ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Tuesday, January 15, 2013

Q and A Janyary 2013 (2)

1. ကျမ (့) ဆရာ့ဆီကိုစာပြန်ရေးလိုက်ပါတယ်။
2. ကျနော်အခုဖြစ်နေတာက ဘယ်ဘက် အလယ်နားလောက်က
3. ကျွန်တော်မှာ ငယ်ငယ်ကတည်းက မွေးရာပါတော့မဟုတ်ပါဘူး၊
4. သမီးအသက် ၃ဝ ရှိပါပြီ။ နို့စို့ကလေးရှိပါတယ်။
5. ကျနော့်နာမည်က (့) လို့ခေါ်ပါတယ်။
6. ကျနော်အသက် ၃၃ နှစ်ပါ။
7. Amoxicillin ကို ဆေးမယဉ်အောင်
8. ဇာက်ကြောကအမြဲတမ်းနာနေတယ် မနာတဲ့အချိန်ဆိုတာမရှိဘူးဘယ်
9. ကျွန်တော့်အသက် ၂၃ ရှိပါပြီ။
10. I am a computer network technician
11. Is there any side-effects for taking Vitercap and အင်နာဗွင်စီ
12. ကျွန်တော့်ကို Aerocort inhaler ဆိုတဲ့ ဆေးအကြောင်းလေး ရှင်းပြပေးပါအုံး ခင်ဗျ။
13. ကျွန်မ နာမည် (့) လို့ခေါ်ပါတယ်။
14. ဟိုတစ်ရက်က လက်နဲ့ ခြေထောက်တွေမှာ အနီစက်တွေထွက်လာလို့
15. My father (83 years) has tumor found in liver

Mon, Jan 14, 2013 at 6:25 AM
ကျမ (့) ဆရာ့ဆီကိုစာပြန်ရေးလိုက်ပါတယ်။ ကျမရောဂါအကြောင်း ဆရာသိပြီးဖြစ်နေမယ်လို့ မျော်လင့်ပါတယ်။ ကျမနှခေါင်း အလာဂျီရှိသူပါ။ ဘာဆေးသောက်သောက်မသက်သာလို့ ဆေးရု့သွားပြတော့ ခွဲရမယ်တဲ့ဆရာ။ တချို့  ပြောတော့ခွဲပြီးရင် ၆ လလောက်ဘာမှလုပ်လို့မရဘူးလို့ပြောကြတယ်။ အဲဒါမှန်ပါသလား။ ထမင်းဟင်းလဲချက်လို့ မရဘူးတဲ့ ပြီးတော့ ခေါင်းငုံ့ လို့လဲမရဘူး အရမ်းရှောင်ရတယ်လို့ပြောကြတယ်။ အဲဒါအမှန်ပဲလားဆရာ။ ကျေးဇူးပြုပြီးဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါဆရာ။ ပြီးတော့ ကျမခွဲပြီးရင် မြန်မာပြည်ခဏပြန်ချင်လို့ အဲဒါခရီးရှည်ထွက်လို့ရလား။ ကျမကလေယာဉ်နဲ့

Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း

Mon, Jan 14, 2013 at 4:53 PM
ကျနော်အခုဖြစ်နေတာက ဘယ်ဘက် အလယ်နားလောက်က သွားဖုံးမှာ ဖု့ပေါက်နေတာ တစ်ပါတ်လောက်ရှိပြီ။ ကျနော် လန့်နေတယ်ဆရာ။ တစ်ခါမှလည်းမဖြစ်ဖူးဘူး။ ဘာအဖု့ကြီးမှန်းလည်းမသိဘူး။ လျှာနဲ့ထိုးကြည့်ရင် အိစိအိစိဖြစ်နေတယ်။ အဖု့ထဲမှာဘာတွေရှိမှန်းလည်းမသိဘူး။ လက်နဲ့ထိုးဖိကြည့်ရင်နာတယ်။ ဘယ်လိုလုပ်ရင်ပျောက်နိုင်မလဲဆရာ။ ကျနော် လန့်နေတယ်ဆိုတာ သွားဖုံးကင်ဆာကြီး ဖြစ်နေမလားမသိဘူးဆိုပြီးတော့ပါ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့တိုင်းပြည်။ ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ဖေ့စ်ဘွတ်ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/
- http://facebook.com/tint.swe.dr

Tue, Jan 15, 2013 at 6:05 PM
ကျွန်တော်မှာ ငယ်ငယ်ကတည်းက မွေးရာပါတော့မဟုတ်ပါဘူး၊ ကျွန်တော်အသက်19 နှစ် 2003 ခုနှစ်၊ အင်ဂျင်နီယာတက္ကသိုလ် ကျောင်းတတ်တုန်းကမှ အစာအိမ်စဖြစ်တာပါ။ စဖြစ်တဲ့ အချိန်တုန်းကတော့ အရမ်းဆိုးဆိုးဝါးဝါးဖြစ်တာမဟုတ်ပါဘူး၊ဆေးသောက်ရုံလောက်နဲ့တော့ နည်းနည်းသက်သာပါတယ်။ အခုနောက်ပိုင်းအရမ်းအောင့်တဲ့အချိန်တွေဆိုဆရာဝန်ပြပြီး ဆရာဝန်က ဆေးထိုးရမယ်ဆိုလို့ ဆေး (၄)လုံးတစ်ခါတည်းထိုးတဲ့အခါမျိုးလည်းရှိပါတယ်။ အဲလိုထိုးပြီးရင်တော့ သက်သာသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကောက်ညှင်းဆိုအရမ်းကြိုက်ပါတယ်။ စားချင်တဲ့အခါမျိုဆို ရှောင်တာမရှိသလောက်ရှားပါတယ်။ အုအတတ် ပေါက်လို့လည်း ဈေးရုံကို (၃)(၄)ကြိမ်လောက်တတ်ရပါတယ်။ဆေးရုံတတ်ရင်တော့ အကြာကြီးမဟုတ်ဘဲ တစ်ရက် နှစ်ရက်လောက်နဲ့ ပြန်ဆင်းလာရပါတယ်။ အခုနောက်ပိုင်းအစာအိမ်ကဘယ်လိုဖြစ်လဲဆိုတော့ အစားစားပြီးရင် အစာချက်လုပ်မှု နှေးနေပါတယ်။ ပုံမှန်ထမင်းတစ်ပန်ကန်ထက် ပိုစားမိရင်၊ဗိုက်ကိုတင်းနေအောင်စားလိုက်ရင် အစာကမချေတော့ပါဘူး၊ အဲ့လိုအချိန်ဆို KREMIL-5 ကိုအစာစားပြီးတဲ့အချိန်တိုင်း တစ်လုံးအမြဲသောက်ရပါတယ်။ မသောက်ရင်လူကမအီမသာဖြစ်နေတယ် ဘယ်လိုမှမနေနိုင်ပါဘူး။ အေးတဲ့ဆောင်းတွင်းအခါမျိုးမှာလည်း အစာကမချက်သလောက်ပါဘဲ ကျွန်တော်က ဆေးလည်းမထိုးချင်ပါဘူး၊ အရမ်းအောင့်တဲ့ဝေဒနာတွေကိုလည်း မခံစားချင်ဘူး၊ကျွန်တော်ဘယ်လိုနေထိုင်ဆင်ခြင်ရမလဲ ဘယ်လိုစားသောက်ရမလဲဘယ်လိုအစားအစာတွေကို ရှောင်ရမလဲ စသည့်အချက်လေးတွေကို ဖြေကြားပေးပါဆရာ။ ကျွန်တော်သောက်နေကျ ဖြစ်တဲ့ KREMIL-5 ကိုလည်း ဆရာကြည့်လို့ရအောင် ATTACH နဲ့တွဲပေးလိုက်ပါတယ်။ ဆရာရေးထားတဲ့စာတွေကို ဖတ်တာကလည်း နားမလည်းတာတွေ များနေတော့ ကျွန်တော်ကို သေချာရှင်းပြပေးပါ။ ကျွန်တော်အခက်အခဲကို ကူညီပြီး ဖြေရှင်းပေးပါ။

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html

ကျွန်တော်ရေးတာ နားမလည်ဘူးဆိုလို့ ဆောရီးဗျာ။ ဆရာက ဆေးကုသလိုရေးတာ မဟုတ်ဘဲ ရောဂါအကြောင်းသုတအဖြစ်သာရေးပါတယ်။။ မေးတဲ့သူမျာ လေနာ နဲ့ အစာမကျေတာ ၂ မျိုးဖြစ်နေတယ်။ လေနာဆိုတာတော့ စာထဲမှာပါသလို ဆေး အမျိုးမျိုးနဲ့ အစားအသောက်တွေ တွေ့ပါလိမ့်မယ်။ တခါတလေ အစာမကျေသူတွေက Digestive enzyme, Enzyme, Digestzyme နာမည်တွေနဲ့လာတဲ့ဆေးကို အစာစားပြီး တပြားသောက်ရတယ်။ အကြကြီးစွဲမသောက်ရပါ။ အူအတက်ပေါက်တာ မဟုတ်ဘဲ အူအတက်ရောင်တာ ဖြစ်ပါမယ်။

Tue, Jan 15, 2013 at 9:39 AM
သမီးအသက် ၃ဝ ရှိပါပြီ။ နို့စို့ကလေးရှိပါတယ်။ သမီးလက်ရဲ့ဗယ်ဖက်လက်မနဲ့ ညာဖက်လက်သန်းနဲ့ လက်သူကြွယ် လက်သည်းမှာ အပ်ဖျားလောက် အပေါက်တွေလိုမျိုးအချိုင့်လေးတွေအရာလေးတွေဖြစ်နေပါတယ်ရှင်။ သမီးက ကျန်းမာရေးရာပတ်သက်သလား သိချင်လို့ပါရှင်။

မမြင်ရလို့ အသေအချာ မပြောနိုင်ပါ။ မှိုပိုးဝင်တာ ဟုတ်-မဟုတ် သိဘို့လိုတယ်။ ဆရာဝန်ပြပါ။ ဒါမှမဟုတ် အလင်းရောင်ကောင်းကောင်းမှာ ဓါတ်ပုံရိုက်ပို့ပါ။
Nail fungal infection လက်သည်းမှို

Wed, Jan 16, 2013 at 12:37 AM
ကျနော့်နာမည်က (့) လို့ခေါ်ပါတယ်။ အသက်က ၃၂ နှစ်ပါခင်ဗျာ။ ကျနော့်မှာ အရေပြားနဲ့ပတ်သက်တဲ့ရောဂါတခု ခံစားနေရလို့ ကူညီပါအုံး။ ဖြစ်ပုံက ကျနော့်ရဲ့မျက်ခုံးနှစ်ခုရဲ့ကြားမှာ အရေပြားခြောက်ပြီးလန်သလိုမျိုး အရေပြားလန်တာက စတာပါ။ ကျနော်က ပွေးပေါက်တယ်ထင်လို့ မြွေနှစ်ကောင်ပွေးသတ်ဆေး သုံးလိုက်တယ်ဆရာ။ မပျောက်ဘူး။အဲဒါနဲ့ SKINEAL ဆိုတဲ့ လိမ်းဆေးကိုသုံးကြည့်တယ်ဆရာ။ သက်သာတယ်ဆရာ။ ဒါပေမယ့် ဆေးမလိမ်းပဲနဲ့နေရင် ပြန်ဖြစ်တယ်။ အခုဆိုရင် ကျနော့်ရဲ့ နှာခေါင်းအပေါ်က အချိုင့်လေးနှစ်ဘက်ကို ရောက်လာတယ်။ နောက်ပြီး နားရွက်နှစ်ဘက်ရဲ့နောက် ဦးခေါင်းပေါ်အထိ ကူးလာတယ်။ ဖြစ်တာကတော့ ၆ လ လောက်ရှိပြီ။ အဲဒါလေးတွေက ပွေးလိုအကွက်တွေ ဖြစ်တာခင်ဗျ။ ပြည်တည်ပြီး အနာလိုဖြစ်နေတာတော့မဟုတ်ဘူး။ ခေါင်းကိုကုတ်လိုက်ရင် ဘောက်ထသလိုမျိုး အရေပြားလေးတွေ ကွာတယ်။ အဲဒါကျနော်ဘယ်လိုလုပ်ရမလဲ။ ကူညီပါအုံး။ ကျနော်အခု (့) မှာအလုပ်လုပ်နေရတာ။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ မြန်မာလိုပြောပြီးတော့ ဆရာဝန်ပြလို့ရနိုင်ပေမယ့် ဒီမှာကကျနော်လည်း စကားကို ရည်ရည်လည်လည် မပြောတတ်တော့ခက်နေတာ။ ရန်ကုန်ပြန်ပြီ ကုရအောင်ကလည်း ကျနော်ပြန်ရင် အမေနဲ့ ညီလေးတွေရဲ့ စားဝတ်နေရေးကရှိသေးတယ်။ ကျနော်က မိသားစုမှာ အကိုအကြီးဆုံးလေ။ ရောဂါနဲ့ပတ်သက်လို့ ဘာလုပ်သင့်တယ် ဘာတွေရှောင်သင့်တယ် ဘယ်လိုဆေးမျိုး သုံးသင့်တယ်ဆိုတာ ကူညီပါအုံး။

ဖန်းဂတ်စ် (မှို) ပိုးကြောင့်ဖြစ်ဘို့များတယ်။ မြန်မာဆေးကို မသုံးစေချင်ပါ။ မျက်နှာမှာလဲ ဖြစ်နေတော့ အဆင်မသင့်ရင် အရုပ်ဆိုးစေနိုင်တယ်။
SKINEAL ဆေးက မှို အတွက်မှန်ပါတယ်။ တရုတ်ကလာတာဆိုရင် အရေပြားမှာဖြစ်တဲ့ Eczema, Seborrheic Dermatitis, Ringworm, Athletes Foot, Ithy Skin တွေအတွက်သုံးရတယ်။ ketoconazole, clobetasol propionate and neomycin sulfate ဆေးတွေရောထားတာဖြစ်တယ်။
tinea corporis and tinea cruris အတွက် တနေ့ ၂ ကြိမ်၊ ၂ ပါတ်ကြာ နဲ့ tinea pedis and tinea manus အတွက် တနေ့ ၂ ကြိမ်၊ ၄ ပါတ် လိမ်းရတယ်။
လိမ်းဆေးသာမက စားဆေးလဲရှိတယ်။ ဖန်းဂတ်အမျိုးမျိုးအတွက်စုပေါင်းရေးထားတဲ့စာ တပုဒ်ပို့လိုက်တယ်။ ကိုယ်နဲ့ဆိုင်တာကိုရှာပြီး လိုအပ်မယ်ထင်ရင် စားဆေး + လိမ်းဆေးသုံးသင့်ပါတယ်။
Fungal infections (1) မှိုအမျိုးမျိုး ဆေးအမျိုးမျိုး (၁)

Wed, Jan 16, 2013 at 3:15 PM
ကျနော်အသက် ၃၃ နှစ်ပါ။ (့) မှာအလုပ် လုပ်နေပါတယ်။ ကျနော့် ဘယ်ဘက်နားက ပြည်ယိုလို့ပါဆရာ။ ဟိုးအရင်ကလည်း ပြည်ယိုဖူးပါတယ်။ ဟိုအရင်ကဆို ဂျပန်နားသန့်ဆေးရည်ကို တစ်ခါ နှစ်ခါ ထည့်လိုက်ရင် ခြောက်ပြီးပျောက်သွားတယ်။ မကြာမကြာတော့ဖြစ်ဖူးတယ်။ အဲလို ဖြစ်တာက ကျနော် ငယ်ငယ်လေးထဲက ဖြစ်တာပါ။ အခုတစ်လော ပြန်ဖြစ်တော့ ဂျပန်နားသန့်ဆေးကို ထည့်တာ နားက မသက်သာဘူး။ အရည်နည်းနည်း ကျနေတုန်းဘဲ ပြီးတော့လဲ နားအထဲမာလဲယားတယ်။ အဲလို ပြန်ဖြစ်တာ အခုဆိုရင် ၃ လလောက်ရှိပြီ။ ဘာဆေးသောက်ရမှန်းလည်း ကျနော်မသိဘူးဆရာ။ ကျေးဇူးပြုပြီးပြောပြပေးပါဆရာ။ ကျနော်စိတ်ညစ်နေတယ်။ အမြန်ဆုံးကူညီပေးပါဆရာ။ ဆရာ ကျန်းမာချမ်းသာပါစေ။

Ear infections (1) နားပိုးဝင်ခြင်း (၁)
Wed, Jan 16, 2013 at 3:56 PM
Amoxicillin ကို ဆေးမယဉ်အောင် ဆေးပတ်လည်အောင် ဘယ်လို သောက်ရပါသလဲခင်ဗျ။ 250 mg (or) 500 mg Amoxicillin အစား သူ့ထက် ပိုကောင်းတာ ဘေးထွက်ဆိုးကျိုးနည်းတာ သောက်ချင်တယ်ဆိုရင်ရော ဘာကို သောက်သုံးသင့်ပါသလဲခင်ဗျာ။

Amoxicillin အမောက်ဆာစလင်

Wed, Jan 16, 2013 at 10:07 PM
ဇက်ကြောက အမြဲတမ်းနာနေတယ် မနာတဲ့အချိန်ဆိုတာမရှိဘူး ဘယ်လိုလုပ်ရမလည်း။ ယောက်ကျားလေး၊ အသက် ၃ဝ၊ ဖြစ်တာ ၁ နှစ်ကျော်လောက်ရှိပြီး အရင် ဆုံဇက်ကြောတက်တာစဖြင်တယ်။ ၁ လ လောက်ကြာတော့ ခြေလက်ထုံကြင်တာတွေ စဖြင့်တယ်။ အခုဆိုရင်အလုပ်နဲနဲပိုလုပ်ရတာရှိရင် အရမ်းညောင်းညာကိုက်ခဲတယ်။

အလုပ်အကိုင်ကြောင့်ထင်သလား။ သွေဖိအာတိုင်းဘူးလာ။ ဆရာဝန်ပြလား။ ဆေးစစ်ဘူသလား။ ဘာဆေးသောက်ရင်သက်သာသလဲ။ ဓါတ်မှန်ရိုက်ဘူးသလား

အခုဆရာပြောတာ အားလုံးလုပ်ဘူးတယ်။ ဘာရောဂမှမရှိဘူး။ ဆရာဝန်ပြောတော့ အကြောရောဂါအာရုံကြောအားနဲရောဂါလို့ ပြောတာဘဲ။ အခုဆိုရင် သောက်တဲ့ဆေးတွေက အာရုံကြောဆေး အကြောအားဆေး အရိုအဆစ်အားဆေး။ အဲဒီဆေးတွေသောက်နေရတယ်။ မသောက်ရလို့ရှိရင် တကိုယ်လုံးနာကျင်ကိုက်ခဲနေတယ်။

ဆောရီးဗျား။ ချတ်လုပ်သလိုဆေးကုရတာ မကောင်းဘူး။ ဆရာမေးထားတာတွေလဲ အသေအချာ ပြန်မဖြေတော့ ဒိထက် အကြံမပေးနိုင်ပါ။

Sun, Jan 20, 2013 at 10:17 AM
ကျွန်တော့်အသက် ၂၃ ရှိပါပြီ။ ကျွန်တော့်မှာ လိပ်ခေါင်းရောဂါ ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်တုန်းက ပြင်ဦးလွင်ဆေးရုံကြီးမှာ ၁ ခါ ခွဲစိတ်ခဲ့ဘူးပါတယ်ခင်ဗျ။ ဂရုစိုက်ပေမယ့် ဝမ်းက ခဏခဏချုပ်တက်လို့လား မသိဘူး။ အခု ပြည်ပရောက်တဲ့အချိန်မှာ ပြန်ဖြစ်လာပါတယ်။ ရောဂါအခြေအနေကတော့ အညစ်အကြေးစွန့်တဲ့အခါတိုင်းမှာ အပြင်ကို ထွက်လာတတ်ပြီး လက်နဲ့ ပြန်သွင်းရင်တော့ ပြန်ဝင်သွားပါတယ်။ ဝမ်းသွားရတာလဲ အမြဲတမ်း အားမလိုအားမရဖြစ်ရပါတယ်။ သွေးတော့ မထွက်ဘူးခင်ဗျ။ ဒီမှာလဲ နောက်ထပ် ၁ နှစ်လောက်ထပ်နေရဦးမှာဆိုတော့ တကယ်လို့ ဆေးတွေဘာတွေ မသောက်ပဲနေရင် ပိုဆိုးလာနိုင်လား။ ရန်ကုန်ပြန်ရောက်တဲ့အချိန်ကျရင်တော့ ဒီရောဂါကို အမြစ်ပြတ်အောင်ကုချင်ပါတယ်။ ဒါပေမယ့် အရင်တစ်ခေါက် ခွဲဖူးထားတော့ တစ်ခါခွဲရင် ၁ ပတ် ဆယ်ရက်လောက် က လူမမာလို နေရမှာဆိုတော့ အဆင်မပြေဖြစ်ရပါတယ်။ ကျွန်တော်က နယ်မှာတာဝန်ကျတာမို့လို့ ရန်ကုန်မှာ ၃၊၄ ရက်ခန့်သာ နေရမှာရယ်။ နောက်ပြီး ရန်ကုန်မှာ အသိမိတ်ဆွေ မရှိတာရယ်ကြောင့်ပါ။ ဒီရောဂါကြောင့်လဲ စိတ်ညစ်နေရပါတယ်။ ဒါကြောင့်မို့ အွန်လိုင်းပေါ်မှာ လိုက်ရှာရင်း ကိုရွှေလိပ် ဘလော့ကနေ ဒေါက်တာ့ဆီကို မေးပို့မိတာပါ။ ကျွန်တော်သိချင်တာက အခုအခြေနေအတိုင်းဆို ကျွန်တော့်ရောဂါက ခွဲမှရမှာလားဒေါက်တာ။ တကယ်လို့ ခွဲရမယ်ဆိုရင် ကိုရွှေလိပ်ဘလော့မှာ ဖော်ပြထားတဲ့ Stapled Hemorrhoidectomy ဆိုတဲ့နည်းနဲ့ ခွဲလို့ရနိုင်မလား။ ကျွန်တော့်ကို ဘယ်နေရာနေတွေမှာ ခွဲလို့ရမယ်ဆိုတာ လမ်းညွှန်ပြပါဦး။

ဒီခွဲစိတ်နည်းသစ်ကို သုံးလာကြတာမှန်ပါတယ်။ နောက်ပိုင်းရောက်နေတဲ့ လိပ်ခေါင်းကိုသာ လုပ်ရတယ်။ ခွဲစိတ်ဆရာဝန်က ဒီနည်းနဲ့ သင့်-မသင့် ဆုံးဖြတ်ပါမယ်။ ဒုတိယ နဲ့ တတိယအဆင့်တွေကိုသုံးတယ်။ ဆရာက ပြည်တွင်းမှာ မနေရသေးပါ။ အထဲမှာ ဘယ်ဆေးရုံကလုပ်ပေးလဲ မသိပါ။ ဒါပေမဲ့ ခွဲစိတ်အထူးကုဆရာဝန်တွေက လုပ်ပေးနိုင်ပါတယ်။ ဆေးရုံကြီးတိုင်းမှာ ရှိမှာပါ။

မခွဲစိတ်ခင် ရေနွေးသုံးတာ၊ ရေနွေးထိုင်တာ များများလုပ်ပေးသင့်ပါတယ်။ တကယ်ထိရောက်တယ်။ ရေအိမ်သုံးတာတိုင်း ရေနွေးနွေးနဲ့သုံးပါ။ ဝမ်းချုပ်လို့ညှစ်ရတာအပြင် ဗိုက်ကိုဖိအားသက်ရောတာတိုင်းမှာ ထိန်းပြီးလုပ်ပါ။ အလေးအပင်မတာ၊ ချောင်းဆိုးတာ၊ နှချေတာ၊ ထိုင်တာ။ ဆောင့်ကြောင့် မထိုင်ပါနဲ့။ စအိုကို နေရင်းထိုင်ရင်း လေ့ကျင့်ခန်းလုပ်သလို ညှစ်လိုက်၊ လျှော့လိုက်လုပ်ပေးပါ။

Sun, Jan 20, 2013 at 1:16 PM
I am a computer network technician, 24 years old and want to a question. I normally travel around the country if i get projects. Sometimes I need to work nearly 24 hours and get time to sleep 3 or 4 hours so really tired during these days. So which medicine should i take especially Vitercap or အင်နာဗွင်စီ? Which is better and suitable for me?

There are different medicines for Tonics, Rejuvenating medicines, Stamina drugs and etc. But Basically all are Vitamins + Minerals + Herbal medicines.
As a doctor it is difficult to recommend. All are not bad and can be helpful. Your requirement is time for rest and sleep not vitamins or others.
I don't prescribe anti-sleep medicines.

Sun, Jan 20, 2013 at 3:27 PM
Is there any side-effects for taking Vitercap and အင်နာဗွင်စီ a long time.

Overdose of Enervon C (အင်နာဗွန်-စီ) ဆေးများသွားခြင်း
ဆရာဝန်ကိုခေါ်ပါ။ ဆေးရုံ-ဆေးခန်းသွားပါ။ (အင်နာဗွန်-စီ) ဆေးထဲမှာပါတဲ့ ဗီတာမင် (အေ)၊ (ဒီ)၊ (အီး) နဲ့ (ကေ) တွေက များသွားရင် ဆိုးတာတွေဖြစ်လာနိုင်တယ်။ ဓါတ်ဆားတွေကနေလဲ ဖြစ်နိုင်သေးတယ်။
ဆေးလွန်သွားရင် ဒါတွေခံစားရနိုင်တယ်။ ဝမ်းချုပ်၊ ဝမ်းလျှော၊ အန်၊ ဗိုက်တအားနာ၊ ခေါင်းတမျိုးကိုက်တာ၊ ဆံပင်ကျွတ်၊ ကြွက်သားတွေနဲ့ ခါးနာ၊ သွေးယို၊ ဆီးထဲသွေးပါ၊ အာခေါင်ခြောက်၊ အရေပြားအနေအထားပြောင်း၊ အသားဝါ။
ဘေးထွက်-ဆိုးကျိုးတွေကတော့ ရှားတယ်။ မတည့်သူတွေမှာ (အလာဂျီ) ဖြစ်မယ်။ အရေပြားအနီကွက်ထွက်၊ မျက်နှာ-လည်ပင်း-အဆုပ်-လျှာရောင်၊ ခေါင်းကိုက်၊ ဗိုက်မကောင်း၊ အရသာပျက်။

Mosegor Vita ဆေးဟာ ဗီတာမင်တွေပါတဲ့ အားဆေးဖြစ်တယ်။ Pizotifen hydrogen maleate 0.5 mg, vit B1 3 mg, vit B2 3.2 mg, vit B6 2.4 mg, nicotinamide 19 mg. Per 5 mL syr pizotifen hydrogen maleate 0.25 mg, vit B1 0.7 mg, vit B2 1.14 mg, vit B6 0.7 mg, nicotinamide 5 mg တွေပါတယ်။ အဲလို Multivitamin ဗီတာမင်တွေပါနေတာမျိုးကို တချို့က Drug ရောဂါကုရတဲ့ဆေးဝါးလို့ မသတ်မှတ်ပါ။ ဘေးထွက်-ဆိုးကျိုးဆိုတာကို ထူးပြီး မရေးတတ်ကြဘူး။ ဒါပေမဲ့ ဗီတာမင်ချို့ယွင်းနေတာလဲ ရောဂါပါဘဲ။

Sun, Jan 20, 2013 at 10:33 PM
ကျွန်တော့်ကို Aerocort inhaler ဆိုတဲ့ ဆေးအကြောင်းလေး ရှင်းပြပေးပါအုံး ခင်ဗျ။

Aerocort Inhaler ပန်းနာရှူဆေးထဲမှာ
1. Beclomethasone Dipropionate IP 50 mcg
2. Levosalbutamol Sulphate IP equivalent to Levosalbutamol 50 mcg
3. Suspended in propellant HFA 134a q.s. နဲ့
4. Absolute alcohol 3.75% v/v တွေပါတယ်။ ပါတဲ့ဆေးတွေက အလုပ်တမျိုးစီလုပ်ကြတယ်။

• ကလေး-လူကြီးတွေဆိုရင် တခါရှူရင် ၂ ခါ၊ တနေ့ မှာ ၃-၄ ကြိမ်ရှူရတယ်။
• ဆေးနဲ့မတည့်သူတွေက မသုံးရဘူး။
• ပန်းနာ ရုတ်ရက်ထတာအတွက် မသုံးသင့်ဘူး။ နာတာရှည်အတွက်သာဖြစ်တယ်။
• ရုတ်ရက် ပန်းနာထတာအတွက် Asthalin Inhaler ရှူဆေးသုံးရတယ်။
• တချို့ နာတာရှည်ပန်းနာသမားတွေက (စတီရွိုက်) သုံးမှသာရတဲံသူတွေဖြစ်တယ်။ အဲလိုဆိုရင်
• beclomethasone diproprionate (Beclate Inhaler) ရှူဆေးမျိုးပါလိုမယ်။
• Levosalbutamol ဆေးနဲ့အတူ propranolol ဆေးကိုပါတွဲပေးလေ့ရှိတယ်။
• ကိုယ်ဝန်ဆောင်နေချိန်။ ကလေးနို့တိုက်ချိန်တွေဆိုရင် ဆေးအကျိုးနဲ့ ဘေးထွက်ဆိုကျိုး ချိန်ဆပြီးပေးရတယ်။

ဘေးထွက်-ဆိုးကျိုး
• Levosalbutamol ဆေးကြောင့် လက်တုန်တာ၊ ခေါင်းကိုက်တာ၊ (ပိုတက်ဆီယမ်) နည်းတာ နဲ့ ကြွက်သားနာတာတွေ ဖြစ်စေနိုင်တယ်။
• Beclomethasone dipropionate ဆေးကြောင့် ပါးစပ်မှာ မှိုပိုးဝင်တာဖြစ်တတ်တယ်။
• ဆေးသုံးတာသိပ်များသွားရင် တက်တာ၊ ရင်ပတ်နာတာ၊ သွေးတိုးတာ၊ သွေးဖိအားကျတာ၊ နှလုံးခုန်မမှန်တာ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊ အားယုတ်တာတွေဖြစ်နိုင်တယ်။

Tue, Jan 22, 2013 at 5:24 PM
ကျွန်မ နာမည် (့) လို့ခေါ်ပါတယ်။ အသက် က ၂၃ ရှိပါပြီ။ အခုဖြစ်နေတာကတော့ ခေါင်းအရမ်းကိုက်နေတာပါ။ ခေါင်းက တစ်ခြမ်းပဲကိုက်နေပြီး အကြောတွေပါ နာနေသလိုခံစားရပါတယ်။ ဆံပင်တွေဆိုရင် ထိလို့မရအောင် နာနေတဲ့အဆင့်ထိ ဖြစ်နေပါတယ် ဆရာ။ တစ်ချက်တစ်ချက်ဆိုရင် ဆစ်ခနဲဆစ်ခနဲ နာ နာလာတတ်ပါတယ်။ ကျွန်မ အထင်တော့ ကျွန်မ ရေချိုးရင်း နားထဲရေဝင်သွားတာက စပြီး ဖြစ်မယ်ထင်တယ်။ ကျွန်မ ထင်မြင်ချက်ပါ .. ဘာဖြစ်မှန်းလဲတော့မသိဘူး။ နားထဲရေဝင်သွားတုန်းက ရေပြန်ထွက်အောင် နားထဲလက်ထိုးထဲ့ပြီးခါရင်းနဲ့ တစ်ဖြည်းဖြည်း နာလာတာပါ။ ရေက ပြန်မထွက်လာသေးပါဘူး။ ဒါပေမယ့် နားလည်းမအူတော့ဘူး။ အထဲထိ ဝင်သွားသလိုမျိုး ဖြစ်နေတယ်။ အရည်တွေက အထဲမှာ အောင်းနေလို့များလား မသိလို့ပါ။ အဲ့ဒါမျိုးဖြစ်တတ်ပါသလားဆရာ။ ကျွန်မ အဲ့ဒါလေးသိချင်လို့ပါ။ ဖြစ်နေတာတော့ ၃ ရက်လောက်ရှိနေပါပြီ။

ပြောတာလဲ ဖြစ်နိုင်ပါတယ်။ ပို့တဲ့စာထဲက ဆိုင်တာကို လိုက်နာပါ။ မရရင်တော့ နား-နှာခေါင်း-လည်ချောင်း အထူးကုဆရာဝန်ပြပါ။
Earache နားကိုက်ရင်

Tue, Jan 22, 2013 at 7:58 PM
ဟိုတစ်ရက်က လက်နဲ့ ခြေထောက်တွေမှာ အနီစက်တွေထွက်လာလို့ မေးထားတာပါဆရာ။ ခုပုံရိုက်ပြီး ပို့လိုက်တာပါ။ ဆေးတွေလူးပြီး ပိုဆိုးလာတာပါ။ လက်နဲ့ခြေထောက်မှာဆိုတော့ နေရတာခက်တာပေါ့။ ဘာဆက်လုပ်ရမလဲ။ ဘာဆေးသောက်ပြီး ဘာဆေးလိမ်းရမလဲ။ ဓါတ်ပုံအရတော့ ပိုးဝင်နေတယ်။ ရောင်နေတာတွေ့တယ်။

• လိမ်းဆေး = Bacitracin (Polysporin) ဒါမှမဟုတ် Mupirocin (Bactroban) လိမ်းဆေးကို
တနေ့ ၂ ကြိမ်၊ ၇-၁ဝ ရက်လိမ်းပါ။ • သောက်ဆေး ပဌမဦးစားပေး =
(၁) Dicloxacillin 250-500 mg တနေ့ ၂-၄ ကြိမ်၊ ၅-၇ ရက်သောက်။ ဒါမှမဟုတ်
(၂) Amoxicillin plus clavulanic acid; Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၁ဝ ရက်သောက်။
• သောက်ဆေး Second-Line Treatment ဒုတိယဦးစားပေး၊ Penicillin နှင့်မတည့်သူများအတွက် - Azithromycin 500 mg တခါတည်းသောက်၊ ထို့နောက် 250 my တနေ့ ၁ ကြိမ်၊ ၄ ရက်သောက်။ ဒါမှမဟုတ် Clindamycin 15 mg/kg/day တနေ့ ၃ ကြိမ်ခွဲပြီး ၁ဝ ရက်သောက်။ ဒါမှမဟုတ် Erythromycin 250-500 mg တနေ့ ၄ ကြိမ်၊ ၅-၇ ရက်သောက်။
• အနာကိုခြောက်သွေ့အောင်ထားပါ။

Tue, Jan 22, 2013 at 10:30 PM My father (83 years) has tumor found in liver last week via CT scan. He shows no symptom (normal position) but sometimes found swollen feet. I sent four attachments now. I'd like to know can he treat that tumor and what treatment is best for him? Which hospital is better to treat (India or Thailand)? And want to know roughly expenses to treat in those 2 countries. Please tell me frankly. Thank you very much. (HCC) means Hepatocellular carcinoma, Liver cancer. Sorry. The Liver Specialist will advise you how to proceed. Yes there are many Burmese patients seeking treatment in India. The expense is cheaper in India then in Thailand according to a friend of mine who is from Mandalay. Burmese patients come to India mostly for Liver transplant. It is expensive. My friend, U Saw Hlaing had to pay 2,225,000 Indian Rupees for surgery package only. You can also ask those patients who returned from India. There are 2-3 good hospitals in Delhi. I learn that there are agents in Rangoon and Mandalay who work for each hospital in India. The Burmese specialists have link with Indian counterparts and they share examination reports and suggestions. The patient has to arrange for the suitable donor from Burma. As the patient is too old and the doctors will judge his condition and treatment. So be advised to consult the specialist and ask those who had had experience in India. If you have to come, tell me so that I can extend my short helping hand.