ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Wednesday, January 30, 2013

Q and A January 2013 (4)

1. ကျွန်မက ငယ်ငယ်ထဲက အဖိုးဘက်ကမျိုးရိုးပါလို့ပဲလားမသိပါဘူး
2. ကျနော့်ရဲ့ နှာခေါင်းရောဂါ အကြောင်းကို တခါ ဆရာ့ဆီမှာ မေးမြန်းခဲ့ဖူးပါတယ်။
3. Forgive me to inform you.
4. ဒီနေ့ကျနော့် လည်ချောင်း အဖြေသိရတယ်ဆရာ။
5. Enalapril Maleate Tablets က နှလုံးအနည်းငယ်ကြီးကိုကော
6. သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး
7. ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ အဖွားက
8. ကျွန်တော့်ရင်ဘက် နို့အုံ သို့ ရင်သား နှစ်ခု ကြားက အရိုးလိုလို အသားလိုလို
9. မနက်က ကျွန်တော် တံခါးညပ်ပြီး လက်သည်းနှစ်ချောင်း ကွေးသွားပါတယ်။ သွေးမထွက်ပါဘူး။
10. ကျွန်မအသက် ၃၅ နှစ်ပါ၊ အိမ်ထောင်သက်တမ်း 2 နှစ်ပါ။
11. ကျွန်တော်အရင်တခါကလည်း မိခင်ရဲ့ရင်သားကင်ဆာနဲ့ပါတ်သတ်ပြီး
12. ဗိုက်မြန်မြန်ချပ်အောင်ဘယ်လိုလုဎ်ရလဲဆရာ။

Wed, Jan 30, 2013 at 1:50 PM
ကျွန်မက ငယ်ငယ်ထဲက အဖိုးဘက်ကမျိုးရိုးပါလို့ပဲလားမသိပါဘူး ကျွန်မမိခင်နဲ့ကျွန်မနဲ့က အရိုးအဆစ်ကြီးပါတယ်။ အထူးသဖြင့် ခြေမနားက အရိုးက ပိုကြီးပါတယ် သူများတွေလိုခြေထောက်ကမလှပဲ ခြေမကအနည်းငယ်စောင်းပါတယ်။ မိခင်ကတော့ အသက်ကြီးလာတာနဲ့အမျှအရိုးပိုစောင်းလာပြီး အရိုးကလည်း ပိုပြီးအလုံးလိုက်ထွက်လာသလိုပါပဲ။ ကျွန်မလည်း အသက်ကြီးရင် တော်တော်အခြေအနေဆိုးပြီး ပိုစောင်းလာမှာစိုးရိမ်ပါတယ်။ ပြီးတော့ ဒါအရိုးက ဘာများ အန္တရာယ်ပေးမလဲ သိချင်ပါတယ်။ ခွဲစိပ် ပြုပြင်ရင်ရော ရပါသလား။ တချို့ လူအများမှာလည်း ဒီလိုစောင်းတာ တွေ့ဖူးပါတယ်။

မှန်ပါတယ်။ တချို့အခြေအနေတွေက မျိုးရိုးလိုက်တတ်တယ်။ အသက်ကြီး အမျိုးသမီးတွေမှာ တမျိုး။ အရွယ်အရ ပြောင်းလာတာလဲရှိတယ်။ အမျိုးသမီးတိုင် အသက်ရလာတာနဲ့ ကယ်လ်စီယမ် နည်းကြလို့ အရိုးအားနည်းတာဖြစ်တတ်သေးတယ်။ ကင်ဆာမဟုတ်နိုင်လို့ စိတ်သက်သာရသင့်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းတရားတွေက များတော့ ဆေးစစ်မှ ဥပမာေ၈ါက်ရောဂါအတွက် ယူရစ်အက်စ် များနေမလားစစ်ရမယ်။ ဓါတ်မှန်ရိုက်ရင် အရိုးအပိုလား။ တခြားဟာလားသိရမယ်။ ဆေးစစ်ဆေးပြီး လိုသေးရင်မေးပါ။

Wed, Jan 30, 2013 at 1:51 PM
ကျနော့်ရဲ့ နှာခေါင်းရောဂါ အကြောင်းကို တခါ ဆရာ့ဆီမှာ မေးမြန်းခဲ့ဖူးပါတယ်။ ဆရာရဲ့ ညွှန်ကြားချက်နဲ့ မိသားစု ဆရာဝန်ဆီ အပြေးသွားပြီး ပြခဲ့ပါတယ်။ မိသားစု ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ x-ray ရိုက်ခဲ့ပါတယ်။ နောက်တကြိမ် CT ထပ်ဖတ်ခိုင်းပြီး ပါရဂူဆီကို သွားခိုင်းပါတယ်။ ct အဖြေနဲ့ မိသားစု ဆရာဝန်မှ ရေးပေးလိုက်တဲ့စာကို တပါတည်း ယူသွားပြီး ပါရဂူနဲ့ တွေ့ခဲ့ပါတယ်။ နှာခေါင်းထဲ ပိုက်ထည့်ပြီး စစ်ဆေးတာ လုပ်ပါတယ်။ ကျနော့်အတွက်ပေးတဲ့ ဆေးထဲမှာ 25mg ပါတဲ့ prednisolone ဆိုတဲ့ဆေးပါဝင်ပါတယ်ခင်ဗျာ။ အဲ့ဒီဆေးကို သောက်ဖို့ သီခြားစာရွက်လေးနဲ့ ရေးပေးလိုက်တဲ့စာက
To begin-
1- Tablet daily for the 1st 7 days-am
Then take-
1/2 a tablet for the next 7 days-am
Then take-
1/2 a tablet alternate day until all finished ဆိုပြီး ရေးပေးလိုက်ပါတယ်။ ညွှန်ကြားချက်အတိုင်း သေချာ သောက်ဖို့လဲ မှာပါတယ်။ ထို့နောက် ဆေးဆိုင်ကို သွားပြီး ဆေးဝယ်ပါတယ် ဆေးဆိုင်ကလဲ ဒီဆေးကိုမင်း ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်လို့မှာပြန်ပါတယ်။ ကျနော်လဲ စာပါတယ်ဆိုတော့ နားလည်လောက်မယ်ထင်ပြီး ဘာမှ ပြန်မမေးပဲ ပြန်လာခဲ့ပါတယ်။ အိမ်ရောက်လို့ ဆေးကို စပြီး သောက်ဖို့ ပြင်ဆင်ချိန်မှာ ဘယ်လို သောက်ရမှန်း မသိတော့ပါဘူး။ သူပေးလိုက်ဆေးတွေကတော့ -
1-Doxycycline တနေ့ တလုံး
2-pizotifen က တနေ့ ၁လုံး ၂ ကြိမ်
3-demazin ကတော့ တနေ့ ၃ ကြိမ် နဲ့ ၆ နာရီခြား သောက်ရမယ်ဆိုတော့ ဆေးမှာ ရေးပေးထားလို့သိရပါတယ်။ အထက်ပါ PREDNISOLONE ကို မည်ကဲ့သို့ သောက်ရမည်ကို ကျေးဇူးပြုပြီး ညွှန်ကြားပေးစေလိုပါတယ်ခင်ဗျား။

Pizotifen = Sandomigran ဆေးကို မိုင်ဂရင်း ခေါင်းကိုက်-ခေါင်းမူးတာအတွက်အသုံးများတယ်။
Demazin ဆေးကို 6 Hour Relief Tablets ၆ နာရီသက်သာဆေးလို့ခေါ်သေးတယ်။ နှာရည်ယိုတာ၊ နှာခေါင်းပိတ်နေတာ၊ နှာချေတာတွေကိုသက်သာစေတယ်။
Doxycycline ဆေးကို များသောအားဖြင့် တနေ့ ၂ ကြိမ်ပေးတယ်။
Prednisoline ဆေးကတော့ ပိုပြီး စနစ်တကျသောက်ရမယ်။ အစပိုင်းရက်တွေမှာ များရာကနေ လျှော့လျှော့သောက်သွားရတာမျိုးဖြစ်တယ်။ အင်္ဂလိပ်လိုရေးထားတဲ့အဆိုင်းဆိုရင် ဒီဆေးအတွက်ဖြစ်နိုင်တယ်။ ပဌမ ၇ ရက်မှာ တနေ့ ၁ပြား၊ နောက် ၇ ရက်မှာ တနေ့ ၁ ခြမ်း၊ နောက်ပိုင်း တရက်ခြားတခြမ်း၊ ကုန်တဲ့အထိသောက်။

Wed, Jan 30, 2013 at 6:44 PM
Forgive me to inform you. Now we went to Yangon and met DKMW on last Monday. After check up again he told my father will be treated by TACI method. I want to TACI method is better than others for my father. What are the advantages and disadvantages of this method? Let me know the knowledge of TACI method if you have free time.

I am not a specialist on this field. What I know are just as follow:
Liver cancer အသဲကင်ဆာထဲမှာ Hepatocellular carcinoma (HCC) = Malignant hepatoma ဟာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်တယ်။ ကုနည်းတွေ ဒါတွေဖြစ်တယ်။
1 Liver transplantation အသဲအစားထိုးနည်း၊
2 A receptor tyrosine kinase inhibitor ကင်ဆာဆဲလ်ပွါးခြင်းကိုတားဆေး၊
3 Surgical resection ခွဲစိတ်ထုတ်ဖြစ်နည်း၊
4 Percutaneous ethanol injection (PEI) ထိုးဆေးနည်း၊
5 Transcatheter arterial chemoembolization (TACE) ဆေးနဲ့ သွေးကြောပိတ်နည်း၊
6 Radiofrequency ablation (RFA) ရေဒီယိုလှိုင်းနည်း၊
7 Focused External Beam Radiation Stereotactic Radiotherapy (SRT) ဓါတ်ကင်နည်းတမျိုး၊
8 Selective internal radiation therapy ဓါတ်ကင်နည်း၊
9 Intra-arterial iodine-131–lipiodol administration ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနည်း၊
10 Combined PEI and TACE
11 High intensity focused ultrasound (HIFU) လှိုင်းမြင့် အာလ်ထွာဆောင်းနည်း၊
12 Hormonal therapy Antiestrogen therapy with tamoxifen ဟော်မုန်းနည်း၊
13 Adjuvant chemotherapy ခီမိုပေးနည်း၊
14 Palliative သက်သာယုံကုသနည်း၊
15 Cryosurgery အေးခဲနည်း၊
16 Interventional radiology ဓါတ်ကင်နည်းတမျိုး၊
17 Agaricus blazei

Transcatheter arterial chemoembolization / Transarterial Chemoembolization (TACE) နည်းက ကင်ဆာ အကျိတ်ကို သွေးမလာစေအာင်လုပ်ပေးနည်းဖြစ်တယ်။
TACI mutations ဆိုတာက immunodeficiency ကိုယ်ခံအားနဲ့ဆိုင်တယ်။

Tue, Jan 29, 2013 at 9:02 PM
ဒီနေ့ကျနော့် လည်ချောင်း အဖြေသိရတယ်ဆရာ။ လည်ချောင်းက ကမ်မီကယ် တခုခုကြောင့်လောင်ထားတာတဲ့ဆရာ ကင်ဆာတော့ မဟုက်လူးတဲ့ ၃ လပိုင်းမှာ ချဲ့ကြည့်မယ်တဲ့ဆရာ။ ချဲ့လို့မရရင်တော့ ခွဲရမယ်တဲ့ ချဲတဲ့အခါမှာလည်း လည်ချောင်း ကွဲသွားတာမျိုတွေ ဖြစ်တက်တယ်တဲ့ဆရာ ဆရာရဲ့ အကောင်းဆုံးနည်းလမ်းရှိရင်လည်း အကြံပေးပါအုံးဆရာ။ ဆောင်ရန်ရှောင်ရန် လေးတွေ ပြောပြပါလားဆရာ ကျနော်တော့ ကင်ဆာ မဟုက်တာနဲ့ တင် တော်တော်လေး စိတ်အေးသွားတယ် ဆရာ ကုလို့ရတဲ့ ရောဂါဆိုရင် ကျနော် ကုနိုင်အောင် ကြိုးစားမှာပါ စိတ်ဓာတ်လုံးဝ မကျပါဘူးဆရာ။

စိတ်ဓါတ်ခိုင်မာတာ အရာရာမှာကောင်းတယ်။ ခွဲစိတ်ကုပေးမဲ့ဆရာဝန်က အကောင်းဆုံးလုပ်ပေးနိုင်ပါလိမ့်မယ်။

Thu, Jan 31, 2013 at 9:56 PM
ကျွန်မ အဖေ (၅၄ နှစ်) မနေ့က အိမ်ပြောင်းရွေ့ရာတွင် ပစ္စည်းသယ်ရာ အတတ်အဆင်း များသွားပါသဖြင့် ညာဘက် ဒူးခေါင်းရောင် ပြီး နာနေပါသည်။ မည်သည့်ဆေးသောက်ရမည်၊ လိမ်းရမည်ကို ညွှန်ကြားပေးပါရှင့်။

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Sat, Feb 2, 2013 at 9:35 AM
Enalapril Maleate Tablets က နှလုံးအနည်းငယ်ကြီးကိုကော ပျောက်ပါသလား သွေးကျဆေးသက်သက်လား ဆရာ

Enalapril Maleate Tablets ဆေးဟာ
၁။ Hypertension
၂။ Heart Failure
၃။ Asymptomatic Left Ventricular Dysfunction အတွက်သုံးပါတယ်။ အဓိက သွေးတိုးကိုထိန်းဘို့ဖြစ်တယ်။ သွေးတိုးကနေဆက်ဖြစ်လာတဲ့ နှလုံးက နိုင်အောင်အလုပ်မလုပ်နိုင်တာ နဲ့ နှလုံး ဘယ်ဘက်အောက်ခန်း အလုပ်မလုပ်နိုင်တာအတွက်ကိုလဲ သက်သာစေတယ်။

Mon, Jan 28, 2013 at 8:50 PM
သမီး အဖွား (၇၈ နှစ်) ညာဖက် ဒူးခေါင်း ရောင်ကိုင်းပြီး ပေါင်ရင်းမှ ခြေသလုံးအထိပါနာနေပါသည်။ နာနေတာ နှစ်ပတ်ရှိပါပြီရှင့်။ ချော်လဲခြင်း၊ ခလုတ်တိုက်ခြင်း ကြောင့် မဟုတ်ဘဲ ရုတ်တရက် နာလာခြင်း ဖြစ်ပါသည်။ အရိုးအကြောဆရာဝန် နှင့် ပြသထားပေမယ့် သိပ်မသက်သာသပြင့် မည်သို့ ဆက်လက်ပြုလုပ်ရမည်ကို ညွှန်ကြားပေးပါရှင့်။

ဘာဆေးတွေသောက်ရလဲ မသိပါ။ အသက်လဲကြီး၊ အမျိုးသမီးလဲဖြစ်လို့ ကယ်လ်စီယမ် နည်းတာ သတိထားရမယ်။ အရိုးအားနည်းတာ များတယ်။ Calcium tablet တခါသောက် ၁ ပြား၊ တနေ့ ၁-၂ ကြိမ်သောက်ပါ။ အနာသက်သာဆေးလဲ မလွဲမသွေသောက်ရမယ်။ Paracetamol Ibuprofen, Diclofenic တမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။ ဆေးကို အစာနဲ့နီးပါစေ။ လိုသေးရင်မေးပါ။

Mon, Jan 28, 2013 at 8:50 PM
ယနေ့ အဖွားကို ဆရာဝန်က ဓာတ်မှန်ရိုက်ခိုင်းကြည့်ရာမှ အဖွားက ကျီးပေါင်း ဖြစ်နေပါသည် ဟုပြောပါသည်ရှင်။ Robinaxol, Ibuprofen Denk 400, Lincomycin 500 mg, Siloxogene, Cartilex စသည့်ဆေးများ ယနေ့မှစပြီး တစ်နေ့ ၃ ကြိမ် တစ်ပတ်သောက်ရမည်။ တစ်ပတ်ကြာမှ ပြန်ပြရန်ပြောပါသည် ရှင့်။

ကောင်းပါတယ်။ သက်သာလာမှာပါ။
Robinaxol ဆေးဟာ muscle relaxant ကြွက်သားပြေလျှော့ဆေးဖြစ်ယ်။
Lincomycin 500mg ဆေးဟာ ဗက်တီးရီးယားတွေကိုနိုင်တယ်။
Siloxogene Gel ဆေးဟာ လေဆေးဖြစ်တယ်။ အနာအကိုက်ပျောက်ဆေးနဲ့တွဲသောက်ရတယ်။
Cartilex ဆေးက osteoarthritisအရိုး-အဆစ်နာတာအတွက်ပေးတယ်။

အဖွားကဘာကြောင့် ဖြစ်တာလဲ ဆိုတာသိချင် နေပါသည်ရှင့်။ စိုးရိမ်စိတ် လဲဖြစ်ရပါသည်ရှင့်။ ပေါင်ရင်း နှင့် ခြေသလုံးတွေ အရမ်းနာကျင် ကိုက်ခဲလို့ ရေနွေးအိတ် ကပ်ရင်ရပါသလား ရှင့်။ ယခင်က သွေးတိုး ရောဂါ မရှိဘဲ ယခု သွေးပေါင် ၁၄ဝ ထိ ရှိလာပါသည် ရှင့်။

သွေးဖိအား ၁၄ဝ က အထက်သွေးလား၊ အောက်သွေးလား။ အထက်သွေး ဒီလောက်နဲ့ ဘာမှမဖြစ်ပါ။ သွေးဖိအားဆိုတာ အမြဲပြောင်းနေတာ။ အခုထပ်ချိန်ရင် တမျိုးဖြစ်နေမယ်။ မပူပါနဲ့။ အရွယ်ကြောင့်လဲ ဖြစ်တယ်။ ရေနွေးအိတ်ကပ်နိုင်ပါတယ်။

ကျီးပေါင်းဖြစ်တာ အချိန် ဘယ်လောက်ကြာရင် သက်သာပျောက်ကင်းနိုင်ပါသလဲ ရှင့်။

ကြာမယ်။ ဆောရီး။

ဆရာရှင့် ခဏခဏ မေးရတာစိတ်မရှိပါနှင့်။ အဖွားက တစ်ခါမှ နေမကောင်းမဖြစ်ဘူးပါသပြင့် ယခုလို ဖြစ်တော့ စိတ်ဓာတ် အရမ်းကျနေပါသည်ရှင့်။ နောက်ပြီး အိမ်မှာကော လမ်းကို ထော့နင်း ထော့နင်း သွားလို့ ရပါသလား။ ငြိမ်ငြိမ် နေရပါမည်လား။ wheel chair နှင့် သွားသင့်ပါသည်လား ဆိုတာသိချင်ပါသေး သည်ရှင့်။

အသက်ကြီးသူတိုင်း လှုတ်ရှားမှု မနည်းသင့်ပါ။ စိတ်ဓါတ်ကိုတော့ အားပေးရပါမယ်။ ဘယ်လိုသွားမလဲဆိုတာ အဆင်ပြေတာ ရွေးနိုင်ပါတယ်။ ဖြစ်နေတဲ့ ရောင်တယ်ဆိုတာ အတိအကျ မသိရပါ။ ဓါတ်မှန်မှာ ဘယ်လိုပေါ်သလဲ။ ဖြစ်နေတဲ့အရိုးက တခြားဘယ်လို (တစ်ရှူး) တွကို ဖိနေသလဲ မသိရပါ။ မေးတာအတွက် သိချင်တာ မေးနိုင်ပါတယ်။ တယောက်ကိုတခါသာမေးဆိုတာ မရှိပါ။

ညာဘက် ဒူးခေါင်း မှာ ရောင်ကိုင်းနေပြီး ညာဘက်ပေါင်ကြော မှ ခြေသလုံးအထိ တင်းပြီး နာနေပါသည်။ ကိုက်ပါသည်။ ဓာတ်မှန် မှာ "Marked OA changes both knees seen" ဟုရေးထားပါသည် ရှင့်။

Osteoarthritis (OA) အရိုး-အဆစ်နာရောဂွကို Degenerative arthritis or Degenerative joint disease or Osteoarthrosis လို့လဲ ဆေးစာမှာခေါ်တယ်။ အိုနာအုပ်စုဝင်လဲဖြစ်တယ်။ ဖြစ်တဲ့နေရာက အရိုး၊ အရိုးနုနဲ့ အဆစ်တွေမျာ ရောဂါရတာဖြစ်တယ်။

Joint pain အဆစ်နာ၊ Tenderness ထိရင်နာတာ၊ Stiffness တင်းနေတာ၊ Locking သောခပ်ထားခံရသလိုအရင်လို မလှုတ်နိုင်တာ နဲ့ Effusion အဆစ်ထဲရေအောင်းတာတွေဖြစ်စေနိုင်တယ်။

Hereditary မျိုးရိုးအရဖြစ်တာ၊ Developmental ကြီးထွားမှုဖြစ်စဉ်ကြောင့်၊ Metabolic ဓါတ်ပြောင်းဖြစ်စဉ်ကြောင့်နဲ့ Mechanical ထိခိုက်ခံရလို့တွေကြောင့်ဖြစ်စေတယ်။

ကြာရင် Loss of Cartilage အရိုးနုမရှိတော့တာ ဆက်ဖြစ်တတ်တယ်။ အကာအရံလိုရှိနေတဲ့ အရိုးနုက ကောင်းကောင်း မရှိတော့ရင် အရိုးကိုပါထိခိုက်လာတယ်။ အရိုး-အဆစ်က အရင်လို လှုတ်ရှားမှုမလုပ်နိုင်တာ့ လှုတ်ရှားမှုတွေနဲ့ဆိုင်တဲံ ကြွက်သားတွေက လှိာနိုင်သေးတယ်။ အရွတ်တွေကလဲ ပျော့လာမယ်။

1 Lifestyle modification လူနေမှုပုံစံပြောင်းပါ။ ကိုယ်အလေးချိန်လျှော့ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
2 Orthotics အထောက်အကူတမျိုးမျိုးသုံးပါ။ ကျပ်စည်းသလိုအချောင်း၊ အကာကွယ်ပစ္စည်း၊
3 Analgesics အမာသက်သာဆေး = Acetaminophen (Paracetamol) ကို အများဆုံးသုံးကြတယ်။ ပိုနာရင် Ibuprofen ဆေးသုံးပါ။ Celecoxib ဆေးကိုလဲသုံးနိုင်တယ်။ topical diclofenac လိမ်းဆေးသုံးနိုင်တယ်။
4 Oral steroids (စတီရွိုက်) စာေးဆးကို သိပ်မညွှန်ပါ။
5 Injection of glucocorticoids (hydrocortisone) ဆေးထိုးရင် ရေတိုသက်သာစေမယ်။
6 Topical capsaicin အပူပလာစတာကပ်တာ၊ joint injections of hyaluronic acid အဆစ်ထဲဆေးထိုးတာကို သိပ်မသုံးချင်ကြဘူး။
7 Surgery လိုအပ်ရင် ခွဲစိတ်ကုသနိုင်တယ်။ joint replacement surgery နဲ့ resurfacing နည်းတွေလုပ်ပေးမယ်။ 8 Arthroscopic surgical intervention နည်းကို သိပ်မသုံးပါ။
9 Alternative medicine တခြားဆေးကုသနည်းတွေလဲရှိသေးတယ်။ ဆရာဝန်တွေကတော့ မညွှန်ပါ။

ဖြစ်နေတဲ့ ခြေထောက်ကိုပါ အကွေးအဆန့် လေ့ကျင့်ခန်းပြုလုပ်ရပါမည် လား ဆရာ ရှင့်

Yes

Thu, Jan 31, 2013 at 2:48 PM
ကျွန်တော့်ရင်ဘက် နို့အုံ သို့ ရင်သား နှစ်ခု ကြားက အရိုးလိုလို အသားလိုလို နာကျင်မှု ခံစားနေရတာ 7 နှစ်နှစ်လောက် ရှိပါပြီ။ စဖြစ်ပုံက လွမ်ခဲ့တဲ့ 7 နှစ်နှစ်က ကျွန်တော် အရက်သာက်တာ များပြီး အလွန်အကျွန် အော့်အန် မိပါနယ် အန်နေရင်းနဲ့ ပါးစပ်က သွေးတွေတောင် ထွက်မိပါတယ်။ အဲဒိနောက်ပိုင်း ကျွန်တော် ထမင်းစားပြီးတာနဲ့ အသက်ရှူ ကျပ်သလိုလို ခံစားမိပါတယ်။ ကျွန်တော်အခုထိ ထမင်းများများ သို့ အစာများများ စားလျှင်စားရင်းနဲ့ အသက်ရှူ ကျပ်လာသလို ခံစားရပါတယ်။ နောက်ပြီး ဝမ်းနည်းနည်း ချုပ်ပြီ ဆိုတာနဲ့ အသက်ရှူလည်း ကျပ်တယ် ရင်အုံ ကြားက အရိုးလား အသားလား မသိတော့ဘူး။ နာတော့နာတယ် အရမ်း အဆိုးကြီးလည်း မဟုတ်ပါဘူးနာလာပြီဆိုရင် ကျွန်တော် Pain Relief သောက်ချလိုက်တယ်။ နည်းနည်းတော့ သက်သာ သွားပါတယ်။ ဒိလို့ ဖြစ်တာကို ကျွန်တော် ဆရာဝန်တွေနဲ့လည်း အများကြီး ပြပြီးပါပြီ။ ဓါတ်မှန် ရိုက်တာလည်း အကြိမ်ပေါင်း မနည်းတော့ဘူး။ ဆေးခန်းကို သွားပြီး ပြတိုင်း ဓာတ်မှန် ရိုက်ကြပါတယ်။ ဓာတ်မှန်ရိုက်ပြီးတော့ ကျွန်တော့ ရင်ဘက်မှာ ဘာမှ မတွေ့ဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရင်ဘက်ကို ကိုယ် ခွဲပြီးတော့သာ ကြည့်ပလိုက်ချင်တယ်။ အခု ကျွန်တော် (့) မှာပါ။

Sorry အဖြေပို့တာ အချိန်ကြာသွားတယ်။ ပြန်စစ်မှ တွေ့ရလို့ပါ။ ဆေးစစ်၊ ဓါတ်မှန်ရိုက်ပြီး ကောင်းနေရင် လုံးဝမစိုးရိမ်ပါနဲ့။ အသက်၊ လူဝ မဝ မသိပါ။ သွေးဖိအား မသိပါ။ အနာသက်သာဆေး သောက်နိုင်ပါတယ်။ လိုတိုင်းသောက်ပါ။ အစာနဲ့ တွဲသောက်တာကောင်းတယ်။ အရက်လဲသောက်ဘူး၊ သွေးလဲအန်တာထဲပါဘူးထားလို့ (ပါရာစီတမော) သောက်ရင် သတိထားပါ။ အနာ-အကိုက်ပျောက်ဆေးတွေအကြောင်း ရေးထားတာရှိပါတယ်။ အရက်အတွက် အသဲကိုလဲ ဂရုစိုက်ပါ။ ခွဲဘို့ မလိုအပ်ပါ။ လူက ဝရင် အဆီ-အလေးချိန် လျှော့ပါ၊ ထိန်းပါ။

Thu, Jan 31, 2013 at 12:08 PM
မနက်က ကျွန်တော် တံခါးညပ်ပြီး လက်သည်းနှစ်ချောင်း ကွေးသွားပါတယ်။ သွေးမထွက်ပါဘူး။ အထဲမှာတော့ သွေးချေဥသွားတယ်လို့ ထင်ပါတယ်။ အမဲရောင် အစက်ကလေးတွေ အများကြီး အသားရဲ့အောက်မှာ မြင်လာရပါတယ်။ လက်ညှိုးနဲ့ လက်ခလယ်ပါဆရာ။ အထဲမှာ အဲ့လို သွေးချေဥနေတာ သူ့အလိုလို ပျောက်ပါသလား။ ဘာလုပ်ပေးဖို့ လိုပါသလဲဆရာ။ ကျွန်တော်ငယ်ငယ်ကလည်း ခြေသန်းပေါ် တူပြုတ်ကျခံခဲ့ရဖူးတဲ့အတွက် ခြေသန်းက ခြေသည်းဟာ ပုပ်သွားပါတယ်။ ခုထိ ခြေသည်းက ငုတ်တိုလေးနဲ့ပါ။ နောက်ပြီး ခြေသန်းရဲ့ အရွယ်အစားကလဲ ပုံမှန်မဟုတ်တော့ပါဘူး။ အဲဒါ အခု လက်သည်းအတွက်လဲ စိုးရိမ်လို့ပါ။

ထိခိုက်မိတိုင်း သွေးထွက်တယ်။ အပြင်ကိုထွက်လာသလို့ အထဲမှာလဲထွက်တယ်။ လူတိုင်းမှာ ခိုက်မိတိုင်းဖြစ်တယ်။ သွေးထွက်များလေလေ ဖေါင်းလေ၊ နာလေဖြစ်မယ်။ သွေးက အလိုလို ဓါတ်ပြောင်းပြီး ပျက်စီးတာ၊ ကိုယ်ပနေစုပ်ယူသွားတာတွေဖြစ်မယ်။ ဖြစ်စဥအတွင်း အရောင်တွေ ပြောင်းမယ်။ ခံစားရတာ မြင်ရတာတွေ ပြောင်းမယ်။ နောက်ဆုံးပျောက်သွားတယ်။ တခါတလေ သွေးထွက်ရာနေရာက ကျဉ်းလို့ တမျိုးတမည်ဖြစ်တယ်။ ပိုနာမယ်။ သွေးထုထည်ကနေ အဖိခံရတာတွေကို သက်ရောက်တယ်။ အာရုံကြောဖိရင် နာမယ်။ ကြွက်သားဖိရင် အလုပ်ပျက်မယ်။ သွေးကြောကိုဖိလို့လဲ သွေးစီးတာကို သက်ရောက်နိုင်တယ်။ ကံဆိုးရင် ပိုးဝင်လို့ အနာရင်းတာ။ ပြည်တည်တာတွေဖြစ်မယ်။ သွေးယိုတာကို ချက်ချင်းဖြစ်ရင် အေးတာနဲ့ကပ်ရင်သွေးထွက်သက်သာစေမယ်။ ဖိထားတာကအကောင်းဆုံးရှေးဦးပြုစုနည်းဖြစ်တ်ယ။ နာတာသက်သာအောင် အေးခဲတဲ့အရည်နဲ့ ပြန်း-ပန်းတာလုပ်ရတယ်။ (ဘောလုံးပွဲ)။ တရက်ထက်နောက်ကျတာကို နာတာ။ ရောင်တာသက်သာအောင် အပူကပ်ပေးရမယ်။ သွေးယိုတတ်သူတွေက ဗီတာမင် စီ၊ ကေ လိုတတ်တယ်။ နာတာအတွက် ပါရာစီတမောလိုတတ်တယ်။ ပိုးဝင်ရင် ပိုးသေဆေးလိုတယ်။ မြန်မြန်ပျောက်အောင်၊ တခါတလေ ခွဲထုတ်၊ စုပ်ထုတ်တာလုပ်ပေးနိုင်တယ်။ ဥပမာ ကလေးမွေးတုံးက ဦးခေါင်းခွံမှာ ကွက်ပြီးသွေးယိုတာမျိုးကို ဆေးထိုးပိုက်နဲ့ စုပ်ပေးရင် ချက်ချင်းပျောက်မယ်။ ဒီအတိုင်းထားလဲ ကြာရင်ပျောက်တယ်။

Wed, Jan 30, 2013 at 10:44 PM
ကျွန်မအသက် ၃၅ နှစ်ပါ၊ အိမ်ထောင်သက်တမ်း 2 နှစ်ပါ။ ကလေးမရှိပါ။ ကျွန်မမှာဝမ်းချုပ်ခြင်း ငယ်စဉ်ကပင်ရှိခဲ့ပါတယ်။ 2012 နှစ်စပိုင်းမှစပြီး ဝမ်းသွားလျှင်စအိုကွဲကာ သွေးထွက်လာခဲ့တယ်။ သို့ သော်လည်းမဆိုးဝါးသပြင့် အမှတ်တမဲ့ နေခဲ့ပါသည်။ ကျွန်မအလုပ်ရဲ့ ဖိစီးမှုများကြောင့် ရေသောက်၊အိမ်သာသွားခြင်း အလေ့ အလွန်နဲပါးခဲ့သည်။ ယခုလပိုင်း အခေါက်တိုင်း ဝမ်းချုပ်ပြီး စအိုကွဲကာသွေးအမြဲထွက်ပါသည်။ စအိုကွဲလို့ သွေးထွက်တာလား အထဲက ထွက်တာလား ကျွန်မလဲမခွဲခြားတတ်တော့ပါ။ ဇန်နဝါရီလ ပထမပတ်မှစပြီး ရရက်လုံးဝမ်းသွားခြင်းမရှိပဲ မတ်တရပ်(သို့ )ထိုင်နေလျင် အိမ်သာသွားချင်သလို တစ်ဆို့ဆို့နှင့် ထိုင်လျှင် အောင့်တောင့်တောင့် အနည်းငယ်ခံစားရပြီး အိမ်သာသွားထိုင်ပြီး အားကုန်ညှစ်သော်လည်း သွားစရာ ဝမ်းမရှိသလို ခံစားရပါတယ် (ဆရာ မရိုမသေမဟုတ်ပါ) စမြင်းတစ်နေသလိုမျိုး မဟုတ်ပါ၊ ကျွန်မကြိုးစားပြီး ဆရာရေးသားထားသော စာများထဲမှ fiber ပါသော အစားများ စားကာကြိုးစားပြီး ဝမ်းသွားအောင်လုပ်ခဲ့ပါသည်။ အဲဒီနောက် စအိုဝ အသားတွင် အဖုသီးလေး 3 ခုထွက်လာခဲ့တယ်။ နာကျင်မှုရှိပေမယ့် တအားတော့မနာပါ။ သွားထိမိလျင်နှင့် ဝမ်းသွားလျှင်တော့ နာပါသည်။ နှစ်ရက်၊ သုံးရက်တော့ရှိပါပြီ။ သွေးပါတာရပ်သွားတာ။ ထိုရက်ပိုင်းကအနည်းငယ်အဖျားဝင်ခဲ့ပါသည်။ အဖုသီးလေးများသည် လူကိုဒုက္ခပေးနိုင်လား။ ပြီးတော့ ဝမ်းပျော့စာ ဘယ်လောက်စားစား ဝမ်းချုပ်ဆဲနှင့် အမြဲတမ်းတစ်ဆို့ဆို့နှင့် စအိုတွင်တောင့်ခဲနေသလိုခံစားရပြီး ညစ်လျှင်ဘာမှထွက်လာပဲရှိသည်။ ဝမ်းသွားပြီးခဏသာ တစ်ဆို့ဆို့ ပျောက်သွားသော်လည်း နောက်တစ်ရက်ဆိုလျှင်ပြန်ခံစားနေရသည်။ နာကျင်မှုနဲသော်လည်း ပုံမှန်မဟုတ်သလို ခံစားရပါသည်။ နောက်တစ်ခုက ကျွန်မဗိုက်ထဲမှာ လေပွသလို လေတွေအများကြီးရှိပါသည်။ အရင်ကတည်းကပါ။ ကျွန်မကလိပ်ခေါင်းဖြစ်တာလား (သို့) စအိုကွဲနာလား (သို့) အစာဟောင်းအိမ် ကောင်းစွာ အလုပ်မလုပ်တာလား ကျွန်မမသိပါရှင့်။ လက်ရှိတော့ အစားကိုသာ ဆေးအဖြစ် စားနေရပါသည်။ ဝမ်းပျော့ဆေးက ဘယ်မှာ ရောင်းမှန်းမသိပါ။ ကျွန်မက (့) မှာ အလုပ်လုပ်နေတာပါ။ ဆေးခန်းပြရန်အတွက်လည်း ဘယ်လောက် ကုန်ကျမည်မသိသောကြောင့် မပြရဲပါ။

Fissure-in-Ano (FIA) စအိုကွဲနာ

Thu, Jan 3, 2013 at 12:50 AM
လိပ်ခေါင်းကိုမခွဲစိတ်ပဲကုလို့ရလာဆရာ
Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ
Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

Sun, Feb 10, 2013 at 9:46 PM
ကျွန်တော်အရင်တခါကလည်း မိခင်ရဲ့ရင်သားကင်ဆာနဲ့ပါတ်သတ်ပြီးမေးဖူးပါတယ်။ အဲဒီလိုမေးပြီး နောက်ပိုင်းမှာ မန္တလေးဆေးရုံကြီးမှာ ကင်ဆာဆေးသွင်းပြီး ကုသနေတာကြာပါပြီ။ ပထမတစ်ခါမှာ ဆေးက (၄ဝဝဝဝ တန်) ၆ ခါ သွင်းပါတယ်။ အဲဒီနောက်ဓါတ်ကင်ပါတယ်။ အခု အဲလိုသွင်းပြီး တစ်လလောက်အကြာမှာ ဓါတ်မှန်ရိုက်တော့ အသည်းမှာ အရည်အိတ်တွေ့တယ်လို့ ဆရာဝန်ကပြောပါတယ်။ အဲဒါနဲ့ ခု(၂ဝဝ ဝဝဝ )တန် ဆက်သွင်းပြီး ကုနေပါတယ်။ ပြီးခဲ့တဲ့ ၂၇၊ ၁၊ ၂ဝ၁၃ မှာ သုံးကြိမ်မြောက်သွင်းပါတယ်။ အဲဒီမှာ ဆရာမတွေအချင်းချင်းပြောတဲ့စကားကို မိခင်ကကြားလာပါတယ် “ ဒီလို ဆေးအကောင်းစားသွင်းတာတောင် ဘာမှမထူးခြားဘူး” ဆိုပြီးတော့ပါ။ အခြားလူနာကိုပြောတာလဲ ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော့မိခင်က အဲဒါကြားပြီး စိတ်ဓါတ်ကျနေပါတယ်ဆရာ။ ဆက်မသွင်းချင်ဘူးပဲပြောနေတယ်။ အသည်းမှာ ဆိုတော့ ဘာတွေဖြစ်နိုင်ပါလဲဆရာ။ ဆေးဆက်သွင်းရမှာလားဆရာ?။ ကျွန်တော်က ရန်ကုန် Hotel 7 Mile မှာ အလုပ် လုပ်ပါတယ်။ မိခင်က မန်းလေးမှာပါ။ ကျွန်တော့အနေနဲ့ ပိုက်ဆံပဲ (အသင့်အတင့်) ပို့ပေးနိုင်တယ်။ မန်းလေးမှာလဲ ဒီလစာလောက်ရတဲ့အလုပ်မရှိပါ။ မိခင်က ခုလိုပြောလာတော့ ဘာတွေဖြစ်နိုင်လာနိုင်လဲ စိုးရိမ်လို့ပါဆရာ။ အနားမှာနေပြီး ပြုစုဖို့လဲ အဆင်မပြေတော့ ဖုန်းဆက်တာကိုပဲ သိနေရတာပါ။ မိခင်သွားစဉ်ကလည်း မိတ်ဆွေ သူနာပြုဆရာမ တစ်ယောက်ကလည်း ကျွန်တော့အမကြီးကိုပြောပါတယ် အသည်းမှာအရည်အိတ်ဖြစ်နေတာဆိုရင် စားချင်တာကျွေး၊ စိတ်ချမ်းသာအောင်ထားပါလို့ အကြံပေးပါတယ်။

Sorry ကင်ဆာရဲ့သဘောက အဲလိုဘဲ။ နောက်ပိုင်းအဆင့်ဆိုရင် ပိုပြီး ဖြစ်လာတတ်တာတွေရှိယတ်။ အဆုပ်ထဲ အရည်က အဆုပ်အဆုံးလွှာရောင်ရာကနေဖြစ်တတ်တယ်။ အကြောင်းအမျိုးမျိုးကနေဖြစ်တယ်။ အခုဟာက ကင်ဆာကနေ ဆက်တာ ဖြစ်မယ်။ ထူးပြီးတော မစိုးရိမ်ပါနဲ့။ ဆေးတွေကလဲ ပြင်းတော့ လူနာလဲ စိတ်အားငယ်မှာ အမှန်ဘဲ။ လူနာကို အဓါက အားပေးနှစ်သိမ့်ပြီး စိတ်ခိုင်မာစေအောင် လုပ်သင့်ပါတယ်။ ဆရာဝန်တွေကတော့ ကုထုံးအတိုင်း ဆက်ကုသပေးမှာပါ။

Sun, Feb 10, 2013 at 7:33 PM
ယူရစ်အက်ဆစ်များတာနဲ့ပတ်သက်ပြီးသိချင်ပါတယ်ဆရာ။ ယူရစ်အက်ဆစ်များတယ်ဆိုတာဘာကြောင့်ဖြစ်ရတယ် ဘာတွေရှောင်သင့်တယ်။ ဘယ်လိုလုပ်ရင်ပျောက်နိုင်လည်းဆိုတာကိုသိချင်ပါတယ်ဆရာ။

Uric acid (ယူရစ်-အက်စစ်)

Sun, Feb 10, 2013 at 7:11 PM
ဗိုက်မြန်မြန်ချပ်အောင်ဘယ်လိုလုဎ်ရလဲဆရာ။ ချေမျက်စိ ဒူးဂေါင်းမဲနေတာကို အရင်လိုမမဲ အောင်ဘယ် လိုလုဎ်ရလဲဆရာ Name (့)၊ Age 20, Lives in Myanmar, Yangon

ကျား-မ မသိရပါ။ ဆရာဝန်ပြထားလား မသိရပါ။