ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, November 22, 2012

Venous insufficiency သွေးမဝခြင်းရောဂါ

Thu, Nov 22, 2012 at 12:04 PM
May I know about chronic Venus insufficiency and how to sure it? Please kindly advise me in Burmese.

Chronic venous insufficiency or CVI ဆိုတာ နာတာရှည် သွေးပြန်ကြောက သွေးမလုံလောက်တာကို ခေါ်ပါတယ်။ အဲလိုဆိုရင် အောက်စီဂျင်မဝတာ ဖြစ်နေမယ်။ သွေးပြန်ကြောတွေ ပျက်စီးနေတာကို Impaired musculovenous pump ကြွက်သား သွေးမဝတာလို့ ခေါ်တယ်။ သွေးပြန်ကြောတွေထဲက အဆို့ရှင်လေးတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်ရတယ်။

တဆက်တည်းဖြစ်တာတွေကတော့ Deep vein thrombosis ဆိုတာက အတွင်းပိုင်းနေရာက သွေးပြန်ကြောကြီးတွေမှာ သွေးခဲပိတ်လို့ဖြစ်တယ်။ Phlebitis ဆိုတာ သွေးပြန်ကြောရောင်ခြင်းကို ခေါ်တယ်။ အမျိုးသမီး အသက်ကြီးသူတွေမှာ ပိုဖြစ်ကြတယ်။ အလုပ်အကိုင်သဘောကနေ ဖြစ်တာတွေလဲ ရှိတယ်။ ဥပမာ လေထီးခုန်သူတွေ။ ဒီရောဂါဟာ နေရာအမျိုးမျိုးမှာဖြစ်နိုင်တယ်။
- Venous insufficiency in the legs ခြေထောက်၊
- May-Thurner syndrome ပေါင်ခြံသွေးပြန်ကြော၊
- Venous insufficiency in the central nervous system ဗဟိုအာရုံကြောစနစ်၊
- Venous insufficiency in the liver အသဲ။

My mother is suffering it on her legs (itch, red spots, and allergy sign) for more than 1 year. But cannot be cured it so far. She is living in Yangon. Please kindly advise me how to cure it? What kind of medicine should she take? What kind of treatment should follow up?

Chronic venous insufficiency of legs ခြေထောက် သွေးပြန်ကြောရောဂါ
နာတာရှည်ဖြစ်နေတာကို Postphlebitic syndrome and Postthrombotic syndrome လို့လဲ အရင်ကခေါ်တယ်။

ခြေထောက်ကနေ နှလုံးဆီပြန်လာတဲ့ သွေးပြန်ကြောမှာ ပြဿနာဖြစ်နေလို့ ဒီရောဂါခံစားရတယ်။ နာတာရှည်ဖြစ်တယ်။ သွေးပြန်ကြောတွေမှာ တဖက်သပ်သာ သွေးသွားစေအောင်လုပ်ပေးတဲ့ အဆို့ရှင်လေးတွေ ရှိနေရတယ်။ အဲဒါလေးတွေ ချို့ယွင်းရင်၊ ဒါမှမဟုတ် ရှိမနေရင် ဒီလိုဖြစ်စေတယ်။ မွေးရာပါ အဆို့ရှင်မကောင်းတာ၊ မွေးရာပါ သွေးပြန်ကြောနံရံ မကောင်းတာလဲ ရှိတယ်။ ထိခိုက်မိရာကနေလဲဖြစ်နိုင်တယ်။ မတ်တပ်ရက်တဲ့အခါ သိသာမယ်။

ဘယ်လိုခံစားရမလဲ
ထုံပြင်းပြင်းနာမယ်၊ လေးလံနေမယ်၊ ကြွက်တက်မယ်၊ ယားမယ်၊ ကျင်မယ်၊ ရပ်နေရင် နာတာပိုတိုးမယ်၊ ခြေထောက် ရောင်မယ်၊ နာတာရှည်ဖြစ်နေသူဆိုရင် ဖြစ်တဲ့နေရာ နီရဲနေမယ်၊ အရေပြားအရောင်ပြောင်းလာမယ်၊ သွေးကြောထုံးမယ်၊ အပေါ်ကအရေပြား ထူထဲနေမယ်၊ အနာဖြစ်လာနိုင်တယ်။

၁။ Deep venous thrombosis အတွင်းပိုင်းမှာရှိတဲ့ သွေးပြန်ကြောတွေမှာ သွေးခဲပိတ်နေရာကနေလဲဖြစ်မယ်။ ပုံမှန်သွားလာလှုတ်ရှာနေရင် သွေးပြန်လာမှုဟာ နားနေတာထက် မြန်တယ်။ သွေးပြန်ကြောမကောင်းရင် ပိုဆိုးမယ်။
၂။ Superficial venous insufficiency အပေါ်ယံသွေးမတာ နဲ့ အတွင်းပိုင်းသွေးမဝတာရှိတယ်။

အဖြစ်မနည်းဘူး။ အမေရိကားမှာ ၂-၅% လူတွေမယ် တနည်းနည်းနဲ့ဒါမျိုးခံစားနေကြရတယ်။ အသက်ကြီးသူ၊ အမျိုးသမီး၊ အရပ်ရှည်သူ၊ မျိုးရိုးရှိသူ၊ ဝသူ၊ ကိုယ်ဝန်ဆောင်၊ အကြာကြီးထိုင်နေ၊ ရပ်နေရသူတွေမှာ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ အသက် ၄ဝ-၄၉ ကြား အများဆုံးဖြစ်တာတွေ့ရတယ်။ ယောက်ျားတွေဆိုရင် အသက် ၇ဝ-၇၉ ကြား များတယ်။

ကြာရင် လမ်းလျှောက်ရတာ လှုတ်ရှားရတာကိုထိခိုက်ပြီး ဒုက္ခိတလိုဖြစ်လာနိုင်တယ်။ ဆေးမကုသရင် ကြာလေဆိုးလေ ဖြစ်မယ်။ အနာဖြစ်လို့ မကျက်နိုင်ဖြစ်လာရင် ကုရတာခက်တယ်။ ဆေးရုံမှာ ကြာကြာတက်နေရပြီး အသက်ကြီးသူဆိုရင် ဒါဖြစ်လာတတ်တယ်။ သွေးယိုတာကနေ သွေးလွန်တာဟာ စိုးရိမ်စရာကောင်းတယ်။

ကုသနည်းတွေ
 ဆေးနဲ့ကုသလို့ မရသေးပါ။
 Graduated compression နည်းကိုသုံးနေပါတယ်။ ၃ဝ-၄ဝ ဒါမှမဟုတ် ၄ဝ-၅ဝ mm Hg ဖိအားသုံးရတယ်။ ခြေခြင်းဝတ်နေရာမှာ လုပ်တယ်။ တဖြေးဖြေးချင်း ဖိအားကို လျှော့ချရတယ်။
 Surgical ခွဲစိတ်မှုနဲ့ Endovenous therapy ကို အနာကြောင့် အနေရခက်တာအတွက် လုပ်တယ်။
 Valvuloplasty ခွဲစိတ်နည်းကနေ အတွင်းပိုင်းသွေးလွှတ်ကြောပိတ်လာမှာကို သတိထားရတယ်။
 Venous bypass ကိုလဲ လုပ်နိုင်တယ်။
 External vein valve banding devices နည်း၊ Thermally induced collagen shrinkage procedures နည်းတွေလဲ လုပ်တယ်။
 လိုအပ်သူတွေကို Ablating the refluxing vessels နည်းလုပ်ရတယ်။
 Venoablation နည်းကို အနေရခက်သူ၊ အနာဖြစ်သူတွေအတွက်သာလုပ်တယ်။ Ligation with stripping, Simple ligation and division, Sclerotherapy, Stab evulsion, Radiofrequency ablation နဲ့ Endovenous laser therapy နည်းတွေ ရှိတယ်။
 Sclerotherapy နည်းဆိုတာ သွေးကြောထဲကို ဆေးထိုးပြီး ပိတ်ပြစ်တာဖြစ်တယ်။
 EVLT နည်းမှာ လေဆာသုံးတယ်။
 Radiofrequency catheter နဲ့ Subfascial endoscopic perforator surgery ခွဲစိတ်နည်းတွေလဲ ရှိသေးတယ်။

ကုသနည်း အချုပ်ကတော့
ရောင်နေတာအတွက် Compression stockings အထူးခြေအိတ်စွပ်ထားပါ။ တတ်နိုင်သမျှကြာကြာ ဝတ်ဆင်ထားပါ။ နားနေတုံးမှာ ခြေထောက်ကိုမြှင့်ထားပါ။ အကြာကြီးမရပ်-မထိုင်ပါနဲ့။ ခရီးသွားနေရရင် ခြေလေ့ကျင့်ခန်း လုပ်ပါ။ လိုအပ်ရင် ခွဲစိတ်ကုသမှုခံယူပါ။ ၈% လောက်သာ ခွဲစိတ်ဘို့လိုတယ်။ အနာရှိရင် ဆေးထည့်ပါ။ ပိုးသေဆေးသောက်ပါ။ ပိုးဝင်တာက အထူးသတိထားဘို့လိုမယ်။ Antibiotics ပိုးသေဆေးကို အနာဖြစ်တိုင်းလဲ မလိုပါ။ Varicose bleeding သွေးကြောထုံး တာကနေ သွေးထွက်ရင် အရေးပေါ်ကုသရမယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂ဝ၁၂