ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, February 25, 2013

Q and A February 2013 (4)

1. မင်္ဂလာပါဆရာ။ ယောက်ျားလေးပါ။
2. ကျွန်တော့်ချစ်သူက လေးဘက်နာရောဂါရှိတယ်ဆရာ။
3. I would like to ask help about my son's health.
4. ကျွန်တော်အသက်က ၂၈ ရှိပါပြီ။ ပြီးခဲတဲ့ ၂ဝ ရက်နေ့ကစလို့ ရေကျောက်ပေါက်ပါတယ်။
5. ကျွန်တော် အသက်က ၃၄ နှစ်ပါ။ ကျား ပါခင်ဗျာ။
6. သမီးအမျိုးသားက (့) မှာ လက်ရှိအလုပ်လုပ်နေပါတယ်။
7. ဆေးမတည့်ခြင်း Allergy နှင့် ပတ်သက်၍ အခုကဲ့သို့
8. သမီးရဲ့ကိုယ်မှာ ကြာဆူးတွေပေါက်နေလို့ပါဆရာ။
9. သမီးဖေဖေက အသက် (62) ပါ။
10. သမီး မေမေက အူတီဘီ ဖြစ်နေတာပါ။
11. မင်္ဂလာပါဆရာ SLE သွေးရောဂါက မျိုးရိုးလိုက်ပါသလား။
12. ကိုယ်ဝန်က ၂၆ ပတ်ထဲမှာရှိနေပါပြီ။ ဝမ်းကိုက်နေတာ ၁ ပတ်လောက်ရှိနေပါပြီ။
13. ကျွန်တော့် ကောင်မလေးကအသက် 19 နှစ်ပါဆရာ။
14. သားလေးက ခုဆို ၁၁ လပြည့်ပြီးပါပြီ။
15. ကျွန်တော့်အသက် ၂၃ ပါ ဖြစ်တဲ့ရောဂါကတော့ ဆံပင်ကျွတ်ခြင်းပဲဖြစ်ပါတယ်။

Thu, Feb 21, 2013 at 8:34 PM
မင်္ဂလာပါဆရာ။ ယောက်ျားလေးပါ။ ဆီးဝါတာအတွက်လို့တော့ဆေး ညွန်တာမတွေ့ဘူးဆရာ။ ရေများများသောက်ခိုင်တာပဲ ရှိတယ်။ ဆရာပြောတဲ့အသားဝါ (အေ)ဆိုတာ တော့နားမလည်းဘူးဆရာ။ ဆေးခန်း သွာ ပြတော့အသားဝါရှိတယ်လို့ မပြောပါဘူး။ အစားအသောက်ပဲ ဆင်ခြင်းခိုင်ပါတယ်။ သွေးဖိအားကတော့ အပေါ်သွေး 150 အောက်သွေးကတော့ 100 ပါ။ ကိုယ်အပူချိန်တိုင်းတော့လည်း 103ံF ထိရှိတယ်။ ကိုယ်ထဲမှာပဲရှိနေတယ်လု့ဆိုရမယ်။ လူကဘာမှမခံစားရဘူး၊ ဖျားချင်သလိုလိုပဲ ခံစားရတယ်။ ခေါင်းကနည်းနည်းလေးမူးနေတယ်လို့ ခံစားရတယ်။ ဆရာဝန် ပြောတာတော့ သွေးဖိအား များလို့လို့ပြောပါတယ်။ ကျနော်က အရက်၊ ဆေးလိပ်လည်း မသောက်တတ်ပါဘူး။ ကွမ်းတော့စားပါတယ်။ ကွမ်းစားတာ လျှော့ခိုင်းလျု့ ကြိုးစားနေပါတယ်။ ကျနော် တစ်ခု သံသယရှိတာက ကျနော်နေတဲ့အိမ်မှာ တီဘီ ဆေးသောက်နေတဲ့ ရောဂါရှင်တစ်ယောက်ရှိတယ်။ သူနဲ့လည်း အတူစား အတူနေရတော့ တီဘီရောဂါများ ကူးနေပြီလားလို့ပါ။ တီဘီရောဂါရဲ့ လက္ခဏာကိုလည်း ကျနော် နားမလည်းပါဘူး။ နေတာကရန်ကုန်မှာ။

ရေးပြတာထဲမှာ ရောဂါ (၁) အသားဝါ၊ (၂) သွေးတိုး နဲ့ (၃) အဖျားတွေ ပါနေတာတာ ဖတ်ရပါတယ်။ အသားဝါတာက အသဲရောင် (အေ) ကနေဖြစ်ရင် နားရတယ်၊ ရေ+အရည် များများသောက်ရတယ်၊ အသဲအားဆေးဆိုတာသောက်နိုင်တယ်။ သူ့ဖါသူ ပြန်ကောင်းပါတယ်။ အလွန်ဆုံး မစားနိုင်၊ အားယုတ်ရင် Drip သွင်းရတယ်။ သွေးတိုးကို တသက်လုံး ဂရုစိုက်နေရပါမယ်။ သွေးဖိအား ပုံမှန်တိုင်းပါ။ သွေးကျဆေး ပုံမှန်သောက်ပါ။ ငန်တာ ဆိုဒီယမ်ပါတာ (ဆား၊ ဟင်းချိုမှုံ့၊ မုံ့ဖုတ်ဆော်ဒါ) မတည့်ပါ၊ ငါးပိ-ငါးခြောက်-ငန်ပြာရည် မတည့်ပါ။ လူနေမှုပုံစံကိုပြင်ရပါတော့မယ်။ ဖျားတာကတော့ ဆရာဝန်ပြပြီးညွှန်တဲ့ဆေးသောက်ပါ။ TB တီဘီ ရောဂါက သလိပ်ထဲမှာ ပိုးနေသူမဟုတ်ရင် ဘေးလူတွေကို မကူးစေပါ။ ဆေးစာတွေရေးထားတာ ရှိပါတယ်။ ဆရာ့ ဘလော့မှာ ဖတ်နိုင်ပါတယ်။

Sat, Feb 23, 2013 at 4:05 PM
ကျွန်တော့်ချစ်သူကလေးဘက်နာရောဂါရှိတယ်ဆရာ။ နေ့ဘက်ကြယင်ကောင်းပြီးညဘက်ကြယင်ကိုက်ခဲတယ်ဆရာ။ သူခံစားနေရတော့ ကျွန်တော်လည်း စိတ်မချမ်းသာဘူးပေါ့ဆရာ။ လေးဘက်နာက အမြစ်ပြတ်အောင်ကုလို့ရလားဆရာ။ ဆေးရှိယင်လည်းညွှန်းပေးပါ။ ဆောင်ရန်ရှောင်ရန်လေးတွေလည်းပြောပြပေးပါ။

Rheumatism လေးဘက်နာ (၁)
Rheumatoid arthritis လေးဘက်နာ (၂)
ASO ဆိုတာ

Mon, Feb 25, 2013 at 12:42 AM
I would like to ask help about my son's health. First of all, thank for your works and really appreciate. I would like to know about allergic to some antibiotic medicine generally. My son has sulphar allergy since he was young. But now, after he took antibiotic ' Azithromycin ' instructed by doctor, he has serious problem on his lips. They are bleeding and it hurts a lot and so he can't eat very well and now it last for nearly about 2 weeks. So, can you please kindly explain what went wrong and general knowledge about that?

I am sorry for your son’s allergy. I am sending my writings on Allergy. He is allergic not only to Sulfa but to Azithromycin maybe some others too not known yet. Be careful.

Azithromycin is one of the Antibiotic macrolides. There are others in the group.
• Azithromycin
• Clarithromycin
• Dirithromycin
• Erythromycin
• Roxithromycin
• Telithromycin

List of sulfonamides ဆာလဖါပါသည့်ဆေးများစာရင်း
၁။ Antibacterial Drugs ပိုးသေဆေး
၁။ (က) Short-acting ရက်တို
Sulfamethoxazole
Sulfisomidine (also known as sulfaisodimidine)
Sulfadiazine

၁။ (ခ) Intermediate-acting ရက်မတို-မရှည်
Sulfacetamide
Sulfadoxine

၂။ Ophthalmologicals မျက်စဉ်း
Dichlorphenamide (DCP)

၃။ Sulphonylureas (anti-diabetic agents) ဆီးချိုဆေး
Carbutamide
Acetohexamide
Chlorpropamide
Tolbutamide
Tolazamide
Glipizide
Gliclazide
Glibenclamide (glyburide)
Glibornuride
Gliquidone
Glisoxepide
Glyclopyramide
Glimepiride

၎။ Diuretics ဆီးသွားစေသည့်ဆေး
Acetazolamide
Bumetanide
Chlorthalidone
Clopamide
Dorzolamide
Furosemide
Hydrochlorothiazide (HCT, HCTZ, HZT)
Indapamide
Mefruside
Metolazone
Xipamide

၅။ Anticonvulsants အတက်သက်သာဆေး
Acetazolamide
Ethoxzolamide
Sultiame
Zonisamide

၆။ Dermatologicals အရေပြားလိမ်းဆေး
Mafenide

၇။ Other အခြား
Celecoxib (COX-2 inhibitor)
Darunavir (Protease Inhibitor)
Fosamprenavir (Protease Inhibitor)
Tipranavir (Protease Inhibitor)
Probenecid (PBN)
Sotalol (Beta-blocker)
Sulfasalazine (SSZ)
Sumatriptan (SMT)

• Allergic Rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
• Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
• Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
• Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
• Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://dts-medicaleducation.blogspot.in/2012/03/10-common-allergy-triggers.html

25-2-2013 Facebook
ကျွန်တော်အသက်က ၂၈ ရှိပါပြီ။ ပြီးခဲတဲ့ ၂ဝ ရက်နေ့ကစလို့ ရေကျောက်ပေါက်ပါတယ်။ ဒီနေ့ထိတော့ အရည်ကြည်ဘုလေးတွေက ညိုနေပါပြီ။ တချို့ဘုတွေက ပြည်ဘုလိုဖြစ်နေပါတယ်။ မြန်မြန် သက်သာအောင် ဘာတွေလုပ်သင့်ပါသလဲ၊ ဘယ်ဆေးတွေသုံးသင့်ပါလဲခင်ဗျာ။

Chickenpox ရေကျောက်
ကျွန်တော် အသက်က ၃၄ နှစ်ပါ။ ကျား ပါခင်ဗျာ။ ကျွန်တော်ဖြစ်နေတဲ့ လက္ခဏာတွေကတော မျက်နှာဘယ်ဘက်တခြမ် လေဖြတ်တယ်လို့ ထင်ပါတယ်ဗျာ။ ၁။ မျက်တောင်ခတ်လို့ မရပါဘူး (ဖြေးဖြေး ချင်းတော့ခတ်လို့ ရပါတယ်)။ နှာခေါင်းဖျား ဖေါင်း-ပိန် လုပ်လို့ မရပါဘူး။ ၂။ လျှာကထုံနေပါတယ်။ နားထင်ကနာနေပါတယ်။ ၃။ ခေါင်းက မူးမူးနေတတ်ပါတယ်။ အမည်က (့) ပါ။ ကျွန်တော်က (့) မှာနေပါတယ်ခင်ဗျာ။ အဲဒါ မျက်နှာတခြမ်းလေဖြတ်တာလား၊ အာရုံကြော အားနည်းတာလား၊ မျက်မှန်လို တာလား၊ အတိအကျမသိတော့ဘာလုပ်ရမှန်းမသိပါဘူး။ ဘာဆေး သောက်ရမှန်းလဲ မသိပါဘူး။ ဒီနေ့ တော့ သူဌေးလာခေါ်ပြီးတရုတ်ဆေးခန်းမှာအပ်စိုက်ပေးပါတယ်ခင်ဗျာ။ ဖြစ်နေတာ ဒီနေ့ နဲ့ ဆို ၄ ရက်ရှိပါပြီ၊ တရုတ်ဆေးမြစ်တွေကြိုပြီး သောက်ရပါမယ်။ ၃ ရက်စာပေးလိုက်ပါတယ်ခင်ဗျာ။ မျက်နှာလေဖြတ်တာလား အာရုံကြောအားနည်းတာလား သိချင်ပါတယ်ခင်ဗျာ။ ပြီးတော့ဘာဆေးသောက်ရမယ် ဘယ်လို သောက်ရမယ်ဆိုတာကော လမ်းညွှန်ပေးစေလိုပါတယ်။ ကျွန်တော်က computer ကိုတော်တော်လေးသုံးပါတယ်ခင်ဗျာ။ တရုတ်ဆေးခန်းက မသက်သာရင်တော့ အင်္ဂလိပ်ဆေးခန်းသွားပြမယ် စိတ်ကူးထားပါတယ်။

Bell's palsy မျက်နှာတခြမ်းလေဖြတ်ခြင်း

Mon, Feb 25, 2013 at 6:02 PM
သမီးအမျိုးသားက (့) မှာ လက်ရှိအလုပ်လုပ်နေပါတယ်။ ၉ လလောက်ရှိပါပြီ။ သူတို့အလုပ်က ကော်စက်ရုံပါ။ သူအခု တရက်ခြားတခါလောက် နှာခေါင်းသွေးရှန်နေပါတယ်။ ဒီနေ့ဆိုပိုဆိုးတယ်။ အရင်ကတခါမှနှာခေါင်းသွေးမရှန်ဖူးဘူး။ အခုတနာရီလောက် ကြာတယ်တဲ့။ တခါတလေ တော့ဘီယာသောက်ပါတယ်။ ဒါကလဲတပတ်တခါလောက်ဘဲ သောက်တာပါ။ အလုပ်ကတော့ညဆိုင်းဆင်းရတာများတယ်။ ဘာဖြစ်လို့လဲသိချင်လို့ပါ။ သူတို့နိုင်ငံက အခုအရမ်း အေးတယ်လို့ပြောတယ်။ အဲ့ဒါနဲ့များဆိုင်မလားလို့ပါ။ ဆေးညွှန်းလေးလဲပေးပါအုံးရှင့်။ ဆောင်ရန် ရှောင်ရန်လေးလဲ ပြောပေးပါအုံးနော်။ အပြင်ဆေးခန်းက ဆရာဝန်တွေကိုသွားမေးရင်မဖြေချင်ကြဘူး။ လူနာမပါလို့တဲ့။

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁)
Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂)
Nosebleeds in children ကလေး နှာခေါင်းသွေးယိုခြင်း

Mon, Feb 25, 2013 at 1:50 PM
ဆေးမတည့်ခြင်း Allergy နှင့် ပတ်သက်၍ အခုကဲ့သို့ အမြန် ပြန်လည်ဖြေကြားပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါသည်။ ဆရာ ညွှန်ပြသော လင့်များကို ဆက်လက် ဖတ်ရှုရသောကြောင့်လည်း များစွာ အသိရရှိပါသည်။ ယခု ကိစ္စကို ပိုမိုသိရှိနိုင်ရန်အတွက် ဆက်လက်မေးမြန်းခွင့် ပြုစေလိုပါသည် ခင်များ။ ကျွန်တော်၏ သားမှာ အသက် ၃ နှစ်ခန့် က နေမကောင်းဖြစ်စဉ် Sulfa ပါသော ပိုးသတ်ဆေးသောက်သောအခါ အနီကွက်များ ထွက်လာပါသည်။ ဆရာဝန် မှ ဆေးမတည့်ဟု ဆိုသောကြောင့် ထိုမှ စကာ သိရှိရပါသည်။ ယခု အသက် ၈ နှစ်ကျော် ရှိပါသည်။ မကြာသေးမီက နေမကောင်းဖြစ်၍ ဆရာဝန်နှင့် ပြသခဲ့ပါသည်။ ထိုအခါ Azithromycin antibiotic တိုက်ပါသည်။ ယခင် ငယ်စဉ်အခါကလည်း ထိုဆေးကို သောက်ဖူးပါသည်။ ဆေးမတည့်ခြင်း မဖြစ်ဖူးပါ။ ယခု တကြိမ်သောက်သောအခါ ၃ ရက်မြောက်သောနေ့ တွင် ကိုယ်တွင် Rush များထွက်၍ ပါးစပ် နှုတ်ခမ်း နှင့် အာခံတွင်း အတွင်းတွင် အပူများထွက်လာပါသည်။ ကျီးကန်းပါးစပ်ကဲ့သို့ လည်း ထင်ရပါသည်။ ထို့ ကြောင့် ဆရာဝန်နှင့် ထပ်မံပြသသောအခါ Virus ကြောင့် ဟု သတ်မှတ်ကာ ဆေးကို ဆက်မတိုက်စေတော့ပါ။ နှုတ်ခမ်းအတွက် လိမ်းဆေး Generlog Oral ကို လိမ်းစေပါသည်။ နှုတ်ခမ်းအနာမှာ မသက်သာပဲ ညအိပ်ပြီး မိုးလင်းသောအခါ ပါးစပ်ဟ၍ မရနိုင်အောင် ကွဲအက်၍ သွေးများပင် ထွက်ပါသည်။ ထို့ ကြောင့် တခြား အဆီများ လိမ်း၍ သက်သာအောင် ပြုလုပ်ရပါသည်။ သို့ နှင့် ဆရာဝန် ပြောင်း၍ ထပ်မံပြသပါသည်။ ထိုအခါ ဆေးမတည့်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုကာ အလွန် စိုးရိမ်ရသည်ဟု ဆိုပါသည်။ ယခုတွင် လက်မှ အရည်ခွံများလည်း ကွာလာပါသည်။ ဓာတ်ပုံများ ပူးတွဲ ပေးပို့ လိုက်ပါသည်။ ယခု ဆရာဝန်မှ အောက်ပါဆေးများကို ညွန်ကြားထား၍ သောက်သုံးနေပါသည်။
B2 tablet ၁ လုံး ၂ ကြိမ် ၁ဝ ရက်
Metro 2.5 ml ၂ ကြိမ် ၅ ရက်
Zytee antiseptic pain-relieving gel လိမ်းဆေးကို လိမ်းစေပါသည်။ သို့ သော် ထိုဆေးကို လိမ်းသောအခါ ပူသည်ဟု ပြောပါသည်။ ဆရာခင်များ အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆရာမှ ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ယခင်တည့်နေသော သောက်ဆေးများမှ ယခုအခါတွင်မှ အဘယ့်ကြောင့် ဆေးမတည့်ခြင်း ဖြစ်လာရပါသနည်း။ ဖြစ်တတ်ပါသား ဆရာ။ မတည့်သော Sulfa ဆေးများ ပြန်တည့်ခြင်းများ ဖြစ်နိုင်ပါသလား ခင်များ။ ဒါဆို နောင်ကို သောက်ဆေး တည့် မတည့် မည်ကဲ့သို့ စစ်ဆေးစောင့်ကြည့်ရပါမည်နည်း။

Alleric reaction ဖြစ်ပါတယ်။ ဘီ ၂ နည်းနေတာ မဟုတ်ပါ။ ဗိုင်းရပ်စ် လို့လဲ ဆရာတော့ မထင်ပါ။ ဖြစ်လာပြီးမှတော့ နောက်ထပ် ဗက်တီးရီးယားရော ဗိုင်းရပ်စ်ပါ ဝင်လာနိုင်တယ်။ ဘယ်တော့မဆို ဆေး၊ (စားဆေး၊ ထိုးဆေး၊ လိမ်းဆေး) အားလုံးကို သတိထားပါ။ တသက်လုံးအတွက်ပြောတာပါ။ အလာဂျီရတတ်သူဟာ မတည့်တာ တမျိုးတည်းလဲဖြစ်နိုင်သလို တခြားဟာလဲ မတည့်တာဖြစ်တတ်တယ်။ မကူးစက်ပါ။ အိမ်မှာ၊ သွားလေရ အရေးပေါ်ဆေးအိတ်သဘောဆောင်ထား၊ ယူသွားပါ။ အလာဂျီ ဆေးတွေတွေ့ပါလိမ့်တယ်။ စားဆေး၊ လိမ်းဆေး။ တော်တော်နဲ့ မပျောက်ရင် (ကော်တီဇုန်း) ပါတဲ့ဆေး သုံးရတတ်တယ်။ ရက်တိုအတွက်သာ သင့်တယ်။ ချက်ချက်ဆိုသလို သက်သာစေမယ်။

26-2-2013 Facebook
သမီးရဲ့ကိုယ်မှာ ကြာဆူးတွေပေါက်နေလို့ပါဆရာ။ ဘာဆေးသောက်ရမလဲရှင့်။ အသက် 30 ပါ။ အပျိုပါဘဲ။ 1 လလောက်ရှိပါပြီ။ ပေါင်မှာပိုရှိတယ်ဆရာ။ (့) ကပါဆရာ။ (့) မြန်မာလူမျိုးပါ။

ကြာဆူး လို့ ပြောကြတာကအရေပြားမှာ ကြမ်းပြီး အဖု-အသီးငယ်လေးတွေထတာကို ပြောကြတာ များတယ်။ များသောအားဖြင့် တဒေါင်ဆစ်၊ ဒူးနေရာမှာ ဖြစ်တယ်။ အဖိခံရတာ များတဲ့နေရာမျိုးပေါ့။ ဒါမျိုးက ဗီတာမင် အေ ချို့တဲ့လို့ ဖြစ်တယ်။ ကလေးတွေ ဖြစ်တာ ပိုများတယ်။ တကယ်လို့ နေရာ တခုထဲမှာ ကွက်ဖြစ်နေရင် သေခြာကြည့်ရမယ်။ ပေါင် အပြင်ဘက်မှာ အနာလိုဆိုရင် တမျိုး ဖြစ်နိုင်တယ်။ ကြွက်နို့နဲ့ တူသလား။ ရောဂါသေခြာမှ ဆေးပေးတာ ကောင်းပါတယ်။ Vitamin A (Retinol) Adult = 15,000-500,000 daily Orally and Children = 20,000 IU/Kg ကြက်မျက်သင့် ခေါ် အလင်းရောင်နည်းချိန် မျက်စိအားနည်းသည့်ရောဂါအတွက်ပေးသည်၊ ခုခံအားကောင်း စေရန်၊ ဆဲလ်များအသစ်ဖြစ်စေရန်၊ Vitamin A (Retinol) ငါးကြီးဆီ၊ အသဲ၊ ဥ၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီမှာ ပါဝင်သည်။ အရေပြားနှင့် အပေါ်ဖုံးလွှာများ ကောင်းစေရန်၊ အရိုးကြီးထွားရန်၊ ဆဲလ်များအသစ်ပြုပြင်ရန်၊ ခုခံအားကောင်းရန်၊ ကြက်မျက်သင့်ရောဂါ ကာကွယ်ရန်။ ဆရာ ပြောသလို ဘဲပေါင်မှာ အများကြီးပါ အဖု သီးငယ်လေးပါ် သမီး ဘီတာမင်အေ ဝယ်သောက်လိုက်ပါမယ် ကျေးဇူးအရမ်းတင်ပါတယ်ဆရာ မများစေရပါ။ အရေပြားဂရုစိုက်တာလဲ လုပ်ပေးပါ။ ရေဓါတ် နဲ့ ဆီဓါတ် မနည်းစေရပါ။

26-2-2013 Facebook
သမီးဖေဖေက အသက် (62) ပါ။ အရေပြားမှာ ခရုသင်းလိုလား သမင်ဖြူလိုလား မသိဘူး အဖြူကွက်ပေါ်လာတယ်။ မျက်နှာ၊ လက်ချောင်း၊ ခေါင်း၊ ရင်ဘတ်၊ ပါးစပ်ဘေးမှာပါ။ ဖေဖေ သူများတွေညွှန်းလို့ဆေးသောက်တယ် မပျောက်ဘူး။ ဆေးလဲ စုံနေပါပြီ။ အဲ့လိုဖြစ်ပြီးနောက် ဖေဖေက အသားငါး ဆိုမစားတော့ပါဘူး ပွားလာမှာဆိုးလို့ပါ။ ဖြစ်တာာကြာပေမယ် သိပ်တော့အပွားမမြန်ပါဘူး။ ဘယ်လိုလုပ်ရင်ပျောက်နိုင်မလဲ ဆရာ။

Leukoderma သို့မဟုတ် Vitiligo ခရုသင်း

26-2-2013 Facebook
သမီး မေမေက အူတီဘီ ဖြစ်နေတာပါ။ အသက်(62) နှစ်။ ဆေးသောက်တာ (8)လ ရှိပါပြီ။ အူနားမှာအောင့်နေတာ မပျောက်သေးပါဘူး။ ဘန်ကောက်သွားပြလို့ အူတီဘီလို့သိရတာပါ။ အူနားမှာ အနာဖြစ်နေတာပါ။ အခုနောက်ဆုံးသွားပြတော့ အနာတော့နည်းနည်းကျက်နေပြီတဲ့ဆရာ။ ဆေးကဆက်သောက်နေတယ်။ ပျောက်နိုင်ပါ့မလား ဆရာ။

အူတီဘီလဲ ဆေးတွေကနိုင်ပါတယ်။
Intestinal Tuberculosis အူ (တီဘီ)

26-2-2013 Facebook
မင်္ဂလာပါဆရာ SLE သွေးရောဂါက မျိုးရိုးလိုက်ပါသလား။

SLE ထူးခြားတဲ့ရောဂါ

Tue, Feb 26, 2013 at 2:56 PM
ကိုယ်ဝန်က ၂၆ ပတ်ထဲမှာရှိနေပါပြီ။ ဝမ်းကိုက်နေတာ ၁ ပတ်လောက်ရှိနေပါပြီ။ ဒီက ဆရာဝန်တွေကလည်း ကလေးထိမှာ စိုးတာနဲ့ ဆေးပျော့ပျော့တွေပဲပေးတာ မသက်သာဘူး ဖြစ်နေတယ်။ အဲလို ဖြစ်နေတာ ကလေးကို တခုခု ထိခိုက် နိုင်ပါသလားရှင်။ ပြီးတော့ ကလေးလဲ မထိခိုက်အောင် မြန်မြန် ပျောက်အောင် ဘယ်လိုဆေးမျိုးတွေ သောက်ရမလဲရှင်။ ဒီမှာပေးတဲ့ဆေးတွေက တော်တော်များနေပြီ တခုမကောင်းတော့ တခုပြောင်းပေးနေတာ။ 1) DHACOPAN, 2) DOMEPERIDONE, 3) LEVOFELOXACN, 4) LACTEOL FOR SACHET, 5) FAMATIDINE, 6) LOMDE, 7) CEFUROXIME ဆေးတွေက စုံနေပြီဆရာ၊ မထူးခြားဘူးဖြစ်နေတယ်။ ပြီးတော့ အစားစား ပြီးတာနဲ့ ဗိုက်နာပြီး အိမ်သာ တန်းပြေးရရော။ လေလည်းအောင့်တယ်ဆရာ ဘာလုပ်ရမလဲ ပြော ပေးပါနော်။

• Bacillary dysentery ဝမ်းကိုက်ရောဂါ = Ciprofloxacin တပြား ၂ ကြိမ်၊ ဒါမှမဟုတ် TMP-SMX (Bactrim/Septrin) ၂ ပြား ၂ ကြိမ်၊ ၄-၅ ရက်သောက်ပါ။
• Amebic dysentery အမီးဘား ဝမ်းကိုက်ရောဂါ = Metronidazole 750 mg တနေ့ ၃ ကြိမ်၊ ၅-၁ဝ ရက် သောက်ပါ။
• Metronidazole ဆေးကို FDA ကနေ Pregnancy (B) လို့သတ်မှတ်ထားတယ်။ ဆိုလိုတာက အကျိုးဟာ ဘေးထွက်-ဆိုးကျိုးတက် ပိုရင် သောက်နိုင်တယ်။

Tue, Feb 26, 2013 at 3:06 PM
ကျွန်တော့် ကောင်မလေးကအသက် 19 နှစ်ပါဆရာ။ မနေ့ကမှ ရာသီပြီးပါတယ်ဆရာ။ လာတာသုံးရက်ကြာပါတယ်။ သူဖြစ်တာက တစ်ကိုယ်လုံးယားနေတယ်တဲ့ဆရာ။ မလာခင်ကတည်းက ယားနေတာတဲ့။ အဲ့တာ ဘာဖြစ်တာလဲ။ သူကတော့ သွေးယားတယ်လို့ ပြောတယ်ဆရာ။ အဲ့တာဘာလုပ်သင့်ပါလဲဆရာ။ အနေရ အရမ်းခက်တယ်တဲ့ဆရာ။

Allergy သို့မဟုတ် မတည့်အတူနေ

Thu, Feb 28, 2013 at 6:33 AM
သားလေးက ခုဆို ၁၁ လပြည့်ပြီးပါပြီ။ အစာအနေနဲ့ မိခင်နို့အပြင် Nestle ကထုတ်တဲ့ chicken + mixed vegetable cereal ကို နွားနို့နဲ့တိုက်ပါတယ်။ ထမင်းပျော့ပျော့ကိုလည်း ခြေပြီး နွားနို့လေးနဲ့ တိုက်ပါတယ်။ ကြက်ပြုတ်ရေနဲ့လည်း တိုက်ပါတယ်။ ။ အရင်တုန်းက သားလေးက ဝမ်းကို လေး၊ ငါးရက်နေမှ တခါသွားပါတယ်။ ခုဆို တနေ့ တကြိမ် (ပုံမှန် မနက်အိပ်ရာထ) တခါတလေ ၂ ကြိမ်လောက်သွားပါတယ်။ ဒီနေ့ မနက်ဝမ်းသွားတော့ သွေးစလေးတွေ ထင်ပါတယ် တွေ့လို့ပါ (သေချာကြည့်မှ မြင်ရတာပါ။ အနီရောင် ချွှဲစလေးလိုပါ။ သိပ်တော့ မများပါဘူး) ဝမ်းကတော့ အဝါရောင်ပါ။ အတုံးနဲ့ အတူ ဝမ်းအရည် အချွဲတွေပါပါတယ်။ ပုံမှန်သွားသလောက်ဘဲ ပါပါတယ်။ သူက ဝမ်းသွားနေရင်း ညှစ်တတ်ပါတယ်။ အဲဒါ ဆရာဝန်ပြဖို့ လို မလို သိချင်လို့ပါ။ ကစားတာ၊ စားတာ၊ အိပ်တာကတော့ ပုံမှန်ပါ။

မစိုးရိမ်ပါနဲ့။ ဝမ်းမာလို့လဲ ဖြစ်တတ်တယ်။ ရေပိုတိုက်ပေးပါ။ အသီးအရွက် နဲ့ အသီးကြွေးပေးပါ။ တခါတလေ မြန်မာ လျှက်ဆားလိုလဲ သုံးနိုင်တယ်။ ဝမ်းသွားတာ အကြိမ်များပြီး သွေး + အချွဲပါတာဆိုရင် ဝမ်းကိုက်တာ စဉ်းစားရတယ်။ များသောအားဖြင့် အလိုလို ပျောက်ပါမယ်။ ကလေးငယ်သေးလို့ ဆေးတိုက်တာ ဂရုစိုက်ရမယ်။ မလိုပဲ မတိုက်ပါနဲ့။

Thu, Feb 28, 2013 at 12:14 AM
ကျွန်တော့်အသက် ၂၃ ပါ ဖြစ်တဲ့ရောဂါကတော့ ဆံပင်ကျွတ်ခြင်းပဲဖြစ်ပါတယ်။ လိမ်းဆေးအမျိုးမျိုးသုံးဖူးပါတယ်။ ၁ဝ၁ လဲသုံးဖူးပါတယ်။ သို့ပေမဲ့ ထူးခြားမလာပါဘူး။ အစကတော့သိမ့်မသိသာပေမဲ့ ထိပ်က ဆံပင်တွေပါးလာပီးတော့ နာဖူးပါပြောင်လာလို့ပါ။ အိမ်ထောင်မရှိပါဘူး။ ထိရောက်တဲ့ ကုသနည်းဆိုတာ ယခုခေတ်စားနေတဲ့ ဆံပင်စိုက်ခြင်း ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဒီအတွက်ပြည်တွင်းမှာ ကုသလို့အဆင်ပြေနိုင့်ပါမလား။ အဆင်ပြေနိုင်မယ်ဆိုရင် ဆရာ့ရဲ့ ဆရာဝန်အသိပဲဖြစ်ဖြစ် ဆေးရုံဆေးခန်းပဲဖြစ်ဖြစ် လမ်းညွှန်ပေးစေလိုပါတယ်။

Hair Loss ဆံပင် ကျွတ်ရင်
Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ