ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, December 2, 2012

Q and A December 2012 (1)

1. ကျွန်တော့်အသက် ယခု ၃၅ နှစ်ရှိပါပြီ။
2. ကျွန်တော့်ညာဘက် နှာခေါင်းအောက်ဘက်ထောင့်ဘက်နားမှာ
3. ဆရာ သူများတွေပြည်တော်ပြန်လာကြပြီ။
4. မျက်လုံးအားတိုးစေမယ့် အစားအစာများကို
5. ကျွန်တော်နေမကောင်းလို့ လိုင်းပေါ်မလာနိုင်တာပါ။
6. နှာခေါင်းကင်ဆာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။
7. ကျွန်တော် ရင်ညွှန့်ကအောင့်အောင့်နေတယ်။
8. ကျွန်မက (့) မှာနေပါတယ်။ အသက် ၂၇ ပါ။
9. ကျနော့် လူနာမှက်တမ်းစာအုပ်မှာ ရေးထားတာ ကျနော်ဓါတ်ပုံရိုက်ပြီး ပို့လိုက်တယ်။
10. သမီးရင်ဘတ်အလယ်က စူးအောင့်တာ နှစ်နှစ်ကျော်ပါပြီဆရာ
11. ကျွန်တော်နာမည်က (့) ပါ။ အသက်ကတော့ ၂ဝ ပြည့်ပြီးသွားပါပြီ။
12. My son is 4 year 3 month old.
13. သမီးက (့) မှာနေပါတယ် သမီးမှာ ၅ လ သားအရွယ်ရှိပါတယ်။
14. ဆရာရှင့် လေးစားစွာဖြင့်မေးမြန်းအပ်ပါသည်။
15. ဆရာ ကျွန်မ မန္တလေးမှာနေတယ်။ အသက် ၅၃ နှစ်

Sun, Dec 2, 2012 at 11:37 AM
ကျွန်တော့်အသက် ယခု ၃၅ နှစ်ရှိပါပြီ။ ဂေါက်ရောဂါ၊ လည်ပင်းကျီးပေါင်းနှင့် ခါးနာရောဂါ စသည်တို့ရှိပါသည်။ အလေးချိန်မှာ ၁၈၅ပေါင် အရပ်အမြင့် ၅ ပေ ၆ လက်မရှိပါသည်။ ဗိုက်လည်း အတော်ထွက်တော်အိပ်ထမတင်လေကျင် ခန်းလုပ်ချင်ပါသည်။ ခါးနာရောဂါနဲ့ အိပ်ထမတင်လေကျင့်ခန်းပြုလုပ်လိုရပါသလား။

Low Back Pain ခါးနာ သက်သာစေရန်
Gout (1) ဂေါက်-ရောဂါ (၁)
Gout (2) ဂေါက်-ရောဂါ (၂) တွေကိုဖတ်ပါ။

Sun, Dec 2, 2012 at 9:07 AM
ကျွန်တော့်ညာဘက် နှာခေါင်းအောက်ဘက်ထောင့်ဘက်နားမှာ ဝက်ခြံပေါက်ပါတယ်။ သနပ်ခါးလိမ်းလိုက်ရင်တော့ ဝက်ခြံ ပျောက်သွားတတ်ပါတယ်ဆရာ။ ဒါပေမယ့်အရင် တစ်လခန့်တုန်းကလည်း အဲဒီနေရာမှာ ဝက်ခြံပေါက်ဖူးပါတယ်။ အခုတစ်ခါပြန်ပေါက်ခြင်းဖြစ်ပါတယ်။ ကျွန်တော့် ဝက်ခြံအဲဒီနေရာမှာ ထပ်မပေါက်အောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာ သိချင်ပါတယ်။

Acne ဝက်ခြံ ရောင်စုံ ကိုဖတ်ပါ။
နောင်မှာ မဆိုကောင်းစကား မေးစရာရှိရင် ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Mon, Dec 3, 2012 at 12:04 PM ဆရာ သူများတွေပြည်တော်ပြန်လာကြပြီ။ ဆရာကောမပြန်လာဘူးလား။ ဒီမှာတော့အခြေအနေကကောင်းသလို၊ မကောင်းသလိုပါဘဲ။ ဆရာလဲသတင်းတွေကြားမှာပေါ့။ ဆရာ့ကို ခင်မင်လေးစားလို့ စကားစမြည်ပြောတာပါ။ သမီးသိချင်တိုင်းပြန်ဖြေကြားလို့ ကျေးဇူးတင်ပါတယ်။ အခု တစ်မျိုးခံစားရပြန်ပြီ။ သမီး လိပ်ခေါင်းဖြစ်ချင်သလိုဖြစ်နေလို့။ ဝမ်းသွားရအဆင်မပြေလို့။ မြန်မာဆေးခန်းသွားပြတာ ဝမ်းသွားရတာအဆင်ပြေပါတယ်။ ပြီးတော့ တစ်နေ့ကို အနည်းဆုံးနှစ်ခါလောက်သွားပါတယ်။ ဒါပေမယ့် ခဏခဏဆာနေတယ်။ စားနေရင်းနဲ့ကိုဆာတယ်။ သမီးပိုလဲဝလာတယ်။ ဆီးချိုမျိုးရိုးရှိလို့ ဆီးချိုစစ်ကြည့်တော့လဲ မရှိပါဘူး။ လေးဖက်နာတော့ ၄ဝဝ ရှိပါတယ်။ အိမ်ထောင်ကျတာ နှစ်နှစ်ကျော်ပါပြီ။ တားဆေးသောက်ပါတယ်။ အသက်က ၂၅ နှစ်ကျော် ၂၆ နှစ်ပေါ့။ ညနေဘက်ကစပြီးပိုဆာသလိုပဲ။ ထမင်းကို အမြန်စားလို့မရပါဘူး။ အမြန်စားရင်အန်ချင်ပါတယ်။ ဖြေးဖြေးစားရပါတယ်။ ထမင်းစားပြီးရင် ဗိုက်ကပြန်ဆာနေတယ်။ ဗိုက္ထဲက တဂြီဂြီနဲ့။ လေချဉ်တက်ရင်၊ လေလည်ရင် သိပ်မဆာတော့သလိုပါပဲ။ ဝမှာဆိုးလို့ဆက်မစားရဲရင် ရင်တွေတုန်ပြီးဗိုက်အောင့်လာတယ်။ အစားလျှော့မစားပါဘူး။ ပုံမှန်ပဲစားတာပါ။ ပုံမှန်ထက်တောင်နည်းနည်းပိုအုံးမယ်။ ပေါင်ချိန် ၁ရဝ ပေါင်ကျော်ပါတယ်။ အရပ်က ၅ပေ ၃လက်မနီးပါးရှိပါတယ်။ သမီးဘာဖြစ်နေတာလဲ။ ဘယ်လို ဝိတ်လျှော့ရမလဲဆရာ။

မေးတာထဲမှာ (၁) အစားအသောက် နဲ့ (၂) ကိုယ်အလေးချိန်လျှော့ချင်တာကို တွေ့တယ်။
လေနာမဖြစ်အောင် ဂရုစိုက်ပါ။ စာတပုဒ်ပို့လိုက်တယ်။ ဝိတ်လျှော့ချင်တာအတွက်လဲ တပုဒ်ပို့လိုက်ပါတယ်။
တားဆေးတချို့ကလဲ ဝတတ်တယ်။
ဆရာ ပြန်လာချင်လွန်းပါတယ်။ အကြောင်းကြောင်းတွေလဲ ကြည့်ရသေးလို့ လောလောဆယ် မပြန်နိုင်သေးပါ။ နောက် ၆ လဆို ဆုံးဖြတ်ရမှာပါ။
Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်
Weight loss ပိန်ချင်သလား

Tue, Dec 4, 2012 at 8:17 AM
မျက်လုံးအားတိုးစေမယ့် အစားအစာများကို အစာလဲဆေး ဆေးလဲ အစာအဖြစ် မှီဝဲသွားချင်လို့ ၄င်းအစားအစာများကို စာရင်းပြုစုထားတာ ရှိရင် သိပါရစေ ဆရာ။

မျက်စိနဲ့ဆိုင်တဲ့ အားဆေးဆိုတာ ဗီတာမင် (အေ) တမျိုးသာရှိတယ်။ ဒါကလဲ ကြက်မျက်သင့်ရောဂါဆိုတဲ့ ညနေ နေဝင်ချိန် အလင်းရောင် မှုံဝါးဝါးမှာ မျက်စိသိပ်မမြင်ရတာကိုသာ ကောင်းစေ၊ ပျောက်စေတယ်။ မျက်မှန်တပ်ရသူတို့၊ အတွင်းတိမ်၊ ရေတိမ်တို့အတွက် မထူးပါ။

Tue, Dec 4, 2012 at 8:45 AM
ကျွန်တော်နေမကောင်းလို့ လိုင်းပေါ်မလာနိုင်တာပါ။ ဆရာပြောသလိုပဲ ကျေက်ကပ်ထဲမှာ ကျောက်ဖြစ်စေတဲ့ အနှယ်တွေ့ရပါတယ်။ နောက်ပြီး ဆီးသွားအောင်ဆီးဆေးလဲပေးပါတယ်။ ပါရဂူတွေက ဆီးဆေးပေးမှ အရောင်ကျတယ်လို့ သတ်မှတ်ပြီး ဆီးဆေးပေးပါတယ်။ ရောင်တာကတော့ ဒူးခေါင်းအောက် နှစ်ချောင်းလုံးရောင်နေပါတယ်ဆရာ။

ဆောရီး အတော်ရောင်နေတာဘဲ။ ဆီးလမ်းကြောင်းနဲ့ဆိုင်တယ်။ စစ်ဆေးမှုတွေလုပ်ရမယ်။ အဖြေကြည့်ပြီးမှ ကုသနည်းကို အသအခြာလုပ်မယ်။ နာတာရှည်ဖြစ်နေနိုင်တယ်။
ဆီးသွားစေတဲ့ဆေးက သောက်တာနဲ့ နာရီပိုင်း၊ မိနစ်ပိုင်းမှာ သက်သာလာမယ်။ ရောဂါပင်ရင်းကို ကုတာတော့မဟုတ်တာ သတိထားပါ။
ဆီးသွားစေအောင်လုပ်တော့ အားယုတ်တာဖြစ်မယ်။ ပိုတက်စီယမ် နည်းလို့ ကြွက်သားတွေ ပြော့နေမယ်။ အုန်းရည်၊ လိမ်မော်သီး၊ ငှက်ပျောသီစတာတွေစားရမယ်။
ဆီးသွားစေတဲ့ဆေးအပြင်လိုမှာတွေရှိမယ်။ ဓါတ်ခွဲအဖြ၊ အာလ်ထွာဆောင်း စတာတွေက ရောဂါနာမည်ကိုသိမှ အဲဒါတွေပြောနိုင်မယ်။

Tue, Dec 4, 2012 at 4:31 PM
I am female and 19. အခုတလော ကြာကြာထိုင်လို့ မရဘူးဖြစ်နေပါတယ်။ ပေါင်ရင်းနားက စပြီးတော့ ကိုက်နေပါတယ်။ ပြီးတော့ ဆီးခုံကနေ ဗိုက်နားထိ ကိုက်နေပါတယ်။ ဘေးစောငိးအိပ်လို့ အဆင်မပြေဘူးဖြစ်နေပါတယ်။ ပေါင်ထိပါအရင်းက ကိုက်နေတာကြောင့် ကြာကြာထိုင်လို့မရပါဘူး။ အဲဒါဘာကြောင့် ဖြစ်တာပါလဲ။ ဘာဆေးသောက်သင့်ပါသလဲ။ ဆီးခုံတစ်ဝိုက် ကိုက်နေတာဘာကြောင့်ပါလဲ။

ပြန်မေးထားကို အပြည့်အစုံမသိရသေးပါ။ မိန်းကလေးဆိုတာနဲ့ အသက်ကိုသာသိရတယ်။ မိန်းကလေးဖြစ်လို့ ရာသီ၊ အဖြူဆင်းတာ နဲ့ အိမ်ထောင်ရေး ဒါမှမဟုတ် ဆက်ဆံမှု ဆိုတာလဲ သိချင်သေးပါတယ်။ ဆီးစပ်နေရာဖြစ်လို့ ဆီးအောင့်သလား။ ဆရာဝန်ပြဘူးသလား။ ဘာဆေးသောက်နေသလဲ။ ဆေးစစ်ဘူးလားတွေလဲ သိချင်ပါတယ်။ ဘာမှပြန်မရေးရင်တော့ အနာအကိုက်သက်သာဆေးတခုခုကိုသာ အစာနဲ့နီးနီးသောက်ပါ။

Tue, Dec 4, 2012 at 10:17 PM
နှာခေါင်းကင်ဆာနဲ့ပတ်သက်ပြီး သိချင်ပါတယ်။ ရောဂါလက္ခာကဘာတွေလည်း ဘယ်လိုနေထိုင်ကုသရမလဲ ဘယ်လောက် ခံနိုင်မလဲ ဆိုတာလေးတွေသိချင်တာပါ။ ဖြစ်တာကဒီလိုပါ။ ကျနော်က နိုင်ငံခြားမှာအလုပ်လုပ်နေပါတယ်။ ရောဂါဖြစ်တာက ကျနော့ကောင်မလေးပါ။ သူအရင်ကနှာခေါင်းနှာနုရိုး ခဏခဏရှည်ထွက်လာလို့ ဖြတ်ရဖူးပါတယ်။ အဲလိုမလုပ်ရင် အသက်ရှူကြပ်ပါတယ်တဲ့။ သုံးခါမြောက်ဖြတ်ပြီးတော့ မပျောက်သေးတာနဲ့ ဆေးကိုသေခြာအစုံစစ်တော့ ကင်ဆာလို့ ပြောပါတယ်တဲ့။ ဆရာဝန်ကပြောတော့ နှစ်နှစ်ပဲအာမခံပါတယ်တဲ့။ ခုတော့ သူကဓါတ်စပြီးကင်နေပါပြီ။ ကျနော်သိသလောက်ကတော့ အဲဒါပါပဲ။ ကျန်းမာရေးရာဇဝင်အတွက်နဲ့ ဆေးစစ်ချက်တွေကို ကျနော်တောင်းထားပါတယ် မရသေးလို့ ဆရာ့ကိုတခါထဲမပို့ နိုင်သေးပါဘူး။ ရလာရင်ပို့ပေးပါ့မယ်။

Nasal cancers နှာခေါင်းကင်ဆာ

Wed, Dec 5, 2012 at 2:56 PM
ကျွန်တော် ရင်ညွှန့်ကအောင့်အောင့်နေတယ်။ အဲလိုဖြစ်ရင် အသက်ရှုလို့လည်း မဝဘူး။ ဇက်ကြောတွေလည်း တက်လာတယ်။ နောက်ကျောကလည်း အောင့်လာတယ်။ တခါတလေ ၂ ရက်လောက်ကြာတယ်။ ဘာဆေး သောက်ရမလဲ။ ဖြစ်တာက ၂ ခါ လောက်ရှိပါပြီ။ အသက်က ၃ဝ ပါ။

ကိုယ်အလေးချိန်၊ သွေးဖိအား၊ ဆရာဝန်ပြဘူးသလား။ ဆေးစစ်ဘူးသလား။ ဘာဆေးသောက်နေလဲ။

Thu, Dec 6, 2012 at 12:25 AM
ကျွန်မက (့) မှာနေပါတယ်။ အသက် ၂၇ ပါ။ ၂၉.၁၀.၂၀၁၂ မှာ အူမကြီးကင်ဆာ ဖြစ်တာကို ခွဲထားပါတယ်။ တစ်ခြားကိုယ်ခန္ဒာအစိတ်အပိုင်းတွေကိုတော့ မပြန့်ပါဘူး။ အခုပြသနာက ခီမိုယူမယ့်ပြသနာပါ။ ကျွန်မကိုပေးမယ့် ဆေးကတော့ Oxaliplatin ကိုအကြောဆေးအနေနဲ့ သွင်းပြီး Xeloda ဆေးပြားကတော့ ၁၄ ရက်သောက်၊ ၁ ပတ်နားမယ်တဲ့။ ကုသမှုကို ၂ မျိုးရှိတယ်တဲ့။ တစ်မျိုးကတော့ ပုံမှန် ခီမိုကူသမှု၊ နောက်တစ်မျိုးကတော့ Short course oncology Therapy (SCOT) တဲ့ ပုံမှန် ခီမိုယူရင် အဲဒီဆေးတွေကို ၂၄ ပတ်သောက်ရမယ်တဲ့။ ဆေးသောက်ပြီး ၁ ခါ CT scan နဲ့ ၃ နှစ်နေမှ တစ်ခါ CT scan ထပ်ရိုက်မယ်။ SCOT ကတော့ အဲဒီဆေးတွေကို ၁၂ ပတ်သောက်ရမယ်တဲ့။ ဆေးသောက်ပြီးရင် CT scan ကို ၆ လတစ်ခါ သုံးနှစ်ထိရိုက်ရမယ်၊ လတိုင်း blood test လုပ်ရမယ်။ ဆရာရှင့် အဲတာ မနေ့က appoitment သွားတော့ ဆရာဝန်က မေးပါတယ် ဘယ်ကုသမှုကိုလုပ်ချင်သလဲတဲ့။ သူတို့ကအခု research လုပ်တဲ့အနေနဲ့ SCOT ကိုလုပ်တာတဲ့။ အဲတာ အဲဒီ research ကုသမှုမှာပါဝင်ချင်လည်းရတယ် သို့မဟုတ် ပုံမှန် ခီမာယူတဲ့ကုသမှုပဲလုပ်ချင်လည်း ရတယ်လို့ရှင်းပြပြီး အဖြေပြန်ပေးခိုင်းထားတော့ ဆုံးဖြတ်ရခက်နေလို့ပါ။
CT scan ၄ ခါပိုရိုက်ရတာနဲ့ ခီမိုဆေး ၁၂ ပတ်ပိုသောက်ရတာ ဘယ်ဟာက ဘေးထွက်ဆိုးကျိုး ပိုများနိုင်ပါသလဲရှင့်။ ဆရာအနေနဲ့ဆိုရင် ဘယ်လိုကုသမှုမျိုးကို ယူဖို့အကြံပေးချင်ပါသလဲရှင့်။

အဲလို လုပ်လေ့ရှိပါတယ်။ ကုသရခက်တဲ့ရောဂါတွေကို ဆေးကုသမှု သုတေသနတွေ လုပ်နေတယ်။ ဆေးအသစ်ကို လူနာတွေမျာ လက်တွေ့စမ်းသပ်မှုပြုပြီး လက်သင့်ခံနိုင်လောက်တော့မှ ဆေးကို အများသူငါတွေအတွက် သုံးဘို့ ခွင့်ပြုတယ်။ ဆေးအသစ်ကို ဆရာ မပြောနဲ့ အဲဒီက ဆရာ့ဆရာတွေတောင် ပြောတော့မရတာမျိုး ဖြစ်ပါတယ်။ ကုသပေးတဲ့ဆရာတွေကလဲ ပိုကောင်းမလား မျှော်လင့်ချက်ထားပြီး ဆေးအသစ်ကို စမ်းသပ်တာလို့ နားလည်ယူနိုင်ပါတယ်။ ဆရာ့အနေနဲ့လဲ လူနာထက် ပိုပြီး မသိ၊ မပြောတတ်ပါ။ စကင်ပိုရိုက်ရတာက စမ်းသပ်မှုအတွက် ပိုပြီး အထောက်အကူရအောင်လုပ်တာဖြစ်ပါတယ်။

Wed, Dec 5, 2012 at 9:06 PM
ကျနော့် လူနာမှက်တမ်းစာအုပ်မှာ ရေးထားတာ ကျနော်ဓါတ်ပုံရိုက်ပြီး ပို့လိုက်တယ်။ ဘာတွေရေးပြီ ညွှန်ကြားထားလည်းဆရာ။ ကျနော် ရောဂါဆိုးတွေဖြစ်မှာ အရမ်းစိတ်ပူတယ်ဆရာ။ အခုဆို လူက ပိန်လာတယ်ဆရာ (သိသိသာသာကြီးတော့မဟုက်ဘူး)။ နောက်ပြီ ကျနော်သတိထားမိတာ နားတဘက်လည်း လေထွက်နေတယ်။ အသားစ စစ်ထားတာတော့ ၁ လပိုင်း ၂၉ ရက်နေ့မှသိရမယ်တဲ့။ ဒီကြားထဲ ဆေးသောက်ပြီ ဓါတ်မှန်ရိုက်ရမယ်တဲ့။ အဖြေသိရင်တော့ ချဲ့လို့ရရင်ချဲ့ပြီး မရရင်တော့ ခွဲရမယ်တဲ့။ ကျနော် ဒီလိုနင်လာတာ ၅ နှစ်လောက်ရှိပြီဆရာ။ အရင်ကတော့ သိပ်မသိသာပါဘူး။ တဖြေးဖြေးနဲ့မှ ဆိုးလာတာ။ နောက်ပြီ ဆရာပြောသလို ညဘက်အိပ်တဲ့အခါ အစာအိမ်ထဲကအရည်တွေ ပြန်တက်လာတက်တယ်ဆရာ။ ညလည်လောက်မှာ ထထွေးရဘူးတယ်။ ဒါပေမယ့် တခါတေလမှဖြစ်တာဆရာ။ ကျနော်က အသက်သုံးဆယ်ပါ။ အခုရက်တော့ နည်းနည်းနင်တာ နည်းနည် သက်သာတယ်ဆရာ။ အရင်ကလည်း ဖြစ်ပြီးရင် ပြန်သက်သာဘူးတယ်ဆရာ။ အခုတော့ ပြန်မသက်သာတာ ကြာပြီဆရာ။ နောက်ပြီ ကျနော် အားနည်းနေသလို ခံစားရတယ်။ ဆေးရုံကတော့ ဆရာပြောတဲ့ ZENPRO omeprazole ဆေးပေးထားတယ်ဆရာ။ သောက်တာလည်း ဘာမှတော့မထူးပါဘူး။ 2 attachments

ဖတ်လို့ရသလောက် ကင်ဆာ စာလုံးမပါပါ။ အစာမြိုပြွန်ကျဉ်းတာ သို့မဟုတ် အစာခြေရည်အထွက်ဆန် နာတာရှည်ရေဂါလို့သာပါတယ်။ မစိုးရိမ်ပါနဲ့။ အရင်စာမျာပါတာတွေကို လိုက်နာပါ။ စိတ်အားတင်းထားပါ။ ဘာသာရေးအဆုံးအမကိုလဲ တည်ပါ။ စိတ်ဓါတ်ခွန်အားအတွက်ပြောတာပါ။

Thu, Dec 6, 2012 at 11:17 PM
သမီးရင်ဘတ်အလယ်က စူးအောင့်တာ နှစ်နှစ်ကျော်ပါပြီဆရာ ဆောင်းတွင်းညဆို အိပ်တောင်မပျော်ဘူး ဆရာ ဒီနှစ်ပိုဆိုတာက လက်မောင်းချိုင်းနားက ပိုနာပါတယ်ဆရာ မနှစ်ကသွေးစစ်တော့ သွေးတွင်းကိုလက်စရောက တော်တော်မြင့်တယ်ပြောပါတယ်ဆရာ သမီးကို ဘာဆေးသောက်ရမလဲပြောပေးပါအုန်းနော် ဆရာ သမီးအရင်နှစ်ကတော့ aspilets တစ်နေ့နှစ်လုံးသောက်ခိုင်းပါတယ်ဆရာ သမီးကိုသွေးတွင်းကိုလက်စရောကျအောင် ဘာဆေးသောက်ရမလဲ ဘာတွေဆက်လုပ်ရမလဲ ပြောပေးပါအုန်းနော် ဆရာ

Cholesterol (ကိုလက်စထော)
Triglyceride and Sinus bradycardia နှလုံးခုန် နှေးလွန်းတာ မကောင်းပါ
Cholesterol Quiz (ကိုလက်စထော) အမေး-အဖြေ

Sat, Dec 8, 2012 at 12:10 PM
ကျွန်တော်နာမည်က (့) ပါ။ အသက်ကတော့ ၂ဝ ပြည့်ပြီးသွားပါပြီ။ အရပ်ကတော့ ၅’ ၁၁” ပါ။ ပေါင်က ၁၄ဝ ရှိပါတယ်။ လိင်ကိစ္စလည်းမရှိပါဘူး။ အခုဖြစ်နေတာက ကျွန်တော်အရမ်းပိန်နေပါတယ်။ စားတိုင်းလဲ မဝလာပါဘူး။ တခါတခါကျောင်းစာတွေနဲ့အချိန်ကုန်ပြီး အစာစားတာကိုလည်း ဂရုမစိုက်မိတဲ့ အခါလဲရှိပါတယ်။ အိမ်ကချက်တဲ့ အစာတွေကိုသိပ်မစားဖြစ်ပါဘူး. အပြင်စာပဲစားတာများပါတယ်။ ဝလာအောင်လို့စာတဲ့ဆေးတွေလဲမစားပါဘူး။ သူငယ်ချင်းတွေကတော့ ပြောပါတယ်။ ဟိုဆေးစား ဒီဆေးစား (Mega Teen) စသည့်ဖြင့်ပေါ့။ ဆေးထိုးတာတွေလဲပါတယ်။ ကျွန်တော်နဲ့မတည့်မှာစိုးလို့၊ နောက်ပြီး တခြားနောက်ဆက်တွဲ ရောဂါတွေလဲ ရလာမှာစိုးလို့ သူတို့ပြောတာတွေမလုပ်ခဲ့ပါဘူး။ အရင်ကတော့သံချဆေးတွေ သောက်ဘူးတယ်။ဒါပေမယ့်ဘာမှမထူးခြားလာပါဘူး။ ကျွန်တော်မှာလဲဘာရောဂါမှမရှိပါဘူး။ အခုချိန်မှာ ဝိတ်တော့မနေတယ်။ ပြီးတော့ ကျွန်တော်မှာအကျင့်ဆိုးတစ်ခုရှိတယ်။ အရင်က မနက်စာမစားတဲ့အကျင့်ပါ။ အခုတော့မနက်စာမစားရင် ကျန်းမားရေးအတွက်မကောင်းဘူး ဆိုလို့စားပါပြီ။တခါတခါ ကော်ဖီလေးတစ်ခွက်နဲ့ ကိတ်မုန့်ဆိုလဲ ကိတ်မုန့် တစ်ကိုက်လေးနဲ့ပြီးသွားတယ်။ မုန့်ဟင်းခါးတို့ ထမင်းကြော်တို့စားတဲ့နေ့ကသိပ်မရှိပါဘူး။ ညဘက်ဆိုရင် မအိပ်မချင်းတတွတ်တွတ် စားပါတယ်။အဲ့ာတွေက မကောင်းဘူးဆိုတာသိပေမယ့် အကျင့်ဖျောက်ဖို့ကြိုးစားနေတုန်းပါပဲ။ ဆရာအနေနဲ့ ကျွန်တော်ဘာလုပ်သင့်လဲ၊ ဘာဆေးတွေစားသင့်လဲ ဆိုတာအကြုံပြုပေးစေလိုပါတယ်။

Weight gain လှယုံမက ဝချင်သေးရင်

Sat, Dec 8, 2012 at 3:26 PM
My son is 4 year 3 month old. He get the constipation now 5 day long, but we check his situation others them are normal. Please kindly suggestion to us, what we must do for our son? Thanks.

1. Give him more water, juices and soups plus vegetables and fruits.
2. If available use Burmese traditional medicine as per instruction or give Ducolax tablet at night.
3. Use Docolax suppository for children at any time.
4. Use warm water and soap as enema or use disposable enema.
Fri, Dec 7, 2012 at 7:23 PM
သမီးက (့) မှာနေပါတယ် သမီးမှာ ၅ လ သားအရွယ်ရှိပါတယ်။ မိခင်နှို့ပဲတိုက်ပါတယ်။ သူက လသားအရွယ်ကတည်းက တွန့်လိမ်ကောက်ကွေးအောင် တအားညှစ်ပါတယ်။ တချိန်လုံးလည်းညှစ်ပါတယ်။ နောက်ပြီးတော့ နှို့လဲ တနေ့ကို ၁ဝ ကြိမ်ထက်မနဲ အန်ပါတယ်။ အဲဒီမှာ သူ့ချက်ကြီးစူထွက်လာပါတယ်။ ဝမ်းကလဲ တနေ့ကို ၂ ကြိမ် ပုံမှန်သွားပါတယ်။ ဒါကြောင့် ဒီက ကလေးဆရာဝန်က သူ့ကို RANITIDINE 0.7mg/ml SYRUP ကို တနေ့ ၃ ကြိမ် တိုက်ခိုင်းပါတယ်။ ၃ လပြည့်တော့ ၂ ကြိမ် (သို့) ၁ ကြိမ် ပြောင်းတိုက်ခိုင်းပါတယ်။ ၄ လပြည့်မှာ သားကို RICE CEREAL (4)TEASPOON နဲ့ မိခင်နှို့စကျွေးပါတယ်။ အခုသားက ၅ လ ပြည့်ခါနီးမှာ အီးခဏခဏညှစ်ပြီး နဲနဲနဲ့ ဝမ်းသွားပါတယ်။ အရေတော့မဟုတ်ပါဘူး။ ခပ်ပျော့ပျော့ပါဘဲ။ တနေ့ကို ၄ ကြိမ်နဲ့အထက် (သို့) ၅ကြိမ်သွားပါတယ်။ သူခဏခဏ ညှစ်နေတော့ လိပ်ခေါင်းဖြစ်မှာ စိုးလို့ပါဆရာ။ သူသက်သာအောင် ဘယ်လိုလုပ်ပေးရမလဲဆရာ။ သားက ဝမ်းချုပ်တာလား ဝမ်းသွားတာလား ဟင်။ ကလေးကလန်းတယ်။ တအားဆော့တယ်ထိုင်ဖို့လဲကြိုးစားနေပါတယ်။

ကလေးဆရာဝန်လဲပြထားလို့ မစိုးရိမ်ပါနဲ့။ ဝမ်းဆိုတာ လူကြီး-ကလေး အကျင့်ဖြစ်တတ်တယ်။ အကျင့်ကလဲ အချိန်၊ အစားအသောက်အရ ပြောင်းတယ်။
ရေပိုတိုက်ပေးပါ။ အသီးတခုခု ကြွေးလို့ရတာလဲ ကြွေးပါ။ ဒီအရွယ်မှာ ဆေးသိပ်အားကိုးစရာမလိုတာများပါတယ်။

Fri, Dec 7, 2012 at 3:47 PM
ဆရာရှင့် လေးစားစွာဖြင့်မေးမြန်းအပ်ပါသည်။ လက်၂ဖက်ရှိ လက်ချောင်းအရေပြားများကွာခြင်းအား ၁ဝနှ စ်ကျော်တိုင်အောင် ခံစားနေရပါသည်။ ဆပ်ပြာနှင့်ထိခြင်း ရေနှင့်ထိတွေ့မှုများပါက ပိုမို၍ကွာပြီး အသားနီလန်သည်အထိတိုင်ဖြစ်ပါသည်။ အရေပြားအထူးကုဆရာဝန် ၂ ဦးနှင့် အချိန်အတော်ကြာတိုင်အောင်ပြသသော်လည်းပျောက်ကင်းမှုမရှိပါ။ BERNOVATE-GM, Starum ,သံလွင်ဆီများလည်းလူးဖူးပါသည်။ ငါးကြီးဆီလည်းသောက်ဖူးပါသည်။ Potassiumအမှုန့် ရေခဲ့ဖြင့်လည်းဖန်ရည်ဆေးဖူးပါသည်။ ဆရာဝန်၏ ညွန်ကြားချက်ဖြင့်လည်း အရေပြားအားချစ်၍ မှိုစစ်ဘူးပါသည်။ မရှိဟုသိရပါသည်။ လက်ဖဝါးပြင်တွင် လက်ဆီထွက်သော်လည်း လက်ချောင်းများတွင်လက်ဆီမထွက်ပါ။ ဆောင်းတွင်းဘက်တွင် ပို၍ရေပြားကွာ၍ ကွဲန်အက်သည်အထိဖြစ်ပါသည်။ ၂၈ နှစ်အရွယ် မိန်းခလေးတယောက်အနေနှင့် အရုပ်ဆိုးလှပါသည်။ တခါတရံ အပေါင်းအသင်းများကြားထဲတွင်လည်း ရှက်မိပါသည်။ ပျောက်ကင်းရန် နည်းလမ်းများရှိပါက သိရှိလိုပါသည်။

မတည့်တာကနေဖြစ်မယ်။ (အလာဂျီ) ပါဘဲ။ ကြာရင်အဲလိုဖြစ်တယ်။ သာမန်လက်၊ အရေပြာကို ဂရုစိုက်သလိုနည်းတွေက အခိုက်အတန့်နဲ့ အပေါ်ယံသာသက်သာစေမယ်။ (အလာဂျီ) ကုနည်းကိုလိုက်ရတယ်။ စားဆေး နဲ့ လိမ်းဆေး။ (အလာဂျီ) ဆေးတွေထဲက (အင်တီဟစ်တမင်း) ဆေးက အဓိကဖြစ်တယ်။ အဲဒါထဲမှာလဲ အရင်ပေါ် နောက်ပေါ်ရှိတယ်။ စားဆေးနောက်တမျိုးက (ကော်တီဇုန်း) ခေါ် (စတီရွိုက်) ဆေး။ သူက ပြင်တယ်ဘဲ လွယ်လွယ်ပြောပါတော့။ သက်သာတာ မြန်မယ်။ နာတာရှည်ဖြစ်ရင် သုံးရတယ်။ လိမ်းဆေးမှာလဲ အဲဒီစားဆေး ၂ မျိုးကိုဘဲသုံးတယ်။
ဆေးတွေက ဖြစ်လာတာကို သက်သာစေဘို့သာဖြစ်တာ သတိပြုပါ။ ဖြစ်စေတာနဲ့တွေ့ရင် ထပ်ဖြစ်မယ်။ ဖြစ်တာတွေက ကြာရင် တိုးလာတယ်။ ပိုးဝင်တာတဲ့အခါလဲရှိတတ်တယ်။ (အရာဂျီ) စာတွေထဲက သင့်တာယူပါ။ ဆေးနည်းကစုံတယ်။
မတည့်တာသိအောင်ကြိုးစားပြီးရှောင်ကျဉ်ပါ။ ဆပ်ပြာ၊ (ဒီတာဂျင့်) ဖြစ်ဘို့များတယ်။ တချို့အကြောင်းခံတွေက တခုမကရောပြီးမတည့်ဖြစ်တယ်။ စိတ်မပျက်ဘဲ ဇွဲရှိရှိနဲ့ ပျောက်အောင်ကြိုးစားပါ။
• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html
43. Antihistamines = Cetirizine, Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlorpheniramine, Dimenhydrinate (most commonly used as an antiemetic), Dimetindene, Diphenhydramine (Benadryl), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine (အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) ဖြစ်ခြင်းအတွက် ဆေးများ၊
122. Cetirizine (HCl) = (အင်တီဟစ်တမင်း) အုပ်စုဝင်ဆေး၊ အအေးမိခြင်း၊ ဆိုင်းနပ်စ်၊ နှာစေး ချောင်းဆိုး၊ ပျား-အင်းဆက်ကိုက်၊ (အလာဂျီ)၊ အရေပြားအယား၊ ဘေးထွက်-ဆိုးကျိုး = ခေါင်းကိုက်၊ အာခေါင်ခြောက်၊ အိပ်ချင်၊ အစာအိမ်အောင့်၊ 2.5 to 5 mg OD or BD
131. Chlorpheniramine Maleate (အင်တီဟစ်တမင်း) အုပ်စုဝင်ဆေး၊ အအေးမိခြင်း၊ ဆိုင်းနပ်စ်၊ နှာစေး ချောင်းဆိုး၊ အင်းဆက်ကိုက်၊ (အလာဂျီ)၊ အရေပြားယားခြင်း၊ 10 mg IV/IM/SC or 15-25 mg Orally

Sun, Dec 9, 2012 at 12:34 AM
ဆရာ ကျွန်မ မန္တလေးမှာနေတယ်။ အသက် ၅၃ နှစ်၊ သက်သတ်လွတ်စားတာ ၁၅ နှစ်ရှိပြီ။ ဖြစ်နေတာက ပါးစပ်ရဲ့မေးဖျားရယ် အာခေါင်တွင်းမှာနဲ့ လျှာနံဘေး အခင်းတွေမှာ အပူကန်သလိုဖြစ်နေတာ တစ်လကျော်ပြီ။ လမ်း ၃ဝ စိုင်းကျော်မင်းဆေးခန်းမှာ ၁ဝ ရက်ဆက်တိုက်သွားပြတယ်။ ဆရာက နေ့စဉ် အကြောဆေးနဲ့ Azitromycin ထိုးဆေးနဲ့ စားဆေးက ဒီဆေးဘဲ ၂၅၀ mg စီဗစ်ပါ တွဲသောက်ခိုင်း။ တနေ့ ၂ ကြိမ်နဲ့ စီဗစ် တရက်တကြိမ်ပေးတယ်။ ဒီရက်တွင်းထဲကို ပုလင်းကြီးနဲ့ B 1, 6, 12 သွင်းသေးတယ်။ အစားစာက ဆန်ပြုတ်နေ့တိုင်းသောက်တယ်။ သံပုရာဖျော်ရည်သောက်ဖြစ်တယ်။ နေက်တခုက သွေးပေါင် ၈၀, ၁၀၀ ဘဲရှိတယ်။ အပူနာက နာနေတော့ဘာမှ စားမဝင်ဘူး။ လိမ်းဆေးက Miconazolun 20 mg တရက် ၄ ကြိမ်လိမ်းဖြစ်တယ်။ ဆေးဆိုင်ကပေးတာ ၃ ရက်ပဲရှိသေးတယ်။ ပျောက်တယ် ချက်ချင်ဆိုသလိုဘဲ။ အအနာက နဂိုနေရာရဲ့ဘေးအနီးနာမှာပြန်ပေါက်တယ်။ စဖြစ်တဲ့နေ့နဲ့ ဒီနေ့ထိဆိုရင် ရက် ၄၀ ကျော်ပြီ။ ဘယ်လိုလိုဆက်လုပ်ရမလဲဆရာ။ အကြံပြုပါအုံး။

ခုတလော ဆရာ့ဆေးခန်းလေးမှာ အဲလိုအနာတွေလာပြနေကြတယ်။ ပိုးဝင်တာမဟုတ်၊ အားနည်းတာလဲ မဟုတ်ပါ။ ဖတ်ပြီး လိုက်နာပြုပြင်ပါ။ ပျောက်မှာပါ။
Aphthous ulcer and Fissured tongue လျှာနာ အာနာ