ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာ မေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook Comment မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• (ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်

Monday, February 11, 2013

Q and A February 2013 (2)

1. ကျွန်တော့် သမီးလေးဟာ အပြင်ဆေးခန်းမှ B ပိုးကာကွယ်ဆေး ထိုးတာ
2. ကျွန်တော့် အမေတွင် ဘယ်ဘက်ရင်သားရှိ အကျိတ်အား
3. ယူရစ်အက်ဆစ်များတာနဲ့ပတ်သက်ပြီးသိချင်ပါတယ်ဆရာ။
4. 5 days ago, you diagnosed my skin lesion as herpes
5. ဗိုက်မြန်မြန်ချပ်အောင် ဘယ်လိုလုဎ်ရလဲဆရာ
6. ကျနော် အသက် 26 နှစ်ပါ။
7. သမီး ခြေထောက်ခြေမက ကားပေါ်တတ်လိုက်တာ
8. သမီး ကျေးဇူးအထူးတင်ပါတယ်ဆရာ။
9. ဆရာ Doxycycling 100mg, B6, Cevit, Loratadine ဘာအတွက်ပေးတာလဲဆရာ။
10. အခုနောက်ပိုင်း ကျွန်တော် ခေါင်း အရမ်းကိုက်တဲ့ ဝေဒနာ ခံစားနေရပါတယ်။
11. ကျွန်တော်၏ ဇနီး ဖြစ်သူမှာ ကလေးမွေးပြီး
12. လူနာရဲ့သွေးပေါင်ချိန် ၁ဝဝ/၆ဝ ရှိပါတယ်။
13. အမည် (့) အသက် 27 နှစ်၊
14. သမီးအသက်မှာ (31) နှစ်ရှိပါပြီ။
15. ASO များသော လေးဘက်နာ(အဆစ်အမြစ်ကိုက်ခဲ)သော ရောဂါက ကူးစက်တတ်ပါသလား။

Mon, Feb 11, 2013 at 7:39 PM
ကျွန်တော့် သမီးလေးဟာ အပြင်ဆေးခန်းမှ B ပိုးကာကွယ်ဆေး ထိုးတာ 21/9/12 နှင့် 21/10/12 နေ့တို့တွင် နှစ်ကြိမ်ထိုးနှံခဲ့ပြီးဖြစ်ပါတယ်။ 21/2/13 ရက်နေ့တွင် ထပ်မံထိုးနှံရန် date ပေးထားပါတယ်။ ငါးမျိုးစပ်ကာကွယ်ဆေးကို (B ပိုးပါ) ရပ်ကွက်တွင်းအခမဲ့ ထိုးပေးချိန်တွင်လည်း သွာရောက်ထိုးနှံခဲ့ပါတယ်။ (12/11/12 & 11/1/13) နှစ်ကြိမ်။ ငါးမျိုးစပ်ဆေးထဲမှာ B ပိုးထည့်ထိုးပေးပါသလား။ ရပ်ကွက်ထဲလာထိုးပေးတဲ့ဆရာမက ၃ လပိုင်းမှာ သူတို့လာတဲ့အချိန်မှ B ပိုးထိုးလို့ရတယ်ပြောပါတယ်။ အပြင်ဆေးခန်းကပေးထာတဲ့ ၃ ကြိမ်မြောက် ၄ လပြည့်နေ့ကိုသွားထိုးစရာမလိုပဲ ရပ်ကွက်ထဲ လာထိုးတဲ့ ၃ လပိုင်းအချိန်ထိစောင့်ရမှာလား။ ရက်ကျော်သွားမှာစိုးရိမ်လို့ပါ။

Pentavalent Vaccine (2) မြန်မာကလေးများအတွက် ကာကွယ်ဆေးသစ် (၂)

Mon, Feb 11, 2013 at 1:39 PM
ကျွန်တော့် အမေတွင် ဘယ်ဘက်ရင်သားရှိ အကျိတ်အား ပုဂ္ဂလိက ဆေးရုံတက်၍ ရင်သားတစ်ဖက်လုံးကို (၂၆-၁-၂ဝ၁၃) က ဖြတ်ထုတ်ထားပါသည်။ အကျိတ်နှင့် ချိုင်းဘက်ရှိ အသားစကို Biopsy ပို့၍ စစ်ဆေးရာ ရင်သားကင်ဆာဟု ပြောပါသည်။ ခွဲစိတ်ဆရာဝန်မှ ဖြစ်ကာစ အခြေအနေ ဖြစ်၍ အရမ်းစိုးရိမ်စရာ မလိုကြောင်းတော့ ပြောပါသည်။ ချိုင်းဘက်အသားစတွင် မပြန့်သေးဟု ပြောပါသည်။ (Biosy result စာရွက်ကို ပူးတွဲထားပါသည်) Biopsy စာရွက်ကို ကျွန်တော်တတ်သလောက်မှတ်သလောက် ကြည့်တော့ Medical term တွေ ဖြစ်နေပါတယ်။ ကျနော့်မိခင်၏ ရောဂါအဆင့်ကို သိရှိလိုပါတယ်။ ဆက်လက်၍ မည့်သို့ ကုသရမည်ကိုလည်း လမ်းညွှန်ပေးပါဆရာ။ ဓါတ်ရောင်ခြည်ကု (ဓါတ်ကင်နည်း) ပြုလုပ်ရန် လိုမလို၊ ဆေးသွင်းရ၊ ဆေးစားရသည် ဟုလည်း ဖြစ်ဖူးသူများက ပြောပါသည်။ အမေအသက် ၆၁ နှစ်။ အကျိတ်အရွယ် လက်မခန့်ဟု ပြောပါသည်။

Invasive ductal carcinoma ဆိုတာ အမျိုးသမီး ရင်သားကင်ဆာထဲမှာ ၈ဝ% နဲ့ ယောက်ျားရင်သားကင်ဆာထဲမှာ ၉ဝ% ရှိတယ်။ ဒီအဆင့်မျိုးမဟုတ်တာကို Ductal carcinoma in situ နေရာလေးမှာတင်ကွက်ဖြစ်နေတာလို့ အကြမ်း ၂ မျိုးခွဲတယ်။ အသေးစိတ်ဆိုရင် 0, I, II, III, IV and V ၆ မျိုးခွဲသေးတယ်။ နို့ထွက်ပြွန်လေးမှာ စဖြစ်တာချည်းဘဲ။ Invasive ductal carcinoma ဖြစ်လာရင်တော့ နို့ထွက်ပြွန် နရံကနေ ဘေးကရင်သား တစ်ရှူးတွေဆီရောက်နေပြီ။ ဘေးကိုလဲ ပြန့်တော့မယ်။ တခြားနေရာတွေကိုလဲ ရောက်မယ်။

Stage 0 နေရာလေးမှာတင်ကွက်ဖြစ်တယ်။
Stage I ဆိုတာ အရွယ်အစား ၂ စင်တီမီတာထက်မကြီးသေးဘူး၊
Stage 2 ချိုင်း တက်စေ့ဆီရောက်မယ်။ အရွယ်အစားကတော့ ၂ စင်တီမီတာထက်မကြီးသေးဘူး။ ဒါမှမဟုတ် ၂-၅ စင်တီမီတာရှိမယ်၊ ချိုင်းတက်စေ့ ရောင်ချင်ရောင်မယ်၊ မရောင်ချင်မရောင်ဘူး။ ဒါမှမဟုတ် ၅ စင်တီမီတာရှိပေမယ့် တက်စေ့မရောင်သေးဘူး။
Stage III ၅ စင်တီမီတာကျော်ရှိလာမယ်၊ အနီးအနားပြန့်နေပြီ။

Surgery ခွဲစိတ်ကုသခြင်း နဲ့ Chemotherapy ဆေးပေးကုသခြင်းတွေ လုပ်ပေးမယ်။
ဒိနောက်မှာ Radio therapy ဓါတ်ကင်တာ၊ Hormonal therapy ဟော်မုန်းပေးတာ နဲ့ Biological therapy နည်းတွေ ဆက်လုပ်နိုင်တယ်။
Sinus histiocytosis ဆိုတာ Lymph nodes တက်စေ့တွေမှာ ပြောင်းလဲမှုဖြစ်လာတာဖြစ်တယ်။ Histiocytes ဆိုတာတွေ ပွါးများလာတာဖြစ်တယ်။

အဲလိုဆိုတော့ ဆရာ ကျွန်တော့အမေ အဆင့်က ဘယ်လောက်ပါလဲ။ ဘယ်လိုကုထုံးတွေက အကောင်းဆုံးပါလဲဆရာ

အရွယ်အစား ၁ x ၁ သာရှိပေမဲ့ ချိုင်းတက်စေ့ဆီရောက်နေလို့ (Stage 2 ချိုင်း တက်စေ့ဆီရောက်မယ်) ဆိုတာနဲ့ တူနေပါတယ်။ ကုသနည်းကိုတော့ ကုသပေးနေတဲ့ဆရာဝန်ကသာ ပိုသိပါမယ်။ တခြားအချက်အလက်တွေကိုပါ ထည့်စဉ်းစားရလို့ဖြစ်ပါတယ်။

Sun, Feb 10, 2013 at 7:33 PM
ယူရစ်အက်ဆစ်များတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်ဆရာ။ ယူရစ်အက်ဆစ်များတယ်ဆိုတာ ဘာကြောင့်ဖြစ်ရတယ် ဘာတွေရှောင်သင့်တယ် ဘယ်လိုလုပ်ရင်ပျောက်နိုင်လည်း ဆိုတာကို သိချင်ပါတယ်ဆရာ။

Uric acid (ယူရစ်-အက်စစ်)

Tue, Feb 12, 2013 at 6:41 AM
5 days ago, you diagnosed my skin lesion as herpes and then now my skin condition like this and very painful every second. I would like to know your opinion and waiting for your response.And also can you give prescription?Thank you very much sir.

Herpes Simplex ရိုးရိုး ရေယုံ

Sun, Feb 10, 2013 at 7:11 PM
ဗိုက်မြန်မြန်ချပ်အောင် ဘယ်လိုလုဎ်ရလဲဆရာ။ ခြေမျက်စိ ဒူးဂေါင်းမဲနေတာကို အရင်လိုမမဲ အောင်ဘယ် လိုလုဎ်ရလဲဆရာ။

ကျား-မ မသိရပါ။ ဆရာဝန်ပြထားလား မသိရပါ။

boy
no doctor

Weight loss ပိန်ချင်သလား

Tue, Feb 12, 2013 at 8:41 PM
ကျနော် အသက် 26 နှစ်ပါ။ အိမ်ထောင်မရှိပါ။ အခုဆီး သွားရတာ အဆင်မပြေဖြစ်နေပါတယ်။ ခဏခဏလည်း ဆီးသွားချင်တယ်။ ဆီးအရောင်ကလည်း ဝါနေတယ်။ နေမကောင်းလို့ ဆေးခန်းသွားပြတဲ့ အချိန်မှာတော့ သွေးတိုး ရှိတယ်လို့ ပြောပါတယ်။ ဘာကြောင့် ဖြစ်နိုင်လည်းဆိုတာ အကြံပေးပါ။

ယောက်ျားလေးဖြစ်မှာပါ။ သွေးဖိအား ဘယ်အထိရှိသလဲ။ ဆီးဝါတာအတွက်ကော ဆေးညွှန်ပါသလား။ ၂ မျိုးက ဆက်စပ်နေတာတော့ မဟုတ်ဘူး။ ၂ မျိုးဖြစ်မေယ်။ နေတဲ့နေရာမသိပါ။ အသားဝါ (အေ) အမျိုးအစားက ဖြစ်တတ်တဲ့နေရာမှာ တယောက်မက ဖြစ်တယ်။ ဒီကနေ့ ဆရာ့ဆေးခန်းမှာ ၃ ယောက်လာတယ်။

Wed, Feb 13, 2013 at 8:17 AM
သမီး ခြေထောက်ခြေမက ကားပေါ်တတ်လိုက်တာ လုံးဝကျွတ်ထွက်သွားတာ ဖြစ်ဖြစ်ချင်းနေ့က နီးစပ်ရာဆေးခန်းသွားတာ အဲဒီဆေးခန်းက အနာပေါ်မှာ Sufre Tulle ကပ်ပြီးဆေးထည့်ပေးလိုက်တယ် ခြေသည်းကိုလဲချွတ်ပေးလိုက်တယ် ခုတော့ အနာက တော်တော်ကျက်နေပါပြီ။ အိမ်မှာပဲဆေးထည့် ဆေးသောက်နဲ့ ခုအဲဒီဆေးခန်းကကပ်ပေး လိုက်တဲ့ Sufre Tulle ကိုခွာချင်လို့ ခွာလို့မရဘူး အသားထဲအရမ်းကပ်နေပြီ ခွာရင်နာလို့ပါ။ အဲဒါက ဘာဖြစ်လို့သုံးတာဟင်။ ပြီးတော့ သူ့ကိုမခွာပဲထားရင်ကော ဘာဖြစ်နိုင်ပါသလဲ ဆရာ။ အသားဖြစ်သွားမှာလား ဆိုတာလေးသိချင်လို့ပါ။ ခွာစရာမလိုဘူးဆိုရင် သမီးမခွာတော့ဘူး။ ခွာရင်နာလဲအရမ်းနာလို့ပါ ပြီးတော့ အနာကလဲ တော်တော်လေးကျက်နေပြီဆိုတော့ အသစ်ပြန်ဖြစ်သွားမှာလဲစိတ်ပူလို့ပါ။ သမီးကိုစာပြန်ပေးပါနော်ဆရာ။

ပိုးသေဆေးပါတဲ့ ပိတ်ကျဲစ ဖြစ်တယ်။ အသားဖြစ်မသွားစေပါ။ ပြန်ခွါရမှာသာဖြစ်တယ်။ ရေနွေးနဲ့။ Dettol/Savlon ပိုးသေဆေးရည်နဲ့ နှူးပြီး စိတ်ရှည်လက်ရှည်ခွါရင် အဆင်ပြောပါမယ်။

Wed, Feb 13, 2013 at 8:34 AM
သမီး ကျေးဇူးအထူးတင်ပါတယ်ဆရာ။ တတ်ကျွမ်းနားလည်တဲ့ သမားတော်ကောင်းတစ်ယောက်ရဲ့ ညွှန်ကြားပြသမှု မြန်ဆန်တာကိုလဲ အံ့မခန်းဖြစ်ရပါတယ်။

ဆရာ့ကို သမားတော်လို့ မခေါ်ထိုက်ပါ။ ရိုးရိုး ဆေးပညာဘွဲ့သာရသူဖြစ်လို့ပါ။

Wed, Feb 13, 2013 at 12:17 PM
ဆရာ Doxycycling 100mg, B6, Cevit, Loratadine ဘာအတွက်ပေးတာလဲဆရာ။

Doxycycline (HCl), Achromycin, Vibramycin = Tetracycline ပိုးများစွာကိုနိုင်သည့် ပဋိဇီဝဆေး၊
a. ဂနိုးရီးယား၊ 100 mg BD x 5 days or 300 mg stat followed in one hour; by a second 300 mg ဆစ်ဖလစ် အဆင့် ၁ + ၂၊ Primary and secondary syphilis 100 mg TDS x 10 days;
b. ဆစ်ဖလစ် အဆင့် ၃၊ 200 mg BD x 21 days + Ceftriaxone 1 Gm daily x 14 days Urethral, Endocervical, or Rectal infection 100 mg BD x 7-14 days;
c. Anthras ဒေါင့်သန်းနာ၊ Doxycycline 100 mg BD IV or Orally
d. လူစုလူဝေးမှရသည့် နူမိုးနီးယား၊ Doxycycline 100 mg IV or Orally BD + Cefotaxime 2 Gm IV TDS
e. နူမိုးနီးယား၊ Doxycycline 100-200 mg BD x 10 days သို့မဟုတ် 100 mg IV or Orally BD + Cefotaxime 1-2 Gm IV TDS
f. ဗက်တီးရီးယား မျက်စိနာ၊ Doxycycline 300 mg stat and followed by 100 mg OD x 2 weeks + Sulfonamide 10% Eye drop x 2-3 days

Vitamin C (Ascorbic Acid) = Cevit အနာကျင်စေရန်အားပေး၊ နာတာရှည်ရောဂါ၊ အရိုး၊ သွား၊ သွားဖုံး၊ အရွတ်၊ သွေးကြောများ ကောင်းစေသည်။ ခုခံအားအတွက် အသုံးကျ။ ချို့တဲ့ပါက (စကာဗီ) ရောဂါရ၊ မီးလောင်နာ၊ 100-500 mg daily စိမ်းသည့်အသီးအရွက်၊ အသီးအနှံများ၌ပါသည်။

Vitamin B 6 (Pyridoxine) အချို့ဆေးများကြောင့် ၎င်းဓါတ်နည်းရခြင်းအတွက် ပေးရသည်၊ ဥပမာ တီဘီဆေး၊ သွေးအားနည်းရောဂါတမျိုး၊ B-Natal TheraPops နှင့် B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့် ဆေးများ။

Loratadine ဆေးဟာ H1 histamine antagonist ဒုတိယမျိုးဆက်ဆေးဖြစ်တယ်။ (အလာဂျီ) ရတာအတွက်ပေးတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

Wed, Feb 13, 2013 at 4:08 PM
အခုနောက်ပိုင်း ကျွန်တော် ခေါင်း အရမ်းကိုက်တဲ့ ဝေဒနာ ခံစားနေရပါတယ်။ ပြီးတော့ ညာဘက် ဇက်ကြောကြီးက တင်းပြီး နာနေတတ်ပါတယ်။ အုန်းလွဲသလိုမျိုး ဖြစ်နေတာပါ။ အခုနေတာကလည်း နိုင်ငံခြားမှာနေတာဆိုတော့လည်း ဒီက ဆရာဝန်တွေက ရက်ချိန်းတွေက များလို့လေ။ ကျွန်တော့မှာ အရမ်းခံစားနေရပါတယ်။ ဘယ်လိုရောဂါမျိုး ဖြစ်နိုင်သလဲ။ ကျွန်တော်တော့ ပါရာစီတမော့ပဲ သောက်နေပါတယ်။ အရက်သောက်ရင် နေလို့မရအောင်ကို ကိုက်တတ်ပါတယ်။

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Wed, Feb 13, 2013 at 2:17 PM
ကျွန်တော်၏ ဇနီး ဖြစ်သူမှာ ကလေးမွေးပြီး (၃၁) မှာ ကျွန်တော်နှင့် စကားများရန်ဖြစ်ရာမှ ခေါင်းကိုက်ရောဂါ ခံစားနေရပါသည်။ ကျေးဇူးပြုပြီး ကုသရမည့်နည်းလမ်းလေးများပေးပါခင်ဗျာ။

ဖြစ်တဲ့သူ အသက်၊ သွေးဖိအား၊ ဆရာဝန်နဲ့ ပြ-မပြ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

လူနာနံမည်က (့)၊ အသက် ၂၆ နှစ်ပါခင်ဗျာ။ ဆရာဝန်နဲ့မပြရသေးပါဘူးခင်ဗျာ။

NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Wed, Feb 13, 2013 at 2:17 PM
လူနာရဲ့သွေးပေါင်ချိန် ၁ဝဝ/၆ဝ ရှိပါတယ်။ နို့တိုက်မိခင်ဖြစ်တဲ့အတွက် အမြန်ပျောက်ကင်းမယ့် နည်းလမ်းလေးညွှန်ပေးပါခင်ဗျာ။

ဆေးတွေထဲက လက်လှမ်းမီတာသုံးပါ။ စိတ်ဖိအား လျှော့ချပါ။ မရသေးရင် ဆရာဝန်ပြပါ။

Wed, Feb 13, 2013 at 10:17 PM
အမည် (့) အသက် 27 နှစ်၊ ကိုယ်အလေးချိန် 165lb အရပ် 5 ပေ 7 လက်မ၊ နေရပ် ရန်ကုန်။ လွန်ခဲ့သော (4) လခန့်က အစားမှားပြီး ဗိုက်အောင့်ကာ ဝမ်းသွားပါတယ်။ အန်လည်းအန်ပါတယ်။ (1) ရက်လောက် ဝမ်းသွားပြီး နောက်တစ်နေ့တော့ ပြန်ကောင်းသွားပါတယ်။ အဲဒီနောက်ပိုင်း အားနည်းပြီး ခေါင်းမူးသလို ဖြစ်ပါတယ်။ ဓာတ်ဆားရည်လည်း သောက်ပါတယ်။ မသက်သာပါဘူး။ ခေါင်းမူးတာကလည်း ပိုဆိုးလာပါတယ်။ ခေါင်းမူးပြီဆိုရင် ခြေဖျားလက်ဖျားများ အေးစက်ပြီး မထနိုင်ပါဘူး။ အဲဒီလို အချိန်ဆို Pressureလည်း တက်ပါတယ်။ 120/90ရှိပါတယ်။ မျက်လုံး ကြည့်ရတာလည်း မကောင်းပါဘူး။ အနီးမှာရှိတဲ့အရာတွေကိုကြည့်ရင်မူးပါတယ်။ သမားတော်နဲ့ပြကြည့်တော့ အာရုံကြောလို့ပြောပါတယ်။ အာရုံကြောဆေးတွေပေးပါတယ်။ဒါပေမယ့် မသက်သာပါဘူး။ အရင်က ကွန်ပျူတာကိုတော့ မအိပ်မနေ သုံးခဲ့ပါတယ်။ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု၊ မျက်စိအထူးကု၊ အထွေထွေရောဂါအထူးကု၊ ကျီးပေါင်းလားဆိုပြီး အရိုးရောဂါအထူးကု၊ဆရာဝန်များနဲ့ ပြသပါတယ်ခင်ဗျာ။ ဆေးစစ်ကြည့်တော့လည်း ကောင်းပါတယ်။ သိုင်းရွိုက်များနေတယ်လိုတော့ပြောပါတယ်။ T3(free)- 10.810 H, T4(total)- 9.000, TSH- 0.382.ပါ။

နောက်ဆုံး ဦးနှောက်နှင့်အာရုံကြောအထူးကုနဲ့ပြပါတယ်။ သမားတော်က propranolol, onacine, avamigran, fluner-5, ဆေးတွေပေးပါတယ်။ ရက်(20)လောက်သောက်ခိုင်းပါတယ်။ (2)လလောက် သောက်ပါတယ်။ နည်းနည်းပဲ သက်သာပါတယ်။ နေရတာတစ်မျိုးကြီးဖြစ်နေတုန်းပါပဲ ခေါင်းကြီးကလေးနေပြီး နေရတာမလန်းပါဘူး အကြောတွေလည်း တက်ပါတယ်။ အားနည်းသလိုကြီး မူးနေပါတယ်။ အနီးကအရာတွေကိုကြည့်ရင် ပိုမူးပါတယ်။ ရောဂါနဲ့ ဆေးနဲ့ မတွေ့သေးဘူးလို့ ထင်ပါတယ်။ အာရုံကြောညပ်တာရောဖြစ်နိုင်ပါသလားဆရာ။ စိတ်တွေလည်းညစ်နေပါပြီ။ ပိုက်ဆံလည်း တော်တော်ကုန်နေပါပြီ။ ကျွန်တော်ကအညောင်းထိုင်တာများပါတယ်။ အရင်ကထက်လည်း ဝလာပါတယ်။ အာရုံကြော ဖြစ်တာဆိုရင် ဘယ်လိုနေထိုင်ရမလဲ၊ ဘာဆေးတွေသောက်ဖို့လိုလဲ သိချင်ပါတယ်။ အိပ်ရေးပျက်ရင်လည်း မူးပါတယ်။ ကျွန်တော်က ကွန်ပျူတာသမားပါဆရာ။ နောင်လဲ ကွန်ပျူတာနဲ့ပဲ အလုပ်လုပ်ရမှာပါ။

ဆရာဝန်တွေလဲပြထား၊ ဆေးလဲစစ်၊ ဆေးတွေလဲသောက်တာမို့ မစိုးရမ်ပါနဲ့။
ရောဂါအမည်ကို သမားတော်က ပြောမယ်ထင်ပါတယ်။ သမားတော်ကနေ ဆက်ညွှန်တဲ့ တခြားအထူးကုဆရာဝန်တီ သွားတာကောင်းပါတယ်။
ဆေးစာတွေ ဂဏန်းတွေရေးတာ သတိထားစေချင်ပါတယ်။ (-) ဆိုတာမျိုးကို ဂဏန်းနဲ့တွဲရင် အနုတ်လို့ထင်နိုင်တာ သတိထားပါ။
သွေးဖိအားကိုတော့သိရတယ်။ နှလုံးခုန်နှုန်း မသိရပါ။ လည်ပင်ကြီးဟော်မုန်း၊ သွေးဖိအား နဲ့ နှလုံးခုန်နှုန်တွေက ဆက်စပ်နေတယ်။ ဆရာဝန်ပေးတဲ့ဆေးကလဲ အဲဒီအတွက်ဖြစ်နေတယ်။

TSH- 0.382 လို့တွေ့ရတယ်။ TSH Test -- Thyroid Stimulating Hormone / Serum thyrotropin
- Normal Range = 0.4 to 6.0
- American Association of Clinical Endocrinologists ကနေ 0.3 to 3.0 ဟာ ပုံမှန်လို့ သတ်မှတ်ထားရာကနေ ၂ဝဝ၃ မှာ 0.4 to 6.0 လို့ ပြင်ထားလိုက်တယ်။
- Under 0.4 can indicate possible hyperthyroidism
- 0.4 ထက်နည်းနေရင် လည်ပင်းကြီး ဟော်မုန်းများရောဂါ ဖြစ်မယ်။
- Over 6.0 is considered indicative of hypothyroidism
- 6.0 ထက် များနေရင် လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ ဖြစ်နိုင်တယ်။

တခြားဖြစ်တာတွေဟာ ပင်မ လည်ပင်းကြီးဟော်မုန်းများတာကနေ ဆက်ခံစားရတာသာ ဖြစ်မယ်။ ဒီရောဂါကိုသာ အာရုံစိုက်ကုသင့်ပါတယ်။ တခြားဟာတွေ တွေးပူမနေသင့်ပါ။

ဆေးကိုကြာကြာသောက်ရမ်ယ။ ဆေးကုနည်းလဲ အမျိုးမျိုးရှိတယ်။ လိုအပ်ရင် အထူးကုဆရာဝန်က ပြောင်းပါလိမ့်မယ်။
Thyroid လည်ပင်းကြီးရောဂါ
Toxic goiter Q and A လည်ပင်းကြီး ဟော်မုန်းများနေခြင်း

Sat, Feb 16, 2013 at 1:10 PM
သမီးအသက်မှာ (31) နှစ်ရှိပါပြီ။ နေမကောင်းဖြစ်ပြီးချောင်းဆိုးကျန်ခဲ့သည်မှာ (1) လလောက်ရှိပါပြီ။ ဆရာဝန်နှင့်လည်း ပြနေပါသည်။ လည်ပင်းယားပါသည်။ ချောင်းဆိုးတိုင်း ရင်ခေါင်းသံပါလာသည်။ အဲဒီ(1)လလုံး ဆရာဝန်ကဆေး (4)မျိုးပဲပေးပါသည်။ သက်သာသလိုရှိသော်လည်းပျောက်မသွားပါ။ ဆရာဝန်က သလိပ်(သို့ )ဓါတ်မှန် ရိုက်ခိုင်းပါသည်။ သမီးကတော့ အဆုတ်ရောဂါလို့ မထင်ပါ။ မဖျားပါ။ weight မကျပါ။ ဆရာဝန်ပေးထားသောဆေးများ မှာ ROXITHROMYCIN 150 Mg (2 times a day) , DISOLVAN (3 times a day) နှင့် အမည်မသိသော အဖြူရောင် အသေး အလယ်တွင်မျည်းကြောင်းနှင့်ဆေး (3 times a day ) and ဖက်ဖူးရောင် အယ်တွင်မျည်းကြောင်းနှင့်ဆေး (3 times a day ) တို့သာ တလျောက်လုံး မပြောင်းပဲ ပေးထားပါသည်။ သမီးဘာဆေးများသောက်ရမလဲဆိုတာ ပြောပေးစေလိုပါသည်ရှင်။

ရန်ကုန်မှာ အဲလိုဖြစ်တဲ့သူ များသလား ဆရာမသိပါ။ ကိုယ်နေရာဝန်းကျင်မှာကော များပါသလား။ မေးရတာက အကြောင်းရှိတယ်။ ဥပမာ ဒေလီမှာ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်နေသူတွေ အတော်များတယ်။ အအေးမိသလို၊ ခပ်ဆန်းဆန်း ဗိုင်းရပ်ဝင်တာတွေများနေတယ်။ ကူးစက်တယ်။ လေထဲမှာ ပြန့်နေလို့ အသက်ရှူတာနဲ့ကူးလို့ ဖြစ်ရသူ များတယ်။
ဗိုင်းရပ်စ် ကနေဖြစ်တာအတွက် ပိုးသေဆေးမလိုပါ။ ချောင်းဆိုးပျောက်ဆေး၊ အနာ-အကိုက် သက်သာဆေးနဲ့ (အင်တီဟစ်တမင်း) ခေါ်တဲ့ ဆေးတွေကိုသာ ပေးရတယ်။ (အင်တီဟစ်တမင်း) ဆိုတာ မြန်မာပြည်မှာ (ဘာမီတွန်)၊ (စစ်ထရွက်ဇင်း) လိုဆေးဖြစ်တယ်။
ဗိုင်းရပ်စ် တခုခုဝင်ရာကနေ ဗက်တီးရီးယားလဲ ဝင်လာနိုင်တယ်။ အဲလိုဖြစ်ရင်တော့ ပိုးသေဆေးလိုပြီ။ မေးတဲ့သူကိုပေးတဲ့ ပဌမဆေးဟာ အဲဒါမျိုးဖြစ်တယ်။ ဒုတိယဆေးကတော့ ချွဲပျော်ဆေးဖြစ်တယ်။ အသက်ရှူလမ်းမှာ ချွဲရှိနေပြီး ထုတ်ဘို့ ခက်တာကို သက်သာဆေးတယ်။
ခက်တာက ဘယ်ပိုးဝင်ဝင် ခံစားရတာက အတော်ကြီးဆင်တးတယ်။ ပိုခက်တာက ဆေးပါန်လည်ပေမဲ့ ပျောက်ဘို့ အချိန်ယူတယ်။ ၇ ရက် ၂ ပါတ်အထိ ကြာတတ်တယ်။
ဆေးစစ်ထားတာမို့ မစိုးရိမ်ပါနဲ့။ ချောင်းဆိုးသက်သာဆေးရည်၊ မြန်မာ ချောင်းဆိုးပျောက်ဆေးတခုခုလဲ သုံးနိုင်ပါတယ်။ လူကို နွေးနွေးထွေးထွေးရှိပါစေ။ အရည်သောက် မနည်းစေပါနဲ့။ အသီးတမျိုးမျိုး နေ့တိုင်းစားသုံးပါ။

Sat, Feb 16, 2013 at 4:07 PM
ASO များသော လေးဘက်နာ(အဆစ်အမြစ်ကိုက်ခဲ)သော ရောဂါက ကူးစက်တတ်ပါသလား။ အတူစား၊အတူသွားရုံ၊အဝတ်အစားများအတူရောလျှော်ရုံနှင့် ကူးစက်နိုင်ပါသလားသိပါရစေဆရာ။

မကူးစက်ပါ။
ASO ဆိုတာ