ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Tuesday, October 23, 2012

Q and A October 2012 (6)

1. Potassium ဓါတ်လိုအပ်ရင် ဘာအစားအစာ စားရမည်နည်း။
2. If I have to take Azithromycin 500
3. ကျွန်မမောင်လေး ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီးမေးချင်လို့ပါ။
4. ဦးနှောက်မှာ ရေဓါတ်များပြီး လွန်ခဲ့တဲ့ ၁ လလောက်က
5. Dexamethasone ရဲ့အသုံးဝင်ပုံနှင့် ဆိုးကျိုးများကို သိချင်ပါတယ်။
6. ဆရာ့ web site ထဲက အတက်ရောဂါ အကြောင်း
7. ကျွန်တော်က ဝက်မွေးပါတယ်။
8. အိမ်တွင်း အချိုရေလုပ်ငန်းလေးလုပ်ချင်လို့ပါ။
9. ကျွန်တော်အသက် ၄ဝ
10. အသက် ၂၉ မှာအအေးမိပြီး
Tue, Oct 16, 2012 at 10:12 AM
Potassium ဓါတ်လိုအပ်ရင် ဘာအစားအစာ စားရမည်နည်း။ နောက်ပြီးတော့ သူငယ်ချင်း တစ်ယောက်အမေကို ဆေးညွှန်းတဲ့ထဲမှာ OD, BD ပေးထားတာတွေ့ပါတယ်။ အဓိပ္ပါယ်နှင့် စကားလုံးအရှည်ကိုသိချင်ပါတယ်။

ပိုတက်ဆီယမ် များတဲ့အစားအစာတွေကတော့ ငှက်ပျောသီး၊ အုန်းရည်၊ ကမ္ဗလာသီး၊ အာလူး၊ စပျစ်သီးခြောက်၊ ဆီးသီးခြောက်၊ ခရမ်းချဉ်သီး ပဲအမျိုးမျိုး၊ ပဲပုပ်၊ စွန်ပလွန်သီး၊ နွားနို့၊ အာလူး၊ ကန်စွန်းဥ၊ ငါး၊ ဟင်းနုနွယ်ရွက်၊ သခွါးသီး၊ မုံလာဥ၊ သင်္ဘောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ သစ်တော်သီး၊ သရက်သီး၊ စထောဘယ်ရီ၊ ပန်းသီး၊ အမဲသား စတာတွေဖြစ်တယ်။
OD တနေ့ တကြိမ်၊
BD တနေ့ နှစ်ကြိမ်၊
ဥပမာ Vitamin B 1 BD = တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။

Tue, Oct 16, 2012 at 11:59 AM
If I have to take Azithromycin 500, how many tablets I have to take to make it one dose? And if one dose is not enough, how many more tablets can I take? How many tablets in a day? Please kindly advice to this.

Azithromycin Usual Adult Dose (အရစ်သရိုမိုင်စင်) ဆေး လူကြီးအတွက်ပေးနည်းများ
- Gonococcal Infection - Uncomplicated = Immediate release: 2 g orally once ဂနိုးရီးယား ရိုးရိုး = 2 g တကြိမ်တည်းသောက်ပါ။
- Chancroid = Immediate release: 1 g orally once ရှန်ကာရွိုက် = 1 g တကြိမ်တည်းသောက်ပါ။
- Nongonococcal Urethritis = 1 g orally once ဂနိုးရီးယားကြောင့် ဆီးပြွန်ရောင်ခြင်း = 1 g တကြိမ်တည်းသောက်ပါ။
- Cervicitis = Immediate release: 1 g orally once သားအိမ်အဝရောင်ခြင်း = 1 g တကြိမ်တည်းသောက်ပါ။
- Pelvic Inflammatory Disease = 500 mg IV once a day for at least 2 days followed by 250 mg orally once a day to complete a 7-day course of therapy တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း = 500 mg IV အကြောဆေး ၂ ရက်ထိုးပါ။ ထို့နောက် 250 mg စားဆေး တနေ့ ၁ ကြိမ်၊ ၇ ရက်ဆက်သောက်ပါ။
- Granuloma Inguinale = 1 g orally once a week for at least 3 weeks and until all lesions have completely healed ဂရင်နူလိုးမား-အင်ဂွိုင်နယ်လေး = 1 g တပဆ် တကြိမ်၊ ၃ ပတ်သောက်ပါ။ လိုသေးရင်ဆက်သောက်ပါ။

Sun, Oct 21, 2012 at 10:30 PM
ကျွန်မမောင်လေး ခေါင်းကိုက်တာနဲ့ ပတ်သက်ပြီးမေးချင်လို့ပါ။ မောင်လေး အခုတလော ခေါင်းရဲ့ ညာဘက် နောက်စိဘက်လောက်မှာ ခေါင်းကိုက်တာထက်ဆိုးတဲ့ခေါင်းကျင်တာကို ခံစားနေရပါတယ်တဲ့ဆရာ။ ရာသီဥတု ပူရင်လည်း ဖြစ်သလို စိတ်ညစ်ရင်လည်း အဲ့လိုဖြစ်တယ်တဲ့ဆရာ။ အသက်က ၂၀ ပဲ ရှိပါသေးတယ်ဆရာ။ ဆိုးတာက ကျွန်မ မျက်ခုံးရိုးတွေကို နှိပ်ပေးလိုက်ရင် အဲ့ဒီခေါင်းနေရာက ကျင်ခနဲ ဖြစ်ဖြစ်သွားတယ်တဲ့ ဆရာ။မောင်လေးရောဂါက အသက်အန္တရာယ် စိုးရိမ်ရလားဆရာ။

သိပ်မစိုးရိမ်ပါနဲ့။ လောလောဆယ်တော့ အနာ-အကိုက်သက်သာဆေး သောက်ပါ။ Paracetamol, Ibuprofen တမျိုးမျိုး လိုတဲ့အချိန်မှာ ၁ ပြား၊ တနေ့ ၂-၃-၄ ခါသောက်နိုင်ပါတယ်။
စိတ်ဖိအားလျှော့ချပါ။ Neurobion စားဆေးကိုလဲ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်ကိုလဲ သောက်သင့်ပါတယ်။ နောက်ဆုံး လိုအပ်ရင် သမားတော်ကိုပြသပါ။
၂၂-၁ဝ-၂ဝ၁၂ Facebook မေးခွန်း
ဦးနှောက်မှာ ရေဓါတ်များပြီး လွန်ခဲ့တဲ့ ၁ လလောက်က အသိတယောက် ခွဲစိတ်ရတယ်ပြောတယ်။ ပြီးတော့ ဗိုက်နားမှာပါ ခွဲပေးတယ်တဲ့။ ဘာအနေနဲ့ခွဲတာလဲတော့ ကျွန်တော်လည်း မသိဘူး။ ခေါင်းအမြဲမူးနေလို့ ဓါတ်မှန်ရိုက်တာ ရေဓါတ်များနေလို့ ခွဲရတယ်ပြောတယ်။ တခါခွဲပြီးရင် နောက်ပိုင်းတွေမှာ အဲလို ခွဲစိတ်မှု့တွေ ထပ်လုပ်ပေးရသေးလား။ တခါထဲနဲ့ ပျောက်ကင်းသွားနိုင်လား။ နောက်ဆက်တွဲ ဘာရောဂါတွေများ ထပ်ဖြစ်နိုင်သေးလဲ။ သူအရင်က (့) မှာ အလုပ်လုပ်နေတာပါ။ အခုလိုဖြစ်နေလို့ မြန်မာပြည်မှာ ပြန်ကုနေရတာ။ လုံးဝပျောက်ကင်းသွားနိုင်လား။

ခန့်မှန်းရ အတော်ခက်ပါတယ်။ ရောဂါနာမယ်ကို စာလုံးပေါင်းနဲ့ သိချင်ပါတယ်။ လူနာရဲ့ အသက်၊ ကျား-မ လဲ မသိရပါ။

လူနာက မိန်းကလေးပါ။ အသက် ၂၄နှစ်ရှိပါပြီ။ သူ့မှာ တီဘီပိုးပါရှိတယ်လို့ ပြောပါတယ်။ အရမ်းခေါင်းကိုက်နေလို့ မြန်မာပြည်မှာ ဆေးရုံတင်ရင်း မပျောက်တာနဲ့ ဓါတ်မှန်ရိုက်ရင်းက အဲလိုတွေ့ရတာပါ။ ရောဂါနံမည်တော့ ကျွန်တော် မသိပါဘူး။

တီဘီက ဘယ်နေရာမှာလဲ။ အဆုပ်မှာဖြစ်နိုင်သလို၊ ဦးနှောက်မှာလဲ ဖြစ်နိုင်တယ်။ ဦးနှောက်မှာ ရောဂါရလို့ အရည်များတာဖြစ်နိုင်တယ်။ ဆေးနဲ့မရရင် ခွဲရတာမှန်တယ်။ အကြောင်းရင်းကို ကုသလိုက်ရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ တီဘီလို့သိရတာလဲ တဘက်ကကြည့်ရင် ကောင်းတယ်။ ဆေးတွေကနိုင်ပါတယ်။ ဗိုက်ဆိုတာတော့ မရှင်းသေးပါ။ တီဘီက ဗိုက် (အူ) မှာလဲ လာဖြစ်တတ်သေးတယ်။

သူစဖြစ်တာက မြန်မာပြည်ကို အလည်ပြန်သွားတယ်။ ဟိုရောက်ပြီး ၁ ပတ်လောက်နေတော့ အစာလည်း ပုံမှန်မစားနိုင်ဘူး။ အိပ်လည်းမအိပ်ဘူးပြောတယ်။ နောက်ပိုင်း ဆေးရုံတင်လိုက်ရတယ်။ ပြီးတော့ ဆရာဝန်တွေ စစ်ကြည့်တော့ တီဘီလို့ပြောတယ်။ ဒါနဲ့ သူဆေးရုံးမှာ တော်တော်ကြာကြာနေလိုက်ရတယ်။ ပြီးတော့ ဆေးရုံကဆင်တော့ အိမ်မှာ နေတာ ၂ပတ်လောက်ကြာတော့ ခနခန ခေါင်းကိုက် ကိုက်နေလို့ မန္တလေးမှာ ဆေးရုံထပ်တက်ရတယ်.. သူကလားရိုးကပါ။ မန္တလေးမှာ ဦးနှောက်ကို ဓါတ်မှန်ရိုက်ကြည့်တော့ ရေတွေထုတ်မှ ရမယ်ဆိုလို့ ရန်ကုန် SSC မှာ သွားကုတယ်လို့ပြောတယ်။ ၁ဝ ရက်လောက်နေတော့ ပြန်ဆင်းလာရတယ်။ တီဘီဆေးကိုတော့ သူနေ့တိုင်းသောက်နေတာ ၃ လကျော်သွားပြီ မပျက်ဘူးပြောတယ်။ အသေးစိတ် ဆေးပိုင်းနဲ့ ပတ်သက်တာတော့ မမေးကြည့်မိဘူးဆရာ။

ဟုတ်တယ်။ ခေါင်းကိုက်တာကျန်နေနိုင်သေးတယ်။ မှတ်ဥာဏ်၊ ကိုယ်လက်လှုတ်ရှားမှု ကောင်းနေရင် စိတ်သက်ရာ ရသင့်ပါတယ်။ ဆေးရုံအဆင်းသောက်ရမဲ့ဆေးတွေ ပေးမှာပါ။

သူ (့) ကို ပြန်လာပြီး အလုပ်လုပ်ဖို့တော့ အဆင်မပြေလောက်ဘူးနဲ့တူတယ်နော် ဆရာ။ အခုလောက်ထိဖြစ်သွားတယ်ဆိုတော့။ သူက ပြန်လာချင်တယ်ပြောနေလို့ လုံးဝ ပြန်ကောင်းလာနိုင်လား သိချင်လို့ပါ။

ဆေးသောက်ခိုင်းတာ ဆေးပတ်လည်အောင်သောက်ရပါမယ်။ လူက လှုတ်ရှား-သွားလာနိုင်၊ လုပ်နိုင်ကိုင်နိုင်ရင် အလုပ်လုပ်ဘို့ ကိုယ်တိုင်ချင့်ချိန်နိုင်မှာပါ။ ကုသပေးတဲ့ဆရာဝန်ကိုလဲ မေးပေါ့။ နေတဲ့နေရာမှာ ဆေးကုသဘို့ အခြေအနေရှိရင် ရတာပါဘဲ။ သွားလေရာ ဆေးမှတ်တမ်းယူသွားရပါမယ်။

Mon, Oct 22, 2012 at 1:35 PM
Dexamethasone ရဲ့အသုံးဝင်ပုံနှင့် ဆိုးကျိုဒများကို သိချင်ပါတယ်။

Dexamethasone ဆိုတာ ကိုယ်ခန္ခာထဲက (အဒရီနယ်လင်-ဂလင်း) ကနေ အလိုလိုထုတ်ပေးနေတဲ့ (စတီရွိုက်) ဟော်မုန်း ဖြစ်တယ်။ ဓါတ်ခွဲခန်းကနေလဲ ထုတ်လုပ်ပြီး ဆေးအဖြစ်သုံးတယ်။ ရောရမ်းခြင်းဖြစ်စဉ်ရှိတဲ့အခါ ဖြစ်လာတဲ့လက္ခဏာ (နီရဲ၊ ရောင်၊ နာ၊ ပူ) တာတွေကို သက်သာစေတယ်။
• အဆစ်နာအတွက်လဲသုံးတယ်။ ပရေပြားနာ၊ သွေးရောဂါ၊ လည်ပင်းကြီးရောဂါ၊ အူရောဂါ၊ အလာဂျီ၊ ပန်းနာ စတဲ့ ရောဂါအခြေအနေတွမှာလဲ သုံးတယ်။ ကင်ဆာတချို့အတွက်လဲသုံးတယ်။
• ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းတိတိကျကျသုံးဘို့လိုတယ်။ ဆေးဖြတ်ရာမျာ ပိုလိုတယ်။ ချက်ချင်းရပ်လိုက်ရင် အစားပျက်၊ အစာမကျေ၊ ပန်၊ မူးဝေ၊ စိတ်မကြည်လင်၊ ခေါင်းကိုက်၊ အဆစ်-ကြွက်သားနာ၊ အရေပြားကွာကျ၊ အလေးချိန် လျှောhတာတွေဖြစ်လာစေနိုင်တယ်။
• ဆေးကိုအကြာကြီးသောက်ရရင် ဆေးတဖြေးဖြေးလျှော့ပေးသွားတာ လုပ်ရတယ်။
• ဆေးသောက်နေချိန်မှာ ဆားလျှော့စားသင့်တယ်။ ပိုတက်ဆီယန် ပိုလိုမယ်။ ပရိုတင်းပိုလိုမယ်။ ဆေးကို အစာနဲ့ သောက်သင့်တယ်။ နေ့စဉ် ဆေးသောက်ချိန် တူသင့်တယ်။
• ဘေးထွက်-ဆိုးကျိုးတွေ = အစာမကျေ၊ ဗိုက်အောင့်၊ ပန်၊ ခေါင်းကိုက်၊ ခေါင်းမူး၊ အိပ်မရ၊ မောပန်း၊ စိတ်ကျ၊ စိုးရိမ်၊ ဝက်ခြံထွက်၊ ဆွပင်ပိုများ၊ သွေးထွက်လွယ်၊ ရာသီမမှန် (နည်း-မလာ)၊ (အလာဂျီ)။

Mon, Oct 22, 2012 at 12:31 PM
ဆရာ့ web site ထဲက အတက်ရောဂါ အကြောင်း (၁) နှင့် (၂) ကို သမီးဖတ်ပြီးပါပြီ။ သမီးက အခု အသက် ၂၃ နှစ်ပါ။ သမီး ၁ဝ တန်း (အသက် ၁၆နှစ်) မှာ အိပ်ရေးပျက်ပြီး မနက် (၃) နာရီ လောက်မှာ ပထမဆုံးအကြိမ် အိပ်ပျော်ရင်း ၅ မိနစ်လောက်တက်ခဲ့ဖူးပါတယ်။ ၁ဝ တန်းမှာ စဖြစ်ခဲ့ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပြီး CT scan ရိုက်ကြည့်ပါတယ် ဘာမှမဖြစ်ဘူးကောင်းပါတယ်လို့ ပြောပါတယ်။ EEG ဆွဲကြည့်တော့ လှိုင်းတွေက ပုံမှန်မဟုတ်ဘူးဆိုပြီး Encorate စသောက်ခိုင်းပါတယ်။ စသောက်ပြီး ၁ နှစ်လောက်ကြာတော့ (၁ဝ တန်း စာမေးပွဲပြီးတော့) ပြန်မဖြစ်တော့ဘူးဆိုပြီ ဆေးဖြတ်လိုက်ပါတယ်။
အဲလိုနဲ့ ပထမနှစ်စတက်တဲ့နှစ် (မတ်လ ၂ဝဝ၆လောက်) မှာ ပြန်တက်ပါတယ်။ အိပ်ရေးအပျက်များပြီး တက်သွားပါတယ်။ ဦးနှောက်နှင့်အာရုံကြောအထူးကုနဲ့ စပြခဲ့ပါတယ်။ Encorate 200g (မနက်) နှင့် 300g (ည) + folic acid ကို နှစ်နှစ်တိတိ သောက်ခိုင်းခဲ့ပါတယ်။ နှစ်နှစ်အတွင်းဘာမှ မဖြစ်ခဲ့ပါဘူး။ ဆေးသောက်လည်း မပျက်ခဲ့ပါဘူး။ အိပ်ရေးပျက်လည်းမခံခဲ့ပါဘူး။ နှစ်နှစ်အတွင်း EEG ဆွဲကြည့်တော့လည်း ပုံမှန်ပါပဲ။ နှစ်နှစ်ပြည့်တော့ ဘာမှ မဖြစ်တာနဲ့ ဆေးဆက်မသောက်တော့ပါဘူး။ ပြန်လည်း မတက်တော့ပါဘူး။
ဒါပေမယ့် ၂ဝဝ၈ လောက်မှာ ပြန်ဖြစ်ပါတယ်။ အိပ်ပျော်နေတုန်း ၅ မိနစ်လောက်တက်သွားပါတယ်။ အဲလိုနဲ့ Encorate 200g (မနက်) နဲ့ encorate 300g (ည) ကို နှစ်နှစ်ပြန်သောက်ရပါတယ်။ နှစ်နှစ်ပြည်ပြီး ပြန်မဖြစ်တော့တာနဲ့ ဆရာဝန်နဲ့ ပြန်ပြပြီး ဆေးဖြတ်လိုက်ပါတယ်။ ခုသမီး ဆေးမသောက်တာဖြစ်တာ ၂ နှစ်ကျော်သွားပါပြီ။ ပြန်လည်း မဖြစ်သေးပါဘူး။ ဒါပေမယ် ပြန်ဖြစ်မှာကို အရမ်းကြောက်နေပါတယ်။ သမီး အိမ်နဲ့ခွဲနေတာ ၂ နှစ်ကျော်သွားပါပြီ။ ခုပြန်မတတ်တော့တာလည်း ၄ နှစ်ကျော်သွားပါပြီ။ ဒါပေမယ့် ဘယ်ချိန်ပြန်ဖြစ်မလဲ ဆိုတာ ကြောက်နေရပါတယ်။ ပြီးတော့ အိမ်ထောင်ပြုရင် ရော မျိုးဆက်ကို ထိခိုက်နီုင်ပါသလား။ ကလေးမှာ ဒီလို အတတ်ရောဂါ ပါလာနိုင်သလား။ ကြိုတင်ကာကွယ်လို့ ရပါသလား။ သမီးက တက်ခါနီးကို ကြိုမသိပါဘူး။ အိပ်ပျော်နေတုန်း တက်သွားခဲ့ဖူးတာ များပါတယ်။ ပြီးတော့ သမီးက ရုံးမှာ ကွန်ပျူတာနေ့တိုင်းသုံးပါတယ်။ အလုပ်က software programmer ပါ။ အရှင်းပျောက်သွားနိုင်သလား ပြန်မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ရမလားဆိုတာ သိချင်လို့ပါရှင့်။ သုံးလေးခါလောက်တက်ခဲ့ဖူးလည်း အတက်ရောဂါလို့သတ်မှတ်လို့ ရနိုင်တယ်ပေါ့။

စာတွေလဲဖတ်ထားတ့်၊ ဆေးကိုလဲ စနစ်တကျသောက်ထားတယ်ဆိုတော့ ထူးပြီးပြောစရာတော့ မရှိလှပါ။ ဒီရောဂါက ပျောက်ဘို့ဆိုတာ ကံတရားလို့ပြောရမှာဘဲ။
မျိုးရိုးမလိုက်ပါ။ ကိုယ်ဝန်ရလို့လဲ ကလေးကို မထိခိုက်စေပါ။ အိပ်နေချိန်တက်တတ်တာ သိထားတာ ကံကောင်းတယ်။ အတူနေသူကို အသိပေးထားသင့်တယ်။ တက်ရင်လဲ ဘာမှ ထူးထွေလုပ်ပေးစရာမလိုလှပါ။ လိမ့်ကျမှာ။ မီး-ရေ သတိထားဘို့သာရှိတယ်။
ဆေးလဲသိနေတာမို့ ဆေးဆောင်ထားပါ။ စိုးရိမ်စိတ်ကို လိုတာထက်မပိုစေနဲ့။ ကံတရားဆိုတော့ ကံကောင်းအောင်လုပ်သင့်တယ်။ ဘယ်ဘာသာကို ကိုးကွယ်လဲတော့ မသိဘူး။ ဒါန၊ သီလကိုပိုပြီး လုပ်ပါလေ။

Mon, Oct 22, 2012 at 7:33 PM
ကျွန်တော်က ဝက်မွေးပါတယ်။ အမေရိကမှာ မွေးမြူရေးဝက်တွေနဲ့ပက်သက်ပြီး တားမြစ်ဆေးတွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒိဆေးတွေကိုသိချင်ပါတယ်။ ဆေးတွေရဲ့effect ကိုလည်းသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျွန်တော် တိရစ္ဆာန်ဆေးပညာ မသင်ရပါ။ (ဂူယ်လ်) မှာတော့ရှာရင်ရပါလိမ့်မယ်။ ဆောရီး။

Wed, Oct 24, 2012 at 7:17 PM
ကျွန်တော်ဟာ အိမ်တွင်း အချိုရေ လုပ်ငန်းလေးလုပ်ချင်လို့ပါ။ တန်ဘိုး ၇ တန်လောက်ပေါ့ဆရာ။ အဲဒါကျန်းမာရေးနှင့်ကိုက်ညီပြီး ၇ဝ တန်လောက်နှင့်ဖေါက်သယ်ပေးလို့ ရတဲ့ဖော်မြူလာရှိရင်သိပါရဟေ။ အခြားဆိုဒ်တွေရှိတဲ့ဖော်မြူလာကမဖတ်တတ်လို့ပါ။

ကျွန်တော် သဘောမပေါက်ပါ။ နောက်ပြီး စီးပွါးရေးအလုပ်အတွက်လဲ မကြံမပေးတတ်ပါ။ ၇ဝ တန်ဆိုတာ ဘယ်ငွေလဲ မသိပါ။ ဆရာ့ကို နိုင်ငံပေါင်းစုံကနေဆက်နေကြလို့ မမှန်းတတ်ပါ။ အချိုရည်နဲ့ ဆရာပို့တဲ့ နို့ ဘယ်လိုဆက်စပ်လဲ မသိပါ။

Milk Supply နို့ထွက်နည်းနေရင် Thu, Oct 25, 2012 at 11:09 AM
ကျွန်တော်အသက် ၄ဝ ယခင်က ချောင်းဆိုးရင်ကြပ်မရှိပါ။ အသက် ၂၉ တွင် အအေးမိပြီး ရောဂါစဖြစ်တာ ယနေ့ထိပါ။ ဘာဆေးနဲ့မှ မပျောက်ပါ။ အနေအထိုင်ဆင်ချင်ပြီးနေမှသာ သက်သာတယ်။ လူကြီးတို့ရဲ့ညွန်ကြားချက်လိုချင်ပါသည်။

မေးတာ မရှင်းလှပါ။ မဖြစ်တာကို မပြောဘဲ ဖြစ်တာ၊ ပျောက်ချင်တာကိုသာပြောပါ။ ဆေးစစ်ဘူးသလား၊ ဓါတ်မှန်ရိုက်ဘူးသလား။ ဆရာဝန်ပြဘူးသလား၊ ဘာပြောသလဲ။ ဘာဆေးတွေသုံးနေပါသလဲ။ ဒီ အီးမေးလ် ကို ဆရာတယောက်တည်းသာသုံးတာဖြစ်လို့ လူကြီးတို့ မဟုတ်ပါ။

Thu, Oct 25, 2012 at 7:41 PM
အသက် ၂၉ မှာအအေးမိပြီး ရင်ကျပ်ရောဂါဖြစ် ဆရာဝန်/သမားတော်ပြပေးသောဆေးသောက်ခဏတာပျောက်ပါသည်။ အေးလွန်းလျှင်လည်းကျပ် ပူလွန်းလျင်လည်းချွေးနှင့်အအေးပတ်ပြီးမကြာခဏပြန်ဖြစ်ပါသည်။ နာတာရှည်ရောဂါ၊ ပန်းနာရင်ကျပ်ပုံ ဖြစ်ခဲ့ပါသည်။ ဓါတ်မှန်များလည်ရိုက်ခဲ့၊ စစ်ဆေးခဲ့ပါသည်။ ဘာရောဂါမှမတွေခဲ့ပါ။ ရေရှည်သုံးစွဲခဲ့သောဆေးများမှာ ၂ဝဝ၁ မှ ၂ဝ၁ဝ ထိ Bangladesh salmeterol 2010 မှ ၂ဝ၁၂ ထိ German salmeterol ဆေးများ ကျပ်လျှင်ရူပါသည်။ ၂ဝဝ၂ တွင် သားတစ်ယောက်မွေးဖွားပါသည်။ ၂ဝ၁၁-၂ဝ၁၂ တွင် သားသမီးလိုချင်သဖြင့် ပြန်ယူရန်ကြိုးစားရာ လွယ်ကူစွာမရရှိပါ။ ဆေးအား နှစ်ရှည်လများ သုံးစွဲခဲ့သော ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်သည်ဟု ကောက်ယူမိပါသည်။

စာရိုက်တာက အဖတ်ရခက်လို့ ၃-၄ ခေါက်ဖတ်တာတောင် သိပ်နားမလည်ပါ။ အင်္ဂလိပ်-မြန်မာရောနေပြီး စကားစုတခုနဲ့ တခုကြား မခြားတော့ နားမလည်စေဘူး။ ဖြစ်တဲ့သူက ယောက်ျား-မိန်းမ မသိရပါ။ ပန်းနာမှန်ရင် ဓါတ်မှန်မှာ မပေါ်ပါ။ သွေးစစ်လဲကောင်းနေသလောက်ပါ။ သိချင်တာက ဆေးရဲ့ ဘေးထွက်ဆိုးကျိုါ်သာဆိုရင် ဆေးနာမည်ကို တိတိကျကျလေးရေးပေးပါ။
• Asthma (1) ပန်းနာ http://dts-medicaleducation.blogspot.com/2009/05/asthma.html
• Asthma (2) ပန်းနာ အဆက် http://dts-medicaleducation.blogspot.com/2011/11/asthma-2.html