ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, November 26, 2012

Q and A November 2012 (5)

1. ကျွန်တော်က အသက် ၂ဝ ပါ။
2. လူ၏ခန္ဓာကိုယ်မှ ထွက်သော ဆီးကိုသောက်ခြင်းဖြင့်
3. အသက် ၄၅၊ အိမ်ထောင် ရှိ၊
4. ကျမ အသက် ၃၅ နှစ်ရှိပါပြီ။
5. ကျနော် တင်ပါးတွေကြီးအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာ
6. ကျွန်တော့်အမည်က ကို (့) ဖြစ်ပါတယ်။
7. အခုတလော ထိုင်ရင်မြီးညောင်းရိုးနာနာလာပါတယ်။
8. GOUT ရောဂါအတွက်ရှောင်ရမည့် အစားအစာများနှင့်
9. အူမကြီးကင်ဆာနဲ့ ပတ်သက်ပြီး မေးခွန်းနည်းနည်း
10. I have been felt sore throat over 5 months in (့).
11. အမျိုးသမီးကတော့မြန်မာပြည်မှာပါ။
12. သမီးအခု မျက်လုံးစွံတယ်လို့ ထင်ပါတယ်။
13. အိမ်ထောင်ဖက်က ဘီပိုး chronic ဆိုရင်

Mon, Nov 26, 2012 at 7:34 AM
ကျွန်တော်က အသက် ၂ဝ ပါ။ လူကပေါင်ချိန် ၉ဝ ကျော်ခန့်ရှိပြီး ကျွန်တော့်လက်မောင်းတွေက ငယ်ငယ်ကတည်းက သေးပြီး ခြေသလုံးတွေကတော့ အရင်ကထက်စာရင် ကြွက်သားတွေ ပိုသေးသွားပါတယ်။ ဒါပေမယ့် လက်နှင့်ခြေထောက်ကတော့သန်မာပါတယ်။ အလေးလဲ မနိုင်၊ အားကစားလဲလုပ်နိုင်ပါတယ်။ အခုပေါင်ချိန် ၁ဝဝ ကျော်တွင်လဲ ရင်ဘက်သာပြည့်လာပြီး လက်မောင်းနှင့်ခြေသလုံးတွေက သေးနေပါတယ်။ လက်မောင်းနှင့်ခြေသလုံး ကြီးအောင် မည်ကဲ့သို့လုပ်ရသလဲ နှင့် ကြွက်သားတွေကြီးထွားကြံ့ခိုင်စေတဲ့ဆေးကိုလဲညွန်းကြားစေလိုပါတယ်။

ကြွက်သားကို လေ့ကျင့်ခန်းလုပ်ပြီး ကြီးစေနိုင်တယ်။ အလေးမတာလဲပါတယ်။ ကြွက်သားနဲ့ အရေပြားကြားက အဆီလဲပါးနေရင် အဆီဓါတ်-ဆီ ပိုလိုမယ်။ ကြွက်သားအောက်က အရိုးတည်ဆောက်မှုကိုတော့ အရွယ်ရောက်ပြီး (လူပျိုဖြစ်ပြီး နဲ့ ၂၅ နှစ်ကျော်လာရင်) ပြင်ယူလို့မရပါ။ လူတိုင်းမှာ မျိုးဗီဖသဘောရှိတယ်။ ဒါကိုတော့ ပြင်ယူလို့မရပါ။ ကြီးထွားမှုထက် ကျန်းမာသန်စွမ်းမှုက ပိုအရေးပါတယ်။

Sun, Nov 25, 2012 at 6:22 PM
လူ၏ခန္ဓာကိုယ်မှ ထွက်သော ဆီးကိုသောက်ခြင်းဖြင့် ပျောက်ကင်းနိုင်သော ရောဂါများကို ရှင်းပြ ပေးပါ။

ဆရာတို့လို MBBS ဆရာဝန်တွေက အဲလိုနည်းတွေကို မသုံးပါ။ မသိပါ။ မညွှန်းပါ။ ဆီးဆိုတာ အညစ်အကြေးလို့ သတ်မှတ်တယ်။ မလိုအပ်တော့လို့ ကိုယ်ထဲကနေစွန့်ထုတ်တာလို့ သတ်မှတ်တယ်။ အရာတိုင်းမှာ အစွမ်း-ဆိုးကျိုး ရှိစမြဲဖြစ်ပါတယ်။ လေ့လာမိသလောက် တခြားဆေးကုသနည်းတွေမှာ စနစ်တကျသုတေသနလုပ်တာ နည်းတယ်။ ဆန်းပြားရင်လူတွေစိတ်ဝင်စားတာကို အခွင့်ကောင်းယူပြီး လုပ်နေကြတာတွေလဲရှိတယ်။ ဆေးရောင်းကြော်ညာတွေက ရေားင်ရဘို့ဦးတည်ပြီး လူတွေကိုဖမ်းစာတာလဲ များတယ်။ ဆရာတို့လို ဆရာဝန်တွေက ရောဂါတိုင်းအတွက် ကိုယ့်ဆေးနည်းတွေရှိထားလို့ တခြားနည်းတွေကို မသုံးကြတာဖြစ်ပါတယ်။

Sun, Nov 25, 2012 at 8:52 PM
အသက် ၄၅၊ အိမ်ထောင် ရှိ၊ လိပ်စာ (့) မြို့၊ သားသ္မီး ၂ ဦး၊ ကျွန်တော့် ဒူးခေါင်းအောက်ပိုင်းရောင်နေတာ (၂) လလောက်ရှိနေပါပြီ။ မန်းလေး၊ ရန်ကုန် ဆေးရုံစုံနေပါပြီ။ ရောဂါကို တိတိကျကျမသိရသေးပါဘူး။ ငွေတွေလည်း တော်တော်ကုန်နေပါပြီ။ အခြေအနေက ဘာမှမထူးပါဘူး။ အရောင်လည်းမကျလို့ စိတ်ဓါတ်ကျနေပါပြီ။

တဖက်တည်းလား၊ နှစ်ဖက်လုံးလား။ ဆီးစစ်တော့ ဘာထူးသလဲ။ သွေးဖိအားဘယ်လောက်ရှိသလဲ။ ကျောကကပ်ကိုစစ်ဘူးသလား။ မျက်နှာကော ရောင်တတ်သလား။ အဆစ်နေရာသာရောင်တာလား၊ ခြေတချောင်းလုံးရောင်တာလား။

သွေးပေါင်ချိန် (၁၁ဝ-၇ဝ)၊ ကျောက်ကပ်တစ်လုံးတွင် အနှယ်ရှိသဖြင့် ဆီးဆေးများသာပေးပါတယ်။ ဆီးထိန်းဆေးကိုလည်း တစ်ပတ်တစ်လုံးသောက်ခိုင်းပါသည်။

မရှင်းသေးပြန်ပါ။ ကျောက်ကပ်မှာအနည်ရှိတာလဲ မရှင်းပါ။ ကျာက်ကပ်မှာ ကျောက်၊ ရောင်ရမ်းတာ၊ ရေအောင်းတာတွေသာ ဖြစ်နိုင်တယ်။ ဆီးစစ်တော့ မနည် (Albumin) ပါတာသာရှိတယ်။ ဆီးထိန်းဆေးဆိုတာ မသိပါ။ ဆီးသွားစေတဲ့ဆေး Dirutic ဆိုတာသာရှိပြီး၊ ဆီးမသွာအောင်ထိန်းဆေးမရှိပါ။ ဆေးနာမည် စာလုံပေါင်းပြောပါ။ ဓါတ်ခွဲစစ်ချက်သိရင်ပြောပါ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Sun, Nov 25, 2012 at 8:47 PM
ကျမ အသက် ၃၅ နှစ်ရှိပါပြီ။ သွေးတိုးရောဂါလဲရှိပါတယ်။ အခု နှုတ်ခမ်းပတ်လည်မှာဖြူပြီး ခရုသင်းလိုဖြစ်နေလို့ ဘယ်လိုများ ကုသရမလဲဆိုတာ သိချင်ပါတယ်။

• Leukoderma သို့မဟုတ် Vitiligo ခရုသင်း http://dts-medicaleducation.blogspot.com/2009/07/vitiligo-leukoderma.html
Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.htmlကိုဖတ်ပါ။

Fri, Nov 23, 2012 at 12:29 AM
ကျနော် တင်ပါးတွေကြီးအောင် ဘယ်လို လုပ်သင့်တယ်ဆိုတာ ဆရာအကြံလေးပေးပါဦေးနာ်။ ကျနော် ဘောင်းဘီးတွေဝတ်ရတာ ပုံမကျလို့ပါဆရာ။

Butt Better Body အောက်ပိုင်း-နောက်ပိုင်း လေ့ကျင့်ခန်း http://dts-medicaleducation-adult.blogspot.in/2012/04/better-butt.html
Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင် http://dts-medicaleducation-adult.blogspot.in/2012/03/butt-exercises-for-women.html

Sat, Nov 24, 2012 at 4:13 PM
ကျွန်တော့်အမည်က ကို (့) ဖြစ်ပါတယ်။ မန္တလေးမှာ အသက် 42 နှစ်ရှိပြီး အလုပ်မှာ ကွန်ပြူတာစာရင်းကိုင်တစ်ဦး ဖြစ်ပါတယ်။ အကြောင်းတိုက်ဆိုင်ပြီး မျက်လုံးစစ်ကြည့်တော့ ရေတိမ်ဖြစ်နေသည်ဟု ပြောပါသည်။ ကျွန်တော့်မျက်လုံးမှာ မည်သို့မှတော့ မခံစားရပါ ခင်ဗျာ။ ရေတိမ်ရောဂါမှာ ဘာကြောင့်ဖြစ်ပြီး ဘယ်လိုနေထိုင်ပြီး ဘာဆက်လုပ်ရမလည်း ဆိုတာ ကျေးဇူးပြုပြီးတော့ ဖြေကြားပေးစေချင်ပါတယ်။

Glaucoma မျက်စိ ရေတိမ်

Sun, Nov 25, 2012 at 5:47 PM
အခုတလော ထိုင်ရင်မြီးညောင်းရိုးနာနာလာပါတယ်။ ဆီးစပ် နှင့် ဗိုက်အောက်ပိုင်းနားက ဆစ်ဆစ်နဲ့ကိုက်နေပါတယ်။ ဘာဆေးသောက်သင့်ပါသလဲ။ ဘာကြောင့်ဖြစ်တာပါသလဲ။ ကင်ဆာတော့မဟုတ်လောက်ပါဘူးနော်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Mon, Nov 26, 2012 at 5:32 PM
GOUT ရောဂါအတွက်ရှောင်ရမည့် အစားအစာများနှင့် သောက်ရမည့်ဆေးကို ညွှန်ကြားပေပါ။

• Gout (1) ဂေါက်-ရောဂါ (၁) http://dts-medicaleducation.blogspot.com/2010/09/gout.html
• Gout (2) ဂေါက်-ရောဂါ (၂) http://dts-medicaleducation.blogspot.com/2011/11/gout-2.html
• Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ် http://dts-medicaleducation.blogspot.com/2010/12/q-and-cervical-spondylosis.html တွေကိုဖတ်ပါ။

Mon, Nov 26, 2012 at 8:43 PM
အူမကြီးကင်ဆာနဲ့ ပတ်သက်ပြီး မေးခွန်းနည်းနည်းထပ်မေးခွင့်ပြုပါအုံးနော်။ ၂၉.၁၀.၂၀၁၂ က အူမကြီးကိုခွဲစိတ်ထားပြီး အတွင်းမှာပဲ ပြန်ဆက်ထားပါတယ်။ ၁၅.၁၁.၁၂ မှာ ဖြတ်ထားတဲ့ အသားစအဖြေရပါတယ်။ အူအလွှာသုံးလွှာလုံးကို ရောက်နေတယ်တဲ့။ တစ်ခြား ကိုယ်အင်္ဂါအစိတ်အပိုင်းမှာတော့မရှိပါ) အကျိတ် (ကလင်း) ကျန်နေတဲ့အကြောင်းလည်း ပြောပါတယ် (သေချာနားမလည်ပါ)။ Chemotherapy ကုသမှုယူရမယ်လို့ပြောပါတယ်။ အဲဒီနေ့မှာပဲ ဝမ်းသွားရင်သွေးပါစအိုပွန်းပြီးနာတဲ့အကြောင်းပြောတော့ စအိုအတွင်းကို လက်နဲ့လည်းစမ်းတယ်။ မျက်လုံးနဲ့ကြည့်တဲ့မှန်ပြောင်းထဲ့ကြည့်တော့ စအိုအတွင်းအ၀နားမှာ ဒဏ်ရာနည်းနည်းဖြစ်နေတယ်တဲ့ (ခွဲစိတ်တုန်းရထိထားတဲ့ဟာလို့ပြောပါတယ်)။ လိမ်းဆေးတစ်ခုပေးပါတယ်။ လိမ်းသော်လည်းမသက်သာပါ။ ၁၇.၁၁.၁၂ အခုနောက်ပိုင်း ၀မ်းသွားတိုင်းဝမ်းမှာ သွေးရဲရဲတွေပါပါတယ်။ အစပိုင်းတုန်းက သွေးက အဲလောက်မရဲမများပါ။ ၂၃.၁၁.၁၂ မှာ Chemotherapy ကုသမှုအတွက် ဆရာဝန်နဲ့သွားတွေ့တော့ စအိုကဒဏ်ရာအကြောင်းနဲ့ ဝမ်းသွေးပါကြောင်းပြောတော့ အဲလိုဆို Chemotherapy ကုသမှုစလို့ မရသေးဘူးတဲ့ MR scan နဲ့ coloncopy ထပ်လုပ်ဖို့ ခွဲစိတ်ခဲ့တဲ့ ဌာနကိုပြန်လွဲလိုက်ပါတယ်။

ကျွန်မသိချင်တာက အူခွဲထားတဲ့လူနာတွေက ဝမ်းသွားတိုင်းသွားတိုင်းသွေးပါပါသလား၊ ဘယ်လောက်ကြာကြာထိ သွေးပါပါသလဲ (ပုံမှန်သွေးပါတာက ဘယ်လိုပုံစံမျိုးပါလဲ)။ MR scan ၊ coloncopyထပ်လုပ်ခိုင်းတော့ စိုးရိမ်မိပါတယ်။ ကျွန်မရဲ့ ကင်ဆာက ဘယ်အဆင့်လောက်ဖြစ်ပါသလဲ။ Chemotherapy အကြောင်းလည်းရှင်းပြပေးပါအုံးနော်။ ကုသမှုအတွင်း ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ဖော်ပြပေးပါနော်။ အကြောဆေး လိုဟာသွင်းရမယ်တဲ့ ဆေးပြားလည်းသောက်ရမယ်ပြောပါတယ်။မရိုမသေ ၀မ်းသွေးပါတဲ့ အစပိုင်းနဲ့ မနေ့ကထိ ရိုက်ထားတဲ့ ပုံတစ်ချို့ attach လုပ်ပြီးပို့လိုက်ပါတယ်။ ကန်တော့ပါနော်ဆရာ။

အခုတရက်နှစ်ရက်အတွင်း ဒီရောဂါအတွက် တခြားတယောက်ကလဲ မေးသေးလို့ ပြန်အစဖေါ်ရသေးတယ်။ အဲဒီလိုနာကတော့ ယူအက်စ် ရောက်နေတယ်။ သူလဲ ခီမိုယူထားရတယ်။ ထပ်ယူဘို့လဲရှိတယ်။ အခုမေးသူက မယူရသေးဘူးထင်တယ်။
ခွဲစိတ်ထားသူ သွေးပါတာ သိပ်တော့ မစိုးရိမ်ပါနဲ့။ ဆရာဝန်တွေလဲ အနားမှာရှိတာဘဲ။
ခီမိုအကြောင်း မေးထားသူကိုဖြေတာကို ပို့လိုက်ပါတယ်။ အခုမေးသူကို ဘယ်ဆေးပေးမလဲတော့ မသိသေးဘူးပေါ့။
Xeloda ကင်ဆာစားဆေး

Mon, Nov 26, 2012 at 9:48 PM
I have been felt sore throat over 5 months in (့). The problem is that I never cough and sick, also can eat and sleep regularly, I have checked CT scan and doctor told me that it doesn't look like cancer. first time,i felt pain my back ,back neck and front neck and also difficult to swallow and breath. I took many of antibiotics and medicines over 5 months and also saw 3 specialist form (့) general hospital and raffles. they also cant tell me exactly source of disease, some doctor told me that swollen lymph nodes and some told me infection by virus. I even checked with physicial therapy and didn't say that anything. But I m still feeling pain at the spot when i pressing at right front neck below the jaw. It have been so long and never gone away completely. Exactly the place is over C1 bone of front neck.just the right side only. I am a male, 33 years old. I feel nothing on the left side. When I use my thumb and finger and squeeze the  C1 bone, the right side is sharply pain at the spot. If you are free, let me call you for a while. The doctor never suggest me to check X ray.So I didn't checked X ray. Please see the attached photo. The most top bone.

But how can you exactly know that pain is over C 1? That photo is better than X-ray. Anyhow as you have been seen by specialists I may not be helpful.
It seems it is a nerve pain. Try painkillers. I am sure you have had. Neurobion will also help. Take it easy, be advised. Follow-up if not improved.

I also think so because I also tried to press everywhere of my neck and cant find any ball or nodes . just like normal. I can only feel sharply pain  when i squeeze the right part of the neck and seems to be over C1 bone . but if  it is the nerve pain , how can it be longer? Can you tell me the name of medicine exactly? I will buy and take tomorrow. Sometimes I also difficult to explain to doctor in (့) because my English is not so good for them.

1. Painkillers = Paracetamol or Ibuprofen = 1 tablet 3-4 times a day with meal for 4-5 days
2. Neurobion or Neuribion forte 1 tablet 2 times a day for 2 weeks
3. Vitamin C 500 mg two times a day for 10 days.

I can't say how long. However these medicines will help.

Thank you so much Dr Swe, I really thank for your help. If I come back after December, i will see u in myanmar.

Tue, Nov 27, 2012 at 11:19 AM
ကျနော်က (့) မှာ အလုပ်လုပ်နေတာပါ။ အမျိုးသမီးကတော့မြန်မာပြည်မှာပါ။ ကျောင်းဆရာမပါ။ လွန်ခဲ့တဲ့ ၂ လလောက်က အမျိုးသမီးက အမာတစ်ခုကို တက်နင်းမိပြီးတော့ နာကျန်ခဲ့တာ ခုချိန်ထိမပျောက်သေးပါဘူး။ နေရာကတော့ ဘယ်ဘက်ခြေဖဝါး ခြေသန်းအောက်နားလေးကပါ။ ဒဏ်ကြေလိမ်းဆေး လိမ်းပါတယ်။ နာတဲ့အခါ အကိုက်ခဲပျောက်ဆေးသောက်ပါတယ်။ သက်သာပေမဲ့ လမ်းများများ လျှောက်တဲ့အခါ ပြန်နာလာတယ်ဆရာ။ နေရာကအတွင်းမှာ မာနေပါတယ်ဆရာ။ အဲဒါ လုံးဝသက်သာ ပျောက်ကင်းသွားအောင် ဘယ်လို ဆောင်ရွက်သင့်ပါသလဲဆရာ။

ခိုက်မိတုံးက အထဲမှာ ဒဏ်ဖြစ်သွားမယ်။ ဒဏ်ဆိုတာ (တစ်ရှူး) လေးတွေစုတ်ပြဲတာ နဲ့ သွေးယိုတာဖြစ်မယ်။ ဒဏ်တခုဖြစ်ရင် ပျောက်သွားအောင် ကိုယ်ခန္ဓာကကြိုးစားတယ်။ ပျောက်ရင် အမာရွတ်အနေနဲ့ကျန်ရစ်တယ်။
ခြေထောက်မှာဖြစ်သမျှ ပျောက်ဘို့ကြာတယ်။ အနာမှန်သမျှ နားပေးမှာ အပျောက်ပြန်တယ်။ အရိုးကျိုးတဲ့အခါ တည့်ပေးထားပြီး ပတ်တီးစီးပေးထားရတာက အနားခိုင်းတာဖြစ်တယ်။ အခုဟာက ခြေထောက်ဆိုတော့ ကြာမဲ့အပြင် မနားရဘူး။ ကိုယ့်အလေးချိန်ကို အဖိခံနေရတော့ ပိုကြာတော့တယ်။ အထဲမှာ ဘယ်လောက်ထိခိုက်သလဲအပေါ်မူတည်ပြီး အချိန်လဲယူသေးတယ်။
တခြားတော့ သိပ်မတတ်နိုင်ဘူး။ အနာသက်သာဆေးကိုတော့ အစာနဲ့နီးပြီး တနေ့ ၂-၃ ကြိမ်သောက်ပါ. ဗီတာမင် (စီ) ကိုလဲ သောက်ပေးပါ။ နားလို့ရလေကောင်းလေပါ။
အဆင်မသင့်ရင် တချို့ (တစ်ရှူး) လေးတွေက သွေးမရလို့ သေသလိုဖြစ်နိုင်သေးတယ်။ အဲဒါကိုဖိမိရင် နာတော့တာဘဲ။ ကံမကောင်းရင် ပိုးဝင်လာတတ်သေးတယ်။ ပိုးဝင်ရင် ပိုနာလာမယ်။ ရောင်လာမယ်။ နီလာမယ်။ ကိုယ်ပူချင်လဲပူမယ်။ အဲလိုအခြေအနေကိုသိရင် ပိုးသေဆေး တခုခုသောက်ရအုံးပါမယ်။
Wed, Nov 28, 2012 at 10:53 AM
သမီးကတော့ အသက် 34 နှစ်။ သမီးအခု မျက်လုံးစွံတယ်လို့ ထင်ပါတယ်။ ဘယ်ဘက်မျက်လုံးက ဒီနေဆိုရင် 3 ရက်မြောက်ပါ။ ပထမတစ်ရက်က မျက်လုံးနည်းနည်း ဖေါင်းနေပါတယ်။ ဒုတိယတစ်ရက်တော့ ပိုရောင်လာပါတယ်။ ဆရာအရင်းက ရေးထားကို မှတ်မိပြီး မျက်လုံးကို အပူကပ်ပါတယ် ဆရာ။ သောက်ဆေးကိုမေ့နေလို့ အရင်တုန်းက ဆရာရေးတဲ့ မျက်စေ့စွံခြင်းကို ဖတ်ပြီးပါပြီ။အခုရှာတာမတွေ့လို့ပါ။ အခုမျက်စေ့စွံခြင်းကို ရှာရင်းနဲ့ မျက်စေ့နာမဟုတ်တဲ့ မျက်စေ့အလာဂျီ၊ မျက်စဉ်းဆေး အမျိုးမျိုးကိုဖတ်နေပါတယ်ဆရာ။ ဖတ်ရင်တဲ့ ကိုယ်ကိုယ့်ကို မျက်စေ့စွံတာလား။ မျက်လုံးရောင်တာ မခွဲတတ်တော့ပါဘူး။ တစ်ခါမှ မဖြစ်ဘူးပါဘူး။ ကျွန်မ သမီးလေးက ဟိုတစ်နေ့က ပေါင်ဒါကို ယူဆော့ပြီး ကျွန်မ မျက်နှာကိုလာ သုတ်ပြီး ဖြစ်တယ် ထင်ပါတယ်။ မျက်လုံးကတင်းပြီး တစ်ခါတစ်ခါအရမ်းအောင့်ပါတယ်။ မျက်လုံးကို လှန်ပြီးကြည့်တော့ အထဲမှာ အဆံမတွေ.ပါဘူး။ ဒါကြောင့် သမီး ဘယ်လို ဂရုစိုက်ရမယ်ဆိုတာကို ညွှန်းကြားပေးပါ ဆရာ။ သမီးတို့က ပြင်ပမှာနေတာပါ။

• Sty, Chalazion, Blepharitis အဖြစ်များတဲ့ မျက်စိရောဂါတွေ http://dts-medicaleducation.blogspot.in/2011/06/sty.html

Wed, Nov 28, 2012 at 5:31 PM
အိမ်ထောင်ဖက်က ဘီပိုး chronic ဆိုရင် ကာကွယ်ဆေးထိုးထားလည်း ကွန်ဒွမ် သုံးရမှာလား ဆရာ။ ကာကွယ်ဆေးက ဘယ်လောက်ကြာခံပါသလဲ။ one circle (၃ကြိမ်) ထိုးပြီးရင် နောက်ဘယ်တော့ပြန်ထိုးရမှာပါလဲ ဆရာ။

• Hepatitis B Vaccine ဘီပိုးကာကွယ်ဆေးထိုးနည်း http://dts-medicaleducation.blogspot.com/2011/11/hepatitis-b-vaccine.html