ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Saturday, February 16, 2013

Q and A Februaruy 2013 (3)

1. ကျနော့် အကိုဗျာ ဆီးအောင့်နေ တလကျော်နေပါပြီ။
2. ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပါဆရာ။
3. ဆရာသွေးချိုအကြောင်းပြောပေးပါဗျာ။
4. ကျွန်တော့် အမျိုးသမီးက အသက် ၃၂ နှစ်ပါ။
5. ကျွန်တော့် အသက် ၂၇ - ကျား
6. သမီးဆေးတစ်မျိုးအကြောင်းမေးချင်လို့ပါ။
7. My brother, 21-yr-old has been diagnosed of right bundle block.
8. ကျွန်တော့်မျက်နှာမှာ Keloid ဖြစ်နေတယ်ဆရာ။
9. အသဲအဆီဖုံးတာ အစားအသောက်ဆင်ခြင် ဆေးသောက်ရင်
10. အသက်(25)နှစ် လူငယ် ဆီးချိုစစ်တဲ့အခါ 75 လောက်ပဲရှိပါတယ်။
11. ကျနော့်အသက်က (၃ဝ)ပါ။ ကျနော့်မှာ ခါးတွေပူတာ၊ နောက်ပြီးတော့
12. ဘယ်ဘက်တင်ပါးက ကြာကြာထိုင်ရင် ပူထူလာတယ်။
13. ကျွန်မ တစ်နေကုန် လေတက်နေတတ်ပါတယ်။
14. အစားအသောက်စားရင် သက်သက်လွတ် အသီးအနှံချည်းပဲ စားတာလူအတွက် ကောင်းပါသလားဆရာ။
15. ဆရာရှင့် သာလာဆီးမီးယားရောဂါရှိတယ်။ ပြီးတော့ကိုယ်ဝန်ဆောင်ထားရပါတယ်။

Sat, Feb 16, 2013 at 9:52 PM
ကျနော့် အကိုဗျာ ဆီးအောင့်နေ တလကျော်နေပါပြီ။ ဆေးခန်းလည်းပြနေပါတယ် မသက်သာလို့ပါ။ အုန်းရည် သောက်ခိုင်းလို.လည်းသောက်ပါတယ်။ လိုအပ်တဲ.ဟာလည်းတွေပြောပြပေးပါ။ အသက်က ၄၆ ပါ။ အုန်းရည် သောက်လိုက်ရင်တော အချိန်နည်း၂တော သက်သာတယ်လို့တောပြောပါတယ်။ ဘာဆေးတွေသောက်ပြီးပြီလဲ မသိရပါ။ အုန်းရည်တမျိုးတည်း မရတတ်ပါ။

Urethritis in Men ယောက်ျားတွေ ဆီးအောင့်ရင် http://dts-medicaleducation-adult.blogspot.in/2012/03/urethritis-in-men.html
Urinary Tract Infection (1) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infection-1.html
Urinary Tract Infection (2) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/07/urinary-tract-infections.html
Urinary Tract Infection (3) ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/08/uti.html ရှာမရရင်ပြောပါ။

Sat, Feb 16, 2013 at 9:52 PM
ကျွန်တော့် သူငယ်ချင်းတစ်ယောက်ပါဆရာ။ အသက်က ၂၁ ပါ။ သူ့က နှာခေါင်းအလည်လောက်မှာ အနည်းငယ် ချိုင့်ဝင်နေလို့ နှာခေါင်းအတွင်းသို့ ဆီလီကွန် အချောင်းထည့်ထားပါတယ်။ နှာခါင်းချွန်ပြီး နှာတံက ဆင်းဆင်းလေး ဖြစ်မနေလို့ စိတ်ညစ်နေရပါတယ်တဲ့။ ပြန်ထုတ်မယ်ဆိုရင် နဂိုလိုမျိုးပဲအနေအထား ပြန်ရောက်သွားမလား၊ ဒါမှမဟုတ် ထည့်ထားတဲ့ တစ်နှစ်ကျော်လောက် ကာလအတွင်းကြောင့် နဂိုက အနည်းငယ်ချိုင့်ဝင်တာလေး ပျောက်သွားမလား။ နှာတံ အနည်းငယ်ပေါ်မလားလို့ သိချင်နေပါတယ်။ နောက်ပြီး ယခုသူနှာခေါင်းပြုလုပ်ထားတာ မြန်မာပြည်မှာပါ။ ထည့်ထားမှန်း သိသာပြီး နှာတံက တစ်ဖြောင့်တည်း အချောင်းကြီးလို ပေါ်နေတာပါ။ နှာတံ စင်းစင်းလေးနဲ့ ပြေပြေလေး ဖြစ်အောင် လုပ်လို့ရပါသလား။ ရောက်နေတဲ့ (့) မှာ လုပ်လျှင် မြန်မာငွေဘယ်လောက်ကုန်နိုင်ပါသလဲ သိချင်ပါတယ်။

Plastic surgeon အထူးကုဆရာဝန်နဲ့သာ လုပ်ရပါမယ်။ အရိုးတည်ဆောက်ပုံ၊ အရိုးနုအနေအထားအရ အကောင်းဆုံးကိုရွေးပါမယ်။ ဆရာအနေနဲ့ ကုန်ကျမှာ ဘယ်အထိကောင်းမှာတွေ ပြောမရပါ။ ဆရာက မြန်မာပြည်မှာလဲ နေရတာမဟုတ်လို့ အထဲက အခြေအနေကို မသိလှပါ။

17-2-2013 Facebook:
ဆရာသွေးချိုအကြောင်းပြောပေးပါဗျာ။

Diabetes ဆီးချို

Sun, Feb 17, 2013 at 2:42 PM
ကျွန်တော့် အမျိုးသမီးက အသက် ၃၂ နှစ်ပါ။ ကလေးမရှိသေးပါဘူးဆရာ။ ညာဘက်ပခုံးက ခုဆိုအမြဲလိုလို ဇက်ကြောတက်နေပါတယ်။ ၄-၅ လလောက်တော့ရှိပါပြီ။ နေပူထဲသွားရင် ညာဘက်ခေါင်းတခြမ်းက ကိုက်ပြီး ညာဘက်ဇက်ကြောလဲကိုက်လာပါတယ်။ လှဲချလိုက်ပြီး အိပ်လိုက်ရင်သက်သာလာပါတယ်။ ခုနောက်ပိုင်း မနက် အိပ်ယာနိုးလာရင် ညာဘက်လက်က အကြောဆိုင်းသလိုနဲ့ လှုပ်မရဖြစ်တတ်ပါတယ်။ အဓိက လက်သန်း နဲ့ လက်သူကြွယ်မှာ ဖြစ်တာပါ။ အဲဒီအခါနှိပ်ပေးရင် ကောင်းလာပါတယ်။ နောက်ပြီး အဲဒီလက်နှစ်ချောင်းရဲ့ လက်ဆစ်တွေက ကိုက်လာပါတယ်။ ၁ဝ ရက်လောက်ဆိုတခါလောက်ဖြစ်တတ်ပါတယ်။ ဆေးကတော့ Neurovit နဲ့ Nuberol ကို သောက်နေပါတယ်။ အလုပ်က Computer နဲ့ အမြဲလိုလိုစာရင်းလုပ်နေရတာပါဆရာ။

Neck sprains လည်ပင်းနေရာ အတော်နာ

Sun, Feb 17, 2013 at 11:24 PM
ကျွန်တော့် အသက် ၂၇၊ ကျား၊ အိမ်ထောင်မရှိပါ။ အခု (့) စားသောက်ဆိုင်မှာ လုပ်ကိုင်နေ ထိုင်ပါတယ်။ ၀မ်းသွားတဲ့အခါမှာ တခါတရံ သွေးပါတတ်လို့ပါဆရာ။ အခုဖြစ်တာတော့ ရက်ပိုင်း အနည်းငယ်ရှိပါပြီ။ ဘယ်လို ဆေးဝါးများ သုံးစွဲပြီး နေထိုင်စားသောက် သင့်တယ်ဆိုတာ ကျေးဇူးပြုပြီး ကူညီပေးပါဦးဆရာ။

အမိားဆုံး ၂ မျိုးဖြစ်နိုင်တယ်။ ဝမ်းသွားတာ အကြိမ်များရင် ဝမ်းကိုက်တာ။ ဒါမှမဟုတ် လိပ်ခေါင်း။
Dysentery ဝမ်းကိုက်ရောဂါ
Blood in Stool စအိုက သွေးယိုခြင်း


Mon, Feb 18, 2013 at 10:22 AM သမီးဆေးတစ်မျိုးအကြောင်း မေးချင်လို့ပါ။ အမေရိကန် ကထုတ်တာပါ ဆေးနာမည်က CHLOROPHYLL Plus ပါ ဆေးပုံစံကအစိမ်းရောင်အရည်ပါ။ Synergy brand ပါ။ သမီးက ဆေးကိုသားကိုတိုက်ချင်တာပါ။ သူ့ရဲ့အာနိသင်တွေက ကိုယ်ခံအားကောင်းမယ်၊ ရေဓာတ်ထိန်းပေးပြီး အဆိပ်အတောက် ချေဖျက်ပေးခြင်း၊ သွေးကိုသန့်ရှင်းစင်ကြယ်စေခြင်း၊ အောက်စီဂျင်ပို့ဆောင်နိုင်မှုအသုံးပြုနိုင်မှုတို့ကို တိုးတက်ကောင်းမွန်စေခြင်း ဆိုပြီး ရေးထားပါတယ်။ ဆေးဘူးမှာရေးထားတဲ့အညွှန်း မဟုတ်ပါ။ ဆေးကုမ္မဏီက ကိုယ်စားလယ်ပေးတဲ့ စာရွက်ထဲကအညွှန်းပါ သူကပြောပါတယ်။ ဒီဆေးက မိသားစုတစ်စုလုံးသောက်လို့ ရတယ်တဲ့။ ဆေးရဲ့ webside လိပ်စာလဲရှိပါတယ် www.synergyworldwide.com ပါ။ ဆေးကိုသောက်သင့်လားဆိုတာသိချင်ပါတယ်ရှင်။

Chlorophyll Plus (ကလိုရိုဖီးလ် ပလပ်စ်) ဆေး
• ဆေးရောင်းတဲ့ဆီကနေ ရေးထားတဲ့အတိုင်း ပြောပါမယ်။
• ပါတာတွေကတော့ -
• Oil Soluble Chlorophyll With Synergistic Support Each Capsule Supplies: Vitamin A* 11,000i.u., Vitamin D 250i.u., Natural Vitamin E 3i.u., Chlorophyll-Oil Soluble 10mg, Lecithin 248mg, Pumpkin (seed) Oil 45mg, Sesame (seed) Oil 22mg, *From Shark Liver Oil, Halibut Liver Oil and Skip Jack Oil တွေဖြစ်တယ်။
• (ကလိုရိုဖီးလ်) ဆိုတာ အပင်တွေ၊ အရွက်တွေမှာပါတာလို့ စာသင်ဘူးသူတိုင်းကသိကြပါမယ်။ သူသာမရှိရင် အပင် အသက်မရှင်နိုင်ပါ။
• (ဟီမိုဂလိုဘင်) ခေါ်တဲ့သွေးနီဥထဲက အရေးအကြီးဆုံးဓါတ်နဲ့ တည်ဆောက်ထားပုံဆင်တယ်။
• ဆေးရောင်းသူများက Blood plant သွေးဆေးပင် လို့ ရေးတယ်။
• Antioxidant အင်တီအောက်စီဒင့် ခေါ်တဲ့ ဗီတာမင် အေ၊ စီ၊ အီး၊ ကေ နဲ့ ဖေါလစ်အက်စစ်၊ ကယ်လ်စီယမ်၊ သံဓါတ် နဲ့ ပရိုတင်းလဲ ပါတယ်။
• အစာလမ်းကြောင်းထဲက အဆိပ်အတောက်ဖယ်ရှားပေးတယ်။
• ခံတွင်းနံ့မကောင်းတာကို ပျောက်စေမယ်။
• ဗက်တီးရီးယား ပေါက်ပွါးတာကိုလဲ တားပေးတယ်။
• ရောင်ရမ်းဖြစ်စဉ်ကိုသက်သာစေတယ်။ ပိုးသေနိုင်စွမ်းလဲရှိတယ်။
• အစားအရေကောင်းစေမယ်။
• ဆေးပြားကို တခါသောက် ၁-၂ ပြား၊ တနေ့ ၂-၃ ကြိမ်သောက်ပါ။
• Chlorophyll Liquid ဆေးရည်လဲလာတယ်။
• ကိုယ်ဝန်ဆောင်နေတုံး မသောက်ရလို့ ရေးထားပါတယ်။

ဆရာတို့လို ဆရာဝန်တွေက ညွှန်တာမျိုးတော့ မဟုတ်ပါ။ သူတို့ရေးထားတာထက်လဲ ပိုမသိပါ။ အပင်တွေကထုတ်တာမျိုးက တခြားဓါတ်တွေကနေထုတ်တာထက်တော့ စိတ်ချနိုင်ပါမယ်။ အကျိုး-အပြစ် သုတေသနလုပ်ထားတာ မတွေ့သေးပါ။

Mon, Feb 18, 2013 at 1:00 PM
My brother, 21-yr-old has been diagnosed of right bundle block. Can you tell me more detail about the disease and also what to follow and what to avoid?

အခြေခံနှလုံးရောဂါတခုရှိရာနေလဲ ဆက်ဖြစ်နိုင်တယ်။ အဲဒါမျိုးက အခြေခံရောဂါကိုကုရင် သူလဲကောင်းလာမယ်။ ဒီလိုမဟုတ်ရင် ကုရတာခက်တယ်။ တချို့မျာ လျှပ်စစ်လာနှေးလို့ နှလုံးခုန်နှေးနေမယ်။ pacemaker တပ်ထားမှရတယ်။ တသက်လုံးပ်ထားရမျာနဲ့ ယာယီသာတပ်ရမှာ ၂ မျိုးဖြစ်နိုင်တယ်။

တချို့မှာ ဒီရောဂါရှိနေပေမဲ့ မသိဘူး။ မခံစားရဘူး။ ခံစားရနိုင်တာတွေကတော့ -
1. Fainting (syncope) ရုတ်တရက် မေ့သွားတာ၊
2. Feeling as if you're going to faint (presyncope) မေ့ချင်သလိုဖြစ်တာ၊
3. Having a slow heart rate (bradycardia) နှလုံးခုန်နှေးနေတာ။

Complications နောက်ဆက်တွဲဖြစ်လာနိုင်တာတွေကတော့ -
Pacemaker တပ်ထားမှ နှလုံးက လုံလောက်အောင်ခုန်နိုင်မယ်။
နှလုံးရောဂါ အခံရှိရာကနေဖြစ်သူဆိုရင် ပိုသတိထားရမယ်။ sudden cardiac death နှလုံးသေသွားနိုင်တယ်။

Electrocardiogram (ECG) နဲ့ Echocardiogram တွေစစ်ဆေးရတယ်။

ဘာနဲ့ကုမလဲ တိတိကျကျမရှိပါ။
Prevention ကာကွယ်ရေး
ဆေးလိပ်မသောက်ပါနဲ့။ cholesterol ကိုလက်စထော နဲ့ fat ဆီ-အဆီသားတာ လျှော့ပါ။
weight at normal ကိုယ်အလေးချိန်ထိန်းပါ။
Exercise regularly ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
high blood pressure, high cholesterol and diabetes တခြားရောဂါတွေ သွေးတိုး၊ ကိုလက်စထောများခြင်းနဲ့ ဆီးချိုပါ ရှိနေရင် ကုသပါ။

Tue, Feb 19, 2013 at 10:23 AM
ကျွန်တော့်မျက်နှာမှာ keloid ဖြစ်နေတယ်ဆရာ။ ဆရာဝန်က Cica-Care ကပ်ခွာကပ်ခိုင်းတယ်။ keloid ကတော့သေးသွားတယ်။ ဘယ်လောက်ကြာအောင်ကပ်ရမလဲဆရာ။ Keloid ကရောပျောက်သွားနိုင်လားဆရာ။ ကျွန်တော့်ညာဘက်လက်(၃)ချောင်းထိပ်မှာလက်ဗွေတွေပျက်နေတယ်ဆရာ။ အရေပြားအောက်ကချွေးထုတ်တဲ့ ဂလင်း ပျက်ဆီးနေတာလို့ပြောတယ်ဆရာ။ Beprosone cream လိမ်းခိုင်းတယ်။ ဆေးမရှိတဲ့အချိန်မှာ သံလွင်ဆီလိမ်းခိုင်းတယ်။ လိမ်းတာတော့(၁)နှစ်ကျော်ပြီဆရာ။ နဂိုအတိုင်းပဲသိပ်မထူးခြားဘူးဆရာ။ ချွေးထုတ်တဲ့ ဂလင်း ကရောပြန်ကောင်းလာနိုင်လားဆရာ။

Keloid အရုပ်ဆိုးတဲ့ အမာရွတ်

20-2-2013 Facebook
အသဲအဆီဖုံးတာ အစားအသောက်ဆင်ခြင် ဆေးသောက်ရင် လျော့နည်းပျောက်သွားနိုင်လား ဆရာ။

Fatty Liver Disease (FLD) အသဲအဆီဖုံးခြင်း

Thu, Feb 21, 2013 at 12:55 PM
အဲဒီ MYOMETHOL 500 mgဆေးကို 3 လ (သို့) ၆ လတန်သည် သောက်တဲ့အခါ ဘယ်လိုဆိုးကျိုးများ ထပ်ဖြစ်နိုင်ပါသလဲရှင်။
နောက်တစ်ခုက အသက်(25)နှစ် လူငယ် ဆီးချိုစစ်တဲ့အခါ 75 လောက်ပဲရှိပါတယ်။ ဘာကြောင့်အဲဒီလို သွေးတွင်းအချိုဓာတ်လျော့နည်းတာလဲ သိချင်ပါတယ်။ ဆီးချိုနည်းတာ အန္တရယ်ရှိတယ်လို့ တစ်ချို့တွေက ပြောကြပါတယ်။ ဆီးချို ပုံမှန်ပြန်ဖြစ်အောင် ဘာတွေလုပ်ရမလဲ သိချင်ပါတယ် ဆရာ။

ဘေးထွက်-ဆိုးကျိုး ရေးထားတာတွေသာဖြစ်ပါမယ်။ သွေးထဲက သကြားဓါတ်ဟာ နောက်ဆုံးစားထားတဲ့ အစားအောင်က်အပေါ်မှာ မူတည်တယ်။ သကြားဓါတ်နည်းနေတယ်ဆိုတဲ့ရောဂါမရှိပါ။ ဆီးချိုရှိနေသူ အစားအသောက်ဆင်ခြင်လို့ဖြစ်ဖြစ်၊ ဆီးချိုကျဆေး ထိုး-သောက်လို့ဖြစ်ဖြစ်၊ ဆီးချိုရောဂါမရှိသူဟာ သကြာူးဓါတ်ပါတာ မစားဘဲနေတာ ကြာလို့ဖြစ်ဖြစ်၊ စားပေမဲ့ အသုံးချတာ များသွားလို့ဖြစ်ဖြစ် ဒီအချိန်မျိုးတွေမှာသာ သွေးထဲမှာ သကြားဓါတ်နည်းနေမယ်။ အချိန်လေးတခုမှာသာဖြစ်နိုင်တယ်။ ယေဘုယျစစ်ရင် အစာမစားခင်၊ အိပ်ယာချိန် =80-120 mg/dL (4.4-6.6 mmol/L) ရှိမယ်။ ညမအိပ်ခင် = 100-140 mg/dL (5.5-7.7 mmol/L) ရှိမယ်။ သကြားနေနေချိန်မှာ ချက်ချင်း သကြားပါတဲ့အစား-အသောက်စားသောက်လိုက်ရင် ချက်ချင်းဆိုသလို မှန်လာတယ်။ ဂလူးကို့စ် ထိုးဆေးလဲ ထိုးပေးနိုင်တယ်။

Fri, Feb 22, 2013 at 9:45 PM
ကျနော့်အသက်က (၃ဝ)ပါ။ ကျနော့်မှာ ခါးတွေပူတာ၊ နောက်ပြီးတော့ အထိုင်များရင် တစ်ကိုယ်လုံး အပူရှိန်တွေ မြင့်လာတယ်။ ရေမချိုးတဲ့ညများဆို ညကျရင် ပါးစပ်က အခိုးတွေထွက်လိုက်တာ ပါးတွေလဲ ပူရှိန်းနေတာပဲ။ အဲဒီလို ဖြစ်နေတာ ကိုးလလောက်ရှိသွားပြီ။ ရိုးရိုးဓာတ်မှန်နဲ့ တီဗွီဓာတ်မှန်ရိုက်ကြည့်တော့ ဆရာဝန်က ကျောက်ကပ်ကို ကျောက်ဝိုင်းနေတယ်၊ နောက်ပြီးတော့ လေပြွန်ရောင်နေတယ်လို့ ပြောတယ်။ ဆေးတွေသောက်တာလဲမထူးဘူး။ ကျောက်ရှိနေတာနဲ့ အပူရှိန်မြင့်နေတာဆိုင်လားဆရာ။ ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံပေးပါအုံးဆရာ။

ဆေးစာနဲ့ ရောဂါနာမည်သိမှသာ ပြောနိုင်တယ်။ စာလုံးပေါင်း သိပါသလား။ ကျောက်ဝိုင်းတယ်ဆိုတာ နားမလည်ပါ။ လေပြွန်ရောင်တာကော ဆေးစာနဲ့ သိပါသလား။
Kidney stones ကျောက်ကပ်-ကျောက်

Fri, Feb 22, 2013 at 8:33 PM
ဘယ်ဘက်တင်ပါးက ကြာကြာထိုင်ရင် ပူထူလာတယ်။ ၂ဝ၁၁ ရုံးမှာအလုပ်လုပ်တုန်းက တခါသတိထားမိပါတယ်။ ၂ဝ၁၂ ဧပြီလ ၆ ရက်သင်တန်းတက်တုန်းက အဲ့ဒီပုံစံမျိုးထပ်နာတယ်။ နောက်ပိုင်းပျောက်သွားတယ်။ အခု ၂ဝ၁၃ ထဲမှာ ဘယ်ဘက် တင်ပါးပူထူပြီး ထိုင်လို့မကောင်းဘူး။ ဘယ်ခြေထောက် တချောင်းလုံး ဓါတ်လိုက်သလို ဟိုနားနာလိုက် ဒီနားနာလိုက်ဖြစ်နေပါတယ်။ အာရုံကြောဆရာဝန်နဲ့သွားပြတော့ ဆေးတစ်လုံးထိုးပေးလိုက်ပါတယ်။ ဆရာဝန်ထိုးပေးလိုက်တဲ့ဆေးက Diclo-denk INJ 75MG။ Avamigran,Onacine, Propranalol, ရက် ၂ဝ စာ ပေးထားပါတယ်။ နာတာ မပျောက်သေးဘူး။ ဆေးသောက်တာ ၄ ရက်တော့ရှိသွားပါပြီ။ ဘယ်ဘက်ခါးပါ နာသလို အောင့်သလိုဖြစ်လာလို့ပါ။ ဘာဖြစ်နိုင်တဲ့ရောဂါလဲဆိုတာ သိချင်လို့ပါ။ ဆေးခန်းထပ်သွားပြဘို့လိုအပ်ပါလား။

ဖြစ်တဲ့သူဟာ အောက်ကနာမည်အရတော့ အမျိုးသမီးထင်ပါတယ်။ ဆရာမှားရင် ဆောရီး။ အသက်မသိပါ။ ဆေးစစ် မစစ် မသိပါ။ ဓါတ်မှန်ရိုက် မရိုက်မသိပါ။
Low Back Pain ခါးနာ သက်သာစေရန်

Fri, Feb 22, 2013 at 12:44 AM
ကျွန်မ တစ်နေကုန် လေတက်နေတတ်ပါတယ်။ အစာစားပြီးရင်လဲ အစာမကြေလွယ်ပါဘူး။ မျက်နှာမှာလဲ အလာဂျီ ရှိတယ်ဆရာ။ ဆရာပြောထားတဲ့ အစာအိမ်အက်ဆစ်နည်းတဲ့ရောဂါများလားမသိ။ ဘာဆေးတွေသောက်ရမလဲ ပြော ပြပေးပါ။

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

Fri, Feb 22, 2013 at 5:03 PM
အစားအသောက်စားရင် သက်သက်လွတ် အသီးအနှံချည်းပဲစားတာလူအတွက် ကောင်းပါသလားဆရာ။ အဲ့လိုစားရင် အာဟာရဓါတ်တွေ ဘာတွေများ ချို့ယွင်းနိုင်ပါသလားဆရာ။

ဆရာဝန်တွေကတော့ သက်သတ်လွတ်စားပါလို့ မတိုက်တွန်းပါ။ အာဟာရအကြောင်းရေးထားတာကို ပို့လိုက်တယ်။ လူတွေဘယ်ဓါတ်တွေ ဘယ်လောက်လိုသလဲ၊ ဘယ်အစာတွေကရသလဲ ဆိုတာတွေတွေ့မှာပါ။ ဒီဓါတ်တွေ ဘယ်ကနေရရ ပြည့်ဝ မျှတဘို့သာ ဆရာဝန်တွေက တိုက်တွန်းပါတယ်။ သိထားဘို့က လူတွေဟာ အစုံစားသက်ရှိဖြစ်တယ်။ မိဘဘိုးဘွား အစုံစားသူတွေကနေ မွေးလာသူတွေရဲ့ ပင်ကိုယ်ဟာ အစုံလိုတယ်။ အသားထဲကသာရျှတိုင်းတော့ အသားမစားသူတွေ မရနိုင်တာလဲ ရှိတယ်။ အားဆေးဆိုတိုင်းလဲ အစားအစာလောက်မပြည့်စုံပါ၊ မကောင်းလှပါ။
Nutrition အာဟာရ

Thu, Feb 21, 2013 at 5:31 PM
ဆရာရှင့် သာလာဆီးမီးယားရောဂါရှိတယ်။ ပြီးတော့ကိုယ်ဝန်ဆောင်ထားရပါတယ်။ ကုသလို့ရနိုင်ပါလားရှင်။ ဘယ်လို နေထိုင်ရမယ်ဆိုတာလေး ပြောပြပေးပါရှင်။ ဟေမိုဂလိုဘင်က စစ်လိုက်တိုင်း ၁ဝ ကျော်ပဲရှိလို့ anemia စစ်ခိုင်းတာ thalessemia ကို ထပ်စစ်ဖို့ပြောပါတယ်။ ကိုယ်ဝန်က အခု ၃ လပါ။ ဆရာ့ရာရဲ့ပြန်စာကို မျှော်နေပါတယ်ရှင်။

Thalassemia (1) (သာလာဆီးမီးယား) သွေးအားနည်းရောဂါ (၁)
Thalassemia (2) (သာလာဆီးမီးယား) သွေးအားနည်းရောဂါ (၂)
Thalassaemia trait (သာလာဆီးမီးယား) မွေးရာပါ သွေးရောဂါ