ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, November 5, 2012

Q and A November 2012 (1)

1. Rifampicin 450 mg သောက် ရမည်ကို ဆေးဝယ်ရန်မေ့သွားသဖြင့်
2. သားလေးက ၇ လကျော်ပါပြီ။
3. အခုတလော ဗိုက်ခဏခဏအောင့်နေပါသည်။
4. 'ပုစွန်ရောင်းတဲ့နေရာမှာ ဝယ်ရသလို' ဆိုတာ နားမလည်လို့ပါ။
5. Attach file မှာမြင်ရတဲ့ အကြောင်းလေး မေးချင်လို့ပါရှင့်။
6. May I ask you how to cure the drug user from addiction?
7. I always suffer sore throat every year.
8. ကျွန်တော် အသက် ၂၃ နှစ်ရှိပါပြီ။
9. May I ask you how to cure the drug user from addiction?
10. I took medicine for UTI but I think I suffer it again.
11. ကျွန်တော်က (့) နိုင်ငံမှာ အလုပ်လုပ်ရင်း ဘီပိုးကိုကုနေပါတယ်။

Tue, Oct 30, 2012 at 9:43 PM
Rifampicin 450 mg သောက် ရမည်ကို ဆေးဝယ်ရန်မေ့သွားသဖြင့် ၃ဝ.၁ဝ.၁၂ ည ၁၀ နာရီတွင် 300 mg သာသောက်နိုင်သဖြင့် 31.10.12 နံနက်တွင် ကျန်သော 150 mg သောက်လျင် အဆင်ပြေပါသလားဆရာ။

အဲဒီဆေးကို တနေ့တကြိမ်သာသောက်ရတယ်ဆိုရင် နောက်နေ့မနက်ကိုလိုတာ ထပ်မသောက်လဲရပါတယ်။ သူ့အချိန်ရောက်မှသာ အပြည့်သောက်နိုင်ပါတယ်။ တရက်တည်းမှာ ဆေးများသွားတာ သိပ်မကောင်းပါ။ လတွေကြာအောင်သောက်ရတဲ့ဆေးဖြစ်လို့ တရက်တလေ လျှော့လို့ ကိစ္စပါ။

Wed, Oct 31, 2012 at 11:50 AM
သားလေးက ၇ လကျော်ပါပြီ။ ဝမ်းမသွားတာ ၉ ရက်လောက်ရှိပါပြီ။ လေတော့လည်ပါတယ်။ ဗိုက်ကလည်း ပျော့ပါတယ်။ မာမနေပါဘူး။ ကလေးက လန်းလည်းလန်းပါတယ်။ ပုံမှန်အတိုင်းပါဘဲ။ ဆော့လည်း ဆော့ပါတယ်။ အမေနို့ ဘဲတိုက်တာပါ။ ခု Nestle ကထုတ်တဲ့ အာဟာရမှုန့်ကို နွားနိ့တို့၊ ကြက်သားပြုတ်ရည်တို့နဲ့ ရောတိုက်နေပါပြီ။ ဝမ်းကတော့ ချုပ်တတ်ပါတယ်။ ၃ လလောက်ကစပြီး ဝမ်းချုပ်တာပါ။ ပုံမှန်ဆို ၅ ရက်ကနေ ၇ ရက်လောက်မှ တကြိမ် သွားတတ်တယ်။ မြန်မာပြည်မှာတုန်းက ကလေးဆရာဝန်က ပြောတာတော့ ကလေးက လေလည်းလည်တယ်။ ဗိုက်လည်း မာပြီး တင်းမနေဘူး။ အော်ပြီးလည်း မနေဘူးဆိုရင် စိုးရိမ်စရာ မ၇ှိဘူးလို့တော့ပြောပါတယ်။ ကလေးက ငယ်သေးတော့ ဝမ်းနုတ်ဆေး မပေးသေးဘူးတဲ့။ ခုကျတော့ ဝမ်းမသွားတာ ၉ရက်လောက်ဆိုတော့ စိတ်ပူလို့ ပါ။ ဆရာဝန်ပြဖို့ လိုလားမသိဘူးနော်။

ဝမ်းမသွာရင် မကောင်းလှပါ။ ရေ ပိုတိုက်ပေးပါ။ သင်္ဘောသီးမှည့်ကျွေးပါ။ မန်ကျီးသီးမှည့်ဖျော်ရည် တိုက်ပါ။ ကလေး ဝမ်းချြူတောင့် သုံးပါ။ ဝယ်မရရင် ဆပ်ပြာတောင့်လေး အနေတော်ကို စိုအောင်လုပ်ပြီး စအိုထဲထည့်နိုင်ပါတယ်။

Wed, Oct 31, 2012 at 11:40 AM
အခုတလော ဗိုက်ခဏခဏအောင့်နေပါသည်။ ဗိုက်အောင့်ရင် ညာဘက်အခြမ်းကပဲ အောင့်ပြီး ခါးပါနာလာပါသည်။ ဗိုက်အောင့်တဲ့ အချိန်ကြရင် အရမ်းအောင့်ပြီး မအောင့်တဲ့အချိန်ကြရင်လည်း မအောင့်ပါဘူး။ နာမည်က (့)၊ အသက် ၁၈ နစ်။ ရန်ကုန်ကပါ။

ကျား-မ၊ ဆီးသွားတာမှာ ထူးပါသလား၊ ဆေးစစ် (ဓါတ်မှန်) လုပ်ဘူးသလား။

ဆီးသွားတာပုံမှန်ပါပဲရှင်။ မလုပ်ဖူးပါ။ မည်သည့်ဆရာဝန်မှ မပြရသေးပါရှင့်။

မိန်ကလေးပေါ့၊ ရာသီမှန်ပါသလား။ အဖြူဆင်းပါသလား။ ဗိုက်ညာဘက်ဆိုရင် အထက်ပိုင်း၊ အလယ်ပိုင်းနဲ့ အောက်ပိုင်း နေရာမတူရင် အထဲကဖြစ်နေတာ မတူဘူး။ ခါပါဆက်နာတယ်ဆိုရင် အလည်ပိုင်းလောက်မှာနာတာဆိုရင် ကျောက်ကပ်-ဆီးကိုပါထည့်စဉ်းစားရတယ်။ ဒါကြောင့် ဆီးသွားရခက်တာ၊ အနယ်ပါတာ၊ သွေးပါတာကို မေးတာဖြစ်တယ်။ မိန်းကလေးဆိုရင် မျိုးဥအိမ်၊ သားအိမ်ပြွန် (ညာဘက်) ရောင်နေသလား၊ ဒါဆိုရင် ဖိကြည့်တော့လဲနာမယ်။ အဖြူလဲ ဆင်းနိုင်တယ်။ လေဆိုရင် ပြောခဲ့တာတွေ ဘာမှ မဖြစ်ဘူး။ လေလေတယ် Buscopan ဒါမှမဟုတ် Ibuprofen ဆေးကို နာတဲ့အခါ တပြားကောက်ပါ။ တနေ့ထဲမျာ ၃-၄ ခါအထိ သောက်နိုင်တယ်။ မနာရင် မသောက်ပါနဲ့။ ပြောခဲ့တဲ့ အချက်အလက်တွေအရ လိုအပ်တာဆက်စစ်ဆေးသင့်တယ်။ မေးချင်လဲမေးပါ။ ဝမ်းကိုက်ဘူးတဲ့နောက်ခံရှိ-မရှိလဲ သိချင်တယ်။ ဗိုက် အောက်ပိုင်း ညာဘက်ဆိုရင် အူအတက်ကိုလဲ စဉ်းစားရတယ်။ သူက နေရာ သတ်သတ်မှတ်မှတ်မှာ နာနယ်။ ဖိကြည့်ရင် ပိုနာမယ်။ ကို နဲနဲပူနိုင်သေးတယ်။

ရာသီမှန်ပါသည်ရှင့်။ ဆီးကကောင်းပါသည်။ တစ်ခါမှ ဝမ်းမကိုက်ဖူးပါ။ ကိုယ်မပူပါ။ ဗိုက်နာတဲ့နေရာက ချက်နှင့် တစ်တန်းထဲ ညာဘက်ပေါင်ခြံ အထက်နားမှာ နာပါသည်။ ယခင်က ထမင်းစားပြီး လမ်းလျှောက် (ကျောင်းသွား) လျှင် အဲ့ဒီနေရာကပဲနာပါသည်။ ခဏနေရင် ပျောက်သွားပါသည်။ ယခုက နစ်ရက်၊ သုံးရက် ရှိပါပြီ ပျောက်လိုက် နာလိုက် ဖြစ်နေပါသည်။ ခါးနာရင်လည်း အဲ့ဒီနေရာ ကျောဘက်ကပဲ နာပါသည်။ ယခု ဝမ်းမသွားမှီနင့် ဝမ်းသွားပြီးလျှင်လည်း ဗိုက်နာပါသည် ရှင့်။

ဟုတ်ပြီ နဲနဲ ပိုသိလာရပြီ။ မစိုးရိမ်ပါနဲ့။ Antacid လေဆေး တမျိုးမျိုးလဲသောက်ပါ. ပြောထားတဲ့ ဆေး ၂ မျိုးထဲက တမျိုးကိုလဲသောက်ပါ။

သမီးက (့) တက်နေပါသဖြင့် ကွန်ပျူတာဖြင့် စာတစ်နေကုန် လုပ်ရပါသည်ရှင့်။ သမီးကျောင်းအကြောင်း မပြောမိလိုက်သဖြင့် ပြောပြတာပါဆရာရှင့်။

Email နဲ့ chatting လုပ်နေသလိုဘဲ။ ဟိုတနေ့ကလဲ ရန်ကုန်ကနေ ယောက်ျားလေးတယောက်က အဲလို မေးသေးတယ်။ သိပ်အဆင်မပြေခဲ့ဘူး။ ၃-၄ ခါရေးတာတောင် ဘယ်လောက်ကြာပြီလဲဆိုတာ ထည့်မရေးဘူး။ အလုပ်-ကျောင်းမှာ အဲလိုနေရသူတွေ အချိန်ရှာပြီး ကိုယ်လက်လှုတ်ရှားမှုလုပ်ပေးသင့်ကြတယ်။ ထမင်းစားပြီးချိန်မှာ ၄-၅ မိနစ် နားသင့်တယ်။ မြန်မာလျှက်ဆား၊ လေဆေးတွေလဲ အကျိုးရှိပါတယ်။

Wed, Oct 31, 2012 at 6:11 PM
Alcohol taxes and public health အရက်ခွန်နဲ့ ကျန်းမာရေးဆောင်းပါးမှာ မရှင်းတာရှိလို့ပါ။ 'ပုစွန်ရောင်းတဲ့နေရာမှာ ဝယ်ရသလို' ဆိုတာ နားမလည်လို့ပါ။ ရှင်းပြပေးပါအုံး။

Vinmonopolet ဆိုတဲ့နော်ဝေစကားဟာ အင်္ဂလိပ်လို အရက်ကိုလက်ဝါးကြီးအုပ်ထားတယ် ဆိုတဲ့သဘောမျိုး ဖြစ်တယ်။ နော်ဝေမှာ အရက် ပမာဏ ၄့၇၅% ကျော်တဲ့အရက်မျိုးကို အစိုးရကသာရောင်းနိုင်တယ်။ လူတွေ အရက် နည်းနည်းသာ သောက်စေအောင် ကြံဖန်ထားတာပါ။ ဈေလဲကြီးတယ်၊ အရှာရလဲခက်ပြီး ဆိုင်တွေကိုလဲ စောစောပိတ်စေတယ်။ အရက်ဆိုင်တွေကို တခြားစားသောက်စရာတွေရောင်းတာနဲ့လဲ ရောထားတယ်။ သူတို့ဆီမှာက ပုဇွန်ဆိုတာ မြန်မာပြည်က ကန်စွန်းရွက်လို သဘောထားတယ်။

Thu, Nov 1, 2012 at 1:41 PM
Attach file မှာမြင်ရတဲ့ အကြောင်းလေး မေးချင်လို့ပါရှင့်။ သူက ကျွန်မအမျိုးသားပါ။ အခု အသက် ၂၇ နှစ်ရှိပါပြီ။ နို့သီးနားမှာ အဲဒီလို သွေးခြေလေးတွေဖြစ်တာ ငယ်ငယ်ထဲကလို့ပြောပါတယ်။ အမြဲတမ်းတော့ မပေါ်ပါဘူး။ နေမကောင်းဖြစ်တဲ့အခါတို့ စိတ်တွေလေးလံပြီး စိတ်ရှုပ်..စိတ်ညစ်တဲ့အခါမှာပေါ်တတ်တယ်ပြောပါတယ်။ သွေးခြေဥလေးတွေဖြစ်ပြီး နောက် သွေးတွေက ညိုပြီး ပေါက်သွားတတ်ပါတယ်။ နောက်ပိုင်း ခြောက်သွားပြီး ပျောက်သွားတတ်ပါတယ်။ အဲဒီဟာက ရောဂါတစ်ခုလားဆိုတာ သိချင်လို့ပါဆရာ။

သွေးကြောရောဂါတမျိုးဖြစ်ပါတယ်။ မွေးရာပါ ဒါမှမဟုတ်ငယ်စဉ်ကစဖြစ်တယ်။ ကူးစက်ရောဂါမဟုတ်ပါ။ များသောအားဖြင့် အသက်ရရင်ပျောက်သွားတာမျိုး။ အခုအသက်အထိရှိနေတာဆိုရင် ပျောက်မဲ့သဘောမရှိဘူး။ လုံးဝပျောက်အောင် ဆေးနဲ့မရပါ။ သွေးရှင်ကိုကုသနည်းမျိုးနဲ့လုပ်နိုင်ပါတယ်။

Hemangioma မွေးကာစနောက် တနှစ်သားအထိ ပန်းရောင်ကနေ အနီရောင်ရှိမယ်။ နောက်ပိုင်း အရောင်ပြော့လာမယ်။ ၁ဝ နှစ်သား လောက်ရောက်ရင် အမှတ်အသားလိုသာဖြစ်တော့မယ်။ ပျောက်ချင်ရင် ဒါမှမဟုတ် ကြီးကြီးလာရင်၊ မျက်စိနာဖြစ်နေလို့ မျက်စိကြည့်ရတာကို အနှောက်အရှက်ဖြစ်နေရင် လေတာနည်းနဲ့ကုသနိုင်တယ်။

လည်ချောင်းမှာဖြစ်တာက အစာ မျိုရခက်တာ၊ ပေါင်ခြံနေရာဖြစ်လို့ ဆိုင်တဲ့အလုပ်လုပ်ဘို့ ခက်တာတွေလဲ ရှိနိုင်တယ်။

ထိခိုက်မိရင် သွေးထွက်မယ်။ ပိုးဝင်ရင် ရင်းမယ်။ အနာဖြစ်မယ်။ အနာကနက်ရင်သွေးပိုထွက်မယ်။ ပိုနာမယ်။ မျက်စိလို လည်ချောင်းထဲလိုမှာရှိတာမျိုးကို ပိုသတိထားရတယ်။ သွေးအပြင်ထွက်မလာဘဲ အရေပြားအောက်မှာထွက်နေတာလဲ ဖြစ်နိုင်တယ်။ အမြင်မလှတဲ့နေရာမှာဖြစ်ရင် စိတ်ကိုထိခိုက်နိုင်တယ်။

အများအားဖြင့်ဆေးကုစရာမလိုပါ။
• တချို့က Oral corticosteroid therapy (စတီရွိုက်) စားဆေးပေးတာလုပ်တယ်။
• ကလေးငယ်လေးတွေကို Beta-blocker Propranolol ဆေးပေးတော့ သက်သာတာတွေ့ရတယ်။ Beta blocker solution/gel ဒီဆေးမျိုးကို လိမ်းဆေးအနေနဲ့လဲ သုံးတယ်။
• Interferon ဆေးနဲ့ vincristine တွေကိုလဲစမ်းသပ်သုံးကြတယ်။
• Surgical removal ခွဲစိတ်တာလဲလုပ်တယ်။
• Injection of corticosteroid (စတီရွိုက်) ဆေးကို ဖြစ်တဲ့နေရာမှာထိုးတာလဲလုပ်တယ်။
• Pulsed dye laser လေဆာနည်းကို တချို့ဖြစ်ကာစနဲ့ အပေါ်ယံဖြစ်တာတွေမှာ သုံးတယ်။

Thu, Nov 1, 2012 at 1:30 PM
May I ask you how to cure the drug user from addiction? I think that one of my cousinss is addicting to some kind of drug as his mental status is so unstable lately. Sometimes, he is quite violent and doesn't sleep at night. He never admits for using drug. So I couldn't force him to go for drug rehabilitation. And I am not sure what kind of drug he is addicting though. His symptoms seem like meth or some sort of. I would like get some great advices from you earnestly.

• Drug Abuse ဆေးဝါးတလွဲသုံးခြင်း http://dts-medicaleducation.blogspot.in/2012/04/drug-abuse.html

Sun, Nov 4, 2012 at 4:32 PM
I always suffer sore throat every year. The strange fact is no matter what medicine I take, it never reduces the pain. But it always recovers after 2 or 3 months on its own. I'd be glad to know doctor's opinions.

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါခင်ဗျား။

Fri, Nov 2, 2012 at 3:32 PM
ကျွန်တော် အသက် ၂၃ နှစ်ရှိပါပြီ။ အလုပ်ခွင်ကို စတင်ဝင်ရောက်နေပါပြီး..။ အဆောင်မှာနေပြီး မိမိဘာသာ ချက်ပြုတ်ရပါသည်။ ထို့ကြောင့် ကြက်သွန်လီးသောအခါ မျက်ရည်များ ကျလာပြီး နေ့တိုင်းလို့ ထိုကိစ္စကို ကြုံရပါသည်။ ထိုအချိန်မှာစပြီး ကျွန်တော် မျက်လုံးသည် မျက်ရစ်များ ထွက်ခြင်း မျက်စေ့အပြင်ဘက်ထောင့်တွက် မျက်ချေးများ ထွက်နေပါသည်။ အလုပ်လုပ်ရသည်မှာလည်း အဆင်မပြေတော့ပါ။ မျက်ရည်ပူများလည်း မကြာခဏ ကျပါသည်။ ထို့ကြောင့် ထိုကဲ့သို့ မဖြစ်စေရန် မည်သို့ဆောင်ရွက်ရန်လိုပါသနည်း။

ဒီလိုဖြစ်တာ လူတိုင်းမှာပါ။ ရောဂါမဟုတ်ပါ။ တချို့ကပိုဖြစ်တယ်။ တချို့ဆိုရင် အဝေကနေရတဲ့အနံ့တောင်မှာ မတည်းတာ (အလာဂျီ) ရတတ်တယ်။ မဖြစ်အောင်ကတော့ ရှောင်ရှားရတာသာ လုပ်နိုင်ပါတယ်။ ဆရာဝန်တွေသုံးတဲ့ နှာခေါင်းစီမျိုးသုံးနိုင်ပါတယ်။ ဆေးနဲ့မရပါ။ (အလာဂျီ) ဖြစ်သူအတွက်သာ ဆေးလိုတယ်။

Thu, Nov 1, 2012 at 1:30 PM
May I ask you how to cure the drug user from addiction? I think that 1 of my cousins is addicting to some kind of drug as his mental status is so unstable lately. Sometimes, he is quite violent and doesn't sleep at night. He never admits for using drug. So I couldn't force him to go for drug rehabilitation. And I am not sure what kind of drug he is addicting though. His symptoms seem like meth or some sort of. I would like get some great advices from you earnestly.

• Drug Abuse ဆေးဝါးတလွဲသုံးခြင်း

Sat, Nov 3, 2012 at 4:58 PM
I took medicine for UTI but I think I suffer it again. It is not as severe as pervious infection but I feel it is not normal. I took pill 72 last Saturday and I have my period again today. I do not use the pill frequently and I haven't used it for more than one year. Could you kindly advise me necessary medication?

UTI can recur again. If your Pill 72 is an emergency contraceptive, it is not recommended for frequent use. You can read all about pills in my Blog.

5-11-2012 Facebook Chat Conversation
ကျွန်တော်က (့) နိုင်ငံမှာ အလုပ်လုပ်ရင်း ဘီပိုးကိုကုနေပါတယ်။ အာထရာဆောင်-စီတီစကင်တို့လုပ်ပြီးပါပြီ။ ကင်ဆာမတွေ့ပါ။

• Hepatitis B (1) အသဲရောင် ဘီ ပိုး (၁) http://dts-medicaleducation.blogspot.com/2009/08/hepatitis-b.html
• Hepatitis B (2) အသဲရောင် ဘီ ပိုး (၂) http://dts-medicaleducation.blogspot.com/2011/04/hepatitis-b.html
• Hepatitis B and breastfeeding ဘီ ပိုးရှိမိခင် နဲ့ ကလေးနို့တိုက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-and-breastfeeding.html
• Hepatitis B Immune Globulin အသဲရောင်-ဘီ (ဂလိုဗျူလင်) ထိုးဆေး http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-immune-globulin.html
• Hepatitis B in Myanmar မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာ http://dts-medicaleducation.blogspot.com/2011/12/blog-post.html
• Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း http://dts-medicaleducation.blogspot.in/2012/05/hepatitis-b-medical-treatment.html
• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html

မတွေ့ပါ။ ဘီပိုးဆေး လက်မီဗျုဒင် သောက်တာလည်း တနှစ်ခွဲကျော်လောက်ရှိပါ။ ဘီပိုးကုန်လုနီးနီးဖြစ်သွားတယ်။