပ်ကွေးနဲ့ ပတ်သပ်ပြီး
8. ကျွန်တော့်အသက်(၂၉)နှစ်ပါ။
9. ဆရာ ကျွန်မ မန္တလေးမှာနေတယ်။
10. သူငယ်ချင်မှာ လည်ပင်း ရင်ပက်နဲ့ ကျော်ကုန်းမှာ

Thu, Oct 25, 2012 at 12:56 PM
ကလေးက အသက်(၈)နှစ် ယောက်ျားလေးပါ၊ ချွေးထွက် အရမ်းများနေလို့ပါ၊ မနက်(၈)နာရီဆို ကျောင်းသွားပါတယ်။ ကျောင်းမှ ပြန်လာလျှင် ဝတ်ထားသော အင်ကျီမှာ ရေစိုနေသကဲ့သို့ထိ၊ ချွေးထွက်များပါသည်။ နေ့လည် ၁၂ နာရီထိုးရင် အိမ်မှ ထမင်းသွားကျွေးရင်း အင်ကျီတထည်လဲပေးထားပါသေးသည်။ အတွင်းခံစွပ်ကျယ်ဝတ်ပေးလိုက်လျှင် ချွေးညှစ်ယူလို့ ရပါသည်။ ကလေးက လှုပ်ရှားဆော့ကစားတော့များပါသည်။ လေးလေးလံလံ ထိုင်းထိုင်းမှိုင်းမှိုင်း ပုံစံတော့ မရှိပါ။ တခါတရံ ခေါင်းမူး-ဗိုက်နာသည်တော့ ပြောပါသည်။ ညအိပ်လို့ အိပ်ပျော်သွားရင်ချွေးထွက်လာပါသည်။ ချွေးငုတ် ချွေးမထွက်တော့ဘူးဆိုရင် ကိုယ်ပူပြီး ဖျားလာပါတော့တယ်။
• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducation.blogspot.com/2010/11/hyperhidrosis.html
Thu, Oct 25, 2012 at 7:13 PM
ကျွန်တော့နာမည်က (့) ပါ။ အသက်က၂၆ နှစ်ရှိပါပြီ။ ငယ်ငယ်ကတည်းက နှပ်ချေးမညှစ်ရတဲ့နေ့မရှိပါဘူး။ နှာစေးပျောက်ဆေး စားတာလည်း မပျောက်ပါဘူး။ နားနှာခေါင်းဆရာဝန်နဲ့ ပြကြည့်ဘူးပါတယ်။ ဆေးသုံးခါလောက် ထိုးဖူးပါတယ်။ မပျောက်ပါဘူး။ ထိပ်ကပ်နာလို့ ဆရာဝန်ကပြောပါတယ်။ ညအိပ်ချိန်ကျတဲ့ အာပုက်ဆီးတွေကလည်း အရမ်းနံပါတယ်။ ဘယ်လိုကုရမလဲ အဖြေရှာပေးပါခင်ဗျာ။

• Sinus (ဆိုင်းနပ်စ်) http://dts-medicaleducation.blogspot.in/2012/03/sinus.html
• Sinusitis (ဆိုင်နူဆိုက်တစ်) http://dts-medicaleducation.blogspot.com/2009/08/blog-post_25.html

Fri, Oct 26, 2012 at 8:13 AM
ကျွန်တော်အသက်က (26) နှစ်ပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော်နှာခေါင်း ပြင်ချင်လို့ပါ။ ကျွန်တော်နှာခေါင်းက ပြားပြီး နှာအိုးကပွကားနေလို့ပါ။ ခွဲစိတ်မှုနဲ့ ပတ်သက်လို့ တစ်ခါမျှ မလုပ်ဖူးပါဘူး။ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်ပေးပါ။ မြန်မာနိုင်ငံမှာ ခွဲစိတ်လို့ရမည့် နေရာနှင့် ဆေးခန်းတွေရှိရင် သိပါရစေ။ ကုန်ကျစရိတ် ဘယ်လောက်ကျနိုင်ပါသလဲ။

• Nose Plastic Surgery နှာခေါင်း လှချင်သူ http://dts-medicaleducation.blogspot.com/2011/02/nose-plastic-surgery.html

Sat, Oct 27, 2012 at 3:04 PM သမီးရဲ့သားမှာ ပွေးများ မကြာခဏဆိုသလို ပေါက်ပေါက်နေပါတယ်။ သန့်ရှင်းစွာနေပေမဲ့လည်း မကြာခနပြန်ပြန်ပေါ်လာပါတယ်။ ဆေးများလူးလည်း အမြစ်မပြတ်သလိုဖြစ်နေပါတယ်။ ဆီးလည်း သိပ်မကောင်းပါဘူး။ အထူးသဖြင့် ပေါင်နှင့် တင်ပါးတွင်အဖြစ်များပါတယ်။ အသက်က ၁၇ နှစ်နှစ်ပါ။ အရင်တခါ ယားနာပေါက်တုံးကတော့ ဆရာပေးတဲ့ဆေးနဲ့ ပျောက်သွားပါတယ်။

Ringworm ပွေး

Sat, Oct 27, 2012 at 5:42 PM
လေးဘက်နာရောဂါအတွက် အကိုက်အခဲပျောက်ဆေး သောက်သင့်/မသင့်သိလိုပါသည်။

Rheumatism လေးဘက်နာ (၁)
Rheumatoid arthritis လေးဘက်နာ (၂)

Sat, Oct 27, 2012 at 5:50 PM
ညီမအကို ဇက်ကျီးပေါင်းဖြစ်နေလို့ပါ။ အသက်က ၄ဝ ပါ။ ရောဂါဖြစ်တာသိတာတော့ သိပ်မကြာသေးပါဘူး။ အရင်ကတော့ မူးတာတောခဏခဏဖြစ်တတ်ပါတယ်။ ခုမှ ဓာတ်မှန်ရိုက်ကြည်တာပါ။ ဓါတ်မှန်ရိုက်ပြီးတော့ ၁ဝ ရက်စာဆေးပေးလိုက်ပါတယ်။ အဲဒါ အဲဒီဆေးသောက်တာ မသက်သာလို မြောက်ဥက္ကလာက စကြာမင်းအရိုးကျီးပေါင်းဆေးကုခန်းမှာ ယခုကုနေပါတယ်။ ဆေးခန်းကပြောတာတော့ ၆လလောက် ဆေးစည်းဆေးကုရမယ်ပြောပါတယ်။ ခုဆေးစည်းတာ ၅ ရက်ရှိပါပြီ။ ငါးရက်ဆေးခန်းသွား ၃ ရက်နားပါ။ ခုတော့ခေါင်းကမူးမူးနေပါတယ်။ ဆေးစည်းပေးတဲ့အချိန်ဆို သက်သာသလိုရှိပေမယ့် ဆေးဖြည်လိုက်ရင် မူးမူးနေပါတယ်။ ညီမတို့က နယ်ကနေ ရန်ကုန်မှာအလုပ်လာလုပ်ကြရတာပါ။ ၆ လဆိုတော့ကြာတယ်လို့ထင်တယ်လေ။ ညီမ အင်တာနက်ကနေ အဲဒီရောဂါအကြောင်းရှာတော့ ဆိုက်တခုမှာ အဲဒီရောဂါကိုကုတဲ့ဆေးဆရာ အရမ်းကောင်းတယ်ဆိုတဲ့အကြောင်းပါပါတယ်။ အဲဒါဆက်သွယ်ကြည်တောရပါတယ်. သူကပြောပါတယ် ၂၁ ရက်လောက်ပဲ ဆေးစည်းရမယ်တဲ့။ ပျောက်မယ်ပြောတယ်။ ၃ ရက်လောက်စည်းပြီးရင် အမူးလုံးဝပျောက်သွားစေရမယ်လို့ ပြောပါတယ်။ အဲဒီဆရာက အိမ်မဲကပါ။ အဲဒါ ရန်ကုန်ကိုလာကုမယ်ပြောတယ်။ ဆေးစရိတ်ကတော့ အပြီးအစီး ၁ သိန်းခွဲပေးရမှာပါတဲ့။ ပိုက်ဆံကုန်မှာ အရေးမကြီးပါ။ ဆရားမှားမှာကို စိုးရိမ်တာပါ။ သူကတော့ ရန်ကုန်မှာလဲ လူနတွေရှိတယ်လို့ ပြောပါတယ်။ ခုသူက 29-10-2012 ဆို ရန်ကုန်ကိုလာကုမယ်ပြောပါတယ်။ အဲဒါကုသင်မကုသင့် အဲဒီရောဂါကို ဘယ်လိုကုသင့်တယ်။ ဘယ်မှာကုရင်အဆင်ပြေမယ်ဆိုတာ အကြံလေးပေးစေချင်ပါတယ်။ http://mandalaygazettecom/80820/uncategorized-other/copypaste ပါ။ အဲဒီဆိုက်မှာရေးထားတဲ့ စာတွေကတော့ အောက်ကအတိုင်း ဖြစ်ပါတယ်။

ပေးထားတဲ့ လင်ခ် ကိုဖတ်ပါတယ်။ တိုင်းရင်းဆေးနည်းဖြစ်လို့ ဆရာတို့လို ဆရာဝန်တွေ မသင်ရပါ။ ဆိုးတာရော ကောင်းတာပါ မပြောသင့်ပါ။
Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်

Sun, Oct 28, 2012 at 10:29 AM
သွေးလွန်တုပ်ကွေးနဲ့ ပတ်သပ်ပြီး subjective data, objective data, nursing diagnosis, nursing intervention and evaluation တွေကို ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သပ်လို့ ဆောင်ရန်ရှောင်ရန်ကိုပါ ဖြေကြားပေးစေလိုပါတယ်။

ရေးပြီးသာကိုပို့ပါတယ်။ ကျန်တာကို အချိန်ရတော့ ဖြည့်ပါမယ်။ ပညာရှင် (ဆေးကုသ-ကာကွယ်ပေးသူ) အနေနဲ့သိချင်တာလား၊
Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး

ဆေးကုသကာကွယ်ပေးသူအနေနဲ့ပါ။ Nursing diagnosis ကို ဘယ်လိုအခြေအနေမျိုးတွေမှာ လုပ်လို့ရမလဲသိချင်ပါတယ်။

Nursing diagnosis for dengue patient
၁။ သွေးလွန်တုပ်ကွေးလူနာတယောက်အား သူနာပြုရာတွင် အဓိကဦးတည်ချက်မှာ အဖျားကျစေရန်ဖြစ်သည်။ Tepid sponging ရေပတ်တိုက်ခြင်း၊ Acetaminophen ဆေးပေးခြင်း၊ နှင့် A lot of water ရေများများ သောက်စေခြင်း တို့ လုပ်ပေးရမည်။ ၂။ ထို့နောက် Platlet level သွေးမှုံ အရေအတွက် တောက်လျှောက်စောင့်ကြည့်ရမည်။ြlood test သွေးစစ်ရမည်။ လိုအပ်ပါက Blood transfusion သွေးသွင်းပေးရမည်။ ၃။ IV transfusion of normal saline (နော်မယ်-စေလိုင်း) သွင်းထားရမည်။ (၁) ရေဓါတ်လုံလောက်စေရန်နှင့် (၂) ဆီးများများသွားစေလျှက် ဗိုင်းရပ်စ်ကိုဆီးထဲကနေစံန့်ထုတ်စေရန်ဖြစ်သည်။

၂၉.၁၀.၂၀၁၂
ကျွန်တော့်အသက်(၂၉)နှစ်ပါ။ ၀န်ထမ်းတစ်ဦးပါ။ ခါးရဲ့ဘယ်ဖက်အခြမ်းက ဆွဲဆုပ်ထားသလို ကိုက်ခြင်း၊ ဆီးမသွားနိုင်ခြင်းတို့ကြောင့် ၂၄.၁၀.၂၀၁၂ ရက်နေ့တွင် ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးနှင့် ပြသပါသည်။ ဓါတ်မှန်နှင့် Ultrasound ရိုက်ခဲ့ပြီး အဖြေအရ ဘယ်ဖက်ကျောက်ကပ်တွင် 10.9mm ရှိ ကျောက်တည် နေကြောင်းသိရှိရပါသည်။ လွန်ခဲ့သော (၁)နှစ်က ဖြစ်ဖူးပါသည်။ တိုင်းရင်းဆေးများ သောက်သုံးရင်း ဆန်စေ့(၂)စေ့စာ ဆီးကျောက်တစ်ခု ဆီးသွားရင်းပါသွားပါသည်။ အကြောင်းအရာတစ်ချို့ကို ဘ၀င်မကျ၍ ဆရာဝန်ကြီးနှင့် ဆက်လက်မပြတော့ပါ။ ကျောက်ရှိ/မရှိမသေချာ၍ အနာသက်သာဆေးနှင့် ဆီးပိုးမ၀င်စေရန် သောက်ဆေး(၃)ရက် သောက်ခဲ့ပါ သည်။ အခြားဆီးကျောက်ပျော်ဆေး မသောက်ပါ။ သို့ဖြစ်ပါ၍ ဆရာ့အနေဖြင့် ကျောက်ကပ်အတွင်းရှိ ဆီးကျောက် ပျော်ကျစေရန်အတွက် မြန်မာနိုင်ငံတွင်ရရှိသည့် သောက်သုံးသင့်သည့် ဆေးဝါးများကို ပြန်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

• Kidney stones ကျောက်ကပ်-ကျောက် http://dts-medicaleducation.blogspot.com/2011/01/kidney-stones.html

Mon, Oct 29, 2012 at 8:14 PM
ဆရာ ကျွန်မ မန္တလေးမှာနေတယ်။ အသက် ၅၄ နှစ်ပါ။ (့) လို့ခေါ်ပါတယ်။ ကျွန်မနှုတ်ခမ်းဖျား အတွင်းဖက်မှာ အရည်ကြည်ဖု ၅ လု့း ကုလားပဲလုံးအရွယ်ခန့်နဲ့ အာခေါင်မှာအဖုတွေငါးမျက်စိပုံစံ၎ လုံးနဲ့ လည်ပင်းလည်း နာတယ်။ ဆန်ပြုတ်သောက်လည်း နာတယ် ဖြစ်တာ၃ရက်ရှိပြီ။ လမ်း ၃ဝ မှာပြတာ ၂ ရက်ရှိပြီ မသက်သာပါ။ လက်ရှိ ဝမ်းမှန်တယ်။ ခန္ဓာကိုယ်နှုံးချိနေတယ်။ ဆန်ပြုတ်ရေသောက်တယ်။ သောက်ဆေးက ရာသိကိုင်နေတော့ မြန်မာတိုင်းရင်းဆေး ဘုရားကြီးအရှေ့မုဒ်ဆေးခန်းက ဆေးသောက်တာ ၄ ရက်ရှိပြီ။ ရာသီကိုင်တာ သက်သာတယ်။ ဒါပေမယ့် အာသီးရောင်တာ လည်ပင်းနာတာ ၁ လကို ၄-၅ ကြိမ်ဖြစ်တတ်တယ်။ ဖြစ်ရင် ငုံဆေး ချယ်ရီကော့ဖ် ငုံရင်ပျောက်တယ်။ အထက်ပါရောဂါပျောက်အောင် စားဆေးနဲ့ပြရမည့်ဆေးခန်းကို အကြံပြုပါ ဆရာ။

ပါးစပ်နာတွေထဲမှာ လူတွေအများဆုံး ဖြစ်ကြတာကို Aphthous ulcer လို့ ဆေးစာနဲ့ခေါ်တယ်။ အင်္ဂလိပ်လို Cold sores လို့ခေါ်တယ်။ အရပ်ခေါ် အပူကန်နာလို့ ပြောကြတယ်။ ပါးစပ်ထဲ ဘယ်နေရာမဆို ဖြစ်တယ်။ အောက်နုတ်ခမ်းမှာ အဖြစ် များတယ်။ လျှာအောက်လဲဖြစ်၊ ပါးစောင်လဲ မလွတ်ဘူး။ တခုမကလဲဖြစ်။ ဖြစ်ပြီး ပျောက်၊ ပျောက်ပြီး ပြန်ပေါက်တတ် သေးတယ်။
ဘာလို့ ဖြစ်သလဲ။ ဗီတာမင်ချို့ယွင်းလို့ မဟုတ်ပါ။ ရောဂါပိုးဝင်လို့ မဟုတ်ပါ။ အစာစားချိန် မမှန်သူ၊ ခရီးသွားနေရလို့၊ ဝမ်းသွား မမှန်သူ၊ အလုပ်များသူ၊ စိတ်ရှုတ်သူတွေမှာ ဖြစ်တယ်။ အားနည်းနေချိန်မျိုးမှာ လာဖြစ်တတ်တယ်။ အပူများတာ (ကော်ဖီ၊ လက်ဘက်ရည်) သောက်မိသူ တွေမှာလဲ ဖြစ်လေ့ရှိတယ်။ အရက်-ဆေးလိပ်လဲ စာရင်းထဲမှာ ပါတယ်။ အစပ်များတာ စားမိသူကိုလဲ ထည့်ရေးကြပေမဲ့ တကယ် အစပ်စားသူတွေမှာ ပိုဖြစ်တာ မတွေ့ဘူးပါ။ ရွှေလံဘို ငရုတ်စားတဲ့ နာဂတွေ၊ ကသည်းတွေမှာ (ဗမာလဲ ပါတယ်) ထူးဖြစ်တာ မရှိပါ။
အနာပုံစံက တခါတွေ့ဘူး၊ မှတ်ထားဘူးရင် မလွဲနိုင်ဘူး။ ခပ်ဝိုင်းဝိုင်းနေမယ်။ တလက္မရဲ့ ၁ဝ ပုံ ၁ ပုံကနေ ၅ ပုံလောက် အထိ ကြီးတယ်။ အလည်ပိုင်းက ခပ်ဝါဖြူဖြူနဲ့ ခွက်နေပြီး၊ ဘေးနုတ်ခမ်းက နီရဲနေမယ်။ ဖြစ်ရင် အတော်နာတယ်။ ပူစပ်နေမယ်။ ရေသောက်တာတောင်မှ မခံချင်ဘူး။ ထမင်းစားရင် သိပ်ဒုက္ခရောက်တယ်။

• ဆားရည်နဲ့ တနေ့ ၂ ကြိမ်၊ ပါးစပ်ဆေးပါ။
• ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင်စီ များများ ပေးတယ်။
• အနာပေါ်ကို Glycerin အလှဆီ လိမ်းပေးနိုင်တယ်။
• ထောပတ်၊ ပျားရည်လဲ လိမ်းကြတယ်။ တချို့က ညောင်ရွက်ကို ကြိတ်ပြီး လိမ်းတယ်။ ကြက်သွန်ဖြူလဲ သုံးကြတယ်။
• အစာအိမ်နာရောဂါ ရှိနေသူတွေကို အုန်းဆီ နဲနဲ သောက်ခိုင်းတယ်။
• သင်္ဘောသီးမှည့် စားတာ ကောင်းတယ်။
• ဂျုံစာထက် ဆန်စာက ပိုသင့်တယ်။
• ထုံဆေးလိမ်းဆေးကို သုတ်လိမ်းလိုက်ရင် ခဏလောက် မနာတော့ဘဲ ထမင်းစားနိုင်လိမ့်မယ်။ ထုံဆေး ပျယ်ရင် ပြန်နာမယ်။
• မပျောက်နိုင်သူတွေကို Corticosteroids ပါတဲ့လိမ်းဆေး ပေးနိုင်တယ်။
• Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး သောက်ခိုင်းတယ်။
• Gentian violet paint ခရမ်းရောင်ဆေး လိမ်းရင် ပိုးဝင်တာ ကာကွယ်နိုင်တယ်။
• ရေများများသောက်ပါ။ (မနာရင်ပေါ့။)
ကုဘို့ဆိုတာ ဖြစ်စေတာကို ပြင်ရမှာ အဓိက ဖြစ်တယ်။

Mon, Oct 29, 2012 at 9:09 PM
ကျတော့် သူငယ်ချင်မှာ လည်ပင်း ရင်ပက်နဲ့ ကျောကုန်းမှာ ဘုလေတွေပြုံပေါက်နေပါတယ်။ အဲဒါဘာဘုလေတွေလဲဆရာ။

ဖြစ်နေတာ ဘယ်လောက်ကြာ၊ ယား-နာ ဘယ်လိုခံစား၊ ဆရာဝန်ပြဘူးသလား၊ ဘယ်ဆေးတွေ သောက်-လိမ်းနေပါသလဲ။

ဟုက်ကဲ့ဆရာ ပထမတော့နည်နည်နဲ့ အခုတဖြည်းဖြည်းနဲ့များလာတယ်။ အခုဆိုနှစ်လလောက်ရှိပါပြီ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

မိုရွာတော့မယ်ဆိုရင် နည်းနည်းယာလာတယ်။ ဘုလေးတွေကပြည်တည်ပြီ ပျောက်တဲ့ဘုလေတွေဆို အမဲစက်ကလေးတွေကျန်ခဲ့တယ်။ ဆရာဝန်တော့ပြဘူတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

အသက်က ၂၃ ပါ။ ယောက်ျာလေးပါ။ အိမ်ထောင်မရှိ မိတ်ဘုဝက်သတ်တော့ ဟုတ်မယ်မထင်ဘူ။ ဆေးကတော့ TiDACT capsule. Y.S.P ပါ လိမ်ဆေးတွေလဲပေးတယ်။ Gentamicin လိမ်ဆေးပါ။

ချတ် လုပ်သလိုတော့ မမေးစေချင်ပါ။ မေးခွန်းမှာ အစုံရေးမေးပါ။ ကျွန်တော့်မှာ အမေးတွေက အမြဲလာနေတော့ အချိန်ကခက်တယ်။ ၃-၄ ခါရေးတာထဲမျာ ဘယ်လောက်ကြာပြီဆိုတာ မပါဘူး။ မဖြစ်တာကို မရေးပါနဲ့။ မထင်တာလဲရေးစရာမလိုပါ။

Friday, October 26, 2012

Ringing in the Ears နားအူခြင်း

Fri, Oct 26, 2012 at 10:39 AM
သမီး အမျိုးသားအသက်က ၃၂ နှစ်ပါဆရာ။ နားအူလို့ပါ။ ညအိပ်ရင်နားထဲမှာ တစီစီနဲ့ အသံတွေ ကြားနေရပါတယ်။ ခေါင်းလဲမူးပါတယ်။ ဖြစ်တာ တနှစ်လောက်ရှိပါပြီ။ ဆေးခန်းသွား ဆေးစစ် ဆေးသောက်လဲ မထူးခြားလို့ပါ။ အဲဒါ ဘာကြောင့်ဖြစ်လဲ၊ ဘာစစ်ဆေးမှုတွေ ပြုလုပ်ရမလဲ၊ ဘာဆေးတွေသောက်ရမလဲ။

လူအတော်များများဖြစ်ဘူးတယ်။ နားထဲမှာ ဆူနေတဲ့အသံက အမျိုးမျိုးဖြစ်နိုင်တယ်။ roaring ဟစ်အော်သံ၊ hissing ဆွဲငင်သံ၊ buzzing တဝီဝီသံ၊ tinkling သတ္တုခေါက်သံ။ တခါဖြစ်ရင် မိနစ်နည်းနည်းကြာမယ်။ တော်တော်နဲ့ မပျောက်နိုင်တာကိုမှသာ Tinnitus (တင်းနစ်တပ်စ်) လို့ခေါ်တယ်။ ဘေးမှာ အသံဖြစ်စရာအကြောင်းမရှိဘဲ ကိုယ့်မှာသာ ကြားနေရမယ်။ သူများတွေကတော့ မကြားဘူး။ နှလုံးခုန်သံနဲ့ လိုက်ကြားရနိုင်တယ်။ အသက်ရှူတာနဲ့လဲ ချက်ညီနိုင်တယ်။ အသက်ရလာရင် ပိုဖြစ်မယ်။ အသက် ၄ဝ ကျော်တွေနဲ့ ယောက်ျားတွေမှာ ပိုဖြစ်တယ်။

အမျိုးအစား (၂) မျိုးရှိတယ်။
၁။ Pulsatile tinnitus (ပါစတိုင်းလ်) ဆိုတာက နှလုံးခုန်သလိုနေတယ်။ နားရဲ့ အနီးအနားက ကြွက်သားလေးတွေ လှုတ်ရှာလို့ ဖြစ်တာ များတယ်။ ဒါမှမဟုတ် မျက်နှာနဲ့ လည်ပင်းမှာ သွေးလျှောက်ရာကနေဖြစ်မယ်။ သွေးခုန်တာမျိုး၊ ကြွက်သားညှစ်နောမျိုး သတိထားမိလိမ့်မယ်။

၂။ Nonpulsatile tinnitus တခြားအမျိုးအစားကတော့ နားအကြားနဲ့ဆိုင်တဲ့ အာရုံကြောကြောင့်ဖြစ်ရတယ်။ နားတဖက်ဖြစ်ဖြစ် နှစ်ဘက်လုံးဖြစ်ဖြစ်မှာကြားရတယ်။ ခေါင်းထဲကနေလာတယ်လို့ ထင်နေမယ်။

အများဆုံးဖြစ်တတ်တဲ့အကြောင်းခံဟာ အသက်ရလို့ အကြားအာရုံလျှော့တာကြောင့်ဘဲ။ တချို့မှာတော့ ပတ်ဝန်းကျင် ဆူညံသံကြောင့် ဖြစ်တယ်။

တခြားအကြောင်းတရားတွေလဲ ရှိသေးတယ်။ Earwax နားဖါတွေများနေတာ၊ (အက်စပရင်) နဲ့ ပဋိဇီဝဆေးတွေကြောင့် ဖြစ်နိုင်တယ်။ အရက်သောက်များတာနဲ့ (ကေဖင်း) ပါအရည်သောက်များတာ၊ နာပိုးဝင်တာ၊ နာစည်ပေါက်တာ၊ သွားနဲ့ ခံတွင်းရောဂါ၊ နားနဲ့ခေါင်း ထိခိုက်ဒဏ်ရာရတာ၊ ပတ်ဝန်းကျင်မတူတာနှစ်မျိုးမှာ ရုတ်တရက် ပြောင်းနေတာ၊ ကိုယ်အလေးချိန်ကျလွန်းတာ၊ လေ့ကျင့်ခန်းလုပ်တာများတာ၊ သွေးတိုးနဲ့ သွေးကြောရောဂါ၊ အာရုံကြောရောဂါ၊ ဥပမာ multiple sclerosis နဲ့ migraine headache ရောဂါ၊ သွေးအားနည်းရောဂါ၊ Acoustic neuroma ရောဂါ၊ Labyrinthitis ရောဂါ၊ Otosclerosis ရောဂါ၊ လည်ပင်းကြီးရောဂါ။

အများအားဖြင့် အလိုလိုပျောက်ပါတယ်။ ပြန်လဲဖြစ်တယ်။ မပျောက်နိုင်ရင် ဆရာဝန်ပြပါ။

ဒေါက်တာတင့်ဆွေ
၂၆-၁ဝ-၂ဝ၁၂

Tuesday, October 23, 2012

Q and A October 2012 (6)

1. Potassium ဓါတ်လိုအပ်ရင် ဘာအစားအစာ စားရမည်နည်း။
2. If I have to take Azithromycin 500
3. ကျွန်မမောင်လေး ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီးမေးချင်လို့ပါ။
4. ဦးနှောက်မှာ ရေဓါတ်များပြီး လွန်ခဲ့တဲ့ ၁ လလောက်က
5. Dexamethasone ရဲ့အသုံးဝင်ပုံနှင့် ဆိုးကျိုးများကို သိချင်ပါတယ်။
6. ဆရာ့ web site ထဲက အတက်ရောဂါ အကြောင်း
7. ကျွန်တော်က ဝက်မွေးပါတယ်။
8. အိမ်တွင်း အချိုရေလုပ်ငန်းလေးလုပ်ချင်လို့ပါ။
9. ကျွန်တော်အသက် ၄ဝ
10. အသက် ၂၉ မှာအအေးမိပြီး
Tue, Oct 16, 2012 at 10:12 AM
Potassium ဓါတ်လိုအပ်ရင် ဘာအစားအစာ စားရမည်နည်း။ နောက်ပြီးတော့ သူငယ်ချင်း တစ်ယောက်အမေကို ဆေးညွှန်းတဲ့ထဲမှာ OD, BD ပေးထားတာတွေ့ပါတယ်။ အဓိပ္ပါယ်နှင့် စကားလုံးအရှည်ကိုသိချင်ပါတယ်။

ပိုတက်ဆီယမ် များတဲ့အစားအစာတွေကတော့ ငှက်ပျောသီး၊ အုန်းရည်၊ ကမ္ဗလာသီး၊ အာလူး၊ စပျစ်သီးခြောက်၊ ဆီးသီးခြောက်၊ ခရမ်းချဉ်သီး ပဲအမျိုးမျိုး၊ ပဲပုပ်၊ စွန်ပလွန်သီး၊ နွားနို့၊ အာလူး၊ ကန်စွန်းဥ၊ ငါး၊ ဟင်းနုနွယ်ရွက်၊ သခွါးသီး၊ မုံလာဥ၊ သင်္ဘောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ သစ်တော်သီး၊ သရက်သီး၊ စထောဘယ်ရီ၊ ပန်းသီး၊ အမဲသား စတာတွေဖြစ်တယ်။
OD တနေ့ တကြိမ်၊
BD တနေ့ နှစ်ကြိမ်၊
ဥပမာ Vitamin B 1 BD = တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။

Tue, Oct 16, 2012 at 11:59 AM
If I have to take Azithromycin 500, how many tablets I have to take to make it one dose? And if one dose is not enough, how many more tablets can I take? How many tablets in a day? Please kindly advice to this.

Azithromycin Usual Adult Dose (အရစ်သရိုမိုင်စင်) ဆေး လူကြီးအတွက်ပေးနည်းများ
- Gonococcal Infection - Uncomplicated = Immediate release: 2 g orally once ဂနိုးရီးယား ရိုးရိုး = 2 g တကြိမ်တည်းသောက်ပါ။
- Chancroid = Immediate release: 1 g orally once ရှန်ကာရွိုက် = 1 g တကြိမ်တည်းသောက်ပါ။
- Nongonococcal Urethritis = 1 g orally once ဂနိုးရီးယားကြောင့် ဆီးပြွန်ရောင်ခြင်း = 1 g တကြိမ်တည်းသောက်ပါ။
- Cervicitis = Immediate release: 1 g orally once သားအိမ်အဝရောင်ခြင်း = 1 g တကြိမ်တည်းသောက်ပါ။
- Pelvic Inflammatory Disease = 500 mg IV once a day for at least 2 days followed by 250 mg orally once a day to complete a 7-day course of therapy တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း = 500 mg IV အကြောဆေး ၂ ရက်ထိုးပါ။ ထို့နောက် 250 mg စားဆေး တနေ့ ၁ ကြိမ်၊ ၇ ရက်ဆက်သောက်ပါ။
- Granuloma Inguinale = 1 g orally once a week for at least 3 weeks and until all lesions have completely healed ဂရင်နူလိုးမား-အင်ဂွိုင်နယ်လေး = 1 g တပဆ် တကြိမ်၊ ၃ ပတ်သောက်ပါ။ လိုသေးရင်ဆက်သောက်ပါ။

Sun, Oct 21, 2012 at 10:30 PM
ကျွန်မမောင်လေး ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီးမေးချင်လို့ပါ။ မောင်လေး အခုတလော ခေါင်းရဲ့ ညာဘက် နောက်စိဘက်လောက်မှာ ခေါင်းကိုက်တာထက်ဆိုးတဲ့ခေါင်းကျင်တာကို ခံစားနေရပါတယ်တဲ့ဆရာ။ ရာသီဥတု ပူရင်လည်း ဖြစ်သလို စိတ်ညစ်ရင်လည်း အဲ့လိုဖြစ်တယ်တဲ့ဆရာ။ အသက်က ၂၀ ပဲ ရှိပါသေးတယ်ဆရာ။ ဆိုးတာက ကျွန်မ မျက်ခုံးရိုးတွေကို နှိပ်ပေးလိုက်ရင် အဲ့ဒီခေါင်းနေရာက ကျင်ခနဲ ဖြစ်ဖြစ်သွားတယ်တဲ့ ဆရာ။မောင်လေးရောဂါက အသက်အန္တရာယ် စိုးရိမ်ရလားဆရာ။

သိပ်မစိုးရိမ်ပါနဲ့။ လောလောဆယ်တော့ အနာ-အကိုက်သက်သာဆေး သောက်ပါ။ Paracetamol, Ibuprofen တမျိုးမျိုး လိုတဲ့အချိန်မှာ ၁ ပြား၊ တနေ့ ၂-၃-၄ ခါသောက်နိုင်ပါတယ်။
စိတ်ဖိအားလျှော့ချပါ။ Neurobion စားဆေးကိုလဲ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်ကိုလဲ သောက်သင့်ပါတယ်။ နောက်ဆုံး လိုအပ်ရင် သမားတော်ကိုပြသပါ။
၂၂-၁ဝ-၂ဝ၁၂ Facebook မေးခွန်း
ဦးနှောက်မှာ ရေဓါတ်များပြီး လွန်ခဲ့တဲ့ ၁ လလောက်က အသိတယောက် ခွဲစိတ်ရတယ်ပြောတယ်။ ပြီးတော့ ဗိုက်နားမှာပါ ခွဲပေးတယ်တဲ့။ ဘာအနေနဲ့ခွဲတာလဲတော့ ကျွန်တော်လည်း မသိဘူး။ ခေါင်းအမြဲမူးနေလို့ ဓါတ်မှန်ရိုက်တာ ရေဓါတ်များနေလို့ ခွဲရတယ်ပြောတယ်။ တခါခွဲပြီးရင် နောက်ပိုင်းတွေမှာ အဲလို ခွဲစိတ်မှု့တွေ ထပ်လုပ်ပေးရသေးလား။ တခါထဲနဲ့ ပျောက်ကင်းသွားနိုင်လား။ နောက်ဆက်တွဲ ဘာရောဂါတွေများ ထပ်ဖြစ်နိုင်သေးလဲ။ သူအရင်က (့) မှာ အလုပ်လုပ်နေတာပါ။ အခုလိုဖြစ်နေလို့ မြန်မာပြည်မှာ ပြန်ကုနေရတာ။ လုံးဝပျောက်ကင်းသွားနိုင်လား။

ခန့်မှန်းရ အတော်ခက်ပါတယ်။ ရောဂါနာမယ်ကို စာလုံးပေါင်းနဲ့ သိချင်ပါတယ်။ လူနာရဲ့ အသက်၊ ကျား-မ လဲ မသိရပါ။

လူနာက မိန်းကလေးပါ။ အသက် ၂၄နှစ်ရှိပါပြီ။ သူ့မှာ တီဘီပိုးပါရှိတယ်လို့ ပြောပါတယ်။ အရမ်းခေါင်းကိုက်နေလို့ မြန်မာပြည်မှာ ဆေးရုံတင်ရင်း မပျောက်တာနဲ့ ဓါတ်မှန်ရိုက်ရင်းက အဲလိုတွေ့ရတာပါ။ ရောဂါနံမည်တော့ ကျွန်တော် မသိပါဘူး။

တီဘီက ဘယ်နေရာမှာလဲ။ အဆုပ်မှာဖြစ်နိုင်သလို၊ ဦးနှောက်မှာလဲ ဖြစ်နိုင်တယ်။ ဦးနှောက်မှာ ရောဂါရလို့ အရည်များတာဖြစ်နိုင်တယ်။ ဆေးနဲ့မရရင် ခွဲရတာမှန်တယ်။ အကြောင်းရင်းကို ကုသလိုက်ရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ တီဘီလို့သိရတာလဲ တဘက်ကကြည့်ရင် ကောင်းတယ်။ ဆေးတွေကနိုင်ပါတယ်။ ဗိုက်ဆိုတာတော့ မရှင်းသေးပါ။ တီဘီက ဗိုက် (အူ) မှာလဲ လာဖြစ်တတ်သေးတယ်။

သူစဖြစ်တာက မြန်မာပြည်ကို အလည်ပြန်သွားတယ်။ ဟိုရောက်ပြီး ၁ ပတ်လောက်နေတော့ အစာလည်း ပုံမှန်မစားနိုင်ဘူး။ အိပ်လည်းမအိပ်ဘူးပြောတယ်။ နောက်ပိုင်း ဆေးရုံတင်လိုက်ရတယ်။ ပြီးတော့ ဆရာဝန်တွေ စစ်ကြည့်တော့ တီဘီလို့ပြောတယ်။ ဒါနဲ့ သူဆေးရုံးမှာ တော်တော်ကြာကြာနေလိုက်ရတယ်။ ပြီးတော့ ဆေးရုံကဆင်တော့ အိမ်မှာ နေတာ ၂ပတ်လောက်ကြာတော့ ခနခန ခေါင်းကိုက် ကိုက်နေလို့ မန္တလေးမှာ ဆေးရုံထပ်တက်ရတယ်.. သူကလားရိုးကပါ။ မန္တလေးမှာ ဦးနှောက်ကို ဓါတ်မှန်ရိုက်ကြည့်တော့ ရေတွေထုတ်မှ ရမယ်ဆိုလို့ ရန်ကုန် SSC မှာ သွားကုတယ်လို့ပြောတယ်။ ၁ဝ ရက်လောက်နေတော့ ပြန်ဆင်းလာရတယ်။ တီဘီဆေးကိုတော့ သူနေ့တိုင်းသောက်နေတာ ၃ လကျော်သွားပြီ မပျက်ဘူးပြောတယ်။ အသေးစိတ် ဆေးပိုင်းနဲ့ ပတ်သက်တာတော့ မမေးကြည့်မိဘူးဆရာ။

ဟုတ်တယ်။ ခေါင်းကိုက်တာကျန်နေနိုင်သေးတယ်။ မှတ်ဥာဏ်၊ ကိုယ်လက်လှုတ်ရှားမှု ကောင်းနေရင် စိတ်သက်ရာ ရသင့်ပါတယ်။ ဆေးရုံအဆင်းသောက်ရမဲ့ဆေးတွေ ပေးမှာပါ။

သူ (့) ကို ပြန်လာပြီး အလုပ်လုပ်ဖို့တော့ အဆင်မပြေလောက်ဘူးနဲ့တူတယ်နော် ဆရာ။ အခုလောက်ထိဖြစ်သွားတယ်ဆိုတော့။ သူက ပြန်လာချင်တယ်ပြောနေလို့ လုံးဝ ပြန်ကောင်းလာနိုင်လား သိချင်လို့ပါ။

ဆေးသောက်ခိုင်းတာ ဆေးပတ်လည်အောင်သောက်ရပါမယ်။ လူက လှုတ်ရှား-သွားလာနိုင်၊ လုပ်နိုင်ကိုင်နိုင်ရင် အလုပ်လုပ်ဘို့ ကိုယ်တိုင်ချင့်ချိန်နိုင်မှာပါ။ ကုသပေးတဲ့ဆရာဝန်ကိုလဲ မေးပေါ့။ နေတဲ့နေရာမှာ ဆေးကုသဘို့ အခြေအနေရှိရင် ရတာပါဘဲ။ သွားလေရာ ဆေးမှတ်တမ်းယူသွားရပါမယ်။

Mon, Oct 22, 2012 at 1:35 PM
Dexamethasone ရဲ့အသုံးဝင်ပုံနှင့် ဆိုးကျိုဒများကို သိချင်ပါတယ်။

Dexamethasone ဆိုတာ ကိုယ်ခန္ခာထဲက (အဒရီနယ်လင်-ဂလင်း) ကနေ အလိုလိုထုတ်ပေးနေတဲ့ (စတီရွိုက်) ဟော်မုန်း ဖြစ်တယ်။ ဓါတ်ခွဲခန်းကနေလဲ ထုတ်လုပ်ပြီး ဆေးအဖြစ်သုံးတယ်။ ရောရမ်းခြင်းဖြစ်စဉ်ရှိတဲ့အခါ ဖြစ်လာတဲ့လက္ခဏာ (နီရဲ၊ ရောင်၊ နာ၊ ပူ) တာတွေကို သက်သာစေတယ်။
• အဆစ်နာအတွက်လဲသုံးတယ်။ ပရေပြားနာ၊ သွေးရောဂါ၊ လည်ပင်းကြီးရောဂါ၊ အူရောဂါ၊ အလာဂျီ၊ ပန်းနာ စတဲ့ ရောဂါအခြေအနေတွမှာလဲ သုံးတယ်။ ကင်ဆာတချို့အတွက်လဲသုံးတယ်။
• ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းတိတိကျကျသုံးဘို့လိုတယ်။ ဆေးဖြတ်ရာမျာ ပိုလိုတယ်။ ချက်ချင်းရပ်လိုက်ရင် အစားပျက်၊ အစာမကျေ၊ ပန်၊ မူးဝေ၊ စိတ်မကြည်လင်၊ ခေါင်းကိုက်၊ အဆစ်-ကြွက်သားနာ၊ အရေပြားကွာကျ၊ အလေးချိန် လျှောhတာတွေဖြစ်လာစေနိုင်တယ်။
• ဆေးကိုအကြာကြီးသောက်ရရင် ဆေးတဖြေးဖြေးလျှော့ပေးသွားတာ လုပ်ရတယ်။
• ဆေးသောက်နေချိန်မှာ ဆားလျှော့စားသင့်တယ်။ ပိုတက်ဆီယန် ပိုလိုမယ်။ ပရိုတင်းပိုလိုမယ်။ ဆေးကို အစာနဲ့ သောက်သင့်တယ်။ နေ့စဉ် ဆေးသောက်ချိန် တူသင့်တယ်။
• ဘေးထွက်-ဆိုးကျိုးတွေ = အစာမကျေ၊ ဗိုက်အောင့်၊ ပန်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အိပ်မရ၊ မောပန်း၊ စိတ်ကျ၊ စိုးရိမ်၊ ဝက်ခြံထွက်၊ ဆွပင်ပိုများ၊ သွေးထွက်လွယ်၊ ရာသီမမှန် (နည်း-မလာ)၊ (အလာဂျီ)။

Mon, Oct 22, 2012 at 12:31 PM
ဆရာ့ web site ထဲက အတက်ရောဂါ အကြောင်း (၁) နှင့် (၂) ကို သမီးဖတ်ပြီးပါပြီ။ သမီးက အခု အသက် ၂၃ နှစ်ပါ။ သမီး ၁ဝ တန်း (အသက် ၁၆နှစ်) မှာ အိပ်ရေးပျက်ပြီး မနက် (၃) နာရီ လောက်မှာ ပထမဆုံးအကြိမ် အိပ်ပျော်ရင်း ၅ မိနစ်လောက်တက်ခဲ့ဖူးပါတယ်။ ၁ဝ တန်းမှာ စဖြစ်ခဲ့ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပြီး CT scan ရိုက်ကြည့်ပါတယ် ဘာမှမဖြစ်ဘူးကောင်းပါတယ်လို့ ပြောပါတယ်။ EEG ဆွဲကြည့်တော့ လှိုင်းတွေက ပုံမှန်မဟုတ်ဘူးဆိုပြီး Encorate စသောက်ခိုင်းပါတယ်။ စသောက်ပြီး ၁ နှစ်လောက်ကြာတော့ (၁ဝ တန်း စာမေးပွဲပြီးတော့) ပြန်မဖြစ်တော့ဘူးဆိုပြီ ဆေးဖြတ်လိုက်ပါတယ်။
အဲလိုနဲ့ ပထမနှစ်စတက်တဲ့နှစ် (မတ်လ ၂ဝဝ၆လောက်) မှာ ပြန်တက်ပါတယ်။ အိပ်ရေးအပျက်များပြီး တက်သွားပါတယ်။ ဦးနှောက်နှင့်အာရုံကြောအထူးကုနဲ့ စပြခဲ့ပါတယ်။ Encorate 200g (မနက်) နှင့် 300g (ည) + folic acid ကို နှစ်နှစ်တိတိ သောက်ခိုင်းခဲ့ပါတယ်။ နှစ်နှစ်အတွင်းဘာမှ မဖြစ်ခဲ့ပါဘူး။ ဆေးသောက်လည်း မပျက်ခဲ့ပါဘူး။ အိပ်ရေးပျက်လည်းမခံခဲ့ပါဘူး။ နှစ်နှစ်အတွင်း EEG ဆွဲကြည့်တော့လည်း ပုံမှန်ပါပဲ။ နှစ်နှစ်ပြည့်တော့ ဘာမှ မဖြစ်တာနဲ့ ဆေးဆက်မသောက်တော့ပါဘူး။ ပြန်လည်း မတက်တော့ပါဘူး။
ဒါပေမယ့် ၂ဝဝ၈ လောက်မှာ ပြန်ဖြစ်ပါတယ်။ အိပ်ပျော်နေတုန်း ၅ မိနစ်လောက်တက်သွားပါတယ်။ အဲလိုနဲ့ Encorate 200g (မနက်) နဲ့ encorate 300g (ည) ကို နှစ်နှစ်ပြန်သောက်ရပါတယ်။ နှစ်နှစ်ပြည်ပြီး ပြန်မဖြစ်တော့တာနဲ့ ဆရာဝန်နဲ့ ပြန်ပြပြီး ဆေးဖြတ်လိုက်ပါတယ်။ ခုသမီး ဆေးမသောက်တာဖြစ်တာ ၂ နှစ်ကျော်သွားပါပြီ။ ပြန်လည်း မဖြစ်သေးပါဘူး။ ဒါပေမယ် ပြန်ဖြစ်မှာကို အရမ်းကြောက်နေပါတယ်။ သမီး အိမ်နဲ့ခွဲနေတာ ၂ နှစ်ကျော်သွားပါပြီ။ ခုပြန်မတတ်တော့တာလည်း ၄ နှစ်ကျော်သွားပါပြီ။ ဒါပေမယ့် ဘယ်ချိန်ပြန်ဖြစ်မလဲ ဆိုတာ ကြောက်နေရပါတယ်။ ပြီးတော့ အိမ်ထောင်ပြုရင် ရော မျိုးဆက်ကို ထိခိုက်နီုင်ပါသလား။ ကလေးမှာ ဒီလို အတတ်ရောဂါ ပါလာနိုင်သလား။ ကြိုတင်ကာကွယ်လို့ ရပါသလား။ သမီးက တက်ခါနီးကို ကြိုမသိပါဘူး။ အိပ်ပျော်နေတုန်း တက်သွားခဲ့ဖူးတာ များပါတယ်။ ပြီးတော့ သမီးက ရုံးမှာ ကွန်ပျူတာနေ့တိုင်းသုံးပါတယ်။ အလုပ်က software programmer ပါ။ အရှင်းပျောက်သွားနိုင်သလား ပြန်မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ရမလားဆိုတာ သိချင်လို့ပါရှင့်။ သုံးလေးခါလောက်တက်ခဲ့ဖူးလည်း အတက်ရောဂါလို့သတ်မှတ်လို့ ရနိုင်တယ်ပေါ့။

စာတွေလဲဖတ်ထားတ့်၊ ဆေးကိုလဲ စနစ်တကျသောက်ထားတယ်ဆိုတော့ ထူးပြီးပြောစရာတော့ မရှိလှပါ။ ဒီရောဂါက ပျောက်ဘို့ဆိုတာ ကံတရားလို့ပြောရမှာဘဲ။
မျိုးရိုးမလိုက်ပါ။ ကိုယ်ဝန်ရလို့လဲ ကလေးကို မထိခိုက်စေပါ။ အိပ်နေချိန်တက်တတ်တာ သိထားတာ ကံကောင်းတယ်။ အတူနေသူကို အသိပေးထားသင့်တယ်။ တက်ရင်လဲ ဘာမှ ထူးထွေလုပ်ပေးစရာမလိုလှပါ။ လိမ့်ကျမှာ။ မီး-ရေ သတိထားဘို့သာရှိတယ်။
ဆေးလဲသိနေတာမို့ ဆေးဆောင်ထားပါ။ စိုးရိမ်စိတ်ကို လိုတာထက်မပိုစေနဲ့။ ကံတရားဆိုတော့ ကံကောင်းအောင်လုပ်သင့်တယ်။ ဘယ်ဘာသာကို ကိုးကွယ်လဲတော့ မသိဘူး။ ဒါန၊ သီလကိုပိုပြီး လုပ်ပါလေ။

Mon, Oct 22, 2012 at 7:33 PM
ကျွန်တော်က ဝက်မွေးပါတယ်။ အမေရိကမှာ မွေးမြူရေးဝက်တွေနဲ့ပက်သက်ပြီး တားမြစ်ဆေးတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒိဆေးတွေကိုသိချင်ပါတယ်။ ဆေးတွေရဲ့effect ကိုလည်းသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျွန်တော် တိရစ္ဆာန်ဆေးပညာ မသင်ရပါ။ (ဂူယ်လ်) မှာတော့ရှာရင်ရပါလိမ့်မယ်။ ဆောရီး။

Wed, Oct 24, 2012 at 7:17 PM
ကျွန်တော်ဟာ အိမ်တွင်း အချိုရေ လုပ်ငန်းလေးလုပ်ချင်လို့ပါ။ တန်ဘိုး ၇ တန်လောက်ပေါ့ဆရာ။ အဲဒါကျန်းမာရေးနှင့်ကိုက်ညီပြီး ၇ဝ တန်လောက်နှင့်ဖေါက်သယ်ပေးလို့ ရတဲ့ဖော်မြူလာရှိရင်သိပါရဟေ။ အခြားဆိုဒ်တွေရှိတဲ့ဖော်မြူလာကမဖတ်တတ်လို့ပါ။

ကျွန်တော် သဘောမပေါက်ပါ။ နောက်ပြီး စီးပွါးရေးအလုပ်အတွက်လဲ မကြံမပေးတတ်ပါ။ ၇ဝ တန်ဆိုတာ ဘယ်ငွေလဲ မသိပါ။ ဆရာ့ကို နိုင်ငံပေါင်းစုံကနေဆက်နေကြလို့ မမှန်းတတ်ပါ။ အချိုရည်နဲ့ ဆရာပို့တဲ့ နို့ ဘယ်လိုဆက်စပ်လဲ မသိပါ။

Milk Supply နို့ထွက်နည်းနေရင် Thu, Oct 25, 2012 at 11:09 AM
ကျွန်တော်အသက် ၄ဝ ယခင်က ချောင်းဆိုးရင်ကြပ်မရှိပါ။ အသက် ၂၉ တွင် အအေးမိပြီး ရောဂါစဖြစ်တာ ယနေ့ထိပါ။ ဘာဆေးနဲ့မှ မပျောက်ပါ။ အနေအထိုင်ဆင်ချင်ပြီးနေမှသာ သက်သာတယ်။ လူကြီးတို့ရဲ့ညွန်ကြားချက်လိုချင်ပါသည်။

မေးတာ မရှင်းလှပါ။ မဖြစ်တာကို မပြောဘဲ ဖြစ်တာ၊ ပျောက်ချင်တာကိုသာပြောပါ။ ဆေးစစ်ဘူးသလား၊ ဓါတ်မှန်ရိုက်ဘူးသလား။ ဆရာဝန်ပြဘူးသလား၊ ဘာပြောသလဲ။ ဘာဆေးတွေသုံးနေပါသလဲ။ ဒီ အီးမေးလ် ကို ဆရာတယောက်တည်းသာသုံးတာဖြစ်လို့ လူကြီးတို့ မဟုတ်ပါ။

Thu, Oct 25, 2012 at 7:41 PM
အသက် ၂၉ မှာအအေးမိပြီး ရင်ကျပ်ရောဂါဖြစ် ဆရာဝန်/သမားတော်ပြပေးသောဆေးသောက်ခဏတာပျောက်ပါသည်။ အေးလွန်းလျှင်လည်းကျပ် ပူလွန်းလျင်လည်းချွေးနှင့်အအေးပတ်ပြီးမကြာခဏပြန်ဖြစ်ပါသည်။ နာတာရှည်ရောဂါ၊ ပန်းနာရင်ကျပ်ပုံ ဖြစ်ခဲ့ပါသည်။ ဓါတ်မှန်များလည်ရိုက်ခဲ့၊ စစ်ဆေးခဲ့ပါသည်။ ဘာရောဂါမှမတွေခဲ့ပါ။ ရေရှည်သုံးစွဲခဲ့သောဆေးများမှာ ၂ဝဝ၁ မှ ၂ဝ၁ဝ ထိ Bangladesh salmeterol 2010 မှ ၂ဝ၁၂ ထိ German salmeterol ဆေးများ ကျပ်လျှင်ရူပါသည်။ ၂ဝဝ၂ တွင် သားတစ်ယောက်မွေးဖွားပါသည်။ ၂ဝ၁၁-၂ဝ၁၂ တွင် သားသမီးလိုချင်သဖြင့် ပြန်ယူရန်ကြိုးစားရာ လွယ်ကူစွာမရရှိပါ။ ဆေးအား နှစ်ရှည်လများ သုံးစွဲခဲ့သော ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်သည်ဟု ကောက်ယူမိပါသည်။

စာရိုက်တာက အဖတ်ရခက်လို့ ၃-၄ ခေါက်ဖတ်တာတောင် သိပ်နားမလည်ပါ။ အင်္ဂလိပ်-မြန်မာရောနေပြီး စကားစုတခုနဲ့ တခုကြား မခြားတော့ နားမလည်စေဘူး။ ဖြစ်တဲ့သူက ယောက်ျား-မိန်းမ မသိရပါ။ ပန်းနာမှန်ရင် ဓါတ်မှန်မှာ မပေါ်ပါ။ သွေးစစ်လဲကောင်းနေသလောက်ပါ။ သိချင်တာက ဆေးရဲ့ ဘေးထွက်ဆိုးကျိုါ်သာဆိုရင် ဆေးနာမည်ကို တိတိကျကျလေးရေးပေးပါ။
• Asthma (1) ပန်းနာ http://dts-medicaleducation.blogspot.com/2009/05/asthma.html
• Asthma (2) ပန်းနာ အဆက် http://dts-medicaleducation.blogspot.com/2011/11/asthma-2.html

Monday, October 22, 2012

Q and A October 2012 (5)

1. အသက် (၂၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပါသည်။
2. ကျွန်တော့် ဆံပင်တွေ အဆုပ်လိုက် ကျွတ်တယ်။
3. ကျမ သမီးလေးက အသက်၂၃ နှစ်ထဲမှာပါ။
4. အခုဆရာရဲ့ ရေအဆိပ်သင့်ခြင်းဆိုတာ ဖတ်မိလို့ပါ။
5. ကျွန်မသားလေးက အသက် ၁ဝ လလောက်ရှိပါပြီ။
6. ကျွန်မသမီးလေးက အခုဆိုရင် ၂ လ ကျော်ပါပြီ။
7. တိတ်တိတ်လေးနဲ့ လူတွေမသိဘဲ ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုကို
8. ကျတော့်အသက်က ၂၉ နှစ်ပါ အိမ်ထောင်ရှိပါတယ်။
9. သွေးတိုးတာက မျိုးရိုးလိုက်လား။
10. သမီးအခု မျက်စိအောက်မျက်ခမ်းသား အတွင်းထဲမှာ

Sun, Oct 21, 2012 at 8:16 AM
အသက် (၂၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပါသည်။ အခုတလော အိမ်သာတက်တိုင်း အရမ်းညှစ်ယူရပါသည်။ တော်ရုံတန်ရုံနှင့်မထွက်ပါ။ အိမ်သာတက်ပြီးရင်လည်း စအိုဝရှိအခေါင်းလေးက တော်ရုံနှင့်အထဲသို့ ပြန်မဝင်ပါ။ တစ်ခါတစ်လေ အတန်ကြာမှဝင်ပါသည်။ တစ်ခါတစ်လေ လက်လေးနဲ့ထိုးလိုက်မှ ဝင်ပါသည်။ အိမ်သာတက်ပြီးလျှင် စအို ပူစပ်နေပြီး နာကျင်သလိုခံစားရပါသည်။ လွန်ခဲ့သော တစ်ပါတ်ခန့်က အိမ်သာတက်ပြီး သွေးပါပါသည်။ တစ်ခါတစ်လေ စအိုဝတွင် သွေးစလေးများတွေ့ရတတ်ပါသည်။ လွန်ခဲ့သော ကိုးလခန့်ကအိမ်သာတက်ပြီး သွေးတစ်ကြိမ်ပါဖူးသည်။ ကျွန်တော်သည် ရေသောက်လည်း အရမ်းနည်းပါသည်။ အစားအသောက်လည်းဂျီးများပါသည်။ အစားအစာ စားသောက်ချိန် မမှန်ပါ။ အပူအစပ်ကတော့ တော်တော်လေးရှောင်ပါသည်။ မစားဖြစ်သလောက်ပါ။ ဝမ်းလည်း အမြဲချုပ်ပါသည်။ ဆရာရေးသားထားသော စအိုနှင့် ပါတ်သက်သော ရောဂါများအကြောင်း ဖတ်ရှုပြီး အရမ်း ကြောက်လန့်နေပါသည်။ ဘာလုပ်သင့်ပါသလဲ။ ဆရာဝန်ပြသင့်သလား။ ဒါမှမဟုတ်ဆရာညွှန်ကြားသော ဆေးများ သောက်သုံးသင့်သလား။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ပြုမူနေထိုင်သင့်ပါသလဲ။

ကျွန်တော်ရေးတာ ဖတ်ပြီးကြောက်နေတယ်ဆိုလို့ ဆောရီးဗျာ။ ဖတ်ချင်လဲဖတ်ပြီးမှာပေါ့။ ဒါပေမဲ့ လိုက်နာစရာတွေကို လိုက်နာရင် ဆရာဝန်ဆီမရောက်ဘဲ အကြာကြီးနေနိုင်မယ်။ အစားအသောက်၊ အနေအထိုင်၊ ဝမ်းမချုပ်ဘို့ (၃) ချက် လိုက်နာပါ။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html

Tue, Oct 16, 2012 at 6:06 PM
ကျွန်တော့် ဆံပင်တွေ အဆုပ်လိုက် ကျွတ်တယ်။ ပထမက ဦးခေါင်း ထိပ်နားမှ အကွက်က တော်တော်ကြီးတယ်။ ဆံပင်ညှပ်တော့မှ ဆံပင်ညှပ်တဲ့သူက ပြောတာပါ။ ပြန်စဉ်းစားကြည့်တော့ ထိုနေရာတွင် ဘာခံစားမှုမှ မရှိခဲ့ပါ။ တစ်ခုခုနဲ့ တိုက်မိခြင်း၊ နာကျင်ခဲ့ခြင်းလည်း မရှိခဲ့ပါ။ ယခု နောက်စေ့နားတွင် နောက်ထပ် လက်ငြိုးကွက်လောက် နောက်တစ်ကွက် ထပ် ကျွတ်နေပြန်တယ်။ စဉ်းစားလို့မရပါ။ ကျွန်တော့်အလုပ်က HR Manager လုပ်ရပါတယ်။ ပြီးတော့ smart ကျကျ ဝတ်စားရပါတယ်။ ကျွန်တော့် အသက်အရွယ်နဲ့ ဒီလိုဖြစ်နေတာ် တော်တော်ရှက်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲနဲ့ ဘာလုပ်ရင် မြန်မြန် ဆံပင်ပြန်ထွက်နိုင်သလဲဆိုတာ ကူညီ ဖြေရှင်းပေးစေလိုပါတယ်။
• Hair Loss ဆံပင်ကြွတ်ခြင်း http://dts-medicaleducationblogspotcom/2011/11/hair-losshtml
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://dts-medicaleducationblogspotin/2012/03/hair-loss-in-women-treatmentshtml
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducationblogspotin/2012/03/hair-healthhtml

Tue, Oct 16, 2012 at 7:11 PM
ကျမ သမီးလေးက အသက်၂၃ နှစ်ထဲမှာပါ။ သူက ပင်ပန်းလွယ်သူဖြစ်ပါတယ်။ ကျမ သူ့ကို supradyn, centrum အစ ရှိတဲ့ အားဆေးတွေ မနက်စာနဲ့အတူ တိုက်လေ့ရှိပါတယ်။ ပင်ပန်းတာလဲ သိသိသာသာ သက်သာပါတယ်။ ဒါပေမဲ့ ခုသူက ဆေးကြီးပဲ တချိန်လုံး မမှီဝဲနေချင်ဘူးဆိုပြီး အစားအစာကိုပဲ အသား၊ အသီးအရွက်၊ အသီးအနှံ လိုအပ်သလို ဖြည့်ဆည်း စားသောက်နေပါတယ်။ အဆင်ပြေတယ်လို့လဲ ဆိုပါတယ်။ ခက်တာက သူခေါင်းငုံ့ရာကနေ ရုတ်တရက် ခေါင်းမော့ လိုက်တာဖြစ်စေ၊ ထိုင်ရာက ရုတ်တရက် ထလိုက်တာ ဖြစ်စေ မျက်စေ့ပြာပြီး မူးကနဲ၊ မိုက်ကနဲ ဖြစ်သွားတယ်လို့ဆိုတာ ၄၊ ၅ လ ကြာပါပြီ။ နောက်တခုရှိတာက သူအပြင်သွားကာနီး သေချာ ရေမိုးချိုး အဝတ်စားအသစ် ဘယ်လိုပင် ဝတ်စေကာမူ၊ ပြန်လာတဲ့အခါ သူ့ကိုယ်က နွေရာသီဆိုရင် ကလေးများ အလွန်ဆော့ထားလို့ ဂျီးစော်နံသလို နံတတ်ပါတယ်။ ဆောင်းရာသီဆိုလျှင် သံချေးစော်လို နံတတ်ပါတယ်ရှင်။ အဲ့ဒါလဲ သူ့အတွက် အလွန်စိတ်ထိခိုက်စရာလို့ ပြောပါတယ်ရှင့်။ သမီးဟာ တကိုယ်ရေသန့်ရှင်းမှုကို အလေးထားသူပါ။ ဂျိုင်းချွေးထွက်ခြင်း၊ နံခြင်း မရှိတတ်ပါဘူး။

မိန်းကလေးတိုင်း သွေးအားနည်းတာကို ဂရုစိုက်ဘို့လိုပါတယ်။ မူမိုက်တာက သွေးအားနည်းတာနဲ့ဆိုင်နိုင်တယ်။ သံဓါတ်အားဆေး အမြဲလိုလိုသောက်နေသင့်ကြတယ်။ အသေအခြာသိချင်ရင် သံဓါတ်ဘယ်လေယက်ရှိလဲဆိုတာ စစ်နိုင်တယ်။ Ferrous sulfate ဆေးပြား၊ တနေ့ ၂ ကြိမ်၊ ပုံမှန်သောက်သင့်တယ်။ အချိန်ယူမယ်။ သံဓါတ်ပါ အစားအစာတွေလဲ စားပေးရမယ်။ အသဲ၊ ကန်စွန်းရွက် စတာတွေဖြစ်တယ်။
ကိုယ်နံ့ဆိုတာ ကိုယ်ကနေထွက်တာဖြစ်လို့ စားတဲ့အစားအစာ နဲ့ ဆေးဝါးတွေကနေ အနံ့ကိုဖြစ်စေတာမို့ လိုအပ်ရင် ပြုပြင်ရမယ်။ ချွေးထွက်နံ့အတွက်ရေးထားတာထဲကိုလဲ လိုတာကိုယူနိုင်ပါတယ်။
• Body Odor ကိုယ်နံ့ http://dts-medicaleducationblogspotcom/2011/11/body-odorhtml
• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducationblogspotcom/2010/11/hyperhidrosishtml

Wed, Oct 17, 2012 at 2:24 PM
အခုဆရာရဲ့ ရေအဆိပ်သင့်ခြင်းဆိုတာ ဖတ်မိလို့ပါ။ အဲဒါဆို တစ်နေ့ကို ဘယ်လောက်သောက်သင့်ပါလဲ။ သမီးက တစ်နေ့ကို 35 or 4 liter လောက်ထိသောက်ပါတယ်။ အလုပ်က တစ်နေ့ကို 8 နာရီ အလုပ်လုပ်ချိန်မှာ ထိုင်နေရတာ များတယ်။ အလုပ်က စာရင်းကိုင်ပါ။ အဲဒါကြောင့် ခဏခဏထဖြစ်အောင်ဆိုပြီး ရေတွေသောက်တာ အန္တရာယ် ရှိပါသလား။

လူတိုင်းရေကို ရေသောက်တာ၊ ရေပါတဲ့ အစားအသောက်ကနေ ရယူတယ်။ ရေဓါတို လူတွေကနေ အသက်ရှူတာ၊ ချွေးထွက်တာ၊ ဆီးသွားတာ၊ ဝမ်းသွားတာထဲကနေ စွန့်ထုတ်နေတယ်။ ရေတနေ့ ဘယ်လောက် လိုသလဲဆိုတာ ကိုယ်ခန္ခာအရွယ်အစား၊ ရာသီဥတု နဲ့ ကိုယ်လက်လှုတ်ရှားမှုတွေအပေါ်မူတည်လို့ တယောက်နဲ့ တယောက်၊ တချိန်နဲ့တချိန် မတူပါ။ အများဆုံး အကြံပြုချက်ကတော့ တနေ့မျာ ရေ ၈ အောင်စ (၁့၉ လီတာ) သောက်ပါလို့ဖြစ်တယ်။ အမေရိကား Institute of Medicine ရဲ့ အကြမ်းသတ်မှတ်ချက်ကတော့ ယောက်ျားကြီးတယောက် တနေ့မှာ ၃ လီတာ (၁၃ ခွက်) လိုတယ်။ အမျိုးသမီးတယောက် ၂့၂ လီတာ (၉ ခွက်) လိုတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုလိုတယ်။ သတိပြုဘို့က စားသောက်တာထဲက ရေပမာဏကိုလဲ ထည့်တွက်ရမယ်။

Wed, Oct 17, 2012 at 3:56 PM
ကျွန်မသားလေးက အသက် ၁ဝ လလောက်ရှိပါပြီ။ မျက်စိက မျက်ဝတ်တွေထွက်ပြီး မျက်လုံးကရောင်နေပါတယ်။ ဖြစ်နေတာ ၂ ရက်လောက်ရှိပါပြီ။ ကလေးကငယ်တော့ ဘာလုပ်ပေးရမှန်းမသိလိုပါ။ ပြီးတော့ ကလေးက ဝမ်းလည်း ချုပ်တတ်ပါတယ်။ ဘာဖြစ်တာလဲသိချင်ပါတယ်။ ဖြေပေးပါရှင့်။

ဝမ်းချုပ်တာအတွက် ရေပိုတိုက်ပေးပါ။ ဝမ်းနုတ်ဆေး မသင့်သေးပါ။ ဝမ်းခြူတောင့်သုံးနိုင်ပါတယ်။ Dulcolax Laxative Suppositories ကလေးတွက်ကိုရွေးသုံးပါ။
• Pink eye ပန်းရောင်မျက်စိ http://dts-medicaleducationblogspotin/2012/02/pink-eyehtml

Thu, Oct 18, 2012 at 2:31 PM
ကျွန်မသမီးလေးက အခုဆိုရင် ၂ လ ကျော်ပါပြီ။ သူက မွေးလာကတည်းကနို့ဗူးပဲစို့ပါတယ်။ ဒါကြောင့် သူ ခဏခဏ သေးပေါက်ပါတယ်။ ကျွန်မက သူ ၄ လ ပြည့်တာနဲ့ အဖတ်ပျော့ပျော့လေးကျွေးချင်ပါတယ်။ ကျွေးရင် ဘာဆိုးကျိုးများ ရှိနိုင်လဲဆိုတာ သိချင်ပါတယ်။

ကျွေးနိုင်ပါတယ်။ တဆင့်ချင်းတက်ကျွေးပါ။ အရည်အမျိုးမျိုး၊ အရေနဲ့အဖတ်ရောတ၊ အဖတ်ပျော့ပျော့၊ နောက်နဲနဲမာတာ ကျွေးပါ။ အသီးအရွက်၊ အသီးအနှံလေးတေ့လဲ ရောကျွေးပါ။ သန့်ရှင်းရင် ဘာမှမဖြစ်ပါ။ အစားသစ်ကို မတွေ့သေခင် ဖြစ်တာမျိုးတော့ တချို့အစားတွေကို ဖြစ်နိုင်တယ်။ မစိုးရိမ်ပါနဲ့။ လူကြီးစားတာတွေထဲက မစပ်တာနဲ့ ခပ်ဆန်းဆန်း အစာတွေကလွဲရင် ကလေးကိုကျွေးနိုင်ပါတယ်။ ကလေးအားဆေးအရည်လဲ ၄ လနောက်ပိုင်း တိုက်ပါ။

Thu, Oct 18, 2012 at 3:31 PM
တိတ်တိတ်လေးနဲ့ လူတွေမသိဘဲ ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုကို ရင်ဖွင့်ပြီး အကြံတောင်းချင်လို့ပါဆရာ။ အဲဒါက တခြားတော့ မဟုတ်ပါ "လိပ်ခေါင်း" ရောဂါပါ။ ဟိုးအရင်တုန်းကတော့ မရှိပါဘူး။ ဒီလွန်ခဲ့တဲ့ ၃ လလောက်ကမှ စဖြစ်တာပါ။ စဖြစ်တုန်းကတော့ အလေးသွားရင် အရင်ထွက်တယ်။ ဒါပေမယ့် ကျွန်တော် လိပ်ခေါင်းမှန်းလည်း မသိခဲ့ဘူး။ သတိလည်း မထားဖြစ်ခဲ့ပါ။ တစ်ခါတစ်လေ အလေးသွားရင် သွေးပါတာတို့ဖြစ်ခဲ့ပါတယ်။ ခုတော့ တော်တော်လေး ဆိုးပါတယ်။ အရင်တုန်းကဆိုရင် အပြင်ထွက်လာရင် ပြန်သွင်းရတာ နည်းနည်း အဆင်ပြေပါတယ်။ ခု က တအားနာပြီး တစ်နေကုန်ပါပဲ။ အဲဒါ ဘာဆေးတွေ သောက်ပြီး ဘယ်အစားအစာတွေကို ရှောင်ရမလဲဆိုတာ သိချင်လို့ပါ။ ဘယ်ဆေးကို ဘယ်လို သောက်ရမယ် ဆိုတာရယ်၊ ဘယ်အစားအစာတွေကို ရှောင်ရမယ်ဆိုတာရယ်ပါ ညွှန်ပြပေးပါ။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducationblogspotcom/2010/07/q-and-on-pileshtml
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducationblogspotcom/2012/01/hemorrhoids-treatmenthtml

Thu, Oct 18, 2012 at 6:28 PM
ကျတော့်အသက်က ၂၉ နှစ်ပါ အိမ်ထောင်ရှိပါတယ် ကလေးတစ်ယောက်ရှိပါတယ်အခုကျတော်က (့) မှာ အလုပ် လုပ်နေပါတယ် အခုကျတော်ဖြစ်နေတာက ကျတော့်နားက တချက်တချက် ဆစ်ခနဲကိုက်ပါတယ်။ အရင်တုန်းကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ အရင်တုန်းကဖြစ်တာ တချက်ပဲ ဆစ်ခနဲ ကိုက်လိုက်ပြီး ခဏပဲ ဖြစ်လိုက်ပါတယ်။ နောက် မဖြစ်တော့ပါဘူး။ တော်တော်ကြာပါပြီမဖြစ်တာ။ အခုမှ တရက်နှစ်ရက်ရှိပါပြီ ပြန်ဖြစ်တာ။ ညဆိုရင်လည်း ကွန်ပြူတာတော့ တော်တော်ကြာအောင်သုံးတတ်ပါတယ်။ သူငယ်ချင်းတယောက်က ပြောတော့ ပြောတယ် အာရုံကြောအာနည်းရင်လည်း ဖြစ်တတ်တယ်ဆိုတာဟုတ်ပါသလား။ ကျတော့်နားက ပြည်တို့ဘာတို့လည်း မရိုပါဘူး။ ညာဖက်နားတဖက်တည်း ဖြစ်တာပါ။
• Earache နားကိုက်ရင် http://dts-medicaleducationblogspotcom/2011/11/earachehtml

Fri, Oct 19, 2012 at 12:03 PM
သွေးတိုးတာက မျိုးရိုးလိုက်လား။ သမီးအဖေကလဲ အမြဲတမ်း 170/90 လောက်ရှိတယ်။ ဆေးခန်းလဲ ပုံမှန်မပြဖြစ်ဘူး။

သွေးတိုးက မျိုးရိုးလိုက်ပါတယ်။ လိုက်တယ်ဆိုတာ သွေးတိုးရှိသူ မိဘကနေမွေးလာသူတိုင်း သွေးတိုးရှိတာတော့ မဟုတ်ပါ။ အောက်ဂဏန်း ၉ဝ ဆိုရင် သွေးချိန်ပုံမှန်လိုတိုင်းနေပါ။ အငန်လျှော့စားနေပါ။ တကယ်လို့ လက်ကောက်ဝတ်သွေးခုန်နှုန်း များရင် Propranolol 20mg လောက်သောက်နေရင် ကျမယ်။ ခုန်နှုန်းမများရင် မသောက်ရပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ကိုယ်လက်လှုတ်ရှားပေးပါ။ စိတ်ဖိအား မများစေပါနဲ့။

Mon, Oct 15, 2012 at 1:42 PM
သမီးအခု မျက်စိအောက်မျက်ခမ်းသား အတွင်းထဲမှာ ပြည်လိုအနာလေးတွေ့လို့။ မျက်လုံးက ယားသလိုလိုဖြစ်တာ မနေ့ညကထဲကပါ။ အိပ်ခါနီးတော့ ယောင်နေသလိုပါပဲ။ အဲဒါ မနက်ကျတော့လဲ မသက်သာတာနဲ့ မောရိယမန်းဆေး လိမ်းလိုက်ပါတယ်။ ဒါပေမဲ့ အောင့်လိုက် ယားလိုက် ဖြစ်နေလို့ စာဖတ်တာများလို့လားဆိုပီး ဘာမှမလုပ်ပါဘူး။ ခုနကမှ မှန်ကြည့်တော့ အထဲမှာ အဖြူလေးတွေ့လို့ပါ။ သမီးမျက်စိ ဘာဖြစ်တာပါလဲ ဆရာ။ ကြောက်လိုက် လန့်လိုက်တာ။ အခုလဲ မောရိယမန်းဆေးတော့ လိမ်းထားပါတယ် ဆရာ။

Sty, Chalazion, Blepharitis အဖြစ်များတဲ့ မျက်စိရောဂါတွေ

ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ရေနွေးအိတ် အခုကစပီးကပ်ပါ့မယ်။ မနက်ဖြန်လဲ ဆရာဝန်နဲ့ သွားပြပါ့မယ်။ ဆေးခန်းဘယ်မှာရှိလဲ မသိသေးလို့ပါ။

Sunday, October 14, 2012

ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

14-10-2012 Friday at 2:45pm
Aye Lwin ဆရာက မတရားဘူး ဆရာ့ကို မေးမှာက မေးခွန်းတစ်ခု ဆရာ ပြန်မေးလို့ ဖြေရတာက အခု ၁ဝဝ လောက်ရှိတယ်။ ဆရာဝန်ဆိုတာ အဲသည်လိုပါလားခင်ဗျာ။

Tint Swe ဆရာဝန်တိုင်းတော့ ကျွန်တော်လို မဟုတ်ပါ။ ဘယ်နေရာမှာ ဘယ်လိုများ လျှာရှည်မိလို့၊ ဘာပြောချင်တာလဲတော့ သေခြာမသိပါ။
Friday at 5:02pm

Tint Swe အော် သိသားပြီ။ မေးမဲ့သူကနေ ရေးပြစေချင်တာတွေက များနေတာကို ပြောချင်တာထင်တယ်။ မသေခြာရင် မဖြေပါခင်ဗျား။
Friday at 5:05pm

Nan Aye ဆရာက လူကိုလည်း မြင်ရတာမဟုတ်ဘူး။ လူနာရဲ့ရောဂါရာဇဝင်လည်း မသိရဘူး။ ဆရာမေးတာ လိုအပ်လို့မေးတယ်ဆိုတာကို ကျွန်မတို့ကတော့ နားလည်တယ်ဆရာ။ အခု ရန်ကုန်မှာဆို တချို့ဆရာဝန်တွေက သိပ်မမေးဘူး။ ကျွန်မကတော့ အဲဒါကို သိပ်အားမရဘူး။ လူနာနဲ့ဆရာဝန်ကြားမှာ နွေးထွေးမှုမရှိသလိုပဲ။ တချို့ဆရာဝန်တွေက လူနာအရမ်းများလို့ အချိန်မပေးနိုင်လို့ထင်ပါတယ်။ ဆရာဝန်ကို မေးချင်၊ ပြောချင်တာကို ဆရာဝန်ရဲ့မျက်နှာကို အရိပ်ကြည့်ပြီးမှပြောရတယ်။ ဆရာဝန်ငြိုငြင်သွားမှာလည်း စိုးမိတယ်။ ကျွန်မကတော့ ဆရာအခုလို အချက်အလက်တွေ ပြည့်စုံအောင်မေးတာကို သဘောကျတယ်။ မေးလည်း မေးသင့်တယ်လို့ထင်ပါတယ်ဆရာ။ ဒါက ဆရာ့ရဲ့စေတနာဆိုတာ သဘောပေါက်တဲ့သူတွေက ပေါက်ပါတယ်ဆရာ။
Friday at 5:26pm

Tint Swe “လည်ချောင်းထဲမှာ သလိပ်တွေပြည့်နေသလို ခံစားရတယ်။ အဲဒါဘာကြောင့်လဲ ဘာဆေးတွေသုံးရမလဲ။” အမေးအတွက် ယောက်ျား-မိန်းမ၊ ကလေးလူကြီးမသိလို့ ဖြေရင်တခြားစီ ဖြစ်နေနိုင်တယ်။ ဓါတ်မှန်ရိုက်ထားတာမမေးဘဲ တီဘီ မဟုတ်ဘူးလို့ ဆရာဝန်ကယူဆလိုက်ရင် လွဲသွားပြီ။ ဆရာဝန်ဆိုတာ ကိုယ်ပေးတဲ့ ဆေးညွှန်းအတွက် တာဝန်ရှိတယ်။ တခုခုဖြစ်သွားတော့ အပြစ်တင်ရင် ဆရာဝန်ခံရမယ်။ ဒီအပြစ်အရင် လူနာကအရင်ခံရမယ်။

Tue, Oct 16, 2012 at 4:20 PM
ဆရာ့ Blog ဖတ်ရတာ အားဆေးစားရသလိုပါဘဲ။ လိုတရဆေးကြီးတလက် အိမ်မှာဆောင်ထားရသလိုပါဘဲ။ ဒီက ဆရာဝန်ကြီးတွေ အချိန်မရဘူး၊အချိန်မရဘူး ပြောပြောနေကြတာ။ စားဖို့သောက်ဖို့တော့ အချိန်ရကြသားမဟုတ်လား။ သူတို့က ဘာလို့ ဆရာ့လိုမဟုတ်ကြတာလဲ။ ကျမတော့ ဆရာ့ကိုလေးစားလွန်း အံ့သြလွန်းလို့။ လေးစားတာက စေတနာကောင်းလွန်းတာကို၊ အံ့သြတာက အချိန်ပေးပြီး ဖြေပေးနိုင်လွန်းလို့။ မေးရင်လဲ ချက်ချင်းကို ဖြေပေးတာနော်။ ဒီလိုဆရာမျိုး ရှာကြည့်ကြအုံးလေ။ ဒီက ဆရာတွေ အချိန်မရဘူးဆိုတာ ဘာကိုပြောတာလဲ နားမလည်ဘူး။ May be အထူးကုဆေးခန်းတွေကို လိုက်ထိုင်ပြီး ၁ မိနစ်ခွဲကို လူနာတယောက်နှုံး တယောက်ကို ၅ဝဝဝ kyat နှုံးနဲ့ သွားနေရလို့ မအားတာလို့ဘဲ ထင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ကျမကတော့ ဆရာ့ကို အမြဲဂါရဝပြုပြီးသားဘဲ။ ဆရာကျန်းမာဖို့ ချမ်းသာဖို့ကိုလဲ အမြဲဆုတောင်းပေးတယ်။ ကျန်းမာဖို့ကိုပိုဆုတောင်းတယ်။ ဆရာကျန်းမာမှလဲ ဆရာပျော်တဲ့အလုပ်ကို များများလုပ်နိုင်မှာ မဟုတ်လား။

Friday, October 12, 2012

Q and A October 2012 (4)

1. ကျွန်တော် အသက် ၃၃ နှစ်ရှိပါပြီ။
2. သားလေးက ၆ လနဲ့ ၃ ပတ် ရှိပါပြီ။
3. သမီးက ၂၅ နှစ်ကျော်ပါပြီ။
4. Health - Pro Alfalfa ဆိုတဲ့ ဆေးတမျိုး ပေါ်နေပါတယ်။
5. လက်တုန်တာကတော့ အခုထိ
6. ရေကိုခန္ဓာကိုယ်မှာ လိုအပ်နေတာထက် ပိုသောက်သုံးမိရင်ရော
7. အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ခိုင်းတာ ဘာကြောင့်လဲသိချင်ပါတယ်။
8. ဒါပေမဲ့လည်း သွေးကပြစ်နေတုန်းပါပဲ။
9. စအိုမှာ အလုံးသေးသေးလေး ပေါက်နေပါတယ်။
10. မွေးကင်းစမှ ၅ နှစ်မပြည့်မီအချိန်ထိ ထိုးရတဲ့ကာကွယ်ဆေးများကို

Thu, Oct 11, 2012 at 8:00 PM
ကျွန်တော် အသက် ၃၃ နှစ်ရှိပါပြီ။ ကလေးတစ်ယောက်ဖခင်ပါ။ အခုတလောမနက်အိပ်ရာကထရင် ဘယ်ဘက် ခြေဖဝါးက နာနေပါတယ်။ တပတ်လောက်ရှိပါပြီ။ လမ်းလျှောက်ရင်လည်း နာပါတယ်။ ဘယ်နားကနာမှန်း စမ်းလို့မရပါဘူး။ ခြေဖမိုးကလိုလို ခြေဖဝါးကလိုလို ဖြစ်နေပါတယ်။ နေ့လည်လောက်ဆို ပျောက်သွားပါတယ်။ ဆေးလိပ်သောက်ပါတယ်။ အရက်လည်း တခါတလေသောက်ပါတယ်။ ဘယ်လိုလုပ်သင့်တယ်၊ ဘာဆေး သောက်သင့်တယ်ဆိုတာ ပြောပြပေးပါ။

အတိအကျတော့ ပြောမရသေးပါ။ စိုးရိမ်စရာမဟုတ်နိုင်ပါ။ သွေးဖိအား နဲ့ ဆီးချို မသိရပါ။ ကိုယ်အလေးချိန် များနေသလား မသိရပါ။ အနာသက်သာဆေးသောက်နိုင်ပါတယ်။ Neurobion နဲ့ Calcium သောက်နိုင်ပါတယ်။

Fri, Oct 12, 2012 at 6:57 AM
သားလေးက ၆ လနဲ့ ၃ ပတ် ရှိပါပြီ။ ၉ ကီလိုရှိပါတယ်။ ခုမြန်မာပြည်ကနေ (့) ကိုရောက်တာ ၂ ရက်ရှိပါပြီ။ သားလေးက နှာစေးချောင်းဆိုးဖြစ်နေတာ မသက်သာလို့ပါ။ ၁ဝ ရက်လောက်ရှိပါပြီ။ နို့စို့တော့ မပျက်ပါဘူး။ လန်းလည်း လန်းပါတယ်။ ဆေးတိုက်ပြီးရင်တော့ အရမ်းအိပ်ချင်သွားတယ်။ စစခြင်းတော့ ချောင်းဆိုးတာကစတာပါ။ ရန်ကုန်မှာ တုန်းက ချောင်းဆိုးလို့ ကလေးဆရာဝန်ပြတော့ ချယ်ရီကော့ဖ် တိုက်ပါတယ်။ ချောင်းဆိုးသက်သာသွားပြီး နှာစေး ကျန်နေတော့ (့) မလာခင်ရက်က ဆရာဝန်ထပ်ပြတော့ Piriton (2.5ml တနေ့ ၂ကြိမ်) ပြောင်းပေးလိုက်ပါတယ်။ ဒါပေမယ့် ကလေးက ခုထိ နှာစေးနေတုန်းပါဘဲ။ ချောင်းက မဆိုးတာ ၃ရက်လောက်ရှိပါပြီ။ ဒါပေမဲ့ ဒီနေ့တော့ ချောင်း နည်းနည်းဆိုးချင်တယ်။ နှာကတော့စေးနေတုန်းပါဘဲ။ အဲဒါ စိုးရိမ်ရပါသလား။ ဆရာဝန်ပြဖို့ လိုလားရှင့်။ ဒါမှမဟုတ် ခုသောက်နေတဲ့ဆေးဘဲ ဆက်တိုက်ရမလား အကြံပေးပါရှင့်။ ရန်ကုန်ကဆရာဝန်က Topcef ကို တနေ့ တလုံးသောက်ဖို့ ၅ ရက်စာ ပေးလိုက်ပါသေးတယ်။ သူက antibiotic ကို ကလေးကငယ်သေးတော့ သိပ်ပြီးမပေးချင်ဘူးတဲ့။ လိုအပ်မှ တိုက်ပါလို့ မှာလိုက်ပါတယ်။ အဲဒီဆေးကို ခုတိုက်လိုက်ရမလားရှင့်။ နောက် Topcef နဲ့ Piriton ရောတိုက်လို့ ရသလားရှင့်။ ကလေးက တုပ်ကွေးကာကွယ်ဆေးကို ၆ လပြည့်ပြီး ၄ ရက်လောက်တုန်းက ရန်ကုန်မှာ ထိုးထားပါတယ်။ ဆရာပြောတာကတော့ ချွဲမရှိဘူးလို့ ပြောပါတယ်ရှင့်။ ဘာဆက်လုပ်သင့်လဲ အကြံပေးပါရှင့်။

နှာစေးတာက ဗိုင်းရပ်စ်ကနေဖြစ်တာများတယ်။ အခုလိုရာသီပြောင်းမှာ အဲတာမျိုး အတော်ဖြစ်ကြတယ်။ ကလေးက နေရာအပြောင်းအလဲလဲရှိတော့ ပိုဖြစ်စေနိုင်မယ်။ ဗိုင်းရပ်စ်ဆိုရင် ပိုးသေဆေး မလိုတာ အမှန်ပါ။ ချောင်းဆိုးပျောက်ဆေး ဆိုတာထက် No-Cold, M-Cold ဆိုဆေးရည်က ပိုသင့်မယ်။ ၆ လကျော်ကလေးအတွက် လဘက်ရည်ဇွန်း ၄ ပုံ၁ ပုံသာလိုတယ်။ တနေ့ ၂-၃ ခါတိုက်နိုင်ပါတယ်။ မနက်ခင်းနေရောင်ပြပေးပါ။ ရေပိုတိုက်ပေးပါ။ လူထုတဲ့နေရာရှောင်ပါ။ ကိုယ်ပူတာ ၁ ရက်နေလို့မသက်သာရင်တော့ ပိုးသေဆေးပါတိုက်သင့်လာပြီ။ Azithromycin syrup/powder တခါတိုက်မှ လဘက်ရည်ဇွန်း တဝက် တနေ့ တခါဘဲလိုတယ်။

Fri, Oct 12, 2012 at 12:54 PM
သမီးက ၂၅ နှစ်ကျော်ပါပြီ။ အိမ်ထောင်ရှိပါတယ်။ အိမ်ထောင်ကျတာ နှစ်နှစ်ရှိပါပြီ။ ကွန်ပြူတာနဲ့ တစ်နေကုန် အညောင်းထိုင်လုပ်ရပါတယ်။ လေးဖက်နာရှိပါတယ်။ သမီးဝလဲဝလာပါတယ်။ သမီးကတားဆေးသောက်ပါတယ်။ သမီးမေးချင်တာနဲ့ ဖြစ်နေတာက -
၁။ ဝမ်းအရမ်းချုပ်ပါတယ်။ ဝမ်းက မနက်အိပ်ယာထတစ်ခါ၊ ညအိပ်ယာဝင်ခါနီးတစ်ခါ သွားချင်ပါတယ်။ ဒါပေမယ့် မနည်းညှစ်ရပါတယ်။ လိပ်ခေါင်းလိမ်းဆေးလိမ်းပြီးသွားရင် အဆင်ပြေပါတယ်။ တစ်ခါတစ်လေ လိမ်းတာတောင်မရဘူး သွားချင်ပေမယ့် မရလို့ လက်ခလယ်နဲ့နှိုက်ထုတ်တော့ ဘေးနံရံတစ်ဖက်တည်းမှာ ကျဉ်းလိုဖြစ်ပြီး ဝင်နေလို. နှိုက်ရပါတယ်။ သမီးထင်တာ မစင်က အပေါ်က လာတာမဟုတ်ဘူးလား၊ နောက်ပြီး တစ်ဖက်တည်းရှိတယ်။ စအိုအဝမှာလဲ ညှစ်ရင်အဖုအကြီးကြီး တစ်ခုထွက်ပါတယ်။ အဖုကြီးရှိလို့ပါလား။ မစင်ကလဲ မာတာ ကျောက်စရစ်ခဲသေး လေး အတိုင်းပါပဲ။ လူတိုင်းမှာအဲလိုကျင်းရှိလား၊ နောက်ပြီးမစင်မာတာ နှိုက်ထုတ်တာ အန္တရာယ်ရှိပါသလား။
၂။ တစ်ခါတစ်ခါ မြန်မာဆေးစားပြီး ဝမ်းကအရည်သွားတယ်။ ဒါပေမယ့် အရည်ကိုတောင်ညှစ်ရပါတယ်။ ချွဲလို၊ အဆီလိုလဲ တစ်ခါတစ်ခါသွားပါတယ်။ ဘာဖြစ်လို.အရည်တောင်ညှစ်ရတာပါလဲ။
၃။ ခဏခဏ မနှိုက်ထုတ်ချင်လို့ ဝမ်းအရမ်းသွားချင်တဲ့အထိ စောင့်ပြီးသွားတာ တစ်ခါတစ်ခါ နည်းနည်း သွားချင်တာ မသွားပဲ အောင့်ထားရင် ဆီးခဏခဏသွားချင်ပြီး ဆီးအိမ်လား ဆီးစပ်လား မသိဘူး တစ်နေရာမှာတစ်ခုခုဆို.နေသလိုပဲ ဆီးခဏလောက်မသွားတာနဲ့ ဆီးကျင်ချင်သလိုဖြစ်လာတယ်။ အရမ်းသွားချင်မှသွားလိုက်ရင် ဒါတောင်နှိုက်ထုတ်ရတယ်။ ဝမ်းသွားလိုက်ရင်ဆီးကမဖြစ်တော့ဘူး။ အဲဒါဘာဖြစ်တာလဲဟင်။ ဝမ်းနဲ့ဆီးနဲ့ဆက်နေတာလားဟင်။ ပုံမှန်ဆို သမီးက ဆီး သိပ်မသွားပါဘူး။ ၃၊ ၄ နာရီလောက်မှ တစ်ခါသွားတာပါ။
၎။ နောက်တစ်ခုက သမီးရေခဏခဏငတ်ပြီး ၁၅မိနစ် နာရီဝက်လောက်မသောက်တာနဲ့ အာခေါင်ခြောက်ပြီး နှုတ်ခမ်းခြောက်ပြီး ကွဲလာပါတယ်။ ရေကို သမီးအရမ်းသောက်ပါတယ်။ ဘာဖြစ်တာလဲဟင်။ ရေအရမ်းသောက်ရင် ရေဖေါတတ်တယ်ဆိုတာ ဟုတ်ပါသလား။
၅။ သမီးယောက်ျားကတော့ နာရီဝက်တစ်ခါလောက် ဆီးသွားပါတယ်။ ယောက်ျားလေးတွေက ပုံမှန် ဘယ်အချိန်လောက်သွားတတ်သလဲ။ မိန်းကလေးတွေကကော။ သူနဲ့ အပြင်သွားရင် သူက အိမ်သာရှာပြီး သမီးက ရေရှာတတ်ပါတယ်။ အပြင်သွားလို့ တစ်နာရီလောက်ကြာရင် သူက တစ်ခါသို.နှစ်ခါသွားပြီးသမီးက အိမ်ကို ၂ နာရီလောက်နေမှပြန်ရောက်လဲ အဲ့ဒီမှသွားပါတယ်။ ဘယ်သူက ပုံမှန်လဲ။

1. လက်နဲ့ကူရတာလိုမျိးဖြစ်နေတာ အင်မတန်ရှားပါတယ်။ ကိုယ်တိုင်လက်နဲ့လုပ်တာမှာတော့ ထိခိုက်စရာမရှိနိုင်ပါ။
2. အရည်တောင်မှ ညှစ်ရတယ်ဆိုတာလဲ ရှားတယ်။
3. ဆီးစပ်နေရာ ဆိုးသလိုခံစားရတာဆိုရင် စမ်းသပ်မှုလုပ်သင့်ပါတယ်။ ဝမ်းနဲ့ဆီး လမ်းကြောင်းရော ဖြစ်စဉ်ပါ ဆက်စပ်မနေပါ။ ဒါပေမဲ့ ဝမ်းသွားတာနဲ့ ဆီးလဲသွားမယ်။
4. ရေသောက်များလွန်းတာတော့ မကောင်းပါ။ အဲလိုအထိဖြစ်လောက်အောင်ဆိုတာလဲ အလွန်ရှားပါတယ်။ စာတပုဒ်ရေးထားပါသေးတယ်။ • Water poisoning ရေအဆိပ်သင့်ခြင်း http://dts-medicaleducation.blogspot.com/2011/12/water-poisoning.html
5. ယောက်ျားတိုင်းဆီးအလွန်မသွားကြပါ။ သူများထက်များနေရင် ဆီးချိုစစ်သင့်ပါတယ်။

Thu, Oct 11, 2012 at 2:35 PM
အခုတလောဈေးကွက်ထဲမှာ Health - Pro Alfalfa ဆိုတဲ့ ဆေးတမျိုး ပေါ်နေပါတယ်။ USA ကထုတ်တာလို့ ပြောပါတယ်။ အဲဒီဆေးဗူးပုံစံကိုလဲဆရာ့ဆီ ဓါတ်ပုံရိုက်ပြီးပို့ပေးလိုက်ပါတယ်ဆရာ။ အဲဒီဆေးက ရောဂါ တော်တော်များများအတွက် ပျောက်ကင်းသက်သာစေတယ်လို့ ပြောပါတယ်။ သမီးအဒေါ်ဖြစ်သူက ဆီးချို ဝေဒနာသည်ပါ။ သူ့ရဲ့မိတ်ဆွေတယောက်က အဲဒီဆေးကိုသောက်ကြည့်ဖို့တိုက်တွန်းလို့ သောက်ကြည့်တဲ့အခါ ဆီးချိုသိသိသာသာကျပြီး သက်သာတာကို တွေ့ရပါတယ်။ ကင်ဆာသမားတွေလဲ သောက်ကြတာကို တွေ့ရလို့ အဲဒီဆေးကို သမီးလဲ သောက်ကြည့်ချင်ပါတယ်။ အဲဒီဆေးရဲ့ ကောင်းကျိုးများကိုလဲ သိချင်ပါတယ်ရှင်။ တခြား ဘေးထွက် ဆိုးကျိုးများ ဖြစ်နိုင်တာရှိရင်လဲပြောပြပေးပါနော်ဆရာ။ အဲဒီဆေးကို SLE ရောဂါရှိသူတွေ မသောက်သင့်ဘူးလို့လဲ ကြားပါတယ်။ SLE ရောဂါဆိုတာဘယ်လိုရောဂါလက္ခဏာတွေကိုပြောတာပါလဲဆရာ။

ဆေးကတော့ အားဆေးသက်သက်ပါ။ ရောဂါပျောက်ဆေးမဟုတ်ပါ။ ကြော်ညာမှာလဲ အဲလိုဘဲပါတာပါ။ တိုင်းရင်းဆေးနွယ်ဖြစ်တယ်။ SLE ဆိုတာ ရှားပါးတဲ့၊ ဖြစ်ရင်လဲ ပျောက်ခဲတဲ့ရောဂါပါ။ အလိုအလျှောက်ခုခံအားစနစ် ချို့ယွင်းတာဖြစ်တယ်။ မိန်းမတွေမှာ ပိုဖြစ်တယ်။ ဘာလို့ဖြစ်လဲ အသေအခြာ မသိဘူး။ အရေပြားမှာပိုဖြစ်တယ်။

Thu, Oct 11, 2012 at 2:47 PM
ငယ်ငယ်က စစ်တာ ASO ဟုတ်ပါတယ်။ ဂဏန်းကိုတော့ မမှတ်မိတော့ပါ။ အခုထပ်စစ်ဖို့ လို ပါသလားသိပါရစေ။ ဒူးရောလက်ရောက နှစ်ဘက်လုံးဖြစ်တာပါ။ ဒူးကိုက်တာက အခု သိပ်မဆိုးတော့ပေမယ့် လက်တုန်တာကတော့ အခုထိ တစ်ခါတစ်ရံ တော်တော်သိသိသာသာကြီးကို တုန်ပါတယ်။ ရာသီကတော့ ပုံမှန်ပါပဲ။ ၃ ရက်လောက်လာတတ်ပါတယ်။ ဒါပေမယ့် ရာသီလာတဲ့ ပထမရက်တိုင်းကတော့ ဗိုက်အောင့်တာ ကိုယ်လက်ကိုက်တာကို တော်တော်လေးခံရပါတယ်။ ဒုတိယ တတိယ ရက်တွေမှာတော့ ဗိုက်အောင့်တာ မဖြစ်တော့ပါ။

• Tremor လက်တုန်ခြင်း http://dts-medicaleducation.blogspot.in/2012/04/tremor.html

Thu, Oct 11, 2012 at 4:18 PM
၁။ ဆားကို အလွန်အကျွံစားသုံးရင်ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရနိုင်ပါသလဲခင်ဗျာ။
၂။ ရေကိုခန္ဓာကိုယ်မှာ လိုအပ်နေတာထက်ပိုသောက်သုံးမိရင်ရော ဆိုးကျိုးများရှိနိုင်ပါသလားခင်ဗျာ။
၃။ သူငယ်ချင်းတယောက်က လူကအနဲငယ်သာဝပြီး ဗိုက်ကအရမ်းပူနေပါတယ်။ ဗိုက်အရမ်းပူတဲ့အတွက်ကြောင့် သူ့ကျန်းမာရေးနဲ့ ခန္ဓာကိုယ်မှာ ဘယ်လို ဆိုးကျိုးမျိုးတွေပေးနိုင်ပါသလဲ။ ဗိုက်ပူနေတာကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်ပါသလား။

• Water poisoning ရေအဆိပ်သင့်ခြင်း http://dts-medicaleducation.blogspot.com/2011/12/water-poisoning.html

Sat, Oct 13, 2012 at 10:10 AM
ကလေးငယ်တွေကို အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ခိုင်းတာ ဘာကြောင့်လဲသိချင်ပါတယ်။ သမီးသားလေးကို ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ပါတယ်။ သမီးသူငယ်ချင်းကတော့ သူသားကို ၃ လနဲ့ပဲ ထမင်းစကြွေးပါတယ်။ ကလေးနှစ်ယောက်ကိုယှဉ်လိုက်တော့ သူ့သားကပိုပြီး တက်သိနားသလည်းနေပါတယ်။ သူကပြောတယ်သမီးက နို့တစ်မျိုးတည်းကိုပဲတိုက်လို့ အခုလိုကလေးက သိတာတွေ နောက်ကျတာတဲ့။ အဲ့ဒါဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်ရှင်။

ကလေး ၆ လအထိ မိခင်နို့နဲ့လုံလောက်ပါတယ်။ ၆ လကျော်ရင် ဖြည့်စွက်စာကြွေးရမယ်။ ဒါကတော့ ထုံးစံ၊ ယေဘုယျဖြစ်ပါတယ်။ ဥာဏ်ရည်ကတော့ တခြားအကြောင်းတရားတွေကိုပါစဉ်းစားရတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ကြွေးပေးပါ၊ သင်ပေးပါ။ တချို့ကလေးတွေက ထုတ်မပြတဲ့အရည်အချင်းလေးတွေရှိနေပါတယ်။

Sat, Oct 13, 2012 at 12:07 PM
ကျွန်မအမျိုးသား၊ အသက်က ၃၈ ပါ။ ပြီးခဲ့တဲ့လက နှလုံးသွေးကြောပေါက်လို့ ခွဲပြီး aorta metal box ထည့်ထားရပါတယ်။ အခုတစ်ပတ်ကို နှစ်ကြိမ် check up ပြန်လုပ်နေရပါတယ်။ အားလုံးကကောင်းနေပြီး သွေးကတော်တော်ပြစ်နေပါတယ်။ 1.3, 1.4 ပဲရှိပါတယ်။ warfarin 3 mgသောက်ရပြီး injection တစ်နေ့ ၂ ကြိမ်ထိုးရပါတယ်။ ဒါပေမဲ့လည်း သွေးကပြစ်နေတုန်းပါပဲ။ သွေးကျဲစေဖို့ ဘာတွေစားသင့်ပြီး၊ ဘာတွေကိုရှောင်သင့်ပါသလဲ။ ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ လမ်းညွှန်ပေးပါအုံးဆရာ။ ပြီးတော့ သွေးကမကျဲပဲပြစ်နေတုန်းပဲဆိုရင် ရှေ့ဆက်ဘာဖြစ်နိုင်ပါသလဲရှင်။

ဒီရောဂါမျိုးကို နှလုံးအထူးကုဆရာဝန် (သမားတော်) နဲ့ အသေအခြာ ကုသမှုခံယူပါ။ ဆရာဝန်ကနေ ဆေးပြောင်းသင့်ရင်ပြောင်းပေးပါလိမ့်မယ်။

ဆရာသာဂဒိုး ရေးတဲ့ စာအုပ်ထဲမှာ ကန်စွန်းရွက် အနီကို အရွက်များကို ဖယ်ပစ်ပြီး အရိုးကို (၃)ခွက် (၁)ခွက် ကျိုပြီး နံက် တစ်ခွက် သောက်ပေးရပါတယ်။ ဒါဆို သွေးပျစ်ရောဂါ ပျောက်ပါတယ်။

ဓါတ်စာချည်းတော့ အားမကိုးပါနဲ့။

Mon, Oct 15, 2012 at 11:17 AM
ကျွန်တော်အသက်က ၃၅ နှစ်ပါ။ (့) မှာနေပါတယ်။ အိမ်ထောင်ရှိပါတယ်။ စအိုမှာ အလုံးသေးသေးလေး ပေါက်နေပါတယ်။ ဖြစ်နေတာ၂ ပါတ်လောက်ရှိပါပြီ။ စစဖြစ်ချင်း ၂ ရက်လောက်ကနာပါတယ်။ အခုတော့ မနာပါဘူး။ ကိုင်ကြည့်တာ အလုံးကမာမာလေးပါ။ ဓာတ်ပုံပါထည့်ပေးလိုက်ပါတယ်။ စိုးရိမ်ရပါသလားခင်ဗျား။

• Anal and perianal disorders စအိုနေရာ ရောဂါများ http://dts-medicaleducation.blogspot.com/2011/12/anal-and-perianal-disorders.html

Mon, Oct 15, 2012 at 9:27 AM
ကလေးတွေ မွေးကင်းစမှ ၅ နှစ်မပြည့်မီအချိန်ထိ ထိုးရတဲ့ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြား အလိုက်သိချင်ပါတယ်။
OPV နှင့် DPT ရဲ့ မြန်မာလို အဓိပါယ်ကို သိချင်ပါတယ်။ ဆက်လက်လေ့လာနိုင်တဲ့ link ရှိရင်လည်းပေးပါဆရာ။

• Immunization Chart ကာကွယ်ဆေးထိုးဇယား၊ (အသက်အလိုက်) http://dts-medicaleducation.blogspot.in/2010/06/child-immunization-chart.html
• Pentavalent Vaccine မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ် http://dts-medicaleducation.blogspot.in/2012/02/pentavalent-vaccine.html
• Pentavalent Vaccine (2) မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ် (၂) http://dts-medicaleducation.blogspot.in/2012/02/hepatitis-b-vaccine-hepatitis-b-vaccine.html

Wednesday, October 10, 2012

Q and A October 2012 (3)

1. ကျွန်တော် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။
2. သွေးတိုးတာ ခဏခဏ ဖြစ်နေလို့ သွေးတိုင်းတဲ့စက်ကလေး ဝယ်လိုက်ပါတယ်ဆရာ။
3. အအေးသောက်ရင် ကိုကာကိုလာ ကိုအမြဲသာက်ပါတယ်
4. သမီးရဲ့သားသားကအခု ၉ ရက်နေ့က ၁၁လ ပြည့်တာပါ။
5. အတွင်းလိပ်ခေါင်းရောဂါစဖြစ်တဲ့သူအတွက်
6. နားကြပ်တံနဲ့ ထိုးလိုက်ကတည်းက နားအူပြီး ပိတ်သွားတယ်။
7. ကျွန်တော် ငယ်ငယ်ကတည်းက အေးလို့ရှိရင် ချောင်းဆိုးပါတယ်။
8. ခရုသင်း (သမင်ဖြူ) ရောဂါအတွက် ဆေးရှိပါသလား။

Wed, Oct 10, 2012 at 7:57 AM
ကျွန်တော် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အေးလို့ရှိရင် ချောင်းဆိုးပါတယ်။ သလိပ်လုံးဝမပါဘူး ချောင်းခြောက်ပါပဲ။ သူများတွေနဲ့ကို မတူပါဘူး။ ရာသီဥတုအေးရင်ဖြစ်ဖြစ် အဲကွန် ပန်ကာ သုံးရင်ဖြစ်ဖြစ် အဆီစားရင်ဖြစ်ဖြစ် အပူအစပ်စားရင်ဖြစ်ဖြစ် အခိုးအငွေ့ အမှုန်အမွှားတွေ ရှိနေတဲ့နေရာမှာဖြစ်ဖြစ် ချောင်းဆိုးတော့တာပါပဲ။ ပုံမှန်ကတော့ ငယ်ငယ်ကတည်းက ချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ အပြင်းထန်တော့ မဟုတ်ပါ။ အခုလည်းကျွန်တော့်အတွက် ပုံမှန် အလေ့အထတစ်ခုလိုပါပဲ။ အအေးပတ်တာ လွန်ကဲပြီး လည်ချောင်းတွေယား အိပ်မရအောင်ချာင်းဆိုးပြီး အချွဲအနည်းငယ် (သလိပ်အဆင့်မဖြစ်ပါ) ပါမှ ဆေးခန်းပြတာ ဆေးသောက်တာ ဆေးစစ်တာလုပ်ပါတယ်။ ဆေးသောက်လိုက်ရင် ပျောက်သွားပြီး ပုံမှန်အလေ့အထဖြစ်တဲ့ ချောင်းခြောက်ကတော့ ဆိုးလေ့ရှိပါတယ်။ အဆုတ် ဓာတ်မှန်လည်း သုံးလေးခါ ရိုက်ဖူးပါတယ်။ ကောင်းပါတယ် ဘာမှမရှိပါ။ ကျွန်တော်ဖြစ်နေတဲ့အကျင့်က ငယ်ငယ်ကနေခုထိ ချောင်းခြောက်ဆိုးတဲ့အကျင့်ပါ။ တမင်လုပ်တာလဲမဟုတ်ပါ။ အောင့်လို့လည်း မရပါ။ အထူးသဖြင့် ထမင်းစားနေတဲ့အချိန်၊ တရားထိုင်နေတဲ့အချိန်၊ အေးတဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့အချိန်တွေမှာဆို ပုံမှန်ထက် အချိန်စိပ်ပြီး ချောင်းဆိုးပါတယ်။ ကျွန်တော့်ချောင်းဆိုးတဲ့အသံက သလိပ်ရှိလို့ဆိုးတဲ့ ချောင်းအသံမဟုတ်ပါဘူး။ ရိုးရိုးလျပ်တပြက် ချောင်းဆိုးဖို့ပေါ်လာတဲ့ အကြောင်းတစ်ခုကြောင့်ဆိုးတဲ့အသံပါပဲ။ အသက်ရှူမဝသလို ရင်ဘတ်ကြပ်သလို မခံစားရပါ။ ခံစားရတာက ချောင်းမဆိုးလိုက်ရရင် လည်ချောင်းမှာ ထစ်နေလို ပိတ်နေသလိုခံစားရပါတယ်။ အခုနောက်ပိုင်း အဲကွန်းခန်းမှာ အိပ်တာဆိုတော့ အိပ်ယာဝင်ရင် လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်။ လည်းချောင်းအယားပြေတဲ့အထိ ရှင်းသွားတဲ့အထိချောင်းဆိုးပါတယ်။ မိနစ် ၂ဝ အများဆုံး ၃ဝ လောက်ကြာပါမယ်။ ဒါပေမယ့် ဆက်တိုက်ကြီးတော့မဟုတ်ပါ။ အိပ်မပျော်ခင်လောက်ထိပါ။ အိပ်ပျော်ချိန် မနက်အိပ်ယာထချိန်တွေမှာ မဆိုးပါဘူး။ အဲကွန်းကလည်း အခန်းဖော်တွေ ရှိတော့ ပိတ်မရပါ။ ဆေးလိပ်၊ ကွမ်း၊ အအေး၊ အဆီအဆိမ့်တွေကို လုံးဝရှောင်ပါတယ်။ ဆရာဝန်တစ်ယောက်က ရေနွေးနဲ့ဆားကို ပလုပ်ကျင်းပေးဖို့ ပြောပါတယ်။ ကျွန်တော်လည်း အချိန်ပေးပြီးမလုပ်နိုင်ခဲ့ပါ။ အဲလိုတွေခံစားနေရတာ ပျောက်ကင်းအောင် ဘယ်လိုနေထိုင်လေ့ကျင့်ရပါမလဲ။ အမြဲတမ်းစားလို့ရတဲ့ ဆေး၊ အလေ့အကျင့်တွေရှိရင်လည်း လမ်းညွှန်ပါ။

ပြည့်ပြည့်စုံစုံ ရေးပြတဲ့အတိုင်း ချောင်းဆိုးစေတဲ့အကြောင်းရင်က အမှန်ဖြစ်ပါတယ်။ ဆေးစစ်ရင် အဆုပ်ရောဂါ၊ လည်ချောင်းရောဂါ တွေ့မယ်မဟုတ်ပါ။ ဒါပေမဲ့ဝေဒနာတော့ ရှိနေတာအမှန်ဘဲ။

ချောင်းဆိုးစေတဲ့ အကြောင်းတရားတွေကနေ ရှောင်ရှား ဆင်ခြင်ရမယ်။ တွေ့တိုင်းထပ်ဖြစ်နေပါလိမ့်မယ်။ တချို့ရောဂါ ဝေဒနာတွေက Life style change လူနေမှုဘဝအပြောင်းအလဲအထိ လုပ်ရတယ်။

ချောင်းဆိုးတယ်၊ နှာချေတယ်ဆိုတာမျိုးက ကိုယ်ခနာရဲ့ အလိုအလျှောက်တုံ့ပြန်မှုဖြစ်တယ်။ ဒီလိုဖြစ်တာဟာ တဖက်ကကြည့်ရင် ကောင်းတယ်။ မဟုတ်ရင် မသင့်တာ၊ မတည့်တာ၊ ပိုးမွှားတွေက အထဲကို အတားအဆီးမရှိဝင်လာမယ်။

ချောင်းဆိုးတာ ကြာလာရင် ချောင်းဆိုးတိုင်း အသုံးပြုရတဲ့ လည်ချောင်း၊ ကြွက်သား၊ အာရုံကြောစတာတွေကို ဒဏ်သက်ရောက်တာ များများလာလို့ သက်ရောက်မှုတွေ ခံရမယ်။ အသံပြောင်းတာ၊ နာတာ၊ ရောင်တာ၊ နီရဲတာတွေခံစားလာရမယ်။

ဆင်ခြင်ရှောင်ကျဉ်တာအပြင် ချောင်းဆိုးပျောက်ဆေး ရွေးသုံးနိုင်တယ်။ ရင်ကြပ်တာသက်သာတဲ့ချောင်းဆိုးပျောက်ဆေး နဲ့ ချွဲထွက်စေတဲ့ချောင်းဆိုးပျောက်ဆေးတွေ မသင့်ပါ။ လည်ချောင်းယားတာကိုသက်သာစေမဲ့ ချောင်းဆိုးပျောက်ဆေးကိုသာ သုံးပါ။

နောက်တချက်က သူများတွေတော့ မဖြစ်ဘဲ ကိုယ့်မှာသာဖြစ်နေတဲ့အချက်က (အလာဂျီ) မတည့်တဲ့သဘောဖြစ်လို့ (အလာဂျီ) ဆေးလိုမယ်။ တချို့ချောင်းဆိုးပျောက်ဆေးတွေထဲမှာ ဒီဆေးမျိုးပါနေတယ်။ လိုအပ်ရင် (အင်တီ-ဟစ်တမင်း) ဆေး အပိုဆောင်းသောက်ရမယ်။ အများဆုံးသုံးနေတာက Cetrizinet tablet ဖြစ်ပါတ.် တနေ့ ၁ ပြားနဲ့ရမယ်။

အဲလိုဖြစ်ရာကနေ နောက်တိုးရောဂါလဲ တခါတလေဝင်တာခံရမယ်။ ပိုးဝင်တာမျိုး။ အဲဒီအချိန်မှာ ပိုးသေဆေးလိုအုံးမယ်။ အများအားဖြင့် Amoxacillin 250 mg တခါသောက် ၁ တောင့်၊ တနေ့ ၄ ကြိမ်၊ ၄-၅ ရက်။

Tue, Oct 9, 2012 at 12:27 PM
သွေးတိုးတာ ခဏခဏ ဖြစ်နေလို့ သွေးတိုင်းတဲ့စက်ကလေး ဝယ်လိုက်ပါတယ်ဆရာ။ အဲဒါ ချိန်ကြည့်တော့ 130/90 အောက်ကို လုံးဝမကျဘူး။ တစ်ခါတစ်လေ 140/100 ကျော်လောက်အထိရှိတယ်။ အဲဒါ ဆရာဝန်နဲ့ ပြသင့်လား။ တစ်ရက်ကို မနက်တစ်ခါ၊ညနေတစ်ခါ ချိန်ကြည့်တာပါ။ ၃ ရက်ရှိသွားပါပြီ။ အသက်က 33 ပါ။ BMI က 27 လောက်ရှိတယ်ဆရာ။

ဖြစ်တဲ့သူက မိန်းကလေးဖြစ်မှာပေါ့။ အီးမေးလ်-လိပ်စာနဲ့ တချို့ကြပြောမရလို့။ အသက် ၃၃ ဆိုရင် သွေးတိုးဖြစ်တဲ့အရွယ် ငယ်သေးတယ်။ ပိုပြီးဂရုစိုက်ပါ။ အငန်လျှော့စားပါ။ သွေးဖိအား အမြဲတိုင်းပါ။ ကိုယ်အလေးချိန် မျှတအောင် ကြိုးစားပါ။ သွေးတိုးစာ ၃ ပုဒ် ပို့လိုက်ပါတယ်။ နောင်မှာ မေးစရာရှိရင် စုံအောင်ရေးနိုင်ရင် ဖြေရတာအတွက် အထောက်အကူပြုတယ်။ မိန်းကလေး ဆိုရင် ရာသီ၊ အိမ်ထောင်ရေး။ မေးတဲ့သူတိုင်း ဖြစ်နေတာ ဘယ်လောက်ကြာ၊ ဘာခံစားရ၊ ဆေးစစ်ဘူးသလား၊ စတာတွေ ပါသင့်တယ်။
• Digital blood pressure monitors သွေးဖိအားတိုင်း-ကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါ http://dts-medicaleducation.blogspot.com/2010/10/digital-blood-pressure-monitors_16.html
• Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
• Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html

အိမ်ထောင်သည်ပါ။ စသတိထားမိတာက ၁ နှစ်လောက်တော့ရှိပြီဆရာ။ အောက်သွေးက အမြဲတမ်းပိုတိုးနေပါတယ်။ ရာသီကလည်း အမြဲတမ်းနောက်ကျပါတယ်။ တစ်ခါတစ်လေ ၂ လလောက်ထိ ရက်ကျော်ပါတယ်။ အာသီးခဏခဏ ရောင်လို့ ဆေးခန်းသွားပြရင်း သွေးတိုးတိုးနေလို့ သတိထားမိတာပါဆရာ။

ဆရာဝန်နဲ့ ပြပါ။ ဆေးကို အမြဲလိုလိုသောက်နေရမယ်။ သွားလေရာပါ ယူသွားသင့်တယ်။ လိုအပ်ရင် ဆရာဝန်က ဆေးပြောင်းပြောင်းပေးလိမ့်မယ်။

Wed, Oct 10, 2012 at 6:32 PM
ကျွန်တော် အအေးသောက်ရင် ကိုကာကိုလာ ကိုအမြဲသာက်ပါတယ် ကြိုက်လည်းကြိုက်ပါတယ်။ ပြည်တွင်းဖြစ်ရော နိုင်ငံခြားဖြစ်ပါသောက်တယ်။ တစ်ခါသောက်ရင် 500ml လောက်ပါ။ နေ့တိုင်းလိုလို သောက်နေတော့ ဘယ်လို အကျိုးသက်ရောက်နိုင်ပါသလဲ သိချင်ပါတယ်။

Cola ကိုသပ်သပ်ရေးပါအုံးမယ်။ Non-alcoholic beverage အရက်မပါ သောက်စရာ ကိုပို့လိုက်ပါတယ်။

Wed, Oct 10, 2012 at 1:21 PM
သမီးရဲ့သားသားကအခု ၉ ရက်နေ့က ၁၁လ ပြည့်တာပါ။ သားက အခုထိသွားမပေါက်သေးလို့ပါ။ သွားပေါက်အောင်ဘာတွေကြွေးရမလဲ သိချင်ပါတယ်။ သားက မွေးမွေးခြင်း ခွဲခန်းထဲမှာတင် အောက်ဆီဂျင်ပေးခဲ့ရတယ်။ ဆေးတွေလဲသွင်းရတယ်။ မွေးပြီး ၃ရက်လောက်မှနို့စို့ ခွင့်ပေးတယ်။ ရှေ့ ၂ ရက်က ဇွန်းနဲ့ပဲတိုက်ရတယ်။ ကလေးက ဗိုက်ထဲမှာ အောက်ဆီဂျင်နည်းလာတယ်ပြောတယ်ဆရာ။ နောက်ပြီးသား ၂လသားလောက်က အူကျလို့ဆိုပြီး ခွဲရသေးတယ်။ ခွဲပြီးသွေးအားနည်းလို့ဆို တခါသွေးသွင်းရသေးတယ်။ သားကသွေးအားတာနည်းတာပါ။ သူကဝတယ်။ သမီးဒါတွေပြောနေတာက သွားမပေါက်တာနဲ့များဆိုင်မလားလို့ပါရှင်။

ကလေးအထူးကုဆရာဝန်တော့ပြပါ။ သွားနဲ့ အရိုးက ကယ်လ်စီယန်ဓါတ်နဲ့ဆိုင်တယ်။ ကလေးတွေအတွက် သပ်သပ်လာတယ်။ ဒါတင်မကဘဲ ဗီတာမင် ဘီ အုပ်စု ကလေးဆေးလဲလိုမယ်။
မိခင်နို့စို့တာ နည်းလာချိန်ရောက်နေလို့ ဖြည့်စွက်အစားအစာထဲမှာ ကယ်လ်စီယန် ပါတာကြွေးသင့်တယ်။ နွားနို့၊ နို့နဲ့လုပ်တဲ့အစားအစာ၊ ကြွေးပေးပါ။ အစားကို စုံပါစေ။
ခေါင်းထောင်ချိန်၊ ဝမ်းလျှားမှောက်ချိန်။ ထိုင်ချိန်တွေကော ပုံမှန်ဘဲလား။ ဥာဏ်ရည်ကော သိချင်သေးတယ်။

အားလုံးပုံမှန်ပါပဲရှင်။ အခုသားက လေးဘက်ထောက်သွားနေပါပြီ။ သားကိုနေ့တိုင်း ငှက်ပျောသီးကြွှေးပါတယ်။ ပဲနီလေး ကြက်ဥပြုပ်၊ မုန်လာဥနီ၊ အဲတာတွေကိုတော့ တစ်နေ့တစ်မျိုး ကြွှေးပါတယ်။ မိခင်နို့တိုက်နေတော့ နွားနို့တော့မတိုက်ဖြစ်ပါဘူး။ ထမင်းကိုတော့ ကော်ဖီစစ်တဲ့ဇကာနဲတိုက်ပြီး ကြွှေးပါတယ်။ ဥာဏ်ရည်ကတော့ သမီးမပြောတတ်ပါဘူး။ သားကသူလိုချင်တာမရင်စိတ်ဆိုးတတ်ပါတယ်။ စကားကလည်း သားသားဆိုတာပဲ ပြောတတ်ပါသေးတယ်။ သားကလည်တော့လည်ပါတယ်ရှင်။

စိတ်မပူပါနဲ့။ အရင်စာမှာ ပြောတာတွေအပြင် သိပ်မပူချိန်မှာ အသားအရေကိုနေရောင်ခဏပြပေးပါ။ နွားနို့လဲ တိုက်ကြည့်ပါ။ ကလေး ကယ်လ်စီယန် တိုက်ပါ။

Wed, Oct 10, 2012 at 11:28 AM
ဆရာပေးတဲ့ ကုသနည်းတွေထဲက အတွင်းလိပ်ခေါင်းရောဂါစဖြစ်တဲ့သူအတွက် ဘယ်ကုသနည်းက အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါလဲ။

Internal hemorrhoids အတွင်းလိပ်ခေါင်းကုသနည်းများ
1. Rubber Band Ligation သားရေကွင်းနည်း၊
2. Injection Sclerotherapy ထိုးဆေးနည်း၊
3. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4. Laser Coagulation လေဆာနည်း၊
5. Hemorrhoidectomy ခွဲစိတ်နည်း၊
Injection Sclerotherapy ထိုးဆေးနည်းနာကျင်မှုအနည်းဆုံးနဲ.အမြန်ဆုံးဆိုတာကောဟုတ်ပါသလားဆရာ၊

အဲလိုတော့ မပြောနိုင်ပါ။ လိပ်ခေါင်းအခြေအနေအရ ခွဲစိတ်ဆရာဝန်ကနေ ကောင်းတဲ့နည်းကို ပြောပါမယ်။ ခွဲစိတ်နည်းအပြင် ရေးထားသလို အနေအထိုင်၊ အစားအသောက် ဆင်ခြင်တာနဲ့ ရေနွေးထိုင်တာတွေလဲ လုပ်ရပါမယ်။

Wed, Oct 10, 2012 at 10:07 AM
ကျွန်တော် ဘယ်ဘက်နားထဲကို နားကြပ်တံနဲ့ ထိုးလိုက်ကတည်းက နားအူပြီး ပိတ်သွားတယ်။ ကျွန်တော်အမေလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်နေတယ် ဆရာ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နားထဲကိုဆေး ထည့်ပါတယ်။ ဆေးနာမည်က candibiotic ပါ။ အခုတော့ နားကပွင့်သွားပေမဲ့ ရှီ....ဆိုပြီး တောက်လျှောက်မည်နေပါတယ်။ အမေကတော့ နားယားပြီး ပိတ်နေဆဲလို့ပြောတယ်။ အဲ့လိုဖြစ်ဖူးတဲ့သူတွေက နားမှိုတက်တာ လို့ပြောကြတယ်။
ကျွန်တော်တို့ အခုဖြစ်နေတဲ့ ရောဂါက ဘာလို့ခေါ်ပါသလဲ။ နားဆေးကို ပြောင်းစရာလိုသေးလား။ သောက်ဆေးရောလိုပါသေးလား။ ဆောင်ရန်ရှောင်ရန် အချက်တွေ သိချင်ပါတယ်။ အမေကတော့ အစာစား ရင် နားထဲမှာ ဝါးနေတဲ့အသံတွေ ကြားနေရတယ်။ အမြန်ဆုံးသက်သာပျောက်ကင်းအောင်ဘာလုပ်သင့်ပါသလဲ။

Ear infections (1) နားပိုးဝင်ခြင်း (၁)
Ear Infections (2) နားပိုးဝင်ခြင်း (၂)
Earache နားကိုက်ရင်

Wed, Oct 10, 2012 at 7:57 AM
ကျွန်တော် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။ ကျွန်တော်ငယ်ငယ်ကတည်းက အေးလို့ရှိရင် ချောင်းဆိုးပါတယ်။ သလိပ်လုံးဝမပါဘူး ချောင်းခြောက်ပါပဲ။ သူများတွေနဲ့ ကို မတူပါဘူး ရာသီဥတုအေးရင်ဖြစ်ဖြစ် အဲကွန် ပန်ကာ သုံးရင်ဖြစ်ဖြစ် အဆီစားရင်ဖြစ်ဖြစ် အပူအစပ်စားရင်ဖြစ်ဖြစ် အခိုးအငွေ့ အမှုန်အမွှား တွေ ရှိနေတဲ့နေရာမှာဖြစ်ဖြစ် ချောင်းဆိုးတော့တာပါပဲ။ ပုံမှန်ကတော့ ငယ်ငယ်ကတည်းက ချောင်းခြောက်ဆိုးလေ့ ရှိပါတယ်။ အပြင်းထန်တော့မဟုတ်ပါ။ အခုလည်းကျွန်တော့်အတွက်ပုံမှန်အလေ့အထတစ်ခုလို ပါပဲ။ အအေးပတ်တာလွန်ကဲပြီး လည်ချောင်းတွေယား အိပ်မရအောင်ချာင်းဆိုးပြီး အချွဲအနည်းငယ် (သလိပ်အဆင့်မဖြစ်ပါ) ပါမှဆေးခန်းပြတာ ဆေးသောက်တာ ဆေးစစ်တာလုပ်ပါတယ်။ ဆေးသောက်လိုက်ရင် ပျောက်သွားပြီး ပုံမှန်အလေ့ အထဖြစ်တဲ့ ချောင်းခြောက်ကတော့ ဆိုးလေ့ ရှိပါတယ်။ အဆုတ် ဓာတ်မှန်လည်း သုံးလေးခါ ရိုက်ဖူးပါတယ်။ ကောင်းပါတယ် ဘာမှမရှိပါ။ ကျွန်တော့်ဖြစ်နေတဲ့ အကျင့်ကငယ်ငယ်ကနေ ခုထိချောင်းခြောက်ဆိုးတဲ့အကျင့်ပါ။ တမင်လုပ်တာလဲမဟုတ်ပါ။ အောင့်လို့လည်းမရပါ။ အဆုတ် စစ်ရင်လည်းအကောင်းပါ။ အထူးသဖြင့် ထမင်းစားနေတဲ့အချိန်၊ တရားထိုင်နေတဲ့အချိန်၊ အေးတဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့အချိန်တွေမှာဆို ပုံမှန်ထက် အချိန်စိပ်ပြီး ချောင်းဆိုးပါတယ်။ ချောင်းဆိုးတဲ့အသံက သလိပ်ရှိလို့ဆိုးတဲ့ ချောင်းအသံမဟုတ်ပါဘူး။ ရိုးရိုးလျပ်တပြက်ချောင်းဆိုးဖို့ ပေါ်လာတဲ့ အကြောင်းတစ်ခုကြောင့်ဆိုးတဲ့အသံပါပဲ။ အသက်ရှူမဝသလို ရင်ဘတ်ကြပ်သလိုမခံစားရပါ။ ခံစားရတာက ချောင်းမဆိုးလိုက်ရရင် လည်ချောင်းမှာ ထစ်နေလို ပိတ်နေသလိုခံစားရပါတယ်။ အခုနောက်ပိုင်း အဲကွန်းခန်းမှာ အိပ်တာဆိုတော့ အိပ်ယာဝင် ရင် လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်။ လည်းချောင်းအယားပြေတဲ့အထိ ရှင်းသွားတဲ့အထိချောင်းဆိုးပါတယ်။ မိနစ် ၂ဝ အများဆုံး ၃ဝ လောက်ကြာပါမယ်။ ဒါပေမယ့် ဆက်တိုက်ကြီးတော့မဟုတ်ပါ။ အိပ်မပျော်ခင်လောက်ထိပါ။ အိပ်ပျော်ချိန် မနက်အိပ်ယာထချိန်တွေမှာ မဆိုးပါဘူး။ အဲကွန်းကလည်း အခန်းဖော်တွေရှိတော့ ပိတ်မရပါ။ နောက်တစ်ခုက အလုပ်မှာလည်း အဲကွန်းနဲ့က မမြဲထိတွေ့ နေရပါတယ်။ ဆေးလိပ်၊ ကွမ်း၊ အအေး၊ အဆီ၊ အဆိမ့်တွေကို လုံးဝရှောင်ပါတယ်။ ဆရာဝန်တစ်ယောက်က ရေနွေးနဲ့ ဆားကို ပလုပ်ကျင်းပေးဖို့ ပြောပါတယ်။ အချိန်ပေးပြီးမလုပ်နိုင်ခဲ့ပါ။

ပြည့်ပြည့်စုံစုံ ရေးပြတဲ့အတိုင်း ချောင်းဆိုးစေတဲ့အကြောင်းရင်က အမှန်ဖြစ်ပါတယ်။ ဆေးစစ်ရင် အဆုပ်ရောဂါ၊ လည်ချောင်းရောဂါ တွေ့မယ်မဟုတ်ပါ။ ဒါပေမဲ့ဝေဒနာတော့ ရှိနေတာအမှန်ဘဲ။

ချောင်းဆိုးစေတဲ့ အကြောင်းတရားတွေကနေ ရှောင်ရှား ဆင်ခြင်ရမယ်။ တွေ့တိုင်းထပ်ဖြစ်နေပါလိမ့်မယ်။ တချို့ရောဂါ ဝေဒနာတွေက Life style change လူနေမှုဘဝအပြောင်းအလဲအထိ လုပ်ရတယ်။

ချောင်းဆိုးတယ်၊ နှာချေတယ်ဆိုတာမျိုးက ကိုယ်ခနာရဲ့ အလိုအလျှောက်တုံ့ပြန်မှုဖြစ်တယ်။ ဒီလိုဖြစ်တာဟာ တဖက်ကကြည့်ရင် ကောင်းတယ်။ မဟုတ်ရင် မသင့်တာ၊ မတည့်တာ၊ ပိုးမွှားတွေက အထဲကို အတားအဆီးမရှိဝင်လာမယ်။

ချောင်းဆိုးတာ ကြာလာရင် ချောင်းဆိုးတိုင်း အသုံးပြုရတဲ့ လည်ချောင်း၊ ကြွက်သား၊ အာရုံကြောစတာတွေကို ဒဏ်သက်ရောက်တာ များများလာလို့ သက်ရောက်မှုတွေ ခံရမယ်။ အသံပြောင်းတာ၊ နာတာ၊ ရောင်တာ၊ နီရဲတာတွေခံစားလာရမယ်။

ဆင်ခြင်ရှောင်ကျဉ်တာအပြင် ချောင်းဆိုးပျောက်ဆေး ရွေးသုံးနိုင်တယ်။ ရင်ကြပ်တာသက်သာတဲ့ချောင်းဆိုးပျောက်ဆေး နဲ့ ချွဲထွက်စေတဲ့ချောင်းဆိုးပျောက်ဆေးတွေ မသင့်ပါ။ လည်ချောင်းယားတာကိုသက်သာစေမဲ့ ချောင်းဆိုးပျောက်ဆေးကိုသာ သုံးပါ။

နောက်တချက်က သူများတွေတော့ မဖြစ်ဘဲ ကိုယ့်မှာသာဖြစ်နေတဲ့အချက်က (အလာဂျီ) မတည့်တဲ့သဘောဖြစ်လို့ (အလာဂျီ) ဆေးလိုမယ်။ တချို့ချောင်းဆိုးပျောက်ဆေးတွေထဲမှာ ဒီဆေးမျိုးပါနေတယ်။ လိုအပ်ရင် (အင်တီ-ဟစ်တမင်း) ဆေး အပိုဆောင်းသောက်ရမယ်။ အများဆုံးသုံးနေတာက Cetrizinet tablet ဖြစ်ပါတ.် တနေ့ ၁ ပြားနဲ့ရမယ်။

အဲလိုဖြစ်ရာကနေ နောက်တိုးရောဂါလဲ တခါတလေဝင်တာခံရမယ်။ ပိုးဝင်တာမျိုး။ အဲဒီအချိန်မှာ ပိုးသေဆေးလိုအုံးမယ်။ အများအားဖြင့် Amoxacillin 250 mg တခါသောက် ၁ တောင့်၊ တနေ့ ၄ ကြိမ်၊ ၄-၅ ရက်။

Thu, Oct 11, 2012 at 7:13 AM
ခရုသင်း (သမင်ဖြူ) ရောဂါအတွက် ဆေးရှိပါသလား။ အကယ်လို ဆေးရှိတယ်ဆိုရင် သိချင်ပါတယ်။ ပျောက်ရော ပျောက်နိုင်ပါသလား။ ဖြစ်တာကတော့ လက်ကို သံပြားရှရာကနေ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးတော့ မဖြစ်သေးပါဘူး။ လက်ခုံ နားလေတင်ဖြစ်နေတာပါ။ အချိန်ကတော့ (၄)နှစ်လောက်တော့ ရှိပါပြီ။ ဖြစ်စကထက်စာရင် နည်းနည်းလေတော့ ပွားလာပါတယ်။ အဲ ဒီရောဂါကို အနူး ရောဂါလိုရော ခေါ်ဆိုလိုရပါသလား။

• Leukoderma သို့မဟုတ် Vitiligo ခရုသင်း http://dts-medicaleducation.blogspot.com/2009/07/vitiligo-leukoderma.html

Friday, October 5, 2012

Q and A October 2012 (2)

1. (့) နိုင်ငံမှာ ပညာသင်နေပါတယ်။ အသက်က ၂၈ နှစ်ရှိပါပြီ။
2. ကျနော် နှာခေါင်းပိတ်တာ ၈ လလောက်ရှိနေပါပြီ။
3. ကျွန်တော့် အသက် ၂၅ နှစ်ပါ။
4. လက်ညှိုးနဲ့ထောက်ကြည့်တဲ့အခါ အဖြူကွက်လေးကျန်နေပါတယ်။
5. လည်ဂုတ်ဝန်းကျင်တွင် အဖြူကွက်ငယ်များ တွေ့ရပါသည်။
6. မျက်လုံးထောင့်မှာလဲ အဖြူကွက်တကွက်စီရှိပါတယ်။
7. ကျွန်တော့်သားက ၁ နှစ်ခွဲကျော်ပါပြီ။
8. တစ်ခါထိုးပြီးတော့ အရမ်းနာလို့ မထိုးချင်တော့ဘူး ဖြစ်နေတယ်။
9. တနေ့မှာ ဆီး ဝမ်း ဘယ်နှစ်ကြိမ် သွားသင့်ပါသလဲ။
10. သမီး အစ်ကိုမှာ အလာဂျီ လိုမျိုးလား ယားနာလားမသိပါရှင်။

Tue, Oct 9, 2012 at 9:26 AM
(့) နိုင်ငံမှာ ပညာသင်နေပါတယ်။ အသက်က ၂၈ နှစ်ရှိပါပြီ။ ၂ဝဝ၇ နှစ်ကတည်းက ဝမ်းသွားရင် တစ်ခါတစ်ခါ သွေးပါတက်ခဲ့တာ အခုချိန်အထိပါပဲ။ လက်လှမ်းမှီသလောက် တိုင်းရင်းဆေးနဲ့ရော ပြင်ပဆေးခန်းတွေမှာပါ ပြသခဲ့ဖူးပါတယ်။ ဆေးသောက်ချိန်မှာ သွေးကျတာ ပျောက်ပြီး အစားအသောက်မှားတာနဲ့ ပြန်ဖြစ်နေပါတယ်။ လိပ်ခေါင်းလို့ အများကတော့ပြောပါတယ်။ လိပ်ခေါင်းကအပြင်မထွက်ပါဘူး။ အတွင်းလိပ်ခေါင်းလို့ပြောပါတယ်။ တစ်ခြားလိပ်ခေါင်းဖြစ်သူတွေလို ဝမ်းချုပ်မှ ဖြစ်တာမဟုတ်ပါဘူး။ ပုံမှန် ဝမ်းအခြေအနေကနေ ဝမ်းပျက်သလိုဖြစ်ပြီဆိုရင် သွေးကျတက်ပါတယ်။ ဝမ်းဗိုက်တစ်ဝိုက်မှာလည်း အနည်းငယ်နာကျင်နေတက်ပါတယ်။ အဲဒီလိုနဲ့ ဝမ်းသွားချင်သလိုဖြစ်ပြီး သွားရင် သွေးပါပါတယ်။ တစ်ခါတစ်ရံ စအိုတစ်ဝိုက်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်နေတက်ပါတယ်။ သွေးကျရင်တော့ အနီရောင် ရဲရဲတွေဖြစ်ပါတယ်။ အရင်တုန်းကတော့ တစ်နှစ်မှာ ၄ ကြိမ်လောက် ဖြစ်တက်ပါတယ်။ တစ်ခါဖြစ်ရင်လည်း တစ်ပတ်လောက် ဆက်တိုက် ဖြစ်နေတက်ပါတယ်။ ဒီ ၂ဝ၁၂ အတွင်းမှာ အနည်းငယ် စိပ်လာပါတယ်။ ၆ ကြိမ်လောက်ရှိပါပြီ။ ဖြစ်ပြီဆိုရင်လည်း ဝမ်းသွားရင် အစာမကြေတဲ့ပုံစံ ဝမ်းမျိုးတွေ သွားပါတယ်။ အရင်လိုသွေးပန်းပြီး မသွားတော့ပဲ နောက်ဆုံး အောက်တိုဘာလ ဝမ်းသွားတဲ့အခါ သွေးအခဲပုံစံမျိုးလေးတွေ ဖြစ်နေပါတယ်။ ဝမ်းဗိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာ ရစ်သလိုလိုနဲ့ အောင့်နေပါတယ်။ ဒီနိုင်ငံက ဆေးခန်းတွေမှာလည်း သွားပြဖူးပါတယ်။ ဆေးသောက်တုန်း သက်သာပါတယ်။ နောက်ပြီးပြန်ဖြစ်နေပါတယ်။ လိပ်ခေါင်းရောဂါလား၊ အူမကြီးကင်ဆာလားဆိုတာ ပြောပြပေးပါ။ အူမကြီးကင်ဆာဖြစ်ရင် ကုသလို့ဖြစ်နိုင်မဖြစ်နိုင် ဘယ်လောက်ဆိုးရွားနိုင်သလဲ။

ဒီအသက်မှာ ဘာကင်ဆာမှ မစိုးရိမ်ပါနဲ့။ လိမ်ခေါင်းက ဝမ်းချုပ်လို့သာမက ဖြစ်စေနိုင်ပါတယ်။ အမှန်က ဝမ်းချုပ်သူတွေက စအိုကွဲနာဆိုတာ ပိုဖြစ်ပါတယ်။
Anal and perianal disorders စအိုနေရာ ရောဂါများ
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Tue, Oct 9, 2012 at 5:11 AM
ကျနော် နှာခေါင်းပိတ်တာ ၈ လလောက်ရှိနေပါပြီ။ ကျောင်းက တဖက် အလုပ်က တဖက်ဆိုတော့ ဆရာဝန်နဲ့ သေချာ မဆွေးနွေးနိုင်ပါဘူး အလုပ်နဲ့ ကျောင်းအားရက် ဆေးခန်းပိတ်ရက်ဖြစ်နေတော့ အတော်လေးကို အခက်အခဲ ဖြစ်နေပါတယ်။ ဖြစ်ပုံက ၁၊ နှာခေါင်းအမြဲပိတ်ပြီး နှာရည်ယိုတတ်ပါတယ်။ ၂၊ ရေချိုးပြီးတိုင်း နှာချေ ပါတယ်။ သုံးစွဲတဲ့ဆေးကတော့ သောက်ဆေး မဟုတ်ပဲ nasal spray ကို သုံးပါတယ်။ ဒါပေမဲ့ မသက်သာပါဘူး။ ပါရဂူနဲ့ ပြဖို့ကြတော့လဲ အချိန်နဲ့ ငွေနဲ့ တိုင်းတာလို့ မရဖြစ်နေပါတယ်။

စာ ၃ ပုဒ်ပို့ပါတယ်။ ကိုက်ညီတာကို လိုက်နာပါ။
Sinus (ဆိုင်းနပ်စ်)
Sinusitis (ဆိုင်နူဆိုက်တစ်)
Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း

Tue, Oct 9, 2012 at 8:01 AM
ကျွန်တော့် အသက် ၂၅ နှစ်ပါ။ (့) မှာ ကျောင်းတက်နေပါတယ်။ အရင်ကတည်းက စအို အပြင်ထွက်နေတဲ့ရောဂါ ရှိပါတယ်။ ဝမ်းသွားရင်လည်း တစ်ခါတစ်လေ သွေးပါပါတယ်။ အရမ်းကြီးတော့ မဆိုးပါဘူး။ ဝမ်းသွားချိန်လောက်ပဲ အနေရခက်ပါတယ်။ ဝမ်းကလည်း ခဏခဏ ချုပ်တတ်လို့ လက်နဲ့ ဝမ်းချုတာမျိုး လုပ်မှ အဆင်ပြေတယ်။ ခု လေးငါးလလောက်အတွင်း ဝမ်းသွားရတာ တော်တော် ဆိုးလာတယ်။ ဝမ်းသွားရင်လည်း သွေးအမြဲပါတယ်။ ပြီးတော့ ဝမ်းက အကျိအချွဲတွေလည်း ကျတယ်။ စအိုအပြင်ဘေးမှာလည်း အဖုလေးတစ်ခု ဖြစ်လာတယ်။ အသားပိုလေးတစ်ခုလိုပဲ။ နာတော့မနာဘူး။ ခုလေးငါးလအတွင်း ဝမ်းကိုက်သလို အမြဲဖြစ်တယ်။ ဝမ်းကိုက်တာလည်း မဟုတ်ဘူး။ ဝမ်းကိုက်ဆေးတွေလည်း မျိုးစုံသုံးပြီးပါပြီ။ အဆင်မပြေပါဘူး။ အစားအသောက်လည်း ဆင်ခြင်ပါတယ်။ သူများနိုင်ငံမှာဆိုတော့ ဘာသာစကား အခက်အခဲနဲ့ ပညာရေးကြောင့် ဆေးရုံလည်း မသွားဖြစ်ဘူး။

စာတွေပို့လိုက်ပါတယ်။ ကိုယ်ဖြစ်နေတာနဲ့ စာထဲပါတာရှာပါ။ လိုက်နာပါ။ သက်သာကောင်းမွန်လာမှာပါ။
Anal and perianal disorders စအိုနေရာ ရောဂါများ
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Sun, Oct 7, 2012 at 7:38 AM
ကလေးငယ်ရဲ့ကြောပြင်ကို လက်ညှိုးနဲ့ထောက်ကြည့်တဲ့အခါ အဖြူကွက်လေးကျန်နေပါတယ်။ ခဏနေပြန်ပျေက်သွားပါတယ်။ အဲဒါဘာကြောင့်လဲ။

ရောဂါမဟုတ်ပါ။ အသားရောင်၊ အရေပြားနုတဲ့နေရာတိုင်းမှာ အဲလို ဖိထားပြီး ပြန်လွှတ်ရင် ဖြူနေမယ်။ ခဏနေတော့ ပြန်ရဲလာမယ်။ ဒါဟာ ဖိထားတုံးမှာ သွေးမရဘဲနေရာကနေ သွေးပြန်လျှောက်လာလို့သာဖြစ်တယ်။ လူကြီးတွေမှာလဲ အဲလိုပါဘဲ။ ငယ်တော့ အရေပြားနုတာမို့ သိသာတာပါ။ လူကြီးတွေမှာ အဲလိုပြန်ရဲလာတာ နည်းရင်၊ နှေးရင် သွေးအားနည်းလို့ ဖြစ်နိုင်တယ်။

Thu, Oct 4, 2012 at 12:12 AM
ကျမသည် (့) နိုင်ငံတွင် (့) အဖြစ် အလုပ်လုပ်နေပါသည်။ အသက်(၃၁) နှစ်ပြည့်ခါနီးပါပြီ။ အလုပ်ချိန်များစွာ လုပ်ရပါသည်။ Stress လဲများပါသည်။ အလုပ်ပြောင်းပြီး ၆လခန့်အကြာတွင် လက်ချောင်းများ ရောင်ရမ်းလာပါသည်။ အလွန်အမင်း နာကျင်ခြင်း မရှိပါ။ နဲနဲတော့ ကိုက်ခဲပါသည်။ တခါတရံ နဲနဲသက်သာသလို ရှိသော်လည်း အရှင်း မပျောက်ပါ။ ကျမ၏နောက်ကျောတွင် အဖြူရောင် အကွက်တခု၊ နားနောက်တွင် အဖြူရောင် အကွက်တခု တွေ့သဖြင့် တွေ့တွေ့ချင်း ဆရာဝန်နှင့်ပြပါသည်။ အဲဒီမတိုင်ခင်မလပိုင်းက ကျမ ဆံပင်ဖြောင့်ခြင်း နှင့် ဆံပင်ဆေးဆိုးခြင်း လုပ်ခဲ့ပါသည်။ နားနောက်တွင် အဖြူရောင် အကွက်တခု တွေ့သောအခါ ဆံပင်ဆိုးဆေးမှ chemical ကြောင့်များလားဟု ထင်မိပါသည်။ ဆရာဝန်က မစိုးရိမ်ရန်ပြောပြီး နားနောက်က အဖြူကွက်မှာဖြစ်နေတာကြာပြီဟုေ ပြာပါသည်။ Eczema ဟု ပြောပါသည်။ လိမ်းရန် Tai Guk Pharm.Ind.Co.,Ltd (Korea) မှထုတ်သော Neoderm cream ပေးပါသည်။ ကျမလည်း ထိုဆေးကိုလိမ်းခဲ့ပါသည်။ နောက်ကျောမှ အဖြူကွက်မှာ မှေးမှိန်သွားသယောင်ရှိသော်လည်း အရှင်း မပျောက်ပါ။ နားနောက်မှ အဖြူရောင်အကွက်မှာ မထူးခြားဟုထင်ရပါသည်။ လအနည်းငယ်ခြားပြီး တခါ ထပ်ပြကြည့်ပါသည်။ နောက်ဆရာဝန်တယောက်နှင့် ပြရပါသည်။ ထိုဆရာဝန်က moisturizer cream တခုလိမ်းရန်ပေးပါသည်။ မသက်သာပါ။ ထို့နောက် လည်ဂုတ်ဝန်းကျင်တွင် အဖြူကွက်ငယ်များ တွေ့ရပါသည်။ ကျမ ဆရာဝန်နှင့်ပြကြည့်ရာ vitiligo ဟု ပြောပါသည်။ ကျမ အလွန်တုန်လှုပ်မိပါသည်။ သူက ကျမအား Hoe Pharmaceuticals Sdn. Bhd. မှ ထုတ်လုပ်သော Cloderm Cream ၂ မျိုးပေးပါသည်။ Cloderm cream ကို တနေ့ နှစ်ကြိမ်လိမ်းရန် နှင့် Cloderm clobetasol Scalp Application 0.05% Antiinflammatory Antipruritic ကိုညတိုင်းလိမ်းခိုင်းပါသည်။ ထိုဆေးများကို ကြာကြာ မသုံးသင့်ကြောင်းနှင့် တလကြာလျှင်ပြန်ပြရန်ပြောပါသည်။ ကျမ vitiligo ဖြစ်မှာအလွန်ကြောက်ပါသည်။ ဆရာဝန် ၃ ဦး အယူအဆ မတူသဖြင့် confused ဖြစ်ရပါသည်။ ဆရာကြည့်ရှုနိုင်ရန် ဓာတ်ပုံရိုက်ပြီး attach လုပ်ပေးလိုက်ပါသည်။ ဆေးများကိုလည်း ဓာတ်ပုံရိုက်ပြီးပေးလိုက်ပါသည်။ Generic Name မသိပါ။ ပါဝင်သောပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ Neoderm cream (Manufactured by TAI GUK PHARM.IND.CO.,LTD, Gyeonggi-do, Korea) (Composition) Each gram contains 0.64mg betamethasone dipropionate, equivalent to 0.5mg betamethasone, 10 mg clotrimazole, and gentamicin sulfate equivalent to 1.0mg of gentamicin base.
၂။ Cloderm Clobetasol Scalp Application 0.05% Antiinflammatory Antipruritic Active Clobetasol propionate 0.0568% Ingredient: (equivalent to Clobetasol 0.05%)
၃။ Cloderm cream Contents : Clobetasol Propionate 0.0568% w/w (equivalent to Clobetasol 0.05%), Chlorocresol 0.1% w/w
ကျမတွင် Vitiligo ဖြစ်ဖူးသည့်မျိုးရိုးမရှိပါ။ ကျမသည်အိမ်ထောင်မရှိသူဖြစ်ပါသည်။ ကျမဖြစ်နေသောရောဂါသည် ပျောက်ကင်းနိုင်ပါသလား။ အတူနေသူများအားကူးစက်တတ်ပါသလား။ အနေအထိုင် အစားအသောက် မည်သို့ ထိန်းသိမ်း ဆင်ချင်ရမည်ကို ညွန်ကြားပေးပါဆရာ။

ဖြစ်နေတာ အားလုံး ဘယ်လောက်ကြာပြီလဲ။ Vitiligo မဖြစ်ဘို့များပါသည်။ ဆရာတော့ မထင်ပါ။
Eczema နှင်းကူနာဖြစ်ဘို့ များပါသည်။ တာရှည်ဖြစ်နေတာမျိုးပါ။ ပျောက်ခဲတယ်။ စိတ်တော့ မပျက်ပါနဲ့။ ဒီအနာမျိုးကလဲ အမျိုးအစားကွဲတွေရှိတယ်။

အမာရွတ်ဖြစ်စဉ်မှာ အရေပြားက အရောင်ပြောင်းတယ်။ ညိုမဲတာရော၊ နီရဲတာရော ဖြူတာပါဖြစ်တယ်။ အရောင်ပြောင်းသွားတာက ကျန်နေတာ ကြာနိုင်တယ်။ အရေပြားထူနေမယ်။ ကူးစက်မှာမဟုတ်ပါ။

ဆေးတွေကောင်းပါတယ်။ အရေပြားအထူးကုနဲ့ သတ်သတ်မှတ်မှတ်ကုသသင့်ပါတယ်။ ဆရာ့သဘောကတော့ ဆေးကို တမျိုးသပ်သပ်ချင်း သုံးသင့်တယ်။ လိုတော့ ပြောင်းရမယ်။ ဆေးတွေက သဘောချင်း ဆင်ကြတယ်။

စာတွေလဲ ပို့လိုက်ပါတယ်။ စိတ်မပျက်ပါနဲ့။ စိတ်လဲရှည်ပါ။

Sun, Oct 7, 2012 at 12:15 AM
နားရွက်နောက်နှင့် နောက်ကျောမှာဖြစ်နေတာ တနှစ်လောက်ရှိပါပြီ။ ကြီးလဲမလာသလို သေးလဲသေးမသွားပါ။ လည်ပင်းတ၀ိုက်မှ အဖြူကွက်လေးများကတော့ ၆ လလောက်ရှိပါပြီရှင့်။ ပထမစာထဲ ဆရာကိုပြောဖို့ ကျန်သွားတာရှိပါတယ်။ အဲဒါက မျက်လုံးထောင့်မှာလဲ အဖြူကွက်တကွက်စီရှိပါတယ်။ မျက်လုံးနှစ်ဘက်စလုံးမှာပါ။ အဲဒါလဲ ၆ လ လောက်တော့ ရှိပါပြီ။ ကြီးလာတာတော့ မရှိပါဘူး။ မျက်လုံးမှာ ဆိုတော့ ဆေးလဲမလိမ်းရဲဘူး။ နားရွက်နောက်နှင့် နောက်ကျောမှာ အဖြူကွက်တွေ့တော့ ဆရာဝန်က Eczema လို့ပြောတာနဲ့ Internet ထဲမှာ Eczema နဲ့ ပတ်သတ်တာတွေ ဖတ်ဖြစ်ပါတယ်။ ဆရာ့ blog ထဲကစာတွေကိုလဲ ဖတ်ဖြစ်တယ်။ အဲဒီကတည်းက ရေချိုးရင် Soap Free body wash ကိုပဲသုံးပါတယ်။ Moisturizer ကို QV cream သုံးပါတယ်။ Eczema ရှိသူတွေ အတွက်သင့်တော်တယ် ဆိုလို့ပါ။ နောက် Vaseline Healthy white perfect 10 လဲသုံးပါတယ်။ (့) ရောက်မှ အသားတော်တော်ညိုသွားလို့ပါ။ Perfume နဲ့ လက်ဝတ်လက်စား ဘာမှမသုံးပါဘူး။ Cosmetic က Shiseido White Lucent Series နဲ့ UV protector SPF50+ ကိုသုံးပါတယ်။ Make-up မသုံးပါဘူး။ ကျမစိုးရိမ်တာ တကိုယ်လုံး အရောင်ပြောင်း သွားမဲ့ Vitiligo ဖြစ်မှာကိုပါ။ ပျောက်ကင်းသက်သာမယ်ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ကုသပါ့မယ်။ ဒီမှာ ဘယ် Skin Specialist နဲ့ပြရမှန်း မသိပါဘူးဆရာ။ နောက်နှစ်ဆန်းရန်ကုန်ပြန်ရင်တော့ ရန်ကုန်မှာပြကြည့်ချင်ပါတယ်။ ဘယ်သူနဲ့ပြကြည့်ရမလဲ အကြံပေးပါဆရာ။ မျက်လုံးက အဖြူအကွက်ကိုလဲ ဓာတ်ပုံရိုက်ပြီးပို့လိုက်ပါတယ်။

ဓါတ်ပုံက အလင်းရောင်ကြောင့် သိပ်မရှင်းပါ။ နှင်းကူဖြစ်တာဟာ ကိုယ်နဲ့မသင့်တာကနေဖြစ်တာမှန်ပေမဲ့ ဒါကြောင့်ချည်းမဟုတ်သေးဘူး။ အားလုံးလိုက်ရှောင်ဘို့ မလိုလှပါ။ တကယ်မတည့်တာကိုသာ ရှောင်ပါ။ သုံးကြည့်လို့ ပိုဆိုးတယ်ဆိုတာကိုသာ ဆင်ခြင်ပါ။
ခရုသင်းဆိုတာ ခဏထားလိုက်ပါ။ ဖြစ်တယ်ဆိုလဲ မတတ်နိုင်ပါ။ နာတာရှည် အရေပြားအရောင်ပြောင်းပြီး၊ ထူထဲနေတာတွေ သက်သာအောင် အရင်အာရုံစိုက်သင့်ပါတယ်။ ရှောင်ယုံမက ဆေးလိမ်းရမယ်။ စိတ်ရှည်ပါ။ စိတ်ထိအား မများစေနဲ့။ အချိန်ယူမယ်။

Fri, Oct 5, 2012 at 9:16 AM
ကျွန်တော့်သားက ၁ နှစ်ခွဲကျော်ပါပြီ။ G6PD ရှိပါတယ်။ ကာကွယ်ဆေးလဲထိုးပါတယ်။ နေမကောင်းတခါဖြစ်ပြီးတိုင်းကလေးက ပျော့ပျော့သွားပါတယ်။ ဖင်လေးတွေရှုံ့ သွားပါတယ်။ ဘယ်လောက်ဖျားဖျား ၀မ်းသွားသွား အဆော့ကတော့မပျက်ပါဘူးဆရာ။ နောက်၁လလောက်နေရင်တော့ကလေးက ပြန်ပြည့်လာလိုက်ဖျားလိုက်နဲ့ ဝမ်းသွားလိုက်နဲ့ သံသရာလည်နေပါတယ်။ သိချင်တာက အစားအသောက်ကိစ္စပါဆရာ။
အရင်က အာဟာရမှုန့် ဖျော်တိုက်ပါတယ်။ နောက် ကိုယ်တိုင် ဆန်မှုန့်နဲ့ပဲနီလေးကိုကြိတ်ပြီးလဲ တိုက်ပါတယ်။ မိခင်နို့လဲ တိုက်ပါတယ်။ ခုတော့ သူ့အမေက မိခင်နို့တိုက်ပါတယ်။ ပုံမှန် ထမင်းနဲ့ ကြက်အသည်းနဲ့ငါးနဲ့ ကြက်သားပြုတ်ကြော်နဲ့ စသဖြင့်ပေါ့ အဲလိုမျိုးတော့ကျွေးပါတယ်။ နို့ထွတ်ပစ္စည်း ဥပမာ ချိတို့ နို့တို့ တိုက်ရင် သတိထားမိသလောက် ကလေးဝမ်းပျက်ပျက်သွားပါတယ်။ အဲဒါကြောင့်မတိုက်ရဲ လို့ပါ။ ၆ လကျော်တာနဲ့ ကလေးတွေကို ဖြည့်စွက်အစာကျွေးရင် ဘယ်လို ပုံစံနဲ့ ကျွေးသင့်ပါသလဲဆရာ။ လိုက်တော့ ရှာဖတ်ပါတယ်။ သေသေချာချာရေးထားတာ မတွေ့မိလို့ပါ။

သိပ်မစိုးရိမ်ပါနဲ့။ ကလေးတိုင်း ဝမ်းပျက်တတ်တယ်။ သူတို့လေးတွေက အသစ်မှန်သမျှကို ခံနိုင်ရည် မရှိသေးဘူး။ ဆော့တတ်တာ၊ ပါးစပ်ထဲ တွေ့သမျှထည့်ချင်တာတွေကနေ ဖြစ်တယ်။ ဝမ်းပျက်တယ်ဆိုတာ ပါးစပ်ကနေ မသင့်တာဝင်လို့သာဖြစ်တယ်။ ပါးစပ်ထဲကို အစား-အသောက်၊ ရေ နဲ့ ကစားစရာတွေ ထည့်တယ်။ အစားအသောက်လဲ သန့်ပေမဲ့ ကိုယ်မမြင်ချိန်မှာ ယင်ကောင်နားတာရှိမယ်။ သန့်လဲသန့် ယင်လဲမနားပေမဲ့ ကလေးရဲ့ကိုယ်ခံက မခံနိုင်ရင်လဲ ဝမ်းသွားမယ်။ မေးတဲ့သူရဲ့ ကလေးက နွားနို့အခြေခံအစားအစာတွေကို အထာမကျသေးသလိုပေါ့။ ဒီတော့ ဒီအချက်အားလုံးကို ဂရုစိုက်ပေးပါ။
ဝမ်းပျက်ရင် ကျသွားမှာဘဲ။ ကလေးဆိုတာ တက်လွယ်၊ ကျလွယ်တယ်။ အရေပြား (မျက်ခွံ၊ ဗိုက်၊ တင်ပါး) စတဲ့နေရာတွေ ရှုံ့တွလာတာက ရေဓါတ်၊ ဆားဓါတ်နည်းလို့။ ဓါတ်ဆားရည်တိုက်ပါ။ သူမကြိုက်ရင် သောက်အောင် ကျင့်ထားပေးပါ။ ပုံမှန် ဗီတာမင် ဘီ အုပ်စုအားဆေးရည်တိုက်ပါ။
တနှစ်ခွဲမှာ နို့ဖြတ်သင့်ပြီ။ ဖြည့်စွက်စာလို့ မခေါ်တော့ဘူး။ လူကြီးတွေလို ကြွေးရတော့မယ်။ အစုံဘဲဆိုပါတော့။ အသား၊ ပဲ-အသီးအရွက်၊ အသီးအနှံ။ ဝမ်းပျက်တာအတွက် ဝမ်းပိတ်ဆေး အမြဲမလိုပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက များတယ်။ ဗက်တီးရီးယားကြောင့်ဆိုမှသာ ပိုးသေဆေးလိုတယ်။ Lomotil, Loparamide ဆေးမျိုးကို ကိုယ်အလေးချိန်အရ တိုက်နိုင်တယ်။ ၁-၂ ရက်မှ မရပ်သေးရင် Seprin powder/suspension ဆေးရည်တိုက်နိုင်တယ်။ ဒါပေမဲ့ Tetracycline. Chloramphenicol. Metronidazole တွေကို ဆရာဝန်မပေးဘဲ မတိုက်ပါနဲ့။

Fri, Oct 5, 2012 at 11:22 AM
သမီး သူငယ်ချင်းဆီကနေ လှမ်းမေးလိုက်တာပါ။ သမီး ASO စစ်တာ 400 ရှိလိုY ဆရာဝန်က ပင်နယ်ဆလင် ထိုးခိုင်းပါတယ်။ တစ်ခါထိုးပြီးတော့ အရမ်းနာလို့ မထိုးချင်တော့ဘူး ဖြစ်နေတယ်။ ဘယ်လိုလုပ်ရမလဲဆရာ။

တလခံ ပနယ်စလင်ထိုးဆေးက နာတယ်။ တချို့ကလဲ နာတာကို သူများလောက်မခံနိုင်ဘူး။ ပြောပြပါ၊ အားပေးပါ၊ ၁-၂ ရက်နာတာနဲ့ နောင်တချိန်မှာ နှလုံးရောဂါရမှာကို လဲသင့်တယ်လို့။
ဆရာဝန်နဲ့လဲဆွေးနွေးပေါ့။ စားဆေးလဲပြောင်းနိုင်တယ်။ ဒါပေမဲ့ ထိုးဆေး ၃-၆ လထိုးပြီးနောက်မှ စားဆေး ပေးလေ့ရှိတယ်။

Fri, Oct 5, 2012 at 6:11 PM
၂ ပတ်ရှိတဲ့ ကလေးငယ်ဟာ တနေ့မှာ ဆီး ဝမ်း ဘယ်နှစ်ကြိမ် သွားသင့်ပါသလဲ။ ကျွန်တော့်ကလေးကဆီးပဲ ပုံမှန်သွားပြီး ဝမ်းမသွားတာ တစ်ရက်ရှိပါပြီ။ မိခင်ကနို့သိပ်မထွက်လို့ ဂုံခါးနှင့်ဖေါ်စပ်ထားတဲ့ဗမာဆေးကို သောက်လို့လား မသိဘူး။

ကလေးငယ်တိုင်း ဆီး-ဝမ်းမကြာခဏသွားနေသင့်တယ်။
ဝမ်းချုပ်တာက ရေနည်းတာကြောင့်လဲဖြစ်နိုင်တယ်။ ရေပိုတိုက်ပေးပါ။ တရက် လုံးလုံးမသွာရင် သိပ်မကောင်းပါ။ ဒိထက်ကြာရင် ဗိုက်ကယ်ပြီး အန်လာနိုင်တယ်။ ဒီအရွယ်လေးမှာ ဝမ်ခြူတာဘဲကောင်းတယ်။ ဝမ်းနုတ်ဆေး မတိုက်သင့်သေးပါ။
ကလေးဝမ်းခြူတောင့် Ducolax (အနေတော်) ကို စအိုထဲ ထည့်ပေးနိုင်တယ်။ ဆရာမအသိရှိရင် စအိုထကို ပိုက်ငယ်လေး အနေတော်သွင်းပေးပြီး ဝမ်းခြူနိုင်တယ်။ ဆီးတမျိုးမျိုးသုံးတယ်။ ဥပမာ Liquid paraffin ဆီ။ ကလေးလေဆေး Gripe water လဲတိုက်နိုင်တယ်။
မြန်မာဆေးတွေ သိပ်မသိပါ။

Thu, Oct 4, 2012 at 3:36 PM
သမီး အစ်ကိုမှာ အလာဂျီ လိုမျိုးလား ယားနာလားမသိပါရှင်။ ဖြစ်တာက တစ်လနီးပါးရှိပါပြီ။ ဖြစ်တဲ့ပုံစံက သူကအမြဲ အဲယားကွန်းထဲမှာနေတာ။ အပြင်ထွက်လို့ ချွေးထွက်ရင် ပေါင်အလည်နဲ့ ဒူးခေါင်းတွေကယားလာတယ်။ ဖြစ်တာက ညအိပ်ခါနီး နဲ့ နေ့လည်မှာဖြစ်တယ်။ တနေ့ကို နှစ်ကြိမ်လောက်ဖြစ်ပါတယ်။ ဆရာဝန်ကို သွားပြတော့ သောက်ဆေးနဲ့ လိမ်းဆေးတော့ပေးတယ်။ ဆေးနာမည်တော့ မသိပါရှင်။ ယားတဲ့ အချိန်ကြရင် အဖုလေးတွေထလာတယ်။ ဆေးလိမ်းရင် ယားတာရော အဖုလေးတွေပါ ပျောက်သွားပါတယ်ရှင်။ လူနာရဲ့ အသက်က (၃၃) နှစ်ပါရှင်။ အိမ်ထောင်ရှိပါတယ်ရှင်။ ယောက်ကျားလေးပါရှင်။ ဖြစ်နေတဲ့ လက္ခဏာတွေကတော့ စဖြစ်တုန်းကတော့ ပေါင်လည်နဲ့ ဒူးခေါင်းတွေမှာပဲ ယားတာပါရှင်။ အဲဒါနဲ့ အပြင်ဆရာဝန်ကိုသွားပြဖြစ်ပါတယ်။ ဆရာက လိမ်းဆေးနဲ့ သောက်ဆေး (10) ရက်စာပေးလိုက်ပါတယ်။ သောက်ဆေးနာမည်က Aezole 200mg) နဲ့ လိမ်းဆေး Dermolin -GM Crem (10 g)ပေးလိုက်ပါတယ်။ဒါပေမဲ့ မသက်သာပါဘူးရှင်။နောက်တစ်ခါ သွားပြတာလဲ ဒီဆေးတွေပဲ ပေးလိုက်ပါတယ်ရှင်။ ဘယ်ဆေး ဆရာဝန်နဲ့ ပြရမလဲဆိုတာ ဖြေကြားပေးပါ။

Dermolin = Fluocinolone Acetonide ကော်တီဇုန်းဆေးဖြစ်တယ်။ အရေပြားနာတွေမှာ ရောင်တာ၊ ယားတာတွေသက်သာစေမယ်။ Aezole 200mg ဆေးကို မသိပါ။
(အလာဂျီ) ရတာလား၊ ယားနာလား၊ ပွေးလား၊ အရေပြားနာလား ပြောမရလို့ ဆေးနည်းပေးမဖြစ်သေးပါ။ လိုမယ်ထင်ရင် အလင်းရောင်ကောင်းကောင်းမှာ ဓါတ်ပုံရိုက်ပို့ပါ။

Tue, Oct 9, 2012 at 8:17 AM
အခု ဆရာဝန် ပြတော့ ဆေးထပ်ပေးပါတယ်ရှင်။ ဆေးနာမည်ကတော့ (RINTID) (Ranitidine Hydrochloride)USP 150mg (၇) ရက်စာ နဲ့ Alben သံချဆေး (၃) ရက်ပေးလိုက်ပါတယ်။ ဓာတ်ပုံလဲ တင်ပေးလိုက်ပါတယ်။

Ranitidine Hydrochloride ဆေးက အစာအိမ်လေနာအတွက်သုံးတယ်။ သန်ကောင်နဲ့ အလာဂျီလဲ တွဲတတ်ပါတယ်။ စာတပုဒ်ပို့လိုက်တယ်။
Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင်

Tuesday, October 2, 2012

Q and A October 2012 (1)

1. ကျွန်တော်က ရေကြောင်း ကျောင်းသားတစ်ယောက်ပါ။
2. I got the problem with hair loss for one year.
3. ကျွန်တော့ရည်စား တစ်ခါတလေ
4. ကျွန်မ အသက်က ၄ဝ ပါ။ ရပ်ဝေး တစ်နေရာမှာ
5. ၁၆ ရက်သား ကလေးမလေးတယောက် G6PD Deficient ဖြစ်ပြီး
6. အနီစက်ကလေးတွေ ထပ်ပေါ်လာပြီး
7. ကျွန်တော်ဧ။်အမေအတွက် အလွန်စိတ်ပူနေပါတယ်။
8. ၁၉၉၇ ခုနှစ်က ညာဘက် နားရွက်အောက်ဘက်နားမှာ
9. My name is (့), age 28 years.
10. သမီးလည်ပင်းမှာ အဖုသေးသေးလေး ပေါက်နေတာ ကြာနေပြီ။

Tue, Oct 2, 2012 at 10:21 PM
ကျွန်တော်က ရေကြောင်း ကျောင်းသားတစ်ယောက်ပါ။ မကြာခင်မှာ (့) ကို Sea Training သွားရမယ်ခင်ဗျ။ သင်္ဘောလည်း တစ်ခါမှမစီးဖူးပါဘူး။ လှိုင်းမူးခဲ့သည်ရှိသော် ဘယ်လိုသောက်ဆေးတွေ သောက်သင့်သလဲခင်ဗျ။ ပြီးတော့ လှိုင်းမူးသက်သာအောင် လုပ်လို့ရတဲ့နည်းလမ်းရှိရင်လည်း ပြောပြပေးပါခင်ဗျ။

• Anti Emetics အအန်ပျောက်ဆေးများ http://dts-medicaleducation.blogspot.com/2009/07/anti-emetics.html

Tue, Oct 2, 2012 at 9:43 PM
I got the problem with hair loss for one year. Give me advice how to control for the hair dropping. After showering, I wipe out the water from my head at that time I had seen my towel got a lot of hair dropping. I never use the shampoo for 6 months. I ever used the soap, named LUX. I ever apply the coconuts oil.

• Hair Loss ဆံပင်ကြွတ်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hair-loss.html
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://dts-medicaleducation.blogspot.in/2012/03/hair-loss-in-women-treatments.html
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducation.blogspot.in/2012/03/hair-health.html

Thu, Sep 27, 2012 at 8:43 PM
ကျွန်တော့ရည်စား တစ်ခါတလေ သွေးအားနည်းပြီး မူးလဲတတ်ပါတယ်။ အလုပ်ပင်ပန်းတဲ့အခါမျိုးနဲ့ စိတ်ညစ်တဲ့ အခါမျိုးတွေမှာပါ။ အဲဒါ ဘယ်လိုဆေးမျိုးနဲ့ ဘယ်လို အစားအသောက်မျိုးတွေစားရင် သက်သာမလဲဆိုတာ သိချင်ပါတယ်။

• Anemia (အနီးမီးယား) ခေါ် ဒုက္ခသည်ရောဂါတမျိုး http://dts-medicaleducation.blogspot.com/2009/07/anemia.html

Fri, Sep 28, 2012 at 7:16 PM
ကျွန်မ အသက်က ၄ဝ ပါ။ ရပ်ဝေး တစ်နေရာမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့သည့် နှစ်ပတ်လောက်ကစပြီး ဝမ်းဗိုက်ဘေး ဘယ်ဘက်ခြမ်းနေရာမှာ တင်းတင်းကြီး ဖြစ်နေပါတယ်။ လမ်းလျှောက်၍လဲ မကောင်းပါ။ ဆီးလဲ နည်းပါတယ်။ နေ၍ထိုင်၍ မကောင်းပါ။ အရမ်းအောင့်တာမျီုးတော့ မဟုတ်ပါ။ ပင်ကိုအားဖြင့် ရေသောက် နည်းပါတယ်။ ရန်ကုန်မှ ပို့ကုန်များသာ အဓိက စားသောက်ရခြင်းတော့ ရှိပါတယ်။ လေကြောင့် ဖြစ်တာလား သို့ ဆီးကျောက်တည်ခြင်းမျိုး ဖြစ်နိုင်ပါသလား သိချင်ပါတယ်ရှင့်။ လွန်ခဲ့သော ၈ နှစ်ခန့်က ဆီကျောက် တည်ဖူးပြီး မခွဲမစိတ်ဘဲ ပြန်ကောင်းဖူးတာတော့ ရှိခဲ့ပါတယ်။ နိုင်ငံရပ်ခြားဖြစ်၍ ဆေးရုံပြရန် အခက်အခဲတော့ ရှိပါတယ်။

ဝမ်းဗိုက် ဘယ်ဘက်ဆိုရင် လေ နဲ့ ဝမ်းဖြစ်နိုင်တာ များတယ်။ ကျောက်ကပ်ဆိုရင် နောက်ဘက်ကဖြစ်မယ်။ ဝမ်းမှန်ပါစေ။ အဖြူဆင်းတာမျိုး ရှိရင်ပြန်ပြောပါ။ ရာသီဆင်းတာ ပြောစရာရှိရင်တော့ ပြောပါ။

Facebook 29-9-2012 at 2:25 PM
ဆရာရှင့် ၁၆ ရက်သား ကလေးမလေးတယောက် G6PD Deficient ဖြစ်ပြီး Serum Bilirubin က တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ ကလေးလေးက ဘယ်လိုအကြောင်းကြောင့် ဒီရောဂါရတတ်ပါသလဲရှင့်။ ကြိုတင်ကာကွယ်ရမဲ့နည်းလမ်း ရှိပါသလားရှင့်။ Hemolytic Anemia ရနိုင်ပါသလားရှင့်။ ကြီးတဲ့အထိ ဒီရော၈ါရသွားမလားဆိုတာသိချင်ပါတယ်ရှင့်။

• G6PD မွေးရာပါရောဂါ http://dts-medicaleducation.blogspot.com/2010/09/g6pd.html

ကျေးဇူး အရမ်းတင်ပါတယ်ဆရာ။ ဒါဆိုခုဟာကမွေးရာပါသဘောပေါ့နော်။ လုံးဝကြီးကောင်းဖို့ မျှော်လင့်ချက်မရှိဘူးဆိုတော့ အရမ်းစိုးရိမ်မိတယ်။ ပိုဆိုးလာမှာလည်း စိုးရိမ်မိတယ်ဆရာ။ မိခင်အနေနဲ့ ခုချိန်မှာ ဘယ်လိုအစားအသောက်တွေ စားသင့်သလဲ။ ကလေးအစားစားတတ်ချိန်ဆို ဘယ်လိုအစားအစာတွေ ကျွေးသင့်သလဲ။ ဘယ်လိုအစာတွေ ရှောင်သင့်သလဲဆိုတာလည်း သိချင်ပါတယ်ဆရာ။ ပဲနာမည်တွေက အင်္ဂလိပ်လိုတွေဆိုတော့ အခက်တွေ့နေပါတယ်ဆရာရှင့်။

စာထဲမှာ ပါပါတယ်။ ဒီလိုကလေးတွေ မနည်းဘူး။ ဆရာ့ဆီ မေးကြတာကိုက မနည်းဘူး။ ဆရာလဲ ပဲနာမည်တွေ မြန်မာလို သိပ်မသိပါ။ ကလေးအထူးကုဆရာဝန်ကို တိုင်ပင်ပါ။

Sun, Sep 30, 2012 at 3:43 PM
ကျွန်တော့် အမျိုးသမီးက လွန်ခဲ့တဲ့ ၂ ပတ် ကျော် လောက်က ညာဘက်ရင်သားအောက်ဘက်နားမှာ အနီစက်ကလေးတွေနဲ့ ယားနာလို့ အဖုလေးတွေ ပေါ်လာပါတယ်။ ကုတ်တော့ တဖြည်းဖြည်း အကွက်နီလေး ဖြစ်သွားပါတယ်။ နောက်ရက်တွေမှာ ညာဘက်ခြမ်းမှာဘဲ ပခုံးနဲ့ ကျောအောက်ဘက်မှာဘဲ အနီစက်ကလေးတွေ ထပ်ပေါ်လာပြီး တအားယားလွန်းတော့ ဆရာဝန်နဲ့ပြဖြစ်ပါတယ်။ Hydrocortisone cream USP 1 % Anti-itch cream ကိုပေးပါတယ်။ လိမ်းတာ မသက်သာသလို အနီစက်လေးတွေက ပိုများလာလို့ နောက်တရက် လိမ်းဆေးနဲ့ BENADRYL 50 mg (every 6 hrs) သောက်ဆေးနဲ့ တွဲပေးပါတယ်။ ပေးတဲ့ဆေးတွေကို ဆက်သောက်ပြီး မသက်သာလို့နောက် ၂ ရက်နေ ထပ်ပြတော့ Hydrocortisone cream USP 2.5 % Anti-itch cream ကိုပြောင်းပေးပြီး BENADRYL 50 mg သောက်ဆေးအပြင် Loratidine (Claritin) 10 mg ကို တနေ့တလုံး သောက်ခိုင်းပါတယ်။ ပြီးတော့ Methylprednisolone 4 mg ကို ၆ ရက်စာကဒ်မှာ ပါတဲ့အတိုင်း သောက်ခိုင်းပါတယ်။ ဆေးတွေသာကုန်သွားပါတယ် ယားမြဲ ယားလျှက်ပါဘဲ။ မသက်သာလို့ နောက်တခေါက်ထပ်ပြတော့ နောက်ဆရာဝန်မတယောက်က scabies ဆိုပြီး Permethrin Cream 5 % နဲ့ Amoxicillin 500 mg ကို ၈ နာရီခြားသောက်ခိုင်းထားပါတယ်။ အခု နောက်ဆုံး ဖြစ်နေတာက လက်ကောက်ဝတ် နှစ်ဘက်လုံးနားမှာ ဗြုတ်ထနေသလို ဖြစ်နေပြီး ရေကြည်ဖုလေးတွေ ဖြစ်နေပါတယ်။ ဓါတ်ပုံပါ ပူးတွဲထည့်ပေးလိုက်ပါတယ်။ သူမရဲ့ အသက်က ၃၁ နှစ် ကျန်းမာရေးက ပုံမှန်ပါဘဲ။ အမျိုးသမီးရာသီစက်ဝန်း ပုံမှန်လာတဲ့သူ မဟုတ်ပါ။ နောက်ကျပါတယ်။ မြန်မာပြည်က မိဘတွေကို ဖုန်းဆက်ပြီးပြောတော့ ရေကျောက်လို့ထင်ရလို့ ရေမချိုးခိုင်းထားပါဘူး။ အရင်က ရေချိုးပြီးရင် ပိုယားပါတယ်။ လက်ကောက်ဝတ်နှစ်ဘက်က အမြဲပူနေပါတယ်။ ဆရာဝန်ကိုလည်း chicken pox လားလို့မေးတော့ မဟုတ်ဘူးလို့ပြောပါတယ်။ သူငယ်ငယ်တုန်းက တခါမှ ရေကျောက်မပေါက်ဖူးပါ။

ဆေးတွေလဲစုံပါတယ်။ ပုံတွေအားလုံးကြည့်မှ မှန်းရတာပိုအဆင်ပြေတယ်။ ၁ ခု ၂ ခုနဲ့မလုံလောက်ဘူး။ အခြေခံက (အလာဂျီ) ကနေစခဲ့ပြီး ပိုးဝင်လာတယ်။ ပိုးကလဲ ဗိုင်းရပ်စ် နဲ့ လက်ကဟာဆိုရင် ဗက်တီးရီးယားဖြစ်မယ်။

(ကော်တီဇုန်း) စားဆေးတော့ အညွှန်းချင်ပါ။ ရက်ကြာတာမို့ လိမ်းဆေးတော့လိုနိုင်တယ်။ ဗိုင်းရပ်စ်ဆိုရင်လဲ ကော်တီဇုန်းလိမ်းဆေးသိပ်မသုံးသင့်ဘူး။

အခုအနေအတွက် ပြောရရင်
- Cetrizine တခါသောက် ၁ လုံး၊ တနေ့ ၁ ကြိမ်သောက်ပါ။ Banadryl ကလဲ အဲလိုဆေးဘဲ။ အိပ်ချင်တယ်။
- Calamine lotion နဲ့ မြန်မာ သနပ်ခါး လိမ်းပါ။
- ရေချိုးလို့ရပါတယ်။
- အနာလို အဝပေါက်လာပြီး စိုလာရင်တော့ အဲဒီနေရာမှာ အနာလိမ်းဆေး တခုခု လိမ်းပါ။ ရှေးဦးသူနာပြုအိတ်ထဲမှာပါတာမျိုးရပါတယ်။
- ပိုးသေဆေး တခုခုလိုမယ်။ Amoxacillin တော့သောက်ထားတယ်။ ဘယ်နှစ်ရက်လဲ မသိပါ။ ၄-၅ ရက် သောက်ရမယ်။ အဲဒါနဲ့ မရရင် Doxycycline 100mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅-၆ ရက် သောက်ပါ။

Mon, Oct 1, 2012 at 9:21 PM
ကျွန်တော်ဧ။်အမေအတွက် အလွန်စိတ်ပူနေပါတယ်။ အမေကငယ်ငယ်လေးကတည်းက နှလုံးကအခန်းတစ်ကန့် ပျက်နေလို့ ပြောဖူးပါတယ်။ အဲဒါဆေးကုထားခဲ့ပါတယ်။ နှလုံးအခန်းတစ်ကန့် မကောင်းပေမယ့် အသက် ၅၄ နှစ်အထိ ကျန်းကျန်းမာမာပါပဲ။ နှလုံးအဆို့ရှင် ကျဉ်းတယ်လည်းပြောပါတယ်။ အသက် ၅၄ မှာနေမကောင်းဖြစ်ပြီး မောလို့ ဆေးရုံသွားပြတော့ ခွဲမှရမယ်လို့ ပြောပါတယ်။ အမေကခွဲရမှာအရမ်းကြောက်ပါတယ်။ အဲဒါနဲ့ မခွဲပဲကောင်းဆုံးဆေးကို ညွှန်ပေးပါဆိုပြီး ဆရာဝန်ဆီက ဆေးတောင်းပြီးသောက်နေတာ ပြန်ကောင်းလာပါတယ်။ အခုအသက် ၅၇ နှစ်ကျတော့ အရင်လိုမောပြီး နေမကောင်းပြန်ဖြစ်လို့ ဓါတ်မှန်သွားရိုက်တော့ နှလုံးအခန်းက အရင်တစ်ကန့်ကနေ အခုသုံးကန့်အထိ ပျက်သွားပြီလို့ပြောပါတယ်။ တစ်ကန့်ပဲ ကောင်းတော့တယ်တဲ့။ အဲဒီတစ်ကန့် ကောင်းသေးလို့ နှလုံးခုန်နေသေးတာတဲ့။ အမေလဲ တော်တော်စိတ်ဓါတ်ကျသွားပါတယ်။ အခုနေခွဲရင်လဲ ပြန်ကောင်းဖို့ မလွယ်တော့ဘူးတဲ့။ အခုအမေရဲ့ အခြေအနေက အမြဲမောမောနေပါတယ်။ ဖြစ်တာ တစ်လလောက်ရှိပါပြီ။ အဲဒါခွဲရင်လည်း အာမခံချက်မရှိဘူးဆိုလို့ မခွဲရဲပဲ ဆရာဝန်ဆီက ကောင်းတဲ့ဆေးပဲ သောက်နေတာ သိပ်မသက်သာပါဘူး။ အမေရဲ့ နှလုံးတစ်ကန့်နဲ့ဆို အသက်ရှင်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ။ အချိန်ဘယ်လောက်ထိလဲ။ ဆရာဝန်ကတော့ လူနာအပေါ်မူတည်တယ်။ စိတ်ချမ်းသာအောင်ထားလို့ဖြေပါတယ်။ တကယ်လို့ အမေ့ကို စိတ်ချမ်းသာအောင်ထားမယ်ဆိုရင် အဲဒီနှလုံးတစ်ကန့်နဲ့က ခန့်မှန်းခြေ နှစ်ဘယ်လောက် နေနိုင်မယ်လို့ ထင်လဲဆရာ။ ပြီးတော့ နှလုံးအစားထိုးတာနဲ့ နှလုံးအတုတတ်တာကို ကြားဖူးတယ်။ အဲဒီလိုလုပ်မယ်ဆိုရင်ရော ပြန်ကောင်းနိုင်လားဆရာ။ လုပ်မယ်ဆို ငွေဘယ်လောက်လောက်ကုန်နိုင်တာလဲ ပြောပြပေးပါလား။ အမေအတွက် ဘာမျှော်လင့်ချက်ရှိလဲသိချင်လို့ မေးကြည့်တာပါ။ ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ်လေးနားလည်အောင် ရှင်းပြပေးလို့ရမလားဆရာ။ ကျွန်တော်က အမေအနားမှာ မရှိပါဘူး။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ကြည့်နေကတာပါ။

ရောဂါနာမည် စာလုံးပေါင်းမသေခြာရင် ပြောရခက်ပါတယ်။ နှလုံးမှာ အကန့်လဲရှိတယ်။ အဆို့ရှင်လဲရှိတယ်။ အခန်းလဲရှိတယ်။ အခန်းပျက်စီးတာတော့ မဖြစ်နိုင်ဘူး။ အဆို့ရှင်ကလဲ ၄ နေရာမှာရှိတယ်။ ကျယ်တာ၊ ကျဉ်းတာလဲ ရှိတယ်။ အကန့်က အထက်နဲ့ အောင် နှစ်ခုရှိတယ်။ ဆေးစာနဲ့သိရမှာ မှန်းပြောနိုင်ပါတယ်။ နှလုံးအထူးကုဆရာဝန်ကနေ အသေအခြာပြောနိုင်မှာပါ။

၅၇ နှစ်က မကြီးသေးပါ။ နှလုံးရဲ့သဘောက စိတ်လှုတ်ရှားတာ၊ လူလှုတ်ရှားတာကနေ သက်ရောက်ပါတယ်။ မှန်မှန်လေးလုပ်နေရင် လူကလဲ ခံနိုင်ပါတယ်။ ဆေးတွေနဲ့လဲ ထိန်းလို့ရနိုင်တာတွေရှိပါတယ်။ မသေခြာတဲ့အတွက် တိတိကျကျမပြောနိုင်တာ ဆောရီးဗျာ။

Mon, Oct 1, 2012 at 6:55 PM
၁၉၉၇ ခုနှစ်က ညာဘက် နားရွက်အောက်ဘက်နားမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အလေးအပင်တွေ မလွန်းတော့ မျက်စိထဲ ကြယ်လတွေမြင်ရပြီး မူးသလို့ခံစားခဲ့ရပါတယ်။ ဆရာဝန်တွေပြသတော့ အာားနည်းတယ်ထင်ပြီး အိပ်ဆေး၊ အားဆေးတွေ ပေးပေမဲ့ မပျောက်ပါ။ ပါမောက္ခ (့) နှင့်ပြကြည့်မှ ဒဏ်ရာကြောင့် အကြောညှပ်တာလို့ ပြောပါတယ်။ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်တာ ပျောက်သွားပေမဲ့ ၂၀၀၄ ခုနှစ်ရောက်တော့ အလေးအပင်မလို့ ပြန်ဖြစ်ပါတယ်။ ဘယ်လိုမှ မပျောက်တော့ဘဲ ညာဘက်နားထဲ ပစဉ်းအော်သံကြားနေရတာနေ့တိုင်းပါပဲ။ ဘယ်လိုကုသရင်၊ ဘယ်လိုပြုလုပ်ရင် သက်သာမလဲသိချင်ပါသည်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Mon, Oct 1, 2012 at 8:58 AM
My name is (့), age 28 years. My blood test result show that Bilirubin level is 340umol/L. Is it serious case or what can happen? What should I need to do to prevent?

Please check the result. Usually the value of the patient and normal level are written within bracket in the report. The results are usually shown as follow.
• Bilirubin, Direct Serum 0.1-0.3 mg/dL 1.7-5.1 mmol/L
• Bilirubin, Indirect Serum 0.2-0.7 mg/dL 3.4-12 mmol/L
• Bilirubin, total Serum 0.3-1.0 mg/dL 5.1-17 mmol/L

If the level is high it means jaundice. The doctor will examine and do other tests. I can't tell you how serious now. Mon, Oct 1, 2012 at 9:21 PM
ကျွန်တော်ဧ။်အမေအတွက် အလွန်စိတ်ပူနေပါတယ်။ အမေကငယ်ငယ်လေးကတည်းက နှလုံးကအခန်းတစ်ကန့် ပျက်နေလို့ ပြောဖူးပါတယ်။ အဲဒါဆေးကုထားခဲ့ပါတယ်။ နှလုံးအခန်းတစ်ကန့် မကောင်းပေမယ့် အသက် ၅၄ နှစ်အထိ ကျန်းကျန်းမာမာပါပဲ။ နှလုံးအဆို့ရှင် ကျဉ်းတယ်လည်းပြောပါတယ်။ အသက် ၅၄ မှာနေမကောင်းဖြစ်ပြီး မောလို့ ဆေးရုံသွားပြတော့ ခွဲမှရမယ်လို့ ပြောပါတယ်။ အမေကခွဲရမှာအရမ်းကြောက်ပါတယ်။ အဲဒါနဲ့ မခွဲပဲကောင်းဆုံးဆေးကို ညွှန်ပေးပါဆိုပြီး ဆရာဝန်ဆီက ဆေးတောင်းပြီးသောက်နေတာ ပြန်ကောင်းလာပါတယ်။ အခုအသက် ၅၇ နှစ်ကျတော့ အရင်လိုမောပြီး နေမကောင်းပြန်ဖြစ်လို့ ဓါတ်မှန်သွားရိုက်တော့ နှလုံးအခန်းက အရင်တစ်ကန့်ကနေ အခုသုံးကန့်အထိ ပျက်သွားပြီလို့ပြောပါတယ်။ တစ်ကန့်ပဲ ကောင်းတော့တယ်တဲ့။ အဲဒီတစ်ကန့် ကောင်းသေးလို့ နှလုံးခုန်နေသေးတာတဲ့။ အမေလဲ တော်တော်စိတ်ဓါတ်ကျသွားပါတယ်။ အခုနေခွဲရင်လဲ ပြန်ကောင်းဖို့ မလွယ်တော့ဘူးတဲ့။ အခုအမေရဲ့ အခြေအနေက အမြဲမောမောနေပါတယ်။ ဖြစ်တာ တစ်လလောက်ရှိပါပြီ။ အဲဒါခွဲရင်လည်း အာမခံချက်မရှိဘူးဆိုလို့ မခွဲရဲပဲ ဆရာဝန်ဆီက ကောင်းတဲ့ဆေးပဲ သောက်နေတာ သိပ်မသက်သာပါဘူး။ အမေရဲ့ နှလုံးတစ်ကန့်နဲ့ဆို အသက်ရှင်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ။ အချိန်ဘယ်လောက်ထိလဲ။ ဆရာဝန်ကတော့ လူနာအပေါ်မူတည်တယ်။ စိတ်ချမ်းသာအောင်ထားလို့ဖြေပါတယ်။ တကယ်လို့ အမေ့ကို စိတ်ချမ်းသာအောင်ထားမယ်ဆိုရင် အဲဒီနှလုံးတစ်ကန့်နဲ့က ခန့်မှန်းခြေ နှစ်ဘယ်လောက် နေနိုင်မယ်လို့ ထင်လဲဆရာ။ ပြီးတော့ နှလုံးအစားထိုးတာနဲ့ နှလုံးအတုတတ်တာကို ကြားဖူးတယ်။ အဲဒီလိုလုပ်မယ်ဆိုရင်ရော ပြန်ကောင်းနိုင်လားဆရာ။ လုပ်မယ်ဆို ငွေဘယ်လောက်လောက်ကုန်နိုင်တာလဲ ပြောပြပေးပါလား။ အမေအတွက် ဘာမျှော်လင့်ချက်ရှိလဲသိချင်လို့ မေးကြည့်တာပါ။ ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ်လေးနားလည်အောင် ရှင်းပြပေးလို့ရမလားဆရာ။ ကျွန်တော်က အမေအနားမှာ မရှိပါဘူး။ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ကြည့်နေကတာပါ။

ရောဂါနာမည် စာလုံးပေါင်းမသေခြာရင် ပြောရခက်ပါတယ်။ နှလုံးမှာ အကန့်လဲရှိတယ်။ အဆို့ရှင်လဲရှိတယ်။ အခန်းလဲရှိတယ်။ အခန်းပျက်စီးတာတော့ မဖြစ်နိုင်ဘူး။ အဆို့ရှင်ကလဲ ၄ နေရာမှာရှိတယ်။ ကျယ်တာ၊ ကျဉ်းတာလဲ ရှိတယ်။ အကန့်က အထက်နဲ့ အောင် နှစ်ခုရှိတယ်။ ဆေးစာနဲ့သိရမှာ မှန်းပြောနိုင်ပါတယ်။ နှလုံးအထူးကုဆရာဝန်ကနေ အသေအခြာပြောနိုင်မှာပါ။

၅၇ နှစ်က မကြီးသေးပါ။ နှလုံးရဲ့သဘောက စိတ်လှုတ်ရှားတာ၊ လူလှုတ်ရှားတာကနေ သက်ရောက်ပါတယ်။ မှန်မှန်လေးလုပ်နေရင် လူကလဲ ခံနိုင်ပါတယ်။ ဆေးတွေနဲ့လဲ ထိန်းလို့ရနိုင်တာတွေရှိပါတယ်။ မသေခြာတဲ့အတွက် တိတိကျကျမပြောနိုင်တာ ဆောရီးဗျာ။

Mon, Oct 1, 2012 at 6:55 PM
၁၉၉၇ ခုနှစ်က ညာဘက် နားရွက်အောက်ဘက်နားမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အလေးအပင်တွေ မလွန်းတော့ မျက်စိထဲ ကြယ်လတွေမြင်ရပြီး မူးသလို့ခံစားခဲ့ရပါတယ်။ ဆရာဝန်တွေပြသတော့ အာားနည်းတယ်ထင်ပြီး အိပ်ဆေး၊ အားဆေးတွေ ပေးပေမဲ့ မပျောက်ပါ။ ပါမောက္ခ (့) နှင့်ပြကြည့်မှ ဒဏ်ရာကြောင့် အကြောညှပ်တာလို့ ပြောပါတယ်။ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်တာ ပျောက်သွားပေမဲ့ ၂၀၀၄ ခုနှစ်ရောက်တော့ အလေးအပင်မလို့ ပြန်ဖြစ်ပါတယ်။ ဘယ်လိုမှ မပျောက်တော့ဘဲ ညာဘက်နားထဲ ပစဉ်းအော်သံကြားနေရတာနေ့တိုင်းပါပဲ။ ဘယ်လိုကုသရင်၊ ဘယ်လိုပြုလုပ်ရင် သက်သာမလဲသိချင်ပါသည်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Mon, Oct 1, 2012 at 8:58 AM
My name is (့), age 28 years. My blood test result show that Bilirubin level is 340umol/L. Is it serious case or what can happen? What should I need to do to prevent?

Please check the result. Usually the value of the patient and normal level are written within bracket in the report. The results are usually shown as follow.
• Bilirubin, Direct Serum 0.1-0.3 mg/dL 1.7-5.1 mmol/L
• Bilirubin, Indirect Serum 0.2-0.7 mg/dL 3.4-12 mmol/L
• Bilirubin, total Serum 0.3-1.0 mg/dL 5.1-17 mmol/L

If the level is high it means jaundice. The doctor will examine and do other tests. I can't tell you how serious now.

၃-၁ဝ-၂၀၁၂ ဖေ့စ်ဘွတ် မေးခွန်း
သမီးလည်ပင်းမှာ အဖုသေးသေးလေး ပေါက်နေတာ ကြာနေပြီ။ ၃ လလောက်တော့ရှိပြီ။ ကြီးလည်းမကြီးလာဘူး ပျောက်လည်းမသွားဘူး။
အသက်။ လည်ပင်းမှာ နေရာ အတိအကျ။ အကျိတ်အရွယ်အစား၊ နာ-မနာ၊
အသက်က ၂၉၊ နာတော့မနာဘူး အရွယ်အစားက စပါးစေ့ထက် နည်းနည်းဘဲ ကြီးမယ်၊ လည်ပင်းအရိုးနားမှာ။
လည်ပင်းအရိုးဆိုတာ မဟုတ်သးဘူးနော်။ အရိုးဆိုတာက နောက်မှာ။ ရှေ့မှာက လေပြွန်။ နောက် မှန်ထဲကြည့်ပါ။ ရေ-တံတွေးမျိုချရင် အကျိတ်က တက်-ဆင်းဖြစ်သလား။
ညှပ်ရိုးအထက်ပိုင်းနားမှာ။ ဘေးဘက်နားမှာ။
အလည်လောက်မှာလား။ ညှပ်ရိုးက ဘယ်-ညာရှိတာ။
ဘယ်ဘက်မှာပါ။ အဲဒီအထက်နားလေးမှာပါ။
ဒါဆိုရင် တက်စေ့ဖြစ်နိုင်တယ်။ ကိုင်ကြည့်ရင် ရောင်အနေချိန်မှာ မနာဘူး။ ခပ်တင်းတင်း (မမာ-မပျော့) ရှိတယ်။ ဖြစ်တာကြာတယ်။ ကျောက်ချင်မှ ပျောက်မယ်။ တခါတလေ နဲနဲကြီးလာနိုင်တယ်။ စိုးရိမ်စရာမရှိဘူး။ နာလာရင်၊ ပိုကြီးလာရင် ဆေးသောက်ရမယ်။ စောင့်ကြည့်ရမယ်။
အခုဆေးသောက်စရာမလိုဘူးပေါ့ အဲလိုလားဆရာ။ အိမ်မှာတော့ မနေ့ကစပြီး ရေခဲကပ်ကြည့်နေတာ စိုးရိမ်လို့ပါ။
ချက်ချင်းဖြစ်တာ၊ ထိခိုက်မိတာကို ရေခဲကပ်ရင် သွေးထွက်တာ သက်သာတယ်။ နဲနဲကြာတာကို အပူကပ်ရင် အရောာင်လျှော့တယ်။ ပိုကြာတကိုလုပ်ရင် မထူးဘူး။
၃ လဆိုရင် နာမှ၊ ရောင်နေမှ Pain killer (Paracetamol) သောက်ပါ။ ရင်းသလိုဖြစ်ရင် ပိုးသေဆေး Ampicillin သောက်ပါ။ တက်စိသဘောက တနေရာမှာ ပိုးဝင်လို့ သူဆီလာရောင်တာ်။ လည်ပင်းဆိုရင် လည်ချောင်းတာ နဲ့ အသက်ရှူလမ်းဖြစ်မယ်။ ၂ ပတ်တခ့ ထူးတာရှိရင်ပြောပါ။ လိုမယ်ထင်ရင် အလင်းရောင်ကောင်းမှာ ဓါတ်ပုံ ၁-၂ ပုံပို့ပြီး မေးပါ။

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...