ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, November 19, 2012

Q and A November 20012 (3)

1. ကျွန်တော် အားဆေးသောက်ရင် ဆီးတွေဝါနေတယ်ဆရာ။
2. ကျွန်မက (့) မှာနေပါတယ်။
3. အင်ပြင်နေ့တိုင်းထွက်တာကို ဘယ်လိုကာကွယ်သင့်လဲ
4. ကလေးနို့မှုန့်က ဖျော်ပြီးဘယ်လောက်ကြာကြာထားရလဲ။
5. ကျွန်မမိခင်သည် ယခုအခါ မျက်စိနှစ်ဘက်လုံးအား
6. အသည်းရောဂါ ဘီပိုးနဲ့ပတ်သက်ပြီး သိချင်လို့မေးပါရစေ။
7. သမီးနာမည် (့) ပါ။ အသက် ၃၁ နှစ်ပါဆရာ။
8. Ultrasound ရိုက်ခိုင်းသော ဆရာဝန်၏ မရေရာသော
9. နှလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေးလေးမေးချင်လို့ပါ။
10. ကျွန်တော့်သမီးက 2012 ခု 11 လပိုင်း 9 ရက်က တစ်နှစ်နှင့်နှစ်လပြည့်ခဲ့ပါပြီ။

Thu, Nov 15, 2012 at 10:04 AM
ကျွန်တော် အားဆေးသောက်ရင် ဆီးတွေဝါနေတယ်ဆရာ။ အဲဒါဘာဖြစ်တာလဲမသိဘူး။ ယောက်ျားလေးရောဂါလား။ ကျောက်ကပ်ဖြစ်မှာဆိုးလို့ပါ။ ဆေးစစ်ထားရအောင်လို့ပါ။ အထူးသဖြင့် revicon တို့ နောက် အန်နာဗွန်စီတို့ ဗားပလက်တို့ သောက်ရင် ဆီးဝါတယ်။ မတည့်တာလား။ ကျန်တာတော့ ဘာမှမဖြစ်ဘူး။ ပူတာ ညောင်းတာ အောင့်တာတွေတော့ မဖြစ်ဘူး။

ဗီတာမင် ဘီ အုပ်စုထဲက ဘီ ၂ ကနေ ဆီးဝါစေတယ်။ စိုးရိမ်စရာမလိုပါ။ တချို့ဆေးတွေကလဲ အဲလိုဘဲ။ ဥပမာ တီဘီ ဆေး။

Wed, Nov 14, 2012 at 3:35 PM
ကျွန်မက (့) မှာနေပါတယ်။ အသက် ၂၇ နှစ်ပါ။ ပြီးခဲ့တဲ့လက အူမကြီးကင်ဆာဖြစ်လို့ ခွဲစိပ်ထားပါတယ်။ ဆရာ့ရဲ့ အူမကြီးကင်ဆာအကြောင်းရေးထားကို ဖတ်ရလို့ရောဂါအကြောင်း သေသေချာချာသိရလို့ အရမ်း ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့အူမကြီးထဲက tumorက စအိုကနေ ၁ဝcm အကွာလောက်မှာ အရွယ်က 5 cm လောက်ရှိပါတယ်။ CT scan ရိုက်တော့ တခြားနေရာတွေကိုတော့မပြန့်ဘူးတဲ့။ ၂၉.၁ဝ.၁၂ မှာ ခွဲစိပ်ပါတယ်။ ဗိုက်ပေါ်မှာ ၂ cm လောက်အပေါက် ၄ ပေါက်နဲ့ ကလေးမွေးတဲ့အခါခွဲတဲ့နေရာမှာ ၄ cm အရွယ်လောက် ခွဲထားပါတယ်။ အူကို အတွင်းမှာပဲ ဆက်ထားပါတယ်။ colonstomy မလုပ်ရပါဘူး။ ၆.၁၁.၁၂ မှာဆေးရုံကဆင်းပါတယ်။ အသားစ ဖြတ်ထားတဲ့အဖြေတော့ ရှေ့တပတ်လောက်မှာ သိရမယ်လို့ပြောပါတယ်။ ခွဲတာတဲ့ဗိုက်ပေါ်ကဟာတွေက အနာကျက်နေပြီး အသားတက်နေပါပြီး။ သိချင်တာက အထဲက ဆက်ထားတာတဲ့အူက ဘယ်လောက်ကြာရင် အနာကျက်ပါသလဲ။ ဆက်ထားတဲ့အူက ပြန်ပြီး ချုပ်ရိုးပွင့်တက်ပါသလား။ အကိုက်အခဲပျောက်ဆေးနဲ့ ဝမ်းပျော့ဆေး သောက်နေရပါတယ်။ ဝမ်းလည်း ခဏခဏ သွားပါတယ်။ ဝမ်းထဲမှာသွေးနည်းနည်းပါပါတယ်။ အဲတာပုံမှန်ဟုတ်ပါသလား။ -ဝမ်းသွားချင်လာပြီးဆိုရင်လည်း ထိန်းထားလို့ မရပါ။ စအိုကမာတင်းလာပြီး ဝမ်းသွားရင်လည်း စအိုမှာပွန်းပြီး စပ်ဖျင်းဖျင်း ဖြစ်နေပါတယ်။ ဝမ်းကတော့ ပျော့ပါတယ်။ ကြာကြာမထိုင်နိုင်ပါ။ ထိုင်းတာနည်းနည်းကြာရင် တင်ပါးရိုး အတွင်းပိုင်းက နာလာပါတယ်။ အကိုက်ခဲပျောက်ဆေးသောက်ထားတဲ့ အချိန်အတွင်းဆို သက်သာတယ်။ ဆေးအရှိန်ပြေလာပြီးဆို ပြန်နာလာတယ်။ အဲတာပုံမှန်ဟုတ်ပါသလား။ ဘယ်လောက်ကြာကြာ အဲလိုနာနေနိုင်ပါသလဲ။ ဝမ်းပျော့ဆေးကို စွဲသောက်ဖို့လိုပါသလားရှင့်။ ခွဲစိပ်ပြီးနောက်ပိုင်း ဆောင်ရန်ရှောင်ရန်များနဲ့ သတိပြုရန်အချက်များကိုလည်း ဖော်ပြပေးပါအုံးနော်။

အနာကို၊ ခွဲစိတ်တာကို ချုပ်ရင် ချုပ်ပြီးတာနဲ့ အနာကျက်ဖြစ်စဉ်စတယ်။ နေရာနဲ့ ချုပ်ကြိုး၊ အသက်အရွယ်အလိုက် အနာကျက်ဘို့ အချိန်ယူတယ်။ ခေါင်းဆိုရင်မြန်ပြီး၊ ခြေဆိုရင်အချိန်ပိုယူတယ်။ အသက်ငယ်ရင်မြန်တယ်။ ဗိုက်လိုနေရာဟာ ကြားကျတယ်။ ၆-၇ ရက်အချိန်ယူမယ်။ ချုပ်ရိုးပွင့်တာလဲ ဖြစ်တတ်တယ်။ ကင်ဆာမဟုတ်တာမှာလဲဖြစ်တတ်တယ်။ ပိုးမဝင်ဘဲပွင်တာမျိုးလဲ ဖြစ်တတ်တယ်။ ဗိုက်ထဲမှာချုပ်တာမျိုါ်က မဖြစ်တတ်ပါ။ အသားဖြစ်ချုပ်ရိုးသုံးရလို့ဖြစ်တယ်။ အူကိုခွဲထားသူတွေ ဝမ်းသွားရင် သွေးပါတတ်တယ်။ မကြာပါ။ ပြန်ကောင်းပါလိမ့်မယ်။ ဝမ်းထိန်းထားလို့မရတာက အထိန်းကြွက်သားဝိုင်း အားနည်းနေလို့ဖြစ်ပါမယ်။ နာတာမျိုးက ခွဲစိတ်ထားရလို့ဖြစ်ပါမယ်။ အချိန်ယူပြီး သက်သာပါလိမ့်မယ်။ ဆောင်ရန် ရှောင်ရန်ဆိုတာတော့ ခွဲစိတ်ကုသပေးတဲ့ဆရာဝန်တွေကပြောတာ ပိုကောင်းပါမယ်။

Fri, Nov 16, 2012 at 6:34 AM
အင်ပြင်နေ့တိုင်းထွက်တာကိုဘယ်လိုကာကွယ်သင့်လဲမသိဘူးနော်ကျေးဇူးပြုပြီးပြောပြပေးပါနော်

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း

Fri, Nov 16, 2012 at 9:03 AM
ကလေးနို့မှုန့်က ဖျော်ပြီးဘယ်လောက်ကြာကြာထားရလဲ။ ဘယ်လောက်အချိန်အဆဖျော်တာက အသင့်တော်ဆုံးလဲ။

နို့မှုံ့ကို အခန်းအပူချိန်အပေါ်မူတည်တယ်။ ပူနွေးရင် ပိုးဝင်လွယ်လို့ ပျက်မယ်။ အေးရင် ကြာကြာခံတယ်။ ရာသီဥတုနဲ့လဲ ဆိုင်တယ်။ ယင်ကောင်စတာ နားတာနဲ့လဲဆိုင်တယ်။ အချိုးအဆကို နို့မှုံ့ဘူးများပါပါလိမ့်မယ်။

Fri, Nov 16, 2012 at 9:34 AM
ကျွန်မမိခင်သည် ယခုအခါ မျက်စိနှစ်ဘက်လုံးအား လေဆာပြစ်ပြီးဖြစ်ပါသည်။ ၂၂.၉.၁၂ တွင်ပြုလုပ်ခဲ့ပါသည်။ သို့သော် လေဆာပြစ်ပြီးနောက်ပိုင်းတွင် မျက်စိအခြေအနေမှာ ယခင်ကထက်ပိုမိုဆိုးရွားသွားခဲ့ပါသည်။ လူနာတွင် ဆီးချိုမရှိပါ။ ဘယ်ဘက်အခြမ်းမှာမပြောင်းလဲသော်လည်း ညာဘက်တွင်မူ မြင်ကွင်း အပေါ်တပိုင်းနှင့် မျက်စိထောင့် (မျက်ဝတ်ထွက်သည့်နေရာ) တဝိုက်မှာ မမြင်ရတော့ပါ၊ အမှောင်များသာဖြစ်နေသည်ဟုပြောပါသည်။ စမ်းသပ်မှုများ ပြုလုပ်ပြီးဖြစ်ပါသည်။ အမှန်တကယ် ရှေ့ရှိ လူတစ်ယောက်အားကြည့်ရာတွင် ခေါင်းပိုင်းလွတ်နေပါသည်။ လူနာမှာ လေဆာပြစ်လိုက်ရသည့်အတွက်နောင်တ ရနေပါသည်။ လေဆာမပြစ်လျှင်လည်း margin ပေါ်တွင်ရောက်နေသည်ဟု ဆိုပါသဖြင့် နောက်ပိုင်းမျက်စိကွယ်သွားနိုင်ပါသဖြင့် စောစီးစွာ ကာကွယ်ထားသင့်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့်လူနာမှ လေဆာပြစ်ရန်ရွေးချယ်ခဲ့ပါသည်။ လေဆာပြစ်ပြီးနောက်မှ စစ်ထားသော မြင်ကွင်းစစ်ချက်စာရွက် အား ကျွန်မပို့ပေးလိုက်ပါသည်။ ODC ဆေးစစ်စာရွက်စာတမ်းမှာ လေဆာမပစ်ခင်ဖြစ်ပါသည်။ ထိုစာရွက်များအား သေချာစွာ ကြည့်ရှုပေးစေချင်ပါသည်ရှင့်။ ကျွန်မ ယူဆသည်မှာ ညာဘက်မျက်စိလေဆာပစ်ချိန်တွင် အချိန်အဆ မှားယွင်းသွားသည်ဟု ထင်မြင်မိပါသည်။ မပစ်ခင်အထိ မိခင်မှာ အမြင်အာရုံ ဝါးခြင်းသာဖြစ်သည်၊ မကွယ်သေးပါ။ ကျွန်မထင်မြင်ယူဆချက်အား မှန် /မမှန် သုံးသပ်ပေးစေချင်ပါသည်။ မည်သို့ဆက်လက်ဆောင်ရွက်လျှင် အကောင်းဆုံး ဖြစ်နိုင်ပါသလဲ သိချင်ပါသည်။ နိုင်ငံခြားသို့ ပို့ဆောင်ဆေးကုသရမည်ဆိုပါက ကျွန်မတို့အနေနှင့် မည်သည့်ဆေးရုံကို ရွေးချယ်သင့်ပါသလဲ အကြံဥာဏ်ပေးစေချင်ပါသည်ရှင့်။

ဆောရီး။ ဘယ်ဆေးကုသနည်းမှာမဆို Side effects ဘေးထွက်ဖြစ်တာ၊ Complications နောက်ဆက်တွဲဖြစ်တာတွေ ရှိပါတယ်။ ထင်မြင်တာလဲ ဖြစ်နိုင်ပါတယ်။ ဆရာက မျက်စိအထူးကုတော့ မဟုတ်ပါ။

Fri, Nov 16, 2012 at 7:39 PM
အသည်းရောဂါ ဘီပိုးနဲ့ပတ်သက်ပြီး သိချင်လို့မေးပါရစေ။ ဖြစ်ရင်လုံးဝပျောက်ကင်းတဲ့အထိ ပြန်ကုလို့ရလား။ မရဘူးရော၊ ရတယ်ရောကြားဘူးလို့ပါ။ ရရင်ရော ဘယ်လိုဆေးနဲ့ သောက်ရင် ပျောက်တာလဲ။ ကုသချိန်နဲ့ ကုန်ကျစရိတ်က ဘယ်လောက်ရှိမလဲ။ စီပိုးအတွက်ရော အဲဒီလိုပဲလား။

• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html
• Hepatitis C (1) (စီ) ပိုး http://dts-medicaleducation.blogspot.com/2011/11/hepatitis-c.html
• Hepatitis C (2) (စီ) ပိုး နောက်ဆက်တွဲ http://dts-medicaleducation.blogspot.com/2011/03/hepatitis-c.html
• Hepatitis C (3) (စီ) ပိုး (ဗိုင်ရယ်လ်-လုဒ်) http://dts-medicaleducation.blogspot.in/2012/02/hepatitis-c-2.html
• Hepatitis C Vaccine အသဲရောင် (စီ) ကာကွယ်ဆေး အလားအလာရှိ http://dts-medicaleducation.blogspot.com/2012/01/hep-c-vaccine.html

Fri, Nov 16, 2012 at 9:02 PM
သမီးနာမည် (့) ပါ။ အသက် ၃၁ နှစ်ပါဆရာ။ သမီးခါးနာတာ သုံးလလောက်ရှိပါပြီ။ မိုးလင်းလို့ ထလိုက်ရင် ပိုနာပါတယ်။ ဒါနဲ့ ပြီးခဲ့တဲ့တစ်ပတ်က ဆေးခန်းပြပါတယ်။ ဆီး သွေး ဓါတ်မှန်ရိုက်ခိုင်းပါတယ်။ ဓါတ်မှန်မှာ ခါးအရိုးက ညာဘက်ကို ကောက်သွားပါတယ်။ ဒါပေမယ့် သမီးကို လမ်းလျှောက်ခိုင်းတာလည်း တည့်တည့်မတ်မတ် လျှောက်နိုင်ပါတယ်။ ဒါနဲ့ volini တစ်နေ့သုံးကြိမ်လိမ်းခိုင်းပါတယ်။ ဆေးစစ်ချက်တွေက ASO 400, ESR 4mm/1hr, R.B.S 87, RA negative, Uric acid 5.0 တွေပါ။ myonal ဆေးရယ် kalmeco ဆေးကို တစ်နေ့ နှစ်ကြိမ် သောက်ခိုင်းပါတယ်။ အခုခံစားနေရတာက ရင်ထဲမှာ တစ်လှပ်လှပ်နဲ့ ခေါင်းလည်းမူးပါတယ်။ နားထင်သွေးလည်း တစ်ဒုတ်ဒုတ်နဲ့ နောက်လှည့်လိုက်ရင်ကို မူးပါတယ်။ သမီးသောက်တဲ့ဆေးကြောင့်လား သိချင်လို့ပါ။ ဆေးက ဘာအတွက်လဲဆိုတာ သိချင်ပါတယ်။ သွေးပေါင်ချိန်က ၁၂ဝ ၈ဝ ပါ။ ဘာကြောင့်ဖြစ်လဲဆိုတာ ပြောပြပေးပါအုန်း။

Low Back Pain ခါးနာ သက်သာစေရန်
Myonal ဆေးဟာ Muscle relaxant ကြွက်သားပြေလျှော့ဆေးဖြစ်တယ်။
Kalmeco ဆေးဟာ Peripheral neuropathies ဘေးအဖျားအနားအာရုံကြောရောဂါကိုကုတဲ့ဆေးဖြစ်တယ်။ Megaloblastic anaemia နဲ့ Cyanocobalamin သွေးအားနည်းရောဂါတွေကို ကာကွယ်ဘို့လဲသုံးတယ်။

Sat, Nov 17, 2012 at 3:29 AM
ultrasound ရိုက်ခိုင်းသော ဆရာဝန်၏ မရေရာသော အကြံပြုချက်ကြောင့် ကျွန်တော်၏အမျိုးသမီးမှာ ဆရာ့ဆီမှ အကြံဉဏ်ကို စောင့်နေပါသည်။ ဘယ်ဆရာဝန်ကို ဆက်၍ပြသသင့်သည် ဆိုတာကို အကြံပြုစေလိုပါသည် ခင်ဗျား။

ဆေးစာတွေကိုဖတ်လို့ရသလောက် ဒီလိုမှတ်ချက်တွေတွေ့ပါတယ်။
- Minimal Hydronephrosis ကောက်ပ်မှာ ရေအောင်းတာ နည်းနည်းလေးရှိတယ်။
- Desmoid type tumor (ဒက်စ်မွိုက်) ပုံစံ (ကျူးမား) အကျိတ်ဖြစ်နိုင်တယ်။
- Sarcome of muscle, Soft tissue tumor, Granuloma ကြွက်သားဆာကိုးမား၊ သို့မဟုတ် အပြော့စား (တစ်ရှူး) အကျိတ်၊ အမာရွတ်အကျိတ်တွေကိုထည့်စဉ်းစားသင့်။
- Carcinoma of Cervis is less likely သားအိမ်ဝကင်ဆာ မဖြစ်လောက်၊
- Resolving hematoma with granuloma formation at lower end of left anterior abdominal wall muscle ဝမ်းဗိုက် ရှေ့ပိုင် အောက်ပိုင်းးကြွက်သားမှာ သွေးခြေဥ-အမာရွတ်အကျိတ်၊
- Neoplasm is unlikely ကင်ဆာမဖြစ်လောက်။

Sun, Nov 18, 2012 at 9:55 AM
နှလုံးနဲ့ပတ်သက်တဲ့ ကျန်းမာရေးလေးမေးချင်လို့ပါ။ ကျွန်တော်ဟာအသက် ၇ နှစ်အရွယ်မှာ သေမလောက် ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကြုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ မသေဘဲခုထိ အသက်ရှင်လျှက်ရှိပါတယ်။ ဒါပေမဲ့ ခုထိခံစားနေရတာကတော့ ကြောက်စိတ်တွေကျန်နေတာပါဘဲ။ သာမန်ချိန်မှာမသိနိုင်ပေမဲ့ ကိုယ်မသိတဲ့လူနဲ့ အရေးကြီးကိစ ပြောရတော့မယ် ကိုယ့်အထက်လူကြီးနဲ့ ပြောရဆိုရတော့မယ်ဆိုရင် သိသိကြီးနဲ့ကို နှလုံးက တဒိတ်ဒိတ်နဲ့ခုန်ပြီး စကားပြောတော့လည်း အသံတွေတုန်နေပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ကိုထိန်းပေမဲ့ မရပါဘူး ဒါကြောင့်မလို့ ကျွန်တော်မှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါ ရှိနေပြီလို့ခံစားရပါတယ်။ ဒါကြောင့် သောက်ရမည့်ဆေး လိုက်နာရမည့်ကျန်းမာရေးလမ်းညွှန်ချက် များကိုလမ်းညွှန်စေလိုပါသည်။

စိတ်မှာ ထိခိုက်မှုကြောင့်ဖြစ်တာနေပါမယ်။ မစိုးရိမ်ပါနဲ့။ စိတ်ကို ကုသရာတာ စိတ်အထူးကုဆရာဝန်တွေက လုပ်ပေးနိုင်ပါတယ်။ ကောင်းလာပါလိမ့်မယ်။ လောလောဆယ် အဲလို စိတ်လှုတ်ရျားစရာတွေ့ရမယ်ဆိုရင် ဆေးသောက်နိုင်တယ်။ ဥပမာ လူရှေ့ထွက် စကားပြောစရာ။ Propranolol 20-40 mg ကြိုက်သောက်ရင် သက်သာမယ်။ နှလုံခုန်နှေးလာလိမ့်မယ်။ အမြဲသောက်နေစရာမလိုပါ။ လိုတော့ စိတ်အထူးကုဆရာဝန်ကို အကူအညီတောင်းပါ။

Thu, Nov 15, 2012 at 8:09 PM
ကျွန်တော့်သမီးက 2012 ခု 11 လပိုင်း 9 ရက်က တစ်နှစ်နှင့်နှစ်လပြည့်ခဲ့ပါပြီ။ ယခုအချိန်ထိ လမ်းမလျှောက်သေးဘူး။ အားဆေးက grovit ပဲတိုက်တယ်။ စိုးရိမ်စရာများရှိလားဆရာ။ ဘာအားဆေးများတိုက်သင့်ပါသလဲ။ ဘယ်လိုအာဟာရများ ကျွေးသင့်ပါသလဲ။

သိပ်မစိုးရိမ်ပါနဲ့။ တချို့ကလေးတွေက နောက်ကျတတ်တယ်။ ၃ လ ခေါင်းထောင်တာ၊ ၅ လ ဝမ်းလျှားမှောက်၊ ၇ လ ထိုင်တာတွေက ပုံမှန်ဖြစ်ခဲ့ရင် ပြီးတာပါဘဲ။ ခုချိန်မှာ မတ်တပ်ရပ်တာ နဲ့ စကားနဲနဲစပြောတာတွေလာသင့်တာမှန်ပါတယ်။ ကလေးအားဆေး တိုက်တာကောင်းပါတယ်။ အစားအသောက် စုံအောင်နဲ့ မျှအောင်သာကြွေးပါ။ ကယ်လ်စီယမ်လဲ တိုက်သင့်ပါတယ်။ ကလေးတွက်သပ်သပ်လာတယ်။ ဒိထက်လိုမှသာ ကလေးအထူးကုဆရာဝန်ကိုပြပါ။