Wednesday, January 30, 2013

Q and A January 2013 (4)

1. ကျွန်မက ငယ်ငယ်ထဲက အဖိုးဘက်ကမျိုးရိုးပါလို့ပဲလားမသိပါဘူး
2. ကျနော့်ရဲ့ နှာခေါင်းရောဂါ အကြောင်းကို တခါ ဆရာ့ဆီမှာ မေးမြန်းခဲ့ဖူးပါတယ်။
3. Forgive me to inform you.
4. ဒီနေ့ကျနော့် လည်ချောင်း အဖြေသိရတယ်ဆရာ။
5. Enalapril Maleate Tablets က နှလုံးအနည်းငယ်ကြီးကိုကော
6. သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး
7. ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ အဖွားက
8. ကျွန်တော့်ရင်ဘက် နို့အုံ သို့ ရင်သား နှစ်ခု ကြားက အရိုးလိုလို အသားလိုလို
9. မနက်က ကျွန်တော် တံခါးညပ်ပြီး လက်သည်းနှစ်ချောင်း ကွေးသွားပါတယ်။ သွေးမထွက်ပါဘူး။
10. ကျွန်မအသက် ၃၅ နှစ်ပါ၊ အိမ်ထောင်သက်တမ်း 2 နှစ်ပါ။
11. ကျွန်တော်အရင်တခါကလည်း မိခင်ရဲ့ရင်သားကင်ဆာနဲ့ပါတ်သတ်ပြီး
12. ဗိုက်မြန်မြန်ချပ်အောင်ဘယ်လိုလုဎ်ရလဲဆရာ။

Wed, Jan 30, 2013 at 1:50 PM
ကျွန်မက ငယ်ငယ်ထဲက အဖိုးဘက်ကမျိုးရိုးပါလို့ပဲလားမသိပါဘူး ကျွန်မမိခင်နဲ့ကျွန်မနဲ့က အရိုးအဆစ်ကြီးပါတယ်။ အထူးသဖြင့် ခြေမနားက အရိုးက ပိုကြီးပါတယ် သူများတွေလိုခြေထောက်ကမလှပဲ ခြေမကအနည်းငယ်စောင်းပါတယ်။ မိခင်ကတော့ အသက်ကြီးလာတာနဲ့အမျှအရိုးပိုစောင်းလာပြီး အရိုးကလည်း ပိုပြီးအလုံးလိုက်ထွက်လာသလိုပါပဲ။ ကျွန်မလည်း အသက်ကြီးရင် တော်တော်အခြေအနေဆိုးပြီး ပိုစောင်းလာမှာစိုးရိမ်ပါတယ်။ ပြီးတော့ ဒါအရိုးက ဘာများ အန္တရာယ်ပေးမလဲ သိချင်ပါတယ်။ ခွဲစိပ် ပြုပြင်ရင်ရော ရပါသလား။ တချို့ လူအများမှာလည်း ဒီလိုစောင်းတာ တွေ့ဖူးပါတယ်။

မှန်ပါတယ်။ တချို့အခြေအနေတွေက မျိုးရိုးလိုက်တတ်တယ်။ အသက်ကြီး အမျိုးသမီးတွေမှာ တမျိုး။ အရွယ်အရ ပြောင်းလာတာလဲရှိတယ်။ အမျိုးသမီးတိုင် အသက်ရလာတာနဲ့ ကယ်လ်စီယမ် နည်းကြလို့ အရိုးအားနည်းတာဖြစ်တတ်သေးတယ်။ ကင်ဆာမဟုတ်နိုင်လို့ စိတ်သက်သာရသင့်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေက များတော့ ဆေးစစ်မှ ဥပမာေ၈ါက်ရောဂါအတွက် ယူရစ်အက်စ် များနေမလားစစ်ရမယ်။ ဓါတ်မှန်ရိုက်ရင် အရိုးအပိုလား။ တခြားဟာလားသိရမယ်။ ဆေးစစ်ဆေးပြီး လိုသေးရင်မေးပါ။

Wed, Jan 30, 2013 at 1:51 PM
ကျနော့်ရဲ့ နှာခေါင်းရောဂါ အကြောင်းကို တခါ ဆရာ့ဆီမှာ မေးမြန်းခဲ့ဖူးပါတယ်။ ဆရာရဲ့ ညွှန်ကြားချက်နဲ့ မိသားစု ဆရာဝန်ဆီ အပြေးသွားပြီး ပြခဲ့ပါတယ်။ မိသားစု ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ x-ray ရိုက်ခဲ့ပါတယ်။ နောက်တကြိမ် CT ထပ်ဖတ်ခိုင်းပြီး ပါရဂူဆီကို သွားခိုင်းပါတယ်။ ct အဖြေနဲ့ မိသားစု ဆရာဝန်မှ ရေးပေးလိုက်တဲ့စာကို တပါတည်း ယူသွားပြီး ပါရဂူနဲ့ တွေ့ခဲ့ပါတယ်။ နှာခေါင်းထဲ ပိုက်ထည့်ပြီး စစ်ဆေးတာ လုပ်ပါတယ်။ ကျနော့်အတွက်ပေးတဲ့ ဆေးထဲမှာ 25mg ပါတဲ့ prednisolone ဆိုတဲ့ဆေးပါဝင်ပါတယ်ခင်ဗျာ။ အဲ့ဒီဆေးကို သောက်ဖို့ သီခြားစာရွက်လေးနဲ့ ရေးပေးလိုက်တဲ့စာက
To begin-
1- Tablet daily for the 1st 7 days-am
Then take-
1/2 a tablet for the next 7 days-am
Then take-
1/2 a tablet alternate day until all finished ဆိုပြီး ရေးပေးလိုက်ပါတယ်။ ညွှန်ကြားချက်အတိုင်း သေချာ သောက်ဖို့လဲ မှာပါတယ်။ ထို့နောက် ဆေးဆိုင်ကို သွားပြီး ဆေးဝယ်ပါတယ် ဆေးဆိုင်ကလဲ ဒီဆေးကိုမင်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်လို့မှာပြန်ပါတယ်။ ကျနော်လဲ စာပါတယ်ဆိုတော့ နားလည်လောက်မယ်ထင်ပြီး ဘာမှ ပြန်မမေးပဲ ပြန်လာခဲ့ပါတယ်။ အိမ်ရောက်လို့ ဆေးကို စပြီး သောက်ဖို့ ပြင်ဆင်ချိန်မှာ ဘယ်လို သောက်ရမှန်း မသိတော့ပါဘူး။ သူပေးလိုက်ဆေးတွေကတော့ -
1-Doxycycline တနေ့ တလုံး
2-pizotifen က တနေ့ ၁လုံး ၂ ကြိမ်
3-demazin ကတော့ တနေ့ ၃ ကြိမ် နဲ့ ၆ နာရီခြား သောက်ရမယ်ဆိုတော့ ဆေးမှာ ရေးပေးထားလို့သိရပါတယ်။ အထက်ပါ PREDNISOLONE ကို မည်ကဲ့သို့ သောက်ရမည်ကို ကျေးဇူးပြုပြီး ညွှန်ကြားပေးစေလိုပါတယ်ခင်ဗျား။

Pizotifen = Sandomigran ဆေးကို မိုင်ဂရင်း ခေါင်းကိုက်-ခေါင်းမူးတာအတွက်အသုံးများတယ်။
Demazin ဆေးကို 6 Hour Relief Tablets ၆ နာရီသက်သာဆေးလို့ခေါ်သေးတယ်။ နှာရည်ယိုတာ၊ နှာခေါင်းပိတ်နေတာ၊ နှာချေတာတွေကိုသက်သာစေတယ်။
Doxycycline ဆေးကို များသောအားဖြင့် တနေ့ ၂ ကြိမ်ပေးတယ်။
Prednisoline ဆေးကတော့ ပိုပြီး စနစ်တကျသောက်ရမယ်။ အစပိုင်းရက်တွေမှာ များရာကနေ လျှော့လျှော့သောက်သွားရတာမျိုးဖြစ်တယ်။ အင်္ဂလိပ်လိုရေးထားတဲ့အဆိုင်းဆိုရင် ဒီဆေးအတွက်ဖြစ်နိုင်တယ်။ ပဌမ ၇ ရက်မှာ တနေ့ ၁ပြား၊ နောက် ၇ ရက်မှာ တနေ့ ၁ ခြမ်း၊ နောက်ပိုင်း တရက်ခြားတခြမ်း၊ ကုန်တဲ့အထိသောက်။

Wed, Jan 30, 2013 at 6:44 PM
Forgive me to inform you. Now we went to Yangon and met DKMW on last Monday. After check up again he told my father will be treated by TACI method. I want to TACI method is better than others for my father. What are the advantages and disadvantages of this method? Let me know the knowledge of TACI method if you have free time.

I am not a specialist on this field. What I know are just as follow:
Liver cancer အသဲကင်ဆာထဲမှာ Hepatocellular carcinoma (HCC) = Malignant hepatoma ဟာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်တယ်။ ကုနည်းတွေ ဒါတွေဖြစ်တယ်။
1 Liver transplantation အသဲအစားထိုးနည်း၊
2 A receptor tyrosine kinase inhibitor ကင်ဆာဆဲလ်ပွါးခြင်းကိုတားဆေး၊
3 Surgical resection ခွဲစိတ်ထုတ်ဖြစ်နည်း၊
4 Percutaneous ethanol injection (PEI) ထိုးဆေးနည်း၊
5 Transcatheter arterial chemoembolization (TACE) ဆေးနဲ့ သွေးကြောပိတ်နည်း၊
6 Radiofrequency ablation (RFA) ရေဒီယိုလှိုင်းနည်း၊
7 Focused External Beam Radiation Stereotactic Radiotherapy (SRT) ဓါတ်ကင်နည်းတမျိုး၊
8 Selective internal radiation therapy ဓါတ်ကင်နည်း၊
9 Intra-arterial iodine-131–lipiodol administration ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနည်း၊
10 Combined PEI and TACE
11 High intensity focused ultrasound (HIFU) လှိုင်းမြင့် အာလ်ထွာဆောင်းနည်း၊
12 Hormonal therapy Antiestrogen therapy with tamoxifen ဟော်မုန်းနည်း၊
13 Adjuvant chemotherapy ခီမိုပေးနည်း၊
14 Palliative သက်သာယုံကုသနည်း၊
15 Cryosurgery အေးခဲနည်း၊
16 Interventional radiology ဓါတ်ကင်နည်းတမျိုး၊
17 Agaricus blazei

Transcatheter arterial chemoembolization / Transarterial Chemoembolization (TACE) နည်းက ကင်ဆာ အကျိတ်ကို သွေးမလာစေအာင်လုပ်ပေးနည်းဖြစ်တယ်။
TACI mutations ဆိုတာက immunodeficiency ကိုယ်ခံအားနဲ့ဆိုင်တယ်။

Tue, Jan 29, 2013 at 9:02 PM
ဒီနေ့ကျနော့် လည်ချောင်း အဖြေသိရတယ်ဆရာ။ လည်ချောင်းက ကမ်မီကယ် တခုခုကြောင့်လောင်ထားတာတဲ့ဆရာ ကင်ဆာတော့ မဟုက်လူးတဲ့ ၃ လပိုင်းမှာ ချဲ့ကြည့်မယ်တဲ့ဆရာ။ ချဲ့လို့မရရင်တော့ ခွဲရမယ်တဲ့ ချဲတဲ့အခါမှာလည်း လည်ချောင်း ကွဲသွားတာမျိုတွေ ဖြစ်တက်တယ်တဲ့ဆရာ ဆရာရဲ့ အကောင်းဆုံးနည်းလမ်းရှိရင်လည်း အကြံပေးပါအုံးဆရာ။ ဆောင်ရန်ရှောင်ရန် လေးတွေ ပြောပြပါလားဆရာ ကျနော်တော့ ကင်ဆာ မဟုက်တာနဲ့ တင် တော်တော်လေး စိတ်အေးသွားတယ် ဆရာ ကုလို့ရတဲ့ ရောဂါဆိုရင် ကျနော် ကုနိုင်အောင် ကြိုးစားမှာပါ စိတ်ဓာတ်လုံးဝ မကျပါဘူးဆရာ။

စိတ်ဓါတ်ခိုင်မာတာ အရာရာမှာကောင်းတယ်။ ခွဲစိတ်ကုပေးမဲ့ဆရာဝန်က အကောင်းဆုံးလုပ်ပေးနိုင်ပါလိမ့်မယ်။

Thu, Jan 31, 2013 at 9:56 PM
ကျွန်မ အဖေ (၅၄ နှစ်) မနေ့က အိမ်ပြောင်းရွေ့ရာတွင် ပစ္စည်းသယ်ရာ အတတ်အဆင်း များသွားပါသဖြင့် ညာဘက် ဒူးခေါင်းရောင် ပြီး နာနေပါသည်။ မည်သည့်ဆေးသောက်ရမည်၊ လိမ်းရမည်ကို ညွှန်ကြားပေးပါရှင့်။

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Sat, Feb 2, 2013 at 9:35 AM
Enalapril Maleate Tablets က နှလုံးအနည်းငယ်ကြီးကိုကော ပျောက်ပါသလား သွေးကျဆေးသက်သက်လား ဆရာ

Enalapril Maleate Tablets ဆေးဟာ
၁။ Hypertension
၂။ Heart Failure
၃။ Asymptomatic Left Ventricular Dysfunction အတွက်သုံးပါတယ်။ အဓိက သွေးတိုးကိုထိန်းဘို့ဖြစ်တယ်။ သွေးတိုးကနေဆက်ဖြစ်လာတဲ့ နှလုံးက နိုင်အောင်အလုပ်မလုပ်နိုင်တာ နဲ့ နှလုံး ဘယ်ဘက်အောက်ခန်း အလုပ်မလုပ်နိုင်တာအတွက်ကိုလဲ သက်သာစေတယ်။

Mon, Jan 28, 2013 at 8:50 PM
သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး ပေါင်ရင်းမှ ခြေသလုံးအထိပါနာနေပါသည်။ နာနေတာ နှစ်ပတ်ရှိပါပြီရှင့်။ ချော်လဲခြင်း၊ ခလုတ်တိုက်ခြင်း ကြောင့် မဟုတ်ဘဲ ရုတ်တရက် နာလာခြင်း ဖြစ်ပါသည်။ အရိုးအကြောဆရာဝန် နှင့် ပြသထားပေမယ့် သိပ်မသက်သာသပြင့် မည်သို့ ဆက်လက်ပြုလုပ်ရမည်ကို ညွှန်ကြားပေးပါရှင့်။

ဘာဆေးတွေသောက်ရလဲ မသိပါ။ အသက်လဲကြီး၊ အမျိုးသမီးလဲဖြစ်လို့ ကယ်လ်စီယမ် နည်းတာ သတိထားရမယ်။ အရိုးအားနည်းတာ များတယ်။ Calcium tablet တခါသောက် ၁ ပြား၊ တနေ့ ၁-၂ ကြိမ်သောက်ပါ။ အနာသက်သာဆေးလဲ မလွဲမသွေသောက်ရမယ်။ Paracetamol Ibuprofen, Diclofenic တမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ ဆေးကို အစာနဲ့နီးပါစေ။ လိုသေးရင်မေးပါ။

Mon, Jan 28, 2013 at 8:50 PM
ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ အဖွားက ကျီးပေါင်း ဖြစ်နေပါသည် ဟုပြောပါသည်ရှင်။ Robinaxol, Ibuprofen Denk 400, Lincomycin 500 mg, Siloxogene, Cartilex စသည့်ဆေးများ ယနေ့မှစပြီး တစ်နေ့ ၃ ကြိမ် တစ်ပတ်သောက်ရမည်။ တစ်ပတ်ကြာမှ ပြန်ပြရန်ပြောပါသည် ရှင့်။

ကောင်းပါတယ်။ သက်သာလာမှာပါ။
Robinaxol ဆေးဟာ muscle relaxant ကြွက်သားပြေလျှော့ဆေးဖြစ်ယ်။
Lincomycin 500mg ဆေးဟာ ဗက်တီးရီးယားတွေကိုနိုင်တယ်။
Siloxogene Gel ဆေးဟာ လေဆေးဖြစ်တယ်။ အနာအကိုက်ပျောက်ဆေးနဲ့တွဲသောက်ရတယ်။
Cartilex ဆေးက osteoarthritisအရိုး-အဆစ်နာတာအတွက်ပေးတယ်။

အဖွားကဘာကြောင့် ဖြစ်တာလဲ ဆိုတာသိချင် နေပါသည်ရှင့်။ စိုးရိမ်စိတ် လဲဖြစ်ရပါသည်ရှင့်။ ပေါင်ရင်း နှင့် ခြေသလုံးတွေ အရမ်းနာကျင် ကိုက်ခဲလို့ ရေနွေးအိတ် ကပ်ရင်ရပါသလား ရှင့်။ ယခင်က သွေးတိုး ရောဂါ မရှိဘဲ ယခု သွေးပေါင် ၁၄ဝ ထိ ရှိလာပါသည် ရှင့်။

သွေးဖိအား ၁၄ဝ က အထက်သွေးလား၊ အောက်သွေးလား။ အထက်သွေး ဒီလောက်နဲ့ ဘာမှမဖြစ်ပါ။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာ။ အခုထပ်ချိန်ရင် တမျိုးဖြစ်နေမယ်။ မပူပါနဲ့။ အရွယ်ကြောင့်လဲ ဖြစ်တယ်။ ရေနွေးအိတ်ကပ်နိုင်ပါတယ်။

ကျီးပေါင်းဖြစ်တာ အချိန် ဘယ်လောက်ကြာရင် သက်သာပျောက်ကင်းနိုင်ပါသလဲ ရှင့်။

ကြာမယ်။ ဆောရီး။

ဆရာရှင့် ခဏခဏ မေးရတာစိတ်မရှိပါနှင့်။ အဖွားက တစ်ခါမှ နေမကောင်းမဖြစ်ဘူးပါသပြင့် ယခုလို ဖြစ်တော့ စိတ်ဓာတ် အရမ်းကျနေပါသည်ရှင့်။ နောက်ပြီး အိမ်မှာကော လမ်းကို ထော့နင်း ထော့နင်း သွားလို့ ရပါသလား။ ငြိမ်ငြိမ် နေရပါမည်လား။ wheel chair နှင့် သွားသင့်ပါသည်လား ဆိုတာသိချင်ပါသေး သည်ရှင့်။

အသက်ကြီးသူတိုင်း လှုတ်ရှားမှု မနည်းသင့်ပါ။ စိတ်ဓါတ်ကိုတော့ အားပေးရပါမယ်။ ဘယ်လိုသွားမလဲဆိုတာ အဆင်ပြေတာ ရွေးနိုင်ပါတယ်။ ဖြစ်နေတဲ့ ရောင်တယ်ဆိုတာ အတိအကျ မသိရပါ။ ဓါတ်မှန်မှာ ဘယ်လိုပေါ်သလဲ။ ဖြစ်နေတဲ့အရိုးက တခြားဘယ်လို (တစ်ရှူး) တွကို ဖိနေသလဲ မသိရပါ။ မေးတာအတွက် သိချင်တာ မေးနိုင်ပါတယ်။ တယောက်ကိုတခါသာမေးဆိုတာ မရှိပါ။

ညာဘက် ဒူးခေါင်း မှာ ရောင်ကိုင်းနေပြီး ညာဘက်ပေါင်ကြော မှ ခြေသလုံးအထိ တင်းပြီး နာနေပါသည်။ ကိုက်ပါသည်။ ဓာတ်မှန် မှာ "Marked OA changes both knees seen" ဟုရေးထားပါသည် ရှင့်။

Osteoarthritis (OA) အရိုး-အဆစ်နာရောဂွကို Degenerative arthritis or Degenerative joint disease or Osteoarthrosis လို့လဲ ဆေးစာမှာခေါ်တယ်။ အိုနာအုပ်စုဝင်လဲဖြစ်တယ်။ ဖြစ်တဲ့နေရာက အရိုး၊ အရိုးနုနဲ့ အဆစ်တွေမျာ ရောဂါရတာဖြစ်တယ်။

Joint pain အဆစ်နာ၊ Tenderness ထိရင်နာတာ၊ Stiffness တင်းနေတာ၊ Locking သောခပ်ထားခံရသလိုအရင်လို မလှုတ်နိုင်တာ နဲ့ Effusion အဆစ်ထဲရေအောင်းတာတွေဖြစ်စေနိုင်တယ်။

Hereditary မျိုးရိုးအရဖြစ်တာ၊ Developmental ကြီးထွားမှုဖြစ်စဉ်ကြောင့်၊ Metabolic ဓါတ်ပြောင်းဖြစ်စဉ်ကြောင့်နဲ့ Mechanical ထိခိုက်ခံရလို့တွေကြောင့်ဖြစ်စေတယ်။

ကြာရင် Loss of Cartilage အရိုးနုမရှိတော့တာ ဆက်ဖြစ်တတ်တယ်။ အကာအရံလိုရှိနေတဲ့ အရိုးနုက ကောင်းကောင်း မရှိတော့ရင် အရိုးကိုပါထိခိုက်လာတယ်။ အရိုး-အဆစ်က အရင်လို လှုတ်ရှားမှုမလုပ်နိုင်တာ့ လှုတ်ရှားမှုတွေနဲ့ဆိုင်တဲံ ကြွက်သားတွေက လှိာနိုင်သေးတယ်။ အရွတ်တွေကလဲ ပျော့လာမယ်။

1 Lifestyle modification လူနေမှုပုံစံပြောင်းပါ။ ကိုယ်အလေးချိန်လျှော့ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
2 Orthotics အထောက်အကူတမျိုးမျိုးသုံးပါ။ ကျပ်စည်းသလိုအချောင်း၊ အကာကွယ်ပစ္စည်း၊
3 Analgesics အမာသက်သာဆေး = Acetaminophen (Paracetamol) ကို အများဆုံးသုံးကြတယ်။ ပိုနာရင် Ibuprofen ဆေးသုံးပါ။ Celecoxib ဆေးကိုလဲသုံးနိုင်တယ်။ topical diclofenac လိမ်းဆေးသုံးနိုင်တယ်။
4 Oral steroids (စတီရွိုက်) စာေးဆးကို သိပ်မညွှန်ပါ။
5 Injection of glucocorticoids (hydrocortisone) ဆေးထိုးရင် ရေတိုသက်သာစေမယ်။
6 Topical capsaicin အပူပလာစတာကပ်တာ၊ joint injections of hyaluronic acid အဆစ်ထဲဆေးထိုးတာကို သိပ်မသုံးချင်ကြဘူး။
7 Surgery လိုအပ်ရင် ခွဲစိတ်ကုသနိုင်တယ်။ joint replacement surgery နဲ့ resurfacing နည်းတွေလုပ်ပေးမယ်။ 8 Arthroscopic surgical intervention နည်းကို သိပ်မသုံးပါ။
9 Alternative medicine တခြားဆေးကုသနည်းတွေလဲရှိသေးတယ်။ ဆရာဝန်တွေကတော့ မညွှန်ပါ။

ဖြစ်နေတဲ့ ခြေထောက်ကိုပါ အကွေးအဆန့် လေ့ကျင့်ခန်းပြုလုပ်ရပါမည် လား ဆရာ ရှင့်

Yes

Thu, Jan 31, 2013 at 2:48 PM
ကျွန်တော့်ရင်ဘက် နို့အုံ သို့ ရင်သား နှစ်ခု ကြားက အရိုးလိုလို အသားလိုလို နာကျင်မှု ခံစားနေရတာ 7 နှစ်နှစ်လောက် ရှိပါပြီ။ စဖြစ်ပုံက လွမ်ခဲ့တဲ့ 7 နှစ်နှစ်က ကျွန်တော် အရက်သာက်တာ များပြီး အလွန်အကျွန် အော့်အန် မိပါနယ် အန်နေရင်းနဲ့ ပါးစပ်က သွေးတွေတောင် ထွက်မိပါတယ်။ အဲဒိနောက်ပိုင်း ကျွန်တော် ထမင်းစားပြီးတာနဲ့ အသက်ရှူ ကျပ်သလိုလို ခံစားမိပါတယ်။ ကျွန်တော်အခုထိ ထမင်းများများ သို့ အစာများများ စားလျှင်စားရင်းနဲ့ အသက်ရှူ ကျပ်လာသလို ခံစားရပါတယ်။ နောက်ပြီး ဝမ်းနည်းနည်း ချုပ်ပြီ ဆိုတာနဲ့ အသက်ရှူလည်း ကျပ်တယ် ရင်အုံ ကြားက အရိုးလား အသားလား မသိတော့ဘူး။ နာတော့နာတယ် အရမ်း အဆိုးကြီးလည်း မဟုတ်ပါဘူးနာလာပြီဆိုရင် ကျွန်တော် Pain Relief သောက်ချလိုက်တယ်။ နည်းနည်းတော့ သက်သာ သွားပါတယ်။ ဒိလို့ ဖြစ်တာကို ကျွန်တော် ဆရာဝန်တွေနဲ့လည်း အများကြီး ပြပြီးပါပြီ။ ဓါတ်မှန် ရိုက်တာလည်း အကြိမ်ပေါင်း မနည်းတော့ဘူး။ ဆေးခန်းကို သွားပြီး ပြတိုင်း ဓာတ်မှန် ရိုက်ကြပါတယ်။ ဓာတ်မှန်ရိုက်ပြီးတော့ ကျွန်တော့ ရင်ဘက်မှာ ဘာမှ မတွေ့ဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရင်ဘက်ကို ကိုယ် ခွဲပြီးတော့သာ ကြည့်ပလိုက်ချင်တယ်။ အခု ကျွန်တော် (့) မှာပါ။

Sorry အဖြေပို့တာ အချိန်ကြာသွားတယ်။ ပြန်စစ်မှ တွေ့ရလို့ပါ။ ဆေးစစ်၊ ဓါတ်မှန်ရိုက်ပြီး ကောင်းနေရင် လုံးဝမစိုးရိမ်ပါနဲ့။ အသက်၊ လူဝ မဝ မသိပါ။ သွေးဖိအား မသိပါ။ အနာသက်သာဆေး သောက်နိုင်ပါတယ်။ လိုတိုင်းသောက်ပါ။ အစာနဲ့ တွဲသောက်တာကောင်းတယ်။ အရက်လဲသောက်ဘူး၊ သွေးလဲအန်တာထဲပါဘူးထားလို့ (ပါရာစီတမော) သောက်ရင် သတိထားပါ။ အနာ-အကိုက်ပျောက်ဆေးတွေအကြောင်း ရေးထားတာရှိပါတယ်။ အရက်အတွက် အသဲကိုလဲ ဂရုစိုက်ပါ။ ခွဲဘို့ မလိုအပ်ပါ။ လူက ဝရင် အဆီ-အလေးချိန် လျှော့ပါ၊ ထိန်းပါ။

Thu, Jan 31, 2013 at 12:08 PM
မနက်က ကျွန်တော် တံခါးညပ်ပြီး လက်သည်းနှစ်ချောင်း ကွေးသွားပါတယ်။ သွေးမထွက်ပါဘူး။ အထဲမှာတော့ သွေးချေဥသွားတယ်လို့ ထင်ပါတယ်။ အမဲရောင် အစက်ကလေးတွေ အများကြီး အသားရဲ့အောက်မှာ မြင်လာရပါတယ်။ လက်ညှိုးနဲ့ လက်ခလယ်ပါဆရာ။ အထဲမှာ အဲ့လို သွေးချေဥနေတာ သူ့အလိုလို ပျောက်ပါသလား။ ဘာလုပ်ပေးဖို့ လိုပါသလဲဆရာ။ ကျွန်တော်ငယ်ငယ်ကလည်း ခြေသန်းပေါ် တူပြုတ်ကျခံခဲ့ရဖူးတဲ့အတွက် ခြေသန်းက ခြေသည်းဟာ ပုပ်သွားပါတယ်။ ခုထိ ခြေသည်းက ငုတ်တိုလေးနဲ့ပါ။ နောက်ပြီး ခြေသန်းရဲ့ အရွယ်အစားကလဲ ပုံမှန်မဟုတ်တော့ပါဘူး။ အဲဒါ အခု လက်သည်းအတွက်လဲ စိုးရိမ်လို့ပါ။

ထိခိုက်မိတိုင်း သွေးထွက်တယ်။ အပြင်ကိုထွက်လာသလို့ အထဲမှာလဲထွက်တယ်။ လူတိုင်းမှာ ခိုက်မိတိုင်းဖြစ်တယ်။ သွေးထွက်များလေလေ ဖေါင်းလေ၊ နာလေဖြစ်မယ်။ သွေးက အလိုလို ဓါတ်ပြောင်းပြီး ပျက်စီးတာ၊ ကိုယ်ပနေစုပ်ယူသွားတာတွေဖြစ်မယ်။ ဖြစ်စဥအတွင်း အရောင်တွေ ပြောင်းမယ်။ ခံစားရတာ မြင်ရတာတွေ ပြောင်းမယ်။ နောက်ဆုံးပျောက်သွားတယ်။ တခါတလေ သွေးထွက်ရာနေရာက ကျဉ်းလို့ တမျိုးတမည်ဖြစ်တယ်။ ပိုနာမယ်။ သွေးထုထည်ကနေ အဖိခံရတာတွေကို သက်ရောက်တယ်။ အာရုံကြောဖိရင် နာမယ်။ ကြွက်သားဖိရင် အလုပ်ပျက်မယ်။ သွေးကြောကိုဖိလို့လဲ သွေးစီးတာကို သက်ရောက်နိုင်တယ်။ ကံဆိုးရင် ပိုးဝင်လို့ အနာရင်းတာ။ ပြည်တည်တာတွေဖြစ်မယ်။ သွေးယိုတာကို ချက်ချင်းဖြစ်ရင် အေးတာနဲ့ကပ်ရင်သွေးထွက်သက်သာစေမယ်။ ဖိထားတာကအကောင်းဆုံးရှေးဦးပြုစုနည်းဖြစ်တ်ယ။ နာတာသက်သာအောင် အေးခဲတဲ့အရည်နဲ့ ပြန်း-ပန်းတာလုပ်ရတယ်။ (ဘောလုံးပွဲ)။ တရက်ထက်နောက်ကျတာကို နာတာ။ ရောင်တာသက်သာအောင် အပူကပ်ပေးရမယ်။ သွေးယိုတတ်သူတွေက ဗီတာမင် စီ၊ ကေ လိုတတ်တယ်။ နာတာအတွက် ပါရာစီတမောလိုတတ်တယ်။ ပိုးဝင်ရင် ပိုးသေဆေးလိုတယ်။ မြန်မြန်ပျောက်အောင်၊ တခါတလေ ခွဲထုတ်၊ စုပ်ထုတ်တာလုပ်ပေးနိုင်တယ်။ ဥပမာ ကလေးမွေးတုံးက ဦးခေါင်းခွံမှာ ကွက်ပြီးသွေးယိုတာမျိုးကို ဆေးထိုးပိုက်နဲ့ စုပ်ပေးရင် ချက်ချင်းပျောက်မယ်။ ဒီအတိုင်းထားလဲ ကြာရင်ပျောက်တယ်။

Wed, Jan 30, 2013 at 10:44 PM
ကျွန်မအသက် ၃၅ နှစ်ပါ၊ အိမ်ထောင်သက်တမ်း 2 နှစ်ပါ။ ကလေးမရှိပါ။ ကျွန်မမှာဝမ်းချုပ်ခြင်း ငယ်စဉ်ကပင်ရှိခဲ့ပါတယ်။ 2012 နှစ်စပိုင်းမှစပြီး ဝမ်းသွားလျှင်စအိုကွဲကာ သွေးထွက်လာခဲ့တယ်။ သို့ သော်လည်းမဆိုးဝါးသပြင့် အမှတ်တမဲ့ နေခဲ့ပါသည်။ ကျွန်မအလုပ်ရဲ့ ဖိစီးမှုများကြောင့် ရေသောက်၊အိမ်သာသွားခြင်း အလေ့ အလွန်နဲပါးခဲ့သည်။ ယခုလပိုင်း အခေါက်တိုင်း ဝမ်းချုပ်ပြီး စအိုကွဲကာသွေးအမြဲထွက်ပါသည်။ စအိုကွဲလို့ သွေးထွက်တာလား အထဲက ထွက်တာလား ကျွန်မလဲမခွဲခြားတတ်တော့ပါ။ ဇန်နဝါရီလ ပထမပတ်မှစပြီး ရရက်လုံးဝမ်းသွားခြင်းမရှိပဲ မတ်တရပ်(သို့ )ထိုင်နေလျင် အိမ်သာသွားချင်သလို တစ်ဆို့ဆို့နှင့် ထိုင်လျှင် အောင့်တောင့်တောင့် အနည်းငယ်ခံစားရပြီး အိမ်သာသွားထိုင်ပြီး အားကုန်ညှစ်သော်လည်း သွားစရာ ဝမ်းမရှိသလို ခံစားရပါတယ် (ဆရာ မရိုမသေမဟုတ်ပါ) စမြင်းတစ်နေသလိုမျိုး မဟုတ်ပါ၊ ကျွန်မကြိုးစားပြီး ဆရာရေးသားထားသော စာများထဲမှ fiber ပါသော အစားများ စားကာကြိုးစားပြီး ဝမ်းသွားအောင်လုပ်ခဲ့ပါသည်။ အဲဒီနောက် စအိုဝ အသားတွင် အဖုသီးလေး 3 ခုထွက်လာခဲ့တယ်။ နာကျင်မှုရှိပေမယ့် တအားတော့မနာပါ။ သွားထိမိလျင်နှင့် ဝမ်းသွားလျှင်တော့ နာပါသည်။ နှစ်ရက်၊ သုံးရက်တော့ရှိပါပြီ။ သွေးပါတာရပ်သွားတာ။ ထိုရက်ပိုင်းကအနည်းငယ်အဖျားဝင်ခဲ့ပါသည်။ အဖုသီးလေးများသည် လူကိုဒုက္ခပေးနိုင်လား။ ပြီးတော့ ဝမ်းပျော့စာ ဘယ်လောက်စားစား ဝမ်းချုပ်ဆဲနှင့် အမြဲတမ်းတစ်ဆို့ဆို့နှင့် စအိုတွင်တောင့်ခဲနေသလိုခံစားရပြီး ညစ်လျှင်ဘာမှထွက်လာပဲရှိသည်။ ဝမ်းသွားပြီးခဏသာ တစ်ဆို့ဆို့ ပျောက်သွားသော်လည်း နောက်တစ်ရက်ဆိုလျှင်ပြန်ခံစားနေရသည်။ နာကျင်မှုနဲသော်လည်း ပုံမှန်မဟုတ်သလို ခံစားရပါသည်။ နောက်တစ်ခုက ကျွန်မဗိုက်ထဲမှာ လေပွသလို လေတွေအများကြီးရှိပါသည်။ အရင်ကတည်းကပါ။ ကျွန်မကလိပ်ခေါင်းဖြစ်တာလား (သို့) စအိုကွဲနာလား (သို့) အစာဟောင်းအိမ် ကောင်းစွာ အလုပ်မလုပ်တာလား ကျွန်မမသိပါရှင့်။ လက်ရှိတော့ အစားကိုသာ ဆေးအဖြစ် စားနေရပါသည်။ ဝမ်းပျော့ဆေးက ဘယ်မှာ ရောင်းမှန်းမသိပါ။ ကျွန်မက (့) မှာ အလုပ်လုပ်နေတာပါ။ ဆေးခန်းပြရန်အတွက်လည်း ဘယ်လောက် ကုန်ကျမည်မသိသောကြောင့် မပြရဲပါ။

Fissure-in-Ano (FIA) စအိုကွဲနာ

Thu, Jan 3, 2013 at 12:50 AM
လိပ်ခေါင်းကိုမခွဲစိတ်ပဲကုလို့ရလာဆရာ
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Sun, Feb 10, 2013 at 9:46 PM
ကျွန်တော်အရင်တခါကလည်း မိခင်ရဲ့ရင်သားကင်ဆာနဲ့ပါတ်သတ်ပြီးမေးဖူးပါတယ်။ အဲဒီလိုမေးပြီး နောက်ပိုင်းမှာ မန္တလေးဆေးရုံကြီးမှာ ကင်ဆာဆေးသွင်းပြီး ကုသနေတာကြာပါပြီ။ ပထမတစ်ခါမှာ ဆေးက (၄ဝဝဝဝ တန်) ၆ ခါ သွင်းပါတယ်။ အဲဒီနောက်ဓါတ်ကင်ပါတယ်။ အခု အဲလိုသွင်းပြီး တစ်လလောက်အကြာမှာ ဓါတ်မှန်ရိုက်တော့ အသည်းမှာ အရည်အိတ်တွေ့တယ်လို့ ဆရာဝန်ကပြောပါတယ်။ အဲဒါနဲ့ ခု(၂ဝဝ ဝဝဝ )တန် ဆက်သွင်းပြီး ကုနေပါတယ်။ ပြီးခဲ့တဲ့ ၂၇၊ ၁၊ ၂ဝ၁၃ မှာ သုံးကြိမ်မြောက်သွင်းပါတယ်။ အဲဒီမှာ ဆရာမတွေအချင်းချင်းပြောတဲ့စကားကို မိခင်ကကြားလာပါတယ် “ ဒီလို ဆေးအကောင်းစားသွင်းတာတောင် ဘာမှမထူးခြားဘူး” ဆိုပြီးတော့ပါ။ အခြားလူနာကိုပြောတာလဲ ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့မိခင်က အဲဒါကြားပြီး စိတ်ဓါတ်ကျနေပါတယ်ဆရာ။ ဆက်မသွင်းချင်ဘူးပဲပြောနေတယ်။ အသည်းမှာ ဆိုတော့ ဘာတွေဖြစ်နိုင်ပါလဲဆရာ။ ဆေးဆက်သွင်းရမှာလားဆရာ?။ ကျွန်တော်က ရန်ကုန် Hotel 7 Mile မှာ အလုပ် လုပ်ပါတယ်။ မိခင်က မန်းလေးမှာပါ။ ကျွန်တော့အနေနဲ့ ပိုက်ဆံပဲ (အသင့်အတင့်) ပို့ပေးနိုင်တယ်။ မန်းလေးမှာလဲ ဒီလစာလောက်ရတဲ့အလုပ်မရှိပါ။ မိခင်က ခုလိုပြောလာတော့ ဘာတွေဖြစ်နိုင်လာနိုင်လဲ စိုးရိမ်လို့ပါဆရာ။ အနားမှာနေပြီး ပြုစုဖို့လဲ အဆင်မပြေတော့ ဖုန်းဆက်တာကိုပဲ သိနေရတာပါ။ မိခင်သွားစဉ်ကလည်း မိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ကလည်း ကျွန်တော့အမကြီးကိုပြောပါတယ် အသည်းမှာအရည်အိတ်ဖြစ်နေတာဆိုရင် စားချင်တာကျွေး၊ စိတ်ချမ်းသာအောင်ထားပါလို့ အကြံပေးပါတယ်။

Sorry ကင်ဆာရဲ့သဘောက အဲလိုဘဲ။ နောက်ပိုင်းအဆင့်ဆိုရင် ပိုပြီး ဖြစ်လာတတ်တာတွေရှိယတ်။ အဆုပ်ထဲ အရည်က အဆုပ်အဆုံးလွှာရောင်ရာကနေဖြစ်တတ်တယ်။ အကြောင်းအမျိုးမျိုးကနေဖြစ်တယ်။ အခုဟာက ကင်ဆာကနေ ဆက်တာ ဖြစ်မယ်။ ထူးပြီးတော မစိုးရိမ်ပါနဲ့။ ဆေးတွေကလဲ ပြင်းတော့ လူနာလဲ စိတ်အားငယ်မှာ အမှန်ဘဲ။ လူနာကို အဓါက အားပေးနှစ်သိမ့်ပြီး စိတ်ခိုင်မာစေအောင် လုပ်သင့်ပါတယ်။ ဆရာဝန်တွေကတော့ ကုထုံးအတိုင်း ဆက်ကုသပေးမှာပါ။

Sun, Feb 10, 2013 at 7:33 PM
ယူရစ်အက်ဆစ်များတာနဲ့ပတ်သက်ပြီးသိချင်ပါတယ်ဆရာ။ ယူရစ်အက်ဆစ်များတယ်ဆိုတာဘာကြောင့်ဖြစ်ရတယ် ဘာတွေရှောင်သင့်တယ်။ ဘယ်လိုလုပ်ရင်ပျောက်နိုင်လည်းဆိုတာကိုသိချင်ပါတယ်ဆရာ။

Uric acid (ယူရစ်-အက်စစ်)

Sun, Feb 10, 2013 at 7:11 PM
ဗိုက်မြန်မြန်ချပ်အောင်ဘယ်လိုလုဎ်ရလဲဆရာ။ ချေမျက်စိ ဒူးဂေါင်းမဲနေတာကို အရင်လိုမမဲ အောင်ဘယ် လိုလုဎ်ရလဲဆရာ Name (့)၊ Age 20, Lives in Myanmar, Yangon

ကျား-မ မသိရပါ။ ဆရာဝန်ပြထားလား မသိရပါ။

Sunday, January 27, 2013

Liver Blood Test အသဲအတွက် သွေးစစ်ခြင်း

Sun, Jan 27, 2013 at 8:42 PM
ကျွန်တော့် အသက်က ၃၁ ပြည့်ပြီးသွားပါပြီ။ ကျွန်တော်မှာ အသည်းရောင် B ပိုးရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆေးစစ်တော့ တွေ့တာပါခင်ဗျာ။ ကုသမှုတော့ မလုပ်ခဲ့ပါဘူး။ မနှစ်ကမှ ဆရာကြီး (့) ကို စပြီး ပြခဲ့ပါတယ်။ 14 Dec 2011 မှာ သွေးစစ်တဲ့ အဖြေတွေက
1. HBV - DNA Test - 71
2. ALT - 70 (high)
3. AST - 32 (normal) ဖြစ်ပါတယ်။ အဲ့ဒီ ကုသမှုမှာ LIVE UP, ZINCOVIT, LIVER (MILK THISTLE), RACIPER 20 (၄) မျိုး သောက်ဖို့ ညွှန်ကြားပြီး ၁ နှစ် ပြည့်ရင် ပြန်လာပြဖို့ ပြောပါတယ်။ အကြောင်းကြောင်းကြောင့် ကျွန်တော် ၁ လ ပြည့်အောင် မသောက်ဖြစ်ခဲ့ပါဘူး။ 25 Dec 2012 မှာ နောက်ထပ်တစ်ခေါက် ထပ်ပြပြီး နောက်တစ်ကြိမ် သွေးစစ်ပါတယ်။ အဖြေတွေက HBV DNA Test - Not detected, ALT 87 (high), AST 26 (normal) ဖြစ်ပါတယ်။
Ultrasound လည်း ရိုက်ကြည့်ပါတယ်။ Normal ပဲလို့ ပြောပါတယ်။ အရင်ဆေး ၄ မျိုးကိုပဲ သောက်ဖို့ ညွှန်ကြားပါတယ်။ ALT မြင့်နေတဲ့အတွက် နောက် ၁ လမှာ သွေးပြန်စစ်ဖို့ ညွှန်ကြားပါတယ်။ ဒီအကြိမ်မှာတော့ ဆေးကို မပျတ်မကွက် မှန်မှန်သောက်ပါတယ်။ မနေ့က ALT နဲ့ AST ကို ထပ်စစ်ခဲ့ပါတယ်။ ဒီနေ့ အဖြေလွှာမှာ ALT 86 (high) နဲ့ AST 43 (high) ဖြစ်သွားပါတယ်။ ALT & AST မြင့်နေတဲ့အတွက် အရမ်းစိတ်ပူမိပါတယ်။ ဆေးမှန်မှန် သောက်လိုက်တဲ့ ၁ လအတွင်းမှာ AST က ၂၆ ကနေ ၄၃ ဖြစ်လာလို့လည်း ပိုပြီး စိတ်ပူမိပါတယ်။ ဆေးသောက်တဲ့ကာလအတွင်းမှာ ဆီးသွားရင်လည်း ဆီးဝါပါတယ်။ ဆေးမသောက်ရင် ဆီးမဝါပါဘူး။ ALT & AST က ဘယ်လိုအချိန်မှာ မြင့်တက်ပါလည်း။ B ပိုး မရှိတဲ့ သူတွေမှာရော ခုလို မြင့်တက်ပါလား။ စိတ်လည်း အရမ်းညစ်နေလို့ ဘာတွေ လုပ်သင့်တယ်ဆိုတာ ညွှန်ကြားပေးပါ။ ဆရာရေးထားတဲ့ အသည်းနဲ့ ပတ်သက်တဲ့ Blog Post တွေကိုလည်း ဖတ်ပြီးပါပြီ၊ ဒါပေမယ့် စိတ်ထဲမှာ ဘာလုပ်ရမယ်မှန်း မသိပဲ ဝေဝေဝါးဝါးဖြစ်နေလို့ပါ။

Basic functions of the liver အသဲက ဘာတွေလုပ်ပေးသလဲ
• Detoxification of blood သွေးကိုအဆိပ်အတောက် ရှင်းပေးတယ်။
• Production of important clotting factor and other important proteins သွေးခဲစေအောင်လုပ်ပေးတဲ့ ဓါတ် ထုတ်ပေးတယ်။ တခြားအရေးပါတဲ့ (ပရိုင်တင်း) တွေလဲ ထုတ်လုပ်ပေးတယ်။
• Metabolizing medications and nutrients အစာအာဟာရနဲ့ ဆေးတွေကို ဓါတ်ပြုပေးတယ်။
• Processing of waste products of hemoglobin သွေးနီဥထဲက (ဟီမိုဂလိုဘင်) ကို ပြုပြင်ပေးတယ်။
• Storing of vitamins, fat, cholesterol, and bile ဗီတာမင်တွေ၊ အဆီ၊ (ကိုလက်စထော) နဲ့ သည်းခြေရည်တွေကို သိုလှောင်ပေးထားတယ်။
• Production of glucose (ဂလူးကို့စ်) သကြားဓါတ်ထုတ်လုပ်ပေးတယ်။

Common liver blood tests အသဲအတွက် အများဆုံးလုပ်ရတဲ့ သွေးစစ်ခြင်းများ
အသဲအလုပ်လုပ်နေတဲ့ အခြေအနေကို ဆန်းစစ်ဘို့လုပ်ရတယ်။ အသဲမှာ Enzymes (အင်ဇိုင်းမ်) ဆိုတဲ့ (ပရိုတင်း) တွေရှိတယ်။ ပုံမှန်ဆိုရင် အသဲထဲက (ဆဲလ်) ထဲမှာသာ ရှိနေရတယ်။ အသဲရောဂါရလာရင် အဲဒါတွေက သွေးထဲကို ထွက်လာကြတယ်။ သွေးကိုစစ်လို့ အဲဒါတွေများနေ-မနေကိုစစ်တာဖြစ်တယ်။

အများဆုံး သုံးတဲ့နည်းဟာ အလွန်လဲတိကျတဲ့ Aminotransferases ဆိုတာတွေဖြစ်တယ်။ ၂ မျိုးရှိတယ်။ Aspartate aminotransferase (AST or SGOT) နဲ့ Alanine aminotransferase (ALT or SGPT) တွေဖြစ်တယ်။ တခြားစမ်းမှာတွေကတော့ Alkaline phosphatase, 5' nucleotidase နဲ့ Gamma-glutamyl transpeptidase (GGT) စတာတွေ ဖြစ်ကြတယ်။

Aminotransferase ကို Transaminase လို့လဲခေါ်တယ်။ Aspartate aminotransferase (AST) ကို Serum glutamic oxaloacetic transaminase (SGOT) လို့လဲခေါ်တယ်။ Alanine aminotransferase (ALT) ကို Serum glutamic pyruvic transaminase (SGPT) လို့လဲခေါ်တယ်။ (AST = SGOT and ALT = SGPT) လို့အတိုသမှတ်သားနိုင်တယ်။

AST (SGOT) အင်ဇိုင်းမ်ဟာ အသဲထဲမှာ များများရှိပေမဲ့ နှလုံး၊ ကြွက်သား၊ ကျောက်ကပ်၊ ဦးနှောက်တွေထဲမှာလဲ ရှိနေတယ်။ ဒီအင်္ဂါတွေထိခိုက်မိရင် အဲဒီအင်ဇိုင်းက သွေးထဲရောက်လာတယ်။ သတိထားဘို့က AST နဲ့ ALT တွေ မြင့်တက်နေပေမဲ့ အသဲကကောင်းကောင်းအလုပ်နေနိုင်တာလဲရှိမယ်။

Liver function test (LFT) အသဲအလုပ်အတွက် သွေးစစ်တာထဲမှာ ဒါတွေပါမယ်။
• Coagulation panel (prothrombin time or PT, and international normalized ratio or INR) ဆိုတာက သွေးခဲနိုင်စွမ်းနဲ့ဆိုင်တာတွေဖြစ်တယ်။ မကောင်းရင် သွေးယိုတာဖြစ်မယ်။
• Albumin level (hypoalbuminemia) ဆိုတာက နည်းနေရင်မကောင်းဘူး။
• Bilirubin ဆိုတာက သွေးနီဥတွေပျက်စီးရာကနေထွက်တဲ့ဓါတ်ဖြစ်တယ်။ များနေတာမကောင်းဘူး။
• Platelet count သွေးမှုံအရေအတွက် နည်းနေတာလဲ မကောင်းဘူး။

ဒီ (အင်ဇိုင်းမ်) တွေများနေတာဟာ ဒါတွေကြောင့်ဖြစ်နိုင်တယ်။
1. Mild to moderate elevations နည်းနည်းကနေ အသင့်အတင့်များနေတာမျိုး တွေ့ရတတ်တယ်။ ဥပမာ Fatty liver အသဲအဆီဖုံးနေတာမျိုး။ Diabetes mellitus ဆီးချို နဲ့ Obesity အဝလွန်သူတွေမှာလဲ များနေတတ်တယ်။
2. Chronic hepatitis B နာတာရှည် (ဘီ) ပိုးရှိနေသူတွေနဲ့ နာတာရှည် Hepatitis C ရှိနေသူတွေမှာလဲ နည်းနည်းကနေ အသင့်အတင့်များနေတယ်။
3. Chronic and acute alcohol ရက်တို-ရက်ရှည်အရက်နာတွေမှာလဲ များနေမယ်။
4. Some medications တချို့ဆေးတွေကြောင့် များနေနိုင်တယ်။
- အနာသက်သာဆေးတွေ (Aspirin, Acetaminophen, Ibuprofen, Naproxen, Naprelan, Anaprox, Aleve, Diclofenac နဲ့ Phenylbutazone (Butazolidine) ဆေးတွေ၊
- အတက်သက်သာဆေးတွေ (Phenytoin, Valproic acid, Carbamazepine နဲ့ Phenobarbital
- ပဋ္ဋိဇီဝဆေးတွေ (Tetracycline, Sulfonamides, Isoniazid, Sulfamethoxazole, Trimethoprim, Nitrofurantoin, Fluconazole နဲ့ ဖန်းဂတ်စ် ဆေးတွေ၊
- ကိုလက်စထောကျဆေးတွေ (Lovastatin, Pravastatin, Atorvastatin, Fluvastatin, Rosuvastatin, simvastatin, Niacin ဆေးတွေ၊
- နှလုံးသွေးကြောဆေးတွေ (Amiodarone, Hydralazine, Quinidine ဆေးတွေ။

AST and ALT serum levels တွေမြင့်တက်နေတာဟာ ၁ဝ ဆကနေ အဆထောင်အထိရှိနိုင်တယ်။
• Acute viral hepatitis A or B ယုတ်တရက် (အေ) ပိုးနဲ့ (ဘီ) ပိုးဝင်ခံရသူတွေ၊
• Toxins အဆိပ်သင့်သလို အသဲထိခိုက်ခြင်းမျိုးဟာ Acetaminophen (Paracetamol/Tylenol) ပါရာစီတမော များလွန်းတာနဲ့ Mushroom poisoning မှိုဆိပ်သင့်တာတွေကြောင့်ဖြစ်နိုင်တယ်။
• Shock (ရှော့ခ်) ရနေတာကြာရင်လဲ များနေမယ်။
• Severe muscle diseases ကြွက်သားတွေ ဆိုးတိုးဝါးဝါးထိခိုက်ခံရရင် များများမြင့်တက်နေမယ်။

အဖြစ်မများတာတွေလဲရှိသေးတယ်။
• Hemachromatosis (iron overload), Wilson's disease, alpha-1-antitrypsin deficiency, Celiac disease, Crohn's disease, Ulcerative colitis, Autoimmune hepatitis တွေဖြစ်တယ်။
• Hepatitis C မှာက Hepatitis B ထက်ပိုတွေ့တယ်။ အသဲမှာ A, B, C အပြင် တခြားViral infections တွေကနေလဲ မြင့်တက်နေနိုင်တယ်။
• hepatocellular carcinoma or hepatoma အသဲကင်ဆာမှာတော့ တက်နေတာ ရြှးတယ်။
• alcoholic liver disease အရက်ကြောင့်ဖြစ်တဲ့အသဲရောဂါမှာ AST က 300 units/liter ထက်နည်းပြီး၊ ALT က 100 units/ liter ထက်နည်းနေတယ်။

AST (SGOT) နဲ့ ALT (SGPT) တွေကို တခါတည်းမဟုတ်ဘဲ ဆက်စစ်နေရတယ်။ ဒါမှ သက်သာလာသလား၊ တန်းနေသလား ဆိုးလာသလားသိမယ်။

ပုံမှန်ရှိသင့်တာက -
• The normal AST (SGOT) = 5 to 40 units per liter of serum
• The normal ALT (SGPT) = 7 to 56 units per liter of serum

• Liver blood tests အသဲအခြေအနေ သိချင်ရင် သွေးစစ်ပါ http://dts-medicaleducation.blogspot.com/2012/01/liver-blood-tests.html

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၃

High Blood Pressure Aftermath သွေးတိုးကျဆေး သတိပေးပါရစေ

ဆေးတိုင်းမှာ ဘေးထွက်-ဆိုးကျိုးရှိပါတယ်။
သွေးတိုးရောဂါရှိလို့ သောက်ရတဲ့ သွေးကျဆေးတွေမှာလဲ ရှိတာဘဲ။ ဒါပေမဲ့ ဆိုးကျိုး ကြောက်လို့ ဆေးမသောက်ဘဲ မနေပါနဲ့။ သွေးတိုးကျဆေး သတိပေးပါရစေ။ မသောက်ပါနဲ့လို့ မဟုတ်ပါ။ ဆက်သောက်ပါ။ လိုအပ်ရင် ဆရာဝန်ကို တိုင်ပင်ပါ။

“လူကြီး ၃ ယောက်မှာ ၁ ယောက် သွေးတိုးရှိတယ်။ ဒါပေမဲ့ ၆၁% ဟာ ဆေးကုသမှု လုံလောက်အောင်မယူကြဘူး။ ၃ ပုံ ၂ ပုံလောက်က သွေးတိုးကို ထိန်းထာတဲ့အထိ မလုပ်ကြဘူး” လို့ American Heart Association အမေရိကန် နှလုံးရောဂါ အသင်းက ထောက်ပြထားပါတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းတရားတွေထဲမှာ သွေးကျဆေးရဲ့ ဘေးထွက်-ဆိုးကျိုးကို ကြောက်လို့ ဆေးကို ဆရာဝန် ညွှန်တဲ့အတိုင်းမသောက်ကြတာလဲပါတယ်။

“သွေးတိုးကျစေတဲ့ဆေးပေါင်း ၂ဝဝ ရှိတယ်။ ဒီလိုအများကြီးထဲကနေ လူနာအတွက်အသင့်ဆုံးဆိုတာ ရွေးပေးရပါတယ်။” လို့ အမေရိကန် ဆေးပညာပါမောက္ခ ဒေါက်တာ သောမတ်စ်-ဂေးလ်စ် ကပြောပါတယ်။

ဆေးကြောင့်ဘာတွေခံစားရနိုင်သလဲ -
1. Fatigue and Dizziness အားယုတ်ပြီး ခေါင်းမူးဝေဝေနေခြင်း
သွေးတိုးတက်နေချိန်မှာ သွေးကျဆေးသောက်လိုက်တော့ တချို့နေရာတွေမျာ သွေးစီးလျှောက်မှု နည်းလာတာ ခံရတဲ့အထဲမှာ ဦးနှောက်လဲပါတယ်။ ဒါကြောင့်မူးဝေဝေုဖစ်တယ်။ မဆိုးလှပါ။ မစိုးရိမ်ပါနဲ့။

2. Cough ချောင်းဆိုးခြင်း
သွေးကျဆေးတွေထဲက ACE inhibitors အမျိုးအစားဟာ ဆေးသောက်နေသူ ၁ဝ-၁၅% ချောင်းဆိုးကြတယ်။ ဒီဆေးနဲ့သာ အဆင်ပြေနေရင် ဆေးသောက်တာရပ်မပြစ်ပနဲ့။ လိုလာရင် ဆရာဝန်က ဆေးပြောင်းပေးပါမယ်။ Accupril, Altace, Capoten, Lotensin, Monopril, Prinivil, Vasotec, and Zestril ဆိုတဲ့နာမည်တွေနဲ့လာတယ်။

3. Frequent Urinationဆီးခဏခဏသွားခြင်း
Diuretics ဆီးသွားအောင်လုပ်တဲ့ဆေးကိုသောက်ရရင် မနက်စောစေအချိန်မှာသောက်သင့်တယ်။ Hydrochlorothiazide (Hyzaar or Maxide) ဆေးတွေဖြစ်တယ်။ ထိရောက်ပါတယ်။

4. Fluid Retention ကိုယ်ရောင်ခြင်း
သွေးကျဆေးတွေထဲက ဆီးသွားစေတဲ့အမျိုးမဟုတ်ရင် အနည်းနဲ့အများ အနည်းအပါး ကိုယ်ရောင်စေနိုင်တယ်။ ခြေမျက်စိ၊ ခြေသလုံးမှာရောင်တယ်။ အထူးသဖြင့် Calcium channel blockers အုပ်စုသွေးကျဆေးတွေထဲက Amlodipine (Norvasc) နဲ့ Nifedipine (Procardia) တွေကရောင်စေတယ်။

5. Sexual Dysfunction လိင်ပိုင်းဆိုင်ရာအပြောင်းအလဲ
တချို့ယောက်ျားတွေမှာ Erectile dysfunction (ED) ပန်းညှိုးတာဖြစ်စေနိုင်တယ်။ တချို့ကိုဆေးပြောင်းပေမယ်။ လိုအပ်ရင် Viagra ဆေးပါ ညွှန်ပေးရင် အားလုံးအဆင်ပြေစေမယ်။

6. Heart Arrhythmia နှလုံးခုန်မမှန်ခြင်း
Diuretics ဆီးသွားစေတဲ့ဆေးကြောင့် Potassium (ပိုတက်ဆီယအ်) နည်းစေရာကနေပြီး နှလုံးခုန်မမှန်တာ ဖြစ်စေနိုင်တယ်။ ACE inhibitors နဲ့ Angiotensin receptor blockers ဆေးတွေကတော့ အဲလို မဖြစ်စေဘူး။

7. Allergic Reactions (အလာဂျီ) ရခြင်း
လူတိုင်းဟာ မတည့်တာရှိတတ်တယ်။ အစားအသောက်မတည့်သလို ဆေးကိုလဲမတည့်ကြဘူး။ တယောက်နဲ့ တယောက်တော့ မတူကြပါ။ မတည့်တာကိုတော့ ရှောင်ရတယ်။

သွေးတိုးရှိလို့ ဆေးသောက်နေရသူတိုင်း
1. Don't Quit Medication Abruptly သွေးကျဆေးကိုရုတ်တရက်ဖြတ်မပြစ်ပါနဲ့။
2. Treatment Adherence ဆေးကိုစွဲစွဲမြဲမြဲသောက်ပါ။
3. High blood pressure သွေးတိုးရောဂါဆိုတာ နာတာရှည်ဖြစ်တယ်။
4. ဆေးကုသမှု စနစ်တကျမရှိရင် Stroke ဦးနှေညက်သွေးကြောပျက်စီးတာ၊ Heart attack နှလုံး (အတက်) ရတာ၊ Heart failure နှလုံးကနိုင်အောင် အလုပ်မလုပ်နိုင်တော့တာ နဲ့ Kidney failure ကျောက်ကပ်ပျက်စီးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ သွေးတိုးကို Silent killer တိတ်တိတ်လေး အသက်သေစေအောင်လုပ်တာလို့ ခေါ်ကြတယ်။ ခြောက်ပြောတာ မဟုတ်ပါ။
5. သွေးတိုးနှင့် တခြားဆေးတွေ -
• NSAIDs and High Blood Pressure အကိုက်အခဲပျောက်ဆေး Aspirin, Ibuprofen နဲ့ Naproxen တွေက သွေးတိုးတက်စေနိုင်တယ်။
• Cough and Cold Medications အအေးမိသက်သာဆေးတွေမှာလဲ NSAIDs တွေပါနေလို့ သွေးတိုးတက်စေနိုင်တယ်။
• Decongestants အအေးမိသက်သာဆေးထဲမှာပါတဲ့ ဒီဆေးမျိုးကနေလဲ သွေးတိုးတက်စေနိုင်တယ်။
• Migraine Headache Drugs (မိုင်ဂရင်း) ဆေးတွေကလဲ သွေးကြောကို ကျဉ်းစေတာမို့ သွေးဖိအားတက်စေနိုင်တယ်။
• Weight Loss Drugs ပိန်ဆေးတချို့ကနေလဲ သွေးတိုးများစေနိုင်တယ်။ Appetite suppressants စားချင်စိတ် နည်းစေတဲ့ ဆေးအမျိုးအစားတွေကို ပြောတာဖြစ်တယ်။

- Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
- Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html

ဒေါက်တာတင့်ဆွေ
၂၇-၁-၂ဝ၁၃

Thursday, January 24, 2013

Sciatica (စိုင်ယာတစ်ကာ) အကြောနာ

Thu, Jan 24, 2013 at 4:08 PM
ကျွန်တော် ဝန်ထမ်းတယောက်ပါ။ ခုသင်တန်းတက်နေရတာ ဆေးရုံဆေးခန်းလိုက်ရင် မကောင်းဘူး။ ရောဂါက ခါးနာနေတာ။ ဒါပေမယ့် ညာဘက်ခြေထောက်က ခြေဖမိုးမှဒူးထိ ကျင်နေတယ်။ သွေးမလျောက်သလိုဖြစ်နေတာ။ စားဆေးနဲ့ နည်းလမ်းလေးညွှန်ပြပေးပါဆရာ။ အာရုံကြောညုပ်နေတယ်လို့လည်း ပြောကြတယ်ဆရာ။

လူတိုင်းမှာ ပေါင်နောက်ဖက်မယ် အထက်ကနေအောက်ကို တန်းဆင်းနေတဲ့ sciatic nerve ခေါ်တဲ့အာရုံကြောဆိုတာ နှစ်ဖက်လုံးမှာရှိတယ်။ ဒီအကြောတလျှောက် နာနေတာကို (စိုင်ယာတစ်ကာ) အကြောနာလို့ ခေါ်တယ်။ ထူးခြားတာက ခြေထောက် တဖက်မှာသာ ဒီဝေဒနာကို ခံစားရတတ်လေ့ရှိတယ်။

Herniated disk ခါးရိုးဆစ်နောက်ဖက်ကျွံရာကနေ ခါးရိုးမကြီးထဲက အာရုံကြောကိုအဖိခံနေရလို့ နာတတ်တယ်။ ဒါမှမဟုတ် Bone spur အရိုးစွန်းအပိုဖြစ်နေတာကနေ အာရုံကြောကိုဖိနေလို့လဲ ဖြစ်နိုင်တယ်။

တချို့မှာ သိပ်မဆိုးပေမဲ့ တချို့မှာ အလုပ်ပျက်အကိုင်ပျက်ဖြစ်တယ်။ ခွဲစိတ်ကုသရတဲ့အထိဖြစ်တယ်။ နာပုံနာနည်းက ထူးခြားတယ်။ ခါးကနေ တင်ပါးနောက်၊ ပေါင်နောက်တလျှောက်တန်းပြီးနာတယ်။ အခြေသလုံးအထိ နာမယ်။ ထုံပြင်းပြင်းကနေ စူးစူးရှရှနာမယ်။ ပူလောင်သလိုနေမယ်။ မခံမရပ်နိုင်အောင်နေမယ်။ တခါတလေ ဓါတ်လိုက်သလို နေတတ်တယ်။ ချောင်းဆိုး၊ နှာချေရင် ပိုဆိုးမယ်။ အကြာကြီးထိုင်နေရရင်ပိုဆိုးတယ်။ တချို့ကြ ထုံကျင်နေသလိုဘဲ။ ကြွက်သားတွေ အားနည်းနေသလိုနေမယ်။

အသက်ကြီးရင်၊ လူကဝရင်၊ အလုပ်အကိုင်အနေအထား၊ ဆီးချိုရှိတာတွေက ဒီရောဂါပိုဖြစ်စေတတ်တယ်။ စိတ်ရှည်ရှည်နဲ့ အနေအထိုင်ဆင်ခြင်ရင်းလဲ သက်သာလာနိုင်တယ်။ ဆိုးလာရင် ဆရာဝန်ပြပါ။ X-ray ဓါတ်မှန်၊ Magnetic resonance imaging (MRI) နဲ့ Computerized tomography (CT) scan တွေရိုက်မယ်။

ဘယ်လိုကုသမလဲ (၆) နည်းရှိတယ်။
(၁) Medications ဆေးဝါးပေးခြင်း
• Anti-inflammatories အရောင်ကျ-အနာသက်သာဆေးများ၊ NSAIDs = Aspirin, Paracetamol, Ibuprofen နဲ့ Naproxen (Aleve) ဆေးတွေသုံးရတယ်။
• Muscle relaxants ကြွက်သားပြေလျှော့ဆေးများ၊
• Narcotics ဘိန်းပါ အနာသက်သာဆေးများ၊
• Tricyclic antidepressants စိတ်မကျဆေးများ နဲ့
• Anti-seizure medications အတက်သက်သာဆေးများကိုပေးတယ်။
(၂) Physical therapy (ဖီဇစ်ကယ်) ကုသနည်း။ လေ့ကျင့်ခန်း၊ ကရိယာသုံးနည်းစတာတွေ လုပ်ပေးမယ်။
(၃) Steroid injections (စတီရွိုက်) ထိုးဆေး။ Corticosteroids ထိုးဆေးထိုးပေးတယ်။ ဆေးအရှိန်ရှိနေတုံးမှာ သက်သာတယ်။
(၄) Surgery ခွဲစိတ်ကုသခြင်း။ အာရုံကြောပေါ်ဖိနေတဲ့ အရိုး၊ အဆစ်ကိုဖယ်ထုတ်ပေးတယ်။
(၅) Lifestyle and home remedies လူနေမှုပုံစံပြောင်းခြင်း
• Cold packs အအေးကပ်ပေးခြင်း၊
• Hot packs အပူကပ်ပေးခြင်း၊
• Stretching ဆန့်တန်းပေးခြင်း၊
(၆) Alternative therapies တခြားကုသနည်းများ
• Acupuncture အပ်စိုက်ကုသနည်း နဲ့
• Chiropractic စနစ်တကျနှိပ်နည်း။

• NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
• NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.com/2011/11/nsaid.html

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၃

Wednesday, January 23, 2013

Iron supplements သံဓါတ်အားဆေး

Tue, Jan 22, 2013 at 10:19 PM
ကျွန်တော့်ကောင်မလေးက သံဓာတ်အားဆေးလိုတယ်ဆိုလို့ ခုကြော်ငြာနေတဲ့ သံဓာတ်အားဆေး ဖယ်ရိုဗစ် သောက်လိုက်တယ်လို့ ပြောပါတယ်ဆရာ။

သံဓါတ်အားဆေးဆိုတာ လိုအပ်နေသူဟာ နေ့တိုင်းသောက်နေရတယ်။ သွေးအားနည်းရင်နည်းသလို ကြာကြာ သောက်ရတယ်။ တချို့ကို ၃ လအသောက်ခိုင်းတယ်။ ပုံမှန် အမြဲသောက်နေတာလဲ ကောင်းတယ်။ မနက် ၁ လုံး၊ ညနေ ၁ လုံး။ သောက်တယ်။ ကြာကြာသောက်ရတာမို့ ဈေးကြီးတာတွေ ကြော်ညာကောင်းတာတွေ အရေးမကြီးပါ။ အများသောက်တဲ့ ဆေးမျိုးလဲ အတူတူပါဘဲ။ UNICEF ကနေ အလကားဝေတာလဲ အတူတူကောင်းပါတယ်။

မိန်းကလေးတိုင်း လိုနိုင်တယ်။ Anemia သွေးအားနည်းနေတာအတွက်ပေးတယ်။ တခြား Iron deficiencies သံဓါတ် နည်းနေတာတွေအတွက်လဲ ပေးရတယ်။ စားဆေး၊ အသာထိုးဆေး နဲ့ သွေးကြောထဲထိုးတာဆိုပြီး ၃ မျိုးရှိတယ်။ စတင် တီထွင်ခဲ့တဲ့ ပြင်သစ်ဆရာဝန် ကိုဂုဏ်ပြုပြီး ပေါ်ကာစမှာ Blaud's pills လို့ခေါ်ခဲ့တယ်။

သွေးအားနည်းတာမှာ Vitamin B12 နည်းတာနဲ့ Folate (Folic acid) နည်းတာရှိသေးတယ်။ Iron deficiency anemia သံဓါတ်နည်း သွေးအားနည်းတာကို တိတိကျကျ microcytic, hypochromic anemia လို့ခေါ်တယ်။

သွေးအားနည်းစေတဲ့အကြောင်းတရား (၃) ပါးရှိတယ်။
၁။ စားတဲ့အစားအသောက်မှာ နည်းနေတာ၊ ဒါမှမဟုတ် စားပေမဲ့ စားတာကို အူကနေစုပ်မယူနိုင်တာ၊
၂။ ရနေတာထက် ပိုလိုအပ်နေလို့၊
၃။ လိုတာထက်ပိုပြီးစွန့်ထုတ်နေလို့။ ဥပမာ ဒဏ်ရာ-အနာတွေကနေ သွေးယိုနေတာ၊ ရာသီဆင်းတာများနေတာ၊

သောက်ဆေးတွေ
• Iron (II) sulfate ဟာ အများဆုံးလဲသုံးတယ်။ ဈေးလဲအချိုဆုံးဖြစ်တယ်။ (Feratab, Fer-Iron, Slow-F) နာမည် အမျိုးမျိုးနဲ့ ရောင်းတယ်။ တချို့ကို Gluconate, Dextran, Carbonyl iron စတဲ့ဓါတ်ဆားတွေနဲ့လဲ ရောထားတယ်။ Ascorbic acid ဗီတာမင် (စီ) နဲ့ရောထားရင် အူကနေစုပ်ယူတာ ပိုကောင်းစေတယ်။
• တချို့လူတွေက အများဆုံးသုံးတဲ့ Ferrous sulfate or Ferrous fumarate နဲ့အဆင်မပြေရင် Heme iron polypeptide (Proferrin) ဆေးကိုသုံးနိုင်တယ်။
• အစာလမ်းကိုသက်ရောက်တဲ့ ဘေးထွက်-ဆိုးကျိုးသက်သာစေအောင် Ferrous glycine sulfate or Ferroglycine sulfate အမျိုးအစားသုံးရမယ်။

Parenteral ထိုးဆေး
• အသားဆေး၊ အကြောဆေး ၂ မျိုးရှိတယ်။ စားဆေးထက်ပိုဈေးကြီးတယ်။ ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ Ferinject အမျိုးအစားကလွဲရင် ထိုးမပေးသင့်ဘူး။
• လူနာက သံဓါတ်မြန်မြန်လိုနေရင် ထိုးဆေးသုံးရမယ်။ အစာလမ်းကစုပ်ယူတာမကောင်းရင်လဲ ထိုးဆေး သုံးရမယ်။
• Iron dextran (Cosmofer, DexFerrum, Infed) ထိုးဆေးကို မတည့်သူတွေရှိတယ်။ ၁ဝဝ မှာ ၁ ယောက် ဖြစ်တတ်တယ်။
• Iron sucrose (Venofer) ဆိုရင် ၁ဝဝဝ မှာ ၁ ယောက် အဲလိုဖြစ်တတ်တယ်။
• Iron carboxymaltose (Ferinject) ထိုးဆေးကတော့ dextran မပါလို့ ပိုစိတ်ချရတယ်။

ဘေးထွက်-ဆိုးကျိုးတွေ
• သောက်ဆေးကြောင့် ဝမ်းပျက်တာ၊ ဝမ်းချုပ်တာဖြစ်စေနိုင်တယ်။ ဗိုက်အောင့်တာလဲ တခို့ခံစားရတယ်။ ဆေးကို ထမင်းစားပြီးသောက်ရင် သက်သာတယ်။ ဆေးအလေးချိန်လျှော့ရင်သက်သာတယ်။
• သံဓါတ်ဆေးကြောင့် ဝမ်းမဲနေမယ်။ ဘာမှကိစ္စအရှိပါ။ သံဓါတ်ဆေးရည်သောက်ရင် သွားတွေညိုတတ်တယ်။ ထိုးဆေးကနာတယ်။ ထိုးနည်းကဂရုစိုက်ထိုးရတယ်။
• Iron (III)-hydroxide polymaltose complex နဲ့ Iron bis-glycinate chelate တွေက Iron (II) sulfate ထက် ဘေးထွက်-ဆိုးကျိုးနည်းတယ်။

သံဓါတ်ဆေးဟာ Tetracycline, Penicillamine, Methyldopa, Levodopa, Bisphosphonates, Antacid, Alendronate, Cefdinir, Eltrombopag, Ciprofloxaci ဆေးတွေနဲ့တွဲရင် စုပ်ယူတာကိုနှေးစေနိုင်တယ်။ အစားထဲမှာ ကယ်လ်စီယန်ပါနေရင်လဲ အဲလိုဘဲ။ pH နည်းနေရင် (အက်စစ်ကဲနေရင်) သံဓါတ်ကို စုပ်ယူတာ ပိုကောင်းတယ်။

သတိထားစရာတွေလဲရှိတယ်။ Iron overdose သံဓါတ်များသွားတာလဲ မကောင်းဘူး။ တချို့ကလေးတွေမှာ အသက် ဆုံးပါတာအထိ ဖြစ်နိုင်တယ်။ အသဲကိုအများဆုံးထိခိုက်တယ်။ နှလုံး။ အဆုပ် နဲ့ ကျောက်ကပ်ကိုလဲ ထိခိုက်နိုင်တယ်။ 20 mg/kg ထက်များရင် အစာလမ်းကြောင်းကို အဆိပ်သင့်စေတယ်။

Ferrous sulfate ဆေးကိုတခါတည်းမြိုချပါ။ ဝါးမစားပါနဲ့။ အစာမရှိခိန်မှာ စုပ်ယူတာပိုကောင်းပေမဲ့ ဆိုးကျိုးနည်းအောင် အစာစားပြီးသောက်ပါ။ ရေများများသောက်ပါ။ တိတိကျကျပြောရရင် အစာထဲမှာ ကြက်ဥ။ ပေါင်မဲံ့ညို၊ နွားနို့နဲ့ နို့ထွက်အစာတွေ၊ ကော်ဖီ၊ လဘက်ရည်တွေနဲ့တွဲရင် စုပ်ယူတာ နှေးစေတယ်။ ဆေးသောက်ပြီး မိနစ် ၃ဝ အထိ လဲလျှောင်းမနေသင့်ပါ။ ဆေး ၁ ကြိမ်အတွက်သောက်ဘို့မေ့သွားရင် ၂ လုံးတခါတည်းတွဲမသောက်ပါနဲ့။

• Iron Deficiency Anemia သွေးအားနည်းရောဂါရှိနေသူ လူကြီးတွေကို Regular-release 300 to 325 mg တနေ့ ၁ ကြိမ် စပေးပြီး နောက်ပိုင်းမှာ 325 mg တနေ့ ၂-၃ ကြိမ်ပေးတယ်။ ဒါမှမဟုတ် 300 mg ကို တနေ့ ၄ ကြိမ်အထိပေးနိုင်တယ်။ Extended-release ferrous sulfate အမျိုးအစားဆိုရင် 160 mg တနေ့ ၁-၂ ကြိမ် ပေးတယ်။
• Anemia Associated with Chronic Renal Failure ကျောက်ကပ်မကောင်းတာနဲ့ သွေးအားနည်းတာ တွဲနေသူတွေကို Regular-release 300 to 325 mg တနေ့ ၁ ကြိမ်စပေးမယ်။ နောက်ပိုင်းမှာ 325 mg တနေ့ ၂-၃ ကြိမ်ပေးမယ်။ ဒါမှမဟုတ် 300 mg တနေ့ ၄ ကြိမ်ပေးတယ်။ Extended-release ferrous sulfate ဆိုရင် 160 mg တနေ့ ၁-၂ ကြိမ်ပေးတယ်။
• အသက် ၁၂ နှစ်အောက်ပေးရင် စစ်ဆေးပြီးမှ ပေးသင့်တယ်။
• ကိုယ်ဝန်ဆောာင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ 325 mg တနေ့ ၁ ကြိမ်ပေးတယ်။

Anti-anaemic Drugs မြန်မာနိုင်ငံမှာ သွေးအားနည်းရောဂါအတွက် မရှိမဖြစ်သုံးဆိုပြီး သတ်မှတ်ထားတဲ့ဆေးတွေကတော့ -
- Ferrous Salts (E) Tablet equivalent to iron (sulfate, fumarate) 60-65mg
- Ferrous Salts Oral Liquid equivalent to iron 45mg/ 5ml
-Folic acid (E) Tablet 400mcg, 1mg, 5mg (sodium salt) Injection 10mg/ml amp
- Folinic acid Tablet
Injection
- Iron Sucrose (C) Injection 20mg/ml, 5 ml
- Erythropoietin (C) Injection 40000 IU/ml vial (Epoetin) 10000 IU prefilled syringe တွေဖြစ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁-၂ဝ၁၂

Q and A January 2013 (3)

1. ဆရာ ကျွန်တော် ၁၂ နှစ်သားလောက်က အူကျလို့
2. Tomorrow my father and I'll go to Yangon
3. တီဘီရောဂါ ကာကွယ်ဆေးကို ဘယ်အသက်ရွယ်တွေနဲ့
4. ဆရာ မသိလို့မေးပါရစေ။
5. I am 28 years old married female
6. ဗိုက်အဆီကျအောင် သံပုရာရည်နှင့် ပရုတ်ဆီ တို့ကို
7. ဆရာခင်ဗျာ ကျွန်တော် အသက်က ၂၉ ပါ
8. ကျွန်တော် အခု (့) မှာပါ။
9. ကျနော့် စအိုရဲ့ ဘေးနားမှာအနာတခုပေါက်နေပါတယ်။
10. ကလေးမွေးပြီးကတည်းက အရေပြား ယားယံနေတာတော်တော်နဲ့မပျောက်ပါဘူး။
11. သမီး အမေ (၅ဝ နှစ်) ခြေမ နှင့် ခြေမအောက်ဘက် တစ်ဝိုက် အသားများ
12. သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး
13. သမီးအမျိုးသားက အဝေးရောက်နေတာပါ။
14. ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ
15. ယခုလဲဆရာဝန်နဲ့ X-RAY ရိုက်ပြီးစစ်ပြီးသွားပါပြီး။

Wed, Jan 23, 2013 at 7:11 PM
ဆရာ ကျွန်တော် ၁၂ နှစ်သားလောက်က အူကျလို့ ညာဖက်ခြမ်းခွဲထားရတယ်။ အခု ၂၄ နှစ်ရောက်တော့ တခါပြန်ကျလာတယ်။ ဘယ်လိုလုပ်ရင် ပျောက်သွားနိုင်မလဲ။

အူကျတာက ပြန်ဖြစ်တာလဲရှိတယ်။ ပြန်ခွဲရမှာဘဲ။ ဒီအရွယ်မှာ ကြွက်သားတွေ အားကောင်းပါသေးတယ်။ မစိုးရိမ်ပါနဲ့။ ခွဲစိတ်ဆရာဝန်က အသေအချာနည်းရွေးပြီးခွဲစိတ်ပါမယ်။ ကြွက်သားတွေအားမနည်းအောင်ဂရုစိုက်ပါ။ ခွဲပြီးကာစမှာလဲ ဂရုစိုက်ပါ။ ခွဲစိတ်အထူးကုဆီမှာသာခွဲပါ။ ပြန်ဖြစ်သူကိုခွဲတာက နည်းတမျိုးလုပ်ရပါတယ်။

Wed, Jan 23, 2013 at 4:33 PM
Tomorrow my father and I'll go to Yangon and see Dr (့). We 'll do his suggestion. We contact and ask madanta hospital near New Delhi. I'd like to know this hospital is better for treatment? Let me know the name of good 2-3 good hospitals there. I'll inform you after we meet Dr. (့). May I know U (့) address? We can meet him. We live in (့).

Medanta Hospital
Apollo Hospital
Sir Ganga Ram Hospital
If you have selected the hospital, the agent will make contact with local agents who are Burmese. I know most of them.

Wed, Jan 23, 2013 at 9:38 PM
တီဘီရောဂါ ကာကွယ်ဆေးကို ဘယ်အသက်ရွယ်တွေနဲ့ ဘယ်အချိန်မှာ ထိုးရလဲ မသိဘူး။ ပြီးတော့ အဲဒီ တီဘီရောဂါကာကွယ်ဆေးက ဘယ်လိုအကျိုးပြုတယ်ဆိုတာလေးကို တဆိတ်လောက် ရှင်းပြပေးပါ။

BCG ခေါ်တဲ့ တီဘီ ကာကွယ်ဆေးကို မွေးကာစကလေးတိုင်းကိုသာ ၁ ကြိမ်ထဲထိုးတော့တယ်။ ဒါတောင် နိုင်ငံတိုင်းမှာမဟုတ်ဘူး။

ကာကွယ်ဆေးတွေရဲ့ သဘောက ကိုယ်ထဲမှာ ရောဂါပိုးဝင်လာရင် ပြန်ပြီးခုခံကာကွယ်ပေးမဲ့ဓါတ် (အင်တီဘော်ဒီ) ဆိုတာကို ကိုယ့်ကနေ အလိုလိုထွက်လာစေအောင် ထိုးပေး-တိုက်ကြွေးပေးရတာမျိုးဖြစ်တယ်။ ဥပမာ BCG (ဘီစီဂျီ) ခေါ်တဲ့ TB (တီဘီ) ကာကွယ်ဆေးထိုးလိုက်ရင် (တီဘီ) ပိုးဝင်လာရင် ခံတိုက်ထုတ်မဲ့ Antibody (အင်တီဘော်ဒီ) ဓါတ်တွေ ကိုယ့်ခန္ဓာကိုယ်ကနေ ထုတ်လာစေအာင် ဆွပေးတယ်။ တဖြည်းဖြည်းနဲ့ အဲဒီဓါတ်တွေ ကိုယ်ထဲမှာ ပြည့်နေပြီဆိုရင် ရောဂါပိုးဝင်လာရင် တခါတည်းတိုက်ဖျက်ပြစ်လို့ ရောဂါမရစေတော့ဘူး။

BCG ကာကွယ်ဆေးဟာ တကယ်တော့ (တီဘီ) ပိုးကို အလွတ်မတန်အားနည်းသွားအောင် ဓါတ်ခွဲခန်းမှာ တမင်တကာ ဖန်တီးပေးထားတာမျိုး ဖြစ်တယ်။ (တီဘီ) ပိုးသတ္တိသဘောလေး ကျန်တယ်ဆိုယုံသာကျန်နေစေရတယ်။ ရောဂါပိုးသဘော ရှိနေတာမို့ ကိုယ်ထဲကနေ (အင်တီ) လုပ်တဲ့ ဆန့်ကျင်မံ့ဓါတ်ကို ထုတ်မှာဘဲ။ ရောဂါအထိတော့ မရစေဘူး။

ဒါတောင် ဆေးထိုးတဲ့ ဘယ်ဘက်ပခုံးမှာ ကွက်ကွက်ကလေး တီဘီရောဂါရသလိုသဘော အနာလေး ဖြစ်အုံးမယ်။ ဒါကြောင့် ကလေးက ကာကွယ်ဆေးထိုးပြီးတဲ့ ကိုယ်နဲနဲပူနိုင်တယ်။ (ပါရာစီတမော) အရည်ကို ကိုယ်အလေးချိန်နဲ့တွက်ပြီး တခါနှစ်ခါတိုက်တာနဲ့ ရတယ်။ Paracetamol ကို ၃ လအောက်ကလေးဆိုရင် 10mg/kg နဲ့ အသားဝါနေရင် 5mg/kg ပေးရတယ်။ ဆေးထိုးတဲ့နေရာမှာ ဖြစ်လာတဲ့အနာကိုလဲ သန့်ရှင်းပေးတာနဲ့ရတယ်။ အမာရွတ် ကျန်နေတာဟာ ဆေးအောင်တယ်လို့ ပြောနိုင်တယ်။ ကလေးဟာ ရောဂါပြီးနေပြီ။

တီဘီကာကွယ်ဆေးကို မွေးကာစကလေးတိုင်း (မြန်မာပြည်မှာ) တကြိမ်သာထိုးတယ်။ မထိုးရတဲ့ကလေးကို ကြီးမှတော့ ထိုးစရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ တီဘီရောဂါက ပေါးတယ်။ နေရာတကာမှာ ရောဂါသည်တွေရော လေထဲမှာ ရောဂါပိုးတွေရော မြင်သာမမြင်ရတယ် ရှိနေတော့ ကလေးကို ဟိုဟိုသည်သည် ခေါ်သွားတာနဲ့ ပိုးနဲ့တွေ့မှာသေချာတယ်။ ကိုယ့်အိပ်ထဲမှာတင်လဲ ပိုးရှိချင်ရှိနေအုံးမယ်။ ကလေးရဲ့ အသက်ရှူလမ်း (နှာခေါင်း) ကနေ ပိုးဝင်လာရင် ကလေးရဲ့ ခုခံစွမ်းအားကနေ ခံနိုင်ဘို့ကြိုးစာမယ်။ ပိုးကို ကိုယ့်ခုခံနိုင်စွမ်းကနိုင်ရင် ရောဂါလဲမရ၊ (ကိုယ်ထဲမှာ အင်တီဘော်ဒီရှိနေတဲ့) ရောဂါပြီးတဲ့ကလေးလဲဖြစ်မယ်။ ပိုးကနိုင်ရင် ဒီကလေး တီဘီ ဖြစ်မယ်။

Thu, Jan 24, 2013 at 9:14 PM
ဆရာ မသိလို့မေးပါရစေ။ ဗိုက်အဆီကျအောင် သံပုရာရည် နှင့် ပရုတ်ဆီ တို့ကို အတူတွဲပြီး ဗိုက်ကိုလိမ်းပေးရင် အဆီကျတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

ဆရာတို့လိုဆရာဝန်တွေက တိုင်းရင်ဆေးနည်းတွေ သိပ်မသိပါ။

Fri, Jan 25, 2013 at 1:32 AM
I am 28 years old married female, lives near (့). May I ask you about my eye tiredness? My eye felt easily tired and I want to sleep and don't want to look things around. My eyebrows also heaviness and feel pain on eyebrows and around eye. And pain and tense also at base of head and neck. All those pain and tiredness for about 1 week. Last 7 months, I felt like this and they go away and happen again now. And I notice both times happen during my menstruation period. Now I take ibuprofen 200 mg and Claritin D for 3 days and do sinus rinse. Pain relieves a little but still feels not good. And sometimes, I feel shiver of my scalp like feeling cold. Now I am worried about and please give your advice. I am waiting your reply.

According to your complaints, I notice two facts: Menstrual period and Sinus. But can cause such symptoms. The medicine you are taking are good for Sinus. Ibuprofen is also good painkiller. I is not a serious but both underlying causes can recur. So if you think menstruation is the reason, you can delay the menstrual cycle by taking regular two-hormone contraceptive pills. Please check and control if necessary your blood pressure. Body weight too.

Thu, Jan 24, 2013 at 9:14 PM
ဗိုက်အဆီကျအောင် သံပုရာရည်နှင့် ပရုတ်ဆီ တို့ကို အတူတွဲပြီး ဗိုက်ကိုလိမ်းပေးရင် အဆီကျတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

ဆရာတို့လိုဆရာဝန်တွေက တိုင်းရင်ဆေးနည်းတွေ သိပ်မသိပါ။

Fri, Jan 25, 2013 at 11:15 AM
ဆရာခင်ဗျာ ကျွန်တော် အသက်က ၂၉ ပါ လွန်ခဲ့တဲ့ တစ်နှစ်ခွဲနှစ်နှစ်လောက်ကစပြီး ကျွှန်တော်မှာ နှာတစ်ဖက်မှာ နှာစီးတွေပိတ်ပြီး အသက်ရှုလို့မဝဖြစ်နေပါတယ်။ ဆေးခန်းသွားပြတာတော့ ဆရာဝန်က ဓာတ်မှန်ရိုက်ပြီး နှာခေါင်းထဲ ညစ်တဲ့ဆေး နဲ့သောက်ဆေးပေးလိုက်ပါတယ်။ နှစ်လလောက်သောက်တာလည်း မပျောက်ကင်းပါဘူးခင်ဗျာ။ ဘယ်ဘက်နှာခေါင်းတစ်ချမ်းက အမြဲလိုနာစီးတွေပိတ်နေတာပါ။ ညစ်ထုတ်တာများသွားရင်သွေးထွက်လာပါတယ်။ နပ်ချီးတွေက အဝါရောင် တစ်ခါတလေ အဖြူရောင် ဖြစ်ပါတယ်။ ကျွန်တော် နေတာကတော့ မလေးရှားမှာ အလုပ်လုပ်နေတာပါ။ အဲဒါပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလည်း ဆရာ။

Sinus (ဆိုင်းနပ်စ်)
Sinusitis (ဆိုင်နူဆိုက်တစ်)

Fri, Jan 25, 2013 at 1:05 PM
ကျွန်တော် အခု (့) မှာပါ။ မနေ့က ဆရာရေးတဲ့ အချိန်မှာပဲ ကျွန်တော့်ဆီမှာ တီဘီ ရှိတယ်ဆိုတာကို သိလို့အခု ဆေးရုံကိုတင်ထားပါပြီ။ တီဘီနဲ့ပက်သက်တဲ့ အကြောင်းအရာလေးတွေ သိချင်တာပါ။ သူတို့ဆီမှာကျတော့ ဒီရောဂါကို တော်တော်လေး ကြောက်ကြတယ်။ ဘာလို့လဲဆိုတော့ အရမ်းအေးတဲ့ ရာသီဥတုနဲ့ နေတာကလဲ အလှောင်ပိတ် အခန်းတွေထဲ နေတာဆိုတော့ ကူးစက်မှာကို တော်တော်လေး ကြောက်ကြတယ်။ အခု ကျွန်တော့်ကိုလည်း ညတွင်းချင်း ဆေးရုံတင်ထားလိုက်တယ်။ အခု ကျွန်တော် ဆေးရုံမှာပါ။ ကျွန်တော့်ကို တက်စ်တွေ အများကြီး လုပ်ပြီးသွားပါပြီ သွေးစစ် ဆီးစစ် သွေးခုန်နှုန်း အဆုတ် အလုပ်လုပ်မှု အခုမှ ကျွန်တော့်ကို ဆေးစစ်ပြီးလို့ ဆရာပို့ထားတဲ့ မေးလ်ကို အခုမှ ဖတ်နိုင်တာပါ။ ကျွန်တော် ကုရမှာကို မကြောက်ပါဘူး။ ဒါပေမယ့် ကုရမယ့် အချိန်တွေကို နှမြောတယ်။ မမှီလိုက်နိုင်တော့မယ့် ကျောင်းစာတွေအတွက် စိတ်ပူတယ်။ ဒါပေမယ့် ဖြစ်ပြီးလာမှတော့ အကောင်းဆုံးဖြစ်အောင်ပဲ စီစဉ်ရတော့မှာပဲလေ။ မြန်မြန်နဲ့ ရောဂါ မရှိတော့ရင်လည်း ကျောင်းဆက်တက်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတော့မယ်။

ဘာမှမစိုးရိမ်ပါနဲ့။ ကြောက်စရာလဲ မလိုပါ။ ခုခေတ်မှာ တီဘီေးတွေက ပိုကောင်းလာတယ်။ အရင်ကဆို ဆေး အနည်းဆုံး ၃ လထိုးရသေးတာ။ အခုစားဆေးနဲ့သာ ရပြီ။ သလိပ်ထဲမှာ ပိုးမတွေ့ရင် သူများကို မကူးစေပါ။ တခန်းတည်းနေသူကိုတောင်မှ မကူးပါ။ ဆေးရုံကိုလဲ ဆေးစစ်ဘို့တက်တာသာဖြစ်မယ်ထင်ပါတယ်။ ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်လဲ ဆေးသောက်နေနိုင်ပါတယ်။ ဟုတ်တယ် တချို့နိုင်ငံတွေက တီဘီ ဆိုရင် လိုတာထက်ပိုသတိထားကြတယ်။ ဂရုစိုက်ခံရတာလဲ ကောင်းတာပါဘဲ။
ဟုတ်ကဲ့ ဆရာ ကျေးဇူးပါ။ ကျွန်တော် မကြောက်ပါဘူး။ စာတွေမလိုက်နိုင်မှာကိုပဲ စိုးရိမ်တာပါ။ ကျွန်တော် ဆရာကို မေးခွန်းမေးချင်လို့ တီဘီဖြစ်တဲ့ သူရဲ့ အသုံးအဆောင်တွေကို ဘယ်လို လုပ်ရမလဲဆရာ။ အခု ကျွန်တော် ကျန်ခဲ့တဲ့ အဝတ်စားတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို မီးရှို့ပစ်ရမယ်လို့ ကြားလို့ပါ။
အမှန်ကတော့ မလိုအပ်ပါ။ မေးတဲ့သူမှာ သလိပ်ထဲပိုးတွေ့-မတွေ့ မသိရသေးပါ။

Sat, Jan 26, 2013 at 12:01 PM
ကျနော့် စအိုရဲ့ ဘေးနားမှာအနာတခုပေါက်နေပါတယ်။ အဲဒါ လုံးဝလည်း မနာဘူးဆရာ အလေး သွားရင်လည်း မနာဘူးဆရာ။ ပြည်ထွက်တယ် ပြည်ကနည်းနည်းပဲထွက်တာပါ။ ထိုင်တာကြာနေတဲ့ခါအမျိုး လမ်းလျှောက်တာ ကြာသွားတဲ့အခါ မျိုးမှာပေါ့။ ဆရာဆေးခန်းကျတော့လည်း သွားမပြချင်လို့ပါဆရာ။ ကျနော်ဘယ်လိုလုပ်ရမလဲဆရာ ဆေးလိမ်းရုံနဲ့ပျောက်နိုင်ပါ့မလားဆရာ။ ဆရာခိုအနာလိမ်းဆေးမျိုးတော့လိမ်းကြည့်ပါတယ်။ မသက်သာဘူးဆရာ

Fistula-in-Ano (FIA) ဂရင်ဂျီနာ

Tue, Jan 29, 2013 at 10:42 AM
ကလေးမွေးပြီးကတည်းက အရေပြား ယားယံနေတာတော်တော်နဲ့မပျောက်ပါဘူး။ ၂ လကျော်ရှိပါပြီ။ သွေးယားတာနဲ့ဆိုင်လားရှင့်။ လိမ်းဆေးတွေလဲ လိမ်းပါတယ်ရှင့်။ ကုတ်ပြီးရင်လည်း အဖုသေးသေးလေးတွေ ပေါ်ပေါ်လာတယ်။ ပြီးရင် လက်ရာကြောင့် အမဲအချပ်လိုက်ကြီးကျန်နေခဲ့ပါတယ်ရှင့်။ နောက်ကျောမှာပိုဖြစ်တာပါ။ တစ်နေရာတည်းတော့ မဟုတ်ပါဘူး။ ဟိုနားယားလိုက် ဒီနားယားလိုက်နဲ့။ ။အကောင်းဆုံးလိမ်းဆေး၊ စားဆေးညွှန်ပေးပါအုံးရှင်

• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html

Mon, Jan 28, 2013 at 9:01 PM
သမီး အမေ (၅ဝ နှစ်) ခြေမ နှင့် ခြေမအောက်ဘက် တစ်ဝိုက် အသားများ ဓားနှင့်ခွဲသလို ကွဲအက်ပြီး နာနေပါသည်။ ကျန်တဲ့နေရာဘာမှ မဖြစ်ပါ။ မည်သည့်ဓာတ်ချို့တဲ့ သဖြင့်ဖြစ်ရပါသလဲ ဆရာ။ မည့်သည့် ဆေးလိမ်း ရပါမလဲ ဆရာ။ အမေ ကတော့ Glycerin လိမ်းလျှင် နည်းနည်း သက်သာသည် ဟုပြောပါသည်။

ခြေထောက်ကို နေ့တိုင်း ရေနွေးစိမ်ပေးပါ။ ရင်းတာမျိုးရှိရင် ရေထဲမြှ Dettol/Savlon နည်းနည်းရောပါ။ ရင်းတာမရှိရင်တော့ မလိုပါ။ တချို့လဲ သစ်ရွက်စတာထည့်တယ် ဥပမာ တမာရွက်။ မပါလဲရပါတယ်။
အစိုဓါတ်ပေးဘို့သာ အရေးကြီးတယ်။ အလှဆီလဲ ကောင်းပါတယ်။
ကျန်တာက ဗီတာမင် ဘီ အုပ်စုသာ သောက်ပါ။ ဗီတာမင် စီ နဲ့ အေ လဲသောက်နိုင်တယ်။ အေ ကိုအကြာကြီးမလိုပါ။
အသီးတမျိုးမျိုး နေ့တိုင်းစားပါ။

Mon, Jan 28, 2013 at 8:50 PM
သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး ပေါင်ရင်းမှ ခြေသလုံးအထိပါနာနေပါသည်။ နာနေတာ နှစ်ပတ်ရှိပါပြီရှင့်။ ချော်လဲခြင်း၊ ခလုတ်တိုက်ခြင်းကြောင့် မဟုတ်ဘဲ ရုတ်တရက် နာလာခြင်း ဖြစ်ပါသည်။ အရိုးအကြောဆရာဝန်နှင့် ပြသထားပေမယ့် သိပ်မသက်သာသဖြင့် မည်သို့ ဆက်လက်ပြုလုပ်ရမည်ကို ညွှန်ကြားပေးပါရှင့်။

ဘာဆေးတွေသောက်ရလဲ မသိပါ။
အသက်လဲကြီး၊ အမျိုးသမီးလဲဖြစ်လို့ ကယ်လ်စီယမ် နည်းတာ သတိထားရမယ်။ အရိုးအားနည်းတာ များတယ်။ Calcium tablet တခါသောက် ၁ ပြား၊ တနေ့ ၁-၂ ကြိမ်သောက်ပါ။
အနာသက်သာဆေးလဲ မလွဲမသွေသောက်ရမယ်။ Paracetamol. Ibuprofen, Diclofenic တမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။ ဆေးကို အစာနဲ့နီးပါစေ။
လိုသေးရင်မေးပါ။

Mon, Jan 28, 2013 at 8:14 PM
သမီးအမျိုးသားက အဝေးရောက်နေတာပါ။ ဆေးလိပ်သောက်နေတာလဲ ၉ လလောက်ရှိပါပြီ။ အခုတလော တံတွေးခဏ ခဏထွေးတယ်ဆရာ။ ဆေးလိပ်သောက်နေတဲ့ အချိန်ဆို ၁၅ ခါလောက်ထွေးဖြစ်တယ်တဲ့။ သလိပ်ကပ်သလိုဖြစ်တာတဲ့။ မထွေးရ ရင်မနေနိုင်ဘူးတဲ့။ သလိပ်လဲမထွက်ဘူး။ တံတွေးဘဲထွက်တယ်။ normal မဟုတ်ဘူးလို့ ထင်လို့ပါဆရာ။ ဘာဖြစ်တာလဲဆိုတာ သိချင်ပါတယ်ဆရာ။ ဆေးညွှန်းလေးလဲ ပေးပါအုံးဆရာ။ သူကဆေးလိက်မသောက်ရ ရင်လဲမနေနိုင်တော့ဘူး ဖြစ်နေပြီ။ သူတို့ဆီမှာ အရမ်းအေးတယ်လို့လဲပြောပါတယ်။ အသက်က ၂၇ နှစ်ပါဆရာ။

တံတွေး နဲ့ သလိပ် မတူပါ။ ဆေးလိပ်ကြောင့် ပိုဆိုးစေတာမှန်တယ်။
ဆေးလိပ်ဖြတ်ဘို့ကို တမျိုးစဉ်းစားရမယ်။
ချောင်းဆိုးတာနဲ့ သလိပ်ဆိုရင် ပိုးသေဆေးသောက်ရမယ်။ Amoxaculin 500mg တခါသောက် တတောင့် တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ ချောင်းဆိုးပျောက်ဆေးက သိပ်အရေးမကြီးပါ။
တံတွေးများတာနဲ့ အစာအိမ်အရည်များတာ ဆက်စပ်နိုင်တယ်။ Antacid ဆေးပြား တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် သောက်နိုင်တယ်။

Tue, Jan 29, 2013 at 7:30 PM
ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ အဖွားက ကျီးပေါင်း ဖြစ်နေပါသည် ဟုပြောပါသည်ရှင်
Robinaxol
Ibuprofen Denk 400
Lincomycin 500 mg
Siloxogene
Cartilex စသည့်ဆေးများ ယနေ့မှစပြီး တစ်နေ့ ၃ ကြိမ် တစ်ပတ်သောက်ရမည်။ တစ်ပတ်ကြာမှ ပြန်ပြရန်ပြောပါသည် ရှင့်

ကောင်းပါတယ်။ သက်သာလာမှာပါ။
Robinaxol ဆေးဟာ muscle relaxant ကြွက်သားပြေလျှော့ဆေးဖြစ်ယ်။
Lincomycin 500mg ဆေးဟာ ဗက်တီးရီးယားတွေကိုနိုင်တယ်။
Siloxogene Gel ဆေးဟာ လေဆေးဖြစ်တယ်။ အနာအကိုက်ပျောက်ဆေးနဲ့တွဲသောက်ရတယ်။
Cartilex ဆေးက osteoarthritis အရိုး-အဆစ်နာတာအတွက်ပေးတယ်။

အဖွားကဘာကြောင့် ဖြစ်တာလဲ ဆိုတာသိချင် နေပါသည်ရှင့်။ စိုးရိမ်စိတ် လဲဖြစ်ရပါသည်ရှင့်။ ပေါင်ရင်း နှင့် ခြေသလုံးတွေ အရမ်းနာကျင် ကိုက်ခဲလို့ ရေနွေးအိတ် ကပ်ရင်ရပါသလား ရှင့်။ ယခင်က သွေးတိုး ရောဂါ မရှိဘဲ ယခု သွေးပေါင် ၁၄ဝ ထိရှိလာပါသည် ရှင့်။

သွေးဖိအား ၁၄ဝ က အထက်သွေးလား၊ အောက်သွေးလား။ အထက်သွေး ဒီလောက်နဲ့ ဘာမှမဖြစ်ပါ။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာ။ အခုထပ်ချိန်ရင် တမျိုးဖြစ်နေမယ်။ မပူပါနဲ့။ အရွယ်ကြောင့်လဲ ဖြစ်တယ်။ ရေနွေးအိတ်ကပ်နိုင်ပါတယ်။

Tue, Jan 29, 2013 at 1:45 PM
ယခုလဲဆရာဝန်နဲ့ X-RAY ရိုက်ပြီးစစ်ပြီးသွားပါပြီး။ ဆရာဝန်ကကောင်းတယ်တဲ့။ အရင်အနာရဲ့အမာရွတ်ပဲကျန် တယ်လို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့အမာရွတ်နေရာက နာပြီးခနခနကိုယ်ထဲမှာ ချမ်းသလိုလို ဖျားသလိုလိုဖြစ်နေပါတယ်။ ဖျားပြီးဆိုလဲ တစ်စိမ့်စိမ့်နဲ့အကြာကြီးပဲ ဖြစ်နေပါတယ်။ ရောဂါမပျောက်ကင်းတဲ့ အချိန်တုန်းကတည်းက အဲ့လိုဖြစ်ဖြစ်နေတာ။ အခုရောဂါကောင်းတော့ ကိုယ်အလေးချိန် ၁ဝ ပေါင်လောက် တက်လာတယ်။ ဒါပေမယ့် ခံစားရတာကမပျောက်ပါဘူး။ ကျွန်တော်ဘာဖြစ်လို့ အဲ့လိုမျိုးဖြစ်ဖြစ်နေရတာလဲ။ အမာရွတ်ကျန်လို့လား။ ဒါမှမဟုတ် အဆုတ်အားနည်းလို့လား။ တီဘီရောဂါကောင်းပြီးရင်ရော အဲ့လိုမျိုး ခံစားနေရတတ်လား။ ဘာဆက်လုပ်သင့်သလဲဆိုတာ ညွန်ကြားပေးပါဆရာ။

ဆရာဝန်ပြထားတာဆို စိုးရိမ်စရာတော့မရှိပါ။ ရောဂါတခုဖြစ်ထားရင် ရင်းစားပြန်ရဘို့ စောင့်ရတတ်ပါတယ်။ တီဘီ လိုရောဂါက နာတာရှည်မို့ အဲလိုဖြစ်တတ်တယ်။ ကြာလေကောင်းလေ ကောင်းလာမယ်။ အစားအသောက်၊ အနားယူတာနဲ့ လေကောင်းလေသန့်ရလေလေ ပြန်ကောင်းတာ မြန်လေလေဖြစ်မယ်။ ရောဂါပိုးကိုနိုင်ပြီးဖြစ်လို့ ခံစားရတာတွေအတွက် ယာယီသဘော ဆေးလိုတာသောက်ရပါမယ်။ နာတာ၊ ချမ်းတာ စသဖြင့်အတွက်ပြောတာပါ။ တီဘီ မဖြစ်သူတွေလိုဘဲ နောက်ထပ် ဖြစ်တာမျိုး ဥပမာ အအေးမိတာ၊ တခြားပိုးဝင်တာတွေလဲ ကိုယ့်မှာ လာဖြစ်တတ်သေးတယ်။ ဒါတွေအတွက်က သပ်သပ်ဆေးလိုပါမယ်။ ကိုယ်အလေးချိန်တက်လာတာ ကောင်းတယ်။

Monday, January 21, 2013

High potassium levels (ပိုတက်ဆီယမ်) များနေခြင်း

Mon, Jan 21, 2013 at 10:12 AM
ဆီးချိုဖြစ်တာ (၁၅)နှစ်ရှိပါပြီ။ ယခုဆီးချိုကို နံနက်အစာမစားမှီ 75-85 အစာစားပြီး (၂)နာရီ 110-135 ကြား ထိန်းထားနိုင်ပြီး HbA1C က 5.5 ထိန်းထားနိုင်ပါတယ်။ ခြောက်လတစ်ကြိမ် ဆေးစစ်ပါတယ်။ သုံးနှစ်ရှိပါပြီ။ စစစ်ကတဲက ပိုတက်စီယမ်က 5.2-5.3 ဖြစ်နေလို့ ကျောက်ကပ်စွမ်းရည်ကျ တယ်ဆိုပြီး ဆေးသောက်နေရပါတယ်။ သောက်ရတဲ့ ဆေးကတော့ သွေးကျဆေး (Lodipine 5mg တစ်ချမ်း + Erloric တစ်ခဲ + Metacard Mr နံက်တစ်ခဲ ညတစ်ခဲ + Diamicron MR 30 နံက်တစ်ခဲ သာသောက်ရပါတယ်။ ကျောက်ကပ်အတွက် Musol ချောင်းဆိုး ပျောက်ဆေးမှုံထုပ် နံက် တစ်ထုပ် + SODAMINT နံက်ညတစ်ခဲစီ၊ NOCID ညတစ်ခဲ သောက်ရပါတယ်။ ဆေးစစ် နောက်ဆုံးအဖြေက Glu Fasting 82.1 UREA 5.72 Potassium 5.3 Uric Acid 6.0 Serum Creatinine 84 Cholesterol 167 Triglycerides 36 HDL 65 LDL 95 VLDL 7 C/H Ratio 2.56 HbA1C 5.9 ဖြစ်ပါတယ်။ အသက် (61)နှစ်၊ အရပ်(5.6)ပေ၊ ကိုယ်အလေးချိန်(160)ပေါင်၊ ခါး(32)လက်မဖြစ်ပါတယ်။ နံက် နာရီဝက်ခန့် လမ်းလျှောက်စက်နဲ့ လျှောက်ပါတယ်။ ညနေဘက် တစ်နာရီခန့် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါတယ်။ ဆီးချိုမျိုးရိုးရှိလို့ ထိမ်းသိမ်းမှု အတွေ့အကြုံရှိပါတယ်။ ပိုတက်စီယမ်ကို ခြောက်လလောက်ပဲ၊ 4.3 ဖြစ်အောင်ထိမ်းထားနိုင်ပြီး ကျန်တဲ့ စစ်တဲ့အချိန်မှာ 5.2 က ပုံမှန်ဖြစ်နေပါတယ်။ ဒါကြောင့် (၁) ပိုတက်စီယမ် တောက်လျှောက် များနေတဲ့အတွက် ဖြစ်နိုင်မယ့်အချေအနေ (၂)ပိုတက်စီယမ်ကို ထိမ်းနိုင်မဲ့ အစားအသောက်နဲ့ အနေအထိုင်တွေ သိချင်ပါတယ်။ ဦး(့)၊ (့) မြို့။

• သွေးထဲမှာ (ပိုတက်ဆီယမ်) များနေတာကို Hyperkalemia လို့ခေါ်တယ်။
• လူတိုင်းမှာ ဒီဓါတ်ရှိတယ်။ ကျောက်ကပ်ကနေ စွန့်ထုတ်ပေးနေတယ်။
• ဒါကြောင့် ကျောက်ကပ်မှာ တခုခုဖြစ်နေရင် ဒီဓါတ်တွေ သွေးထဲမှာ များနေမယ်။
• အဓိကအကြောင်းတရားတွေကတော့ Acute kidney failure ရုတ်တရက် ကျောကကပ်ပျက်စီးတာ နဲ့ Chronic kidney failure နာတာရှည် ကျောက်ကပ်အလုပ်မနိုင်တာတွေဖြစ်တယ်။
• တခြားအကြောင်းတွေကတော့ Addison's disease (အက်ဒီဆင်) ရောဂါ၊ Alcoholism အရက်နာ၊ Rhabdomyolysis ဆေးဝါးသုံးတာများတာ၊ Type 1 diabetes ဆီးချိုရောဂါတွေဖြစ်ကြတယ်။
• တချို့ဆေးတွေကြောင့်လဲ ကျောက်ကပ်ကောင်းနေပေမဲ့ အဲလိုဖြစ်စေနိုင်သေးတယ်။ ဆီးအတင်းသွားအောင် လုပ်တဲ့ဆေးတွေနဲ့ သွေးတိုးကျဆေးတွေဖြစ်တယ်။ ACE inhibitors, Angiotensin receptor blockers, Spironolactone (Aldactone), Amiloride (Midamor), Triamterene (Dyrenium) ဆေးတွေ သောက်နေရသူတွေ သတိထားရမယ်။
• Acidosis အက်စစ်ဓါတ်များတာကနေလဲဖြစ်စေတယ်။
• မီးလောင်ဒဏ်ရာကြီးရင်၊ ကြွက်သားတွေထိခိုက်ရင်၊ ခွဲစိတ်ခံထားရရင်၊ သတိလစ်နေရင်၊ တချို့ ပိုးဝင်တာဖြစ်ရင်၊ Hemolytic anemia သွေးအားနည်းရောဂါရှိရင်၊ ကင်ဆာဖြစ်ရင်လဲ သွေးထဲမှာ (ပိုတက်ဆီယမ်) များနေမယ်။ ပုံမှန် 3.6 to 5.2 millimoles per liter (mmol/L) ရှိရတယ်။ 7.0 mmol/L ထက်များရင် ဆေးကုသဘို့လိုတယ်။ များနေရင် တချို့မှာ ဘာမှ မခံစားရပေမဲ့ တချို့မျာဖြစ်လာတာတွေရှိတယ်။ ပျို့ချင်-အန်ချင်၊ သွားလာ လှုတ်ရှားတာ နှေးမယ်၊ အားယုတ်နေမယ်၊ သွေးခုန်တာ မမှန်ဖြစ်မယ်။ ရုတ်ရက် လဲကျသွားတတ်တယ်။ တချို့ကို ဥပမာ ရုတ်တရက် မူးလဲချင်တာမျိုး အရေးပေါ် ECG လုပ်ရမယ်။

ဘယ်လိုကုသမလဲ -
• Calcium (IV) ထိုးပေးမယ်။
• Glucose and insulin (IV) လဲထိုးပေးမယ်။
• Kidney dialysis ကျောက်ကပ်မကောင်းသူတို လုပ်ပေးမယ်။
• Medications (ပိုတက်ဆီယမ်) တွေကို သွေးထဲစုပ်မယူနိုင်အောင် ဆေးတချို့ပေးမယ်။
• Sodium bicarbonate ဆေးကို acidosis ဖြစ်နေရင်ပေးမယ်။
• Diuretics ဆီးသွားစေတဲ့ဆေးလဲပေးနိုင်တယ်။
• ACE inhibitors, angiotensin receptor blockers, spironolactone (Aldactone), amiloride (Midamor), or triamterene (Dyrenium) ဆေးတွေသောက်နေရသူဆိုရင် ဆေး အလျှော့ခိုင်းမယ်။ ဆရာဝန်မခိုင်းဘဲတော့ မလျှော့ပါနဲ့။

စားသုံးသင့်တဲ့ အစားအသောက်တွေ
• ငရုပ်သီး၊ အစို။ အခြောက်၊ အမှုံ့ စားနိုင်ရင် ကောင်းပါတယ်။
• (ပိုတက်ဆီယမ်) နည်းတဲ့အစာတွေကတော့ ပန်းသီး၊ စပျစ်သီး၊ ဖရဲသီး၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်ရှိတဲ့ပဲသီးတွေ၊ မှို၊ အာလူး၊ လိမ်မော်သီး၊ ငှက်ပျောသီး၊ အစေ့အဆံတွေ ဖြစ်တယ်။
• အမဲအသား၊ ကြက်သား၊ အဆီများငါး၊ ဆယ်လ်မွန်ငါး၊ ဆားင်းငါးတွေမှာလဲ များတယ်။
• များတဲ့အသီးအနှံတွေစားချင်ရင် ပြုတ်စားပါ။ စည်သွပ်ဘူးကိုစားရင် အစာထဲမျာပါတဲ့ အနည်းအများကိုဖတ်ပါ။
• နွားနို့ နဲ့ နွားနို့ကနေလုပ်တဲ့ အစားအသောက်တွေ ဥပမာ ဒိန်ခဲ လျှော့စားပါ။
• ရေသောက် မနည်းစေပါနဲ့။ တနေ့မှာ ရေ ၆-၈ ခွက်သောက်ပါ။
• (ကေဖင်း) ပါတဲ့ သောက်စရာတွေ လျှော့ပါ။

(ပိုတက်ဆီယမ်) နည်းသော အသီးများ
• Apples, apple juice, applesauce ပန်းသီး၊
• Blackberries, blueberries (ဘလက်ဘယ်ရီ) သီး၊
• Cranberries, cranberry juice cocktails (ခရမ္ဘယ္ရီ) သီး၊
• Grapes, grape juice စပ်စ္သီး၊
• Lemons, limes, lemon juice, lime juice သုံရာသီး၊ ရှောက်သီး၊
• Papaya nectar သင်္ဘောသီး၊
• Peaches, canned; Peach nectar (ပိခ်ျ) သီး၊
• Pears, canned; Pear nectar သစ်တော်သီး၊
• Pineapple နာနတ်သီး၊
• Plums ဆီးသီး၊
• Raspberries, strawberries (ရက်စ်ဘယ်ရီ) သီး၊ စထောဘယ်ရီ) သီး၊
• Watermelon ဖရဲသီး၊

(ပိုတက်ဆီယမ်) နည်းသော ဟင်းသီးဟင်းရွက်များ
• Bamboo shoots, canned မျှစ်၊
• Bean sprouts ပဲသီး၊
• Beets, canned မုံလာဥမရမ်းရောင် (ဗီတွတ်)၊၊
• Cabbage မုံလာထုပ်၊

ဒေါက်တာတင့်ဆွေ
၂၁-၁-၂ဝ၁၃

Sunday, January 20, 2013

Predatory Drugs သတိလစ်စေရန်ပြုလုပ်နှိင်သည့် ဆေးဝါးများ

မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (အရွယ်ရောက်သူတိုင်း သိကြပြီးဖြစ်မည့် အမြင်ရိုင်းသော ရှင်းလင်းချက်စာသားများကို ဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။

ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။

Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ -
1. GHB (Gamma Hydroxybutyric Acid)
2. Rohypnol (Flunitrazepam)
3. Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။

Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟုအသုံးများသော်လည်း ပညာရှင် အများစုကတော့ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း Drug-facilitated sexual assault ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအား ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သော အခြား ရာဇဝတ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်ပြနိုင်ပေသည်။

ဆေး၏ ပုံသဏ္ဍာန်
GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။

Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။ ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်း အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။

Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။ ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ ဆေးသည် လျှင်မြန်စွာ အာနိသင် ပြနိုင်သည်။ ဆေးအာနိသင် မပျယ်ခင်ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ အသုံးပြုသည်ဆိုသည့် အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့် ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကိုပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင် GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။

GHB ၏ အာနိသင်များ
အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း။ အိပ်ချင်မူးတူးဖြစ်ခြင်း မူးဝေခြင်း၊ မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း၊ အမြင်ဝေဝါးလာခြင်း၊ သတိလစ်ခြင်း၊ လေဖြတ်သကဲ့သို့ဖြစ်ခြင်း၊ ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း။. တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်နှုန်း နှေးကွေးခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ သတိမေ့မြောခြင်း။ ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း၊ Coma သေဆုံးခြင်း။

Ketamine ၏ အာနိသင်များ
စိတ်အာရုံချောက်ခြားခြင်း အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း၊ မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း။ လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း၊ အသက်ရှူရန် ခက်ခဲလာခြင်း၊ အူတက်အောင် ရယ်ခြင်း၊ အော့အန်ခြင်း၊ ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း၊ မှတ်ဉာဏ် ထိခိုက်ခြင်း၊ အိပ်မက်ကဲ့သို့ ခံစားရခြင်း၊ ထုံထိုင်းခြင်း၊ လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း၊ အမူအရာ ကြမ်းတမ်းလာခြင်း၊ စကားသံ ဗလုံးဗထွေးဖြစ်ခြင်း၊

ဒီဆေးတွေ တရားဝင်သလား၊ ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟုမဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေး ဝန်ဆောင်မှု ပေးသူများ (ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။

Rohypnol ၏ အာနိသင်များ
ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း သွေးပေါင်ချိန်ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများအား လျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူးသကဲ့သို့ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း စကားမပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇဝါဖြစ်ခြင်း အမြင်ဝေဝါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာဖြစ်ခြင်း

Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော် သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။ Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက် မေ့ဆေးတစ်မျိုး အဖြစ်တရားဝင် သုံးစွဲကြ သည်။တိရစ္ဆာန်များ တွင် အများဆုံးအသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက်ခံကြရကြောင်း သိရသည်။

GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက်အမေရိကတွင် မကြာသေးမီက တရားဝင်ဆေးဝါး အဖြစ် သတ်မှတ်ခဲ့သည်။ ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ? ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။အအေးသံဗူးများ အား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။ အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punch ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး သတိထားကြဗျို့။ အဲဒီဟာတွေထဲမှာ ဆေးခတ်ထားနိုင်ပါတယ်။

ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။ များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။ အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။

Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာခန္ဓာကိုယ် အတွင်း နေနိုင်ပါသည်။တစ်စုံတစ်ရာ အကူအညီ မရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊ရေချိုးခြင်း သို့မဟုတ် အဝတ်အစားလဲခြင်း မပြုလုပ်ပါနှင့်။

ယင်းအရာများသည် မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။ အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့ သည်ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်းမသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦးအပြန်အလှန် ကူညီနိုင်ပါသည်။ သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာနေပါ။ သင် အပြည့်အဝ ယုံကြည်နိုင်ခြင်း မရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှလက်မခံပါ နှင့်သင်သောက်နေ သောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူ မရှိဘဲ အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။ အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ချောကလက် ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။

သင့်အား ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး အများစုသည် သောက်သုံး သည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။ ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်း အဝအား သင့်လက်မဖြင့် ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်း အားစောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက မည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။ အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါက ဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။ အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်အတူ ပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှ အကူအညီရယူပါ။
လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန် အရေးကြီးပါသည်။ သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူဖြစ်စေကာမူ လုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။ ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည် အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါးအသုံးပြု၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း အန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။ သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအား မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့် မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ
• ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေစသည့်အရည်များအား မသောက်ပါနှင့်။
• အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။
• ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍အိမ်သာသွားလျှင်ပင် ယူသွားပါ။
• အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။
• Punch ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံး သည့်ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။

Date Rape Drugs တွေ ဖျော်ရည်ထဲမှာ ခတ်ထား မထားစမ်းသပ်သိရှိနိုင်တဲ့ Detection Kit တွေ ပေါ်နေပါပြီ။ အသေးစိတ်ကို http://www.csus.edu/alcohol/predatory_drugs.html မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။)
Source = Myanmar Online News http://www.facebook.com/pages/Myanmar-Online-News/459386844101959
Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်သည့်ဆေးဝါးများ http://dts-medicaleducation-adult.blogspot.in/2012/03/date-rape.html

Thursday, January 17, 2013

ဆေးပညာ-စာရေးသူ (၅)

Sat, Jan 12, 2013 at 3:39 AM
ဆရာရှင့် အမှားများကို စေတနာထား၍အမှန် ပြင်ပေးခြင်းကို အလွန်ပင်ကျေးဇူးတင်ပါသည်။ စကားလုံးအမှားကို ပြန်လည်ပြင်ဆင်နေရသောကြောင့် ဆရာ့တန်ဖိုးရှိသောအချိန်များ ကုန်ဆုံးသွားရသည်ကို စိတ်မကောင်းပါ။ နောက်နောင်ခုလို မဖြစ်အောင် သတိထား၍ရေးသားပါမည်။ ဆရာပူးတွဲတင်ပေးလိုက်သော links များကြောင့် ကျန်းမာရေးအသိ တိုးပွားရပါသည်။ ကျေးဇူးအထူးတင်ပါသည်။ ဆရာ ကိုယ်စိတ်နှလုံးရွှင်ပြုံးပါစေ။

ကျွန်တော်က ဆေးပညာလဲရေး၊ မေးတာလဲဖြေတဲ့ပြင် သတ်ပုံပြင်တာလဲ မမေးဘဲနဲ့ အပိုဆောင်းသေးတယ်။ (ဘလော့ခ်) မှာပြန်တင်တော့ သတ်ပုံရော၊ စာရိုက်တာတွေပါ ပြင်ရတာမို့ အချိန်တော့ ပိုကုန်တာပေါ့။ အတော်များများက စာရေးတာ။ စာရိုက်တာကို ခပ်ပေါ့ပေါ့ သဘောထားကြတာ စိတ်မကောင်းပါ။ လူငယ်တွေက ပညာရေးစနစ် ခပ်ညံ့ညံ့မှာ ကြီးပြင်းလာကြရလို့ သူတို့ကိုတော့ အပြစ်မမြင်ပါဘူး။

• သတ်ပုံအတွက်တော့ မှားသူတွေထက် မြန်မာပြည်က ပညာရေးစနစ်ကို ဖျက်ပြစ်တဲ့ စစ်အစိုးရတွေကိုဘဲ အပြစ်တင်မိတယ်။
• ဆရာ့အတွက် (ဘလော့ခ်) တင်ဘို့ရာ စာပြင်ယူရတာ မေးလာသူတွေရဲ့ ၉ဝ% မကဘူး။
• စာရိုက်ရခက်တာတွေကို နားလည်မှုပေးပါတယ်။ Word ထဲမှာစာရိုက်ပြီး တချို့စာလုံးတွေကို Insert လုပ်ယူရတယ်။ တချို့က Short cut တွေ အလွတ်ရလို့ မြန်တယ်။
• ကွန်ပြူတာပညာ နဲ့ အင်တာနက်ခက်ကြမှာလဲ သိတယ်။ အပြစ်မတင်ပါ။ တချို့က (ကော်နက်ရှင်) ရတုံး အမြန်ရိုက်ကြမယ်ထင်တယ်။
• ကီးဘုတ်တွေက မတူတော့ ဒေါ့တွေထည့်ရိုက်တာ ၆ဝ% လောက်ရှိတယ်။
• ခုနောက်ပိုင်း ဖုန်းလေးတွေကနေ စာရိုက်နေကြတော့ မြန်မာစာအတွက် မလွယ်လှဘူးထင်တယ်။
• မြန်မာစာရိုက်ရင်း ဂဏန်းတွေကို အင်္ဂလိပ်လိုရိုက်ကြတာတော့ နားမလည်လှဘူး။
• ပုဒ်မအစား ဒေါ့တွေရိုက်တာက စာကြောင်းတွေအားလုံး ဆက်သွားစေတယ်။ အဲလိုလူကလဲ ၅ဝ% လောက်ရှိတယ်။
• အရုပ်ဆိုးအောင်ရိုက်တာကြတော့ စိတ်အနှောင့်အယှက်ဖြစ်ရတာ အမှန်ဘဲ။ ဘာမေးလဲ နားကိုမလည်ဘူး။

Wed, Jan 16, 2013 at 11:19 PM
ဟုတ်ကဲ့ပါ ဆရာ။ ကျွန်မခုမှအလုပ်အားလို့ မေးစစ်ဖြစ်လို့မေးပြန်ရတာပါ။ ဆရာပြောပြထားတာအားလုံးကို နားလည် သဘောပေါက်ပါတယ်။ ကျွန်မတို့တွေရဲ့ အမှားအတွက် ဆရာ့မှာ အချိန်ကုန်လူပင်ပန်းရတာကို စာနာသည့်အပြင် စေတနာနှင့် အမှားပြင်ဆင်ပေးနေခြင်းကိုလည်း လေးစားမိပါတယ်။ နောင်ကို ဘယ်သူ့ဆီကိုဘဲ စာရိုက်ပို့ပို့ ကောင်းကောင်း မွန်မွန်မှန်ကန်စွာ စာလုံးပေါင်းရိုက်ပြီးပို့ပါမယ်။ ဆရာလို Website မှာတစ်ကမ္ဘာလုံးက မေးသမျှကို ကိုယ့်အတွက် ဘာအကျိုး မျှော်လင့်ချက်မှမရှိဘဲ စေတနာအပြည့်နှင့် စိတ်ရှည်သည်းခံစွာဖြေကြားပေးနိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ ဆရာဝန်မျိုး လုပ်နိုင်တဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ ပညာပြည့်ဝသည့်အပြင် စေတနာထက်သန်မှုအမြဲ ရှည်သန်နေမှသာ လုပ်နိုင်တာပါ။ ဒီလို မြင့်မြတ်တဲ့ စိတ်ထားမျိုးဆရာ ပိုင်ဆိုင်သည်မှာ အင်မတန်ချီးကျူးစရာ ကောင်းလှပါသည်။ ဆရာ နေ့စဉ်ကောင်းမှုများစွာ ဆထက်တစ်ပိုး တိုးပွားနေပါစေ။

အခုလို တကူးတက အသိအမှတ်ပြုစကားပြောလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ကိုယ့်လူမျိးတွေ ကိုယ့်စာ၊ ကိုယ့်စကားကို ပိုပြီး အလေးထားစေချင်လို့ ဆေးပညာအသုံးချပြီး ပြုပြင်ဘို့လုပ်နေတာဆိုလဲ မမှားဘူး။

ကျွန်တော်က နိုင်ငံရေးအတွက် တိုင်းပြည်ကနေ ထွက်နေရတာပါ။ (သိချင်လဲသိမှာပေါ့။) ကျွန်တော်နိုင်ငံရေးလုပ်တာက မဲရဘို့ မလိုတော့ဘူး။ ကိုယ့်တိုင်းပြည်။ ကိုယ့်လူမျိုးတွေကို ကိုယ်တတ်သိတာနဲ့ ဘယ်လောက် အကျိုးပြုနိုင်မလဲ စဉ်းစားပြီး လုပ်တာပါ။ ဆေးပညာလဲ အသုံးချတယ်။ ဆေးလဲကုသပေးတယ်။ နိုင်ငံရေးဆိုတာ အပြင်ပေါ့။ အနားရှိသူတွေကိုကြတော့ ယဉ်ကျေးအောင်၊ စကားလိမ်မာအောင် စတာလေးတွေပါ သင်ရသေးတာ။

(အွန်လိုင်း) လုပ်ပေးရတာက တာဝန်လဲကင်းတယ်။ ဆရာရေးတာကို ဖတ်ချင်မှ ဖတ်။ လိုက်နာချင်မှလဲ လိုက်နာ။ စာရိုက်တာ၊ သတ်ပုံမှာလဲ ဖါသီဖါသာနေလို့ ဆရာက စာမေးပွဲ အမှတ်ပေးမဲ့ဆရာမဟုတ်တော့ နေနိုင်ကြပါတယ်။ စိတ်ဆိုးစရာလဲ မရှိဘူး။ ဘယ်သူဘယ်ဝါလဲ သိမှမသိတာ။ ဆရာက မေးလာ-ရေးလာသူတိုင်းကို ပုဂ္ဂိုလ်ရေးမထားတော့ ဟိုဘက်-ဒီဘက် နေသာကြတယ်။ မေးတဲ့သူတွေထဲက နည်းနည်းပါးပါး အရေးမထားတာ ရှိချင်ရှိမှာပေါ့။ ဆေးစာရေးရဘို့ရာ စာတွေဖတ်ရ၊ ရှာရတယ်။ "နုတ်တရာ စာတလုံး" ရေးပြီးသားကို ဘွာခတ်လို့မရဘူး မဟုတ်လား။

အဲ့ တခါတလေ စိတ်တော့ တိုချင်တာပေါ့။ တဖက်လူက မမြင်ရပါဘူး။

ဆေးပညာ-စာရေးသူ (၄) http://my-sayawun-life.blogspot.in/2012/08/blog-post.html
အစိုးရ သတ်ပုံတော့ ပြောမနေနဲ့ http://my-sayawun-life.blogspot.in/2012/12/blog-post.html
ဆေးပညာ-စာရေးသူ (၃) http://my-sayawun-life.blogspot.in/2011/04/blog-post.html
ဆေးပညာ-စာရေးသူ (၂) http://my-sayawun-life.blogspot.in/2011/03/blog-post_20.html
ဆေးပညာ-စာရေးသူ (၁) http://my-sayawun-life.blogspot.in/2011/03/blog-post.html

ဒေါက်တာတင့်ဆွေ
၁၇-၁-၂ဝ၁၃

Tuesday, January 15, 2013

Q and A Janyary 2013 (2)

1. ကျမ (့) ဆရာ့ဆီကိုစာပြန်ရေးလိုက်ပါတယ်။
2. ကျနော်အခုဖြစ်နေတာက ဘယ်ဘက် အလယ်နားလောက်က
3. ကျွန်တော်မှာ ငယ်ငယ်ကတည်းက မွေးရာပါတော့မဟုတ်ပါဘူး၊
4. သမီးအသက် ၃ဝ ရှိပါပြီ။ နို့စို့ကလေးရှိပါတယ်။
5. ကျနော့်နာမည်က (့) လို့ခေါ်ပါတယ်။
6. ကျနော်အသက် ၃၃ နှစ်ပါ။
7. Amoxicillin ကို ဆေးမယဉ်အောင်
8. ဇာက်ကြောကအမြဲတမ်းနာနေတယ် မနာတဲ့အချိန်ဆိုတာမရှိဘူးဘယ်
9. ကျွန်တော့်အသက် ၂၃ ရှိပါပြီ။
10. I am a computer network technician
11. Is there any side-effects for taking Vitercap and အင်နာဗွင်စီ
12. ကျွန်တော့်ကို Aerocort inhaler ဆိုတဲ့ ဆေးအကြောင်းလေး ရှင်းပြပေးပါအုံး ခင်ဗျ။
13. ကျွန်မ နာမည် (့) လို့ခေါ်ပါတယ်။
14. ဟိုတစ်ရက်က လက်နဲ့ ခြေထောက်တွေမှာ အနီစက်တွေထွက်လာလို့
15. My father (83 years) has tumor found in liver

Mon, Jan 14, 2013 at 6:25 AM
ကျမ (့) ဆရာ့ဆီကိုစာပြန်ရေးလိုက်ပါတယ်။ ကျမရောဂါအကြောင်း ဆရာသိပြီးဖြစ်နေမယ်လို့ မျော်လင့်ပါတယ်။ ကျမနှခေါင်း အလာဂျီရှိသူပါ။ ဘာဆေးသောက်သောက်မသက်သာလို့ ဆေးရု့သွားပြတော့ ခွဲရမယ်တဲ့ဆရာ။ တချို့  ပြောတော့ခွဲပြီးရင် ၆ လလောက်ဘာမှလုပ်လို့မရဘူးလို့ပြောကြတယ်။ အဲဒါမှန်ပါသလား။ ထမင်းဟင်းလဲချက်လို့ မရဘူးတဲ့ ပြီးတော့ ခေါင်းငုံ့ လို့လဲမရဘူး အရမ်းရှောင်ရတယ်လို့ပြောကြတယ်။ အဲဒါအမှန်ပဲလားဆရာ။ ကျေးဇူးပြုပြီးဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါဆရာ။ ပြီးတော့ ကျမခွဲပြီးရင် မြန်မာပြည်ခဏပြန်ချင်လို့ အဲဒါခရီးရှည်ထွက်လို့ရလား။ ကျမကလေယာဉ်နဲ့

Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း

Mon, Jan 14, 2013 at 4:53 PM
ကျနော်အခုဖြစ်နေတာက ဘယ်ဘက် အလယ်နားလောက်က သွားဖုံးမှာ ဖု့ပေါက်နေတာ တစ်ပါတ်လောက်ရှိပြီ။ ကျနော် လန့်နေတယ်ဆရာ။ တစ်ခါမှလည်းမဖြစ်ဖူးဘူး။ ဘာအဖု့ကြီးမှန်းလည်းမသိဘူး။ လျှာနဲ့ထိုးကြည့်ရင် အိစိအိစိဖြစ်နေတယ်။ အဖု့ထဲမှာဘာတွေရှိမှန်းလည်းမသိဘူး။ လက်နဲ့ထိုးဖိကြည့်ရင်နာတယ်။ ဘယ်လိုလုပ်ရင်ပျောက်နိုင်မလဲဆရာ။ ကျနော် လန့်နေတယ်ဆိုတာ သွားဖုံးကင်ဆာကြီး ဖြစ်နေမလားမသိဘူးဆိုပြီးတော့ပါ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့တိုင်းပြည်။ ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ဖေ့စ်ဘွတ်ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/
- http://facebook.com/tint.swe.dr

Tue, Jan 15, 2013 at 6:05 PM
ကျွန်တော်မှာ ငယ်ငယ်ကတည်းက မွေးရာပါတော့မဟုတ်ပါဘူး၊ ကျွန်တော်အသက်19 နှစ် 2003 ခုနှစ်၊ အင်ဂျင်နီယာတက္ကသိုလ် ကျောင်းတတ်တုန်းကမှ အစာအိမ်စဖြစ်တာပါ။ စဖြစ်တဲ့ အချိန်တုန်းကတော့ အရမ်းဆိုးဆိုးဝါးဝါးဖြစ်တာမဟုတ်ပါဘူး၊ဆေးသောက်ရုံလောက်နဲ့တော့ နည်းနည်းသက်သာပါတယ်။ အခုနောက်ပိုင်းအရမ်းအောင့်တဲ့အချိန်တွေဆိုဆရာဝန်ပြပြီး ဆရာဝန်က ဆေးထိုးရမယ်ဆိုလို့ ဆေး (၄)လုံးတစ်ခါတည်းထိုးတဲ့အခါမျိုးလည်းရှိပါတယ်။ အဲလိုထိုးပြီးရင်တော့ သက်သာသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကောက်ညှင်းဆိုအရမ်းကြိုက်ပါတယ်။ စားချင်တဲ့အခါမျိုဆို ရှောင်တာမရှိသလောက်ရှားပါတယ်။ အုအတတ် ပေါက်လို့လည်း ဈေးရုံကို (၃)(၄)ကြိမ်လောက်တတ်ရပါတယ်။ဆေးရုံတတ်ရင်တော့ အကြာကြီးမဟုတ်ဘဲ တစ်ရက် နှစ်ရက်လောက်နဲ့ ပြန်ဆင်းလာရပါတယ်။ အခုနောက်ပိုင်းအစာအိမ်ကဘယ်လိုဖြစ်လဲဆိုတော့ အစားစားပြီးရင် အစာချက်လုပ်မှု နှေးနေပါတယ်။ ပုံမှန်ထမင်းတစ်ပန်ကန်ထက် ပိုစားမိရင်၊ဗိုက်ကိုတင်းနေအောင်စားလိုက်ရင် အစာကမချေတော့ပါဘူး၊ အဲ့လိုအချိန်ဆို KREMIL-5 ကိုအစာစားပြီးတဲ့အချိန်တိုင်း တစ်လုံးအမြဲသောက်ရပါတယ်။ မသောက်ရင်လူကမအီမသာဖြစ်နေတယ် ဘယ်လိုမှမနေနိုင်ပါဘူး။ အေးတဲ့ဆောင်းတွင်းအခါမျိုးမှာလည်း အစာကမချက်သလောက်ပါဘဲ ကျွန်တော်က ဆေးလည်းမထိုးချင်ပါဘူး၊ အရမ်းအောင့်တဲ့ဝေဒနာတွေကိုလည်း မခံစားချင်ဘူး၊ကျွန်တော်ဘယ်လိုနေထိုင်ဆင်ခြင်ရမလဲ ဘယ်လိုစားသောက်ရမလဲဘယ်လိုအစားအစာတွေကို ရှောင်ရမလဲ စသည့်အချက်လေးတွေကို ဖြေကြားပေးပါဆရာ။ ကျွန်တော်သောက်နေကျ ဖြစ်တဲ့ KREMIL-5 ကိုလည်း ဆရာကြည့်လို့ရအောင် ATTACH နဲ့တွဲပေးလိုက်ပါတယ်။ ဆရာရေးထားတဲ့စာတွေကို ဖတ်တာကလည်း နားမလည်းတာတွေ များနေတော့ ကျွန်တော်ကို သေချာရှင်းပြပေးပါ။ ကျွန်တော်အခက်အခဲကို ကူညီပြီး ဖြေရှင်းပေးပါ။

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html

ကျွန်တော်ရေးတာ နားမလည်ဘူးဆိုလို့ ဆောရီးဗျာ။ ဆရာက ဆေးကုသလိုရေးတာ မဟုတ်ဘဲ ရောဂါအကြောင်းသုတအဖြစ်သာရေးပါတယ်။။ မေးတဲ့သူမျာ လေနာ နဲ့ အစာမကျေတာ ၂ မျိုးဖြစ်နေတယ်။ လေနာဆိုတာတော့ စာထဲမှာပါသလို ဆေး အမျိုးမျိုးနဲ့ အစားအသောက်တွေ တွေ့ပါလိမ့်မယ်။ တခါတလေ အစာမကျေသူတွေက Digestive enzyme, Enzyme, Digestzyme နာမည်တွေနဲ့လာတဲ့ဆေးကို အစာစားပြီး တပြားသောက်ရတယ်။ အကြကြီးစွဲမသောက်ရပါ။ အူအတက်ပေါက်တာ မဟုတ်ဘဲ အူအတက်ရောင်တာ ဖြစ်ပါမယ်။

Tue, Jan 15, 2013 at 9:39 AM
သမီးအသက် ၃ဝ ရှိပါပြီ။ နို့စို့ကလေးရှိပါတယ်။ သမီးလက်ရဲ့ဗယ်ဖက်လက်မနဲ့ ညာဖက်လက်သန်းနဲ့ လက်သူကြွယ် လက်သည်းမှာ အပ်ဖျားလောက် အပေါက်တွေလိုမျိုးအချိုင့်လေးတွေအရာလေးတွေဖြစ်နေပါတယ်ရှင်။ သမီးက ကျန်းမာရေးရာပတ်သက်သလား သိချင်လို့ပါရှင်။

မမြင်ရလို့ အသေအချာ မပြောနိုင်ပါ။ မှိုပိုးဝင်တာ ဟုတ်-မဟုတ် သိဘို့လိုတယ်။ ဆရာဝန်ပြပါ။ ဒါမှမဟုတ် အလင်းရောင်ကောင်းကောင်းမှာ ဓါတ်ပုံရိုက်ပို့ပါ။
Nail fungal infection လက်သည်းမှို

Wed, Jan 16, 2013 at 12:37 AM
ကျနော့်နာမည်က (့) လို့ခေါ်ပါတယ်။ အသက်က ၃၂ နှစ်ပါခင်ဗျာ။ ကျနော့်မှာ အရေပြားနဲ့ပတ်သက်တဲ့ရောဂါတခု ခံစားနေရလို့ ကူညီပါအုံး။ ဖြစ်ပုံက ကျနော့်ရဲ့မျက်ခုံးနှစ်ခုရဲ့ကြားမှာ အရေပြားခြောက်ပြီးလန်သလိုမျိုး အရေပြားလန်တာက စတာပါ။ ကျနော်က ပွေးပေါက်တယ်ထင်လို့ မြွေနှစ်ကောင်ပွေးသတ်ဆေး သုံးလိုက်တယ်ဆရာ။ မပျောက်ဘူး။အဲဒါနဲ့ SKINEAL ဆိုတဲ့ လိမ်းဆေးကိုသုံးကြည့်တယ်ဆရာ။ သက်သာတယ်ဆရာ။ ဒါပေမယ့် ဆေးမလိမ်းပဲနဲ့နေရင် ပြန်ဖြစ်တယ်။ အခုဆိုရင် ကျနော့်ရဲ့ နှာခေါင်းအပေါ်က အချိုင့်လေးနှစ်ဘက်ကို ရောက်လာတယ်။ နောက်ပြီး နားရွက်နှစ်ဘက်ရဲ့နောက် ဦးခေါင်းပေါ်အထိ ကူးလာတယ်။ ဖြစ်တာကတော့ ၆ လ လောက်ရှိပြီ။ အဲဒါလေးတွေက ပွေးလိုအကွက်တွေ ဖြစ်တာခင်ဗျ။ ပြည်တည်ပြီး အနာလိုဖြစ်နေတာတော့မဟုတ်ဘူး။ ခေါင်းကိုကုတ်လိုက်ရင် ဘောက်ထသလိုမျိုး အရေပြားလေးတွေ ကွာတယ်။ အဲဒါကျနော်ဘယ်လိုလုပ်ရမလဲ။ ကူညီပါအုံး။ ကျနော်အခု (့) မှာအလုပ်လုပ်နေရတာ။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ မြန်မာလိုပြောပြီးတော့ ဆရာဝန်ပြလို့ရနိုင်ပေမယ့် ဒီမှာကကျနော်လည်း စကားကို ရည်ရည်လည်လည် မပြောတတ်တော့ခက်နေတာ။ ရန်ကုန်ပြန်ပြီ ကုရအောင်ကလည်း ကျနော်ပြန်ရင် အမေနဲ့ ညီလေးတွေရဲ့ စားဝတ်နေရေးကရှိသေးတယ်။ ကျနော်က မိသားစုမှာ အကိုအကြီးဆုံးလေ။ ရောဂါနဲ့ပတ်သက်လို့ ဘာလုပ်သင့်တယ် ဘာတွေရှောင်သင့်တယ် ဘယ်လိုဆေးမျိုး သုံးသင့်တယ်ဆိုတာ ကူညီပါအုံး။

ဖန်းဂတ်စ် (မှို) ပိုးကြောင့်ဖြစ်ဘို့များတယ်။ မြန်မာဆေးကို မသုံးစေချင်ပါ။ မျက်နှာမှာလဲ ဖြစ်နေတော့ အဆင်မသင့်ရင် အရုပ်ဆိုးစေနိုင်တယ်။
SKINEAL ဆေးက မှို အတွက်မှန်ပါတယ်။ တရုတ်ကလာတာဆိုရင် အရေပြားမှာဖြစ်တဲ့ Eczema, Seborrheic Dermatitis, Ringworm, Athletes Foot, Ithy Skin တွေအတွက်သုံးရတယ်။ ketoconazole, clobetasol propionate and neomycin sulfate ဆေးတွေရောထားတာဖြစ်တယ်။
tinea corporis and tinea cruris အတွက် တနေ့ ၂ ကြိမ်၊ ၂ ပါတ်ကြာ နဲ့ tinea pedis and tinea manus အတွက် တနေ့ ၂ ကြိမ်၊ ၄ ပါတ် လိမ်းရတယ်။
လိမ်းဆေးသာမက စားဆေးလဲရှိတယ်။ ဖန်းဂတ်အမျိုးမျိုးအတွက်စုပေါင်းရေးထားတဲ့စာ တပုဒ်ပို့လိုက်တယ်။ ကိုယ်နဲ့ဆိုင်တာကိုရှာပြီး လိုအပ်မယ်ထင်ရင် စားဆေး + လိမ်းဆေးသုံးသင့်ပါတယ်။
Fungal infections (1) မှိုအမျိုးမျိုး ဆေးအမျိုးမျိုး (၁)

Wed, Jan 16, 2013 at 3:15 PM
ကျနော်အသက် ၃၃ နှစ်ပါ။ (့) မှာအလုပ် လုပ်နေပါတယ်။ ကျနော့် ဘယ်ဘက်နားက ပြည်ယိုလို့ပါဆရာ။ ဟိုးအရင်ကလည်း ပြည်ယိုဖူးပါတယ်။ ဟိုအရင်ကဆို ဂျပန်နားသန့်ဆေးရည်ကို တစ်ခါ နှစ်ခါ ထည့်လိုက်ရင် ခြောက်ပြီးပျောက်သွားတယ်။ မကြာမကြာတော့ဖြစ်ဖူးတယ်။ အဲလို ဖြစ်တာက ကျနော် ငယ်ငယ်လေးထဲက ဖြစ်တာပါ။ အခုတစ်လော ပြန်ဖြစ်တော့ ဂျပန်နားသန့်ဆေးကို ထည့်တာ နားက မသက်သာဘူး။ အရည်နည်းနည်း ကျနေတုန်းဘဲ ပြီးတော့လဲ နားအထဲမာလဲယားတယ်။ အဲလို ပြန်ဖြစ်တာ အခုဆိုရင် ၃ လလောက်ရှိပြီ။ ဘာဆေးသောက်ရမှန်းလည်း ကျနော်မသိဘူးဆရာ။ ကျေးဇူးပြုပြီးပြောပြပေးပါဆရာ။ ကျနော်စိတ်ညစ်နေတယ်။ အမြန်ဆုံးကူညီပေးပါဆရာ။ ဆရာ ကျန်းမာချမ်းသာပါစေ။

Ear infections (1) နားပိုးဝင်ခြင်း (၁)
Wed, Jan 16, 2013 at 3:56 PM
Amoxicillin ကို ဆေးမယဉ်အောင် ဆေးပတ်လည်အောင် ဘယ်လို သောက်ရပါသလဲခင်ဗျ။ 250 mg (or) 500 mg Amoxicillin အစား သူ့ထက် ပိုကောင်းတာ ဘေးထွက်ဆိုးကျိုးနည်းတာ သောက်ချင်တယ်ဆိုရင်ရော ဘာကို သောက်သုံးသင့်ပါသလဲခင်ဗျာ။

Amoxicillin အမောက်ဆာစလင်

Wed, Jan 16, 2013 at 10:07 PM
ဇက်ကြောက အမြဲတမ်းနာနေတယ် မနာတဲ့အချိန်ဆိုတာမရှိဘူး ဘယ်လိုလုပ်ရမလည်း။ ယောက်ကျားလေး၊ အသက် ၃ဝ၊ ဖြစ်တာ ၁ နှစ်ကျော်လောက်ရှိပြီး အရင် ဆုံဇက်ကြောတက်တာစဖြင်တယ်။ ၁ လ လောက်ကြာတော့ ခြေလက်ထုံကြင်တာတွေ စဖြင့်တယ်။ အခုဆိုရင်အလုပ်နဲနဲပိုလုပ်ရတာရှိရင် အရမ်းညောင်းညာကိုက်ခဲတယ်။

အလုပ်အကိုင်ကြောင့်ထင်သလား။ သွေဖိအာတိုင်းဘူးလာ။ ဆရာဝန်ပြလား။ ဆေးစစ်ဘူသလား။ ဘာဆေးသောက်ရင်သက်သာသလဲ။ ဓါတ်မှန်ရိုက်ဘူးသလား

အခုဆရာပြောတာ အားလုံးလုပ်ဘူးတယ်။ ဘာရောဂမှမရှိဘူး။ ဆရာဝန်ပြောတော့ အကြောရောဂါအာရုံကြောအားနဲရောဂါလို့ ပြောတာဘဲ။ အခုဆိုရင် သောက်တဲ့ဆေးတွေက အာရုံကြောဆေး အကြောအားဆေး အရိုအဆစ်အားဆေး။ အဲဒီဆေးတွေသောက်နေရတယ်။ မသောက်ရလို့ရှိရင် တကိုယ်လုံးနာကျင်ကိုက်ခဲနေတယ်။

ဆောရီးဗျား။ ချတ်လုပ်သလိုဆေးကုရတာ မကောင်းဘူး။ ဆရာမေးထားတာတွေလဲ အသေအချာ ပြန်မဖြေတော့ ဒိထက် အကြံမပေးနိုင်ပါ။

Sun, Jan 20, 2013 at 10:17 AM
ကျွန်တော့်အသက် ၂၃ ရှိပါပြီ။ ကျွန်တော့်မှာ လိပ်ခေါင်းရောဂါ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်တုန်းက ပြင်ဦးလွင်ဆေးရုံကြီးမှာ ၁ ခါ ခွဲစိတ်ခဲ့ဘူးပါတယ်ခင်ဗျ။ ဂရုစိုက်ပေမယ့် ဝမ်းက ခဏခဏချုပ်တက်လို့လား မသိဘူး။ အခု ပြည်ပရောက်တဲ့အချိန်မှာ ပြန်ဖြစ်လာပါတယ်။ ရောဂါအခြေအနေကတော့ အညစ်အကြေးစွန့်တဲ့အခါတိုင်းမှာ အပြင်ကို ထွက်လာတတ်ပြီး လက်နဲ့ ပြန်သွင်းရင်တော့ ပြန်ဝင်သွားပါတယ်။ ဝမ်းသွားရတာလဲ အမြဲတမ်း အားမလိုအားမရဖြစ်ရပါတယ်။ သွေးတော့ မထွက်ဘူးခင်ဗျ။ ဒီမှာလဲ နောက်ထပ် ၁ နှစ်လောက်ထပ်နေရဦးမှာဆိုတော့ တကယ်လို့ ဆေးတွေဘာတွေ မသောက်ပဲနေရင် ပိုဆိုးလာနိုင်လား။ ရန်ကုန်ပြန်ရောက်တဲ့အချိန်ကျရင်တော့ ဒီရောဂါကို အမြစ်ပြတ်အောင်ကုချင်ပါတယ်။ ဒါပေမယ့် အရင်တစ်ခေါက် ခွဲဖူးထားတော့ တစ်ခါခွဲရင် ၁ ပတ် ဆယ်ရက်လောက် က လူမမာလို နေရမှာဆိုတော့ အဆင်မပြေဖြစ်ရပါတယ်။ ကျွန်တော်က နယ်မှာတာဝန်ကျတာမို့လို့ ရန်ကုန်မှာ ၃၊၄ ရက်ခန့်သာ နေရမှာရယ်။ နောက်ပြီး ရန်ကုန်မှာ အသိမိတ်ဆွေ မရှိတာရယ်ကြောင့်ပါ။ ဒီရောဂါကြောင့်လဲ စိတ်ညစ်နေရပါတယ်။ ဒါကြောင့်မို့ အွန်လိုင်းပေါ်မှာ လိုက်ရှာရင်း ကိုရွှေလိပ် ဘလော့ကနေ ဒေါက်တာ့ဆီကို မေးပို့မိတာပါ။ ကျွန်တော်သိချင်တာက အခုအခြေနေအတိုင်းဆို ကျွန်တော့်ရောဂါက ခွဲမှရမှာလားဒေါက်တာ။ တကယ်လို့ ခွဲရမယ်ဆိုရင် ကိုရွှေလိပ်ဘလော့မှာ ဖော်ပြထားတဲ့ Stapled Hemorrhoidectomy ဆိုတဲ့နည်းနဲ့ ခွဲလို့ရနိုင်မလား။ ကျွန်တော့်ကို ဘယ်နေရာနေတွေမှာ ခွဲလို့ရမယ်ဆိုတာ လမ်းညွှန်ပြပါဦး။

ဒီခွဲစိတ်နည်းသစ်ကို သုံးလာကြတာမှန်ပါတယ်။ နောက်ပိုင်းရောက်နေတဲ့ လိပ်ခေါင်းကိုသာ လုပ်ရတယ်။ ခွဲစိတ်ဆရာဝန်က ဒီနည်းနဲ့ သင့်-မသင့် ဆုံးဖြတ်ပါမယ်။ ဒုတိယ နဲ့ တတိယအဆင့်တွေကိုသုံးတယ်။ ဆရာက ပြည်တွင်းမှာ မနေရသေးပါ။ အထဲမှာ ဘယ်ဆေးရုံကလုပ်ပေးလဲ မသိပါ။ ဒါပေမဲ့ ခွဲစိတ်အထူးကုဆရာဝန်တွေက လုပ်ပေးနိုင်ပါတယ်။ ဆေးရုံကြီးတိုင်းမှာ ရှိမှာပါ။

မခွဲစိတ်ခင် ရေနွေးသုံးတာ၊ ရေနွေးထိုင်တာ များများလုပ်ပေးသင့်ပါတယ်။ တကယ်ထိရောက်တယ်။ ရေအိမ်သုံးတာတိုင်း ရေနွေးနွေးနဲ့သုံးပါ။ ဝမ်းချုပ်လို့ညှစ်ရတာအပြင် ဗိုက်ကိုဖိအားသက်ရောတာတိုင်းမှာ ထိန်းပြီးလုပ်ပါ။ အလေးအပင်မတာ၊ ချောင်းဆိုးတာ၊ နှချေတာ၊ ထိုင်တာ။ ဆောင့်ကြောင့် မထိုင်ပါနဲ့။ စအိုကို နေရင်းထိုင်ရင်း လေ့ကျင့်ခန်းလုပ်သလို ညှစ်လိုက်၊ လျှော့လိုက်လုပ်ပေးပါ။

Sun, Jan 20, 2013 at 1:16 PM
I am a computer network technician, 24 years old and want to a question. I normally travel around the country if i get projects. Sometimes I need to work nearly 24 hours and get time to sleep 3 or 4 hours so really tired during these days. So which medicine should i take especially Vitercap or အင်နာဗွင်စီ? Which is better and suitable for me?

There are different medicines for Tonics, Rejuvenating medicines, Stamina drugs and etc. But Basically all are Vitamins + Minerals + Herbal medicines.
As a doctor it is difficult to recommend. All are not bad and can be helpful. Your requirement is time for rest and sleep not vitamins or others.
I don't prescribe anti-sleep medicines.

Sun, Jan 20, 2013 at 3:27 PM
Is there any side-effects for taking Vitercap and အင်နာဗွင်စီ a long time.

Overdose of Enervon C (အင်နာဗွန်-စီ) ဆေးများသွားခြင်း
ဆရာဝန်ကိုခေါ်ပါ။ ဆေးရုံ-ဆေးခန်းသွားပါ။ (အင်နာဗွန်-စီ) ဆေးထဲမှာပါတဲ့ ဗီတာမင် (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေက များသွားရင် ဆိုးတာတွေဖြစ်လာနိုင်တယ်။ ဓါတ်ဆားတွေကနေလဲ ဖြစ်နိုင်သေးတယ်။
ဆေးလွန်သွားရင် ဒါတွေခံစားရနိုင်တယ်။ ဝမ်းချုပ်၊ ဝမ်းလျှော၊ အန်၊ ဗိုက်တအားနာ၊ ခေါင်းတမျိုးကိုက်တာ၊ ဆံပင်ကျွတ်၊ ကြွက်သားတွေနဲ့ ခါးနာ၊ သွေးယို၊ ဆီးထဲသွေးပါ၊ အာခေါင်ခြောက်၊ အရေပြားအနေအထားပြောင်း၊ အသားဝါ။
ဘေးထွက်-ဆိုးကျိုးတွေကတော့ ရှားတယ်။ မတည့်သူတွေမှာ (အလာဂျီ) ဖြစ်မယ်။ အရေပြားအနီကွက်ထွက်၊ မျက်နှာ-လည်ပင်း-အဆုပ်-လျှာရောင်၊ ခေါင်းကိုက်၊ ဗိုက်မကောင်း၊ အရသာပျက်။

Mosegor Vita ဆေးဟာ ဗီတာမင်တွေပါတဲ့ အားဆေးဖြစ်တယ်။ Pizotifen hydrogen maleate 0.5 mg, vit B1 3 mg, vit B2 3.2 mg, vit B6 2.4 mg, nicotinamide 19 mg. Per 5 mL syr pizotifen hydrogen maleate 0.25 mg, vit B1 0.7 mg, vit B2 1.14 mg, vit B6 0.7 mg, nicotinamide 5 mg တွေပါတယ်။ အဲလို Multivitamin ဗီတာမင်တွေပါနေတာမျိုးကို တချို့က Drug ရောဂါကုရတဲ့ဆေးဝါးလို့ မသတ်မှတ်ပါ။ ဘေးထွက်-ဆိုးကျိုးဆိုတာကို ထူးပြီး မရေးတတ်ကြဘူး။ ဒါပေမဲ့ ဗီတာမင်ချို့ယွင်းနေတာလဲ ရောဂါပါဘဲ။

Sun, Jan 20, 2013 at 10:33 PM
ကျွန်တော့်ကို Aerocort inhaler ဆိုတဲ့ ဆေးအကြောင်းလေး ရှင်းပြပေးပါအုံး ခင်ဗျ။

Aerocort Inhaler ပန်းနာရှူဆေးထဲမှာ
1. Beclomethasone Dipropionate IP 50 mcg
2. Levosalbutamol Sulphate IP equivalent to Levosalbutamol 50 mcg
3. Suspended in propellant HFA 134a q.s. နဲ့
4. Absolute alcohol 3.75% v/v တွေပါတယ်။ ပါတဲ့ဆေးတွေက အလုပ်တမျိုးစီလုပ်ကြတယ်။

• ကလေး-လူကြီးတွေဆိုရင် တခါရှူရင် ၂ ခါ၊ တနေ့ မှာ ၃-၄ ကြိမ်ရှူရတယ်။
• ဆေးနဲ့မတည့်သူတွေက မသုံးရဘူး။
• ပန်းနာ ရုတ်ရက်ထတာအတွက် မသုံးသင့်ဘူး။ နာတာရှည်အတွက်သာဖြစ်တယ်။
• ရုတ်ရက် ပန်းနာထတာအတွက် Asthalin Inhaler ရှူဆေးသုံးရတယ်။
• တချို့ နာတာရှည်ပန်းနာသမားတွေက (စတီရွိုက်) သုံးမှသာရတဲံသူတွေဖြစ်တယ်။ အဲလိုဆိုရင်
• beclomethasone diproprionate (Beclate Inhaler) ရှူဆေးမျိုးပါလိုမယ်။
• Levosalbutamol ဆေးနဲ့အတူ propranolol ဆေးကိုပါတွဲပေးလေ့ရှိတယ်။
• ကိုယ်ဝန်ဆောင်နေချိန်။ ကလေးနို့တိုက်ချိန်တွေဆိုရင် ဆေးအကျိုးနဲ့ ဘေးထွက်ဆိုကျိုး ချိန်ဆပြီးပေးရတယ်။

ဘေးထွက်-ဆိုးကျိုး
• Levosalbutamol ဆေးကြောင့် လက်တုန်တာ၊ ခေါင်းကိုက်တာ၊ (ပိုတက်ဆီယမ်) နည်းတာ နဲ့ ကြွက်သားနာတာတွေ ဖြစ်စေနိုင်တယ်။
• Beclomethasone dipropionate ဆေးကြောင့် ပါးစပ်မှာ မှိုပိုးဝင်တာဖြစ်တတ်တယ်။
• ဆေးသုံးတာသိပ်များသွားရင် တက်တာ၊ ရင်ပတ်နာတာ၊ သွေးတိုးတာ၊ သွေးဖိအားကျတာ၊ နှလုံးခုန်မမှန်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ အားယုတ်တာတွေဖြစ်နိုင်တယ်။

Tue, Jan 22, 2013 at 5:24 PM
ကျွန်မ နာမည် (့) လို့ခေါ်ပါတယ်။ အသက် က ၂၃ ရှိပါပြီ။ အခုဖြစ်နေတာကတော့ ခေါင်းအရမ်းကိုက်နေတာပါ။ ခေါင်းက တစ်ခြမ်းပဲကိုက်နေပြီး အကြောတွေပါ နာနေသလိုခံစားရပါတယ်။ ဆံပင်တွေဆိုရင် ထိလို့မရအောင် နာနေတဲ့အဆင့်ထိ ဖြစ်နေပါတယ် ဆရာ။ တစ်ချက်တစ်ချက်ဆိုရင် ဆစ်ခနဲဆစ်ခနဲ နာ နာလာတတ်ပါတယ်။ ကျွန်မ အထင်တော့ ကျွန်မ ရေချိုးရင်း နားထဲရေဝင်သွားတာက စပြီး ဖြစ်မယ်ထင်တယ်။ ကျွန်မ ထင်မြင်ချက်ပါ .. ဘာဖြစ်မှန်းလဲတော့မသိဘူး။ နားထဲရေဝင်သွားတုန်းက ရေပြန်ထွက်အောင် နားထဲလက်ထိုးထဲ့ပြီးခါရင်းနဲ့ တစ်ဖြည်းဖြည်း နာလာတာပါ။ ရေက ပြန်မထွက်လာသေးပါဘူး။ ဒါပေမယ့် နားလည်းမအူတော့ဘူး။ အထဲထိ ဝင်သွားသလိုမျိုး ဖြစ်နေတယ်။ အရည်တွေက အထဲမှာ အောင်းနေလို့များလား မသိလို့ပါ။ အဲ့ဒါမျိုးဖြစ်တတ်ပါသလားဆရာ။ ကျွန်မ အဲ့ဒါလေးသိချင်လို့ပါ။ ဖြစ်နေတာတော့ ၃ ရက်လောက်ရှိနေပါပြီ။

ပြောတာလဲ ဖြစ်နိုင်ပါတယ်။ ပို့တဲ့စာထဲက ဆိုင်တာကို လိုက်နာပါ။ မရရင်တော့ နား-နှာခေါင်း-လည်ချောင်း အထူးကုဆရာဝန်ပြပါ။
Earache နားကိုက်ရင်

Tue, Jan 22, 2013 at 7:58 PM
ဟိုတစ်ရက်က လက်နဲ့ ခြေထောက်တွေမှာ အနီစက်တွေထွက်လာလို့ မေးထားတာပါဆရာ။ ခုပုံရိုက်ပြီး ပို့လိုက်တာပါ။ ဆေးတွေလူးပြီး ပိုဆိုးလာတာပါ။ လက်နဲ့ခြေထောက်မှာဆိုတော့ နေရတာခက်တာပေါ့။ ဘာဆက်လုပ်ရမလဲ။ ဘာဆေးသောက်ပြီး ဘာဆေးလိမ်းရမလဲ။ ဓါတ်ပုံအရတော့ ပိုးဝင်နေတယ်။ ရောင်နေတာတွေ့တယ်။

• လိမ်းဆေး = Bacitracin (Polysporin) ဒါမှမဟုတ် Mupirocin (Bactroban) လိမ်းဆေးကို
တနေ့ ၂ ကြိမ်၊ ၇-၁ဝ ရက်လိမ်းပါ။ • သောက်ဆေး ပဌမဦးစားပေး =
(၁) Dicloxacillin 250-500 mg တနေ့ ၂-၄ ကြိမ်၊ ၅-၇ ရက်သောက်။ ဒါမှမဟုတ်
(၂) Amoxicillin plus clavulanic acid; Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၁ဝ ရက်သောက်။
• သောက်ဆေး Second-Line Treatment ဒုတိယဦးစားပေး၊ Penicillin နှင့်မတည့်သူများအတွက် - Azithromycin 500 mg တခါတည်းသောက်၊ ထို့နောက် 250 my တနေ့ ၁ ကြိမ်၊ ၄ ရက်သောက်။ ဒါမှမဟုတ် Clindamycin 15 mg/kg/day တနေ့ ၃ ကြိမ်ခွဲပြီး ၁ဝ ရက်သောက်။ ဒါမှမဟုတ် Erythromycin 250-500 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်သောက်။
• အနာကိုခြောက်သွေ့အောင်ထားပါ။

Tue, Jan 22, 2013 at 10:30 PM My father (83 years) has tumor found in liver last week via CT scan. He shows no symptom (normal position) but sometimes found swollen feet. I sent four attachments now. I'd like to know can he treat that tumor and what treatment is best for him? Which hospital is better to treat (India or Thailand)? And want to know roughly expenses to treat in those 2 countries. Please tell me frankly. Thank you very much. (HCC) means Hepatocellular carcinoma, Liver cancer. Sorry. The Liver Specialist will advise you how to proceed. Yes there are many Burmese patients seeking treatment in India. The expense is cheaper in India then in Thailand according to a friend of mine who is from Mandalay. Burmese patients come to India mostly for Liver transplant. It is expensive. My friend, U Saw Hlaing had to pay 2,225,000 Indian Rupees for surgery package only. You can also ask those patients who returned from India. There are 2-3 good hospitals in Delhi. I learn that there are agents in Rangoon and Mandalay who work for each hospital in India. The Burmese specialists have link with Indian counterparts and they share examination reports and suggestions. The patient has to arrange for the suitable donor from Burma. As the patient is too old and the doctors will judge his condition and treatment. So be advised to consult the specialist and ask those who had had experience in India. If you have to come, tell me so that I can extend my short helping hand.

Thursday, January 10, 2013

Q and A January 2013 (1)

1. ကျွန်တော့်ရဲ့လက်မက လက်သည်းပိုးစားတာ ထင်တယ်။
2. အမြဲတမ်း နှာစေးနေတာကို ဘယ်လိုကုမှ သက်သာနိုင်မလဲ ဆရာ။
3. ကျွန်တော့်နာမည်က (့) ပါ။
4. ဆရာရှင့် ကျွန်မ အသက် ၃၈ ရှိပါပြီ။
5. ဆေးသောက်နေတဲ့သူက အသက်(၂၇)နှစ်၊ အမျိုးသားပါ။
6. သမီးက အခု အသက် (၂၆) နှစ်ထဲမှာပါ။
7. ဦး (့) က (့) မှာနေပါတယ်။
8. အခုတလော ရင်ခေါင်း (ရင်ညွန့်အောက်) အရမ်းပူနေလို့
9. ဆရာရှင့် တတိတတိနဲ့တော့ဖြစ်နေပါပြီ။ ခွင့်လွတ်ပါ။
10. ကျမရောဂါအကြောင်း ဆရာသိပြီးဖြစ်နေမယ်လို့ မျော်လင့်ပါတယ်။
11. အမည် (့)၊ အသက် ၂၁ နှစ် နေရပ်လိပ်စာ ပျင်းမနား အိမ်ထောင် ရှိ။
12. သမီးရဲ့သားလေးက အခု 47 ရက် တစ်လခွဲကျော်ပါပြီ။
13. ဆရာ ဆီးချိုနဲ့ မျက်စိအကြောင်းရေးထားတာရှိပါသလားဆရာ။
14. ဆရာ သမီး (့)ပါ။ သမီး gmail account က lock ကျသွားလို့

Wed, Jan 9, 2013 at 10:21 PM
ကျွန်တော့်ရဲ့လက်မက လက်သည်းပိုးစားတာ ထင်တယ်။ လက်သည်းက အသားနဲ့ ပြန်မကပ်တော့ဘူး။ လက်သည်းရှည်လာပြီဆိုရင် အခေါင်းကြီးဖြစ်သွားတယ်။ အသားနဲ့ကပ်နေတဲ့ လက်သည်းကလည်း ရေကြာကြာထိရင် ပွလာတယ်။ ၈ နှစ်လောက် ရှိပါပြီ။ ဖြစ်စတုန်းက တခြားလက်သည်းတွေကိုကူးတယ်။ အကူးခံရတဲ့ လက်သည်းတွေက နောက်တော့မူလအတိုင်း ပြန်ကောင်း သွားတယ်။ စဖြစ်တဲ့လက်မကတော့ မပျောက်ဘူး။ ဒီအတိုင်းနေလာတာ ၈ နှစ် ရှိပါပြီ။ အခုပြန်ဖြစ်လာပြန်ပြီဒေါက်တာ။ လက်ညိုး ၁ ချောင်းကထပ် ဖြစ် လာပြန်ပြီ။ အဲ့ဒါဘယ်လိုကုရမလဲ ဒေါက်တာ။ နောက်ဆက်မဖြစ်အောင်လည်း ဘယ်လိုကာကွယ်ရမလဲဆိုတာ ဆေးခန်း ပြသင့်တယ်ဆိုလည်း သွားပြပါမယ်။ နောက်ထပ်ဖြစ်မှာ အရမ်းစိုးရိမ် နေတယ်။

Nail fungal infection လက်သည်းမှို

Thu, Jan 10, 2013 at 3:32 PM
အမြဲတမ်း နှာစေးနေတာကို ဘယ်လိုကုမှ သက်သာနိုင်မလဲ ဆရာ။ အမြဲတမ်းနှာစေးနေတော့ ညညဆိုရင် ကောင်းကောင်းအိပ်လို့မရပါဘူး။

Common Cold in children ကလေးတွေ အအေးမိရင်

Thu, Jan 10, 2013 at 6:47 PM
ကျွန်တော့်နာမည်က (့) ပါ။ အသက်ကတော့ (၁၈)နှစ်ပါ။ ကျွန်တော်ကအသားညိုပြီးတော့ မွဲခြောက်ခြောက်ဖြစ်နေတယ်ဆရာ။ အဓိကမေးချင်တာက ကျွန်တော့်အသားအရေ နဲနဲဖြူလာပြီး ဝင်းဝင်းလေးဖြစ်ချင်ပါတယ်ဆရာ။ ဘယ်လိုအစားအစာတွေကိုစားသင့်ပြီး။ ဘယ်လိုဂရုစိုက်သင့်တယ်။ ဘယ်လိုဆေးဝါးတွေ သုံးသင့်တယ်ဆိုတာကို ပြောပြပေးစေချင်ပါတယ်ဆရာ။

မွေးရာပါ အသားအရကို တမင်ပြောင်းအောင်လုပ်ဘို့ မသင့်ပါ။ ကျန်းမာသန့်ပြန့်နေဘို့က ဖြူတာထက်ပိုကောင်းပါတယ်။ ဆေးကြော်ညာတွေတွေ့လဲ လွယ်လွယ်နဲ့ မယုံပါနဲ့။
• Skin Hazards အရေပြားကို ဒုက္ခပေးတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-hazards.html
• Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ http://dts-medicaleducation.blogspot.com/2012/01/skin-pigmentation.html
• Skin Pressure Sore အရေထူတိုင်း မကောင်းပါ http://dts-medicaleducation.blogspot.com/2011/02/skin-pressure-sore.html
• Skin Problems အရေပြားမှာ အဖြစ်များတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-problems.html

Fri, Jan 11, 2013 at 8:52 AM
ဆရာရှင့် ကျွန်မ အသက် ၃၈ ရှိပါပြီ။ ဖြစ်နေတာက အရင်က ဝမ်းမချူပ်ပါ၊ ပုံမှန်ဝမ်းသွားပါတယ်။ အခုနောက်ပိုင်း ဝမ်းချူပ်လာပါတယ်။ ရေသောက်နည်းလို့လားလို့ရေကိုလည်းသတိထားပြီးတစ်နေ့တော့ ရေသန့်တစ်လုံး ကုန်အောင် သောက်ပါတယ်။ အသီးအရွက်ကတော့ အိမ်မှာချက်တဲ့ပာင်းရည်၊ အရွက်ကြော် အကုန်စားပါတယ်။ ရာသီပေါ် အသီးအနှံလည်း အထိုက်အလျောက် စားပါတယ်။ ကိုယ်လက်လှုပ်ရှားအနေနဲ့ က လမ်းလျှောက်ပါတယ်။ ဝမ်းက ချုပ်တာပါပဲ။ အခုတော့ MOM ကို အစာစားပြီး ၂ လုံးသောက်သောက်နေတာ အဆင်ပြေပါတယ်။ သိချင်တာက အဲလိုရေရှည်ဆွဲသောက်လို့ရပါသလား၊၊ ဆေးမသောက်ပဲ သဘာဝအတိုင်းသွားအောင် ဘယ်လိုလုပ်ရပါမလဲ။ အဲလို ဝမ်းချုပ်တာ ဘာကြောင့်ဖြစ်တာပါလဲ၊၊

• Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ (၃) http://dts-medicaleducation.blogspot.com/2011/11/constipation.html

Fri, Jan 11, 2013 at 1:58 PM
ဆေးသောက်နေတဲ့သူက အသက်(၂၇)နှစ်၊ အမျိုးသားပါ။ လွန်ခဲ့တဲ့ ၁ လခွဲလောက်က ခေါင်းထဲမှာ ခဏခဏ ကျင်တဲ့ရောဂါ ဖြစ်လာလို့ပါ။ ဒါကြောင့် ဆရာဝန်က Oxetol နဲ့ Betex ကို တွဲသောက်ခိုင်းပါတယ်။ အခုခေါင်းက မကျင်တော့ပါဘူး။ ဒါပေမယ့် တခါတလေ စိတ်ရှုပ်ထွေးတဲ့အခါမျိုးမှာ စိတ်ကို ဘယ်လိုမှထိန်းချုပ်လို့မရပါဘူး။ ဒါကြောင့် oxetol ကို ဖြတ်သင့်လားသိချင်ပါတယ်။ ဆက်လက်ပြီးဖြေပေးပါဦးရှင်။ အားကိုးပါတယ် ဆရာ။

ဆေးကိုညွှန်တဲ့ဆရာဝန်ကို မေးတာက ပိုကောင်းမယ်ထင်ပါတယ်။ ဆရာကတော့ ဆေးအကြောင်းသာ ပြောနိုင်တယ်။ ဘာလို့ပေးရသလဲ၊ ဆေးကနေ သက်သာစေသလား၊ ဆေးရပ်ရင် ဘေးထွက်-ဆိုးကျိုးထက် ဆိုးတာဖြစ်မလား ချိန်ဆပါ။

Fri, Jan 11, 2013 at 2:50 PM
သမီးက အခု အသက် (၂၆) နှစ်ထဲမှာပါ။ သမီးအခု CEVIT ကို မနက် (၁)လုံး၊ နေ့လည် (၁)လုံးနဲ့ ညဆိုရင် (၂) လုံး သောက်ပါတယ်။ ဘာလို့လည်းဆိုတော့ သမီးသူငယ်ချင်းတယောက်က CEVIT ကို တနေ့ကို ၄ လုံး (သို့) ၅ လုံး သောက်တာ ကိုယ်အလေးချိန် ကျတယ်ပြောပါတယ်။ တကယ်လည်း ကျသွားပါတယ်။ သမီးက အခုဆိုရင် ဝနေပါတယ်။ ပြီးတော့ ညစာကိုလည်း ကျောင်းကပြန်ရောက်တဲ့အချိန် ည (၉)နာရီလောက်မှ စားဖြစ်တယ်၊ အဲဒါကြောင့် ကိုယ်အလေးချိန် ထပ်တက်မှာစိုးတာကြောင့် သမီးလည်း CEVIT ကို တနေ့ (၄) လုံးသောက်တာ အခုဆို တစ်ဗူး ကုန်တော့မယ်။ သမီးသိချင်တာက CEVIT ကို တနေ့ အဲလောက်များများသောက်ရင် ဆိုးကျိုးဖြစ်လာနိုင်မလား နှင့် တနေ့ကို ဘယ်လောက်အများဆုံး သောက်သင့်လည်း၊ ဆိုတာသိပါရစေ ဆရာ။

Cevit ဆိုတာ ဗီတာမင် (စီ) ကို မြန်မာပြည်ကနေထုတ်တာဖြစ်ပါမယ်။ နိုင်ငံအများစုမှာ ဗီတာမင် (စီ) က ၁ဝဝ မီလီဂရမ် နဲ့ ၅ဝဝ မီလီဂရမ် ဆိုပြီး ထုတ်လေ့ရှိတယ်။
ကိုယ်အလေးချိန်ကျစေဘို့ သုံးရတယ်လို့တော့ ဆေးပညာစာတွေ၊ သုတေသနတွေကမဆိုပါ။ ဗီတာမင်တွေထဲမှာ သောက်တာများသွားလို့ စိုးရိမ်စရာမလိုတာက ဗီတာမင် (စီ) တခုတည်းသာရှိတယ်။ အလေးချိန်ချနည်းစာ တပုဒ်ပို့လိုက်ပါတယ်။
Weight loss ပိန်ချင်သလား

Fri, Jan 11, 2013 at 4:23 PM
ဦး (့) က (့) မှာနေပါတယ်။ လိပ်ခေါင်းရောဂါဖြစ်နေတယ်လို့ စိတ်ထဲမှာသံသယဖြစ်နေလို့ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ မြန်မာငရုပ်သီးကြော်ကို သုံးလလောက် တစ်နေ့ တစ်ကြိမ်လောက် စားမိတယ်။ အခု ဦးဇင်းဖြစ်နေတာက အစာဟောင်းထွက်တဲ့နေရာက နဲနဲလေးထိုင်လိုက်တာနဲ့ နာလာတယ်။ နောက် ဝမ်းနှုတ်ဆေးစားတော့ အပူတွေသွားတာ များပါတယ်။ ဒါပေမဲ့လဲ မသက်သာပါဘူး။ အခုလိုဆက်တိုက်နာနေတာ ဆယ့်ခုနှစ်ရက်လောက်တော့ ရှိသွားပါပြီ။ ပူပြီးနာနေတာပါ။ အခုဒီနိုင်ငံမှာ ဆေးကလွယ်လွယ်မရလို့ ဆရာ့ဆီကို လှမ်းမေးတာပါ။ ဘာရောဂါ ဖြစ်နိုင်တယ်၊ ဘာတွေရှောင်ရမယ်၊ ဘယ်လိုဆေးမြီးတိုနဲ့ ကုသပျောက်ကင်းနိုင်တယ်ဆိုတာလေး ဖြေကြားပေးစေလိုပါတယ်။ အပြင်ထွက်တာ သွေးပါတာ လုံးဝမရှိသေးပါ။ ပူပြီးနာနေတာတစ်ခုပဲ ဖြစ်ပါတယ်။

Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Fri, Jan 11, 2013 at 4:37 PM
အခုတလော ရင်ခေါင်း (ရင်ညွန့်အောက်) အရမ်းပူနေလို့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါနော်။ အစာအိမ်အချဉ်ပေါက်တာမျိုးလည်းမခံစားရပါဘူး။ နာတာလည်းမရှိဘူး။ အစားသာက်ကလည်းအချိန်မှန်ပဲစားပါတယ်။ ဒါပေမဲ့ အစာစားပြီးရင် ၁ နာရီခွဲလောက်ဆိုစပြီးပူလာတယ်ဆရာ။တစ်ခါတစ်လေမီးနဲ့ကပ်ခံရသလို အတော်ပြင်းပြင်း ပူတတ်ပါတယ်။ ပူတိုင်းရေချည်းလိမ့်သောက်နေနေရလို့ ရေဘူးအမြဲဆောင်ထားရတယ်။ GALVICON ဆိုတဲ့ အစာအိမ်ဆေးကို ပူတိုင်းစားပေမဲ့ ခနပဲသက်သာပြီး ပြန်ပူလာတယ်ဆရာ။ ထမင်းစားရင်တော့ ၂ နာရီလောက်ခံတယ်။ အခြားအစာစားရင် ၁ နာရီအတွင်းပူတက်လာတယ်။ ဖြစ်နေတာ ၁ လလောက်တော့ရှိပါပြီ။ဒါပေမဲ့ ဖြစ်လိုက် ပျောက်လိုက်ပါ။ ဒီရက်ပိုင်းကတော့ အချိန်တိုင်းလိုဖြစ်လာတယ် ဆရာ။ အသက် ၃၃။ မ။အိမ်ထောင်မရှိ။

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

Fri, Jan 11, 2013 at 4:34 AM
ဆရာရှင့် တတိတတိနဲ့တော့ဖြစ်နေပါပြီ။ ခွင့်လွတ်ပါ။ ကျွန်မခေါင်းကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆပ်တဲ့နောက်တစ်ခုကို ပါထပ်ရေးချင်လို့ပါ။ ကျွန်မ ကုန်ခဲ့တဲ့ ၃ နှစ်နောက်ပိုင်းလောက်က လေးဖက်နာရောဂါဖြစ်လို့ ဂုဏ်ရည် လေးဖက်နာ ပျောက်ဆေးပြားကို တိုင်းရင်းဆေးရုံက ဆရာဝန်ညွန်ကြားချက်အတိုင်း ၂ နှစ်ကြာသောက်ခဲ့ရပါတယ်။ ခုလေးဖက်နာတော့ သက်သာသွားပေမယ့် လေနာရောဂါစွဲကပ်နေပါတယ်။ ကုန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ဘာမှစားမရအောင် အန်ပြီး အန်တိုင်း သွေးစလေးတွေပါတတ်လို့ ဒီနိုင်ငံက ဒေါက်တာတွေနဲ့ ကုသပြီးပါပြီ။ အစာအိမ်မှာ အနာမရှိဘူး။ သွေးထွက်တာက အန်တော့ လည်ချောင်းကထွက်တာလို့ပြောပါတယ်။ အစာအိမ်ထဲကို ပိုက်ထည့်ပြီးစစ်ပါတယ်။ အင်္ဂလိပ်ဆေးကို အတန်ကြာသောက်ပြီးနောက်ပိုင်း ရေရှည်စွဲသောက်နိုင်တဲ့ လေနာနဲ့ အစာစားပြီးတိုင်းသောက်တဲ့ မြန်မာတိုင်းရင်းဆေး ကောင်းကိုစွဲသောက်နေပါတယ်။ ဒါပေမယ့် အလုပ်တစ်ဖက်နဲ့ တစ်ခါတစ်ရံ အစာခံရမှုကြောင့် ခဏခဏ ဟေ့ဟေ့နဲ့ လေလုံးကြီးဆောင့်ဆောင့်တက်လာတာဖြစ်နေပါတယ်။ နည်းနည်းအဆာခံပြီဆိုတာနဲ့ အချဉ်ရည်တွေ ထွက်ပါတယ်။ မနက်တိုင်းလိုလို မျက်နှာသစ်တိုင်း အချဉ်ရည်တွေ အန်နေပါတယ်။ အထူးသဖြင့် အဆာတစ်ချက်ခံ မိတဲ့နေ့ဆို ပိုဆိုးပါတယ်။ အစာအိမ်မကောင်းရင် ဦခေါင်းခွံနဲ့ ဆံပင်ကိုလည်း အာဟာရကောင်းကောင်းမရလို့ ဆံပင်ကို အလွယ်တစ်ကူ ကျွတ်စေနိုင်တယ်လို့ သိရပါတယ်။ အဲဒါ ခုကျွန်မ ခေါင်းက တဆစ်ဆစ်နဲ့ တစ်ချက်တစ်ချက် နာတတ်တာနဲ့များ သက်ဆိုင်နေမလားလို့ ထပ်မံရေးသားတာပါရှင်။

အနာသက်သာဆေးနဲ့ လေနာက ဆက်စပ်နေတယ်။ မြန်မာဆေးဖြစ်စေ အနာသက်သာဆေးတွေပါနေမှာဘဲ။ စာ ၂ ပုဒ်ပို့လိုက်ပါတယ်။ ဆံပင်ကို ဂရုစိုက်နည်းစာတွေကိုလဲ ပို့ပါတယ်။
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html
• Hair Loss ဆံပင်ကြွတ်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hair-loss.html
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://dts-medicaleducation.blogspot.in/2012/03/hair-loss-in-women-treatments.html
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducation.blogspot.in/2012/03/hair-health.html

Mon, Jan 14, 2013 at 6:25 AM
ကျမရောဂါအကြောင်း ဆရာသိပြီးဖြစ်နေမယ်လို့ မျော်လင့်ပါတယ်။ ကျမ နှခေါင်းအလာဂျီရှိသူပါ။ ဘာဆေးသောက်သောက်မသက်သာလို့ ဆေးရုံသွားပြတော့ ခွဲရမယ်တဲ့ဆရာ။ တချို့ပြောတော့ ခွဲပြီးရင် ၆ လလောက်ဘာမှ လုပ်လို့မရဘူးလို့ ပြောကြတယ်။ အဲဒါမှန်ပါသလား။ ထမင်းဟင်းလဲချက်လို့မရဘူးတဲ့။ ပြီးတော့ ခေါင်းငုံ့လို့လဲမရဘူး။ အရမ်းရှောင်ရတယ်လို့ ပြောကြတယ်အဲဒါအမှန်ပဲလားဆရာ။ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးပါဆရာ။ ပြီးတော့ ကျမခွဲပြီးရင် မြန်မာပြည်ခဏပြန်ချင်လို့ အဲဒါ ခရီးရှည်ထွက်လို့ရလား။ ကျမက လေယာဉ်နဲ့ သက်တောင့်သက်သာပြန်လို့ မရဘူး။ အောက်လမ်းကနေပြန်ရမှာမို့ ပါ။

Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း

Sun, Jan 13, 2013 at 2:52 PM
အမည် (့)၊ အသက် ၂၁ နှစ် နေရပ်လိပ်စာ ပျင်းမနား အိမ်ထောင် ရှိ။ ဆရာတို့ field နဲ့တော့ သိပ်မဆိုင်ဘူး ထင်ပါတယ်။ ဒါပေမဲ့ဘယ်သူ့ကိုမေးရမယ်မှန်းမသိလို့ပါ။ ကျွန်တော့်ပြဿနာက အိမ်သာ ခဏခဏ တက်ချင်တဲ့ အကျင့်ကြီး ဖြစ်နေတာပါဆရာ။ ကျောင်းတက်နေဆဲလည်းဖြစ်တော့ စာသင်ချိန်တွေမှာ အိမ်သာ ထထသွားနေရတာ ရှက်လို့ပါဆရာ။ အဲဒါ ဆရာအကြံလေးများပေးနိင်မလားလိုပါ။ မနက်ခင်း မိုးလင်းတာနဲ့ ဝမ်းတခါတည်း အပြီးသွားအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။မရိုသေ့စကား ကျွန်တော့မှာ လိပ်ခေါင်းလည်း ရှိပါတယ်။ သေးသေးလေးအပြင်ကို ထွက်နေတာပါ။ ဝမ်းပျော့ဆေးတွေသောက်ရတာလည်း အဆင်ပြေပါဘူး။

၂ မျိုးဖြေရမယ်။ လိပ်ခေါင်းအတွက်စာတွေကို ပို့လိုက်ပါတယ်။ ဝမ်းဆိုတာ အကျင့်ဖြစ်တယ်။ လူတိုင်းကိုယ့်အက့်ျနဲ့ကိုယ် ဖြစ်လာကြတယ်။ ကလေးဘြဝမှာသာ စိတ်မဖွံ့ဖြိုးသေးတာနဲ့ အထိန်းတွေ အသန်မာသေးလို့။ လူကြီးတွေ အကျင့်ကို ကိုယ်တိုင်လုပ်ယူနိုင်ပါတယ်။ သူများထက် နဲနဲထူးနေသေးရင် ကိုယ့်စိတ်ကို ဖိစီးမှုနည်းစေအောင်လုပ်ပေးပါ။ ဆေးမလိုတတ်ပါ။ ရလာပါလိမ့်မယ်။ ငါ ရကိုရရမယ်လို့လဲ ယုံကြည်စိတ် ခိုင်မာပါစေ။
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

14-1-2013 Facebook
သမီးရဲ့သားလေးက အခု 47 ရက် တစ်လခွဲကျော်ပါပြီ။ ညဘက်ရော နေ့ဘက်ရော ကောင်းကောင်းမအိပ်ဘူး ဆရာ။ ဒါပေမယ့် သူ့ကြည့်ရတာတော့ အမြဲတမ်းလန်းလန်းဆန်းဆန်းနဲ့ပါ။ သူက လက်ပေါ်မှာဆိုရင် ကောင်းကောင်းအိပ်ပါတယ်။ အိပ်ယာပေါ် ချလိုက်တာနဲ့တန်းနိုးပြီး ငိုတော့တာပဲ။ လူကြီးတွေပြောတာတော့ လက်ကြိုက်နေတာလို့ပြောပါတယ်။ ညဘက်ဆိုလည်း ချီခိုင်းပါတယ်။ ညတိုင်းဆိုတော့ သမီးလည်း ဒဏ်မခံနိုင်တော့ပါဘူး။ နေ့လည်ဘက်လည်း သူနဲ့အတူတူ ရောအိပ်ဖို့က သူမှလက်ပေါ်က ချလို့မရ။ အဲဒါ ဘယ်လို လုပ်ပေးရင်ရမလဲ။ နေ့လည်ဘက် ကောင်းကောင်း မအိပ်ရင်တောင် ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်စေချင်ပါတယ်။ အခုက 1 နာရီခွဲ တစ်ခါနိုးလာပြီး ချီခိုင်းနေတာပါ။ နို့ဆာတာ လေအောင့်တာလည်း မဟုတ်ပါဘူး။ လက်ထဲရောက်တာနဲ့ပြန်မှိန်းပြီး အိပ်ပါတယ်။ ပြန်ချလိုက်ရင် နိုးလာပြီးငိုပြန်ရော ကြာတော့ သမီးလည်းအရိုးပဲကျန်တော့တယ်။ နောက်တစ်ခုက သူက လေချပေးရင် လေက တန်းမကျပါဘူး။ ဆေးကတော့ Air-X dropsပါ 0.3 ml ကို တစ်နေ့3 ခါတိုက်ပေးပါတယ်။ နို့တိုက်ပြီးရင် ပြန်အန်တတ်ပါတယ်။ လေကျရင်လည်း အန်ပါတယ်။ အန်ပြီးတိုင်း နို့တောင်းပါတယ်။ စို့လိုက် အန်လိုက်ဖြစ်နေတာပါ။ ဆီး ဝမ်း လေ အကုန်ကောင်းပါတယ်။ မအိပ်တာနဲ့ပြန်အန်တာကို ဘယ်လို လုပ်ပေးရမလဲဆိုတာ သိချင်ပါတယ်ရှင့်။ သားလေးက သူနဲ့ရွယ်တူ ကလေးတွေနဲ့ယှဉ်ရင် တော်တော်ဝပါတယ်။ အအေးလည်း မမိပါဘူး ဆရာ။ အအေးမိရင်လည်း အန်တတ်တယ်လို့ပြောလို့ပါ။ သမီး ကလေးကို ဘာဆေးတိုက်သင့်ပါသလဲ။ ဆေးပြောင်းရမလား။ air x တိုက်ပြီးရင် ကလေးတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်တယ်တဲ့ သူကတော့ အဲလိုမဟုတ်ပါဘူး။ သူနဲ့တော့ ဆေးကတည့်ပါတယ်။

ဒီမေးခွန်း မရောက်ဘူးထင်တယ်။ ကလေးတွေက အဲလိုဘဲ။ မစိုးရိမ်ပါနဲ့။ ဆေးမတိုက်ဘဲ ကြိုးစားပါ။ အန်တာများရင်တော့ ဆေးတိုက်နိုင်တယ်။ ကလေးအတွက် အအန်သက်သာဆေး သပ်သပ်ရှိတယ်။ ကလေးက ဘယ်မှာ နေလဲတော့ မသိဘူးပေါ့။ ဒီမေးခွန်း မရောက်ဘူးထင်တယ်။ ကလေးတွေက အဲလိုဘဲ။ မစိုးရိမ်ပါနဲ့။ ဆေးမတိုက်ဘဲ ကြိုးစားပါ။ အန်တာ များရင်တော့ ဆေးတိုက်နိုင်တယ်။ ကလေးအတွက် အအန်သက်သာဆေး သပ်သပ်ရှိတယ်။ ကလေးက ဘယ်မှာ နေလဲတော့ မသိဘူးပေါ့။

သမီးတို့က မန္တလေးကပါ ဆရာ။ baby centerက sleep trainingတော့ ဖတ်ကြည့်ပြီးပါပြီ သူ ရေးထားတာတွေက လုပ်ပေးလို့မရလို့ပါ။

Metoclopramide hydrochloride ဆေးကို ဂျာမန်ကနေ Paspertin နာမည်နဲ့လာတယ်။ အန်တာသက်သာဆေး ကလေးတွေအတွက်။

Mon, Jan 14, 2013 at 2:03 PM
ဆရာ ဆီးချိုနဲ့ မျက်စိအကြောင်းရေးထားတာရှိပါသလားဆရာ။ရှိရင်ပို့ပေးပါဦး။

Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ

Mon, Jan 14, 2013 at 11:28 AM
ဆရာ သမီး (့)ပါ။ သမီး gmail account က lock ကျသွားလို့အစ်မဟာကို ယူသုံးနေတာမိုလို့ သိပ်ပြီးအဆင်မပြေပါဘူး။ ဆရာရဲ့ facebook account နာမည်လေး ပြောပေးပါလား ကျေးဇူးပြုပြီး။ သမီးရဲ့သားလေးနဲ့ပတ်သက်ပြီး မေးစရာတွေရှိလို့ပါ။

- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/
- http://facebook.com/tint.swe.dr

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...