ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Wednesday, December 12, 2012

Q and A December 2012 (2)

1. ခြေသည်းမှိုစွဲနေတာ ၆ လရှိ၊ ၅၃ နှစ် (ကျား)၊
2. အသက်က 40 အမည်က မ(့)။ အိမ်ထောင်နဲ့
3. I would like to ask for 47 years old lady with mental disorder.
4. နှာဆေး ထိပ်ကပ်နာ အတွက်ဆေးအညွန်းပေးပါခင်ဗျာ
5. ကျွန်တော့်အသက်က ၂၁ နှစ်၊ ယောက်ျားလေး၊ အိမ်ထောင်မရှိပါ။
6. ကျွန်မသားလေးက ၂ဝ ရက်နေ့ဆိုရင် (၃) လပြည့်ပါင်္ပြီ။
7. ကျွန်တော့်အမျိုးသမီးမှာ ရင်ဘတ်အောင့်ပါတယ်ဆရာ။
8. ကျွန်မအမေက အခုတလော အူရောင်နေပါတယ်။
9. ကျွန်တော်က မြန်မာပြည်မှ ဝန်ထမ်းတစ်ဦး
10. သမီးနှုတ်ခမ်းက အရင်တုန်းက ဘယ်နှုတ်ခမ်းနီဆိုးဆိုး ဘာမှမဖြစ်ပါဘူးဆရာ။
11. ယောက်ျားလေး အသက် 39 နှစ်ပါ။
12. ကျွန်တော်နာမည် (့) ပါ အသက်က ၂၂ပါ
13. ကျွန်တော်တို့တွက် အရမ်းအရေးကြီးလို့ပါဒီလိုပါ။
14. ကျွန်တော် အသက်က ၂၇၊ ကျား၊ အိမ်ထောင်မရှိပါ။
15. တစ်ချို့က ပင်နယ်ဆလင်ကို ထုံဆေးနဲ့ထိုးတယ်လို့ ပြောတယ်ဆရာ။

Sun, Dec 9, 2012 at 7:03 AM
ခြေသည်းမှိုစွဲနေတာ ၆ လရှိ၊ ၅၃ နှစ် (ကျား)၊ အသည်းသိပ်မကောင်း၊ စားဆေး၊ လိမ်းဆေး၊ စိမ်ဆေးများ ညွှန်ကြားပေးပါ၊ ဦး(့) (ပဲခူး)။

Nail fungal infection လက်သည်းမှို
လက်သည်း-ခြေသည်းကို မှိုဝင်လာရင် အစမှာတော့ ဖြူ-ဝါဝါ အစက်အပျောက်လေး ဖြစ်လာပြီး နောက်တော့ အောက်ထဲ ဝင်လာလို့ အရောင်ပြောင်းလာ၊ ထူလာ၊ ကျွတ်ဆတ်လာ၊ ပုံပြောင်းလာမယ်။ ကုရတာ မလွယ်လှပါ။ ခြေသည်း-လက်သည်း ကြွတက်လာတဲ့ အဆင့်ရောက်ရင် Onychomycosis လို့ ဆေးစာက ခေါ်တယ်။ နာလာ၊ အနံ့ပါရလာပြီ။ သေခြာမကုရင် တသက်လုံးလို့ ပြောရမလိုနေမယ်။

Fungus မှိုပိုးဆိုတာ မျက်စိနဲ့ မမြင်ရဘူး။ စိုထိုင်းတာ ကြိုက်တယ်။ ကိုယ့်မှာ အပေါက်-အပြဲ၊ အကွဲ-အရှ ရှိလာမှ အထဲ ဝင်လာတာ။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့ကနေလဲ ရောဂါဖြစ်ပါတယ်။ ချွေးထွက်များသူ၊ ယောက်ျား၊ အသက် မငယ်သူ၊ စိုထိုင်းတဲ့ အလုပ်လုပ်ရသူ၊ ခြေအိတ်-လက်အိတ် အမြဲ ဝတ်ထားရသူ၊ ဘာမှမစီးဘဲ လမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာ အဖြစ်များတယ်။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုး ထားရသူတွေမှာလဲ ပိုဖြစ်တတ်တယ်။

Terbinafine, Fluconazole and Itraconazole စားဆေးတွေ ပေးတယ်။
• Terbinafine (Lamisil) စားဆေး 250 mg ကို တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ဝမ်းပျက်၊ ယား၊ အစာမကျေ၊ အနီပြင်ထွက်၊ အစားပျက်။
• Fluconazole (Diflucan) စားဆေးကို 150 mg တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ခေါင်းကိုက်၊ မူး၊ ဝမ်းပျက်၊ ယား၊ အစာမကျေ၊ အစားပျက်။
• Itraconazole (Sporanox) စားဆေးကို 200-400 mg တနေ့ ၁ ကြိမ်၊ ၂ ခါခွဲသောက်လဲ ရတယ်။ ဖြစ်ခဲ့တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ဝမ်းလျှော-ဝမ်းချုပ်၊ လေထ၊ ခေါင်းကိုက်၊ မူး၊ ယား၊ အစာမကျေ၊ ပါးစပ်နာ၊ သွးဖုံး သွေးယို၊ ချွေးထွက်၊ ကြွက်သားနာ၊ အတူနေခြင်စိတ်နည်း၊ စိတ်ကျ၊ နှာစေး၊ အိပ်မက်မက်။

မှိုအပြင် ဗက်တီးရီးယား ဝင်တာ ရှိနေရင်လဲ နောက်ဆေး ပေးရမယ်။ Ciclopirox (Penlac) ဆိုတဲ့ Antifungal nail polish ကိုလဲ သုံးနိုင်တယ်။ လိမ်းဆေး တခုထဲနဲ့ မရတတ်ပါ။ စားဆေးနဲ့ တွဲတာ ကောင်းတယ်။ သိပ်ဆိုးရင် ဖြစ်တဲ့ လက်သည်း-ခြေသည်း ခွဲထုတ်ရတယ်။ Laser လေဆာနည်း၊ Photodynamic therapy အလင်းရောင်ပေးကုနည်းတွေလဲ ရှိတယ်။

အိမ်မှာတင် လုပ်လို့ရတာတွေလည်း ရှိတယ်။ Vinegar (ဗနီဂါ) ၁ ဆ၊ ရေ ၂ ဆ ထဲမှာ ၁၅-၂ဝ မိနစ်ကြာ၊ တပါတ်မှာ ၃ ကြိမ် စိမ်ထားရမယ်။ Vicks VapoRub ကိုလဲ လိမ်းလို့ရတယ်။

ခြေသည်း-လက်သည်း တိုတိုထားပါ။ ခြောက်သွေ့နေပါစေ၊ တကိုယ်ရေ-သန့်ရှင်းရေး လုပ်ပါ။ စိုတဲ့အလုပ်မှာ ရာဘာ လက်အိတ်-ခြေအိတ်သုံးပါ။ သင့်တော်တဲ့ ခြေအိတ်ရွေးသုံးပါ။ ချွေးထွက်များရင် လဲပါ။ ဖိနပ်မပါဘဲ လမ်းမသွားပါနဲ့။ Manicure and Pedicure salon လက်သည်း-ခြေသည်း အလှပြင်ဆိုင်သွားရင် နာမည်ရတဲ့ဆိုင်သာ သွားပါ။ Nail polish and artificial nails အလှလုပ်တာ၊ အတုလုပ်တာတွေ ရှောင်ပါ။

Fungal infections (3) မှိုအမျိုးမျိုး ဆေးအမျိုးမျိုး (၃) http://dts-medicaleducation.blogspot.in/2012/02/fungal-infections-2.html

Sun, Dec 9, 2012 at 2:56 PM
အသက်က 40 အမည်က မ(့)။ အိမ်ထောင်နဲ့ သား 2 ယောက် သမီး 2 ယောက် ရှိတယ်။ 2005ခုမှာ လေးဘက်နာစဖြစ်တယ်။ 2007 ခုမှာ တီဘီရောဂါဖြစ်တယ် ဆေးတနှစ်သောက်ရတယ်။ 2011 မှာလည်ပင်းကြီးတာစသိတယ် ခွဲရမယ် ဆေးသောက်လို့မရဘူးပြောတော့ ခွဲရမှာကြောက်လို့ မခွဲဖြစ်ခဲ့ဘူး။ 2012 ရောက်တော့ လည်ပင်းကြီးတာ 3 ခုဖြစ်လာပြီး ရာသီဆင်းရင်လဲ အားဆေးထိုးရတယ် လာတာများလို့၊ 2008 နောက်ဆုံး ကလေးမွေးတော့ သားကြောဖြတ်တယ်။ 2010 မှာ သားအိမ် အလုံးရှိလို့ သားအိမ်ခြစ်ရင်း သားအိမ်ခေါင်းဖြတ်တယ်။ မန်းလေးမှာနေတယ် နောက်ဆုံးထိုင်းမှာစစ်တဲ့စစ်ချက် ပေးလိုက်တယ် အကြံပေးစေခြင်လို့ပါ ဘာလုပ်ရမလဲ။

ရောဂါတွေများတဲ့အတွက် ဆောရ်ီး။ တီဘီကတော့ပျောက်သွားပြီဖြစ်ပါမယ်။ လေးဘက်နာလဲ ကောင်းနေမှာပါ။
သားအိမ်ခြစ်ရင်း သားအိမ်ခေါင်းဖြတ်တယ်ဆိုတာ မရှင်းပါ။ သားအိမ်ခြစ်တာက ရိုးရိုးနဲ့ပြီးတယ်။ သားအိမ်ခေါင်းဆိုတာက ခါးထုံဆေး၊ မေံဆေးနဲ့ သီးသန့်လုပ်ရတယ်။
သားအိမ်ခေါင်းက ရောင်နေတာ၊ အနာဖြစ်နေတာ၊ ကင်ဆာ ဖြစ်နိုင်လို့ အသားစဖြတ်ယူစစ်ဆေးတော့ ဘယ်အဖြေထွက်ပါသလဲ။
Multinodular goiter with a large nodule in right lobe, a few nodules in isthmus and multiple nodules in left lobe, mainly of the nodules are likely to be adenomatus nodules, except the nodule in the right lobe, the nodules in the left lobe and in the mid zone which cannot be entirely excluded for malignancy. FNA is recommended.
ဒီမှတ်ချက်အရ တချို့နေရာတွေမှာ တွေ့တာအတွက် ကင်ဆာ မဟုတ်ဘူးမပြောနိုင်ပါလို့ ပါနေတယ်။
ရောဂါရှာဖွေရေးဆရာဝန်က FNA တခုဆက်စစ်ဘို့လဲ အကြံပေးထားတယ်။
ဆရာ့အနေနဲ့အကြံပေးရရင် လည်ပင်းရောဂါအထူးကုဆရာဝန်နဲ့ စနစ်တကျကုသပါ။ ဖြစ်လာမှတော့ အထူးကုဆရာဝန်တွေ ညွှန်တာကို ကြိုက်တာ၊ ကြောက်တာ မရှိသင့်ပါ။ ကြောက်စိတ်ဆိုတာ ကိုယ်တိုင်သာပြင်ယူရတယ်။ ကိုယ့်အတွက်ဘဲ မဟုတ်ပါလား။
ဒီခေတ်မှာ ဆေးကုသနည်းတွေ တိုးတက်နေပါတယ်။ ခွဲတာ၊ ဓါတ်ကင်တာ၊ ဆေးပေးတာ၊ အနုမြူဆေးနဲ့ကုသတာ အများကြီးရှိနေပါပြီ။
အသက် ၄ဝ ဟာ သန်တုံးမြန်တုံးအရွယ်မို့ စိတ်မပျက်ပါနဲ့။

Wed, Dec 12, 2012 at 3:24 PM
I would like to ask for 47 years old lady with mental disorder. She succeeds along her life and she lost a time when she was 30 years old. She got depression and she took anti depression medicine. After 1 year, she got back her track and she had done a lot. When she was 40 years old, she got depression back again for worrying her life change challenges. After several months, she got better with medications from the best doctors from Burma. After she lost her lovely Dad, she got something like disorder. I wish to educate to read to give her better advice. If you have a chance, please let us know self educate books, URL, for the disorder.

• Depression (1) စိတ်ကျရောဂါ http://dts-medicaleducation.blogspot.com/2011/11/depression.html
• Depression (2) ပုထုဇ္ဇနော http://dts-medicaleducation.blogspot.com/2010/12/mental-health-1.html
• Depression (3) စိတ်ကျခြင်း http://dts-medicaleducation.blogspot.com/2011/01/depression.html

Thu, Dec 13, 2012 at 11:39 AM
နှာဆေး ထိပ်ကပ်နာ အတွက်ဆေးအညွန်းပေးပါခင်ဗျာ ကာလဘယ်လောက်ကြာကြာသောက်ရမလဲခင်ဗျာ။

• Sinus (ဆိုင်းနပ်စ်) http://dts-medicaleducation.blogspot.in/2012/03/sinus.html
• Sinusitis (ဆိုင်နူဆိုက်တစ်) http://dts-medicaleducation.blogspot.com/2009/08/blog-post_25.html

Thu, Dec 13, 2012 at 11:52 AM
ကျွန်တော့်အသက်က ၂၁ နှစ်၊ ယောက်ျားလေး၊ အိမ်ထောင်မရှိပါ။ ကျွန်တော့်ရောဂါတွေကစုံတယ်ဗျ။
(၁) ညာဘက်ရင်ညွန့်အောက်မှာ အောင့်အောင့်နေတယ်။ ပြီးတော့ လည်ပင်းမှာလည်း တစ်ဆို့ တစ်ဆို့ ဖြစ်နေတယ်။ ခံတွင်း ကလည်းအနံ အသတ်မကောင်းဘူး။ရင်လည်း တုန်တယ်။ ဆရာ ၀န်သွားပြတော့ အစာအိမ်ဆေး နဲ့ ရင်တုန်တာသက်သာတဲ့ ဆေးပေးတယ် ဆရာ။ Ultrasound ရိုက်ကြည့် တော့လည်း ကောင်းတယ်တဲ့ဆရာ။ ဖြစ်တာကတော့၁ နှစ် ခွဲကျော်ပြီဗျ။
(၂) ဆီးလမ်းကြောင်းနဲ့ခါးနားတစ်ဝိုက်နာနာ နေတယ်။ ဝှေးစေ့ကလည်း နည်းနည်းအောင့်တယ်။ ဆရာဝန်သွားပြတော့ ခဏသက်သာသွားပြီး လှုပ်လှုပ်ရှားရှားလုပ်ရင် ပြန်နာတတ်တယ် ဆရာ။ အဲဒါက ၁နှစ်လောက်တော့ရှိပြီ ဆရာ။
(၃) လူက တော်တော်နှုံးတယ်။ အားမရှိသလိုဖြစ်ဖြစ်နေတယ်။ အိပ်ရေးလည်းမပျက် အစားလည်းမပျက်ဘုး ခင်ဗျ။ ကျွန်တော်က ကျောင်းသားဆိုတော့စာကိုတောင် အာရုံစိုက်ဖို့ မလွယ်ဘူး ဆရာ။
အဲဒါ ဘာဖြစ်တာတုန်းဗျ၊ အစာအိမ် မကောင်းရင်ခံတွင်း နံဆိုးတတ်လား။ ရှင်းပြပါဦး ခင်ဗျ။ ပြီးတော့ ဘာလုပ်သင့်လည်းအကြံပေးပါဦး ဆရာ။

Bad breath ခံတွင်းနံ့ မကောင်းရင် http://dts-medicaleducation.blogspot.com/2011/11/bad-breath.html
Epididymitis and Orchitis ကျား အစေ့-အကြောရောင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/epididymitis-and-orchitis.html

Fri, Dec 14, 2012 at 1:13 AM
ကျွန်မသားလေးက ၂ဝ ရက်နေ့ဆိုရင် (၃) လပြည့်ပါင်္ပြီ။
၁။ သားလေးကသူ့ကိုမြှူမှ အူး၊ အား အသံထုတ်ပါတယ်။ သူ့ဖာသာသူကစားနေရင် ဘာသံမှမထုတ်ပါဘူး။ အဲဒါပုံမှန်ပါလား။ ကျွန်မတွေ့ဖူးတဲ့ကလေးတွေက မမြှူလည်းသူတို့ဟာသူတို့အသံထုတ်ပြီးကစားနေတာလို့ပါ။
၂။ ကျွန်မတို့မြှူတာကို တုန့်ပြန်တာ သားလေးရဲ့အကြားအာရုံကောင်းလို့ပေါ့နော်။ မွေးးကာစကတော့ အကြားအာရုံစမ်းတာ ကောင်းတယ်လို့ပြောပါတယ်။ အဲဒါဆိုရင်လုံလောက်ပါလား။ စိတ်ပူလို့ပါ။ တခါတလေ မြှူရင်လုံးဝဂရုမစိုက်လို့ပါ။
၃။ သားလေးကိုအိပ်ရာမှာချထားရင် ပက်လက်ပဲနေပါတယ်။ ၄ လမှာမှောက်မှာဆိုတော့ မှောက်ဖို့အတွက် စောင်းတာကရော ဘယ်တော့လောက်စောင်းမှာပါလဲ။
၎။ ဒီနိုင်ငံကဆရာမတွေက ကလေးကို Tummy လုပ်ခိုင်းပါတယ်။ ၁ လ၊ ၂ လသားလောက်ကတော့ မှောက်တဲ့အချိန်မှာ ခေါင်းထောင်ပါတယ်။ ခု ၂ လလဲကျော်ရော မှောက်ပေးရင်လုံးဝခေါင်းမထောင်တော့ပါဘူး။ ဘာဖြစ်လို့ပါလဲ။
၅။ ကျွန်မတို့နေတာ (့) မှာဆိုတော့ နိုင်ငံကအေးလို့လားတော့မသိပါဘူး။ သားလေးကအရမ်းကိုအိပ်ပါတယ်။ ၁ နာရီ၊ ၂ နာရီလောက်နိုးပြီးရင် နောက် ၁ နာရီလောက် ပြန်အိပ်သွားပါတယ်။ ပုံမှန်ပါလား။
၆။ ဆရာ့ Blogက Baby Milestone ကိုဖတ်ပြီးပါပြီ။ သူ့အရွယ်မှာတတ်သင့်တဲ့အရာတွေကိုဘယ်လိုသင်ပေးရပါမလဲ။ ၃ လမှာ ကိုင်တတ်အောင် ဘယ်လိုလုပ်ပေးရပါမလဲ။ ကျွန်မသားလေးက ဘာမှမတတ်ဘူးလို့ထင်လို့ပါ။ မြန်မာပြည်ကသူနဲ့ ရွယ်တူကလေးတွေဆိုရင် တော်တော်လေးတတ်နေလို့ပါ။ ဒီမှာအပြင်လူမရှိပဲ အဖေ၊ အမေ ၂ ယောက်တည်းရှိလို့ပဲ တက်သင့်သလောက်မတက်တာလား။
၇။ ခုသားလေးက ၅့၈ ကီလိုရှိပါပြီ။ မွေးတုန်က ၃့၁ ကီလိုပါ။ ပေါင်ချိန်တက်တာ ကောင်းရဲ့လားရှင်။ တစ်လမှာ ပုံမှန်ပေါင်ချိန် ဘယ်လောက်တက်ရမှာပါလဲ။ ကလေးတွေရဲ့လစဉ် Standard ပေါင်ချိန်ကိုသိချင်ပါတယ်။ သားလေးးကို ဝဝတုတ်တုတ်လေးဖြစ်ချင်လို့ပါ။

သိပ်မစိုးရိမ်ပါနဲ့။ ၃ လ မှာ သိပ်မမှော်ပါနဲ့အုံး။ စစ်ဆေးတာလဲ လုပ်ထားတော့ မွေးရာပါ အားနည်းချက် မရှိဘူးနေမှာပေါ့။
ကလေးတွေက သူ့အကျင့်လေးတွေနဲ့သူရှိတယ်။ ၃ လမှာ ခေါင်းထောင်ရင် အကြမ်းဖျဉ်း ပုံမျန်ပါ။ ဒီပဌမအဆင့်မှာ (နော်မယ်လ်) ဆိုရင် နောင်လာမှာတွေလဲ ပုံမှန်နေနိုင်မယ်လို့ မျှော်လင့်နိုင်တယ်။
http://www.babycenter.com/baby-child-growth-percentile-calculator

Fri, Dec 14, 2012 at 2:20 AM
ကျွန်တော့်အမျိုးသမီးမှာ ရင်ဘတ်အောင့်ပါတယ်ဆရာ။ တစ်ခါတစ်ရံ ရင်ကနေစူးပြီး ကျောဘက်အောင့်တတ်ပါတယ်။ တစ်ခါတစ်ခါ နှလုံးခုန်တာလည်း မြန်ပါတယ်။ ပျို့ချင်အန်ချင်လည်းဖြစ်ပါတယ်။ (ကလေးမယူပါ၊ ခွဲနေရသေးလို့ပါ။) ဘာကြောင့်ပါလဲ။ သူက ကော်ဖီလည်းသောက်တာများပါတယ်။ တစ်ခါတစ်လေ တစ်နေ့တည်းကို ၃ ကြိမ်လောက်ထိ သောက်ပါတယ်။ နှလုံးအားနည်းတာများလားဆရာ။ စိုးရိမ်ရပါသလား။ ဘယ်လို ဆေးဝါးတွေ သောက်ဖို့ လိုအပ်ပါမလဲ။ ပြီးတော့ ဘယ်လို သတိထားဆင်ခြင်စရာတွေ လိုအပ်ပါသလဲဆရာ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့တိုင်းပြည်။ ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ဖေ့စ်ဘွတ်ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

Fri, Dec 14, 2012 at 8:59 AM
ကျွန်မအမေက အခုတလော အူရောင်နေပါတယ်။ အမေရဲ့အသက်က 56 နှစ်ပါ။ အဲဒီလို အူရောင်တဲ့လူတွေအတွက် စားရမယ့်အစားအသောက်၊ ရှောင်ရမယ့်အစားအသောက်၊ ရှောင်ကြဉ်ရမယ့် အနေအထိုင်တွေကို သိချင်ပါတယ်ရှင့်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့တိုင်းပြည်။ ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ဖေ့စ်ဘွတ်ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

Sun, Dec 16, 2012 at 3:10 PM
ကျွန်တော်က မြန်မာပြည်မှ ဝန်ထမ်းတစ်ဦး အသက်က ၄၁ နှစ်ဖြစ်ပြီး၊ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ခံစားနေရတဲ့ ရောဂါလက္ခဏာကတော့ အစာအိမ်နဲ့များဆိုင်မလား မသိပါဘူး။ ညည ကျရင် ရင်ခေါင်းထဲမှာ အောင့်တာလိုလို၊ ပူသလိုလိုနဲ့ လန့်နိုးပါတယ်။ ဖြစ်တာကတော့ တစ်နှစ်ခွဲလောက်ရှိပါပြီ၊ အဲဒါနဲ့ဆက်ပြီးဖြစ်တာက ငရုတ်သီးတို့၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း အဲဒါတွေစားလို့မရတော့ဘူး။ စားလိုက်တာနဲ့ ချက်ချင်းဘဲ ညညမှာနာတဲ့ပုံစံမျိုး ရင်ခေါင်းထဲက နာပါတယ်။ ပြီးတော့ ရေနွေးကြမ်းပူပူ လဲသောက်လို့မရဘူး။ ညညမှာရင်ခေါင်းနာလို့ လန့်နိုးပြီး တစ်ခုသတိထားမိတာက လေတက်လိုက်ရင်ဖြစ်ဖြစ်၊ လေလည်လိုက်ရင်ဖြစ်ဖြစ်..ချက်ချင်းပဲ ရင်ခေါင်းနာတာ ပျောက်သွားပါတယ်။ အခုဆိုရင် အစာစားတာ နဲလာတယ်၊ အများကြီးမစားနိုင်တော့ဘူး၊ စားချင်စိတ်လည်း မရှိဘူး၊ လူကတော့နဲနဲ ဝပါတယ်၊ ပေါင်(၁၂ဝ)လောက်ပါ၊ အလုပ်အကိုင်လည်း မပျက်တော့ ဆရာဝန်တွေနဲ့လည်း မပြဖြစ်သေးပါဘူး။ ဆေးသောက်ရုံနဲ့ပျေက်နိုင်ပါသလားဆရာ။ ဆရာဝန်ပြရမယ်ဆိုရင် ဘယ်လို (အထူးကု)ဆရာဝန်နဲ့ ပြရမလဲဆိုတာလဲသိချင်ပါတယ်။

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

Mon, Dec 17, 2012 at 9:22 AM
သမီးနှုတ်ခမ်းက အရင်တုန်းက ဘယ်နှုတ်ခမ်းနီဆိုးဆိုး ဘာမှမဖြစ်ပါဘူးဆရာ။ ခုနောက်ပိုင်း ဘယ်လောက်အကောင်းစားဘဲဖြစ်ဖြစ် ဆိုးပြီးတာနဲ့နေ့ချင်းဘဲ ယားလာပြီး ရေယုံလိုဗုလေးတွေ ထွက်လာတက်ပါတယ်ဆရာ။ ပြီးရင်အနာဖတ်တွေလို ခြောက်သွားတက်ပါတယ်။ မိန်းခလေးဆိုတော့ နှုတ်ခမ်းနီလေးတွေ ဆိုးချင်ပါတယ်ဆရာ။ ဒါပေမဲ့ ဆိုးပြီးတာနဲ့ အဲလိုမျိုးဖြစ်တော့ မဆိုးရဲသလောက်ဖြစ်နေပါတယ်။ နှုတ်ခမ်းနီကြောင့် ဖြစ်တာလားဆိုပြီး အမျိုးအစားအမျိုးမျိုး စမ်းသပ်ကြည့်ပြီးပါပြီဆရာ။ ဒါပေမဲ့ဖြစ်နေတုန်းပါဘဲ။

ကိုယ်နဲ့ မတည့်တာပါနေမယ်။ မသုံးပါနဲ့။ နောက်အသစ်ကိုလဲ နဲနဲလေးသာ တို့ပြီးစမ်းကြည့်ပြီးမှာသာ သုံးပါ။

Mon, Dec 17, 2012 at 9:30 AM
ယောက်ျားလေး အသက် 39 နှစ်ပါ။ သူ့အလုပ်က တွင်ခုံလုပ်ငန်းလုပ်ပါတယ်။ အမြဲမတ်တတ်ရပ် လုပ်ရသူ ဆိုတော့ ခြေဆစ်တွေကိုက် လေ့ရှိတယ်ဆရာ။ ဘာဆေးတွေစားပြီး၊ ဘယ်လိုလေ့ကျင့်ခန်းမျိုး လိုအပ်ပါသလဲ။ မည်သည့်အစားအစာကပိုအဆင်ပြေနိုင်ပါသလဲ။ ငရုပ်သီးတို့ လက်ဖက်သုပ်တို့စားရင်လည်း မျက်စိကိုက်တာ အောင့်တာဖြစ်တယ်မခံနိုင်အောင်ဖြစ်တယ်လို့ ပြောပါတယ်။ သက်ဆိုင်မှုရှိရဲ့လားဆရာ။ ဘာကြောင့်လို့ထင်ပါသလဲ။ ဘာဓါတ်တွေလိုနေလို့လဲ။ ဘာဆေးစားရမလဲ။ ဘာတွေလုပ်ရမလဲဆရာ။

တွင်ခုံလုပ်ငန်းဆိုတော့ မျက်စိကို အကာအကွယ်ယူပြီး အလုပ်လုပ်ဘို့လိုမယ်။ အချိန်အကြာကြီး ရပ်နေရတာအတွက် ထိုင်ထာ၊ လှဲနေတာကိုလဲ ကြားအချိန်မှာ လုပ်ဘို့သင့်တယ်။ အစားအသောက်ကတော့ တခြား ကျန်းမာရေးအခြေအနေတွေ မသိလို့ အာဟာရပြည့်တာ။ မျှတာကိုစားပါ။ စားချိန်မှန်ပါစေ။ ဖြစ်နေသူရဲ့ သွေးဖိအား BP သိချင်သေးတယ်။ မျက်မှန် စမ်းဘို့လဲ လိုနိုင်တယ်။

Tue, Dec 18, 2012 at 7:26 PM
ကျွန်တော်နာမည် (့) ပါ အသက်က ၂၂ပါ ကျွန်တော်ရဲ့လက်က စားရေးလို၁၀မိနစ်လောက်ကြားရင်ဖောင်းတိန်တောင်ကိုင်းမနိုင်းတောဘူ ထုံးသလိုလို နားသလိုလိုဖြစ်နေတာ၂နှစ်တောင်ရှိပါပြီး လွန်းခဲ့တဲ့၇နှစ်လောက်ကကျွန်တော်လေဘက်နားဆိုပြီးဆေးတစ်နှစ်ကျော်တောင်ဆရာဝန်းတစ်ယောက်ကညွှန်ကြားလိုသောက်ခဲ့ပါတယ် အခုဖြစ်တာ လေဘက်နားရောဂါနဲဆိုင်းပါသလားဆရာ အခုဆိုရင်ပိုဆိုးလာတယ် ဘာကိုမှကြားကြာဆုပ်ကိုင်းလိုမရတော့ဘူးအောင့်လာတယ် ဘာဖြစ်တာလဲဆရာ ကျွန်တော်ဘာဆက်လုပ်ရမလဲ...?

ကျွန်တော့်ကို ကျန်းမာရေးမေးတာတွေကို သတ်ပုံ၊ စာရိုက်တာတွေကို မြန်မာစာဖြစ်ဖြစ် အင်္ဂလိပ်လိုဖြစ်ဖြစ် ပြင်ဆင်ပြီးမှသာ (ဘလော့ခ်) မှာ တင်ပါတယ်။ အခုမေးခွန်းကိုတော့ ပြင်ရမှာလဲ အားနာ၊ တခြားလူတွေလဲ သိအောင် မပြင်ဘဲ တင်ပါရစေ။ ဝစ်စပေါက်တွေက မလိုဘဲ အပိုတွေ အတော်ကိုများလွန်းတယ်။ တိုင်းရင်းသားတဦး၊ ကပြားတဦး ဆိုရင်တော့ မပြောတတ်ဘူး။

"စာရေးလို့ ၁ဝ မိနစ်လောက်ကြာရင် ဖောင်တိန်တောင်မကိုင်မနိုင်တော့ဘူး။ ထုံသလိုလို နာသလိုလိုဖြစ်နေတာ ၂ နှစ်တောင်ရှိပါပြီ။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ကျွန်တော် လေဘက်နာဆိုပြီး ဆေးတစ်နှစ်ကျော်တောင် ဆရာဝန် တစ်ယောက်က ညွှန်ကြားလို့ သောက်ခဲ့ပါတယ်။ အခုဖြစ်တာ လေဘက်နာရောဂါနဲ့ ဆိုင်ပါသလားဆရာ။ အခုဆိုရင် ပိုဆိုးလာတယ်။ ဘာကိုမှကြာကြာဆုပ်ကိုင်လို့ မရတော့ဘူး။ အောင့်လာတယ်။ ဘာဖြစ်တာလဲဆရာ။ ကျွန်တော် ဘာဆက်လုပ်ရမလဲ။"

လေးဘက်နာဆိုရင် အဆစ်တွေနာမယ်၊ ရောင်မယ်။ ထုံတာမဖြစ်တတ်ပါ။ လေးဘက်နာ၊ အဆစ်နာက နောလိုက် ပျောက်လိုက်နေတယ်။ ၂ နှစ်ဆက်တော့ မဖြစ်တတ်ပါ။ ဆေးစစ်ဘူးပါသလား။ ဆရာဝန်ကို အခုဖြစ်နောအတွက် ပြဘူးပါသလား။ မပြရ မစစိရသေးရင် လုပ်သင့်ပါတယ်။ ဘာမှ မလုပ်ရသေးခင် ဆေးကို တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် သောက်သင့်ပါတယ်။

Wed, Dec 19, 2012 at 12:06 PM
ကျွန်တော်တို့တွက် အရမ်းအရေးကြီးလို့ပါဒီလိုပါ။ ကျွန်တော့်ချစ်သူက အခုအသက်သုံးဆယ်ရှိနေပါပြီ။ သူနဲ့ ကျွန်တော် လက်ထပ်ကြဖို့ထိ တွေးထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဆူးတစ်ချောင်းလို ခံစားရနေတာက ကျွန်တော့်ချစ်သူမှာ သွေးတိုးရှိတယ်။ ဖြစ်နေတာကလဲ ဆယ်တန်းလောက်ကတည်းကပါ။ အဲရောဂါစတာပါ။ သူဆေးသုံးမျိုးသောက်နေရတယ်။ အဲဆေးတွေ နေ့တိုင်း တစ်နေ့တစ်ကြိမ် သောက်နေရတာပါ။ အရင်ကတော့ဆေး မသောက်ရက်လဲ ဘာမှမဖြစ်ပေမဲ့ ခုနောက်ပိုင်း မသောက်လို့ မဖြစ်သလိုပါပဲ။ တစ်ခေါက်ဖြစ်လိုက်တာ အသဲသန်ဖြစ်လို့ မဖြတ်ရဲတော့ပါဘူး။ ခုသူသောက် နေတဲ့ဆေးတွေက ကိုယ်ဝန်မရနိုင်မှာ ဒါမှမဟုတ် အိမ်ထောင်ပြုရင် သူ့အသက်အန္တရာယ် စိုးရိမ်စရာရှိမရှိပါ။ သူသောက်နေတဲ့ဆေးနာမည်တွေ ရေးပေးလိုက်ပါ့မယ်။
atenolo denk -50 1 လုံး
amlodac 10 1 လုံး
hydrochlorothiazide 2 လုံး

သွေးတိုးဆိုတာ ဆေးနဲ့သာနေရတယ်။ ကျရင်ခဏဘဲ။ သွေးဖိအားတိုင်းနေရမယ်။ ဆေးကို အမြဲဆောင်ထား၊ ဆောင်သွးရမယ်။ အငန်လုံးဝရှောင်ရမယ်။ ဆေးစစ်နေဘို့လဲ လိုတယ်။ သွေးကျဆေး အမျိုးမျိုးရှိတယ်။ တမျိုးမက တွဲသောက်ရတတ်တယ်။ ဆေးပြောင်းရတာလဲ ရှိနိုင်တယ်။ ရေးပေးတဲ့ဆေး ၃ မျိုးထဲက နောက်ဆုံးဆေးက ၂ လုံးလား။ သေခြာပြန်စစ်ပါ။ ၂ လုံးကို နေ့တိုင်မသောက်ရလောက်ပါ။ ဆီးသွားစေတဲ့ဆေးဖြစ်တယ်။ များသောအားဖြင့် တခြားသွေးကျဆေးထဲရောထားတာမျိုးသုံးတယ်။ သီးခြားလဲသုံးပါတယ်။ ဆရာဝန်နဲ့ ပြန်စစ်ပါ။ ခိုင်းတာမှန်ရင်တော့ သောက်ပါ။ ဆီးသွားစေတဲ့ဆေးမျိုးက သွေးဖိအားကျတာ မြန်တယ်။ သောက်တဲ့နေ့မှာ အားယုတ်တယ်။ အရည်၊ ရေ၊ အုးန်ရည်၊ လိမ်မော်သီး၊ ငှက်ျေပာသီး စားသောက်ပေးရတယ်။ ဆရာရေးထားတာလဲ ဖတ်ချင် ဖတ်နိုင်ပါတယ်။
ဆေးတွေက ကိုယ်ဝန်ရှိရင် ပြန်ဆန်းစစ်ပါလိမ့်မယ်။
• Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducationblogspotcom/2008/10/high-blood-pressurehtml
• Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducationblogspotin/2012/06/hypertensionhtml

Wed, Dec 19, 2012 at 8:35 PM
ကျွန်တော် အသက်က ၂၇၊ ကျား၊ အိမ်ထောင်မရှိပါ။ အခုအလုပ်အကိုင်က (့) စားသောက်ဆိုင်မှာ လုပ်ကိုင်နေပါတယ်။ အလုပ်က ကြော်ရချက်ရတာဆိုတော့ gas မီးအရှိန်ကြောင့် မျက်နှာမှာ အဖြူကွက်လေးတွေလိုဖြစ်နေပါတယ်။ အခုဆို ၁ လခွဲလောက်ရှိနေပါပြီ။ အဲဒါဘယ်ဆေးဝါးတွေ သုံးစွဲလုပ်ကိုင်သင့်သလဲဆရာ

မီးရှိန်သေခြာရင် Calamine lotion လိမ်းပါ။ ကျန်တဲ့အချိန် မြန်မာ သနပ်ခါးလဲ လိမ်းနိုင်တယ်။ ယားရင် Cetrizine တည ၁ ပြားသောက်ပါ။ နားတဲ့အချိန် ရေအေးဝတ်ကပ်ပါ။

Fri, Dec 21, 2012 at 11:01 AM
တစ်ချို့က ပင်နယ်ဆလင်ကို ထုံဆေးနဲ့ထိုးတယ်လို့ ပြောတယ်ဆရာ။ အဲဒါ ထုံဆေး တစ်ခါထိုး ဆေးတစ်ခါ နှစ်ခါထိုးခံရမှာလားဆရာ။အဲဒါက တကယ်အနာသက်သာတယ်လားဆရာ။

(ပယ်နယ်စလင်) ထိုးဆေးထဲမှာ ထုံဆေးတခါတည်းပါတာရှိတယ်။ Procaine Penicillin ခေါ်တယ်။ ၁၂-၂၄ နာရီတခါထိုးတယ်။ Benzyl Penicillin ထဲမှာတော့ မပါဘူး။ နာတယ်။ ၆ နာရီတခ့ထိုးတာမျိုး။ Benzathene Penicillin ဆိုတဲ့ တလခံဆေးက နာတယ်။ အဆီပါတာမျိုးလဲရှိသေးတယ်။ Streptomycin နဲ့ရောထားတာလဲ ရှိတယ်။ ကနေ့ခေတ်မှာ Syphilis ရောဂါအတွက် နဲ့ လေးဘက်နာအတွက်သာ သုံးတာများတယ်။ ဆေးတိုင်း တည့်-မတည့်စမ်းပြီးမှ ထိုးရမယ်။

ဆရာရော ထိုးခံရဘူးလားဟင်။ ဆရာဝန်တွေက တကယ်နာသလောက် သိပါ့မလားဆရာ။

ဆရာဝန်တွေလဲ လူနာဖြစ်ဘူးကြပါတယ်။
392. Penicillins ပနယ်စလင်များ။ (Benzylpenicillin Na or K injection, Penicillin G Procaine injection) Penicillin V, Phenoxymethyl Penicillin Potassium, Penicillin VK
a. ဖြစ်ခါစ ဆစ်ဖလစ် ရောဂါ၊ Penicillin G 1.2 million units IV QID + Metronidazole 500 mg IV or Orally
b. နူမိုးနီးယား၊ Penicillin G 10 million units IV daily x 5 days
c. ဂနိုးရီးယား၊ Penicillin G 2 million units 4 hourly IV d. ဒေါင့်သန်းနာ၊ Anthrax Penicillin G 2 Million units every 3 hours IV
d. (ဂက်စ်-ဂင်ဂရင်း) ခေါ် အနာပုတ်ခြင်း၊ Penicillin G 2 million units IV every 4 hours followed by Amoxacillin 500 mg TDS Orally
e. အဆုပ်ရောင်ခြင်း၊ Penicillin G 4 million units IV every 4 hours or Penicillin G 2 million units every 2 hours IV + Metronidazole 750 mg IV every 6 hours (or) + Chloramphenicol 1-2 Gm IV every 6 hours x 6-8 weeks plus Dexamethasone 4-25 mg QID
f. ဦးနှောက်ပြည်တည်နာ၊ Penicillin G 85.71 to 171.42 mg IV/IM Daily; 37.5 mg/kg IV/IM QID
g. မင်နင်ဂျိုက်တစ်၊ နူမိုးနီးယား၊ ပြည်တည်နာ၊ နားကိုက်၊ လေးဘက်နာ၊ အရေပြားအနာ၊ (ရူမက်တစ်) အဖျား၊ လည်ချောင်းနာ၊ နားပြည်ယိုခြင်း၊ ဆုံဆို့နာ၊ အာသီးရောင်၊ ဆစ်ဖလစ်၊ ဂနိုရီးယား၊ နှလုံး အတွင်းသား ရောင်ခြင်း၊ အသက်ရှူလမ်း ပိုးဝင်ခြင်း၊ အရိုး-အဆစ် ပိုးဝင်ခြင်း၊ ဦးနှောက်မြှေးရောင်ခြင်း၊ သွားဖုံးနာ၊ အာသီးရောင်၊ 250-500 mg TDS/QID x 10-14 days; (12.5 mg/kg QID)
h. မကောင်းသောသတ္တိများ = အသက်သေစေနိုင်သည်အထိ ဆိုးသည့် ဆေးမတည့် ဖြစ်ခြင်း၊