ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Thursday, January 10, 2013

Q and A January 2013 (1)

1. ကျွန်တော့်ရဲ့လက်မက လက်သည်းပိုးစားတာ ထင်တယ်။
2. အမြဲတမ်း နှာစေးနေတာကို ဘယ်လိုကုမှ သက်သာနိုင်မလဲ ဆရာ။
3. ကျွန်တော့်နာမည်က (့) ပါ။
4. ဆရာရှင့် ကျွန်မ အသက် ၃၈ ရှိပါပြီ။
5. ဆေးသောက်နေတဲ့သူက အသက်(၂၇)နှစ်၊ အမျိုးသားပါ။
6. သမီးက အခု အသက် (၂၆) နှစ်ထဲမှာပါ။
7. ဦး (့) က (့) မှာနေပါတယ်။
8. အခုတလော ရင်ခေါင်း (ရင်ညွန့်အောက်) အရမ်းပူနေလို့
9. ဆရာရှင့် တတိတတိနဲ့တော့ဖြစ်နေပါပြီ။ ခွင့်လွတ်ပါ။
10. ကျမရောဂါအကြောင်း ဆရာသိပြီးဖြစ်နေမယ်လို့ မျော်လင့်ပါတယ်။
11. အမည် (့)၊ အသက် ၂၁ နှစ် နေရပ်လိပ်စာ ပျင်းမနား အိမ်ထောင် ရှိ။
12. သမီးရဲ့သားလေးက အခု 47 ရက် တစ်လခွဲကျော်ပါပြီ။
13. ဆရာ ဆီးချိုနဲ့ မျက်စိအကြောင်းရေးထားတာရှိပါသလားဆရာ။
14. ဆရာ သမီး (့)ပါ။ သမီး gmail account က lock ကျသွားလို့

Wed, Jan 9, 2013 at 10:21 PM
ကျွန်တော့်ရဲ့လက်မက လက်သည်းပိုးစားတာ ထင်တယ်။ လက်သည်းက အသားနဲ့ ပြန်မကပ်တော့ဘူး။ လက်သည်းရှည်လာပြီဆိုရင် အခေါင်းကြီးဖြစ်သွားတယ်။ အသားနဲ့ကပ်နေတဲ့ လက်သည်းကလည်း ရေကြာကြာထိရင် ပွလာတယ်။ ၈ နှစ်လောက် ရှိပါပြီ။ ဖြစ်စတုန်းက တခြားလက်သည်းတွေကိုကူးတယ်။ အကူးခံရတဲ့ လက်သည်းတွေက နောက်တော့မူလအတိုင်း ပြန်ကောင်း သွားတယ်။ စဖြစ်တဲ့လက်မကတော့ မပျောက်ဘူး။ ဒီအတိုင်းနေလာတာ ၈ နှစ် ရှိပါပြီ။ အခုပြန်ဖြစ်လာပြန်ပြီဒေါက်တာ။ လက်ညိုး ၁ ချောင်းကထပ် ဖြစ် လာပြန်ပြီ။ အဲ့ဒါဘယ်လိုကုရမလဲ ဒေါက်တာ။ နောက်ဆက်မဖြစ်အောင်လည်း ဘယ်လိုကာကွယ်ရမလဲဆိုတာ ဆေးခန်း ပြသင့်တယ်ဆိုလည်း သွားပြပါမယ်။ နောက်ထပ်ဖြစ်မှာ အရမ်းစိုးရိမ် နေတယ်။

Nail fungal infection လက်သည်းမှို

Thu, Jan 10, 2013 at 3:32 PM
အမြဲတမ်း နှာစေးနေတာကို ဘယ်လိုကုမှ သက်သာနိုင်မလဲ ဆရာ။ အမြဲတမ်းနှာစေးနေတော့ ညညဆိုရင် ကောင်းကောင်းအိပ်လို့မရပါဘူး။

Common Cold in children ကလေးတွေ အအေးမိရင်

Thu, Jan 10, 2013 at 6:47 PM
ကျွန်တော့်နာမည်က (့) ပါ။ အသက်ကတော့ (၁၈)နှစ်ပါ။ ကျွန်တော်ကအသားညိုပြီးတော့ မွဲခြောက်ခြောက်ဖြစ်နေတယ်ဆရာ။ အဓိကမေးချင်တာက ကျွန်တော့်အသားအရေ နဲနဲဖြူလာပြီး ဝင်းဝင်းလေးဖြစ်ချင်ပါတယ်ဆရာ။ ဘယ်လိုအစားအစာတွေကိုစားသင့်ပြီး။ ဘယ်လိုဂရုစိုက်သင့်တယ်။ ဘယ်လိုဆေးဝါးတွေ သုံးသင့်တယ်ဆိုတာကို ပြောပြပေးစေချင်ပါတယ်ဆရာ။

မွေးရာပါ အသားအရကို တမင်ပြောင်းအောင်လုပ်ဘို့ မသင့်ပါ။ ကျန်းမာသန့်ပြန့်နေဘို့က ဖြူတာထက်ပိုကောင်းပါတယ်။ ဆေးကြော်ညာတွေတွေ့လဲ လွယ်လွယ်နဲ့ မယုံပါနဲ့။
• Skin Hazards အရေပြားကို ဒုက္ခပေးတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-hazards.html
• Skin Pigmentation မျက်နှာ မဲတာ ဘာလုပ်နိုင်သလဲ http://dts-medicaleducation.blogspot.com/2012/01/skin-pigmentation.html
• Skin Pressure Sore အရေထူတိုင်း မကောင်းပါ http://dts-medicaleducation.blogspot.com/2011/02/skin-pressure-sore.html
• Skin Problems အရေပြားမှာ အဖြစ်များတာတွေ http://dts-medicaleducation.blogspot.in/2012/03/skin-problems.html

Fri, Jan 11, 2013 at 8:52 AM
ဆရာရှင့် ကျွန်မ အသက် ၃၈ ရှိပါပြီ။ ဖြစ်နေတာက အရင်က ဝမ်းမချူပ်ပါ၊ ပုံမှန်ဝမ်းသွားပါတယ်။ အခုနောက်ပိုင်း ဝမ်းချူပ်လာပါတယ်။ ရေသောက်နည်းလို့လားလို့ရေကိုလည်းသတိထားပြီးတစ်နေ့တော့ ရေသန့်တစ်လုံး ကုန်အောင် သောက်ပါတယ်။ အသီးအရွက်ကတော့ အိမ်မှာချက်တဲ့ပာင်းရည်၊ အရွက်ကြော် အကုန်စားပါတယ်။ ရာသီပေါ် အသီးအနှံလည်း အထိုက်အလျောက် စားပါတယ်။ ကိုယ်လက်လှုပ်ရှားအနေနဲ့ က လမ်းလျှောက်ပါတယ်။ ဝမ်းက ချုပ်တာပါပဲ။ အခုတော့ MOM ကို အစာစားပြီး ၂ လုံးသောက်သောက်နေတာ အဆင်ပြေပါတယ်။ သိချင်တာက အဲလိုရေရှည်ဆွဲသောက်လို့ရပါသလား၊၊ ဆေးမသောက်ပဲ သဘာဝအတိုင်းသွားအောင် ဘယ်လိုလုပ်ရပါမလဲ။ အဲလို ဝမ်းချုပ်တာ ဘာကြောင့်ဖြစ်တာပါလဲ၊၊

• Constipation ဝမ်းတလုံးကောင်း ခေါင်းမခဲ (၃) http://dts-medicaleducation.blogspot.com/2011/11/constipation.html

Fri, Jan 11, 2013 at 1:58 PM
ဆေးသောက်နေတဲ့သူက အသက်(၂၇)နှစ်၊ အမျိုးသားပါ။ လွန်ခဲ့တဲ့ ၁ လခွဲလောက်က ခေါင်းထဲမှာ ခဏခဏ ကျင်တဲ့ရောဂါ ဖြစ်လာလို့ပါ။ ဒါကြောင့် ဆရာဝန်က Oxetol နဲ့ Betex ကို တွဲသောက်ခိုင်းပါတယ်။ အခုခေါင်းက မကျင်တော့ပါဘူး။ ဒါပေမယ့် တခါတလေ စိတ်ရှုပ်ထွေးတဲ့အခါမျိုးမှာ စိတ်ကို ဘယ်လိုမှထိန်းချုပ်လို့မရပါဘူး။ ဒါကြောင့် oxetol ကို ဖြတ်သင့်လားသိချင်ပါတယ်။ ဆက်လက်ပြီးဖြေပေးပါဦးရှင်။ အားကိုးပါတယ် ဆရာ။

ဆေးကိုညွှန်တဲ့ဆရာဝန်ကို မေးတာက ပိုကောင်းမယ်ထင်ပါတယ်။ ဆရာကတော့ ဆေးအကြောင်းသာ ပြောနိုင်တယ်။ ဘာလို့ပေးရသလဲ၊ ဆေးကနေ သက်သာစေသလား၊ ဆေးရပ်ရင် ဘေးထွက်-ဆိုးကျိုးထက် ဆိုးတာဖြစ်မလား ချိန်ဆပါ။

Fri, Jan 11, 2013 at 2:50 PM
သမီးက အခု အသက် (၂၆) နှစ်ထဲမှာပါ။ သမီးအခု CEVIT ကို မနက် (၁)လုံး၊ နေ့လည် (၁)လုံးနဲ့ ညဆိုရင် (၂) လုံး သောက်ပါတယ်။ ဘာလို့လည်းဆိုတော့ သမီးသူငယ်ချင်းတယောက်က CEVIT ကို တနေ့ကို ၄ လုံး (သို့) ၅ လုံး သောက်တာ ကိုယ်အလေးချိန် ကျတယ်ပြောပါတယ်။ တကယ်လည်း ကျသွားပါတယ်။ သမီးက အခုဆိုရင် ဝနေပါတယ်။ ပြီးတော့ ညစာကိုလည်း ကျောင်းကပြန်ရောက်တဲ့အချိန် ည (၉)နာရီလောက်မှ စားဖြစ်တယ်၊ အဲဒါကြောင့် ကိုယ်အလေးချိန် ထပ်တက်မှာစိုးတာကြောင့် သမီးလည်း CEVIT ကို တနေ့ (၄) လုံးသောက်တာ အခုဆို တစ်ဗူး ကုန်တော့မယ်။ သမီးသိချင်တာက CEVIT ကို တနေ့ အဲလောက်များများသောက်ရင် ဆိုးကျိုးဖြစ်လာနိုင်မလား နှင့် တနေ့ကို ဘယ်လောက်အများဆုံး သောက်သင့်လည်း၊ ဆိုတာသိပါရစေ ဆရာ။

Cevit ဆိုတာ ဗီတာမင် (စီ) ကို မြန်မာပြည်ကနေထုတ်တာဖြစ်ပါမယ်။ နိုင်ငံအများစုမှာ ဗီတာမင် (စီ) က ၁ဝဝ မီလီဂရမ် နဲ့ ၅ဝဝ မီလီဂရမ် ဆိုပြီး ထုတ်လေ့ရှိတယ်။
ကိုယ်အလေးချိန်ကျစေဘို့ သုံးရတယ်လို့တော့ ဆေးပညာစာတွေ၊ သုတေသနတွေကမဆိုပါ။ ဗီတာမင်တွေထဲမှာ သောက်တာများသွားလို့ စိုးရိမ်စရာမလိုတာက ဗီတာမင် (စီ) တခုတည်းသာရှိတယ်။ အလေးချိန်ချနည်းစာ တပုဒ်ပို့လိုက်ပါတယ်။
Weight loss ပိန်ချင်သလား

Fri, Jan 11, 2013 at 4:23 PM
ဦး (့) က (့) မှာနေပါတယ်။ လိပ်ခေါင်းရောဂါဖြစ်နေတယ်လို့ စိတ်ထဲမှာသံသယဖြစ်နေလို့ ရေးလိုက်ရခြင်း ဖြစ်ပါတယ်။ မြန်မာငရုပ်သီးကြော်ကို သုံးလလောက် တစ်နေ့ တစ်ကြိမ်လောက် စားမိတယ်။ အခု ဦးဇင်းဖြစ်နေတာက အစာဟောင်းထွက်တဲ့နေရာက နဲနဲလေးထိုင်လိုက်တာနဲ့ နာလာတယ်။ နောက် ဝမ်းနှုတ်ဆေးစားတော့ အပူတွေသွားတာ များပါတယ်။ ဒါပေမဲ့လဲ မသက်သာပါဘူး။ အခုလိုဆက်တိုက်နာနေတာ ဆယ့်ခုနှစ်ရက်လောက်တော့ ရှိသွားပါပြီ။ ပူပြီးနာနေတာပါ။ အခုဒီနိုင်ငံမှာ ဆေးကလွယ်လွယ်မရလို့ ဆရာ့ဆီကို လှမ်းမေးတာပါ။ ဘာရောဂါ ဖြစ်နိုင်တယ်၊ ဘာတွေရှောင်ရမယ်၊ ဘယ်လိုဆေးမြီးတိုနဲ့ ကုသပျောက်ကင်းနိုင်တယ်ဆိုတာလေး ဖြေကြားပေးစေလိုပါတယ်။ အပြင်ထွက်တာ သွေးပါတာ လုံးဝမရှိသေးပါ။ ပူပြီးနာနေတာတစ်ခုပဲ ဖြစ်ပါတယ်။

Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Fri, Jan 11, 2013 at 4:37 PM
အခုတလော ရင်ခေါင်း (ရင်ညွန့်အောက်) အရမ်းပူနေလို့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါနော်။ အစာအိမ်အချဉ်ပေါက်တာမျိုးလည်းမခံစားရပါဘူး။ နာတာလည်းမရှိဘူး။ အစားသာက်ကလည်းအချိန်မှန်ပဲစားပါတယ်။ ဒါပေမဲ့ အစာစားပြီးရင် ၁ နာရီခွဲလောက်ဆိုစပြီးပူလာတယ်ဆရာ။တစ်ခါတစ်လေမီးနဲ့ကပ်ခံရသလို အတော်ပြင်းပြင်း ပူတတ်ပါတယ်။ ပူတိုင်းရေချည်းလိမ့်သောက်နေနေရလို့ ရေဘူးအမြဲဆောင်ထားရတယ်။ GALVICON ဆိုတဲ့ အစာအိမ်ဆေးကို ပူတိုင်းစားပေမဲ့ ခနပဲသက်သာပြီး ပြန်ပူလာတယ်ဆရာ။ ထမင်းစားရင်တော့ ၂ နာရီလောက်ခံတယ်။ အခြားအစာစားရင် ၁ နာရီအတွင်းပူတက်လာတယ်။ ဖြစ်နေတာ ၁ လလောက်တော့ရှိပါပြီ။ဒါပေမဲ့ ဖြစ်လိုက် ပျောက်လိုက်ပါ။ ဒီရက်ပိုင်းကတော့ အချိန်တိုင်းလိုဖြစ်လာတယ် ဆရာ။ အသက် ၃၃။ မ။အိမ်ထောင်မရှိ။

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

Fri, Jan 11, 2013 at 4:34 AM
ဆရာရှင့် တတိတတိနဲ့တော့ဖြစ်နေပါပြီ။ ခွင့်လွတ်ပါ။ ကျွန်မခေါင်းကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆပ်တဲ့နောက်တစ်ခုကို ပါထပ်ရေးချင်လို့ပါ။ ကျွန်မ ကုန်ခဲ့တဲ့ ၃ နှစ်နောက်ပိုင်းလောက်က လေးဖက်နာရောဂါဖြစ်လို့ ဂုဏ်ရည် လေးဖက်နာ ပျောက်ဆေးပြားကို တိုင်းရင်းဆေးရုံက ဆရာဝန်ညွန်ကြားချက်အတိုင်း ၂ နှစ်ကြာသောက်ခဲ့ရပါတယ်။ ခုလေးဖက်နာတော့ သက်သာသွားပေမယ့် လေနာရောဂါစွဲကပ်နေပါတယ်။ ကုန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ဘာမှစားမရအောင် အန်ပြီး အန်တိုင်း သွေးစလေးတွေပါတတ်လို့ ဒီနိုင်ငံက ဒေါက်တာတွေနဲ့ ကုသပြီးပါပြီ။ အစာအိမ်မှာ အနာမရှိဘူး။ သွေးထွက်တာက အန်တော့ လည်ချောင်းကထွက်တာလို့ပြောပါတယ်။ အစာအိမ်ထဲကို ပိုက်ထည့်ပြီးစစ်ပါတယ်။ အင်္ဂလိပ်ဆေးကို အတန်ကြာသောက်ပြီးနောက်ပိုင်း ရေရှည်စွဲသောက်နိုင်တဲ့ လေနာနဲ့ အစာစားပြီးတိုင်းသောက်တဲ့ မြန်မာတိုင်းရင်းဆေး ကောင်းကိုစွဲသောက်နေပါတယ်။ ဒါပေမယ့် အလုပ်တစ်ဖက်နဲ့ တစ်ခါတစ်ရံ အစာခံရမှုကြောင့် ခဏခဏ ဟေ့ဟေ့နဲ့ လေလုံးကြီးဆောင့်ဆောင့်တက်လာတာဖြစ်နေပါတယ်။ နည်းနည်းအဆာခံပြီဆိုတာနဲ့ အချဉ်ရည်တွေ ထွက်ပါတယ်။ မနက်တိုင်းလိုလို မျက်နှာသစ်တိုင်း အချဉ်ရည်တွေ အန်နေပါတယ်။ အထူးသဖြင့် အဆာတစ်ချက်ခံ မိတဲ့နေ့ဆို ပိုဆိုးပါတယ်။ အစာအိမ်မကောင်းရင် ဦခေါင်းခွံနဲ့ ဆံပင်ကိုလည်း အာဟာရကောင်းကောင်းမရလို့ ဆံပင်ကို အလွယ်တစ်ကူ ကျွတ်စေနိုင်တယ်လို့ သိရပါတယ်။ အဲဒါ ခုကျွန်မ ခေါင်းက တဆစ်ဆစ်နဲ့ တစ်ချက်တစ်ချက် နာတတ်တာနဲ့များ သက်ဆိုင်နေမလားလို့ ထပ်မံရေးသားတာပါရှင်။

အနာသက်သာဆေးနဲ့ လေနာက ဆက်စပ်နေတယ်။ မြန်မာဆေးဖြစ်စေ အနာသက်သာဆေးတွေပါနေမှာဘဲ။ စာ ၂ ပုဒ်ပို့လိုက်ပါတယ်။ ဆံပင်ကို ဂရုစိုက်နည်းစာတွေကိုလဲ ပို့ပါတယ်။
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html
• Hair Loss ဆံပင်ကြွတ်ခြင်း http://dts-medicaleducation.blogspot.com/2011/11/hair-loss.html
• Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ http://dts-medicaleducation.blogspot.in/2012/03/hair-loss-in-women-treatments.html
• Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ် http://dts-medicaleducation.blogspot.in/2012/03/hair-health.html

Mon, Jan 14, 2013 at 6:25 AM
ကျမရောဂါအကြောင်း ဆရာသိပြီးဖြစ်နေမယ်လို့ မျော်လင့်ပါတယ်။ ကျမ နှခေါင်းအလာဂျီရှိသူပါ။ ဘာဆေးသောက်သောက်မသက်သာလို့ ဆေးရုံသွားပြတော့ ခွဲရမယ်တဲ့ဆရာ။ တချို့ပြောတော့ ခွဲပြီးရင် ၆ လလောက်ဘာမှ လုပ်လို့မရဘူးလို့ ပြောကြတယ်။ အဲဒါမှန်ပါသလား။ ထမင်းဟင်းလဲချက်လို့မရဘူးတဲ့။ ပြီးတော့ ခေါင်းငုံ့လို့လဲမရဘူး။ အရမ်းရှောင်ရတယ်လို့ ပြောကြတယ်အဲဒါအမှန်ပဲလားဆရာ။ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးပါဆရာ။ ပြီးတော့ ကျမခွဲပြီးရင် မြန်မာပြည်ခဏပြန်ချင်လို့ အဲဒါ ခရီးရှည်ထွက်လို့ရလား။ ကျမက လေယာဉ်နဲ့ သက်တောင့်သက်သာပြန်လို့ မရဘူး။ အောက်လမ်းကနေပြန်ရမှာမို့ ပါ။

Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း

Sun, Jan 13, 2013 at 2:52 PM
အမည် (့)၊ အသက် ၂၁ နှစ် နေရပ်လိပ်စာ ပျင်းမနား အိမ်ထောင် ရှိ။ ဆရာတို့ field နဲ့တော့ သိပ်မဆိုင်ဘူး ထင်ပါတယ်။ ဒါပေမဲ့ဘယ်သူ့ကိုမေးရမယ်မှန်းမသိလို့ပါ။ ကျွန်တော့်ပြဿနာက အိမ်သာ ခဏခဏ တက်ချင်တဲ့ အကျင့်ကြီး ဖြစ်နေတာပါဆရာ။ ကျောင်းတက်နေဆဲလည်းဖြစ်တော့ စာသင်ချိန်တွေမှာ အိမ်သာ ထထသွားနေရတာ ရှက်လို့ပါဆရာ။ အဲဒါ ဆရာအကြံလေးများပေးနိင်မလားလိုပါ။ မနက်ခင်း မိုးလင်းတာနဲ့ ဝမ်းတခါတည်း အပြီးသွားအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။မရိုသေ့စကား ကျွန်တော့မှာ လိပ်ခေါင်းလည်း ရှိပါတယ်။ သေးသေးလေးအပြင်ကို ထွက်နေတာပါ။ ဝမ်းပျော့ဆေးတွေသောက်ရတာလည်း အဆင်ပြေပါဘူး။

၂ မျိုးဖြေရမယ်။ လိပ်ခေါင်းအတွက်စာတွေကို ပို့လိုက်ပါတယ်။ ဝမ်းဆိုတာ အကျင့်ဖြစ်တယ်။ လူတိုင်းကိုယ့်အက့်ျနဲ့ကိုယ် ဖြစ်လာကြတယ်။ ကလေးဘြဝမှာသာ စိတ်မဖွံ့ဖြိုးသေးတာနဲ့ အထိန်းတွေ အသန်မာသေးလို့။ လူကြီးတွေ အကျင့်ကို ကိုယ်တိုင်လုပ်ယူနိုင်ပါတယ်။ သူများထက် နဲနဲထူးနေသေးရင် ကိုယ့်စိတ်ကို ဖိစီးမှုနည်းစေအောင်လုပ်ပေးပါ။ ဆေးမလိုတတ်ပါ။ ရလာပါလိမ့်မယ်။ ငါ ရကိုရရမယ်လို့လဲ ယုံကြည်စိတ် ခိုင်မာပါစေ။
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

14-1-2013 Facebook
သမီးရဲ့သားလေးက အခု 47 ရက် တစ်လခွဲကျော်ပါပြီ။ ညဘက်ရော နေ့ဘက်ရော ကောင်းကောင်းမအိပ်ဘူး ဆရာ။ ဒါပေမယ့် သူ့ကြည့်ရတာတော့ အမြဲတမ်းလန်းလန်းဆန်းဆန်းနဲ့ပါ။ သူက လက်ပေါ်မှာဆိုရင် ကောင်းကောင်းအိပ်ပါတယ်။ အိပ်ယာပေါ် ချလိုက်တာနဲ့တန်းနိုးပြီး ငိုတော့တာပဲ။ လူကြီးတွေပြောတာတော့ လက်ကြိုက်နေတာလို့ပြောပါတယ်။ ညဘက်ဆိုလည်း ချီခိုင်းပါတယ်။ ညတိုင်းဆိုတော့ သမီးလည်း ဒဏ်မခံနိုင်တော့ပါဘူး။ နေ့လည်ဘက်လည်း သူနဲ့အတူတူ ရောအိပ်ဖို့က သူမှလက်ပေါ်က ချလို့မရ။ အဲဒါ ဘယ်လို လုပ်ပေးရင်ရမလဲ။ နေ့လည်ဘက် ကောင်းကောင်း မအိပ်ရင်တောင် ညဘက်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်စေချင်ပါတယ်။ အခုက 1 နာရီခွဲ တစ်ခါနိုးလာပြီး ချီခိုင်းနေတာပါ။ နို့ဆာတာ လေအောင့်တာလည်း မဟုတ်ပါဘူး။ လက်ထဲရောက်တာနဲ့ပြန်မှိန်းပြီး အိပ်ပါတယ်။ ပြန်ချလိုက်ရင် နိုးလာပြီးငိုပြန်ရော ကြာတော့ သမီးလည်းအရိုးပဲကျန်တော့တယ်။ နောက်တစ်ခုက သူက လေချပေးရင် လေက တန်းမကျပါဘူး။ ဆေးကတော့ Air-X dropsပါ 0.3 ml ကို တစ်နေ့3 ခါတိုက်ပေးပါတယ်။ နို့တိုက်ပြီးရင် ပြန်အန်တတ်ပါတယ်။ လေကျရင်လည်း အန်ပါတယ်။ အန်ပြီးတိုင်း နို့တောင်းပါတယ်။ စို့လိုက် အန်လိုက်ဖြစ်နေတာပါ။ ဆီး ဝမ်း လေ အကုန်ကောင်းပါတယ်။ မအိပ်တာနဲ့ပြန်အန်တာကို ဘယ်လို လုပ်ပေးရမလဲဆိုတာ သိချင်ပါတယ်ရှင့်။ သားလေးက သူနဲ့ရွယ်တူ ကလေးတွေနဲ့ယှဉ်ရင် တော်တော်ဝပါတယ်။ အအေးလည်း မမိပါဘူး ဆရာ။ အအေးမိရင်လည်း အန်တတ်တယ်လို့ပြောလို့ပါ။ သမီး ကလေးကို ဘာဆေးတိုက်သင့်ပါသလဲ။ ဆေးပြောင်းရမလား။ air x တိုက်ပြီးရင် ကလေးတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်တယ်တဲ့ သူကတော့ အဲလိုမဟုတ်ပါဘူး။ သူနဲ့တော့ ဆေးကတည့်ပါတယ်။

ဒီမေးခွန်း မရောက်ဘူးထင်တယ်။ ကလေးတွေက အဲလိုဘဲ။ မစိုးရိမ်ပါနဲ့။ ဆေးမတိုက်ဘဲ ကြိုးစားပါ။ အန်တာများရင်တော့ ဆေးတိုက်နိုင်တယ်။ ကလေးအတွက် အအန်သက်သာဆေး သပ်သပ်ရှိတယ်။ ကလေးက ဘယ်မှာ နေလဲတော့ မသိဘူးပေါ့။ ဒီမေးခွန်း မရောက်ဘူးထင်တယ်။ ကလေးတွေက အဲလိုဘဲ။ မစိုးရိမ်ပါနဲ့။ ဆေးမတိုက်ဘဲ ကြိုးစားပါ။ အန်တာ များရင်တော့ ဆေးတိုက်နိုင်တယ်။ ကလေးအတွက် အအန်သက်သာဆေး သပ်သပ်ရှိတယ်။ ကလေးက ဘယ်မှာ နေလဲတော့ မသိဘူးပေါ့။

သမီးတို့က မန္တလေးကပါ ဆရာ။ baby centerက sleep trainingတော့ ဖတ်ကြည့်ပြီးပါပြီ သူ ရေးထားတာတွေက လုပ်ပေးလို့မရလို့ပါ။

Metoclopramide hydrochloride ဆေးကို ဂျာမန်ကနေ Paspertin နာမည်နဲ့လာတယ်။ အန်တာသက်သာဆေး ကလေးတွေအတွက်။

Mon, Jan 14, 2013 at 2:03 PM
ဆရာ ဆီးချိုနဲ့ မျက်စိအကြောင်းရေးထားတာရှိပါသလားဆရာ။ရှိရင်ပို့ပေးပါဦး။

Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ

Mon, Jan 14, 2013 at 11:28 AM
ဆရာ သမီး (့)ပါ။ သမီး gmail account က lock ကျသွားလို့အစ်မဟာကို ယူသုံးနေတာမိုလို့ သိပ်ပြီးအဆင်မပြေပါဘူး။ ဆရာရဲ့ facebook account နာမည်လေး ပြောပေးပါလား ကျေးဇူးပြုပြီး။ သမီးရဲ့သားလေးနဲ့ပတ်သက်ပြီး မေးစရာတွေရှိလို့ပါ။

- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/
- http://facebook.com/tint.swe.dr