ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, February 3, 2013

Q and A February 2013 (1)

1. ကျွန်တော်အခု ကျောကုန်းဘက်မှာ ဝက်ခြံနည်းနည်းထွက်နေပါတယ်။
2. အရက်သောက်တတ်တဲ့လူတစ်ယောက်က ကျောက်ကပ်ရောင်ပါက
3. ကျွန်မအမေက အသက်(၅၈)နှစ်ရှိပါပြီ။
4. ဆရာအကြံပေးတိုင်း ကျန်တော် အခုသောက်ဖို့လုပ်တဲ့ဆေးက
5. I have been using Amlodaphine (Amlosun)
6. ကျွန်တော့် နာမည်က (့) ပါဆရာ။
7. I'd still like to know the following answers.
8. Can I ask something?
9. ကျွန်တော်တို့ (့) မှာ ထူးခြားသည့် အရေပြားရောဂါတစ်မျိုးဖြစ်ပွါးနေပါသည်။
10. ကျတော် အရိုးပွရောဂါ စစ်တာက စက်နဲ့ပါ ရလဒ်က (-2.2) အရိုးပွရောဂါက
11. ကျွန်မမေးကို ကျေးဖူးပြုပြီး ပြန်ပို့ပေးပါနော်။
12. သမီးအခု ဗိုက်ထဲမှာ အူလိမ်နေသလိုခံစားရပါတယ်။
13. ကျွန်တော်က (့) ကျောင်းသားပါ။
14. I'm 26 year old, on my body I got allergic so many months ready.
15. ကျွန်တော့် နာမည်က (့) ပါ။ အသက် ၂၉ နှစ်ပါ။

Sun, Feb 3, 2013 at 5:28 PM ကျွန်တော်အခု ကျောကုန်းဘက်မှာ ဝက်ခြံနည်းနည်းထွက်နေပါတယ်။ ၂ဝ၁ဝ တုန်က (့) မှာ DR (့) နဲ့ပြခဲတယ်။ ကျွန်တော်ကို Tetracycline တိုက်ပြီးတောသက်သားလာတယ်။ ဒါပေမဲ့ အမာရွှတ်တွေကျန်နေတယ်။ ပြီးခဲ့တဲ့ ၆ လတုန်းက ပြန်များလာတယ်။ (့) ဆေခန်းမှာပဲပြခဲ့တယ်။ ကျွန်တော်ကို erythromycin Ph.Eur.2% w/w လိမ်းဆေနဲသောက်ဆေပေတယ်။ တစ်နေတစ်လုံးသောက်ရတယ်။ အခုဖြစ်လာပြန်ပြီး ဆရာရေးထာတဲ့ ၀က်ခြံးအကြောင်းလည်ဖတ်ပြီးပြီ။ ဘာတွေရှောင်း၇မလဲ ဘာလိုလုပ်သင့်သလဲ။

ရေးထားတာဖတ်ရင် တွေ့မယ်ထင်ပါတယ်။ ဝက်ခြံ၊ ပြည်တည်နာ၊ သွေးစုနာ၊ အနာ့ပဆုပ် စတာတွေက ဗက်တီးရီးယား အမျိုးမျိုးဝင်ရာကနေ ရင်းပြီး ပြည်ဖြစ်လာတယမျိုးတွေဖြစ်တယ်။ မျက်နှာမှာဖြစ်တာနဲ့ တခြားနေရာဖြစ်တာ အခြေခံအကြောင်းတွေ မတူတတ်ပါ။ မျက်နှာဝက်ခြံခေါ်တာက ဟော်မုန်းအပြောင်းအလဲနဲ့လဲဆိုင်တယ်။
တခြားနေရာတွေ့ အဲဒါနဲ့မဆိုင်ပါ။ အရေပြားထဲကို ပိုးဝင်ရာကနေသာဖြစ်တယ်။ လူက အဆီများသူတွေက အဆီကိုလက်ညှိုးထိုးနိုင်တယ်။ လူကမဝရင် အနေအထိုင်၊ အစားအသောက်ကြောင့် ဖြစ်စေနိုင်တယ်။ ထကိုယ့်အခြေအနေကိုယ် သတိထားပါ။ ဖြစ်လာရင် စောစောစီးစီး ပိုးသေဆေးသောက်ပါ။ အနာသက်သာဆေးသောက်ပါ။

Sat, Feb 2, 2013 at 9:13 PM
အရက်သောက်တတ်တဲ့လူတစ်ယောက်က ကျောက်ကပ်ရောင်ပါက ဆောင်ရန်ရှောင်ရန်များဖြေကြားပေးစေလိုပါတယ် ကျေးဇူးတင်စွာဖြင့်

ကျောက်ကပ်ရောင်တာ မတူတာတွေရှိလို့ ရောဂါနာမည် စာလုံးပေါင်း၊ ဆီးစစ်အဖြေသိရင်ပြောပြပါ။

Mon, Feb 4, 2013 at 10:32 AM
ကျွန်မအမေက အသက်(၅၈)နှစ်ရှိပါပြီ။ ကလေးငါးယောက်မိခင်ပါ။ ၂ဝဝ၁ ခုနှစ်က သားအိမ်ထုတ်လိုက်ပါတယ်။ ဒီဆေးကိုနှစ်ရက်ခြား တစ်ခါသောက်တာ ခြောက်နှစ်ရှိပါပြီ။ ဒီဆေးကို ဆက်သောက်ရန်လိုပါသလားဆရာ။ ရေရှည်ဆက်သောက်လျှင် ကောင်းပါသလား။ ဒီဆေးသောက်မှအဆင်ပြေလို့ပါဆရာ။ ကျေးဇူးပြုရှ်ျဖြေကြားပေးပါဆရာ။

Tibolone ဟာ အမျိုးသမီးဟော်မုန်းဆေးဖြစ်တယ်။ သွေးဆုံးသူတွေကိုပေးရတာများတယ်။ မျက်နှာနီမြန်းတာ၊ ချွေးထွက်တာ၊ စိတ်မူပြောင်းတာ၊ မွေးလမ်းကြောင်းခြောက်လာတာတွေ သက်သာစေတယ်။ အရိုးအားနည်းတာလဲ သက်သာတယ်။
• ဆေးကိုဆရာဝန်ညွှန်တဲ့အတိုင်း တိတိကျကျသောက်သင့်တယ်။ နေ့တိုင်းအချိန်တူမှာသောက်သင့်တယ်။
• ကိုယ်ဝန်ရှိလာရင် လုံးဝမသောက်ရဘူး။ ဆေးလိပ်မသောက်ရဘူး။
• ဘေးထွက်-ဆိုးကျိုးတွေ = ကြားရက်သွေးဆင်း၊ ရင်ပတ်နာ၊ ပေါင်ခြံ-ခြေထောက်နာ၊ ပျို့-အန်၊ ဗိုက်နာ၊ ခေါင်းကိုက်၊ အသက်ရှူမဝ၊ ခြေ-လက်မှာ ကိုယ်ရောင်သလိုဖြစ်လာတတ်တယ်။ အသားဝါဖြစ်နိုင်တယ်။
• Tibolone ဆေးကထိရောက်တယ်။
• Endometrial cancer ဖြစ်လာစေနိုင်တဲ့ရာခိုင်နှုန်းက ဒီဆေးမသောက်သူတွေထက်များတယ်။
• Breast cancer ရင်သားကင်ဆာပိုဖြစ်-မဖြစ်ဆိုတာ အသေအခြာမပြောနိုင်ဘူး။
• Coronary Heart Disease နှလုံး-သွေးကြောရောဂါအတွက်လဲ အတိအကျပိုမယ်လို့ မပြောနိုင်ဘူး။
• Stroke သွေးကြောကျဉ်းရောဂါက ဒီဆေးစသောက်ကာစ ပဌမနှစ်မှာ ပိုဖြစ်စေတယ်လို့ တွေ့ရှိရတယ်။
• Ovarian cancer မျိုးဥအိမ်ကင်ဆာ နဲ့ Venous thromboembolism သွေးပြန်ကြောပိတ်တာ ပိုမဖြစ်စေဘူး။
• Benefit-risk balance အကျိုး နဲ့ အပြစ်ချိန်ဆရ သောက်ဘို့လိုသူ အမျိုးသမီးတွေ သောက်သင့်ပါတယ်။
• ရေရှည်သုံးဘို့ကိုတော့ အားမပေးပါ။ အထူးသဖြင့် အသကိပိုကြီးသူတွေအတွက် ပိုသတိပေးထားတယ်။
• ဒါပေမဲ့ အမျိုးသမီးကြီးတွေက တယောက်နဲ့တယောက်မှာ ဆိုးကျိုး သက်ရောက်မှု မတူကြဘူး။
• တချို့ကို တံဆိပ်ပြောင်းပေးတတ်တယ်။ Livial tablets ဆိုတာမှာလဲ Tibolone 2.5 mg ပါတယ်။
• များသောအားဖြင့် သွေးဆုံးပြီး ၁၂ လ အထိ ပေးလေ့ရှိတယ်။
• ဒီဆေးကိုလဲ အကျိုး နဲ့ အပြစ် ဘယ်ဟာက သာသလဲဆိုတာကိုကြည့်ပြီး ချိန်ဆရမှာဘဲဖြစ်တယ်။
• အသက် ၆ဝ ကျော်ရင် ပိုသတိကြီးရမယ်။
• ရေရှည်ပေးရတာက အရိုးအားနည်းတာကို ကာကွယ်ဘို့ဖြစ်တယ်။

Mon, Feb 4, 2013 at 1:58 PM
ဆရာအကြံပေးတိုင်း ကျန်တော် အခုသောက်ဖို့လုပ်တဲ့ဆေးက TETRACYCLINE B.P. 250 mg ကိုသောက်ဖို့လုပ်နေပါတယ်။ အဲဒီ ဆေးသောက်ရင် အဆင်ပြေနိင်သလား ဆရာခင်ဗျာ။ နောက်ြ့ပီးကျန်တော် တစ်ရက် ဘယ်နှစ်ကြိမ်လောက်သောက်သင့်သလဲပြောပြကူညီပါဆရာ ခင်ဗျား။

Tetracycline 250 mg ဆိုရင် တနေ့ ၄ ကြိမ်၊ 500 mg ဆိုရင် တနေ့ ၂ ကြိမ်။

Tue, Feb 5, 2013 at 12:00 PM
I have been using Amlodaphine (Amlosun) for about four months for my blood pressure. I think I'm having edema on my left side of the body. I'm feeling some fluid in between the skin and skull is flowing according to the position of my head through my left cheek. My left forearm, eyelids, cheek are also slightly bigger than the right side's. My doctor changed with Locarten Potessium. The situation is the fluid is not getting more but it still hasn't got back to normal. I stopped using the Amlodipine three months ago. Will that be automatically back to normal? Is there any medicine for that?

Amlodipine ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ
• ကိုယ်အဖျားအနားပိုင်း ရောင်ခြင်း = ၈့၃%၊
• အားယုတ်ခြင်း = ၄့၅%၊
• ခေါင်းမူး၊ ရင်တုန်၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အစားပျက်၊ ပျို့ချင် = ၁%၊
• သွေးထိခိုက်၊ ယောက်ျားရင်သားကြီး၊ ပန်းညှိုး၊ အိပ်မရ၊ ရင်ခုန်မြန်၊ သွားဖုံးရောင် = ဝ့၁%၊
• အမူအယာပြောင်း၊ အသဲရောင်၊ အသားဝါ = ဝ့ဝ၁%၊
• ဆီးချို၊ လက်တုန် = ဝ့ဝဝ၁%

ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးကြောင့်ဖြစ်တာတွေက ဆေးရပ်လိုက်ရင် ဆက်မဖြစ်တော့ပါ။ ဒါပေမဲ့ ဖြစ်ထားတွေ ပျောက်ဘို့ အချိန်ယူပါမယ်။ အရည်အောင်း ကိုယ်ရောင်နေတာတွေက သွေးထဲကိုစုပ်ယူသွားလို့ ကုန်မှသာ ပျောက်မယ်။ အချိန်ပေးပါ၊ ငန်တာ လုံးဝရှောင်ပါ။ နောက်ပေးတဲ့ သွေးတိုးကျဆေးမှာ ဆီးသွားစေတာတွဲပါနေရင် မြန်မြန်သက်သာပါမယ်။

Generic name: Losartan
Brand name: Cozaar
Drug class= Angiotensin receptor blockers (ARBs)
ဒီသွေးကျတေးကို သွေးတိုးကနေဆက်ဖြစ်နိုင်တဲ့နှလုံးရောဂါကာကွယ်ဘို့လဲပေးတယ်။ ဆီးချိုအတွက်လဲသုံးတယ်။
တနေ့မှာ 25-50 mg ပေးလေ့ရှိတယ်။ 100 mg daily ထက်မများစေရဘူး။
ဘေးထွက်-ဆိုးကျိုး = ဝမ်းပျက်၊ ကြွက်သားနာ (ကြွက်တက်)၊ ခေါင်းမူး၊ အိပ်ရေးပျက်၊ နှာခေါင်းပွစိပွစိဖြစ်၊ ချောင်းဆိုး၊ သွေးထဲမှာ ပိုတက်ဆီယမ်များ၊ ပန်းညှိုး၊ ကိုယ်ရောင်၊

Mon, Feb 4, 2013 at 9:47 PM
ကျွန်တော့် နာမည်က (့) ပါဆရာ။ အသက် ၂၉ နှစ်ပါ။ ကျွန်တော် စကားပြောတဲ့အခါ စကားထစ်တယ် တစ်ခါတစ်လေ ပြောလို့မထွက်ဘူး အများသောအားဖြင့် "အ" နှင့်စသောစကားလုံးတွေကို ပြောရတာ ထစ်တယ်။ ကျွန်တော် ကလေးဘဝတုန်းက အဲလို မဖြစ်ဘူးဆရာ။ မှတ်မိတာ ၁၃ နှစ်သား အရွယ်လောက်မှ စဖြစ်တာ။ ဖြစ်တာ ကလဲ အမြဲတမ်းမပာုတ်ဘူး။ စိတ်နှင့်ဆက်နွယ်နေတယ်လို့ ထင်တယ်ဆရာ။ စိတ်ငြိမ်နေတဲ့အချိန် စကားမထစ်ဘူးဆရာ။ ကျွန်တော်တို့ မျိုးရိုးမှာက စကားထစ်တဲ့ ဦလေး၊ အစ်ကိုတို့ရှိတယ်။ မျိုးရိုးလိုက်တယ်လို့ထင်တယ်ဆရာ။ အဲလို စကားထစ်တော့ စကားအများကြီး ပြောရမှာ ကြောက်တယ်။ လူရှေ့တွေ စကားသိပ်မပြောရဲဘူး။ ကြောက်တဲ့ စိတ်များတာလဲပါတယ်ဆရာ။ မကြာသေးခင်က စိတ်ရောဂါကု ဆရာဝန် တစ်ယောက်နှင့် ပြကြည့်သေးတယ်။ ဆရာဝန်က စိတ်ငြိမ်တဲ့ဆေးနှင့် စိတ်ကြည်လင်တဲ့ဆေး တစ်လစာ ပေးလိုက်တယ်။ အဲဒီဆေး သောက်ပြီးရင် အရမ်း အိပ်ပျော်လို့ အလုပ်ထိခိုက်လို့ ၂ ရက်လောက် သောက်ပြီး ထပ်မသောက်တော့ဘူးဆရာ။ ကျွန်တော် စိတ်ငြိမ်အောင် Meditation လဲ လုပ်ဖြစ်တယ်။ အမြဲတော့ မပာုတ်ဘူး။ စကားထစ်တာက မျိုးရိုးဗီဇနှင့် ဆိုင်လား။ စိတ်နှင့်ရော ဆက်နွယ်မှုရှိလား။ စိတ်ထဲမှာလဲ တစ်ခုခုလုပ်ရင် စိုးရိမ်စိတ်တွေ ဖြစ်တယ်။ ကြောက်စိတ်တွေဖြစ်တယ်။ အဲဒါနှင့်ပတ်သက်ပြီး ဘယ်လို လုပ်သင့်လဲ။ ဘယ်လို နေထိုင်သင့်လဲ။ ဘာဆေးတွေ သောက်သင့်လဲ ဆိုတာကျေးဇူးပြုပြီး အကြံပေးပါဆရာ။

Stammering စကားထစ်ခြင်း

Tue, Feb 5, 2013 at 3:01 PM
I'd still like to know the following answers.
1. If "Losartan" makes the Potassium level increase, what are the side effects of the potassium level increase?
2. If "Losartan" can have the edema, what should I do?
Name: (့), (M), Age: 51, Country: Myanmar

High potassium levels (ပိုတက်ဆီယမ်) များနေခြင်း High Blood Pressure Aftermath သွေးတိုးကျဆေး သတိပေးပါရစေ
High Blood Pressure Aftermath သွေးတိုးကျဆေး သတိပေးပါရစေ High Blood Pressure Aftermath သွေးတိုးကျဆေး သတိပေးပါရစေ High Blood Pressure Aftermath သွေးတိုးကျဆေး သတိပေးပါရစေ High Blood Pressure Aftermath သွေးတိုးကျဆေး သတိပေးပါရစေ

Tue, Feb 5, 2013 at 7:57 PM
Can I ask something? I'm 26 year old, on my body I got allergy for so many months already. I take some medicine but no relief.

• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

Sat, Feb 9, 2013 at 2:14 AM
ကျွန်တော်တို့ (့) မှာ ထူးခြားသည့် အရေပြားရောဂါတစ်မျိုးဖြစ်ပွါးနေပါသည်။ လက်ရှိ ကျွန်တော်ကိုယ်တိုင် ခံစားနေရပါသည်။ ဖြစ်ပွါးသည်မှာ လေးနှစ်ခန့်ရှိပါပြီ နှုတ်ခမ်း အာခေါင် လိင်အဂါင်္ လက်တို့တွင် အသီးဖုကလေးများ များစွာထွက်ပါသည် နှုတ်ခမ်းမှလွဲ၍ ကျန်နေရာများသည် အမြဲယားပါသည်။ မည့်သည့်ဆေးဝါးများဖြင့်ကုသရမည် ကို ညွန်ကြားပေးစေလိုပါသည် ဓါတ်ပုံများပို့ပေးပါမည်။

Skin Problems အရေပြားမှာ အဖြစ်များတာတွေ

Fri, Feb 8, 2013 at 2:38 PM
ကျတော် အရိုးပွရောဂါ စစ်တာက စက်နဲ့ပါ ရလဒ်က (-2.2) အရိုးပွရောဂါက အရှင်းပျောက်ကင်းပါသလား ခင်ဗျာ။

ဆေးစာရေးရင် မူရင်း စာလုံးပေါင်း လိုပါတယ်။ စာရိုက်တာမှာလဲ "ပွိုင့်" နဲ့ "အောက်မြင့်" နဲ့ "ဒေါ့တ်" နဲ့ ကွဲပြားအောင် ရိုက်ပေးပါ။ "ဒက်ရှ်" နဲ့ "အနုတ်" နဲ့ ရောနေတယ်။ ဆေးစာမှာ အမှားမခံဘူး။ အရိုးပွရောဂါအမည် အတိအကျပြောပါ။ တမျိုးမကရှိတယ်။

Fri, Feb 8, 2013 at 10:04 AM
ကျွန်မမေးကို ကျေးဖူးပြုပြီး ပြန်ပို့ပေးပါနော်။ ကျွန်မဟာ အကောင်းပကိကနေ တဖြည်း၂ ပိန်ကျသွားပါတယ်။ ပြီးတော့ မရိုမသေ ဝမ်းသွားရင် သွေးပါတတ်ပါတယ်။ တခါတလေ လေထိုးသလိုမျိုး အောင့်တတ်ပါတယ်။ ဘာမှမစားဘဲ ဝမ်း အဆက်မပြတ် သွားချင်သွားတတ်ပါတယ်။ ပြီးတော့ ချုပ်ရင်လဲ တပတ်လောက်ချုပ်တတ်ပါတယ်။ အဆိုးဆုံးကတော့ အလုပ်နည်း ၂ လုပ်တာနဲ့ အရမ်းမောပြီး အားမရှိတော့သလို ခံစားနေရပါတယ်။ ဆရာ အွန်လိုင်းမှာ ရေးထားတဲ့ အူမကြီး ကင်ဆာ လက္ခဏာနဲ့ တူလို့ ရေးလိုက်တာပါ။ ကျွန်မက စာရင်းကိုင်တယောက်ပါ။

ဖြစ်တဲ့သူ အသက် မသိပါ။ အိမ်ထောင်ရေး စတာ မသိပါ။ ဆေးစစ် မစစ် မသိပါ။ ဆေးပညာ စာတွေရေးထားပါတယ်။ သိလိုတာ ရှာဖတ်နိုင်ပါတယ်။ ဆရာဝန် အရင်ပြပါ။ လိုသေးရင် မေးနိုင်ပါတယ်။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်း မေးပါ။

ပထမစာက အလောတကြီးဖြစ်သွားလို့ ခွင့်လွတ်ပါ။ ကျွန်မက အိမ်ထောင်မရှိ အပျိုပါ ။ အသက်က 30 ရှိပါပြီ။ နေတာကတော့ (့) မှာပါ။ အစဆုံးကတော့ လိပ်ခေါင်းဖြစ်ပါတယ်။ မနက်ဖြန် လိပ်ခေါင်း ကို အာရှတော်ဝင်မှာ ခွဲစိတ်မှာပါ။ သွေးတွေလဲ အကုန်စစ်ပြီးပါပြီ ဘာရောဂါမှ မရှိပါဘူး။ ဓါတ်မှန်လဲ ရိုက်ပြီးပါပြီ။ ဒါပေမယ့် ဒေါက်တာ ပြောသလို အူလမ်းကြောင်းကိုတော့ ပိုက်သွင်းပြီး မရိုက်ကြည့်ဖူးပါဘူး။ တခါတုန်းက ဆရာဝန်သွားပြတော့ သူက အူကို သံသဖြစ်ပါတယ်။ ဒါပေမယ့် လိပ်ခေါင်းကို အရင်ဖြတ်ခိုင်းပါတယ်။ ဒါမှ ရောဂါ ကွဲပြားအောင်လို့ပါ။ ခုခံစားနေရတာက တော့ အလုပ်နည်း ၂လုပ်ရင် အရမ်းမောပါတယ်။ မစင်စွန့်ရင်လဲ မညီမညာနဲ့ သွေးစတွေပါပါတယ်။ ဗိုက်တခါတလေ အောင့်ပါတယ်။ မောပါတယ်။ ကိုယ်အလေးချိန် ပေါင် 95 ပေါင်ကနေ ခုဆို 83 ဘဲ ရှိပါတော့တယ်။ တနှစ်အတွင်း ထိုးကျသွားတာပါ။ ခံစားနေရတာ ၁ နှစ်ရှိပါပြီ။

အသက် ၃ဝ မှာ ကင်ဆာ ကိုမေ့ထားပါအုံး။ မိန်းကလေးဖြစ်လို့ ရာသီအကြောင်းလဲ ဆရာဝန်က သိချင်သေးတယ်။ ကိုယ်အလေးချိန်ကျစေတဲ့ အကြောင်းတရားတွေက များတယ်။ အစာလမ်းကြောင်းကို သံသယရှိတာ မလွန်ပါ။ သွေးစပါနေတာက ဘယ်လောက်ကြာပြီလဲ။ လိပ်ခေါင်းခွဲတာကော ဘယ်လောက်ကြာပြီလဲ။ လိပ်ခေါင်းဆိုတာ ခွဲစိတ်ပြီးလဲ ထပ်မဖြစ်အောင် အနေ၊ အစား သတိထားရတယ်။ ဆရာ့ ဆိုက်မှာ ရေးထားပါတယ်။ တီဘီ အတွက် ရင်ပတ် ဓါတ်မှန်ရိုက်ဘူးပါသလား။

Thu, Feb 7, 2013 at 3:30 PM
သမီးအခု ဗိုက်ထဲမှာ အူလိမ်နေသလိုခံစားရပါတယ်။ ထမင်းဆိုလဲ အများကြီးစားလို့မရတော့ပါဘူး။ ဗိုက်ကြီးက တောင့်တောင့်လာသလို ခံစားရပါတယ်ရှင့်။ ကျောပြင်ကနေ ဖိရင်လည်း အူနာပါတယ်ရှင့်။ ဗိုက်ရဲ့ ဗယ်ဘက်က ပိုဖြစ်သလို ခံစားရပါတယ်။ ဟိုတလောက အအေးသောက်ပြီးနောက်ပိုင်း အဲ့လိုဖြစ်လာတာပါရှင့်။ ဗိုက်ကြီးတင်းပြီးတော့ အသက်အရမ်းရှုလိုက်ရင်လည်း နာသလိုခံစားရပါတယ်ရှင့်။ အဲ့ဒါ ဘာဖြစ်နေသလဲဆိုတာ ဆရာ မှန်းကြည့် ပေးစေချင်ပါတယ်ရှင့်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Wed, Feb 6, 2013 at 4:42 PM
ကျွန်တော်က (့) ကျောင်းသားပါ။ တစ်နေ့က White Blood Cells အကြောင်း practical လုပ်ရင်းနဲ့ blood နဲ့ distilled water ရောထားတဲ့ solution ပါးစပ်ထဲ ဝင်လာပါတယ်။ ချက်ချင်းလည်းထွေးထုတ်လိုက်ပါတယ်။ ရေနဲ့လည်း ပလုပ်ကျင်းလိုက်ပါ တယ်။ ဒါပေမယ့် စိတ်ထဲမှာ စနိုးစနှောင့်ဖြစ်နေလို့ ဘာဖြစ်နိုင်လဲဆိုတာ ဖြေ ကြားပေးပါခင်ဗျာ။

I think you don't need to worry for that accident. Your saliva and gastric juice will kill if gems are swallowed.

Tue, Feb 5, 2013 at 7:57 PM
I'm 26 year old, on my body I got allergic so many months ready. I live in (့). I take some medicine but not relief.

• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း http://dts-medicaleducation.blogspot.com/2011/11/urticaria-hives.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

Mon, Feb 4, 2013 at 9:47 PM
ကျွန်တော့် နာမည်က (့) ပါ။ အသက် ၂၉ နှစ်ပါ။ ကျွန်တော် စကားပြောတဲ. အခါ စကားထစ်တယ် တစ်ခါတစ်လေ ပြောလို.မထွက်ဘူး အများသောအားဖြင့် "အ" နှင့် စသော စကားလုံးတွေကို ပြောရတာ ထစ်တယ် ဆရာ။ ကျွန်တော် ကလေးဘဝတုန်းက အဲလိုမဖြစ်ဘူးဆရာ။ ကျွန်တော် မှတ်မိတာ ၁၃ နှစ်သား အရွယ်လောက်မှ စဖြစ်တာ။ ဖြစ်တာကလဲ အမြဲတမ်းမပာုတ်ဘူး။ စိတ်နှင့် ဆက်နွယ်နေတယ်လို့ ထင်တယ်ဆရာ။ စိတ်ငြိမ်နေတဲ့အချိန် စကား မထစ်ဘူး ဆရာ။ ကျွန်တော်တို့မျိုးရိုးမှာက စကားထစ်တဲ့ဦလေး။ အစ်ကိုတို့ရှိတယ်။ မျိုးရိုးလိုက်တယ်လို.့ထင်တယ်ဆရာ။ အဲလို စကားထစ်တော့ စကားအများကြီး ပြောရမှာ ကြောက်တယ်။ လူရှေ့တွေ စကားသိပ်မပြောရဲဘူး။ ကြောက်တဲ့ စိတ်များတာလဲ ပါတယ်။ မကြာသေးခင်က စိတ်ရောဂါကု ဆရာဝန် တစ်ယောက်နှင့်ပြကြည့်သေးတယ်။ ဆရာဝန်က စိတ် ငြိမ်တဲ့ဆေးနှင့် စိတ်ကြည်လင်တဲ့ဆေး တစ်လစာ ပေးလိုက်တယ်။ အဲဒီဆေး သောက်ပြီးရင် အရမ်း အိပ်ပျော်လို့ အလုပ်ထိခိုက်လို့ ၂ ရက်လောက် သောက်ပြီး ထပ်မသောက်တော့ဘူးဆရာ။ ကျွန်တော် စိတ်ငြိမ်အောင် Meditation လဲ လုပ်ဖြစ်တယ်။ အမြဲတော့ မပာုတ်ဘူး။ ဘယ်လို နေထိုင်သင့်လဲ ဘာဆေးတွေ သောက်သင့်လဲ။

Stammering စကားထစ်ခြင်း