ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, October 10, 2012

Q and A October 2012 (3)

1. ကျွန်တော် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။
2. သွေးတိုးတာ ခဏခဏ ဖြစ်နေလို့ သွေးတိုင်းတဲ့စက်ကလေး ဝယ်လိုက်ပါတယ်ဆရာ။
3. အအေးသောက်ရင် ကိုကာကိုလာ ကိုအမြဲသာက်ပါတယ်
4. သမီးရဲ့သားသားကအခု ၉ ရက်နေ့က ၁၁လ ပြည့်တာပါ။
5. အတွင်းလိပ်ခေါင်းရောဂါစဖြစ်တဲ့သူအတွက်
6. နားကြပ်တံနဲ့ ထိုးလိုက်ကတည်းက နားအူပြီး ပိတ်သွားတယ်။
7. ကျွန်တော် ငယ်ငယ်ကတည်းက အေးလို့ရှိရင် ချောင်းဆိုးပါတယ်။
8. ခရုသင်း (သမင်ဖြူ) ရောဂါအတွက် ဆေးရှိပါသလား။

Wed, Oct 10, 2012 at 7:57 AM
ကျွန်တော် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။ ငယ်ငယ်ကတည်းက အေးလို့ရှိရင် ချောင်းဆိုးပါတယ်။ သလိပ်လုံးဝမပါဘူး ချောင်းခြောက်ပါပဲ။ သူများတွေနဲ့ကို မတူပါဘူး။ ရာသီဥတုအေးရင်ဖြစ်ဖြစ် အဲကွန် ပန်ကာ သုံးရင်ဖြစ်ဖြစ် အဆီစားရင်ဖြစ်ဖြစ် အပူအစပ်စားရင်ဖြစ်ဖြစ် အခိုးအငွေ့ အမှုန်အမွှားတွေ ရှိနေတဲ့နေရာမှာဖြစ်ဖြစ် ချောင်းဆိုးတော့တာပါပဲ။ ပုံမှန်ကတော့ ငယ်ငယ်ကတည်းက ချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ အပြင်းထန်တော့ မဟုတ်ပါ။ အခုလည်းကျွန်တော့်အတွက် ပုံမှန် အလေ့အထတစ်ခုလိုပါပဲ။ အအေးပတ်တာ လွန်ကဲပြီး လည်ချောင်းတွေယား အိပ်မရအောင်ချာင်းဆိုးပြီး အချွဲအနည်းငယ် (သလိပ်အဆင့်မဖြစ်ပါ) ပါမှ ဆေးခန်းပြတာ ဆေးသောက်တာ ဆေးစစ်တာလုပ်ပါတယ်။ ဆေးသောက်လိုက်ရင် ပျောက်သွားပြီး ပုံမှန်အလေ့အထဖြစ်တဲ့ ချောင်းခြောက်ကတော့ ဆိုးလေ့ရှိပါတယ်။ အဆုတ် ဓာတ်မှန်လည်း သုံးလေးခါ ရိုက်ဖူးပါတယ်။ ကောင်းပါတယ် ဘာမှမရှိပါ။ ကျွန်တော်ဖြစ်နေတဲ့အကျင့်က ငယ်ငယ်ကနေခုထိ ချောင်းခြောက်ဆိုးတဲ့အကျင့်ပါ။ တမင်လုပ်တာလဲမဟုတ်ပါ။ အောင့်လို့လည်း မရပါ။ အထူးသဖြင့် ထမင်းစားနေတဲ့အချိန်၊ တရားထိုင်နေတဲ့အချိန်၊ အေးတဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့အချိန်တွေမှာဆို ပုံမှန်ထက် အချိန်စိပ်ပြီး ချောင်းဆိုးပါတယ်။ ကျွန်တော့်ချောင်းဆိုးတဲ့အသံက သလိပ်ရှိလို့ဆိုးတဲ့ ချောင်းအသံမဟုတ်ပါဘူး။ ရိုးရိုးလျပ်တပြက် ချောင်းဆိုးဖို့ပေါ်လာတဲ့ အကြောင်းတစ်ခုကြောင့်ဆိုးတဲ့အသံပါပဲ။ အသက်ရှူမဝသလို ရင်ဘတ်ကြပ်သလို မခံစားရပါ။ ခံစားရတာက ချောင်းမဆိုးလိုက်ရရင် လည်ချောင်းမှာ ထစ်နေလို ပိတ်နေသလိုခံစားရပါတယ်။ အခုနောက်ပိုင်း အဲကွန်းခန်းမှာ အိပ်တာဆိုတော့ အိပ်ယာဝင်ရင် လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်။ လည်းချောင်းအယားပြေတဲ့အထိ ရှင်းသွားတဲ့အထိချောင်းဆိုးပါတယ်။ မိနစ် ၂ဝ အများဆုံး ၃ဝ လောက်ကြာပါမယ်။ ဒါပေမယ့် ဆက်တိုက်ကြီးတော့မဟုတ်ပါ။ အိပ်မပျော်ခင်လောက်ထိပါ။ အိပ်ပျော်ချိန် မနက်အိပ်ယာထချိန်တွေမှာ မဆိုးပါဘူး။ အဲကွန်းကလည်း အခန်းဖော်တွေ ရှိတော့ ပိတ်မရပါ။ ဆေးလိပ်၊ ကွမ်း၊ အအေး၊ အဆီအဆိမ့်တွေကို လုံးဝရှောင်ပါတယ်။ ဆရာဝန်တစ်ယောက်က ရေနွေးနဲ့ဆားကို ပလုပ်ကျင်းပေးဖို့ ပြောပါတယ်။ ကျွန်တော်လည်း အချိန်ပေးပြီးမလုပ်နိုင်ခဲ့ပါ။ အဲလိုတွေခံစားနေရတာ ပျောက်ကင်းအောင် ဘယ်လိုနေထိုင်လေ့ကျင့်ရပါမလဲ။ အမြဲတမ်းစားလို့ရတဲ့ ဆေး၊ အလေ့အကျင့်တွေရှိရင်လည်း လမ်းညွှန်ပါ။

ပြည့်ပြည့်စုံစုံ ရေးပြတဲ့အတိုင်း ချောင်းဆိုးစေတဲ့အကြောင်းရင်က အမှန်ဖြစ်ပါတယ်။ ဆေးစစ်ရင် အဆုပ်ရောဂါ၊ လည်ချောင်းရောဂါ တွေ့မယ်မဟုတ်ပါ။ ဒါပေမဲ့ဝေဒနာတော့ ရှိနေတာအမှန်ဘဲ။

ချောင်းဆိုးစေတဲ့ အကြောင်းတရားတွေကနေ ရှောင်ရှား ဆင်ခြင်ရမယ်။ တွေ့တိုင်းထပ်ဖြစ်နေပါလိမ့်မယ်။ တချို့ရောဂါ ဝေဒနာတွေက Life style change လူနေမှုဘဝအပြောင်းအလဲအထိ လုပ်ရတယ်။

ချောင်းဆိုးတယ်၊ နှာချေတယ်ဆိုတာမျိုးက ကိုယ်ခနာရဲ့ အလိုအလျှောက်တုံ့ပြန်မှုဖြစ်တယ်။ ဒီလိုဖြစ်တာဟာ တဖက်ကကြည့်ရင် ကောင်းတယ်။ မဟုတ်ရင် မသင့်တာ၊ မတည့်တာ၊ ပိုးမွှားတွေက အထဲကို အတားအဆီးမရှိဝင်လာမယ်။

ချောင်းဆိုးတာ ကြာလာရင် ချောင်းဆိုးတိုင်း အသုံးပြုရတဲ့ လည်ချောင်း၊ ကြွက်သား၊ အာရုံကြောစတာတွေကို ဒဏ်သက်ရောက်တာ များများလာလို့ သက်ရောက်မှုတွေ ခံရမယ်။ အသံပြောင်းတာ၊ နာတာ၊ ရောင်တာ၊ နီရဲတာတွေခံစားလာရမယ်။

ဆင်ခြင်ရှောင်ကျဉ်တာအပြင် ချောင်းဆိုးပျောက်ဆေး ရွေးသုံးနိုင်တယ်။ ရင်ကြပ်တာသက်သာတဲ့ချောင်းဆိုးပျောက်ဆေး နဲ့ ချွဲထွက်စေတဲ့ချောင်းဆိုးပျောက်ဆေးတွေ မသင့်ပါ။ လည်ချောင်းယားတာကိုသက်သာစေမဲ့ ချောင်းဆိုးပျောက်ဆေးကိုသာ သုံးပါ။

နောက်တချက်က သူများတွေတော့ မဖြစ်ဘဲ ကိုယ့်မှာသာဖြစ်နေတဲ့အချက်က (အလာဂျီ) မတည့်တဲ့သဘောဖြစ်လို့ (အလာဂျီ) ဆေးလိုမယ်။ တချို့ချောင်းဆိုးပျောက်ဆေးတွေထဲမှာ ဒီဆေးမျိုးပါနေတယ်။ လိုအပ်ရင် (အင်တီ-ဟစ်တမင်း) ဆေး အပိုဆောင်းသောက်ရမယ်။ အများဆုံးသုံးနေတာက Cetrizinet tablet ဖြစ်ပါတ.် တနေ့ ၁ ပြားနဲ့ရမယ်။

အဲလိုဖြစ်ရာကနေ နောက်တိုးရောဂါလဲ တခါတလေဝင်တာခံရမယ်။ ပိုးဝင်တာမျိုး။ အဲဒီအချိန်မှာ ပိုးသေဆေးလိုအုံးမယ်။ အများအားဖြင့် Amoxacillin 250 mg တခါသောက် ၁ တောင့်၊ တနေ့ ၄ ကြိမ်၊ ၄-၅ ရက်။

Tue, Oct 9, 2012 at 12:27 PM
သွေးတိုးတာ ခဏခဏ ဖြစ်နေလို့ သွေးတိုင်းတဲ့စက်ကလေး ဝယ်လိုက်ပါတယ်ဆရာ။ အဲဒါ ချိန်ကြည့်တော့ 130/90 အောက်ကို လုံးဝမကျဘူး။ တစ်ခါတစ်လေ 140/100 ကျော်လောက်အထိရှိတယ်။ အဲဒါ ဆရာဝန်နဲ့ ပြသင့်လား။ တစ်ရက်ကို မနက်တစ်ခါ၊ညနေတစ်ခါ ချိန်ကြည့်တာပါ။ ၃ ရက်ရှိသွားပါပြီ။ အသက်က 33 ပါ။ BMI က 27 လောက်ရှိတယ်ဆရာ။

ဖြစ်တဲ့သူက မိန်းကလေးဖြစ်မှာပေါ့။ အီးမေးလ်-လိပ်စာနဲ့ တချို့ကြပြောမရလို့။ အသက် ၃၃ ဆိုရင် သွေးတိုးဖြစ်တဲ့အရွယ် ငယ်သေးတယ်။ ပိုပြီးဂရုစိုက်ပါ။ အငန်လျှော့စားပါ။ သွေးဖိအား အမြဲတိုင်းပါ။ ကိုယ်အလေးချိန် မျှတအောင် ကြိုးစားပါ။ သွေးတိုးစာ ၃ ပုဒ် ပို့လိုက်ပါတယ်။ နောင်မှာ မေးစရာရှိရင် စုံအောင်ရေးနိုင်ရင် ဖြေရတာအတွက် အထောက်အကူပြုတယ်။ မိန်းကလေး ဆိုရင် ရာသီ၊ အိမ်ထောင်ရေး။ မေးတဲ့သူတိုင်း ဖြစ်နေတာ ဘယ်လောက်ကြာ၊ ဘာခံစားရ၊ ဆေးစစ်ဘူးသလား၊ စတာတွေ ပါသင့်တယ်။
• Digital blood pressure monitors သွေးဖိအားတိုင်း-ကရိယာ သီတင်းကျွတ်မှာ ကန်တော့ချင်လို့ပါ http://dts-medicaleducation.blogspot.com/2010/10/digital-blood-pressure-monitors_16.html
• Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
• Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html

အိမ်ထောင်သည်ပါ။ စသတိထားမိတာက ၁ နှစ်လောက်တော့ရှိပြီဆရာ။ အောက်သွေးက အမြဲတမ်းပိုတိုးနေပါတယ်။ ရာသီကလည်း အမြဲတမ်းနောက်ကျပါတယ်။ တစ်ခါတစ်လေ ၂ လလောက်ထိ ရက်ကျော်ပါတယ်။ အာသီးခဏခဏ ရောင်လို့ ဆေးခန်းသွားပြရင်း သွေးတိုးတိုးနေလို့ သတိထားမိတာပါဆရာ။

ဆရာဝန်နဲ့ ပြပါ။ ဆေးကို အမြဲလိုလိုသောက်နေရမယ်။ သွားလေရာပါ ယူသွားသင့်တယ်။ လိုအပ်ရင် ဆရာဝန်က ဆေးပြောင်းပြောင်းပေးလိမ့်မယ်။

Wed, Oct 10, 2012 at 6:32 PM
ကျွန်တော် အအေးသောက်ရင် ကိုကာကိုလာ ကိုအမြဲသာက်ပါတယ် ကြိုက်လည်းကြိုက်ပါတယ်။ ပြည်တွင်းဖြစ်ရော နိုင်ငံခြားဖြစ်ပါသောက်တယ်။ တစ်ခါသောက်ရင် 500ml လောက်ပါ။ နေ့တိုင်းလိုလို သောက်နေတော့ ဘယ်လို အကျိုးသက်ရောက်နိုင်ပါသလဲ သိချင်ပါတယ်။

Cola ကိုသပ်သပ်ရေးပါအုံးမယ်။ Non-alcoholic beverage အရက်မပါ သောက်စရာ ကိုပို့လိုက်ပါတယ်။

Wed, Oct 10, 2012 at 1:21 PM
သမီးရဲ့သားသားကအခု ၉ ရက်နေ့က ၁၁လ ပြည့်တာပါ။ သားက အခုထိသွားမပေါက်သေးလို့ပါ။ သွားပေါက်အောင်ဘာတွေကြွေးရမလဲ သိချင်ပါတယ်။ သားက မွေးမွေးခြင်း ခွဲခန်းထဲမှာတင် အောက်ဆီဂျင်ပေးခဲ့ရတယ်။ ဆေးတွေလဲသွင်းရတယ်။ မွေးပြီး ၃ရက်လောက်မှနို့စို့ ခွင့်ပေးတယ်။ ရှေ့ ၂ ရက်က ဇွန်းနဲ့ပဲတိုက်ရတယ်။ ကလေးက ဗိုက်ထဲမှာ အောက်ဆီဂျင်နည်းလာတယ်ပြောတယ်ဆရာ။ နောက်ပြီးသား ၂လသားလောက်က အူကျလို့ဆိုပြီး ခွဲရသေးတယ်။ ခွဲပြီးသွေးအားနည်းလို့ဆို တခါသွေးသွင်းရသေးတယ်။ သားကသွေးအားတာနည်းတာပါ။ သူကဝတယ်။ သမီးဒါတွေပြောနေတာက သွားမပေါက်တာနဲ့များဆိုင်မလားလို့ပါရှင်။

ကလေးအထူးကုဆရာဝန်တော့ပြပါ။ သွားနဲ့ အရိုးက ကယ်လ်စီယန်ဓါတ်နဲ့ဆိုင်တယ်။ ကလေးတွေအတွက် သပ်သပ်လာတယ်။ ဒါတင်မကဘဲ ဗီတာမင် ဘီ အုပ်စု ကလေးဆေးလဲလိုမယ်။
မိခင်နို့စို့တာ နည်းလာချိန်ရောက်နေလို့ ဖြည့်စွက်အစားအစာထဲမှာ ကယ်လ်စီယန် ပါတာကြွေးသင့်တယ်။ နွားနို့၊ နို့နဲ့လုပ်တဲ့အစားအစာ၊ ကြွေးပေးပါ။ အစားကို စုံပါစေ။
ခေါင်းထောင်ချိန်၊ ဝမ်းလျှားမှောက်ချိန်။ ထိုင်ချိန်တွေကော ပုံမှန်ဘဲလား။ ဥာဏ်ရည်ကော သိချင်သေးတယ်။

အားလုံးပုံမှန်ပါပဲရှင်။ အခုသားက လေးဘက်ထောက်သွားနေပါပြီ။ သားကိုနေ့တိုင်း ငှက်ပျောသီးကြွှေးပါတယ်။ ပဲနီလေး ကြက်ဥပြုပ်၊ မုန်လာဥနီ၊ အဲတာတွေကိုတော့ တစ်နေ့တစ်မျိုး ကြွှေးပါတယ်။ မိခင်နို့တိုက်နေတော့ နွားနို့တော့မတိုက်ဖြစ်ပါဘူး။ ထမင်းကိုတော့ ကော်ဖီစစ်တဲ့ဇကာနဲတိုက်ပြီး ကြွှေးပါတယ်။ ဥာဏ်ရည်ကတော့ သမီးမပြောတတ်ပါဘူး။ သားကသူလိုချင်တာမရင်စိတ်ဆိုးတတ်ပါတယ်။ စကားကလည်း သားသားဆိုတာပဲ ပြောတတ်ပါသေးတယ်။ သားကလည်တော့လည်ပါတယ်ရှင်။

စိတ်မပူပါနဲ့။ အရင်စာမှာ ပြောတာတွေအပြင် သိပ်မပူချိန်မှာ အသားအရေကိုနေရောင်ခဏပြပေးပါ။ နွားနို့လဲ တိုက်ကြည့်ပါ။ ကလေး ကယ်လ်စီယန် တိုက်ပါ။

Wed, Oct 10, 2012 at 11:28 AM
ဆရာပေးတဲ့ ကုသနည်းတွေထဲက အတွင်းလိပ်ခေါင်းရောဂါစဖြစ်တဲ့သူအတွက် ဘယ်ကုသနည်းက အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါလဲ။

Internal hemorrhoids အတွင်းလိပ်ခေါင်းကုသနည်းများ
1. Rubber Band Ligation သားရေကွင်းနည်း၊
2. Injection Sclerotherapy ထိုးဆေးနည်း၊
3. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊
4. Laser Coagulation လေဆာနည်း၊
5. Hemorrhoidectomy ခွဲစိတ်နည်း၊
Injection Sclerotherapy ထိုးဆေးနည်းနာကျင်မှုအနည်းဆုံးနဲ.အမြန်ဆုံးဆိုတာကောဟုတ်ပါသလားဆရာ၊

အဲလိုတော့ မပြောနိုင်ပါ။ လိပ်ခေါင်းအခြေအနေအရ ခွဲစိတ်ဆရာဝန်ကနေ ကောင်းတဲ့နည်းကို ပြောပါမယ်။ ခွဲစိတ်နည်းအပြင် ရေးထားသလို အနေအထိုင်၊ အစားအသောက် ဆင်ခြင်တာနဲ့ ရေနွေးထိုင်တာတွေလဲ လုပ်ရပါမယ်။

Wed, Oct 10, 2012 at 10:07 AM
ကျွန်တော် ဘယ်ဘက်နားထဲကို နားကြပ်တံနဲ့ ထိုးလိုက်ကတည်းက နားအူပြီး ပိတ်သွားတယ်။ ကျွန်တော်အမေလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်နေတယ် ဆရာ။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နားထဲကိုဆေး ထည့်ပါတယ်။ ဆေးနာမည်က candibiotic ပါ။ အခုတော့ နားကပွင့်သွားပေမဲ့ ရှီ....ဆိုပြီး တောက်လျှောက်မည်နေပါတယ်။ အမေကတော့ နားယားပြီး ပိတ်နေဆဲလို့ပြောတယ်။ အဲ့လိုဖြစ်ဖူးတဲ့သူတွေက နားမှိုတက်တာ လို့ပြောကြတယ်။
ကျွန်တော်တို့ အခုဖြစ်နေတဲ့ ရောဂါက ဘာလို့ခေါ်ပါသလဲ။ နားဆေးကို ပြောင်းစရာလိုသေးလား။ သောက်ဆေးရောလိုပါသေးလား။ ဆောင်ရန်ရှောင်ရန် အချက်တွေ သိချင်ပါတယ်။ အမေကတော့ အစာစား ရင် နားထဲမှာ ဝါးနေတဲ့အသံတွေ ကြားနေရတယ်။ အမြန်ဆုံးသက်သာပျောက်ကင်းအောင်ဘာလုပ်သင့်ပါသလဲ။

Ear infections (1) နားပိုးဝင်ခြင်း (၁)
Ear Infections (2) နားပိုးဝင်ခြင်း (၂)
Earache နားကိုက်ရင်

Wed, Oct 10, 2012 at 7:57 AM
ကျွန်တော် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ယောက်ပါ။ ကျွန်တော်ငယ်ငယ်ကတည်းက အေးလို့ရှိရင် ချောင်းဆိုးပါတယ်။ သလိပ်လုံးဝမပါဘူး ချောင်းခြောက်ပါပဲ။ သူများတွေနဲ့ ကို မတူပါဘူး ရာသီဥတုအေးရင်ဖြစ်ဖြစ် အဲကွန် ပန်ကာ သုံးရင်ဖြစ်ဖြစ် အဆီစားရင်ဖြစ်ဖြစ် အပူအစပ်စားရင်ဖြစ်ဖြစ် အခိုးအငွေ့ အမှုန်အမွှား တွေ ရှိနေတဲ့နေရာမှာဖြစ်ဖြစ် ချောင်းဆိုးတော့တာပါပဲ။ ပုံမှန်ကတော့ ငယ်ငယ်ကတည်းက ချောင်းခြောက်ဆိုးလေ့ ရှိပါတယ်။ အပြင်းထန်တော့မဟုတ်ပါ။ အခုလည်းကျွန်တော့်အတွက်ပုံမှန်အလေ့အထတစ်ခုလို ပါပဲ။ အအေးပတ်တာလွန်ကဲပြီး လည်ချောင်းတွေယား အိပ်မရအောင်ချာင်းဆိုးပြီး အချွဲအနည်းငယ် (သလိပ်အဆင့်မဖြစ်ပါ) ပါမှဆေးခန်းပြတာ ဆေးသောက်တာ ဆေးစစ်တာလုပ်ပါတယ်။ ဆေးသောက်လိုက်ရင် ပျောက်သွားပြီး ပုံမှန်အလေ့ အထဖြစ်တဲ့ ချောင်းခြောက်ကတော့ ဆိုးလေ့ ရှိပါတယ်။ အဆုတ် ဓာတ်မှန်လည်း သုံးလေးခါ ရိုက်ဖူးပါတယ်။ ကောင်းပါတယ် ဘာမှမရှိပါ။ ကျွန်တော့်ဖြစ်နေတဲ့ အကျင့်ကငယ်ငယ်ကနေ ခုထိချောင်းခြောက်ဆိုးတဲ့အကျင့်ပါ။ တမင်လုပ်တာလဲမဟုတ်ပါ။ အောင့်လို့လည်းမရပါ။ အဆုတ် စစ်ရင်လည်းအကောင်းပါ။ အထူးသဖြင့် ထမင်းစားနေတဲ့အချိန်၊ တရားထိုင်နေတဲ့အချိန်၊ အေးတဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့အချိန်တွေမှာဆို ပုံမှန်ထက် အချိန်စိပ်ပြီး ချောင်းဆိုးပါတယ်။ ချောင်းဆိုးတဲ့အသံက သလိပ်ရှိလို့ဆိုးတဲ့ ချောင်းအသံမဟုတ်ပါဘူး။ ရိုးရိုးလျပ်တပြက်ချောင်းဆိုးဖို့ ပေါ်လာတဲ့ အကြောင်းတစ်ခုကြောင့်ဆိုးတဲ့အသံပါပဲ။ အသက်ရှူမဝသလို ရင်ဘတ်ကြပ်သလိုမခံစားရပါ။ ခံစားရတာက ချောင်းမဆိုးလိုက်ရရင် လည်ချောင်းမှာ ထစ်နေလို ပိတ်နေသလိုခံစားရပါတယ်။ အခုနောက်ပိုင်း အဲကွန်းခန်းမှာ အိပ်တာဆိုတော့ အိပ်ယာဝင် ရင် လည်ချောင်းယားပြီး ချောင်းဆိုးပါတယ်။ လည်းချောင်းအယားပြေတဲ့အထိ ရှင်းသွားတဲ့အထိချောင်းဆိုးပါတယ်။ မိနစ် ၂ဝ အများဆုံး ၃ဝ လောက်ကြာပါမယ်။ ဒါပေမယ့် ဆက်တိုက်ကြီးတော့မဟုတ်ပါ။ အိပ်မပျော်ခင်လောက်ထိပါ။ အိပ်ပျော်ချိန် မနက်အိပ်ယာထချိန်တွေမှာ မဆိုးပါဘူး။ အဲကွန်းကလည်း အခန်းဖော်တွေရှိတော့ ပိတ်မရပါ။ နောက်တစ်ခုက အလုပ်မှာလည်း အဲကွန်းနဲ့က မမြဲထိတွေ့ နေရပါတယ်။ ဆေးလိပ်၊ ကွမ်း၊ အအေး၊ အဆီ၊ အဆိမ့်တွေကို လုံးဝရှောင်ပါတယ်။ ဆရာဝန်တစ်ယောက်က ရေနွေးနဲ့ ဆားကို ပလုပ်ကျင်းပေးဖို့ ပြောပါတယ်။ အချိန်ပေးပြီးမလုပ်နိုင်ခဲ့ပါ။

ပြည့်ပြည့်စုံစုံ ရေးပြတဲ့အတိုင်း ချောင်းဆိုးစေတဲ့အကြောင်းရင်က အမှန်ဖြစ်ပါတယ်။ ဆေးစစ်ရင် အဆုပ်ရောဂါ၊ လည်ချောင်းရောဂါ တွေ့မယ်မဟုတ်ပါ။ ဒါပေမဲ့ဝေဒနာတော့ ရှိနေတာအမှန်ဘဲ။

ချောင်းဆိုးစေတဲ့ အကြောင်းတရားတွေကနေ ရှောင်ရှား ဆင်ခြင်ရမယ်။ တွေ့တိုင်းထပ်ဖြစ်နေပါလိမ့်မယ်။ တချို့ရောဂါ ဝေဒနာတွေက Life style change လူနေမှုဘဝအပြောင်းအလဲအထိ လုပ်ရတယ်။

ချောင်းဆိုးတယ်၊ နှာချေတယ်ဆိုတာမျိုးက ကိုယ်ခနာရဲ့ အလိုအလျှောက်တုံ့ပြန်မှုဖြစ်တယ်။ ဒီလိုဖြစ်တာဟာ တဖက်ကကြည့်ရင် ကောင်းတယ်။ မဟုတ်ရင် မသင့်တာ၊ မတည့်တာ၊ ပိုးမွှားတွေက အထဲကို အတားအဆီးမရှိဝင်လာမယ်။

ချောင်းဆိုးတာ ကြာလာရင် ချောင်းဆိုးတိုင်း အသုံးပြုရတဲ့ လည်ချောင်း၊ ကြွက်သား၊ အာရုံကြောစတာတွေကို ဒဏ်သက်ရောက်တာ များများလာလို့ သက်ရောက်မှုတွေ ခံရမယ်။ အသံပြောင်းတာ၊ နာတာ၊ ရောင်တာ၊ နီရဲတာတွေခံစားလာရမယ်။

ဆင်ခြင်ရှောင်ကျဉ်တာအပြင် ချောင်းဆိုးပျောက်ဆေး ရွေးသုံးနိုင်တယ်။ ရင်ကြပ်တာသက်သာတဲ့ချောင်းဆိုးပျောက်ဆေး နဲ့ ချွဲထွက်စေတဲ့ချောင်းဆိုးပျောက်ဆေးတွေ မသင့်ပါ။ လည်ချောင်းယားတာကိုသက်သာစေမဲ့ ချောင်းဆိုးပျောက်ဆေးကိုသာ သုံးပါ။

နောက်တချက်က သူများတွေတော့ မဖြစ်ဘဲ ကိုယ့်မှာသာဖြစ်နေတဲ့အချက်က (အလာဂျီ) မတည့်တဲ့သဘောဖြစ်လို့ (အလာဂျီ) ဆေးလိုမယ်။ တချို့ချောင်းဆိုးပျောက်ဆေးတွေထဲမှာ ဒီဆေးမျိုးပါနေတယ်။ လိုအပ်ရင် (အင်တီ-ဟစ်တမင်း) ဆေး အပိုဆောင်းသောက်ရမယ်။ အများဆုံးသုံးနေတာက Cetrizinet tablet ဖြစ်ပါတ.် တနေ့ ၁ ပြားနဲ့ရမယ်။

အဲလိုဖြစ်ရာကနေ နောက်တိုးရောဂါလဲ တခါတလေဝင်တာခံရမယ်။ ပိုးဝင်တာမျိုး။ အဲဒီအချိန်မှာ ပိုးသေဆေးလိုအုံးမယ်။ အများအားဖြင့် Amoxacillin 250 mg တခါသောက် ၁ တောင့်၊ တနေ့ ၄ ကြိမ်၊ ၄-၅ ရက်။

Thu, Oct 11, 2012 at 7:13 AM
ခရုသင်း (သမင်ဖြူ) ရောဂါအတွက် ဆေးရှိပါသလား။ အကယ်လို ဆေးရှိတယ်ဆိုရင် သိချင်ပါတယ်။ ပျောက်ရော ပျောက်နိုင်ပါသလား။ ဖြစ်တာကတော့ လက်ကို သံပြားရှရာကနေ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးတော့ မဖြစ်သေးပါဘူး။ လက်ခုံ နားလေတင်ဖြစ်နေတာပါ။ အချိန်ကတော့ (၄)နှစ်လောက်တော့ ရှိပါပြီ။ ဖြစ်စကထက်စာရင် နည်းနည်းလေတော့ ပွားလာပါတယ်။ အဲ ဒီရောဂါကို အနူး ရောဂါလိုရော ခေါ်ဆိုလိုရပါသလား။

• Leukoderma သို့မဟုတ် Vitiligo ခရုသင်း http://dts-medicaleducation.blogspot.com/2009/07/vitiligo-leukoderma.html