ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, December 13, 2012

ပြည်တွင်းဆေးဝါး ဈေးကွက်တွင် ဆေးဝါးတုများ ဝင်ရောက်လျှက်ရှိ၊

Wednesday, 12 December 2012
ပြည်တွင်းဆေးဝါးဈေးကွက်တွင် အရည်အသွေးပြည့်မှီခြင်း မရှိသော ဆေးဝါးအတုများ ပြည်ပမှ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်နေခြင်းကြောင့် ဆေးဝါးဈေးကွက် တည်ငြိမ်မှုမရှိကြောင်း ဆေးဝါး ဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။

“နိုင်ငံအစုံ၊ လိုင်းအစုံက နေဝင်လာတဲ့ ဆေးတွေမှာဆေးအတုတွေပါတယ်။ အာနိသင်မပြည်ဝတဲ့ ဆေးတွေပါတယ်။ အပြိုင်သွင်းတဲ့ဆေးတွေပါတယ်။ ဆေးတွေအားလုံးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်မထားတဲ့ဆေးတွေပါ။ နည်းမျိုးစုံနဲ့ ဝင်နေတဲ့အတွက် နောက်ဆုံးပြည်သူတွေ၊ စားသုံးသူတွေဘဲ ခံရတယ်”ဟု NILAY NAING ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာမောင်မောင်လေးက ပြောသည်။

MPF(BPI)ပါရာစီတမောလ် အလုံး (၁ဝဝ) ပါ (၁) ဘူးလျှင် (၇ဝဝ) ကျပ်နူန်းရှိပြီး၊ တရုတ် ပါရာ အလုံး(၁ဝဝ) ပါ တစ်ဘူးလျှင် (၅ဝဝ) ကျပ်နူန်း၊ စီဗစ်(BPI)ဆေးမူ အလုံး (၁ဝဝ) ပါ ၁ ဘူးလျှင် (၆ဝဝ) ကျပ်နူန်းရှိပြီး တရုတ်ဆေးဆိုလျှင် (၁) ဘူးကို (၂ဝဝ) ကျပ်နူန်း၊ ဒိုင်ကိုဇင်(နှလုံးဆေး)(BPI)အလုံး (၁ဝဝ) ပါ၁ဘူးလျှင် (၈၅ဝ) ကျပ်နူန်းရှိပြီး တရုတ်ဆေးဆိုလျှင် (၃၅ဝ)၊ (၄ဝဝ) ကျပ်နူန်းသာ ရှိကြောင်း၊ MPF(BPI)ထုတ်ဆေးဝါးများနှင့် တရုတ်ဆေးဝါးများမှာ ဈေးနူန်းထက်ဝက်ခန့် ကွာဟနေကြောင်း မင်္ဂလာဈေး ဆေးဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။

“စံမမှီဆေးဝါးတွေ ဈေးကွက်ထဲမှာ များလာတယ်။ ရင်ကြပ်ပျောက်ဆေး BPIထုတ်ဆိုရင် အနံကနမိုးနီးယားအနံလို အနံတစ်မျိုးရှိတယ်။ နဲနဲအဝါရောင်သန်းတယ်။ တရုတ်ကလာတာဆိုရင် ဒိတ်လည်း အောက်တယ်။ အရည်အသွေးမမှီဘူး။ ဘာအနံအသက်မှလည်းမရှိဘူး။ ပါရာစီတမောလ်၊ စီဗစ်၊ ဘားပလက်၊ ဂရိုင်းပင်ချာဆေးမျိုးစုံအတုတွေ ဈေးကွက် ထဲမှာအများကြီးဘဲ။ ကျွန်တော်တို့ ဆိုင်ကတော့ BPIတစ်မျိုးဘဲရောင်းတယ်”ဟု မင်္ဂလာဈေးမှ ဝါရင့်ဆေးရောင်းဝယ်ရေး လုပ်ငန်းလုပ်လာသူ တစ်ဦးမှ ပြောသည်။

ထို့ပြင် ယခင်ကစက်မူ(၁)နှင့် ပြည်ပဆေးကုန်သည်တွေ ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်ဖြင့် လုပ်ကိုင်နေသည့်  အတွက် ပြည်တွင်းဆေးဝါး ဈေးကွက်မှာ တည်ငြိမ်လျှက်ရှိကြောင်း၊ ကုန်ကြမ်းပေး ကုန်ချောယူစနစ် ဖျက်သိမ်းလိုက်သည့် နောက်ပိုင်းတွင် MPF(BPI)ထုတ် ဆေးဝါးများရှားပါး လာကာ ဆေးဝါးအတုများဈေးကွက်အတွင်း ပိုမိုများပြားလာကြောင်း ၄င်းကဆက်လက် ပြောသည်။

“ဆေးဝါးအတုတွေ သောက်မိရင် ရောဂါမပျောက်နိုင်ဘူး။ အဲ့ဒီဆေးမှာ အဆိပ်အတောက်တွေပါရင် လူကိုအန္တရာယ်ပေးနိုင် တယ်။ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ အာနိသင်တစ်ဝက်ပဲပါတဲ့ဆေးသောက်မိရင် အာနိသင်မပါတဲ့ ဆေးထက်ဆိုးတယ် ။ သောက်မိရင် ရောဂါက မပျောက်ဘူး။ ခံနိုင်ရည်ရှိပြီးဆေးယဉ်ပါးသွားတယ်။ အဲ့ဒီဆေးယဉ်ပါးတဲ့ ရောဂါပိုးက နောက် တစ်ယောက် ကို အလွယ်တကူကူးစက်နှိင်တယ်”ဟု အဆောင်၁၊ ၂ ရန်ကုန်ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာချစ်စိုးက သုံးသပ်ပြောကြားသည်။

လွန်ခဲ့သော(၁ဝ)နှစ်ကျော်ကာလမှ စပြီး မြန်မာနိုင်ငံသို့ ဆေးဝါးအတုများ၊ စံမမှီသောဆေးများမှာ နည်းမျိုးစုံ၊ နိုင်ငံအစုံ၊ လိုင်းအစုံမှ ဝင်ရောက်လာကြောင်း သိရသည်။

သန့်ဇင်ဝင်း(မြစ်မခ)
Myit Makha Mediagroup

အိန္ဒိယကို တလောက မြန်မာပြည် ဆေးအရောင်းကိုယ်စားလှယ်ဦးကနေ တိုက်ရိုက် ဆေးတွေလာပြီး အော်ဒါ လုပ်ပါသတဲ့။ ဒီကဆေးကုမ္ပဏီမှာ ဆေးမီလီဂရမ်ကို လျှော့ထည့်စေပြီး အပေါ်ကစာမှာတော့ အပြည့်သာရေးပါလို့ တကူးတက ခိုင်းစေပါတယ်။ ဥပမာ (အမောက်ဆာစလင်) ၅ဝဝ မီလီဂရမ်ထဲမှာ ၃ဝဝ-၄ဝဝ သာပါမယ်ပေါ့။ သယ်ရတာတော့ ပေါ့ပါလိမ့်မယ်။ မြန်မာပြည်က လူနာများ ရောဂါမပျောက်ပါ။ ဆေးယဉ်တာတွေဖြစ်ပါမယ်။ ဆေးညွှန်းပေးတဲ့ ဆရာဝန်တွေလဲ ရောဂါမသက်သာဘူးဆိုပြီး နာမည်ပျက်အုံးမယ်။

ဒေါက်တာတင့်ဆွေ
၁၃-၁၂-၂ဝ၁၂