ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, October 27, 2012

Q and A October 2012 (7)

1. ကလေးက အသက်(၈)နှစ် ယောက်ျားလေးပါ၊
2. ကျွန်တော့နာမည်က (့) ပါ။
3. ကျွန်တော်အသက်က (26) နှစ်ပါ။
4. သမီးရဲ့သားမှာ ပွေးများ မကြာခဏဆိုသလို
5. လေးဘက်နာရောဂါအတွက် အကိုက်အခဲပျောက်ဆေး
6. ညီမအကို ဇက်ကျီးပေါင်းဖြစ်နေလို့ပါ။
7. သွေးလွန်တုပ်ကွေးနဲ့ ပတ်သပ်ပြီး
8. ကျွန်တော့်အသက်(၂၉)နှစ်ပါ။
9. ဆရာ ကျွန်မ မန္တလေးမှာနေတယ်။
10. သူငယ်ချင်မှာ လည်ပင်း ရင်ပက်နဲ့ ကျော်ကုန်းမှာ

Thu, Oct 25, 2012 at 12:56 PM
ကလေးက အသက်(၈)နှစ် ယောက်ျားလေးပါ၊ ချွေးထွက် အရမ်းများနေလို့ပါ၊ မနက်(၈)နာရီဆို ကျောင်းသွားပါတယ်။ ကျောင်းမှ ပြန်လာလျှင် ဝတ်ထားသော အင်ကျီမှာ ရေစိုနေသကဲ့သို့ထိ၊ ချွေးထွက်များပါသည်။ နေ့လည် ၁၂ နာရီထိုးရင် အိမ်မှ ထမင်းသွားကျွေးရင်း အင်ကျီတထည်လဲပေးထားပါသေးသည်။ အတွင်းခံစွပ်ကျယ်ဝတ်ပေးလိုက်လျှင် ချွေးညှစ်ယူလို့ ရပါသည်။ ကလေးက လှုပ်ရှားဆော့ကစားတော့များပါသည်။ လေးလေးလံလံ ထိုင်းထိုင်းမှိုင်းမှိုင်း ပုံစံတော့ မရှိပါ။ တခါတရံ ခေါင်းမူး-ဗိုက်နာသည်တော့ ပြောပါသည်။ ညအိပ်လို့ အိပ်ပျော်သွားရင်ချွေးထွက်လာပါသည်။ ချွေးငုတ် ချွေးမထွက်တော့ဘူးဆိုရင် ကိုယ်ပူပြီး ဖျားလာပါတော့တယ်။
• Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducation.blogspot.com/2010/11/hyperhidrosis.html
Thu, Oct 25, 2012 at 7:13 PM
ကျွန်တော့နာမည်က (့) ပါ။ အသက်က၂၆ နှစ်ရှိပါပြီ။ ငယ်ငယ်ကတည်းက နှပ်ချေးမညှစ်ရတဲ့နေ့မရှိပါဘူး။ နှာစေးပျောက်ဆေး စားတာလည်း မပျောက်ပါဘူး။ နားနှာခေါင်းဆရာဝန်နဲ့ ပြကြည့်ဘူးပါတယ်။ ဆေးသုံးခါလောက် ထိုးဖူးပါတယ်။ မပျောက်ပါဘူး။ ထိပ်ကပ်နာလို့ ဆရာဝန်ကပြောပါတယ်။ ညအိပ်ချိန်ကျတဲ့ အာပုက်ဆီးတွေကလည်း အရမ်းနံပါတယ်။ ဘယ်လိုကုရမလဲ အဖြေရှာပေးပါခင်ဗျာ။

• Sinus (ဆိုင်းနပ်စ်) http://dts-medicaleducation.blogspot.in/2012/03/sinus.html
• Sinusitis (ဆိုင်နူဆိုက်တစ်) http://dts-medicaleducation.blogspot.com/2009/08/blog-post_25.html

Fri, Oct 26, 2012 at 8:13 AM
ကျွန်တော်အသက်က (26) နှစ်ပါ။ နိုင်ငံခြားမှာ အလုပ်လုပ်နေပါတယ်။ ကျွန်တော်နှာခေါင်း ပြင်ချင်လို့ပါ။ ကျွန်တော်နှာခေါင်းက ပြားပြီး နှာအိုးကပွကားနေလို့ပါ။ ခွဲစိတ်မှုနဲ့ ပတ်သက်လို့ တစ်ခါမျှ မလုပ်ဖူးပါဘူး။ ဘယ်လိုလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်ပေးပါ။ မြန်မာနိုင်ငံမှာ ခွဲစိတ်လို့ရမည့် နေရာနှင့် ဆေးခန်းတွေရှိရင် သိပါရစေ။ ကုန်ကျစရိတ် ဘယ်လောက်ကျနိုင်ပါသလဲ။

• Nose Plastic Surgery နှာခေါင်း လှချင်သူ http://dts-medicaleducation.blogspot.com/2011/02/nose-plastic-surgery.html

Sat, Oct 27, 2012 at 3:04 PM သမီးရဲ့သားမှာ ပွေးများ မကြာခဏဆိုသလို ပေါက်ပေါက်နေပါတယ်။ သန့်ရှင်းစွာနေပေမဲ့လည်း မကြာခနပြန်ပြန်ပေါ်လာပါတယ်။ ဆေးများလူးလည်း အမြစ်မပြတ်သလိုဖြစ်နေပါတယ်။ ဆီးလည်း သိပ်မကောင်းပါဘူး။ အထူးသဖြင့် ပေါင်နှင့် တင်ပါးတွင်အဖြစ်များပါတယ်။ အသက်က ၁၇ နှစ်နှစ်ပါ။ အရင်တခါ ယားနာပေါက်တုံးကတော့ ဆရာပေးတဲ့ဆေးနဲ့ ပျောက်သွားပါတယ်။

Ringworm ပွေး

Sat, Oct 27, 2012 at 5:42 PM
လေးဘက်နာရောဂါအတွက် အကိုက်အခဲပျောက်ဆေး သောက်သင့်/မသင့်သိလိုပါသည်။

Rheumatism လေးဘက်နာ (၁)
Rheumatoid arthritis လေးဘက်နာ (၂)

Sat, Oct 27, 2012 at 5:50 PM
ညီမအကို ဇက်ကျီးပေါင်းဖြစ်နေလို့ပါ။ အသက်က ၄ဝ ပါ။ ရောဂါဖြစ်တာသိတာတော့ သိပ်မကြာသေးပါဘူး။ အရင်ကတော့ မူးတာတောခဏခဏဖြစ်တတ်ပါတယ်။ ခုမှ ဓာတ်မှန်ရိုက်ကြည်တာပါ။ ဓါတ်မှန်ရိုက်ပြီးတော့ ၁ဝ ရက်စာဆေးပေးလိုက်ပါတယ်။ အဲဒါ အဲဒီဆေးသောက်တာ မသက်သာလို မြောက်ဥက္ကလာက စကြာမင်းအရိုးကျီးပေါင်းဆေးကုခန်းမှာ ယခုကုနေပါတယ်။ ဆေးခန်းကပြောတာတော့ ၆လလောက် ဆေးစည်းဆေးကုရမယ်ပြောပါတယ်။ ခုဆေးစည်းတာ ၅ ရက်ရှိပါပြီ။ ငါးရက်ဆေးခန်းသွား ၃ ရက်နားပါ။ ခုတော့ခေါင်းကမူးမူးနေပါတယ်။ ဆေးစည်းပေးတဲ့အချိန်ဆို သက်သာသလိုရှိပေမယ့် ဆေးဖြည်လိုက်ရင် မူးမူးနေပါတယ်။ ညီမတို့က နယ်ကနေ ရန်ကုန်မှာအလုပ်လာလုပ်ကြရတာပါ။ ၆ လဆိုတော့ကြာတယ်လို့ထင်တယ်လေ။ ညီမ အင်တာနက်ကနေ အဲဒီရောဂါအကြောင်းရှာတော့ ဆိုက်တခုမှာ အဲဒီရောဂါကိုကုတဲ့ဆေးဆရာ အရမ်းကောင်းတယ်ဆိုတဲ့အကြောင်းပါပါတယ်။ အဲဒါဆက်သွယ်ကြည်တောရပါတယ်. သူကပြောပါတယ် ၂၁ ရက်လောက်ပဲ ဆေးစည်းရမယ်တဲ့။ ပျောက်မယ်ပြောတယ်။ ၃ ရက်လောက်စည်းပြီးရင် အမူးလုံးဝပျောက်သွားစေရမယ်လို့ ပြောပါတယ်။ အဲဒီဆရာက အိမ်မဲကပါ။ အဲဒါ ရန်ကုန်ကိုလာကုမယ်ပြောတယ်။ ဆေးစရိတ်ကတော့ အပြီးအစီး ၁ သိန်းခွဲပေးရမှာပါတဲ့။ ပိုက်ဆံကုန်မှာ အရေးမကြီးပါ။ ဆရားမှားမှာကို စိုးရိမ်တာပါ။ သူကတော့ ရန်ကုန်မှာလဲ လူနတွေရှိတယ်လို့ ပြောပါတယ်။ ခုသူက 29-10-2012 ဆို ရန်ကုန်ကိုလာကုမယ်ပြောပါတယ်။ အဲဒါကုသင်မကုသင့် အဲဒီရောဂါကို ဘယ်လိုကုသင့်တယ်။ ဘယ်မှာကုရင်အဆင်ပြေမယ်ဆိုတာ အကြံလေးပေးစေချင်ပါတယ်။ http://mandalaygazettecom/80820/uncategorized-other/copypaste ပါ။ အဲဒီဆိုက်မှာရေးထားတဲ့ စာတွေကတော့ အောက်ကအတိုင်း ဖြစ်ပါတယ်။

ပေးထားတဲ့ လင်ခ် ကိုဖတ်ပါတယ်။ တိုင်းရင်းဆေးနည်းဖြစ်လို့ ဆရာတို့လို ဆရာဝန်တွေ မသင်ရပါ။ ဆိုးတာရော ကောင်းတာပါ မပြောသင့်ပါ။
Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်

Sun, Oct 28, 2012 at 10:29 AM
သွေးလွန်တုပ်ကွေးနဲ့ ပတ်သပ်ပြီး subjective data, objective data, nursing diagnosis, nursing intervention and evaluation တွေကို ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ ပတ်သပ်လို့ ဆောင်ရန်ရှောင်ရန်ကိုပါ ဖြေကြားပေးစေလိုပါတယ်။

ရေးပြီးသာကိုပို့ပါတယ်။ ကျန်တာကို အချိန်ရတော့ ဖြည့်ပါမယ်။ ပညာရှင် (ဆေးကုသ-ကာကွယ်ပေးသူ) အနေနဲ့သိချင်တာလား၊
Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး

ဆေးကုသကာကွယ်ပေးသူအနေနဲ့ပါ။ Nursing diagnosis ကို ဘယ်လိုအခြေအနေမျိုးတွေမှာ လုပ်လို့ရမလဲသိချင်ပါတယ်။

Nursing diagnosis for dengue patient
၁။ သွေးလွန်တုပ်ကွေးလူနာတယောက်အား သူနာပြုရာတွင် အဓိကဦးတည်ချက်မှာ အဖျားကျစေရန်ဖြစ်သည်။ Tepid sponging ရေပတ်တိုက်ခြင်း၊ Acetaminophen ဆေးပေးခြင်း၊ နှင့် A lot of water ရေများများ သောက်စေခြင်း တို့ လုပ်ပေးရမည်။ ၂။ ထို့နောက် Platlet level သွေးမှုံ အရေအတွက် တောက်လျှောက်စောင့်ကြည့်ရမည်။ြlood test သွေးစစ်ရမည်။ လိုအပ်ပါက Blood transfusion သွေးသွင်းပေးရမည်။ ၃။ IV transfusion of normal saline (နော်မယ်-စေလိုင်း) သွင်းထားရမည်။ (၁) ရေဓါတ်လုံလောက်စေရန်နှင့် (၂) ဆီးများများသွားစေလျှက် ဗိုင်းရပ်စ်ကိုဆီးထဲကနေစံန့်ထုတ်စေရန်ဖြစ်သည်။

၂၉.၁၀.၂၀၁၂
ကျွန်တော့်အသက်(၂၉)နှစ်ပါ။ ၀န်ထမ်းတစ်ဦးပါ။ ခါးရဲ့ဘယ်ဖက်အခြမ်းက ဆွဲဆုပ်ထားသလို ကိုက်ခြင်း၊ ဆီးမသွားနိုင်ခြင်းတို့ကြောင့် ၂၄.၁၀.၂၀၁၂ ရက်နေ့တွင် ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးနှင့် ပြသပါသည်။ ဓါတ်မှန်နှင့် Ultrasound ရိုက်ခဲ့ပြီး အဖြေအရ ဘယ်ဖက်ကျောက်ကပ်တွင် 10.9mm ရှိ ကျောက်တည် နေကြောင်းသိရှိရပါသည်။ လွန်ခဲ့သော (၁)နှစ်က ဖြစ်ဖူးပါသည်။ တိုင်းရင်းဆေးများ သောက်သုံးရင်း ဆန်စေ့(၂)စေ့စာ ဆီးကျောက်တစ်ခု ဆီးသွားရင်းပါသွားပါသည်။ အကြောင်းအရာတစ်ချို့ကို ဘ၀င်မကျ၍ ဆရာဝန်ကြီးနှင့် ဆက်လက်မပြတော့ပါ။ ကျောက်ရှိ/မရှိမသေချာ၍ အနာသက်သာဆေးနှင့် ဆီးပိုးမ၀င်စေရန် သောက်ဆေး(၃)ရက် သောက်ခဲ့ပါ သည်။ အခြားဆီးကျောက်ပျော်ဆေး မသောက်ပါ။ သို့ဖြစ်ပါ၍ ဆရာ့အနေဖြင့် ကျောက်ကပ်အတွင်းရှိ ဆီးကျောက် ပျော်ကျစေရန်အတွက် မြန်မာနိုင်ငံတွင်ရရှိသည့် သောက်သုံးသင့်သည့် ဆေးဝါးများကို ပြန်ကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

• Kidney stones ကျောက်ကပ်-ကျောက် http://dts-medicaleducation.blogspot.com/2011/01/kidney-stones.html

Mon, Oct 29, 2012 at 8:14 PM
ဆရာ ကျွန်မ မန္တလေးမှာနေတယ်။ အသက် ၅၄ နှစ်ပါ။ (့) လို့ခေါ်ပါတယ်။ ကျွန်မနှုတ်ခမ်းဖျား အတွင်းဖက်မှာ အရည်ကြည်ဖု ၅ လု့း ကုလားပဲလုံးအရွယ်ခန့်နဲ့ အာခေါင်မှာအဖုတွေငါးမျက်စိပုံစံ၎ လုံးနဲ့ လည်ပင်းလည်း နာတယ်။ ဆန်ပြုတ်သောက်လည်း နာတယ် ဖြစ်တာ၃ရက်ရှိပြီ။ လမ်း ၃ဝ မှာပြတာ ၂ ရက်ရှိပြီ မသက်သာပါ။ လက်ရှိ ဝမ်းမှန်တယ်။ ခန္ဓာကိုယ်နှုံးချိနေတယ်။ ဆန်ပြုတ်ရေသောက်တယ်။ သောက်ဆေးက ရာသိကိုင်နေတော့ မြန်မာတိုင်းရင်းဆေး ဘုရားကြီးအရှေ့မုဒ်ဆေးခန်းက ဆေးသောက်တာ ၄ ရက်ရှိပြီ။ ရာသီကိုင်တာ သက်သာတယ်။ ဒါပေမယ့် အာသီးရောင်တာ လည်ပင်းနာတာ ၁ လကို ၄-၅ ကြိမ်ဖြစ်တတ်တယ်။ ဖြစ်ရင် ငုံဆေး ချယ်ရီကော့ဖ် ငုံရင်ပျောက်တယ်။ အထက်ပါရောဂါပျောက်အောင် စားဆေးနဲ့ပြရမည့်ဆေးခန်းကို အကြံပြုပါ ဆရာ။

ပါးစပ်နာတွေထဲမှာ လူတွေအများဆုံး ဖြစ်ကြတာကို Aphthous ulcer လို့ ဆေးစာနဲ့ခေါ်တယ်။ အင်္ဂလိပ်လို Cold sores လို့ခေါ်တယ်။ အရပ်ခေါ် အပူကန်နာလို့ ပြောကြတယ်။ ပါးစပ်ထဲ ဘယ်နေရာမဆို ဖြစ်တယ်။ အောက်နုတ်ခမ်းမှာ အဖြစ် များတယ်။ လျှာအောက်လဲဖြစ်၊ ပါးစောင်လဲ မလွတ်ဘူး။ တခုမကလဲဖြစ်။ ဖြစ်ပြီး ပျောက်၊ ပျောက်ပြီး ပြန်ပေါက်တတ် သေးတယ်။
ဘာလို့ ဖြစ်သလဲ။ ဗီတာမင်ချို့ယွင်းလို့ မဟုတ်ပါ။ ရောဂါပိုးဝင်လို့ မဟုတ်ပါ။ အစာစားချိန် မမှန်သူ၊ ခရီးသွားနေရလို့၊ ဝမ်းသွား မမှန်သူ၊ အလုပ်များသူ၊ စိတ်ရှုတ်သူတွေမှာ ဖြစ်တယ်။ အားနည်းနေချိန်မျိုးမှာ လာဖြစ်တတ်တယ်။ အပူများတာ (ကော်ဖီ၊ လက်ဘက်ရည်) သောက်မိသူ တွေမှာလဲ ဖြစ်လေ့ရှိတယ်။ အရက်-ဆေးလိပ်လဲ စာရင်းထဲမှာ ပါတယ်။ အစပ်များတာ စားမိသူကိုလဲ ထည့်ရေးကြပေမဲ့ တကယ် အစပ်စားသူတွေမှာ ပိုဖြစ်တာ မတွေ့ဘူးပါ။ ရွှေလံဘို ငရုတ်စားတဲ့ နာဂတွေ၊ ကသည်းတွေမှာ (ဗမာလဲ ပါတယ်) ထူးဖြစ်တာ မရှိပါ။
အနာပုံစံက တခါတွေ့ဘူး၊ မှတ်ထားဘူးရင် မလွဲနိုင်ဘူး။ ခပ်ဝိုင်းဝိုင်းနေမယ်။ တလက္မရဲ့ ၁ဝ ပုံ ၁ ပုံကနေ ၅ ပုံလောက် အထိ ကြီးတယ်။ အလည်ပိုင်းက ခပ်ဝါဖြူဖြူနဲ့ ခွက်နေပြီး၊ ဘေးနုတ်ခမ်းက နီရဲနေမယ်။ ဖြစ်ရင် အတော်နာတယ်။ ပူစပ်နေမယ်။ ရေသောက်တာတောင်မှ မခံချင်ဘူး။ ထမင်းစားရင် သိပ်ဒုက္ခရောက်တယ်။

• ဆားရည်နဲ့ တနေ့ ၂ ကြိမ်၊ ပါးစပ်ဆေးပါ။
• ဗီတာမင် ဘီအုပ်စု နဲ့ ဗီတာမင်စီ များများ ပေးတယ်။
• အနာပေါ်ကို Glycerin အလှဆီ လိမ်းပေးနိုင်တယ်။
• ထောပတ်၊ ပျားရည်လဲ လိမ်းကြတယ်။ တချို့က ညောင်ရွက်ကို ကြိတ်ပြီး လိမ်းတယ်။ ကြက်သွန်ဖြူလဲ သုံးကြတယ်။
• အစာအိမ်နာရောဂါ ရှိနေသူတွေကို အုန်းဆီ နဲနဲ သောက်ခိုင်းတယ်။
• သင်္ဘောသီးမှည့် စားတာ ကောင်းတယ်။
• ဂျုံစာထက် ဆန်စာက ပိုသင့်တယ်။
• ထုံဆေးလိမ်းဆေးကို သုတ်လိမ်းလိုက်ရင် ခဏလောက် မနာတော့ဘဲ ထမင်းစားနိုင်လိမ့်မယ်။ ထုံဆေး ပျယ်ရင် ပြန်နာမယ်။
• မပျောက်နိုင်သူတွေကို Corticosteroids ပါတဲ့လိမ်းဆေး ပေးနိုင်တယ်။
• Paracetamol တို့ Ibuprofen တို့လို အနာသက်သာဆေး သောက်ခိုင်းတယ်။
• Gentian violet paint ခရမ်းရောင်ဆေး လိမ်းရင် ပိုးဝင်တာ ကာကွယ်နိုင်တယ်။
• ရေများများသောက်ပါ။ (မနာရင်ပေါ့။)
ကုဘို့ဆိုတာ ဖြစ်စေတာကို ပြင်ရမှာ အဓိက ဖြစ်တယ်။

Mon, Oct 29, 2012 at 9:09 PM
ကျတော့် သူငယ်ချင်မှာ လည်ပင်း ရင်ပက်နဲ့ ကျောကုန်းမှာ ဘုလေတွေပြုံပေါက်နေပါတယ်။ အဲဒါဘာဘုလေတွေလဲဆရာ။

ဖြစ်နေတာ ဘယ်လောက်ကြာ၊ ယား-နာ ဘယ်လိုခံစား၊ ဆရာဝန်ပြဘူးသလား၊ ဘယ်ဆေးတွေ သောက်-လိမ်းနေပါသလဲ။

ဟုက်ကဲ့ဆရာ ပထမတော့နည်နည်နဲ့ အခုတဖြည်းဖြည်းနဲ့များလာတယ်။ အခုဆိုနှစ်လလောက်ရှိပါပြီ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

မိုရွာတော့မယ်ဆိုရင် နည်းနည်းယာလာတယ်။ ဘုလေးတွေကပြည်တည်ပြီ ပျောက်တဲ့ဘုလေတွေဆို အမဲစက်ကလေးတွေကျန်ခဲ့တယ်။ ဆရာဝန်တော့ပြဘူတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

အသက်က ၂၃ ပါ။ ယောက်ျာလေးပါ။ အိမ်ထောင်မရှိ မိတ်ဘုဝက်သတ်တော့ ဟုတ်မယ်မထင်ဘူ။ ဆေးကတော့ TiDACT capsule. Y.S.P ပါ လိမ်ဆေးတွေလဲပေးတယ်။ Gentamicin လိမ်ဆေးပါ။

ချတ် လုပ်သလိုတော့ မမေးစေချင်ပါ။ မေးခွန်းမှာ အစုံရေးမေးပါ။ ကျွန်တော့်မှာ အမေးတွေက အမြဲလာနေတော့ အချိန်ကခက်တယ်။ ၃-၄ ခါရေးတာထဲမျာ ဘယ်လောက်ကြာပြီဆိုတာ မပါဘူး။ မဖြစ်တာကို မရေးပါနဲ့။ မထင်တာလဲရေးစရာမလိုပါ။