ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Friday, November 9, 2012

Q and A November 2012 (2)

1. Subdural haematoma ရောဂါနှင့် ကျမဦးလေးက ဆေးရုံမှာ တက်ရောက်ခွဲစိတ်ထားပါတယ်။
2. သမီးအမေက လည်ချောင်းမှာ တစ်ဆို့တစ်ဆို့ဖြစ်တယ်။
3. သမီးသွေးတိုးနေလို့ ဆေးခန်းသွားပြတော့
4. တူမလေးရဲ့ ရောဂါအကြောင်းသိပါရစေရှင့်။
5. ကျမလက်ရှိ (့) နိုင်ငံမှာနေပါတယ်။
6. နှလုံးသွေးကြောကျဉ်းရင် တွဲဖက် သုံးစွဲရတဲ့ ဆေးလေးတွေ
7. ကျွန်တော့် သမီးလေး အသက်ဟာ ၁ လခွဲရပါပြီ။
8. ကျွန်တော့်အဖေဟာ အသက် ၅၅ နှစ်ရှိပါပြီ။
9. ကျွန်တော်နံမည်က (့) ပါ။
10. DHEA plus 20 mg ဆေးက နေ့တိုင်း သောက်လို့ ရပါသလား
11. လက်မှာ အနာတွေဖြစ်နေတာကြာပါပြီ။

Fri, Nov 9, 2012 at 8:30 PM
Subdural haematoma ရောဂါနှင့် ကျမဦးလေးက ဆေးရုံမှာ တက်ရောက်ခွဲစိတ်ထားပါတယ်။ နောက် ၂ လအကြာတွင် ဦးနှောက်ကို CT Scan ပြန်ရိုက်ပြီးတဲ့အခါ ရတဲ့ Report အရ -
As compared with previous findings in last CT Scan head which was done on 20-9-12 after operation, the right Subdural effusion is remarkably reduced. New finding of Subdural effusion is seen on the left side, covering temporal, frontal and parietal lobes with the absence of middle shift to the contralateral side. Old infarct is noted in post central gyrus. Ventricles are dilated and sulci are widened, favouring cerebral atrophy and normal pressure hydrocephalus.
Effusion, Infarct, Sulci စတဲ့စကားလုံးတွေကို မြန်မာလို အဓိပ္ပါယ်ရှင်းပြပေးစေချင်ပါတယ်။ ပြီးတော့လည်း ဒီ case နဲ့ပတ်သက်ပြီး Surgeon ရဲ့ သဘောအရ ပြန်ခွဲစေချင်ပင်မဲ့ လူနာကတော့ အသက်ကလည်း ၈ဝ နီးနေပြီဆိုတော့ ထပ်ပြီးတော့ မခွဲချင်တော့ပါ။ တခြားနည်းလမ်းနဲ့ ဆက်ကုရန် နည်းလမ်းလေးများရှိရင် ညွှန်ကြားပေးစေချင်ပါတယ်။ ဒီကာလအတွင်းမှာလည်း ဘာတွေဆင်ခြင်နေရမယ်ဆိုတာပါ ပြောပေးပါ။

ဦးနှောက်ခွဲစိတ်တဲ့ စကင်ရီပို့ ၂ ခုကိုယှဉ်ရေးထားတယ်။ အရင် ၂ဝ-၉-၁၂ နဲ့စာရင် ဦးနှောက်မြှေးအောက် အရည်အောင်းခြင်း လျှော့နည်းသွားတယ်။ ဘယ်ဘက်မှာ အသစ်အရည်အောင်းတာတွေ့တယ်။ နေရာတွေက နားထင်း။ နဖူးနဲ့ ဘေးနေရာတွေမှာ ဖြစ်တယ်။ အလည်မျဉ်းတိမ်းစောင်းခြင်းမရှိ။ ဟောင်နေတဲ့ သွေးမဝဖြစ်ခြင်းကို အလည်နောက်နားမှာ တွေ့တယ်။ အရည်ရှိနေရာ (ဗင်ထရီကယ်လ်) တွေမှာ ဖေါင်းနေတယ်။ ကြာရင် (ဆယ်ရီဘရယ်) နေရာကို ဖိအား သက်ရောက်သွားစေနိုင်တယ်။ ဖိအားမများတဲ့ အရည်အောင်းခြင်းကို ဖြစ်စေနိုင်တယ်။

Wed, Nov 7, 2012 at 10:41 AM
သမီးအမေက လည်ချောင်းမှာ တစ်ဆို့တစ်ဆို့ဖြစ်တယ်။ ဆံပင်ကျည်ကပ်နေသလိုလို။ တစ်ခုခုခံနေသလိုလိုဖြစ်တယ်။ အာတွေလည်းညောင်းတယ်။ ကျောတွေရင်တွေညှပ်အောင့်တယ်။ အသက်ရှုလည်းမဝဘူး။ အချည်စားမိရင် လေပူထတယ်။ လေတက်ရင်ခဏနည်းနည်းသက်သာသွားတယ်။ နေ့ထိုင်းလို ဖြစ်နေတယ်။ ဆရာဝန်ပြတာလည်း မသက်သာဘူး။ ဘာရောဂါလည်း၊ ဘာဆေးသောက်ရင် ပျောက်နိုင်မလဲဆိုတာ ကူညီတဲ့အနေနဲ့ mail နဲ့ ပြန်ပို့ပေးပါ။

အမေ့အသက်၊ ဖြစ်နေတာဘယ်လောက်ကြာ၊ ဆရာဝန်ပြသလား၊ ဘာတွေစစ်ဆေးထားလဲ။

Fri, Nov 9, 2012 at 12:27 PM
ဆရာ ဒီတစ်ခေါက်တော့ အမေ့အခြေအနေနဲ့ဆိုင်တဲ့စာပါပို့ပေးပါဆရာရယ်။ အမေ အသက်-၄၂၊ ဖြစ်နေတာ ၃ နှစ်ကျော်ပါပြီ။ သွေး၊ ဆီး၊ ဓါတ်မှန်စစ်ပြီးပါပြီ။ အသဲအဆီနဲနဲဖုံးနေတယ်တဲ့။ ကျန်တာဘာမှမတွေ့ဘူးလို့ ပြောပါတယ်။ လည်ချေင်းတစ်ဆို့တစ်ဆို့ဖြစ်တာနဲ့ အသဲအဆီဖုံးတာနဲ့ မဆိုင်ဘူးလို့တော့ သမီးထင်တယ်။ အမေရောဂါပျောက်အောင်ဘာလုပ်ရမလဲဆိုတာပြောပေးပါ။

အရင်မေးတာတွေပြန်ရှာရမလွယ်လှဘူး။ လည်ပင်းတစ်ဆို့တာ ကိုအသေအခြာပြောပါ။ ဆရာဝန်နဲ့ပြနေသလား။ ဆေးစစ်သလား၊ ဘာတွေ့လဲ၊ ဘယ်လောက်ကြာပြီလဲ၊ စတာတွေ သိချင်တယ်။
Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း

Wed, Nov 7, 2012 at 9:23 AM
သမီးသွေးတိုးနေလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က ဆေးစစ်ခိုင်းလို့ပါ။ အဲဒီအဖြေတွေပေးလိုက်တာပါ။ ကြည့်ပေးပါဦးဆရာ။ ဒီက ဆရာဝန်ကတော့ အဆီဓါတ်များတယ်လို့ပဲပြောတယ်။ ဘာတွေရှောင်ရမလဲ သိချင်လို့ပါ။

သိပ်စိုးရိမ်စရာမရှိပါ။ ကိုလက်စထောကလဲ ကောင်းတာသာများလို့ ကောင်းပါတယ်။ ယူရစ်အက်စစ်တော့ များနေတယ်။ ဂေါက်ရောဂါ၊ ဆီးရောဂါတွေကို သတိထားပါ။ သွေးဖြူဥတော့ နဲနဲများနေတယ်။ ပိုင်းဝင်ထားတာတခုခုရှိနေနိုင်တယ်။ ပိုးသေရင် ပြန်ကျပါတယ်။
• Cholesterol (ကိုလက်စထော) http://dts-medicaleducation.blogspot.in/2012/06/cholesterol.html
• Uric acid (ယူရစ်-အက်စစ်) http://dts-medicaleducation.blogspot.com/2011/06/uric-acid.html

Thu, Nov 8, 2012 at 12:51 PM
တူမလေးရဲ့ ရောဂါအကြောင်းသိပါရစေရှင့်။ Attachment File ပါ ဓာတ်မှန်အဖြေနဲ့Blood Test အခြေအနေကို သိပါရစေရှင့်။ ၁ နှစ်နဲ့ ၅လပါ။ မွေးတဲ့နေ့က အခြေနေကိုသိရအောင်လဲ result အဖြေကို First day File မှာစစ်ပေးပါ။ ကျွန်မဖတ်ကြည့်ရသလောက်တော့ အခုအခြေအနေက မကောင်းဘူးထင်ပါတယ်။
1 Pulmonary agenesis of right lung
2 Pulmonary hypoplasia (RL)
3 Complete collapse right lung

ညာဘက်အဆုပ် မွေးရပါရောဂါကြောင့် မကောင်းပါ။ အထူးကုဆရာဝန်ကပြောပါလိမ့်မယ်။ ဘယ်ဘက်ကောင်းနေတာ တော်သေးတယ်။ ကံတရားလဲရှိတာဘဲ။

Thu, Nov 8, 2012 at 12:26 PM
ကျမလက်ရှိ (့) နိုင်ငံမှာနေပါတယ်။ (့) နိုင်ငံသားအနေနဲ့ INDIA မှာအသဲ ကျောက်ကပ်အစားထိုးလဲလို့ရပါသလား။ အလှူရှုင်များရှိနိုင်မလား။ ဘယ်ဆေးရုံတွေမှာခွဲစိတ်ပေးပါသလဲ၊၊

India မှာ အသဲရော ကျောက်ကပ်ပါလာလဲသူတွေ မြန်မာနိုင်ငံက မပြတ်တမ်းရှိပါတယ်။ နယူးဒေလီမှာ လာကြတာများတယ်။ ကာလကတ်တား နဲ့ မဒရပ်စ် မှာလဲရတယ်။ လှူမဲ့သူကို ကိုယ်တိုင်ရှာရတယ်။ မှောင်ခိုလိုလဲရှိမှာပေါ့။ ဥပဒေတွေ ရှိတယ်။ ဆေးရုံကြီးတွေရဲ့ အေးဂျင့်တွေကနေလုပ်ရင် အချိန်ကုန်သက်သာပြီး လိုအပ်တာအားလုံး သိတယ်။ နေတဲ့နေရာ ဥပမာ ရန်ကုန်၊ မန်းတလေးက အသဲအထူးကဆရာဝန်ကနေ ဒီကဆရာဝန်ဆီကို အင်တာနက်သုံးပြီး အချက်အလက်တွေ၊ လိုတာတွေ၊ မေးတာတွေလုပ်တယ်၊ ရက်ချိန်းတွေလုပ်တယ်။ ဒီကနေ ကြိုမဲ့-ကူမဲ့သူတွေနဲ့လဲ ချိတ်ဆက်ပြီးလုပ်ကြရတယ်။ စကားပြန်သဘောလဲ လုပ်ပေးတယ်။ ကုန်ကျစရိတ်တွေ သတ်မှတ်ချက်တွေရှိပြီးဖြစ်တယ်။ ဒါပေမဲ့ နေရာတိုင်းမှာလိုဘဲ ပိုက်ဆံရချင်သူတွေချည်းဖြစ်တာကို သတိထားရတယ်။ အခုနေတဲ့နေရာက ဆေးရုံက ဆေးမှတ်တမ်းတွေကိုလဲ ဒီကဆရာဝန်ဆီပို့လို့ရမယ်။ လိုသေးတာမေးပါ။

Mon, Nov 5, 2012 at 5:52 PM
နှလုံးသွေးကြောကျဉ်းရင် တွဲဖက် သုံးစွဲရတဲ့ ဆေးလေးတွေ သိချင်လို့ပါ။ ကျွန်တော်အသိပညာလေးအတွက်ပါ။

Angina treatment နှလုံးသွေးကြောကျဉ်းရင် http://dts-medicaleducation.blogspot.in/2012/11/angina-treatment.html

Fri, Nov 9, 2012 at 5:38 PM
ကျွန်တော့် သမီးလေး အသက်ဟာ ၁ လခွဲရပါပြီ။ ယခုရက်ပိုင်း ၄ ရက်အတွင်း ညနေ ၆ နာရီ လောက်မှာ အမြဲတမ်း တက်မတတ် ငိုတာ ၂ နာရီလောက်ကြာပါတယ်။ နေ့ခင်းမှာတော့ သိပ်မငိုပါ။ အဲဒါဆောင်ရန်ဆောင်ရန်တွေရှိရင် ဖြေကြားပေးပါအုံးဆရာ။

• Baby Care ကလေးဗိုက်နာရင် http://dts-medicaleducation.blogspot.com/2011/05/may-25-2011-at-803-am-air-x-drop-air-x.html

Thu, Sep 29, 2011 at 6:45 PM
ကျွန်တော့်အဖေဟာ အသက် ၅၅ နှစ်ရှိပါပြီ။ သူ့မှာ ဆီးချိုရောဂါ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီးသိခဲ့ရပါတယ်။ အခုတခါ ဆေးစစ်ကြည့်လိုက်တော့ အဆုတ်မှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ၁၃.၅.၂၀၁၁ နေ့က ရန်ကုန်မှာ မှန်ပြောင်းကြည့်၊ အသားစယူပြီး သိလိုက်ရတာပါ။ ခွဲရမယ်လို့ ပြောပါတယ်။ အဖေက ဘယ်လိုမှခွဲဖို့ကို ပြောလို့မရတော့ပါဘူး။ (စီးပွားရေး အခြေအနေကြောင့်လဲပါပါတယ်) အခုဆို ၉ လပိုင်းလောက်ရောက်ရော ချောင်းဆိုးရင် သွေးပါ ပါလာပါတယ်။ အဆုတ်ကင်ဆာနဲ့ပတ်သတ်လို့က ဘာဆေးမှ မတိုက်ရသေးပါဘူး။ ဆီးချိုဆေးပဲ တိုက်နေပါတယ်။ အဲတာ ဘယ်လို ကုသရင် ကောင်းမယ်ဆိုတာလေး သိချင်ပါတယ် ခင်မျာ။ ကျွန်တော်တို့က နယ်မြို့လေးတမြို့ကပါ။ ဆေးပညာဗဟုသုတလဲ နည်းပါတယ်။ ဘာလုပ်လို့လုပ်ရမှန်းလဲ မသိပါဘူး။ ငွေကြေးလဲ သိပ်မတတ်နိုင်ပါဘူး။

Lung Cancer အဆုပ် ကင်ဆာ

အခု ကျွန်တော့်အဖေက အပူတွေတတ်နေတယ်ဆရာ။ ကင်ဆာနဲ့ပတ်သတ်လို့ ဘာမှမတိုက်ဘူး။ ဆေးလဲမသွင်းရသေးဘူးဆရာ။ လွန်ခဲ့တဲ့တပတ်က ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်ရဲ့ သုံးပုံတပုံလောက် ကြီးလာတယ်လို့တော့ပြောပါတယ်။ အခုအဖေက ညပိုင်းဆို အပူတွေတတ်ပြီးကယောင်ချောက်ခြား ဖြစ်ဖြစ်နေတယ်ဆရာ။ နေ့ပိုင်းဆို သက်သက်သာသာပဲ။ အခု ဆရာဝန်ပေးတဲ့ ပိုးသတ်ဆေးတွေတော့ တိုက်နေတယ်။ အဲဆေးက လွန်ခဲ့တဲ့ ၁ လလောက်ထဲက တိုက်နေရတာ။ နဂိုက ရက်တွေက အပူမတတ်ဘူး။ အခုရက်ပိုင်း ညပိုင်းဆို အပူတတ်ပြီး ကယောင်ချောက်ခြားဖြစ်ဖြစ်နေတယ်ဆရာ။ အဲဆေးတွေသောက်ရင် ဆီးလဲ ခဏခဏသွားတယ် အဲလိုသွားရင်အပူမတတ်ဘူး။ အပူမတတ်ပဲ အဖေသက်တောင့်သက်သာနေနိုင်အောင် ဆေးကိုလမ်းညွှန်ပေးစေချင်ပါတယ်။ အဖေကို အခုတိုက်နေတဲ့ ဆေးတွေက LVZ 500.Levofloxacin-500mg,Zifam ကို တနေ့တစ်လုံး၊ Augpen 625, Amoxicillin Trihydrate USP, equivalent to Amoxicillin-500mg, clavuanate de potassium USP equivalent a acide clavulanique -125 ကို မနက်တစ်လုံး ညတစ်လုံး တိုက်ပါတယ်။ ဆေးကို လမ်းညွှန်ပေးပါ။ အဲဆေးတွေကိုလဲ ဆက်သောက်သင့်မသောက်သင့် လမ်းညွှန်ပေးပါဆရာ။

ဆရာဝန်တွေကတော့ ဆရာတို့နားလည်တဲ့ဆေးကုသနည်းကိုသာ ညွှန်းပါတယ်။ လူနာကိုယ်တိုင်လဲ ကိုယ်ကြိုက်တာရွေးကြတယ်။ ကံတရားက အဆုံးအဖြတ်ပေးပါတယ်။ ဆေးတွေက ပိုးသေဆေးတွေဖြစ်လို့ ဗက်တီးရီးယားတွေကိုသေစေတယ်။ အမြဲတိုက်စရာတော့မလိုပါ။ လူနာကို လသက်သာရာသက်သာကြောင်းသာ လုပ်ပေးရမယ်။ ချောင်းဆိုးနေရင် ချောင်းဆိုးပျောက်ဆေး၊ နာရင် အနာသက်သာဆေး၊ အားနည်းနေရင် ဗီတာမင်တွေနဲ့ အစားအသောက်။ ပိုအရေးကြီးတာက စိတ်အားတက်အောင်၊ ဘာသာတရားအဆုံးအမတွေရစေအောင် ကူညီပါ။
• Lung Cancer and Papaya အဆုပ်-ကင်ဆာ နဲ့ သင်္ဘောရွက် http://dts-medicaleducation.blogspot.com/2012/01/lung-cancer.html
• Lung Cancer (1) အဆုပ် ကင်ဆာ (၁) http://dts-medicaleducation.blogspot.com/2011/11/lung-cancer.html
• Lung Cancer (2) အဆုပ် ကင်ဆာ (၂) http://dts-medicaleducation.blogspot.in/2012/07/lung-cancer.html
• Cancer and Diet ကင်ဆာ နဲ့ အစားအစာ http://dts-medicaleducation.blogspot.com/2012/01/diet-and-cancer.html
• Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ http://dts-medicaleducation.blogspot.in/2012/06/cancer-fighting-foods.html

Sat, Nov 10, 2012 at 5:33 PM ကျွန်တော်နံမည်က (့) ပါ။ အသက်ကတော 23 နှစ်ပါ အခု (့) မှာနေပါတယ်။ ကျွန်တော် ခန္ဓာကိုယ်ပေါင်ချိန်ကျဆင်းပြီး ပိန်ပိန်လာလိုပါ။ စားလည်းကောင်းကောင်းရပါတယ်။ အိပ်ရေးလည်းမှန်ပါတယ်။ အရင်ကတော ဆေးလိပ်သောက်လိုထင်ပြီး ဆေးလိပ်ဖြက်ပါတယ်။ ပိန်မြဲပိန်နေပါတယ်ခင်ဗျာ။ အရက်လုံးဝမသောက်ပါ။ ကိုယ်အလေးချိန်ကျနေတာ သက်သက်နဲ့တော့ မစိုးရိမ်ပါနဲ့။ ပဌမဆုံးစဉ်းစားသင့်တာက တီဘီ။ ဒါပေမဲ့ တိုင်းတပါးကို လာရသူတိုင်း ဆေးစစ်ကြရတာမို့ တီဘီ လိုရောဂါရှိရင်လဲ သိထားမှာပါ။ ကျန်းမာ နေကောင်းနေရင် မစိုးရိမ်ပါနဲ့။ ရေးထားတဲ့စာ တပုဒ် ပို့လိုက်ပါတယ်။ • Weight gain လှယုံမက ဝချင်သေးရင် http://dts-medicaleducation.blogspot.com/2010/05/weight-gain.html Sat, Nov 10, 2012 at 10:25 AM DHEA plus 20 mg ဆေးက နေ့တိုင်း သောက်လို့ ရပါသလား အမြဲ တန်းသောက်ရင် ဘာဆိုးကျိုးတွေဖြစ်နိုင်ပါလဲ ခင်ဗျာ

DHEA Tablet ဆေးဟာ (ဟာဗယ်) တိုင်းရင်းဆေးအုပ်စုဝင်ဖြစ်တယ်။ ဟော်မုန်းဆေးလို့ဆိုပါတယ်။ လူတိုင်းရဲ့ကိုယ်ထဲမှာ အလိုလိုထုတ်ပေးနေတဲ့ ဟော်မုန်းကို သစ်ပင်သစ်ရွက်တွေကနေထုတ်ယူထားတယ်။ ဆေးကြော်ညာအဆိုအရ ဟော်မုန်းများရဲ့မိခင်လို့ဆိုပါသေးတယ်။ အသက်ကြီးလာသူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်သူတွေကို သောက်ပါလို့ ဆေးညွှန်းကဆိုပါတယ်။ တခါသောက် ၁ တောင့်၊ တနေ့ ၃ ကြိမ်။

ယောက်ျားများအတွက် DHEA သတိပေးချက်
DHEA ဆေးမသောက်ခင် သွေးထဲမှာ PSA (Prostate Specific Antigen) ဘယ်လောက်ရှိသလဲစစ်ရမယ်။ ၆ လ ဒါမှမဟုတ် တနှစ်တခါ စစ်နေသင့်တယ်။ free testosterone နဲ့ estrogen ကိုလဲသိနေသင့်တယ်။
Prostate cancer ဆီးကျိတ်ကင်တာ နဲ့ Benign prostate disease ဆီးကျိတ်ကြီးနေသူတွေ မသောက်ရပါ။
DHEA ဆေးသောက်နေရင်း Vitamin D 5,000 – 10,000 IU, Vitamin E 400 IU, Selenium 200 mcg, Gamma E Tocopherol with Sesame Lignans 200 mg, Lycopene Extract 10 – 40 mg နဲ့ Boron 3 – 10 mg ဆေးတွေပါတွဲသောက်သင့်တယ်လို့ ဖတ်ရပါတယ်။

အမျိုးသမီးများအတွက် DHEA သတိပေးချက်
Estrogen နဲ့ Testosterone စစ်ရမယ်။
Estrogen-dependent cancer ရင်သားကင်ဆာ တမျိုးရှိမနေရဘူး။
DHEA ဆေးသောက်နေရင်း Melatonin 300 mcg 3 mg (nightly), Vitamin E (D-alpha tocopheryl succinate) 400 IU, Broccoli Extract, Indole-3-carbinol 80 160 mg, Vitamin D3 5,000 – 10,000 IU နဲ့ Gamma Tocopherol with Sesame Lignans 200 mg ဆေးတွေပါတွဲသောက်သင့်တယ်လို့ ဖတ်ရပါတယ်။

Sun, Nov 11, 2012 at 1:04 PM
လက်မှာ အနာတွေဖြစ်နေတာကြာပါပြီ။ ၁ နှစ်ခွဲလောက်ရှိပြီလို့ ထင်ပါတယ်။ ကလေးမွေးပြီး နောက်ပိုင်း ပန်းကန်ဆေး ဆပ်ပြာရည် ကိုင်တာနဲ့ ပါတ်သက်ပီး ဒီလိုဖြစ်တယ်လို့ ထင်ပါတယ်။ ဓါတ်ပုံတွေကို attached file မှာ ကြည့်ပေးပါဆရာ။ ရောဂါဖြစ်တာကို ရန်ကုန်ခနရောက်တုန်းက ဆရာဝန်နဲ့ ပြကြည့်တော့ မှိုလို့ ပြောပါတယ်။ ဒါနဲ့ silkron လိမ်းဆေးပေးပါတယ်။ စဖြစ်တုန်းက လက်ထိပ်ဖျားတွေမှာ ဖြစ်ပါတယ်။ လက်ထိပ်ဖျားတွေ ကွဲပါတယ်။ silkron လိမ်းတော့ လက်ထိပ်ဖျားကွဲတာတွေ သက်သာပါတယ်။ အဲဒါကြောင့် ဆပ်ပြာကိုင်တဲ့အခါ လက်ထိပ်တွေကို မသုံးမိအောင်သတိထားပါတယ်။ အခုတော့ လက်ချောင်းရဲ့  အလယ်အတွင်းသားတွေ အခုလို အနာဖြစ်လာပါတယ်။ silkron က သက်သာတယ် ထင်ရပေမယ့် လုံးဝပျောက်သွားတာမျိုး မဟုတ်လို့  ပိုသင့် တော်မယ့် ဆးကို ညွှန်းပေးပါဆရာ။ အခုတော့ လက်အိတ်သုံးပီး ပန်ကန်ဆေးရပါတယ် ဆပ်ပြာရည် လုံးဝမကိုင်ရင်တော့ အနာမဖြစ်ပါဘူး။ အမြဲ လက်အိတ်သုံးရတာလဲ အလုပ်ပိုလို့ ပါ။ ဆပ်ပြာရည်ပြောင်းသုံးလဲ အနာတော့ ဖြစ်နေတုန်းပါပဲ။ လုံးဝပျောက်သွားအောင် လုပ်လို့ မရနိုင်ဘူးလားဆရာ။ နေတာက (့) ပါ။ အသက်က ၃၇ ပါ။

Ketoconazole (ကီတိုကွန်နာဇိုး)
အရေပြားနဲ့ လက်သည်း-ခြေသည်းမှိုရောဂါများအတွက် စားဆေး၊
Protozoal infections (ပရိုတိုဇိုးဝါး) ပိုး၊ Cushing's syndrome (ကွတ်ရှင်-ဆင်ဒရုမ်း)၊ Prostate cancer ဆီးကျိတ်-ကင်ဆာ နောက်ပိုင်း၊ နဲ့ Sarcoidosis (ဆာကွိုက်ဒိုးးဆစ်) နဲ့ Tuberculosis တီဘီရောဂါရောဂါတွေမှာ (ကယ်လ်စီယမ်) များနေတာအတွက်လဲ သုံးသေးတယ်။ Antacid လေနာဆေး နဲ့တွဲမသောက်ရပါ။
Ketoconazole 2% cream (ကီတိုကွန်နာဇိုး) (ခရင်မ်)၊
Tinea corporis, Tinea cruris, Tinea pedis, Tinea (pityriasis) versicolor, Cutaneous candidiasis, Seborrheic dermatitis, Cutaneous candidiasis, Tinea corporis ၂-၄-၆ ပါတ်အထိပေးရတယ်။

Intraconazole မှိုရောဂါအတွက်ဆေး
• Vaginal Yeast infections (Thrush) မွေးလမ်းကြောင်းမှို = 200 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။
• Shin fungus infection ခြေသလုံးရှေ့ အရေပြားမှို = 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်။
• Infections of nails လက်သည်း-ခြေသည်းမှို = 200 mg တနေ့ ၁ ကြိမ်၊ ၃ လ။
• Candidia infections of mouth, throat and oesophagus ပါးစပ်-ခံတွင်း-အစာမြိုပြွန်မှို = 100 mg တနေ့ ၁ ကြိမ်၊ ၁၅ ရက်။