ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, October 22, 2012

Q and A October 2012 (5)

1. အသက် (၂၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပါသည်။
2. ကျွန်တော့် ဆံပင်တွေ အဆုပ်လိုက် ကျွတ်တယ်။
3. ကျမ သမီးလေးက အသက်၂၃ နှစ်ထဲမှာပါ။
4. အခုဆရာရဲ့ ရေအဆိပ်သင့်ခြင်းဆိုတာ ဖတ်မိလို့ပါ။
5. ကျွန်မသားလေးက အသက် ၁ဝ လလောက်ရှိပါပြီ။
6. ကျွန်မသမီးလေးက အခုဆိုရင် ၂ လ ကျော်ပါပြီ။
7. တိတ်တိတ်လေးနဲ့ လူတွေမသိဘဲ ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုကို
8. ကျတော့်အသက်က ၂၉ နှစ်ပါ အိမ်ထောင်ရှိပါတယ်။
9. သွေးတိုးတာက မျိုးရိုးလိုက်လား။
10. သမီးအခု မျက်စိအောက်မျက်ခမ်းသား အတွင်းထဲမှာ

Sun, Oct 21, 2012 at 8:16 AM
အသက် (၂၁)နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက်ဖြစ်ပါသည်။ အခုတလော အိမ်သာတက်တိုင်း အရမ်းညှစ်ယူရပါသည်။ တော်ရုံတန်ရုံနှင့်မထွက်ပါ။ အိမ်သာတက်ပြီးရင်လည်း စအိုဝရှိအခေါင်းလေးက တော်ရုံနှင့်အထဲသို့ ပြန်မဝင်ပါ။ တစ်ခါတစ်လေ အတန်ကြာမှဝင်ပါသည်။ တစ်ခါတစ်လေ လက်လေးနဲ့ထိုးလိုက်မှ ဝင်ပါသည်။ အိမ်သာတက်ပြီးလျှင် စအို ပူစပ်နေပြီး နာကျင်သလိုခံစားရပါသည်။ လွန်ခဲ့သော တစ်ပါတ်ခန့်က အိမ်သာတက်ပြီး သွေးပါပါသည်။ တစ်ခါတစ်လေ စအိုဝတွင် သွေးစလေးများတွေ့ရတတ်ပါသည်။ လွန်ခဲ့သော ကိုးလခန့်ကအိမ်သာတက်ပြီး သွေးတစ်ကြိမ်ပါဖူးသည်။ ကျွန်တော်သည် ရေသောက်လည်း အရမ်းနည်းပါသည်။ အစားအသောက်လည်းဂျီးများပါသည်။ အစားအစာ စားသောက်ချိန် မမှန်ပါ။ အပူအစပ်ကတော့ တော်တော်လေးရှောင်ပါသည်။ မစားဖြစ်သလောက်ပါ။ ဝမ်းလည်း အမြဲချုပ်ပါသည်။ ဆရာရေးသားထားသော စအိုနှင့် ပါတ်သက်သော ရောဂါများအကြောင်း ဖတ်ရှုပြီး အရမ်း ကြောက်လန့်နေပါသည်။ ဘာလုပ်သင့်ပါသလဲ။ ဆရာဝန်ပြသင့်သလား။ ဒါမှမဟုတ်ဆရာညွှန်ကြားသော ဆေးများ သောက်သုံးသင့်သလား။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ပြုမူနေထိုင်သင့်ပါသလဲ။

ကျွန်တော်ရေးတာ ဖတ်ပြီးကြောက်နေတယ်ဆိုလို့ ဆောရီးဗျာ။ ဖတ်ချင်လဲဖတ်ပြီးမှာပေါ့။ ဒါပေမဲ့ လိုက်နာစရာတွေကို လိုက်နာရင် ဆရာဝန်ဆီမရောက်ဘဲ အကြာကြီးနေနိုင်မယ်။ အစားအသောက်၊ အနေအထိုင်၊ ဝမ်းမချုပ်ဘို့ (၃) ချက် လိုက်နာပါ။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducation.blogspot.com/2010/07/q-and-on-piles.html
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducation.blogspot.com/2012/01/hemorrhoids-treatment.html

Tue, Oct 16, 2012 at 6:06 PM
ကျွန်တော့် ဆံပင်တွေ အဆုပ်လိုက် ကျွတ်တယ်။ ပထမက ဦးခေါင်း ထိပ်နားမှ အကွက်က တော်တော်ကြီးတယ်။ ဆံပင်ညှပ်တော့မှ ဆံပင်ညှပ်တဲ့သူက ပြောတာပါ။ ပြန်စဉ်းစားကြည့်တော့ ထိုနေရာတွင် ဘာခံစားမှုမှ မရှိခဲ့ပါ။ တစ်ခုခုနဲ့ တိုက်မိခြင်း၊ နာကျင်ခဲ့ခြင်းလည်း မရှိခဲ့ပါ။ ယခု နောက်စေ့နားတွင် နောက်ထပ် လက်ငြိုးကွက်လောက် နောက်တစ်ကွက် ထပ် ကျွတ်နေပြန်တယ်။ စဉ်းစားလို့မရပါ။ ကျွန်တော့်အလုပ်က HR Manager လုပ်ရပါတယ်။ ပြီးတော့ smart ကျကျ ဝတ်စားရပါတယ်။ ကျွန်တော့် အသက်အရွယ်နဲ့ ဒီလိုဖြစ်နေတာ် တော်တော်ရှက်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲနဲ့ ဘာလုပ်ရင် မြန်မြန် ဆံပင်ပြန်ထွက်နိုင်သလဲဆိုတာ ကူညီ ဖြေရှင်းပေးစေလိုပါတယ်။
• Hair Loss ဆံပင်ကြွတ်ခြင်း http://dts-medicaleducationblogspotcom/2011/11/hair-losshtml
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://dts-medicaleducationblogspotin/2012/03/hair-loss-in-women-treatmentshtml
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducationblogspotin/2012/03/hair-healthhtml

Tue, Oct 16, 2012 at 7:11 PM
ကျမ သမီးလေးက အသက်၂၃ နှစ်ထဲမှာပါ။ သူက ပင်ပန်းလွယ်သူဖြစ်ပါတယ်။ ကျမ သူ့ကို supradyn, centrum အစ ရှိတဲ့ အားဆေးတွေ မနက်စာနဲ့အတူ တိုက်လေ့ရှိပါတယ်။ ပင်ပန်းတာလဲ သိသိသာသာ သက်သာပါတယ်။ ဒါပေမဲ့ ခုသူက ဆေးကြီးပဲ တချိန်လုံး မမှီဝဲနေချင်ဘူးဆိုပြီး အစားအစာကိုပဲ အသား၊ အသီးအရွက်၊ အသီးအနှံ လိုအပ်သလို ဖြည့်ဆည်း စားသောက်နေပါတယ်။ အဆင်ပြေတယ်လို့လဲ ဆိုပါတယ်။ ခက်တာက သူခေါင်းငုံ့ရာကနေ ရုတ်တရက် ခေါင်းမော့ လိုက်တာဖြစ်စေ၊ ထိုင်ရာက ရုတ်တရက် ထလိုက်တာ ဖြစ်စေ မျက်စေ့ပြာပြီး မူးကနဲ၊ မိုက်ကနဲ ဖြစ်သွားတယ်လို့ဆိုတာ ၄၊ ၅ လ ကြာပါပြီ။ နောက်တခုရှိတာက သူအပြင်သွားကာနီး သေချာ ရေမိုးချိုး အဝတ်စားအသစ် ဘယ်လိုပင် ဝတ်စေကာမူ၊ ပြန်လာတဲ့အခါ သူ့ကိုယ်က နွေရာသီဆိုရင် ကလေးများ အလွန်ဆော့ထားလို့ ဂျီးစော်နံသလို နံတတ်ပါတယ်။ ဆောင်းရာသီဆိုလျှင် သံချေးစော်လို နံတတ်ပါတယ်ရှင်။ အဲ့ဒါလဲ သူ့အတွက် အလွန်စိတ်ထိခိုက်စရာလို့ ပြောပါတယ်ရှင့်။ သမီးဟာ တကိုယ်ရေသန့်ရှင်းမှုကို အလေးထားသူပါ။ ဂျိုင်းချွေးထွက်ခြင်း၊ နံခြင်း မရှိတတ်ပါဘူး။

မိန်းကလေးတိုင်း သွေးအားနည်းတာကို ဂရုစိုက်ဘို့လိုပါတယ်။ မူမိုက်တာက သွေးအားနည်းတာနဲ့ဆိုင်နိုင်တယ်။ သံဓါတ်အားဆေး အမြဲလိုလိုသောက်နေသင့်ကြတယ်။ အသေအခြာသိချင်ရင် သံဓါတ်ဘယ်လေယက်ရှိလဲဆိုတာ စစ်နိုင်တယ်။ Ferrous sulfate ဆေးပြား၊ တနေ့ ၂ ကြိမ်၊ ပုံမှန်သောက်သင့်တယ်။ အချိန်ယူမယ်။ သံဓါတ်ပါ အစားအစာတွေလဲ စားပေးရမယ်။ အသဲ၊ ကန်စွန်းရွက် စတာတွေဖြစ်တယ်။
ကိုယ်နံ့ဆိုတာ ကိုယ်ကနေထွက်တာဖြစ်လို့ စားတဲ့အစားအစာ နဲ့ ဆေးဝါးတွေကနေ အနံ့ကိုဖြစ်စေတာမို့ လိုအပ်ရင် ပြုပြင်ရမယ်။ ချွေးထွက်နံ့အတွက်ရေးထားတာထဲကိုလဲ လိုတာကိုယူနိုင်ပါတယ်။
• Body Odor ကိုယ်နံ့ http://dts-medicaleducationblogspotcom/2011/11/body-odorhtml
• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducationblogspotcom/2010/11/hyperhidrosishtml

Wed, Oct 17, 2012 at 2:24 PM
အခုဆရာရဲ့ ရေအဆိပ်သင့်ခြင်းဆိုတာ ဖတ်မိလို့ပါ။ အဲဒါဆို တစ်နေ့ကို ဘယ်လောက်သောက်သင့်ပါလဲ။ သမီးက တစ်နေ့ကို 35 or 4 liter လောက်ထိသောက်ပါတယ်။ အလုပ်က တစ်နေ့ကို 8 နာရီ အလုပ်လုပ်ချိန်မှာ ထိုင်နေရတာ များတယ်။ အလုပ်က စာရင်းကိုင်ပါ။ အဲဒါကြောင့် ခဏခဏထဖြစ်အောင်ဆိုပြီး ရေတွေသောက်တာ အန္တရာယ် ရှိပါသလား။

လူတိုင်းရေကို ရေသောက်တာ၊ ရေပါတဲ့ အစားအသောက်ကနေ ရယူတယ်။ ရေဓါတို လူတွေကနေ အသက်ရှူတာ၊ ချွေးထွက်တာ၊ ဆီးသွားတာ၊ ဝမ်းသွားတာထဲကနေ စွန့်ထုတ်နေတယ်။ ရေတနေ့ ဘယ်လောက် လိုသလဲဆိုတာ ကိုယ်ခန္ခာအရွယ်အစား၊ ရာသီဥတု နဲ့ ကိုယ်လက်လှုတ်ရှားမှုတွေအပေါ်မူတည်လို့ တယောက်နဲ့ တယောက်၊ တချိန်နဲ့တချိန် မတူပါ။ အများဆုံး အကြံပြုချက်ကတော့ တနေ့မျာ ရေ ၈ အောင်စ (၁့၉ လီတာ) သောက်ပါလို့ဖြစ်တယ်။ အမေရိကား Institute of Medicine ရဲ့ အကြမ်းသတ်မှတ်ချက်ကတော့ ယောက်ျားကြီးတယောက် တနေ့မှာ ၃ လီတာ (၁၃ ခွက်) လိုတယ်။ အမျိုးသမီးတယောက် ၂့၂ လီတာ (၉ ခွက်) လိုတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိုလိုတယ်။ သတိပြုဘို့က စားသောက်တာထဲက ရေပမာဏကိုလဲ ထည့်တွက်ရမယ်။

Wed, Oct 17, 2012 at 3:56 PM
ကျွန်မသားလေးက အသက် ၁ဝ လလောက်ရှိပါပြီ။ မျက်စိက မျက်ဝတ်တွေထွက်ပြီး မျက်လုံးကရောင်နေပါတယ်။ ဖြစ်နေတာ ၂ ရက်လောက်ရှိပါပြီ။ ကလေးကငယ်တော့ ဘာလုပ်ပေးရမှန်းမသိလိုပါ။ ပြီးတော့ ကလေးက ဝမ်းလည်း ချုပ်တတ်ပါတယ်။ ဘာဖြစ်တာလဲသိချင်ပါတယ်။ ဖြေပေးပါရှင့်။

ဝမ်းချုပ်တာအတွက် ရေပိုတိုက်ပေးပါ။ ဝမ်းနုတ်ဆေး မသင့်သေးပါ။ ဝမ်းခြူတောင့်သုံးနိုင်ပါတယ်။ Dulcolax Laxative Suppositories ကလေးတွက်ကိုရွေးသုံးပါ။
• Pink eye ပန်းရောင်မျက်စိ http://dts-medicaleducationblogspotin/2012/02/pink-eyehtml

Thu, Oct 18, 2012 at 2:31 PM
ကျွန်မသမီးလေးက အခုဆိုရင် ၂ လ ကျော်ပါပြီ။ သူက မွေးလာကတည်းကနို့ဗူးပဲစို့ပါတယ်။ ဒါကြောင့် သူ ခဏခဏ သေးပေါက်ပါတယ်။ ကျွန်မက သူ ၄ လ ပြည့်တာနဲ့ အဖတ်ပျော့ပျော့လေးကျွေးချင်ပါတယ်။ ကျွေးရင် ဘာဆိုးကျိုးများ ရှိနိုင်လဲဆိုတာ သိချင်ပါတယ်။

ကျွေးနိုင်ပါတယ်။ တဆင့်ချင်းတက်ကျွေးပါ။ အရည်အမျိုးမျိုး၊ အရေနဲ့အဖတ်ရောတ၊ အဖတ်ပျော့ပျော့၊ နောက်နဲနဲမာတာ ကျွေးပါ။ အသီးအရွက်၊ အသီးအနှံလေးတေ့လဲ ရောကျွေးပါ။ သန့်ရှင်းရင် ဘာမှမဖြစ်ပါ။ အစားသစ်ကို မတွေ့သေခင် ဖြစ်တာမျိုးတော့ တချို့အစားတွေကို ဖြစ်နိုင်တယ်။ မစိုးရိမ်ပါနဲ့။ လူကြီးစားတာတွေထဲက မစပ်တာနဲ့ ခပ်ဆန်းဆန်း အစာတွေကလွဲရင် ကလေးကိုကျွေးနိုင်ပါတယ်။ ကလေးအားဆေးအရည်လဲ ၄ လနောက်ပိုင်း တိုက်ပါ။

Thu, Oct 18, 2012 at 3:31 PM
တိတ်တိတ်လေးနဲ့ လူတွေမသိဘဲ ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုကို ရင်ဖွင့်ပြီး အကြံတောင်းချင်လို့ပါဆရာ။ အဲဒါက တခြားတော့ မဟုတ်ပါ "လိပ်ခေါင်း" ရောဂါပါ။ ဟိုးအရင်တုန်းကတော့ မရှိပါဘူး။ ဒီလွန်ခဲ့တဲ့ ၃ လလောက်ကမှ စဖြစ်တာပါ။ စဖြစ်တုန်းကတော့ အလေးသွားရင် အရင်ထွက်တယ်။ ဒါပေမယ့် ကျွန်တော် လိပ်ခေါင်းမှန်းလည်း မသိခဲ့ဘူး။ သတိလည်း မထားဖြစ်ခဲ့ပါ။ တစ်ခါတစ်လေ အလေးသွားရင် သွေးပါတာတို့ဖြစ်ခဲ့ပါတယ်။ ခုတော့ တော်တော်လေး ဆိုးပါတယ်။ အရင်တုန်းကဆိုရင် အပြင်ထွက်လာရင် ပြန်သွင်းရတာ နည်းနည်း အဆင်ပြေပါတယ်။ ခု က တအားနာပြီး တစ်နေကုန်ပါပဲ။ အဲဒါ ဘာဆေးတွေ သောက်ပြီး ဘယ်အစားအစာတွေကို ရှောင်ရမလဲဆိုတာ သိချင်လို့ပါ။ ဘယ်ဆေးကို ဘယ်လို သောက်ရမယ် ဆိုတာရယ်၊ ဘယ်အစားအစာတွေကို ရှောင်ရမယ်ဆိုတာရယ်ပါ ညွှန်ပြပေးပါ။
• Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ http://dts-medicaleducationblogspotcom/2010/07/q-and-on-pileshtml
• Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ http://dts-medicaleducationblogspotcom/2012/01/hemorrhoids-treatmenthtml

Thu, Oct 18, 2012 at 6:28 PM
ကျတော့်အသက်က ၂၉ နှစ်ပါ အိမ်ထောင်ရှိပါတယ် ကလေးတစ်ယောက်ရှိပါတယ်အခုကျတော်က (့) မှာ အလုပ် လုပ်နေပါတယ် အခုကျတော်ဖြစ်နေတာက ကျတော့်နားက တချက်တချက် ဆစ်ခနဲကိုက်ပါတယ်။ အရင်တုန်းကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ အရင်တုန်းကဖြစ်တာ တချက်ပဲ ဆစ်ခနဲ ကိုက်လိုက်ပြီး ခဏပဲ ဖြစ်လိုက်ပါတယ်။ နောက် မဖြစ်တော့ပါဘူး။ တော်တော်ကြာပါပြီမဖြစ်တာ။ အခုမှ တရက်နှစ်ရက်ရှိပါပြီ ပြန်ဖြစ်တာ။ ညဆိုရင်လည်း ကွန်ပြူတာတော့ တော်တော်ကြာအောင်သုံးတတ်ပါတယ်။ သူငယ်ချင်းတယောက်က ပြောတော့ ပြောတယ် အာရုံကြောအာနည်းရင်လည်း ဖြစ်တတ်တယ်ဆိုတာဟုတ်ပါသလား။ ကျတော့်နားက ပြည်တို့ဘာတို့လည်း မရိုပါဘူး။ ညာဖက်နားတဖက်တည်း ဖြစ်တာပါ။
• Earache နားကိုက်ရင် http://dts-medicaleducationblogspotcom/2011/11/earachehtml

Fri, Oct 19, 2012 at 12:03 PM
သွေးတိုးတာက မျိုးရိုးလိုက်လား။ သမီးအဖေကလဲ အမြဲတမ်း 170/90 လောက်ရှိတယ်။ ဆေးခန်းလဲ ပုံမှန်မပြဖြစ်ဘူး။

သွေးတိုးက မျိုးရိုးလိုက်ပါတယ်။ လိုက်တယ်ဆိုတာ သွေးတိုးရှိသူ မိဘကနေမွေးလာသူတိုင်း သွေးတိုးရှိတာတော့ မဟုတ်ပါ။ အောက်ဂဏန်း ၉ဝ ဆိုရင် သွေးချိန်ပုံမှန်လိုတိုင်းနေပါ။ အငန်လျှော့စားနေပါ။ တကယ်လို့ လက်ကောက်ဝတ်သွေးခုန်နှုန်း များရင် Propranolol 20mg လောက်သောက်နေရင် ကျမယ်။ ခုန်နှုန်းမများရင် မသောက်ရပါ။ ကိုယ်အလေးချိန်ထိန်းပါ။ ကိုယ်လက်လှုတ်ရှားပေးပါ။ စိတ်ဖိအား မများစေပါနဲ့။

Mon, Oct 15, 2012 at 1:42 PM
သမီးအခု မျက်စိအောက်မျက်ခမ်းသား အတွင်းထဲမှာ ပြည်လိုအနာလေးတွေ့လို့။ မျက်လုံးက ယားသလိုလိုဖြစ်တာ မနေ့ညကထဲကပါ။ အိပ်ခါနီးတော့ ယောင်နေသလိုပါပဲ။ အဲဒါ မနက်ကျတော့လဲ မသက်သာတာနဲ့ မောရိယမန်းဆေး လိမ်းလိုက်ပါတယ်။ ဒါပေမဲ့ အောင့်လိုက် ယားလိုက် ဖြစ်နေလို့ စာဖတ်တာများလို့လားဆိုပီး ဘာမှမလုပ်ပါဘူး။ ခုနကမှ မှန်ကြည့်တော့ အထဲမှာ အဖြူလေးတွေ့လို့ပါ။ သမီးမျက်စိ ဘာဖြစ်တာပါလဲ ဆရာ။ ကြောက်လိုက် လန့်လိုက်တာ။ အခုလဲ မောရိယမန်းဆေးတော့ လိမ်းထားပါတယ် ဆရာ။

Sty, Chalazion, Blepharitis အဖြစ်များတဲ့ မျက်စိရောဂါတွေ

ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ရေနွေးအိတ် အခုကစပီးကပ်ပါ့မယ်။ မနက်ဖြန်လဲ ဆရာဝန်နဲ့ သွားပြပါ့မယ်။ ဆေးခန်းဘယ်မှာရှိလဲ မသိသေးလို့ပါ။