Friday, November 9, 2012

Macular amyloidosis အရေပြားအညိုကွက်

Thu, Nov 8, 2012 at 7:31 PM
သမီးကတော့ အသက် ၂၅ ရှိပါပြီ။ (့) မှာနေပါတယ်။ သမီးရဲ့နောက်ကျောမှာ အညိုရောင်ရင့်ရင့်နဲ့ အကွက်လေး တွေ့ပါတယ်။ နည်းနည်းတော့ကြာပါပြီ။ ဆေးရုံကိုသွားပြတော့ အသားစယူပြီး Biopsy လုပ်ပါတယ်ရှင့်။ အဖြေထွက်လာတော့ Macular amyloidosis လို့ပြောပါတယ် ဒီဟာက ဘာကြောင့် ဖြစ်ရတာလဲ၊ ပြီးတော့ ကုသလို့ ပျောက်ကင်းနိုင်ပါသလား၊ တခြားနေရာတွေကောပျံ့နိုင်ပါသလား။ ဘာဆေးတွေ သုံးသင့်တယ်ဆိုတာလေးပါ သိချင်ပါတယ်ရှင့်။ စိတ်ကသိကအောက် အတော်ဖြစ်ရပါတယ်ရှင့်။ ဖြစ်နိုင်ရင် အကြောင်းရင်းကို ရှင်းပြပေးစေချင်ပါတယ်ရှင့်။

နောက်ကျောအရေပြားမှာ ခပ်ညိုညို၊ ယားတဲ့ ခပ်ဖေါင်းဖေါင်းအကွက်ဖြစ်ရင် ဒီရောဂါဖြစ်နိုင်တယ်။ အရေပြာ (ဆဲလ်) တွေကြားမှာ အမျိုးမတူတဲ့ (ဆဲလ်) တွေပွါးလာတာဖြစ်တယ်။ ရောဂါဘယ်လိုကဘယ်လိုဖြစ်လာသလဲဆိုတာ မရှင်းပါ။ Fibrillar body theory သီအိုရီ၊ Secretory theory သီအိုရီတွေရှိတယ်။ အာရှတိုက်၊ တောင်အမေရိကားတိုက် နဲ့ အရှေ့အလယ်ပိုင်းကလူတွေမှာ ပိုဖြစ်တယ်။ မိန်းမတွေက ယောက်ျားတွေထက်ပိုဖြစ်တယ်။ ကလေးတွေမှာမဖြစ်ဘူး။ နိုင်လွန်ဘရပ်ရှ်နဲ့ အမြဲပွတ်တိုက်တာမသင့်ဘူး။

Atopic Dermatitis ရောဂါ၊ Dermatomyositis ရောဂါ၊ Poikiloderma of Civatte နဲ့ Postinflammatory Hyperpigmentation ရောဂါတွေနဲ့ဆင်တူလို့ Skin biopsy အသားစဖြတ်ယူစစ်ဆေးနည်းလုပ်ပြီး ခွဲခြားရမယ်။

ဆေးကုရင် Pruritus ယားတာကို ဦးစားပေးလုပ်ရတယ်။
• Antihistamines ခေါ်တဲ့ အိပ်ချင်စေတဲ့ (အင်တီ-ဟစ်တမင်း) ဆေးတွေကို သုံးရတာများတယ်။ Chlorpheniramine ဆေး၊ Diphenhydramine ဆေး၊ Dimethyl sulfoxide ဆေးတွေကိုသုံးရတယ်။
• Topical dimethyl sulfoxide (DMSO) ဆိုတဲ့ ဆေးရည်၊
• Intralesional steroids ဖြစ်နေတဲ့အနာထဲကို (စတီရွိုက်) ဆေးထိုးနည်းတွေကိုလဲ တွဲသုံးတယ်။
• Ultraviolet B (UV-B) light ခရမ်းလွန်ရောင်ခြည်လဲသုံးတယ်။
• Surgical Care ခွဲစိတ်ကုသနည်းလဲရှိတယ်။
o Laser vaporization လေဆာနည်း၊
o Dermabrasion နည်းနဲ့
o Excision ခွဲထုတ်နည်းတွေရှိတယ်။
o Electrodesiccation and curettage ခြစ်ထုတ်နည်းကိုလဲ လုပ်ကြတယ်။
o ဒါပေမဲ့ ပြန်ယားလာတတ်တယ်။

ဒေါက်တာတင့်ဆွေ
၉-၁၁-၂ဝ၁၂ Fri, Nov 9, 2012 at 7:51 PM
သမီးရဲ့နောက်ကျောက အညိုရောင်ရင့်ရင့်ကွက်က ဖောင်းလည်းမဖောင်း ယားလည်းမယားဘူးရှင့်၊ နာလည်းမနာပါဘူး၊ ကြည့်ရဆိုးပြီးတဖြေးဖြေးနဲ့ ပျံ့လာသလိုပဲရှင့်။ ဆေးရုံကပြောတာတော့ အချက် ၂ ချက်ကြောင့်ဖြစ်နိုင်တယ်လို့ပြောပါတယ်ရှင့်။ ၁ ချက်အနေနဲ့ genesis ကြောင့်လို့ပြောပါတယ်။ ၂ ချက်အနေနဲ့ကုတ်ရင်းနဲ့ဖြစ်လာတယ်လို့ပြောပါတယ်။ ဘယ်အချက်ကြောင့်ပဲဖြစ်ဖြစ်ပေါ့နော် ကုသလို့ပျောက်ကင်းနိုင်ပါသလား။ ဒါမှမဟုတ် ဆေးလိမ်းတဲ့နေရာတော့ပျောက်ပြီး တခြားနေရာတွေကိုရော ပျံ့နှံ့သွားနိုင်လားပေါ့နော်။ နောက်ထပ် မပျံ့အောင်ဘယ်လိုနေထိုင်ရမလဲ သိချင်ပါတယ်။

ရောဂါအမည်မသေခြာသေးရင် ဆေးနည်းပြောလို့မသင့်ပါ။ ဓါတ်ပုံရိုက်လဲ သိပ်သိနိုင်မယ်မထင်ပါ။ Biopsy ကအသေခြာဆုံးဖြစ်လို့ ကုသပေးနေတဲ့ဆရာဝန်က အသိဆုံးဖြစ်မှာပါ။ ထူးခြားတာရှိလဲပြောပါ။

အသားစယူစစ်ဆေးပြီးအဖြေက macular amyloidosis လို့ပဲပြောပါတယ်ရှင့်။

ဟုတ်တယ်။ ဆရာဖတ်မိပါတယ်။ ဒါပေမဲ့ မယားတာက ထူးခြားနေတယ်။ မယားရင် (အင်တီဟစ်တမင်း) ဆေး မလိုပါ။

ဆေးဘက်ဆိုင်ရာအသုံးနှုန်းနဲ့ရင်းနှီးမှုမရှိလို့ မေးခွန်းတွေလွဲမှားပြီး ဆရာ့ကိုစိတ်အနှောင့်ယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်။ နောက်ထပ်မပွားလာအောင် ဘယ်လိုလုပ်ရမလဲ သိလို့ရမလားရှင့်။ ပျောက်ကင်းမဲ့ သောက်ဆေးလေးရှိရင်အညွန်းလေးရချင်ပါတယ်ရှင်။

စောစောကပြောထားတယ် မဟုတ်လား။ ရောဂါနာမည်မသိဘဲ ဆေးပေးလို့မဖြစ်ဘူး။

Fibroadenoma ဖိုက်ဘရိုအဒီနိုးမား ရင်သားအကျိတ်

(ကန်တော့ပါ) ၁။ ၂၀ အပျို ရာသီမှန်ပါတယ်ရှင့် Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ https://doctortintswe.blogspot.com/2018/...