ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Wednesday, January 23, 2013

Q and A January 2013 (3)

1. ဆရာ ကျွန်တော် ၁၂ နှစ်သားလောက်က အူကျလို့
2. Tomorrow my father and I'll go to Yangon
3. တီဘီရောဂါ ကာကွယ်ဆေးကို ဘယ်အသက်ရွယ်တွေနဲ့
4. ဆရာ မသိလို့မေးပါရစေ။
5. I am 28 years old married female
6. ဗိုက်အဆီကျအောင် သံပုရာရည်နှင့် ပရုတ်ဆီ တို့ကို
7. ဆရာခင်ဗျာ ကျွန်တော် အသက်က ၂၉ ပါ
8. ကျွန်တော် အခု (့) မှာပါ။
9. ကျနော့် စအိုရဲ့ ဘေးနားမှာအနာတခုပေါက်နေပါတယ်။
10. ကလေးမွေးပြီးကတည်းက အရေပြား ယားယံနေတာတော်တော်နဲ့မပျောက်ပါဘူး။
11. သမီး အမေ (၅ဝ နှစ်) ခြေမ နှင့် ခြေမအောက်ဘက် တစ်ဝိုက် အသားများ
12. သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး
13. သမီးအမျိုးသားက အဝေးရောက်နေတာပါ။
14. ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ
15. ယခုလဲဆရာဝန်နဲ့ X-RAY ရိုက်ပြီးစစ်ပြီးသွားပါပြီး။

Wed, Jan 23, 2013 at 7:11 PM
ဆရာ ကျွန်တော် ၁၂ နှစ်သားလောက်က အူကျလို့ ညာဖက်ခြမ်းခွဲထားရတယ်။ အခု ၂၄ နှစ်ရောက်တော့ တခါပြန်ကျလာတယ်။ ဘယ်လိုလုပ်ရင် ပျောက်သွားနိုင်မလဲ။

အူကျတာက ပြန်ဖြစ်တာလဲရှိတယ်။ ပြန်ခွဲရမှာဘဲ။ ဒီအရွယ်မှာ ကြွက်သားတွေ အားကောင်းပါသေးတယ်။ မစိုးရိမ်ပါနဲ့။ ခွဲစိတ်ဆရာဝန်က အသေအချာနည်းရွေးပြီးခွဲစိတ်ပါမယ်။ ကြွက်သားတွေအားမနည်းအောင်ဂရုစိုက်ပါ။ ခွဲပြီးကာစမှာလဲ ဂရုစိုက်ပါ။ ခွဲစိတ်အထူးကုဆီမှာသာခွဲပါ။ ပြန်ဖြစ်သူကိုခွဲတာက နည်းတမျိုးလုပ်ရပါတယ်။

Wed, Jan 23, 2013 at 4:33 PM
Tomorrow my father and I'll go to Yangon and see Dr (့). We 'll do his suggestion. We contact and ask madanta hospital near New Delhi. I'd like to know this hospital is better for treatment? Let me know the name of good 2-3 good hospitals there. I'll inform you after we meet Dr. (့). May I know U (့) address? We can meet him. We live in (့).

Medanta Hospital
Apollo Hospital
Sir Ganga Ram Hospital
If you have selected the hospital, the agent will make contact with local agents who are Burmese. I know most of them.

Wed, Jan 23, 2013 at 9:38 PM
တီဘီရောဂါ ကာကွယ်ဆေးကို ဘယ်အသက်ရွယ်တွေနဲ့ ဘယ်အချိန်မှာ ထိုးရလဲ မသိဘူး။ ပြီးတော့ အဲဒီ တီဘီရောဂါကာကွယ်ဆေးက ဘယ်လိုအကျိုးပြုတယ်ဆိုတာလေးကို တဆိတ်လောက် ရှင်းပြပေးပါ။

BCG ခေါ်တဲ့ တီဘီ ကာကွယ်ဆေးကို မွေးကာစကလေးတိုင်းကိုသာ ၁ ကြိမ်ထဲထိုးတော့တယ်။ ဒါတောင် နိုင်ငံတိုင်းမှာမဟုတ်ဘူး။

ကာကွယ်ဆေးတွေရဲ့ သဘောက ကိုယ်ထဲမှာ ရောဂါပိုးဝင်လာရင် ပြန်ပြီးခုခံကာကွယ်ပေးမဲ့ဓါတ် (အင်တီဘော်ဒီ) ဆိုတာကို ကိုယ့်ကနေ အလိုလိုထွက်လာစေအောင် ထိုးပေး-တိုက်ကြွေးပေးရတာမျိုးဖြစ်တယ်။ ဥပမာ BCG (ဘီစီဂျီ) ခေါ်တဲ့ TB (တီဘီ) ကာကွယ်ဆေးထိုးလိုက်ရင် (တီဘီ) ပိုးဝင်လာရင် ခံတိုက်ထုတ်မဲ့ Antibody (အင်တီဘော်ဒီ) ဓါတ်တွေ ကိုယ့်ခန္ဓာကိုယ်ကနေ ထုတ်လာစေအာင် ဆွပေးတယ်။ တဖြည်းဖြည်းနဲ့ အဲဒီဓါတ်တွေ ကိုယ်ထဲမှာ ပြည့်နေပြီဆိုရင် ရောဂါပိုးဝင်လာရင် တခါတည်းတိုက်ဖျက်ပြစ်လို့ ရောဂါမရစေတော့ဘူး။

BCG ကာကွယ်ဆေးဟာ တကယ်တော့ (တီဘီ) ပိုးကို အလွတ်မတန်အားနည်းသွားအောင် ဓါတ်ခွဲခန်းမှာ တမင်တကာ ဖန်တီးပေးထားတာမျိုး ဖြစ်တယ်။ (တီဘီ) ပိုးသတ္တိသဘောလေး ကျန်တယ်ဆိုယုံသာကျန်နေစေရတယ်။ ရောဂါပိုးသဘော ရှိနေတာမို့ ကိုယ်ထဲကနေ (အင်တီ) လုပ်တဲ့ ဆန့်ကျင်မံ့ဓါတ်ကို ထုတ်မှာဘဲ။ ရောဂါအထိတော့ မရစေဘူး။

ဒါတောင် ဆေးထိုးတဲ့ ဘယ်ဘက်ပခုံးမှာ ကွက်ကွက်ကလေး တီဘီရောဂါရသလိုသဘော အနာလေး ဖြစ်အုံးမယ်။ ဒါကြောင့် ကလေးက ကာကွယ်ဆေးထိုးပြီးတဲ့ ကိုယ်နဲနဲပူနိုင်တယ်။ (ပါရာစီတမော) အရည်ကို ကိုယ်အလေးချိန်နဲ့တွက်ပြီး တခါနှစ်ခါတိုက်တာနဲ့ ရတယ်။ Paracetamol ကို ၃ လအောက်ကလေးဆိုရင် 10mg/kg နဲ့ အသားဝါနေရင် 5mg/kg ပေးရတယ်။ ဆေးထိုးတဲ့နေရာမှာ ဖြစ်လာတဲ့အနာကိုလဲ သန့်ရှင်းပေးတာနဲ့ရတယ်။ အမာရွတ် ကျန်နေတာဟာ ဆေးအောင်တယ်လို့ ပြောနိုင်တယ်။ ကလေးဟာ ရောဂါပြီးနေပြီ။

တီဘီကာကွယ်ဆေးကို မွေးကာစကလေးတိုင်း (မြန်မာပြည်မှာ) တကြိမ်သာထိုးတယ်။ မထိုးရတဲ့ကလေးကို ကြီးမှတော့ ထိုးစရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ တီဘီရောဂါက ပေါးတယ်။ နေရာတကာမှာ ရောဂါသည်တွေရော လေထဲမှာ ရောဂါပိုးတွေရော မြင်သာမမြင်ရတယ် ရှိနေတော့ ကလေးကို ဟိုဟိုသည်သည် ခေါ်သွားတာနဲ့ ပိုးနဲ့တွေ့မှာသေချာတယ်။ ကိုယ့်အိပ်ထဲမှာတင်လဲ ပိုးရှိချင်ရှိနေအုံးမယ်။ ကလေးရဲ့ အသက်ရှူလမ်း (နှာခေါင်း) ကနေ ပိုးဝင်လာရင် ကလေးရဲ့ ခုခံစွမ်းအားကနေ ခံနိုင်ဘို့ကြိုးစာမယ်။ ပိုးကို ကိုယ့်ခုခံနိုင်စွမ်းကနိုင်ရင် ရောဂါလဲမရ၊ (ကိုယ်ထဲမှာ အင်တီဘော်ဒီရှိနေတဲ့) ရောဂါပြီးတဲ့ကလေးလဲဖြစ်မယ်။ ပိုးကနိုင်ရင် ဒီကလေး တီဘီ ဖြစ်မယ်။

Thu, Jan 24, 2013 at 9:14 PM
ဆရာ မသိလို့မေးပါရစေ။ ဗိုက်အဆီကျအောင် သံပုရာရည် နှင့် ပရုတ်ဆီ တို့ကို အတူတွဲပြီး ဗိုက်ကိုလိမ်းပေးရင် အဆီကျတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

ဆရာတို့လိုဆရာဝန်တွေက တိုင်းရင်ဆေးနည်းတွေ သိပ်မသိပါ။

Fri, Jan 25, 2013 at 1:32 AM
I am 28 years old married female, lives near (့). May I ask you about my eye tiredness? My eye felt easily tired and I want to sleep and don't want to look things around. My eyebrows also heaviness and feel pain on eyebrows and around eye. And pain and tense also at base of head and neck. All those pain and tiredness for about 1 week. Last 7 months, I felt like this and they go away and happen again now. And I notice both times happen during my menstruation period. Now I take ibuprofen 200 mg and Claritin D for 3 days and do sinus rinse. Pain relieves a little but still feels not good. And sometimes, I feel shiver of my scalp like feeling cold. Now I am worried about and please give your advice. I am waiting your reply.

According to your complaints, I notice two facts: Menstrual period and Sinus. But can cause such symptoms. The medicine you are taking are good for Sinus. Ibuprofen is also good painkiller. I is not a serious but both underlying causes can recur. So if you think menstruation is the reason, you can delay the menstrual cycle by taking regular two-hormone contraceptive pills. Please check and control if necessary your blood pressure. Body weight too.

Thu, Jan 24, 2013 at 9:14 PM
ဗိုက်အဆီကျအောင် သံပုရာရည်နှင့် ပရုတ်ဆီ တို့ကို အတူတွဲပြီး ဗိုက်ကိုလိမ်းပေးရင် အဆီကျတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

ဆရာတို့လိုဆရာဝန်တွေက တိုင်းရင်ဆေးနည်းတွေ သိပ်မသိပါ။

Fri, Jan 25, 2013 at 11:15 AM
ဆရာခင်ဗျာ ကျွန်တော် အသက်က ၂၉ ပါ လွန်ခဲ့တဲ့ တစ်နှစ်ခွဲနှစ်နှစ်လောက်ကစပြီး ကျွှန်တော်မှာ နှာတစ်ဖက်မှာ နှာစီးတွေပိတ်ပြီး အသက်ရှုလို့မဝဖြစ်နေပါတယ်။ ဆေးခန်းသွားပြတာတော့ ဆရာဝန်က ဓာတ်မှန်ရိုက်ပြီး နှာခေါင်းထဲ ညစ်တဲ့ဆေး နဲ့သောက်ဆေးပေးလိုက်ပါတယ်။ နှစ်လလောက်သောက်တာလည်း မပျောက်ကင်းပါဘူးခင်ဗျာ။ ဘယ်ဘက်နှာခေါင်းတစ်ချမ်းက အမြဲလိုနာစီးတွေပိတ်နေတာပါ။ ညစ်ထုတ်တာများသွားရင်သွေးထွက်လာပါတယ်။ နပ်ချီးတွေက အဝါရောင် တစ်ခါတလေ အဖြူရောင် ဖြစ်ပါတယ်။ ကျွန်တော် နေတာကတော့ မလေးရှားမှာ အလုပ်လုပ်နေတာပါ။ အဲဒါပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလည်း ဆရာ။

Sinus (ဆိုင်းနပ်စ်)
Sinusitis (ဆိုင်နူဆိုက်တစ်)

Fri, Jan 25, 2013 at 1:05 PM
ကျွန်တော် အခု (့) မှာပါ။ မနေ့က ဆရာရေးတဲ့ အချိန်မှာပဲ ကျွန်တော့်ဆီမှာ တီဘီ ရှိတယ်ဆိုတာကို သိလို့အခု ဆေးရုံကိုတင်ထားပါပြီ။ တီဘီနဲ့ပက်သက်တဲ့ အကြောင်းအရာလေးတွေ သိချင်တာပါ။ သူတို့ဆီမှာကျတော့ ဒီရောဂါကို တော်တော်လေး ကြောက်ကြတယ်။ ဘာလို့လဲဆိုတော့ အရမ်းအေးတဲ့ ရာသီဥတုနဲ့ နေတာကလဲ အလှောင်ပိတ် အခန်းတွေထဲ နေတာဆိုတော့ ကူးစက်မှာကို တော်တော်လေး ကြောက်ကြတယ်။ အခု ကျွန်တော့်ကိုလည်း ညတွင်းချင်း ဆေးရုံတင်ထားလိုက်တယ်။ အခု ကျွန်တော် ဆေးရုံမှာပါ။ ကျွန်တော့်ကို တက်စ်တွေ အများကြီး လုပ်ပြီးသွားပါပြီ သွေးစစ် ဆီးစစ် သွေးခုန်နှုန်း အဆုတ် အလုပ်လုပ်မှု အခုမှ ကျွန်တော့်ကို ဆေးစစ်ပြီးလို့ ဆရာပို့ထားတဲ့ မေးလ်ကို အခုမှ ဖတ်နိုင်တာပါ။ ကျွန်တော် ကုရမှာကို မကြောက်ပါဘူး။ ဒါပေမယ့် ကုရမယ့် အချိန်တွေကို နှမြောတယ်။ မမှီလိုက်နိုင်တော့မယ့် ကျောင်းစာတွေအတွက် စိတ်ပူတယ်။ ဒါပေမယ့် ဖြစ်ပြီးလာမှတော့ အကောင်းဆုံးဖြစ်အောင်ပဲ စီစဉ်ရတော့မှာပဲလေ။ မြန်မြန်နဲ့ ရောဂါ မရှိတော့ရင်လည်း ကျောင်းဆက်တက်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတော့မယ်။

ဘာမှမစိုးရိမ်ပါနဲ့။ ကြောက်စရာလဲ မလိုပါ။ ခုခေတ်မှာ တီဘီေးတွေက ပိုကောင်းလာတယ်။ အရင်ကဆို ဆေး အနည်းဆုံး ၃ လထိုးရသေးတာ။ အခုစားဆေးနဲ့သာ ရပြီ။ သလိပ်ထဲမှာ ပိုးမတွေ့ရင် သူများကို မကူးစေပါ။ တခန်းတည်းနေသူကိုတောင်မှ မကူးပါ။ ဆေးရုံကိုလဲ ဆေးစစ်ဘို့တက်တာသာဖြစ်မယ်ထင်ပါတယ်။ ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်လဲ ဆေးသောက်နေနိုင်ပါတယ်။ ဟုတ်တယ် တချို့နိုင်ငံတွေက တီဘီ ဆိုရင် လိုတာထက်ပိုသတိထားကြတယ်။ ဂရုစိုက်ခံရတာလဲ ကောင်းတာပါဘဲ။
ဟုတ်ကဲ့ ဆရာ ကျေးဇူးပါ။ ကျွန်တော် မကြောက်ပါဘူး။ စာတွေမလိုက်နိုင်မှာကိုပဲ စိုးရိမ်တာပါ။ ကျွန်တော် ဆရာကို မေးခွန်းမေးချင်လို့ တီဘီဖြစ်တဲ့ သူရဲ့ အသုံးအဆောင်တွေကို ဘယ်လို လုပ်ရမလဲဆရာ။ အခု ကျွန်တော် ကျန်ခဲ့တဲ့ အဝတ်စားတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို မီးရှို့ပစ်ရမယ်လို့ ကြားလို့ပါ။
အမှန်ကတော့ မလိုအပ်ပါ။ မေးတဲ့သူမှာ သလိပ်ထဲပိုးတွေ့-မတွေ့ မသိရသေးပါ။

Sat, Jan 26, 2013 at 12:01 PM
ကျနော့် စအိုရဲ့ ဘေးနားမှာအနာတခုပေါက်နေပါတယ်။ အဲဒါ လုံးဝလည်း မနာဘူးဆရာ အလေး သွားရင်လည်း မနာဘူးဆရာ။ ပြည်ထွက်တယ် ပြည်ကနည်းနည်းပဲထွက်တာပါ။ ထိုင်တာကြာနေတဲ့ခါအမျိုး လမ်းလျှောက်တာ ကြာသွားတဲ့အခါ မျိုးမှာပေါ့။ ဆရာဆေးခန်းကျတော့လည်း သွားမပြချင်လို့ပါဆရာ။ ကျနော်ဘယ်လိုလုပ်ရမလဲဆရာ ဆေးလိမ်းရုံနဲ့ပျောက်နိုင်ပါ့မလားဆရာ။ ဆရာခိုအနာလိမ်းဆေးမျိုးတော့လိမ်းကြည့်ပါတယ်။ မသက်သာဘူးဆရာ

Fistula-in-Ano (FIA) ဂရင်ဂျီနာ

Tue, Jan 29, 2013 at 10:42 AM
ကလေးမွေးပြီးကတည်းက အရေပြား ယားယံနေတာတော်တော်နဲ့မပျောက်ပါဘူး။ ၂ လကျော်ရှိပါပြီ။ သွေးယားတာနဲ့ဆိုင်လားရှင့်။ လိမ်းဆေးတွေလဲ လိမ်းပါတယ်ရှင့်။ ကုတ်ပြီးရင်လည်း အဖုသေးသေးလေးတွေ ပေါ်ပေါ်လာတယ်။ ပြီးရင် လက်ရာကြောင့် အမဲအချပ်လိုက်ကြီးကျန်နေခဲ့ပါတယ်ရှင့်။ နောက်ကျောမှာပိုဖြစ်တာပါ။ တစ်နေရာတည်းတော့ မဟုတ်ပါဘူး။ ဟိုနားယားလိုက် ဒီနားယားလိုက်နဲ့။ ။အကောင်းဆုံးလိမ်းဆေး၊ စားဆေးညွှန်ပေးပါအုံးရှင်

• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html

Mon, Jan 28, 2013 at 9:01 PM
သမီး အမေ (၅ဝ နှစ်) ခြေမ နှင့် ခြေမအောက်ဘက် တစ်ဝိုက် အသားများ ဓားနှင့်ခွဲသလို ကွဲအက်ပြီး နာနေပါသည်။ ကျန်တဲ့နေရာဘာမှ မဖြစ်ပါ။ မည်သည့်ဓာတ်ချို့တဲ့ သဖြင့်ဖြစ်ရပါသလဲ ဆရာ။ မည့်သည့် ဆေးလိမ်း ရပါမလဲ ဆရာ။ အမေ ကတော့ Glycerin လိမ်းလျှင် နည်းနည်း သက်သာသည် ဟုပြောပါသည်။

ခြေထောက်ကို နေ့တိုင်း ရေနွေးစိမ်ပေးပါ။ ရင်းတာမျိုးရှိရင် ရေထဲမြှ Dettol/Savlon နည်းနည်းရောပါ။ ရင်းတာမရှိရင်တော့ မလိုပါ။ တချို့လဲ သစ်ရွက်စတာထည့်တယ် ဥပမာ တမာရွက်။ မပါလဲရပါတယ်။
အစိုဓါတ်ပေးဘို့သာ အရေးကြီးတယ်။ အလှဆီလဲ ကောင်းပါတယ်။
ကျန်တာက ဗီတာမင် ဘီ အုပ်စုသာ သောက်ပါ။ ဗီတာမင် စီ နဲ့ အေ လဲသောက်နိုင်တယ်။ အေ ကိုအကြာကြီးမလိုပါ။
အသီးတမျိုးမျိုး နေ့တိုင်းစားပါ။

Mon, Jan 28, 2013 at 8:50 PM
သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး ပေါင်ရင်းမှ ခြေသလုံးအထိပါနာနေပါသည်။ နာနေတာ နှစ်ပတ်ရှိပါပြီရှင့်။ ချော်လဲခြင်း၊ ခလုတ်တိုက်ခြင်းကြောင့် မဟုတ်ဘဲ ရုတ်တရက် နာလာခြင်း ဖြစ်ပါသည်။ အရိုးအကြောဆရာဝန်နှင့် ပြသထားပေမယ့် သိပ်မသက်သာသဖြင့် မည်သို့ ဆက်လက်ပြုလုပ်ရမည်ကို ညွှန်ကြားပေးပါရှင့်။

ဘာဆေးတွေသောက်ရလဲ မသိပါ။
အသက်လဲကြီး၊ အမျိုးသမီးလဲဖြစ်လို့ ကယ်လ်စီယမ် နည်းတာ သတိထားရမယ်။ အရိုးအားနည်းတာ များတယ်။ Calcium tablet တခါသောက် ၁ ပြား၊ တနေ့ ၁-၂ ကြိမ်သောက်ပါ။
အနာသက်သာဆေးလဲ မလွဲမသွေသောက်ရမယ်။ Paracetamol. Ibuprofen, Diclofenic တမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။ ဆေးကို အစာနဲ့နီးပါစေ။
လိုသေးရင်မေးပါ။

Mon, Jan 28, 2013 at 8:14 PM
သမီးအမျိုးသားက အဝေးရောက်နေတာပါ။ ဆေးလိပ်သောက်နေတာလဲ ၉ လလောက်ရှိပါပြီ။ အခုတလော တံတွေးခဏ ခဏထွေးတယ်ဆရာ။ ဆေးလိပ်သောက်နေတဲ့ အချိန်ဆို ၁၅ ခါလောက်ထွေးဖြစ်တယ်တဲ့။ သလိပ်ကပ်သလိုဖြစ်တာတဲ့။ မထွေးရ ရင်မနေနိုင်ဘူးတဲ့။ သလိပ်လဲမထွက်ဘူး။ တံတွေးဘဲထွက်တယ်။ normal မဟုတ်ဘူးလို့ ထင်လို့ပါဆရာ။ ဘာဖြစ်တာလဲဆိုတာ သိချင်ပါတယ်ဆရာ။ ဆေးညွှန်းလေးလဲ ပေးပါအုံးဆရာ။ သူကဆေးလိက်မသောက်ရ ရင်လဲမနေနိုင်တော့ဘူး ဖြစ်နေပြီ။ သူတို့ဆီမှာ အရမ်းအေးတယ်လို့လဲပြောပါတယ်။ အသက်က ၂၇ နှစ်ပါဆရာ။

တံတွေး နဲ့ သလိပ် မတူပါ။ ဆေးလိပ်ကြောင့် ပိုဆိုးစေတာမှန်တယ်။
ဆေးလိပ်ဖြတ်ဘို့ကို တမျိုးစဉ်းစားရမယ်။
ချောင်းဆိုးတာနဲ့ သလိပ်ဆိုရင် ပိုးသေဆေးသောက်ရမယ်။ Amoxaculin 500mg တခါသောက် တတောင့် တနေ့ ၂ ကြိမ်၊ ၅-၇ ရက်သောက်ပါ။ ချောင်းဆိုးပျောက်ဆေးက သိပ်အရေးမကြီးပါ။
တံတွေးများတာနဲ့ အစာအိမ်အရည်များတာ ဆက်စပ်နိုင်တယ်။ Antacid ဆေးပြား တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ် သောက်နိုင်တယ်။

Tue, Jan 29, 2013 at 7:30 PM
ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ အဖွားက ကျီးပေါင်း ဖြစ်နေပါသည် ဟုပြောပါသည်ရှင်
Robinaxol
Ibuprofen Denk 400
Lincomycin 500 mg
Siloxogene
Cartilex စသည့်ဆေးများ ယနေ့မှစပြီး တစ်နေ့ ၃ ကြိမ် တစ်ပတ်သောက်ရမည်။ တစ်ပတ်ကြာမှ ပြန်ပြရန်ပြောပါသည် ရှင့်

ကောင်းပါတယ်။ သက်သာလာမှာပါ။
Robinaxol ဆေးဟာ muscle relaxant ကြွက်သားပြေလျှော့ဆေးဖြစ်ယ်။
Lincomycin 500mg ဆေးဟာ ဗက်တီးရီးယားတွေကိုနိုင်တယ်။
Siloxogene Gel ဆေးဟာ လေဆေးဖြစ်တယ်။ အနာအကိုက်ပျောက်ဆေးနဲ့တွဲသောက်ရတယ်။
Cartilex ဆေးက osteoarthritis အရိုး-အဆစ်နာတာအတွက်ပေးတယ်။

အဖွားကဘာကြောင့် ဖြစ်တာလဲ ဆိုတာသိချင် နေပါသည်ရှင့်။ စိုးရိမ်စိတ် လဲဖြစ်ရပါသည်ရှင့်။ ပေါင်ရင်း နှင့် ခြေသလုံးတွေ အရမ်းနာကျင် ကိုက်ခဲလို့ ရေနွေးအိတ် ကပ်ရင်ရပါသလား ရှင့်။ ယခင်က သွေးတိုး ရောဂါ မရှိဘဲ ယခု သွေးပေါင် ၁၄ဝ ထိရှိလာပါသည် ရှင့်။

သွေးဖိအား ၁၄ဝ က အထက်သွေးလား၊ အောက်သွေးလား။ အထက်သွေး ဒီလောက်နဲ့ ဘာမှမဖြစ်ပါ။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာ။ အခုထပ်ချိန်ရင် တမျိုးဖြစ်နေမယ်။ မပူပါနဲ့။ အရွယ်ကြောင့်လဲ ဖြစ်တယ်။ ရေနွေးအိတ်ကပ်နိုင်ပါတယ်။

Tue, Jan 29, 2013 at 1:45 PM
ယခုလဲဆရာဝန်နဲ့ X-RAY ရိုက်ပြီးစစ်ပြီးသွားပါပြီး။ ဆရာဝန်ကကောင်းတယ်တဲ့။ အရင်အနာရဲ့အမာရွတ်ပဲကျန် တယ်လို့ပြောပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့အမာရွတ်နေရာက နာပြီးခနခနကိုယ်ထဲမှာ ချမ်းသလိုလို ဖျားသလိုလိုဖြစ်နေပါတယ်။ ဖျားပြီးဆိုလဲ တစ်စိမ့်စိမ့်နဲ့အကြာကြီးပဲ ဖြစ်နေပါတယ်။ ရောဂါမပျောက်ကင်းတဲ့ အချိန်တုန်းကတည်းက အဲ့လိုဖြစ်ဖြစ်နေတာ။ အခုရောဂါကောင်းတော့ ကိုယ်အလေးချိန် ၁ဝ ပေါင်လောက် တက်လာတယ်။ ဒါပေမယ့် ခံစားရတာကမပျောက်ပါဘူး။ ကျွန်တော်ဘာဖြစ်လို့ အဲ့လိုမျိုးဖြစ်ဖြစ်နေရတာလဲ။ အမာရွတ်ကျန်လို့လား။ ဒါမှမဟုတ် အဆုတ်အားနည်းလို့လား။ တီဘီရောဂါကောင်းပြီးရင်ရော အဲ့လိုမျိုး ခံစားနေရတတ်လား။ ဘာဆက်လုပ်သင့်သလဲဆိုတာ ညွန်ကြားပေးပါဆရာ။

ဆရာဝန်ပြထားတာဆို စိုးရိမ်စရာတော့မရှိပါ။ ရောဂါတခုဖြစ်ထားရင် ရင်းစားပြန်ရဘို့ စောင့်ရတတ်ပါတယ်။ တီဘီ လိုရောဂါက နာတာရှည်မို့ အဲလိုဖြစ်တတ်တယ်။ ကြာလေကောင်းလေ ကောင်းလာမယ်။ အစားအသောက်၊ အနားယူတာနဲ့ လေကောင်းလေသန့်ရလေလေ ပြန်ကောင်းတာ မြန်လေလေဖြစ်မယ်။ ရောဂါပိုးကိုနိုင်ပြီးဖြစ်လို့ ခံစားရတာတွေအတွက် ယာယီသဘော ဆေးလိုတာသောက်ရပါမယ်။ နာတာ၊ ချမ်းတာ စသဖြင့်အတွက်ပြောတာပါ။ တီဘီ မဖြစ်သူတွေလိုဘဲ နောက်ထပ် ဖြစ်တာမျိုး ဥပမာ အအေးမိတာ၊ တခြားပိုးဝင်တာတွေလဲ ကိုယ့်မှာ လာဖြစ်တတ်သေးတယ်။ ဒါတွေအတွက်က သပ်သပ်ဆေးလိုပါမယ်။ ကိုယ်အလေးချိန်တက်လာတာ ကောင်းတယ်။