ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, November 22, 2012

Q and A November 20012 (4)

1. May I know about "chronic Venus insufficiency"
2. ဆရာရဲ့ "Alcoholism အရက်အတွက်အခက်တွေ့နေသူတွေ" ဆိုတဲ့ ပို့စ်လေးကို
3. ခုကျွန်မ သားလေး အူကျတာကို မန္တလေးမှာ ခွဲစိတ်ပြီးသွားပါပြီ။
4. ကျွန်တော့်အမေကို မေးကြည့်တော့ နှလုံးအဆို့ရှင်က
5. ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပညာပေးဆောင်းပါးမရှိသလောက် နည်းပါးသည့်
6. Thank u so much for your reply mail.
7. ကျွန်တော့် စအိုဝ ညာဖက်အခြမ်း အနားထိပ်မှာ
8. Disorder of blood and bone marrow ရောဂါ ဆိုတာ
9. သမီးက (့) နိုင်ငံမှာ ကျောင်းတက်နေပါတယ်။
10. ကျွန်တော့် သူငယ်ချင်းတယောက်လဲ ဗိုက်ရဲ့ညာဘက်က
11. သားလေးက ရှစ်လရှိပါပြီ။
12. Please let me send some photos of my mother's problem.
13. ကျနော့်အသက် 28 ပါ။ ကလေးလိုချင်လို့ပါ။
14. ကျွန်မ အသက်က 29၊ အိမ်ထောင်ရှိပါတယ်။
15. ကျွန်တော့်အမည်က ကို (့) ဖြစ်ပါတယ်။

Thu, Nov 22, 2012 at 12:04 PM
May I know about "chronic Venus insufficiency" and how to sure it? Please kindly advise me in Burmese if possible.

Chronic venous insufficiency or CVI ဆိုတာ နာတာရှည်ဖြစ်နေတဲ့ သွေးပြန်ကြောကသွေးမလုံလောက်တာကိုခေါ်ပါတယ်။ အဲလိုဆိုရင် အောက်စီဂျင်မဝတာဖြစ်နေမယ်။
သွေးပြန်ကြေတွေ ပျက်စီးရာဖြစ်တာကို Impaired musculovenous pump ခေါ်တယ်။ သွေးပြန်ကြောတွေထဲက အဆို့ရှင်လေးတွေကောင်းကောင်းအလုပ်မလုပ်နိုင်လို့ဖြစ်ရတယ်။
Deep vein thrombosis အတွင်းပိုင်းနေရာ့ သွေးပြန်ကြောကြီးတွေမှာ သွေးခဲပိတ်လို့ဖြစ်တယ်။
Phlebitis သွေးပြန်ကြောရောင်ခြင်းလို့ခေါ်တယ်။ အမျိုးသမီးအသက်ကြီးသူတွေမှာပိုဖြစ်ကြတယ်။ အလုပ်အကိုင်သဘောကနေဖြစ်တာတွေလဲရှိတယ်။ ဥပမာ လေထီးခုန်သူတွေ၊ နေရာ အမျိုးမျိုးမှာဖြစ်နေနိုင်တယ်။
Venous insufficiency in the legs ခြေထောက်၊
May-Thurner syndrome ပေါင်ခြံသွေးပြန်ကြော၊
Venous insufficiency in the central nervous system ဗဟိုအာရုံကြောစနစ်၊
Venous insufficiency in the liver အသဲ။

Sun, Nov 18, 2012 at 1:09 PM
ဆရာရဲ့ "Alcoholism အရက်အတွက်အခက်တွေ့နေသူတွေ" ဆိုတဲ့ ပို့စ်လေးကို ဆေးပညာနှင့်ပတ်သက်သမျှ ဆွေးနွေးရန်ဆိုတဲ့ group လေးမှာ ဆရာကြီးဆီ ခွင့်မတောင်းမိပဲ တင်ပေးထားပါသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန် ခွင့်တောင်းအပ်ပါသည် ခင်ဗျာ။

ဆရာရေးတဲ့ ကျန်းမာရေးစာတွေက အခမဲ့သာဖြစ်ပါတယ်။ သူများသိအောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်။

Wed, Nov 21, 2012 at 2:17 PM
ခုကျွန်မ သားလေး အူကျတာကို မန္တလေးမှာ ခွဲစိတ်ပြီးသွားပါပြီ။ နောက် ဒါမျိုးမဖြစ်အောင် ဘာတွေဆင်ခြင်သင့်သလဲ ဖြေပေးပါအုံးရှင်။ ပြီးတော့ သားလေးက ဆီးသွားတာ နည်းပါတယ်။ မနက် အိပ်ရာက ၉နာရီလောက်မှထတော့ အတင်းဆီးသွားခိုင်းမှ သွားပါတယ်။ နေ့ခင်းတစ်ခါနဲ့ အိပ်ရာဝင်ခါနီးတစ်ခါ။ တစ်ရက်ကို စုစုပေါင်း ၃ ခါပဲသွားပါတယ်။ ရေနဲ့ အသီးဖျော်ရည်တွေလဲ တိုက်ပါတယ်။ သူဟာသူ ဆီးသွားချင်လို့ တစ်ခါမှ မပြောပါဘူး။ မိဘကပဲ သတိနဲ့ ဆီးတည်ပေးရပါတယ်။ ဘာကြောင့်ပါလဲ။ ဘာတွေလုပ်ဖို.လိုအပ်သလဲဖြေပေးပါရှင်။

Hernia ခွဲပြီးကာစ အနာကောင်းကောင်းမကျက်ခင်မှာ အလေးမတာ၊ အထိုင်အထလုပ်တာ၊ ချောင်းဆိုး-နှာချေတာ၊ ဝမ်းညှစ်တာတွေ သတိထားပါ။ အနာကျက်တဲ့နောက် သိပ်ဂရုစိုက်စရာမရှိပါ။ ပြန်မဖြစ်ဘူးတော့ ၁ဝဝ% မပြောနိုင်ပါ။ နောက်တဖက်မဖြစ်ဘူးလဲ မပြောနိုင်ပါ။ ဒါပေမဲ့ ရှားလွန်းပါတယ်။ ကြွက်သား-အရွတ်တည်ဆောက်မှု အားနည်းမှသာ ဖြစ်ပါတယ်။ ဆီးအတွက် ရောဂါမဟုတ်လို့ ထူးပြောစရာမရှိပါ။ ဆီးအတင်းသွားစေတဲ့ဆေးကို လုံးဝမတိုက်ပါနဲ့။

Wed, Nov 21, 2012 at 1:45 AM
disorder of blood and bone marrow ရောဂါ ဆိုတာ ဘာတွေဖြစ်ပါသလဲဆရာ။ ခန္ဓာကိုယ် တစ်ကိုယ်လုံး အရေပြားပေါ်မှာ မီးလောင်ဖုလေးတွေလို အနာတွေဖြစ်တာ ဘာဓါတ်ချို့ယွင်းပြီး ဘယ်လိုဆေးတွေ သောက်သုံး လိမ်းပေးသင့်ပါသလဲ ဆရာ။ ဆီးချိုရောဂါ ရှိရင် အဲလိုအနာမျိုး တွေ ထွက်တတ်ပါသလားဆရာ။

• Bone Marrow Diseases ရိုးတွင်းခြင်ဆီ ရောဂါများ http://dts-medicaleducation.blogspot.in/2012/08/bone-marrow-diseases.html

Tue, Nov 20, 2012 at 2:57 PM
ကျွန်တော့်အမေကို မေးကြည့်တော့ နှလုံးအဆို့ရှင်က ငယ်ငယ်ကတည်းက တစ်ခုမကောင်းဘူးတဲ့။ အဲဒါ ဆေးကုထားတာပါ။ အခုအသက် ၅၇ နှစ်ထိ ဆေးမသောက်ပဲနေတာ ရုတ်တရက် မောမောလာလို့ ဆရာဝန်သွားပြတော့ အဆို့ရှင်ကသုံးခုတောင်ပျက်နေပြီတဲ့။ တစ်ခုပဲကောင်းတယ်ပြောတယ်။ အမေက နှလုံးညှစ်အားကောင်းတယ်လို့ ပြောတယ်။ အမေက အရင်က ပုံမှန်လိုနေနိုင်ပါတယ်။ အခုအဲလို အဆို့ရှင်သုံးခုပျက်ပြီးမှ လမ်းလျှောက်ရင်တောင် မောနေတတ်လို့ ဖြေးဖြေးပဲလျှောက်ကတယ်။ ခြေထောက် အောက်ပိုင်းတွေလဲ အေးနေတတ်တယ်ပြောတယ်။ အိပ်ရင်လဲ ပက်လက်လှန်အိပ်လို့မရဘူးတဲ့။ ပက်လက်လှန်အိပ်ရင် နှလုံးခုန်သံဒိန်းဒိန်းနဲ့ကြားနေကတယ်တဲ့။ အဲဒါမှောက်အိပ်ရင် ဒါမှမဟုတ် ဘေးတစ်စောင်းပဲအိပ်နေကတယ်။ စဖြစ်ခါစက သွေးတိုးလို့ ဆရာဝန်က သွေးကျဲဆေးပေးလို့ သောက်ပါတယ်။ အခုတော့ သွေးတိုးသက်သာသွားလို့ ဆီးကျဲဆေးက ကျောက်ကပ်ထိမှာစိုးလို့ဆိုပြီး ရေပဲများများသောက်ပါတယ်။ အမေက ညဘက်အိပ်ရင်လဲ အိပ်ဆေးမသောက်ရင် အိပ်မပျော်ဘူး။ ဆရာဝန်က ညဘက် အိပ်ပျော်အောင် စိတ်ငြိမ်ဆေးပေးပါတယ်။ အဲဒီစိတ်ငြိမ်ဆေး မသောက်ရင် အမေကအိပ်မပျော်ပါဘူး။ စိတ်ငြိမ်ဆေးက ရေရှည်သောက်ရင် အန္တရယ်ရှိလား။ အိပ်ဆေးမသောက်ပဲ အိပ်ပျော်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အမေရဲ့ အဆို့ရှင်က ခွဲလို့လဲမရတော့ဘူးလို့ပြောတယ်။ အဲလိုပဲလားဆရာ။ အမေ့နှလုံးကို အကောင်းဆုံးပြန်ဖြစ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆရာ။ ပြီးတော့ အမေ့အတွက် ဘယ်လိုအစားအသာက်ကို ရှောင်ပြီး ဘယ်ဟာကို စားရမယ်ဆိုတာ ပြောပြပါ။ ဒီလိုဖြစ်ရင်ရော ဘယ်အတိုင်းအတာထိ ဘယ်လိုနေနိုင်လဲဆရာ။ အခုလောလောဆယ် အမေက ဆရာဝန်ပေးတဲ့ဆေးတွေ သောက်နေပါတယ်။ အမေကအခုလို နဲနဲလှုပ်ရှားရင်ေ မာမနေပဲ အရင်လို ပြန်နေနိုင်အောင် ဘယ်လိုလုပ်ကမလဲ။

• ဆောရီးဗျာ။ ပွင့်ပွင့်လင်းလင်းဘဲပြောပါရစေ။ ရေးပြတဲ့အတိုင်းဆိုရင် နှလုံးက လိုအပ်ချက်ကို ပြည့်မီအောင် မလုပ်နိုင်တော့ပါ။ ဒါကြောင့် မောတာ၊ ခုန်သံကြားနေရတာ၊ လှဲမအိပ်နိုင်တာ၊ ကိုယ်ရောင်ချင်တာ၊ စတာတွေဖြစ်လာတယ်။ ခွဲစိတ်ဘို့ဆိုတာ နှလုံးအထူးကုဆရာဝန်ကသာ သင့်-မသင့် သိနိုင်ပါတယ်။
• ဆီးကျဲဆေးလို့တော့မရှိပါ။ သွေးကျဲဆေးနဲ့ သွေးတိုးက မဆက်စပ်ပါ။ သွေးကျဲဆေးလဲပေးနိုင်သလို ဆီးများများ သွားစေတဲ့ဆေးလဲ ပေးနိုင်တယ်။ ကိုယ်တာရော နှလုံးအတွက် ဝန်သက်သာစေအောင်ပါ ဆီးသွားစေမဲ့ဆေး သောက်ဘို့ သင့်ပါတယ်။
• အိပ်ဆေးနာမည်တော့ မသိရပါ။ မအိပ်နိုင်ရင် ဆရာဝန်ပြောပြပါ။ အိပ်နိုင်ရင် နားရတာမို့ လူနာသက်သမယ်။ စိတ်ငြိမ်ဆေးကလဲ နားရလို့ သက်သာပါမယ်။
• အစားအသောက်ကတော့ အငန်တမျိုးသာမတည့်မယ်ထင်ပါတယ်။ လူကဝလား၊ ကိုလက်စထောများလားတော့မသိပါ။ ဝရင် အဆီလဲလျှော့ရမယ်။ နေ့တိုင်း အသီးတမျိုးမျိုးစားသင့်တယ်။ အသီးအရွက်လဲသင့်ပါမယ်။
• လူနာကို စိတ်အေးချမ်းသာရှိစေတာက အထောက်အကူပြုတယ်။ တရားလိုက်စားတာကလဲ အကျိုးရှိစေပါမယ်။

Wed, Nov 21, 2012 at 1:02 AM
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ပညာပေးဆောင်းပါးမရှိသလောက် နည်းပါးသည့် YaBa ဆေးပြားခေါ် စိတ်ကြွ ရူးသွပ် ဆေးပြားများ၏ ဆိုးကျိုးကောင်းကျိုးများကို ရေးသားဖော်ပြပေးရန် တောင်းဆိုအပ်ပါသည်။ ငွေဝင်ဖြောင့်သူတိုင်း အသုံးပြုနေကြပါသည်။ ကျွန်တော်အပါအဝင် သူငယ်များစွာလည်း ရံဖန်ရံခါ သုံးစွဲကြပါသည်။ ထိုဆေးပြား၏ ဆိုးကျိုး ကောင်းကျိုးကို မြန်မာစာဖြင့်ရေးသားထားသည်ကို အွန်လိုင်းတစ်ပုဒ်သာ ရှိပါသည်။ YaBa & methamphetamine တို့၏ဆိုကျိုးနှင့်ကောင်ကျိုး အကြောင်းကိုတိကျစွာခွဲခြားနားလည်း လိုပါသည်။ ကောင်းကျိုးဟု ထည့်ပြီးမေးရခြင်းမှာ ကျွန်တော်အပါအဝင် သူငယ်ချင်းများဟာ ခဏခဏငြင်းခုံကြပြီး ဖြတ်မယ်နားမယ် မဖြတ်ဘူးမနားဘူး အလုပ်တွေ အများကြီးလုပ်ရအုံးမယ် စသဖြင့်အကြောင်းပြပြီး ဆက်လုပ်မယ့်သူရော အကြောင်းမပြပဲ ကြုံတဲ့အခါ လုပ်မယ်ဆိုသူဆို ဒီလိုနဲ့ပဲ နေ့မခြားလောက်အောင်ကိုကြိုက်နှစ်သက်နေကြပါသည်။ ကျွန်တော်ကိုယ်တိုင်ပင် မလုပ်တော့ဘူးဟု ဆုံးဖြတ်ထားသော်လည်း သူငယ်ချင်းများနှင့်ဆုံလျှင် လုပ်ချင်စိတ်ထိမ်းမရသည်များ ခဏခဏ ကြုံလာသည့်အတွက် ဆရာ၏ရှင်းလင်းရေးသားမှုကိုစောင့်မျှော်နေပါမည်ခင်ဗျား။

Amphetamines ယာဘ-ရာဘ-ရာမ-ယာမ

Wed, Nov 21, 2012 at 3:49 AM
Thank u so much for your reply mail. My BP is 110/65 and pulse is 88/min. My pulse is always between 84 and 100/min. Sometimes I felt rapid heartbeat. I am 5'2" tall and 125 lb. My menstruation is 40 days cycle. Sometimes 35-day cycle. Before married, I have 30 to 35 cycle (I have been married for 4 years), not child yet. I have stress usually. Now I take ibuprofen 200mg 3 times a day and do meditation. My worries reduce more after reading your reply mail and my headache reduce.

If the pulse/heart rate is fast (over 80.min), you will feel palpitation i.e. you are aware of your heart beating. If it is a problem you can take Propranolol 20 mg. But you don't need it every day.

Wed, Nov 21, 2012 at 7:57 PM
ယခင်တခါ ကျွန်တော် အလာဂျီဖြစ်လို့ ဆေးညွှန်းလှမ်းတောင်းဘူးတဲ့တယောက်ပါဆရာ။ ယားယံတာ မဖြစ်တော့ပါဘူး။ နားနဲ့မနာ ဖဝါးနဲ့နာ ပါဆရာ။ ကျွန်တော့် စအိုဝ ညာဖက်အခြမ်း အနားထိပ်မှာ အနာစိမ်းလို အနာဖု ထွက်လာပါတယ်။ ပထမတော့ အပူကြောင့်ရောင်ရမ်းတယ်လို့ ထင်နေပါတယ်။ အဲဒီမတိုင်ခင်တပတ်လောက်က ကျွန်တော် အပူငုပ်ပြီး ဖျားပါတယ်။ ဒုက္ခသည် ဆေးရုံမှာသွားပြတော့ ဆီးပိုးတွေ့လို့ဆိုပြီး သောက်ဆေးတွေပေးပါတယ်။ ဆေးသောက်ပြီးတော့ အဖျားကျ ပိုးမတွေ့ဘူးလို့ ပြောပါတယ်။ စအိုဝအနာကလည်း ထိလိုက်ရင်နာတယ်။ သွားလာလှုပ်ရှားနေရင် ပုံမှန်ပါပဲ။ အခုတဖြည်းဖြည်းနဲ့ အနာဖုလေး အနာစိမ်း အဖုလိုမျိုး စမ်းကြည့်ရင် မာပြီးနာနေတာ ၃ ခုလောက် ရှေ့ နောက်တန်းပြီး ညာဖက်တခြမ်းတည်းမှာ ဖြစ်လာတယ်ဆရာ။ ပြီးတော့ စအိုဝတခြမ်းက ရောင်ပြီး ဘုလို အသားပိုလိုမျိုးထွက်လာပြီး အနေရအထိုင်ရခက်တယ်။ ဝမ်းလည်း ပုံမှန် ဆီးလည်းပုံမှန်သွားပါတယ် ဖင်ချထိုင်ရင် နာနေတာမို့ နောက်ပိုင်း ထိုင်ရတာအဆင်မပြေလို့ မတ်တပ်ထ နေရပါတယ်။ ဆေးရုံက ခွဲစိတ်ကုသမပေးနိုင်လို့ ဘာဆေးသောက်ရမှန်းမသိ ဖြစ်နေပါတယ်။ တကယ်လို့ ခွဲစိတ်ကုသရမယ့် အဆင့်ဆိုလည်း ကျွန်တော်တို့စခန်းနဲ့အနီးဆုံး ၇ဝ ကီလိုဝေးတဲ့ အုန်းဖန် ဆေးရုံကိုသွားရပါမယ်။ သောက်ဆေးနဲ့ ကုသလို့ရနိုင်မယ်ဆိုလည်း ဆေးမှာသောက်ပါ့မယ်။ ကျွန်တော် လိပ်ခေါင်းရောဂါလည်း တခါမှမဖြစ်ဘူးပါဘူးဆရာ။ မျိုးရိုးမှာလည်းမရှိခဲ့ပါဘူးဆရာ။

ပြည်တည်နာဖြစ်နေပုံရတယ်။ လိပ်ခေါင်းရှိသူဆိုရင် တမျိုးစဉ်းစားရတယ်။ ပြည်ဆိုတာ အများအားဖြင့် ဗက်တီးရီးယးကနေဖြစ်စေတယ်။ ဗက်တီးရီးယားကို ပိုးသေဆေးနဲ့သေစေတယ်။ ဒါပေမဲ့ ပြည်တည်လာပြီဆိုရင်တော့ ပြည်ထွက်မှသာပျောက်မယ်။ မှည့်ရင် ခွဲထုတ်ရတယ်။ မခွဲနိုင်ရင်ပြည်ပေါက်လာမယ်။ မထွက်ရမချင်း အလွန်နာမယ်။ စအိုနဲ့နီးတာဆိုရင် နောင်မှာ ဘရင်ဂျီနာဖြစ်မလာဘို့လိုမယ်။ ပြည်စောစောထွက်တာကောင်းတယ်။ ပိုးသေဆေးလဲ ပိုးကိုနိုင်မှကောင်းမယ်။ ဥပမာ Cloxacillin + Ampicillin ၂ မျိုးတွဲပေးရတတ်တယ်။ အနာသက်သာဆေး Paracetamol/Ibuprofen ကို တနေ့ ၃-၄ ခါသောက်ပါ။ အပူကပ်ပေးပါ။

Wed, Nov 21, 2012 at 1:45 AM
Disorder of blood and bone marrow ရောဂါ ဆိုတာ ဘာတွေဖြစ်ပါသလဲဆရာ။ ခနာကိုယ် တစ်ကိုယ်လုံး အရေပြားပေါ်မှာ မီးလောင်ဖုလေးတွေလို အနာတွေဖြစ်တာ ဘာဓါတ်ချို့ယွင်းပြီး ဘယ်လိုဆေးတွေ သောက်သုံး လိမ်းပေးသင့်ပါသလဲ ဆရာ။ ဆီးချိုရောဂါ ရှိရင် အဲလိုအနာမျိုး တွေ ထွက်တတ်ပါသလားဆရာ။ ဆရာ အချိန်ရင်ဖြေပေးပါ။

အသေအခြာတော့ မမေးရ မကြည့်ရသေးပါ။ Erysipelas ခေါ်တဲ့ Streptococcus ဗက်တီးရီးယားဝင်တာဖြစ်နိုင်တယ်။ အရေပြားအပေါ်ယံနဲ့ လင်ဖ်ကြောတွေမှာ ရောင်နေတာဖြစ်တယ်။ Antibiotics ပိုးသေဆေးပေးရတယ်။ Penicillins, Clindamycin နဲ့ Erythromycin တွေသုံးရတယ်။ ပိုးသေးပြီးလဲ မမြင်မှာကျန်နေသးတယ်။ ပျောက်ဘို့အချိန်ယူသလို ပြန်ဖြစ်တတ်တယ်။
Vesicle ခေါ်တဲ့ မီးလောင်ဖုလို အရည်အောင်းနေတာဆိုရင် အကြောင်းအမျိုးမျိုးကနေဖြစ်စေတယ်။ Allergic reactions အလာဂျီဖြစ်ခြင်း၊ Atopic dermatitis (eczema) နှင်းကူနာ၊ Bullous pemphigoid or pemphigus (အော်တို-အင်မြူး) အနာ၊ Porphyria cutanea tarda and dermatitis herpetiformis အရေပြားနာ၊ Chicken pox ရေကြောက်၊ Contact dermatitis ထိမိရာကဖြစ်တဲ့ အရေပြားနာ၊ Herpes simplex ရေယုံ၊ Herpes zoster (shingles) ရှင်ဂဲလ် ရေယုံတမျိုး၊ Impetigo (အင်ပီဒီဂို) အနာ၊

Bone Marrow Diseases ရိုးတွင်းခြင်ဆီ ရောဂါများကိုပို့လိုက်ပါတယ်။ သွေးရောဂါတွေက များလို့ နောက်မှရေးပါရစေ။

Thu, Nov 22, 2012 at 6:22 PM
သမီးက (့) နိုင်ငံမှာ ကျောင်းတက်နေပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်တုန်းက သမီးကိုပေါ်မှာ အကောင်ကိုက်သလို ယားယံလာပါတယ်။ ကုတ်လိုက်တော့လည်း အနီအစက်ဝိုင်းကြီးတွေဖြစ်လာပါတယ်ရှင့်။ အဲ့ဒါ အစကတော့ရိုးရိုးပဲသာမာန် allergic ဖြစ်တယ်လို့ ထင်မိတာ။ ၂ ရက်လောက်နေတဲ့အထိ မသက်သာတော့ ဆေးခန်းကို သွားပြပါတယ်။ ဘာဖြစ်လို့ ဖြစ်တာလဲတော့ မသိပါဘူးရှင့်။ အဲ့လိုမဖြစ်ခင်ညတုန်းက မနက်ဘက်ကို ဆတ်သားခြောက်ရယ် ပုဇွန်ရယ်၊ သရက်သီး သနပ်ရယ်၊ ငါးရယ်လည်း စားမိပါတယ်ရှင့်။ ဆရာဝန် ဆေးစာထဲမှာတော့ ရေးပေးလိုက်တာ urticaria တဲ့။ ဆေး ၂ လုံးလည်း ထိုးပေးလိုက်ပါတယ်။ သောက်ဆေးတွေလည်း ပေးလိုက်ပါတယ်။ (HydroXY zine 10 Mg Tab, Prednisolone 5 Mg Tab, & Calamine Lotion) ဆိုပြီး သောက်ဆေး ၂ မျိုးနဲ့လိမ်းဆေးတစ်မျိုးပေးလိုက်ပါတယ်။ အဲ့ဒါ မသက်သာဘူးဆရာ။ ပြန်ပြန်ယားတယ်။ သမီးကလည်း (့) လိုမတတ်တော့ ဘာအစားအသောက်တွေ ရှောင်ရမယ် ဆိုတာလဲ မသိဘူး။ ဘယ်လိုအစားသောက်တွေ ရှောင်ရမယ်ဆိုတာရယ်၊ ဒီရောဂါမဖြစ်အောင် ဘယ်လို ကာကွယ်ရမယ် ဆိုတာရယ်၊ ဒီရောဂါက ဘာကြောင့်ဖြစ်တယ်ဆိုတာရယ်ကိုပါ ဖြေကြားပေးပါရှင့်။ ဆရာရှင့် ဒီရောဂါမျိုးက ကုလို့ ရနိုင်ပါ့မလားရှင့်။ ပြီးတော့ ဘယ်လောက်အထိကြာနိုင်မှာလဲရှင့်။ သမီးအင်တာန်ထဲမှာတော့ ရှာကြည့်ပါသေးတယ် အကုန်တော့ နားမလည်ပါဘူးရှင့်။ ဒီရောဂါဖြစ်ကတည်းက သမီးမှာစိတ်ဓာတ်ကျသလိုလည်း ဖြစ်မိတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူး။ စာသင်ရတာလည်း စိတ်ထဲမှာ မပျော်တော့ဘူးရှင့်။

ဘာမှစိတ်မပျက်ပါနဲ့။ ကိုယ်လိုလူတွေ သန်းနဲ့ချီရှိတယ်။ အမေရိကားလဲ အတော်များတယ်။ နေရာတိုင်းမှာဖြစ်တယ်။ (အလာဂျီ) ဖြစ်တာပါ။ ကိုယ်က ဘာနဲ့မတည့်လဲတော့ ကိုယ့်ဖါသာ ဆင်ခြင်ရမယ်။ ထပ်တွေ့ရင် ထပ်ဖြစ်နိုင်သေးတယ်။ ဆေးနည်းတွေ တွေ့ပါလိမ့်မယ်။
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html

Fri, Nov 23, 2012 at 8:34 PM
ကျွန်တော့် သူငယ်ချင်းတယောက်လဲ ဗိုက်ရဲ့ညာဘက်က အောင့်အောင့်နေတယ်။ လမ်းအဝေးကြီးရှောက်ရင် ပိုပြီးအောင့်တယ်။ မြန်မာဆိုင်တွေမှာ ဗိုက်အောင့်ပျောက်ဆေးသောက်ပါသေးတယ် မသက်သာလို့ ဆက်မသောက်ဖြစ်တော့ပါဘူး။ အဲ့ဒါဘာဆေးများသောက်သင့်ပါလဲ။ ဆေးနာမည်လေးပါပြောပြပါ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Fri, Nov 23, 2012 at 7:35 PM
သားလေးက ရှစ်လရှိပါပြီ။ ၃ ရက်လောက်ဖျားပြီး ပျောက်သွားတော့ ခု ဗိုက်နှင့် လည်ပင်းမှာ မိတ်လို အနီစက်လေးတွေ ပေါ်လာပါတယ်။ ကျောနှင့် ပေါင်ခြံမှာတော့ သိပ်မရှိပါဘူး။ အဖျားကတော့ မရှိပါဘူး။ ကလေးကလည်း လန်းပါတယ်။ ဆော့လည်းဆော့ပါတယ်။ ဖျားတုန်းက ကလေးဆရာဝန်နှင့်ပြတော့ Virus Infection လို့ပြောပါတယ်။ Calpol ကို ၆နာရီခြား 3.5ml တိုက်ပါတယ်။ နောက်အဖျားက မကျတော့ Nurofen ကို 2.5ml ၆နာရီခြား ပြောင်းတိုက်ခိုင်းပါတယ်။ ဆေးတိုက်တုန်းကတော့ ဘာအနီစက်မှ မပေါ်ပါဘူး။ မနေ့ည ၉နာရီခွဲမှာ ဆေးနောက်ဆုံးတိုက်လိုက်ပါတယ်။ ဒီနေ့ လုံးဝမဖျားတော့လို့ ဘာဆေးမှ မတိုက်တော့ပါဘူးရှင့်။ ခု ညမှ အနီစက်လေးတွေပေါ်လာတာပါရှင့်။အဲဒါ ဆရာဝန်ပြဖို့ လိုမလို အကြံပေးစေချင်ပါတယ်။

Cetrizine လိုဆေးတိုက်နိုင်ပါတယ်။ မြန်မာပြည်မှာတော့ Burmeton တချို့နိုင်ငံတွေမှာ Avil ဆေးဖြစ်မယ်။ အပြား၊ အရည်ရှိတယ်။ ကလေးအလေးချိန်အရတိုက်ပါ။ လူကြီးရဲ့ လေးပုံတပုံလို့အကြမ်းသတ်မှတ်နိုင်ပါတယ်။ တနေ့ ၂-၃ ခါတိုက်နိုင်တယ်။ ၁-၂ ရက်ဆိုကောင်းပါမယ်။ Antihistamine အမျိုးအစားဆေးဖြစ်တယ်။

Sat, Nov 24, 2012 at 10:37 AM
Please let me send some photos of my mother's problem. She suffers anytime but especially at early morning about 2 am. Oral drug " centrine" help her to relief well. Please kindly advise to us.

Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း

Sat, Nov 24, 2012 at 10:30 AM
ကျနော့်အသက် 28 ပါ။ ကလေးလိုချင်လို့ပါ။ ကျနော်အမျိုးသမီးကတော့ 27 ပါ အိမ်ထောင်ကျတာ 2 နှစ်ကျော်ပါပြီ။ ကလေးယူတာတော့ 1 နှစ်ကျော်ပါပြီ။ ကလေးမရသေးလို့ပါ။ ကျနော့်သုတ်ပိုးလဲစစ်ပြီးပါပြီ။ ကောင်းပါတယ်။ ကျနော့်အမျိုးကမီးကတော့ သားအိမ်ခြစ်ပြီးပါပြီ။ သားဥပြွန်ကတစ်ဖက်ပိတ်နေပါတယ်။ (OG) ခြစ်ခိုင်းလို့ပါ ခြစ်ပြီတာလဲ 4 လလောက်ရှိပါပြီ။ ကိုယ်ဝန်မရသေးလို့ပါ။ သားဥပြွန်တစ်ဖက်ပိတ်တာ ကလေးကောရနိုင်ပါ့မလား။

Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း

Sat, Nov 24, 2012 at 11:35 AM
ကျွန်မ အသက်က 29၊ အိမ်ထောင်ရှိပါတယ်။ 11လ အရွယ်ကလေးတယောက်လည်းရှိပါတယ်။ ကလေးမွေးပြီး 45 ရက်ပြည့်ကတည်းက ကိုယ်ဝန်တားဆေးထိုးထားပါတယ်။ကလေးကိုလည်းမိခင်နို.ပဲတိုက်ပါတယ်။ဆေးနောက်ဆုံးထိုးခဲ့တာ က Nov 3ရက် ကပါ။ 3လ ခံဆေးပါ ဆရာ။ အခု ရက်မှာမှ သွေးပေါ်လာလို.ပါ။ သွေးက အများကြီးလည်းမဟုတ်ပါဘူး.။အရင်လတွေထိုးတုန်းက မပေါ်ပဲ အခုမှပေါ်လာလို. စိုးရိမ်လို.ပါ။ဘာဖြစ်တာလဲ သိချင်ပါတယ်။ဖြစ်ရိုးဖြစ်စဉ်ပဲလား ဆရာ။ ဖြေကြားပေးပါဆရာရှင့်

၃-၁၁-၂ဝ၁၂ မှာ သုံးလခံတားဆေးထိုးပြီး၊ ၂၃-၁၁-၂ဝ၁၂ လောက်မှာ သွေးဆင်းတယ်လို့ ပြောချင်တာပါလား။ ဟုတ်ရင် စိုးရိမ်စရာမရှိပါ။ သွေးနည်းတာလဲ ပူစရာမရှိပါ။ တယောက်နဲ့တယောက် မတူကြပါ။

Sat, Nov 24, 2012 at 4:13 PM
ကျွန်တော့်အမည်က ကို (့) ဖြစ်ပါတယ်။ မန္တလေးမှာ နေပြီး အသက် 42 နှစ်ရှိပြီး အလုပ်မှာ ကွန်ပြူတာစာရင်းကိုင်တစ်ဦး ဖြစ်ပါတယ်။ အကြောင်း တိုက်ဆိုင်ပြီး မျက်လုံးစစ်ကြည့်တော့ ရေတိမ်ဖြစ်နေသည်ဟု ပြောပါသည်။ ကျွန်တော့်မျက်လုံးမှာ မည်သို့မှတော့မခံစားရပါ ခင်ဗျာ။ ရေတိမ်ရောဂါမှာ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုနေထိုင်ပြီး ဘာဆက်လုပ်ရမလည်း ဆိုတာ ကျေးဇူးပြုပြီးတော့ ဖြေကြားပေးစေချင်ပါတယ်။

Glaucoma မျက်စိ ရေတိမ်