Sunday, March 31, 2013

Q and A March 2013 (4)

1. Betex ဆိုတာဘာဆေးလဲဆရာ။ ဘာရောဂါဖြစ်ရင်သောက်ရတဲ့ဆေးလဲဆရာ။
2. သမီးရဲ့အဖေကအရင် ကျန်းမာပါတယ်။ သမီးတို့က
3. Name: (့)၊ Age: 23 yr, Sex: Male
4. ကျွန်မ (့)၊ 37 နှစ် ရန်ကုန်မှာနေပါသည်။
5. Medical leaves of patients ဘယ်လိုရေးရမယ်ဆိုတာ သင်ကြားပေးပါရှင့်
6. ဝဲနှင်းခူကို ဘယ်လိုကုရမယ်ဆိုတာ ဖြေကြားပေးပါရှင့် Medical term ကိုလဲသိချင်ပါတယ်။
7. သမီးက ကားမူးတတ်ပါတယ်။ အရင်ကားမူးရင် stugeron ဆေးသောက်ပါတယ်။
8. I'm now 17. I'm 5'4". I wanna get 5'8" at least.
9. သမီးနာမည်က (့) လို့ခေါ်ပါတယ်။
10. ကျွန်တော့ မျက်နှာ မေးရိုးနဲ့ အောက်တဝိုက်မှာ ဝက်ခြံကို
11. ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊
12. သမီး ဝမ်သွားတဲ့အခါ သွေးပါနေတာ ၃ ရက် ရှိပါပြီ။

Sat, Mar 30, 2013 at 8:43 AM
Betex ဆိုတာဘာဆေးလဲဆရာ။ ဘာရောဂါဖြစ်ရင်သောက်ရတဲ့ဆေးလဲဆရာ။

မသိပါ။ Google မှာလဲ ရှာမတွေ့ပါ။

Fri, Mar 29, 2013 at 2:12 PM
သမီးရဲ့အဖေကအရင် ကျန်းမာပါတယ်။ သမီးတို့က ရှမ်းပြည်မှာနေတာအေးတဲ့လ ဆောင်းတွင်းကြီးလေ အဖေက ရေချိုးကဲတယ်။ လိမ်မော်သီးလဲစားတယ်။ အဲဒါအအေးမိပြီး အသံဝင်သွားတယ်။ ချောင်းလဲဆိုးတယ်။ ၁၂ လပိုင်းတုံးက ဖြစ်တာ။ အသက်က ၆၇ နှစ်မိုးကုတ်မှာလဲ အဖေက ခဏယာယီသွားနေတယ်။ သူလဲအေးတာပဲ။ အဲ့ဒီမှာစဖြစ်တာ။ အပြန်မန်းတလေးမှာဝင်ပြတယ်။ အအေးမိတာဆိုပြီး ဆေးပေးတယ်။ အောင်ပန်းကိုပြန်လာတယ်။ ချောင်းဆိုးတယ်။ အသံကနည်းနည်း ပြန်ထွက်လာတယ်။ ၁ လပိုင်းက ရန်ကုန်ဆင်းပြတယ်။ လည်ချောင်းဆရာဝန်က မှန်ပြောင်းနဲ့ကြည့်ပြီး ဘာမှမရှိဘူး အာရုံကြောအားနည်းဆိုပြီး ၃ လစာ ဆေးပေးတယ်။ ရှမ်းပြည်ပြန်တယ်။ အသံက တဝက်ပြန်ထွက်လာတယ်။ ချောင်းကတခါတခါမှ ဆိုးတယ်။ အစားအသောက်ပျက်တယ်။ အမေကကောင်းကောင်း ချက်ကျွေးပေမဲ့ ခံတွင်းမကောင်းဘူး။ ဘယ်ဘက်ညှပ်ရုးနားမှာ အကျိတ်လေးတွေ့တယ်။ လက်မြှောက်ရင် အကျိတ်ကနာတယ်။ ရွေ့လို့မရဘူး။ အစားပျက်တာ ၂ လရှိပြီ။ အကျိတ်လေးက ၂ ပတ်ရှိပြီ။ ရန်ကုန်ဆင်းပြတယ်။ အကျိတ်က ၂ စင်တီမီတာလောက်ရှိတယ်။ ct scan စစ်တော့ အဆုတ်မှာ စပေါ့လေးတွေ့တယ်။ နောက်ကျောလဲတက်တယ်။ ဘာများဖြစ်နိုင်ပါသလဲရှင့်။ အဖေ့အတွက်စိုးရိမ်လွန်းလို့ပါဆရာ။

စာရိုက်တာမှာ အဖြတ်အတောက်မပါလို့ နားလည်းအောင် ထပ်ထပ်ဖတ်နေရတယ်။ မြန်မာအစစ်မဟုတ်ရင်တော့ နားလည်ပေးပါတယ်။ ဆေးစာဖြစ်လို့ တိတိကျကျ ရှင်းရှင်းလင်းလင်း ရေးသင့်တာပေါ့။ အဆုပ်မှာ စပေါ့တွေ့တော့ ဆရာဝန်က ရောဂါနာမည် ဘယ်လိုပြောပါသလဲ။ TB လား၊ တခြားဟာလား။ ဘာဆက်လုပ်ဘို့ လမ်းညွှန်ပါသလဲ။ ဆရာဝန့်ဆေးစာထဲက စာလုံးပေါင်းသိရရင် တိတိကျကျဖြေပေးနိုင်ပါတယ်။ မှန်းပြီးဖြေလို့ မဆိုင်တာဖြစ်နေရင် ဖတ်တဲ့သူမှာ မလိုအပ်ပဲ စိတ်ညစ်နေနိုင်တယ်။

ဆရာရှင့် သမီးကကွန်ပြူတာစာရိုက်တာ အခုမှမို့ခွင့်လွှတ့်ပါ။ အဖေကသမီးတို့အသက် ၃၁ ထိ၊ အရက်၊ ဆေးလိပ်မသောက်ပါ။ အရင်လဲသောက်တယ်လို့ မကြားပါ။ လူကဝပါသည်။ သမီးက (့) မှာမို့ပါ၊ အဖေကရန်ကုန်မှာ၊ ဆရာဝန်က အဖြေတိတိကျကျမပေးနိုင်ဘူးဖြစ်နေတယ်။ CT scan အရ အဆုတ်မှာ spot များရှိနေပါတယ်။ အစာမျိုပြွန် နဲနဲကျဉ်းသွားတယ်။ လယ်ပင်းဘယ်ဘက်မှာ ၂ လောက်ရှိအကျိတ်တစ်လုံး ညာဘက်မှာ အကျိတ်တစ်လုံး ရှိနေပြီး လက်မြှောက်ရင် နာပါသည်။ ၁၉၈၂ မှာ TB တော့ဖြစ်ဖူးပါတယ်။ အစားသောက်ပျက်ပြီး စိတ်ဓာတ်ကျနေပါတယ်။ အသံလည်းနဲနဲ ဝင်သွားပါတယ်။ အသံအိုးများ ပြဿနာရှိနေပါလားဆရာ။ စိုးရိမ်မိတာတစ်ခုက ကင်ဆာတစ်ခုခု ဖြစ်မှာကိုပါဆရာ။ အဖေ့အတွက်လွန်စွာမှ စိုးရိမ်နေမိလို့ အားထားရိုသေစွာမေးမြန်း အပ်ပါတယ်ဆရာ။

အဆုပ်မှာ Spot လိုသာ တိတိကျကျပြောရင်တော့ ရောဂါအမည်ထင်တာကိုပါ မှတ်ချက်မှာ ရေးပါလိမ့်မယ်။ အားမနာတမ်းပြောရရင် Spot ဆိုတာ ကင်ဆာမှာ သုံးလေ့ရှိတယ်။ ဒါပေမဲ့ ဆရာဝန်က မဟုတ်လို့ မပြောတာလည်း ဖြစ်နိုင်ပါတယ်။ တီဘီ ဖြစ်ဘူးထားသူဆိုရင် ဓါတ်မှန်မှာ အမာရွတ်လို တွေ့နိုင်ပါတယ်။ အကျတ်ဆိုတာ (၁) ဆိုင်ရာနေရာမှာ ပိုးဝင်လို့ဖြစ်တာတဲ့ (၂) ကင်ဆာ၊ (၃) တီဘီ တွေကနေဖြစ်စေနိုင်ပါတယ်။ ကုသပေးနေတဲ့ဆရာဝန်ကသာ အသေအချာပြောနိုင်ပါမယ်။ ဆရာဖြေတာကနေ စိတ်ဓါတ်မကျစေချင်ပါ။ ဆရာ့အနေနဲ့ ဒိထက်ပိုမပြောနိုင်ပါ။

Fri, Mar 29, 2013 at 11:07 AM
Name: (့)၊ Age: 23 yr, Sex: Male Location: Myanmar, Marital Status: Married ကျနော် အခု မျက်လုံးက ပါဝါ - 10.00 contact lens တပ်နေရပါတယ်။ ၁ဝ နှစ်သားကတည်းက မျက်မှန်စတပ်ရပါတယ် စတပ်တပ်ချင်းတုန်းက ပါဝါက - 5.00 ပါ။ မျက်မှန်တပ်ပါတယ်။ အခု မျက်စိစပ်သပ်ခန်းတွေမှာ Laser နဲ့ ပါဝါ ဖျောက်တဲ့ အကြောင်းတွေ ကြော်ငြာနေပါတယ်။ ကျနော် အခု အသက် ၂၃ ပြည့်ပြီးပါပြီ။ Laser Vision Correction Surgery က အမှန်တကယ် မျက်လုံးကို normal vision ပြန်ရပါသလား။ Cornea ကို Laser နဲ့ စက်ကနေပါးပေးပြီး Consultant Opthamologist က Equation တစ်ခုကို ကိုယ်တိုင် ရိုက်နှိပ်ပေးပြီး စက်က ခွဲပေးတယ် ဆိုတာရောဟုတ်ပါသလား။ Mild Keratitis တစ်ခါရဖူးတဲ့သူဆိုရင်ရော အဆင်ပြေပါသလား။ Follow up ဘယ်လောက်ထိသွားရပါသလဲနဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိချင်ပါတယ်။ ယခု မြန်မာနိုင်ငံမှာ ခွဲစိတ်လျှင် သင့်တော်ပါသလား။

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

Fri, Mar 29, 2013 at 8:29 AM
ကျွန်မ (့)၊ 37 နှစ် ရန်ကုန်မှာနေပါသည်။ အခု တစ်ပတ်လောက်ရှိပြီ နေ့လည်စာပြီးတိုင်း ခေါင်းမူးနေပြီး ရင်ထဲမှာနေလို့မကောင်းပါ။ သွေးပေါင်ချိန် ၁၂ဝ/80 ပုံမှန်ရှိနေရဲ့သားနဲ့ ခေါင်းတခုလုံး လည်နေပါပါသည်။ ကျွန်မ 3.9.2012 က အူအတက်ပေါက်ပြီး ဗိုက်ခွဲခဲ့ဘူးပါသည်။ တခုရှိသည်မှာ ထမင်းစားအရမ်းမြန်ပါသည်။ သို့သော် အရင် အသက် 30 ဝန်းကျင်ကဘာမှမဖြစ်ခဲ့ဘူးပါ။ ECG ရိုက်ကြည့်တော့ အားလုံးကပုံမှန်ပါပဲ။ ပါမောက္ခ (့) နဲ့မနေ့က ပြကြည့်ပါသည်။ သေသေချာချာမရှင်းပြပါ။ သူ့ဆေးပေးလိုက်တာက Nootropil တခြမ်း တနေ့ 3 ကြိမ်၊ Omeprazole 20mg မစားခင်တနေ့ 1 ကြိမ်၊ Stugeron တနေ့ 2ကြိမ်။

Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

Thu, Mar 28, 2013 at 7:52 AM
Medical leaves of patients ဘယ်လိုရေးရမယ်ဆိုတာ သင်ကြားပေးပါရှင့်
(A) How to Write a Medical Leave Letter
1. Research your company's medical leave policies and guidelines before writing your letter. Every company has specific guidelines about medical leave that could enforce when a medical leave letter must be submitted by, if supporting documentation must also be submitted and who to submit the letter to.
2. Set the tone. Remember the style of the medical leave letter should not sound casual. You want to sound formal and to-the-point stating only the facts. All leave of absence letters should follow a standard business letter format.
3. State the reason for the leave of absence in clear terms in the body of your letter. Make sure it is a valid reason as defined by your company's medical leave policy. Examples can include surgery, treatment, and spouse or child medical needs.
4. Give the exact dates that you will need to be absent from work. Also include how many days you will be gone and when you should be able to resume work again.
5. Include the details of all the projects or accounts you're currently working on, the status of these projects and whether or not there are deadlines. This will allow your employer to have the information needed to redistribute work load to other employees if necessary.
6. Include a letter from your doctor. In some cases, company policy may dictate this as a requirement in order to get the approved leave.
7. End the medical leave letter. Thank your employer for their time and include all of your contact information.

(B) Here is an example of a medical leave letter:
Date
Name
Title
Organization
Address
City, State, Zip Code

Dear Mr./Ms. Last Name:
I would like to request a leave of absence for medical reasons. I will be having heart surgery on September 1 and expect to return to work approximately three months later.

I can provide written documentation from the surgeon, if necessary.

Thank you very much for your consideration.

Sincerely,
Signature
Name

(C) Leave letter by doctors
As far as I know, there is no format. SO a doctor can just write down:
Name of the patient, Age and Gender, Patient registration number, diagnosis, the onset date or date of admission and if applicable the date of discharge, recommendation for rest and follow-up and etc.
The patient may ask the doctor to write the dates that can be applied to his or her job.

Some work places may offer a form on which the doctor has to write down and sign with seal and date.

Thu, Mar 28, 2013 at 7:54 AM
ဝဲနှင်းခူကို ဘယ်လိုကုရမယ်ဆိုတာ ဖြေကြားပေးပါရှင့် Medical term ကိုလဲသိချင်ပါတယ်။

• Eczema နှင်းခူနာ
• Eczema Medicine နှင်းခူနာဆေး

Thu, Mar 28, 2013 at 7:38 AM
သမီးက ကားမူးတတ်ပါတယ်။ အရင်ကားမူးရင် stugeron ဆေးသောက်ပါတယ်။ ယခုသမီးမှာ ကိုယ်ဝန် (8) ပတ်ရှိပါတယ်။ ခရီးကလည်း မဖြစ်မနေသွားရမှာ ဖြစ်နေလို့ ကိုယ်ဝန်ဆောင်စဉ်မှာ stugeron ဆေးသောက်လို့ရပါသလား သိချင်လို့ပါ။

Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း

Wed, Mar 27, 2013 at 11:33 PM
I'm now 17. I'm 5'4". I wanna get 5'8" at least. Please advice me how to get it. I feel so depression about my height now.

• Height အရပ်ရှည်နည်း

Tue, Mar 26, 2013 at 3:14 PM
သမီးနာမည်က (့) လို့ခေါ်ပါတယ်။ အသက်က ၂၂ ပါ။ (့) မှာနေပါတယ်။ သမီးက အသက်ငယ်ငယ်လေးနဲ့ ရောဂါကေ တ်ာတော်များတာကိုစဉ်းစားရင်းစိတ်ပျက်မိတယ်။ သမီးက အစာအိမ်သွေးကြော ၂ ခါပေါက်ဘူးတယ်။ နှလုံးအားနည်းတဲ့ရောဂါလည်းရှိတယ်။ လေးဖက်နာလည်းရှိတယ်။ အငံစားပြန်တော့လည်းသွေးလည်းတိုးသေးတယ်။ တစ်ခါတစ်လေ ထိုင်နေရင်းနဲ့ ထလိုက်ရင် နှလုံးအောက်ပြီး အသက်ရူလို့မရဘူးဖြစ်နေတယ်။ လန့်စရာမြင်ရင်တောင် မူးလှဲချင်တယ်။ စိတ်တိုပြီဆိုလည်း အသက်ရူလို့မရဘူး နှလုံးကိုဖိထားမှ အသက်ရူလို့ရတယ်။ ဒါက နှလုံးရောဂါလို့ ပြောလို့ရမလားမသိဘူးရှင့်။ ပြီးတော့လည်း တစ်ခါတစ်ခါဆို ခြေထောက်အရိုးတွေကပျော့ပြီးလမ်းလျှောက်လို့မရပြန်ဘူး။ သမီးဘယ်လိုလုပ်သင့်လည်း မသိဘူး။ ဒါတွေက ဘာဖြစ်လို့လဲသိချင်ပါတယ်ရှင့်။

ဆောရီး။ တချို့လူတွေက ချူချာကြတယ်။ တသက်လုံး ကျန်းမာရေး မကောင်းနေတာမဟုတ်ပဲ နောက်မြှ တိုးတက် ကောင်းမွန်လာသူတွေလဲ ရှိပါတယ်။ အသက် ၂၂ ဟာ အရွယ်အလွန်ကောင်းချိန်ဖြစ်ပါတယ်။ ဆေးစစ်တာတွေ လုပ်ဘူးမယ် ထင်ပါတယ်။ ဆရာဝန်တွေကလည်း အကြံပေးထားတာတွေရှိမှာပေါ့။ အစာလမ်းသွေးယိုတာအတွက်လည်း ကုထားပြီးဖြစ်လို့ နောင်အတွက်သာ ဆင်ခြင်ပါ။ လေနာဆေး Antacid ဆောင်ထားပါ။ အစာစားချိန်မှန်ပါစေ။ သွေးယိုတဲ့လက္ခဏာ စောစောသိအောင်လုပ်ပြီး လိုတာနဲ့ ဆရာဝန်ပြပါ။ လေးဘက်နာက အသက်ရရင် ကောင်းလာတတ်ပါတယ်။ နာတာရှိရင် အကိုက်အခဲပျောက်ဆေးသောက်ပါ။ ဒါပေမဲ့ လေနာရှိသူတွေက အထူးသတိထား သောက်ရတယ်။ လေဆေးနဲ့၊ အစာနဲ့သာ အကိုက်အခဲပျောက်ဆေး သောက်ရတယ်။ နှလုံးရောဂါဆိုတာ အမျိုးအစားတွေများလို့ အဝေကနေ မစစ်ဆေးပဲတော့ ရှိ-မရှိ ပြောမရပါ။ စိတ်ခိုင်မာအောင် ကြိုးစားပါ။ ကိုယ်ကိုးကွယ်တဲ့ ဘာသာအဆုံးအမကိုတည်စေပါ။ အပြုသဘောဆောင်တာကို ဖတ်ပါ၊ တွေးတောပါ။ အပြုသဘော အားပေးသူတွေနဲ့ ပေါင်းသင်းပါ။ ကိုယ်လက်လှုတ်ရှားမှု ပုံမှန်လုပ်ပါ။ အစားအသောက် ပြည့်ဝ-မျှတအောင်စားပါ။ အားဆေး သံဓါတ် + ဗီတာမင် (ဘီ) သောက်ပါ။ မိန်းကလေးဖြစ်လို့ ရာသီအခြေအနေ သိချင်သေးတယ်။ ဒါပေမဲ့ မေးတဲ့အထဲမှာ မပါတာဟာ မှန်လို့ဖြစ်ပါမယ်။ ဒီတော့ ဒီအရွယ်မိန်းကလေးတွေ ဆရာ့ကို ရာသီမမှန်လို့ မေးကြတာထဲ ကိုယ်မပါတာဟာ ကံကောင်းတာလို့ သိပါ။ နောက်ပြီး အကုရခက်တဲ့ ရောဂါကြီးတွေ၊ ကူးစက်ရောဂါတွေ ငါ့မှာ မရှိဘူးလို့သိပြီး စိတ်အားတက်စေပါ။

Sat, Mar 9, 2013 at 1:54 PM
ကျွန်တော့ မျက်နှာ မေးရိုးနဲ့ အောက်တဝိုက်မှာ ဝက်ခြံကို မသိနားမလည်ဘဲ ညှစ်ခဲတဲ့ အမှားကြောင့် Keloid တွေ ဖြစ်နေပါတယ်။ ဆရာဝန်နဲ့ ပြတော့ စတီးရွိက်ဆေး ထိုးပေးပါတယ် ပျော့တဲ့ နှစ်ခုလောက်က ချပ်သွားပြီး မာတဲ့ဟာတွေက ပြန်ပြီး ဖြစ်နေပါတယ်။ ဆရာဝန်ကတော့ ခွဲဖို့ပြောပါတယ်။ နောက်ပြီး မေးရိုးအောက် လည်ပင်းတဝိုက်မှာ အသားသီး သလိုမာမာ အခဲသေးသေးလေးတွေ ဖြစ်လာတယ်။ အင်တာနက်ကနေလဲ တတ်နိုင်သလောက် keloid ကုသနည်းတွေ ရှာကြည့်ပါတယ်။ ဒါပေမဲ့ လေဆာနဲ့ကုသတဲ့ သူကလေဆာ၊ ခွဲပြီးဆေးထိုးတဲ့သူက ခွဲတာအကောင်းဆုံးဆိုပြီး သူတို့ အားသန်တာတွေ ပြောနေတယ်။ ပြီးတော့ ရွှေဘုံသာလမ်းမှာ ဆေးထိုးတုန်းက တခါထိုး ငါးသောင်းလောက်ပေးခဲ့ရတယ် အဲဒီဆေးကိုပဲ အသိအရေပြားအထူးကုဆီမှာကုတာ ခုနှစ်ထောင်ပဲကုန်တယ် အဲဒီလိုခံရမှာလဲ ကြောက်တယ်ဆရာ။ ဘယ်လောက်ကုန်မလဲ ဘယ်နည်းနဲ့ကုသတာ အကောင်းဆုံးနဲ့ ဈေးလဲမှန်မဲ့နေရာကို သိချင်ကုသချင်ပါတယ်။

ကျွန်တော်က ဈေးနှုန်းဆိုတာတွေ မသိပါ။ Keloid အရုပ်ဆိုးတဲ့ အမာရွတ် ကိုပို့ပါတယ်။

ကျွန်တော် ဆရာဝန်ပြတော့ keloid ကို ဆေးထိုးပေးတယ် ခြေပေးရတယ်။ ဒါပေမဲ့ တခုနှစ်ခုလောက်ပဲ ပိန်သွားတယ် ကျန်တာတွေကပြန်ကြီးလာတယ်။ အခု သွားပြတော့ ခွဲထုတ်ဖို့ပြောတယ် ဒါပေမဲ့ သူ့ဆီမှာ ခွဲလို့မရဘူး ခွဲပြီးရင် ဓာတ်ကင်ပေးရမယ်ပြောတယ်။ မြန်မာနိုင်ငံမှာ ဘယ်ဆေးရုံဆေးခန်းမှာ ခွဲပြီးဓာတ်ကင်လို့ရမလဲ။ မျက်နှာမှာဆိုတော့ အတော်ကို ကြည့်ရဆိုးနေလို့ တော်တော် စိတ်ညစ်နေရပါတယ်ဆရာ။

ဆောရီး။ ဆရာက ပြည်တွင်းမှာ မနေရလို့ မသိပါ။

Mon, Mar 25, 2013 at 7:42 PM
ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊ (့) မှာနေပါတယ်။ နောက်ကျောရိုးရဲ့ ဘေးက အသားဆိုင်ထဲမှာ အောက်အောက်နေတယ်။ သန်းလိုက်တဲ့ အခါမျိုး၊ လေချဉ်တက်တဲ့ အခါလို၊ နှာချည်တဲ့ အခါလိုမျိုးမှာ အတော်အောင့်ပါတယ်။ အဲဒါကြောင့် နှာချီရင် ပါးစပ်ဟ ရုံပဲရတယ်။ ဆုံးခန်း မရောက်ဘူး။ နောက်ကျောထဲမှာ လေလိုလို မှန်းပြောတာပါ။ ကျွန်တော် တကယ်မသိပါဘူး၊ နေရာရွေ့ပါတယ်။ အဖေ့ဘက်က အမျိုးတွေက သေတဲ့အထိ နံရိုးထဲ လက်ဖိပြီး သေကြရတယ်။ တစ်ခါတစ်ခါ နံရိုးကြား ထဲကပါ အောင့်တော့ မျိုးရိုးလိုက်မှာ ကြောက်တယ်ဆရာ။ ဘာရောဂါလဲ၊ ဘယ်လို မဖြစ်အောင်နေရမလဲ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြပေးပါဆရာ။

ဘယ်-ညာ မသိပါ။ ဖြစ်တာ ဘယ်လောက်ကြာလဲ မသိပါ။ ဓါတ်မှန်ရိုက်ဘူးလား မသိပါ။

ကျောရိုးရဲ့ ညာဘက်ခြမ်းပါ။ ဖြစ်တာ ၂ လခွဲလောက်ရှိပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဓါတ်မှန်ရိုက်ခဲ့တယ်။ ဆေးခန်းက ပြောတာတော့ FIT ဖြစ်တယ်တဲ့။ ကိုယ်တိုင်လည်း မကြည့်တတ်ဘူးဆရာ။ ဘယ်ဘက်ခြမ်းက မအောင့်ဘူး။

ဓါတ်မှန်မှာ ကောင်းနေရင် အနာအကိုက်သက်သာဆေး တခုခုသာသောက်ပါ။ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။ အထောက်အကူဖြစ်အောင် Neurobion ကို တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁ဝ-၂ဝ ရက်သောက်ပါ။
NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Fri, Mar 22, 2013 at 12:00 PM
သမီး ဝမ်သွားတဲ့အခါ သွေးပါနေတာ ၃ ရက် ရှိပါပြီ။ သွေးပါတဲ့ပမာဏကတော့ အများကြီး မဟုတ်ပေမဲ့ ထင်ထင်ရှားရှား မြင်ရတဲ့ အနေအထား ရှိပါတယ်ရှင်။ တခြားခံစားမှုတော့ ဘာမှ သိပ်မရှိပါဘူး။ သမီး ညတိုင်းလည်း ဒိန်ချဉ် သောက်တဲ့အတွက် ဝမ်းချုပ်တာမျိုးလည်း မရှိပါဘူး။ လွန်ခဲ့တဲ့ ၆ လ ခန့်က တော့ ဝမ်းသွားရင် ဝမ်းအရောင်က မည်းနေလို့ အထွေထွေရောဂါကု ဆရာဝန်နဲ့ ပြခဲ့တာမျိုးရှိပါတယ်။ ဝမ်းသွားလို့ အရောင်မည်းနေတာ တစ်ရက်နှစ်ရက် မဟုတ်ဘဲ တစ်လခန့် ရှိလို့ စိတ်ထဲ တစ်မျိုးဖြစ်တာနဲ့ သွားပြခဲ့တာပါ။ ဆရာဝန်ကတော့ အစာအိမ်လမ်းကြောင်း သွေးယိုစီးတာလို့ ယူဆတဲ့အတွက် kremil-S, Hemsamic 250 mg , raberazole တို့ သောက်ခိုင်းတဲ့အတွက် ၃ ရက်ခန့်မှာ ဝမ်းအရောင် ပုံမှန် ပြန်လည်ဖြစ်လာခဲ့ပါတယ်ရှင်။ ဝမ်းပုံမှန် ပြန်ဖြစ်ပြီးတဲ့နောက် ဆရာဝန် ဆီ ပြန်လည် ပြသတဲ့အခါ Hemsamic 250 mg ကို ဆက်မသောက်ခိုင်းတဲ့အတွက် ဆက်မသောက်တော့ဘဲ ကျန် ဆေး ၂ မျိုးကိုတော့ ၁ဝ ရက် သောက်ဖြစ်ပါတယ်ရှင်။ တစ်ခါတရံလည်း တပင်တိုင်မြနန်းလို ဗမာဆေးမျိုး သောက်ဖြစ်တာလည်း ရှိပါတယ်။ ဆက်သောက် သင့်ပါသလားရှင့်။ အခု သွေးပါနေတာက ဘာရောဂါများ ဖြစ်နိုင်ပါသလဲ။ အခု နိုင်ငံခြားကို ခေတ္တ ရောက်နေလို့ ဆရာဝန်မပြဘဲ နေပြီး ဘယ်လိုဆေးမျိုး သောက်သုံးသင့်ပါသလဲ။ မဖြစ်မနေ ဆေးစစ်မှု ခံယူဖို့ လိုပါသလားရှင်။

Blood in Stool စအိုက သွေးယိုခြင်း

Monday, March 25, 2013

Psoriasis အရေပြားနာတမျိုး

Mon, Mar 25, 2013 at 7:17 PM
ကျမ ညီမလေးမှာ လွန်ခဲ့တဲ့ လေးလလောက်က မြန်မာပြည်က ပြန်လာပြီး တုပ်ကွေးဖြစ်ပါတယ်။ ဖြစ်ပြီးနောက် အနီကွက် ၂ ကွက် လက်မောင်းမှာ ပေါ်လာပါတယ်။ နောက်တပတ်ကြာတော အဖုနီလေးတွေပေါ်လာတယ်၊ ပွားလာတယ်ဆရာ အထူးသဖြင့် ချွေးထွက်ရင်။
Then we went to see Specialist at National Skin Center and she also told us that this is pityriasis rosea. She gave her "Famotidine 20mg Tab" - 14 Tab - 2 times daily and Betamethasone 0.05% cream to apply and arranged to see next one and half month.
အဲ့ဒိဆေးသောက်ပြီးလိမ်းစက သက်သာသလိုရှိပြီး နောက် အဖုလေးတွေက ပြန်ထွက်လာတယ်ဆရာ။ အထူးသဖြင့် လက်မောင်း၊ ပေါင်နဲ့ ဗိုက်မှာပါ။ ဒီနေ့ ဆရာဝန်နဲ့ ပြန်ပြတော့ Pityriasis Lichen chronica ဆိုပြီး ရောဂါတမျိုး ပြောင်းပြောပြီး Phototherapy treatment ယူခိုင်းတယ်။ ဘာတွေဆောင်ရမယ် ဘာတွေရှောင်ရမယ်ကိုလဲ သေချာမပြောလိုက်ဘူး။ ဘာကြောင့်လဲဆိုတော့လဲ cause is unknown လို့ပဲပြောပါတယ်။ ဘယ်လောက်ကြာမယ် ဆိုတာလဲ မသိပါဘူးဆရာ။ နောက်ထပ် ၈ ပတ် ခွာပြီး ထပ်ချိန်းပါတယ်။ ညီမလေးကတော့ အဲဒိ treatment မယူချင်ဘူးဆရာ။ တခြား side effect ဖြစ်မှာကြောက်တာရယ် အသားနေလောင်ခံရမှာစိုးတာရယ်ကြောင့်။ ဆရာဘလော့မှာလဲ အဲ့ဒိအကြောင်းမရေးထားလို့ email ကနေတဆင့် အကူအညီတောင်းရတာပါဆရာ။ သမီးတို့ကို ဖြစ်နိုင်ရင် ဘာလုပ်သင့်တယ် ဘာတွေ ရှောင်ရ ဆောင်ရမယ် ဘယ်လောက်ကြာမယ် စသဖြင့် အကြံလေး အမြန်ဆုံးပေးပါဆရာ။

Psoriasis အရေပြားနာတမျိုး
နှင်းခူလိုလို ဆင်တယ်။ သူများကို မကူးစေဘူး။ အပေါ်ယံမှာ ခပ်ဖြူဖြူ ငွေရောင်ရှိတယ်။ ဦးရေခွံ၊ တတောင်ဆစ်၊ ဒူး၊ ခါးတွေမှာ အဖြစ်များတယ်။ ဖြစ်လိုက်-ပျောက်လိုက်နေတယ်။ ဘာလို့ဖြစ်လဲ မပြောတတ်ဘူး။ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး၊ အလင်းရောင်သုံးကုသနည်း ကုနည်းအမျိုးမျိုးရှိတယ်။

Pityriasis rosea အရေပြားနာတမျိုး
တစ်ခုလောက် ထပ်မေးချင်လို့ပါ။ ဒီ Pityriasis rosea နဲ့ Pityriasis Lichen chronica ဆိုတာ တူပါသလား။ ဆရာဝန်ပြောတဲ့အတိုင်း Phototherapy treatment ယူရင်ရော ဘယ်လို side effect တွေများရှိနိုင်ပါသလဲ။

Pityriasis Lichenoides အရေပြားနာတမျိုး
ဘာလို့ဖြစ်သလဲ အတိအကျမသိပါ။ မျိုးရိုးမလိုက်ပါ။ ပျောက်ဘို့ရာလဲ ဆရာဝန်အားလုံးက သဘောတူလက်ခံထားပြီး ကုထုံးမရှိသေးပါ။
• Antibiotics (အင်တီဘိုင်အောတစ်) ပိုးသေဆး ၁ လတာပေးတာ သက်သာစေတယ်။
• Natural sunlight သဘာဝနေရောင်ကလည်း သက်သာစေတယ်။
• Special ultraviolet light lamps အထူးပြုလုပ်ထားတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ကုတာလဲ တချို့မှာ ကောင်းစေတယ်။ Phototherapy အလင်းရောင်သုံကုသနည်းလို့ခေါ်တယ်။
• လှိုင်းအလျားမတူတဲ့ UVB ဒါမှမဟုတ် UVA အလင်းရောင်သုံးတယ်။
• Psoralens သောက်ဆေး + UVA တွဲသုံးတာလဲ လုပ်တယ်။ Photochemotherapy လို့ ခေါ်တယ်။ ဘေးထွက်-ဆိုးကျိုးတော့ရှိမယ်။
• Methotrexate tablets ကင်ဆာအတွက်သုံးတဲ့ဆေးကိုလည်း စမ်းသုံးနိုင်တယ်။

Phototherapy အလင်းရောင်သုံကုသနည်း
ယာယီသဘောသာ သက်သာစေနိုင်တယ်။ ဒီနည်းနဲ့ မရသေးရင် PUVA နည်းကိုသုံးတယ်။ ပိုမြင့်တယ်။

Psoriasis ခေါ်တဲ့ မပျောက်နိုင်တဲ့ အရေပြားရောဂါတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ကုသပေးတာ များတယ်။ atopic eczema, other forms of dermatitis, polymorphic light eruption, generalised itching, pityriasis lichenoides, cutaneous T cell lymphoma, lichen planus, vitiligo, disseminated granuloma annulare, morphoea စတဲ့ တခြားအရေပြားအနာတွေကိုလည်း ဒီနည်းသုံးတယ်။

Fluorescent light bulbs မီးလုံးတွေကိုသုံးတယ်။ တပါတ်မှာ ၂-၅ ကြိမ်လုပ်တယ်။ စုစုပေါင်း ၁၅-၃ဝ အကြိမ်လုပ်တယ်။ အစပိုင်းမှာ ၁ မိနစ်တောင်မကြာဘူး။ နောက်မှာ တိုးသွားစေတယ်။ မျက်စိကိုမထိစေဘဲ ရောဂါအနာရှိတာတွေကို အလင်းရောင်ပေးတယ်။ ယောက်ျားလိင်အင်္ဂါဆိုလဲ အကာကွယ်ထားပေးရတယ်။

PUVA treatment နည်းမှာ Psoralen ဆေးပြားကို အလင်းရောင်မပေးခင် ၂ နာရီကြိုတင်သောက်စေတယ်။ ဒါမှမဟုတ် lotion or gel ဆေးရည်သုတ်လိမ်းပေးလို့လဲရတယ်။ ဒီဆေးသုံးသူတွေက သဘာဝနေရောင်ကာကွယ်ဘို့ ၂၄ နာရီကြာ နေကာမျက်မှန်တပ်ထားရတယ်။

ဆေးကုသရက်မှန်မလာနိုင်သူ၊ ၁ဝ မိနစ်အထိအချိန်မပေးနိုင်သူ၊ နေရောင်ကြောင့် အနာကပိုဆိုးတတ်သူ၊ xeroderma pigmentosum or lupus erythematosus အရေပြားရောဂါရှိနေသူ၊ skin cancer အရေပြားကင်ဆာ ရှိနေသူ၊ ciclosporin or methotrexate ဆေးတွေသောက်နေရသူတွေက ဒီကုသနည်းနဲ့ မတိုက်ဘူး။ ဆေးကုနေစဉ်မှာ Perfumed products ရေမွှေးမသုံးသေးဘဲနေသင့်တယ်။ အချဉ်သီး၊ မုံလာဥနီ မစားဘဲရှောင်နေရမယ်။ ဆေးခန်းကသုံးတဲ့ အလှအပသုံး အရည်တွေကလွဲရင် Creams, ointments and lotions တွေကို ရှောင်ထားသင့်တယ်။ ဆံပင်တိုတာ ပိုအဆင်ပြေမယ်။

ရေတို ဘေးထွက်-ဆိုးကျိုးများ
• Redness and discomfort (sunburn) နေလောက်ခံထားရသလိုနေမယ်။
• Dry and itchy skin အရေပြာြးောခက်သွေ့ပြီး ယားမယ်။
• Rashes အရေပြား အနီကွက်ဖြစ်မယ်။
• Cold sores အနာတမျိုးပေါက်နိုင်တယ်။
• Blisters in areas of psoriasis ကိုယ့်အနာနေရာမှာ မီးလောင်ဖူးဖြစ်လာနိုင်တယ်။
• psoralen tablets ဆေးပြားက ပျို့ချင်စေနိုင်တယ်။

ရေရှည်မှာ
• Premature skin ageing အရေပြားက ပိုပြီးရင့်အိုမယ်။
• Skin cancer အရေပြားကင်ဆာ ဖြစ်မလား မပြောနိုင်ဘူး။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂ဝ၁၃

Q and A March 2013 (3)

1. ကျွန်မယောင်းမက အသက် ၃၁ ပါ။
2. ကျွန်တော် Nov 2011 တုန်းက ခါး ခွဲစိတ်မှုလုပ်ရပါတယ် မေ့ဆေးနဲ့ပါ၊
3. ကျနော်ရဲ့ ခေါင်းမှာ လက်သန်းလုံးလောက် အကြိတ်လေးလို အဖုလေးတခုက
4. ferovit အားဆေးကို တနေ့ဘယ်နှလုံးသောက်နိုင်ပါသလဲ
5. May I ask you something about my husband
6. မိမိရဲ့  ကျင်ငယ်ရည်ကို မိမိ ကိုယ်တိုင်သောက်သုံးခြင်းဖြင့်
7. ဆရာရှင့် message နဲ့မေးလို့မလေးမစားလို့ မထင်ပါနဲ့
8. ကျွန်မ အသက် ၂၇၊ (့) နိုင်ငံမှာနေထိုင်ပြီး
9. ကျွန်မအသက်က ၂၇ ပါ။ အိမ်ထောင်ရှိပါတယ်။
10. သမီးက (့) ပါ။ အသက်က ၂၄ ပါ။
11. မ (့)၊ အသက်၃၃နှစ်၊ (့) မှာ (့) လုပ်ပါတယ်။
12. ကျွန်တော် အသက် ၃၈ လူပျိုပါ။
13. ကျွန်တော်က အိန္ဒိယမှာပါ။ ဆရာဆီကို ဖုန်းဆက်ချင်လို့ပါ။
14. Dear Dr, my mom has Diabetes and she is sick.
15. ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊

Tue, Mar 12, 2013 at 11:32 PM
ကျွန်မယောင်းမက အသက် ၃၁ ပါ။ မြန်မာပြည်မှာနေပါတယ်။ လွန်ခဲ့တဲ့ ၂လလောက် လည်ပင်းမှာ အကျိတ်အလုံးလေး ဖြစ်လို့ ဆရာဝန်ပြတာ ဂွိုင်လာဆိုတဲ့ရောဂါလို့ပြောပါတယ်ဆရာ။ အကျိတ်ကတော့ မနာပါဘူးလို့ပြောပါတယ်ဆရာ။ အဲတာဘာရောဂါပါလဲဆရာ။ ဘာကြောင့်ဖြစ်တာပါလဲရှင့်။ ပျောက်ကင်းအောင် ကုသလို့ရပါသလားရှင့်။ ဆောင်ရန် ရှောင်ရန်လေးတွေကိုရှင်းပြပေးပါအုံးနော်။ Goitre ဂွိုက်တာ ဖြစ်မလား သေချာပြန်မေးပါ။ ဟုတ်တယ်ဆရာ။ လည်ပင်းမှာ အဆိပ်အိပ်ဖြစ်တယ်တဲ့။

Thyroid လည်ပင်းကြီးရောဂါ

Tue, Mar 12, 2013 at 8:57 PM
ကျွန်တော် Nov 2011 တုန်းက ခါး ခွဲစိတ်မှုလုပ်ရပါတယ် မေ့ဆေးနဲ့ပါ၊ အချိန်တစ်နှာရီကျော်ကျော်ကြာပါတယ်။ အခုဆိုရင် တစ်နှစ်နဲ့လေးလ ရှိသွားပါပြီ။ အများပြောနေကြတာ မေ့ဆေးသုံးရင် ကြာရင်သတိမေ့တတ်တယ်ပြောလို့ပါ။ အခု ကျွန်တော့်အသတ် ၃၈ နှစ်ပါ အိမ်ထောင်မရှိပါ၊ အခုတစ်လော သတိမေ့တတ်နေလို့ပါ။ ထိုင်ရာကထပြီး ပစ္စည်း ၂ ခုယူမယ်ဆိုပြီးသွားရင် တစ်ခုပဲယူလာတယ်တစ်ခုကိုမေ့လာတယ်၊ ပြောမယ့်အကြောင်းအရာတစ်ခုခုကိုလည်း (စဉ်းစားလို့မရဘူး) မေ့မေ့သွားတယ်ခင်ဗျ။ အလုပ်တစ်ခုလုပ်ရန်သွားလိုက်တဲ့အခါ ဘာလုပ်မလို့လာတာလဲ ဆိုတာစဉ်းစားမရတော့ဘူး။ မေ့ဆေးရဲ့ အကျိုးဆက်လို့ပြောလို့ရပါသလား။ သက်ဆိုင်မှုရှိပါသလားခင်ဗျာ။ မေ့တတ်တဲ့ရောဂါများဖြစ်နေပါသလား။ ဆောင်ရန်ရှောင်ရန် ဘာတွေလိုပါမလည်းခင်ဗျာ။ နောက်တစ်ခုက ကျွန်တော့လက် ကတုန်နေပါတယ်။ အရက် ၊ ဆေးလိပ်လုံးဝ မသောက်ပါဘူး၊ ကော်ဖီတစ်နေ့တစ်ခွက်ပဲသောက်ပါတယ်။ T1 , T2 စစ်တော့ပုံမှန်ပါခင်ဗျာ။ ဆရာဝန်ကတော့ B1-B6-B12 ပေးပါတယ် ခဏပဲ သတ်သာပါတယ်။

Memory loss သတိမေ့ခြင်း

Mon, Mar 11, 2013 at 1:07 PM
ကျနော်ရဲ့ ခေါင်းမှာ လက်သန်းလုံးလောက် အကြိတ်လေးလို အဖုလေးတခုက အတော်ကြာကြာကထဲက ရှိနေခဲ့ပါတယ် အဲ့ဒါလေးက ကြီးလဲ မကြီးလာ သေးလဲ မသေးသွား ပြောက်လဲ မပြောက်သွားပါဘူး နာလဲ မနာပါဘူး ဆရာ ကျနော် ထင်တယ် လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကထဲက ဖြစ်လိမ့်မယ်ထင်တယ် စိုးရိမ်နေတာ တခုက အဲ့ဒါဟာ အကြိတ်ကင်ဆာလိုမျိုးဖြစ်နိုင်သလား ဆိုတာ လေး သိချင်နေပါတယ် ဆရာ အဲ့ဒါလေး နဲ ပတ်သက်လို့လဲ ဘယ်ဆေးခန်းမှ မပြဖြစ်ခဲ့မိပါဘူး အမှု့မဲ့ အမှတ်တမဲ့ နေခဲ့မိတယ်လို့ပဲ ဆိုရပါလိမ့်မယ် ခုမှ စိတ်ထဲ ကင်ဆာအကြောင်လေးတွေ ဖတ်မိရင်း စိတ်ထဲ မသင်ကာ ဖြစ်လာမိလို့ပါဆရာ။ ဖြစ်နိုင်မယ်ဆိုရင် အကြိတ်ကင်ဆာတွေရဲ့ လက္ခဏာ ဖြစ်ပြီးရင် အချိန်ဘယ်လောက် အကြာမှာ ပွားတာတို့ နာကျင်မှုလို့ လက္ခဏာမျိုးတို့ ပြတတ်ပါသလဲ ဆရာ။

အကျိတ်က ဦးခေါင်း ဘယ်နေရာမှာပါလဲ။ အကျိတ်မှန်သမျှ ဆရာဝန်တွေ သိချင်တာ ၆ ချက်ရှိတယ်။ နေရာ၊ အရွယ်အစား၊ ပုံပန်း၊ အပျော့-အမာ၊ နာ-မနာ၊ ရွေ့ရ-မရ၊ ဆိုင်ရာနေရာမှာ တက်စေ့ရှိ-မရှိ သိချင်ကြပါတယ်။ ဖြစ်တဲ့သူ အသက် မသိပါ။ ကျန်းမာရေးနောက်ခံ မသိပါ။ ဆေးစစ်-မစစ် မသိပါ။

နေရာ = ညာဘက်နားရွက် အနောက် ၂ လက်မ၊ အရွယ်အစား = လက်သန်းလုံးအရွယ်၊ အပျော့ အမာ = မမာလွန်း မပျော့လွန်း၊ နာ-မနာ = မနာ၊ ရွေ့ ရ-မရ = အနဲငယ် ရွေ့ ရ၊ အသက် = ၂၄၊ ကျန်းမာရေး = ကောင်းမွန်၊ ဆေးစစ်-မစစ်= စစ်။ အပေါ်က အချက်များက ကျနော်နဲ့ ပတ်သက်တာတွေပါ၊ ကျနော် စင်္ကာပူမှာ နေပါတယ်၊ ဆေးလဲပုံမှန်တော့ စစ်ဖြစ်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီ အကျိတ်လေးကိုတော့ မစစ်ဖြစ်ပါဘူး အခုတလောမှ စိတ်ထဲမသင်္ကာ သလိုဖြစ်လာလို့ ဆရာကို မေးရခြင်းပါ၊ Internet မှာ ရှာတော့ လိုချင်တဲ့ အဖြေက ရောထွေးနေသလို ဖြစ်နေလို့ပါ။

Lymph node တက်စေ့ကြီးနေတာဖြစ်ဘို့များတတ်။ လူအတော်များများမှာ ဖြစ်တယ်။ ဆိုင်ရာနေရာမှာ တခုခု (ပိုးဝင်) တာဖြစ်ရာနေ ရောင်လာ-ကြီးလာတာဖြစ်တယ်။ ဖြစ်ပြီး တခါတလေ အတော်ကြာကျန်နေတယ်။ အများအားဖြင့် အချိန်ယူပြီး ပျောက်တယ်။ တခါတလေ ရင်းလာတယ်။ ရင်းရင် ပိုနာ-ပိုနီလာတယ်။ ပိုးသေဆေးသောက်ရမယ်။ အနာသက်သာဆေး သောက်သင့်တယ်။ စောင့်ကြည့်နေနိုင်ပါတယ်။

Mon, Mar 11, 2013 at 11:27 PM
ferovit အားဆေးကို တနေ့ဘယ်နှလုံးသောက်နိုင်ပါသလဲ ဆရာရှင် သွေးအားနည်းလို့သောက်မှာပါ side effect တွေရော ရှိပါသလားဆရာ သမီးအသက်က ၂ဝ ပါ။

Ferovit ထဲမှာ ဘာတွေ ဘယ်လောက်အလေးချိန်ပါသလဲ ဆရာမသိသေးပါ။ အားနည်းသူကလဲ သေးအားနည်းတာဆိုရင် Hb ဘယ်လောက်ရှိလဲ မသိပါ။ သံဓါတ်ပါအစားအစာ ဘယ်လောက်စားလဲ မသိပါ။ (ရှိနေတာ) က ပုံမှန်ထက်နည်းနေရင် (အစားအသောက်) + (ဆေး) နဲ့ဖြည့်ရပါတယ်။ ဒါကြောင့် ၃ မျိုးလုံးကိုသိမှသာ တိတိကျကျပြောနိုင်ပါတယ်။

Tue, Mar 12, 2013 at 2:10 AM
May I ask you something about my husband. He is 35 years old, live in san Francisco, work as engineer Last 1 week, he suffer from feeling like something is stuck in his throat(middle of throat) But he can eat and swallow normally, no pain and no problem But hours after eating he felt like something stuck in throat relieved by belching He can breathe normally also This feeling irritate him especially after lunch to bedtime, but wake up normally and feel good after breast fast too He had seasonal allergy and take Allegra sometimes Now we are worried about that and ask your advice Please reply us if you have free time Waiting your reply

Sorry for your husband I think he should see an ENT specialist before that my writing on fish bone in the throat may give you something for small help
Fish bone in the throat လည်ချောင်းထဲ ငါးရိုးစူးရင်

Tue, Mar 12, 2013 at 8:31 AM
မိမိရဲ့  ကျင်ငယ်ရည်ကို မိမိ ကိုယ်တိုင်သောက်သုံးခြင်းဖြင့် ရောဂါတော်တော်များများ ဟာပျောက်တယ်လို့ ကြားဖူးထားပါတယ်။ အဲဒါ ဟုတ်မဟုတ် သိချင်ပါတယ်။ ဟုတ်ရင်လည်း ကောင်းကျိုး ဆိုးကျိုး တွေကိုပါသိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့လို ဆရာဝန်တွေက ဆေးအဖြစ် မသုံးပါ။ တခြားဆေးနည်းတွေမျာ သုံးတာကြားဘူး၊ ဖတ်ဘူးပါတယ်။ သုတေသန မရှိလို့ အကောင်း၊ အဆိုး ဝေဖန်ရင် မှန်ချင်မှ မှန်ပါမယ်။ ဆေးပညာဘက်ကပြောရရင် ကိုယ်ထဲက မလိုတာ၊ ပိုတာ။ မကောင်းတာကိုသာ (ချွေး၊ ဆီး၊ ဝမ်း၊ နှပ်၊) တွေကို စွန့်ထုတ်ပါတယ်။ တခုချင်းထဲမှာ တချို့နေရာအတွက် အသုံးပြုလို့ရနိုင်တာ ရှိနိုင်ပါမယ်။ ဒါပေမဲ့ (ချွေး၊ ဆီး၊ ဝမ်း၊ နှပ်၊) ထဲက သတ်သတ်မှတ်မှတ် အဲဒီတခုတည်းကိုသာ အသေအချာ ရွေးထုတ်ပြီးမှ လူနဲ့ သင့်စေအောင် ပြုပြင်စီမံမှသာ ဆေးအဖြစ်သုံးရပါတယ်။

15-3-2013 Facebook
ဆရာရှင့် message နဲ့မေးလို့မလေးမစားလို့ မထင်ပါနဲ့ ကျွှန်မသားလေးက မျက်စိမှိတ်ခတ်မှိတ်ခတ်နဲ့ ခဏခဏ လုပ်ပါတယ်။ စိုးရိမ်ရလား။ ဘာလုပ်ဖို့များလိုပါသလဲ။ ညွန်ကြားပေးပါအုံးရှင်။ သားက လေးနှစ်ရှိပါပီ။ တခြား ဖြစ်တာမရှိရင် စိုးရိမ်စရာမလိုပါ။ second ၀က်လောက် ဆက်တိုက်မှိတ်ခတ်လုပ်တယ် ဆရာ။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ၂ လလောက်ရှိပြီ ဆရာ။

Transient tic disorder ခေါ်တယ်။ ဘာလို့ဖြစ်လဲတော့ တအိအကျ ကလေးဆရာဝန်တေါက မသိကြသေးပါ။ ကလေးမှာ စိတ်ဖိအား Stress ရှိရင် ပိုဖြစ်စေလို့ ကလေးကို စိတ်ပျော်အောင်ထားပေးသင့်တယ်။ လ ပိုင်းသာကြပြီး ပျောက်ပါမယ်။ မပျောက်သေးရင်တော့ ကလေးအထူးကုဆရာဝန်ကိုပြသင့်ပါတယ်။
ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်ရှင့်။
Tourette Syndrome, Chronic Tic Disorder နဲ့ Rett Syndrome ဆိုတာတွေရှိတယ်။ ကျန်းမာ-ချမ်းသာကြပါစေ။
နားလည်ဘူးဆရာ
အရေးမကြီးဘူး။ ဆေးစာတွေသာဖြစ်ပါတယ်။

Fri, Mar 15, 2013 at 4:48 PM
ကျွန်မ အသက် ၂၇၊ (့) နိုင်ငံမှာနေထိုင်ပြီး လေးလပိုင်းမှာ နှစ်နှစ်ပြည့်တော့မဲ့ သားတစ်ယောက်ရှိပါတယ်။ သားက ပြီးခဲ့တဲ့ ၂ဝ၁၃ တစ်လပိုင်း ၂၂ ရက်နေ့မှာ Influenza A ကြောင့် အဖျားကြီးပြီး တက်လို့ဆေးရုံတစ်ပတ်တက်လိုက်ရပါတယ်။ အဲဒီနောက် အပူက နေ့တိုင်းတက်လိုက်ကျလိုက်နဲ့ ခုဆိုနှစ်လရှိလာပါပြီဆရာ သုံးလပိုင်း၁၁ ရက်နေ့ထိက အပူချိန် အမြင့်ဆုံး ၃၉.၂ နဲ့ အနှိမ့်ဆုံး ၃၆.၈ ပါ။ ၁၂ ရက်နေ့ကနေ ဒီနေ့ ၁၅ရက်ထိက အမြင့်ဆုံး ၄၁ နဲ့ အနှိမ့်ဆုံး ၃၆.၇ ပါ။ ဆေးရုံလဲခနခန သွားပါတယ်ဆရာ။ သွေးစစ်ပေးပြီးတော့ ခုလိုနေ့တိုင်း အဖျားတက်ရခြင်းအကြောင်းရင်းက မသိပါဘူးလို့ပြောပြီး နှာစီးတာနဲ့ချောင်းဆိုးပျောက်ဆေးပဲနေ့တိုင်း တိုက်ခိုင်းပါတယ်။ Iga နဲ့ ige ကလက်ရှိရှိသင့်တဲ့ပမာဏထက် နဲနေလို့ များလားမသိဘူး လို့ပဲပြောပါတယ်။ သေချာတော့မသိဘူးစောင့်ကြည့်မယ်ဆိုပြီးပဲပြောပါတယ်။ သားကို ထပ်မတက်အောင်တော့ အပူကြီးတဲ့အခါဆရာဝန်ပေးတဲ့ စအိုထဲထဲ့တဲ့ဆေးသုံးပြီး ရေခဲခေါင်းအုံးနဲ့သိပ်ပါတယ် နဖူးချိုင်းကြားမှာကပ်တဲ့ဟာလေး ကပ်ပေးပါတယ်ဆရာ ဆေးကလည်း နေ့တိုင်းသုံးနေရပါတယ်။ ဒါပေမဲ့ခုအပူကတက်လိုက်ကျလိုက် နှစ်လလောက်ရှိလာပြီး အပူကလည်းတဖြည်းဖြည်းပိုကြီးလာတော့ ကျွန်မ အရမ်းစိုးရိမ်လာလို့ပါ။ သားကိုကလေးထိန်းကျောင်းမှာထားပါတယ်။ ခုတစ်ပတ်လုံးခွင့်ယူပြီး အိမ်မှာပဲပြုစုပေမဲ့ မသက်သာလာပါဘူး။ ဘယ်လိုလုပ်ရမလဲ ကူညီပါအုံးဆရာ။

Flue ဆိုရင် အပူကျဆေး၊ အင်တီဟစ်တမင်းဆေး ၂ မျိုးတည်းကိုသာ တိုက်ပါတယ်။ ဆေးနဲ့မဟုတ်ပဲ ရေအေး-ရေခဲတင်တာလဲ လုပ်ရတယ်။ မြန်မာတွေပိုနား.ဉ်တာက ပါရာစီတမော လို ဆေးတွေ တခြားတိုင်းပြည်တွေမှာ တခြားနာမည်တွေနဲ့ လာတယ် အတူတူသဘောတွေသာဖြစ်ပါတယ်။ အင်တီဟစ်တမင်းကလဲ Cetrizine အသုံးများတယ်။ အများအားဖြင့် ၁-၂ ပါတ်ဆိုပျောက်ရမယ်။ ဆရာဝန်တွေပြထားလို့တော့ မစိုးရိမ်ပါနဲ့။ ဗက်တီးရီးယားပါဝင်လာရင် ပိုးသေဆေးပါရောပေးရပါတယ်။
Paracetamol Syrup (ပါရာစီတမော) အရည်

Fri, Mar 15, 2013 at 5:47 PM
မေမေ့ အတွက်မေးချင်တာပါဆရာ။ မေမေက အသက် ၆ဝရှိပါပြီ။ ဘယ်ဘက် ခြေဖနောင့်နာနေတာပါ။ လမ်းလျောက်များရင် နာလာတာပါ။ အရပ် ၅'၃"မှာ အလေးချိန်၁၄၅ပေါင်လောက်ရှိပါတယ် သွေးလဲတိုးတတ်တယ်ဆရာ။ ဆေးခန်းပြဖို့ခေါ်တာကိုလဲ နေ့ရွှေ့ညရွှေ့လုပ်နေလို့ပါ။ ဘာလုပ်သင့်ပါသလဲဆရာ။ အောက်ကဆေးတွေထဲက လက်လှမ်းမီတာကို ဆေးညွှန်းအတိုင်းသောက်ပါ။ သွေးတိုးစာတွေဖတ်ပါ။ လိုက်နာပါ။
NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Fri, Mar 15, 2013 at 6:05 PM
ကျွန်မအသက်က ၂၇ ပါ။ အိမ်ထောင်ရှိပါတယ်။ ၃ ရက်ရှိပါပြီ အစာစားပြီးတိုင်း ၁ နာရီ တခါတလေ၂နာရီလောက်နေတာနဲ့ ပြန်အန်ပါတယ် ဗိုက်ဘယ်ဘက်အောက်ဘက်ခြမ်းကလဲ အောင့်အောင့်နေပါတယ်။ အစာစားပြီးရင်အောင့်လာတာပါ။ မနေ့ညကဆန်ပြုတ်သောက်တာတော့မအန်ဘူးဆရာ။ ကျန်တာဘာစားစားအန်ပါတယ်ဆရာ။ ဒီနေ့ဆရာဝန်ပြကြည့်တော့ GU ဆိုပြီး Ranitidine150 g တနေ့ ၂ကြိမ်။ omeprazole 20mg တနေ့ ၁ကြိမ်။ Kremil-S တနေ့ ၃ကြိမ်။ Medgel (sucralfate U.S.P) suspension တနေ့၂ကြိမ် သောက်ခိုင်းတယ်ဆရာ။ ဘာစစ်ဆေးမှုမှမလုပ်ဘူးဆရာ။ ဆရာ့စာတွေဖတ်ကြည့်တော့ ဘယ်လိုစစ်ဆေးမှုလုပ်မှ အစာအိမ်မှာအနာရှိတာသိနိုင်တယ်ဆိုတာတွေ့ရတယ်။ Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

Fri, Mar 15, 2013 at 11:09 AM
သမီးက (့) ပါ။ အသက်က ၂၄ ပါ။ single ပါ။ သမီးအခုကွန်ပျူတာကြည့်ရင်သော်၎င်း၊ ခေါင်းငုံ့ရင်သော်၎င်း၊ bus car စောင့်ရင်သော်၎င်းမူးတယ်ဆရာ။ အရမ်းကြီးတော့မဟုတ်ပါ။ မျက်မှန်ဆရာဝန်ပြတော့ မျက်မှန်လုပ်ပေးပီးအာရုံကြောကိုလည်းကောင်းတယ်လို့ပြောတယ်ဆရာ။ သမီး မှာခေါင်းမူးစရာသွေးတိုးတို့၊ အားနည်းတာတို့ လည်းမရှိပါဘူးဆရာ။ ခေါင်းလေ့ကျင့်ခန်းလုပ်ရင်ပိုမူးပါတယ်ဆရာ။ အဲဒါကြောင့် အရိုးကြီးပေါင်းတက်တာလားမသိ ဇဝေဇဝါဖြစ်နေပါတယ်ဆရာ။ အရိုးကြီးပေါင်းက သမီးတို့ လူငယ်တွေမှာရောဖြစ်လားဆရာ။ သူရဲ့ symptoms ကိုလည်းသိချင်ပါတယ် ဆရာ။

စာ ၂ ပုဒ်ပို့ပါတယ်။ လိုသေးရင် မေးပါ။
Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

Wed, Mar 20, 2013 at 10:22 AM
မ (့)၊ အသက်၃၃နှစ်၊ (့) မှာ (့) လုပ်ပါတယ်။ အစာအိမ်သိပ်မကောင်းတာကတော့ နည်းပညာတက္ကသိုလ် ကျောင်းသူဘဝကတည်းကပါ။ ကျောင်းတစ်ဘက်နဲ့ သင်တန်းတွေတက်ခဲ့တာရယ်၊ ဆယ်တန်း study guide လုပ်ခဲ့တာတွေရယ်ကြောင့် အစားအသောက် အချိန်မမှန်ဘဲ ပေခဲ့တေခဲ့တာတွေကြောင့်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်က အစာအိမ်မကြာမကြာနာရာက အူသိမ်နားက ပြန်ရည်ကျောရောင်တာကို ဒီကဆေးရုံက အူအတတ်နဲ့မှားပြီးဆေးရုံတင်လို့ ဆေးရုံလေးရက်တက်ရပါတယ်။ လိုအပ်တဲ့စမ်းသပ်မှုတွေ ညတွင်းချင်းလုပ်ပြီး အူအတတ်မဟုတ်ဘူးဆိုပြီး အစာအိမ်ကို ကုပေးလိုက်ပါတယ်။ အဲ့ဒီကတည်းက အနေအစားဆင်ခြင်ပြီး အတော်လေးဂရုစိုက်လို့ အစာအိမ်နာတာ ပြန်မဖြစ်သလောက်ပါပဲ။ လွန်ခဲ့တဲ့ ၅လကစပြီး အလုပ်သစ် construction site ကိုပြောင်းရပါတယ်၊ အလုပ်ရှိရင်ရှိသလို မမျှော်လင့်ဘဲ အိုဗာတိုင်လုပ်ရတဲ့အခါတွေ ရှိတတ်ပါတယ်။ မနက်စာနဲ့ နေ့ခင်းစာ အချိန်မှန်ပေမယ့် ညစာက တခါတရံနောက်ကျတဲ့ အခါမျိုးမှာ အစာအိမ်ပြန်နာပါတော့တယ်။ အလုပ်သစ်မို့ စိတ်ဖိစီးတာတွေလည်း ရှိပါတယ်။ လောဘဖိစီးထားတာလည်း ရှိပါသေးတယ်။ စနေ၊ တနင်္ဂနွေမှာ ကိုယ်ကပြန်သင်ပေးတာရော၊ ကိုယ်က အသင်ခံတာရော စုစုပေါင်းသင်တန်း ၆ ခု တက်ရတာပါ။ အစာအိမ်က ဆေးတွေသောက်နေတဲ့ကြားက မနက်အိပ်ယာထမှာ နာနေတတ်ပါတယ်၊ အဆိုးဆုံးက လည်ပင်းထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်တာပါပဲ။ တစ်နှစ်တစ်ကြိမ် သံဆေးမှန်သောက်ရဲ့သားနဲ့ သန်ကောင်ဆို့တယ်လို့တောင် ထင်မိပါတယ်။ တရေးနိုးရင် သန်ကောင်တက်လာတယ်ထင်ပြီး ဘေဇင်ဆီ ထထ ပြေးမိပါတယ်။ နောက်ဆေးခန်းသွားတော့ အစာအိမ်ဆေး ၅ စာပေးတာသောက်ပြီးပျောက်သွားပါတယ်။ ၂ ပတ်လောက်ကြာတာနဲ့ ပြန်ဖြစ်ပါတယ်။ အစာအိမ်ဆေးလိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ အစာအိမ်နာတာရော၊ ဆာနည်ပင်းတစ်ဆို့တစ်နေကုန်ဖြစ်နေတတ်တာရောက ခုဆို အမြဲလိုဖြစ်နေပါတယ်။ ဒီကဆရာဝန်က ဒီတစ်ခါတော့ မှန်ပြောင်းမျိုရမယ်လို့ ပြောလိုက်ပါတယ်။ အနာရှိမရှိကြည့်ပြီး ရောဂါ ရှာရင်း ကင်ဆာစစ်ဆေးဖို့ အသားစပါ တစ်ခါတည်းယူတယ် ပြောပါတယ်ဆရာ။ အနည်းဆုံးဒေါ်လာ၂ ထောင်ကုန်ပါမယ် မြန်မာငွေ ၁၅ သိန်းလောက်ပါ။ ကျမအနေအထားက အဲ့ဟာလုပ်ဖို့လိုအပ်မလား။ လိုအပ်ခဲ့လို့ မြန်မာပြည်မှာပြန်လုပ်ရင်ကော ဘယ်လိုနေမလဲ၊ အားနည်းချက် အားသာချက်ဘယ်လိုရှိမလဲ သိချင်ပါတယ်။

လေနာ (အစာအိမ်ရောဂါ) က အဖြစ်များတယ်။ စာလုပ်ရတာများသူတွေမှာ အဖြစ်မနည်းပါ။
အလုပ်ဖိစီးမှု၊ စိတ်ဖိစီးမှု များရင်လဲဖြစ်တယ်။ အကိုက်အခံပျောကဆေးကြောင့်လဲ ဖြစ်တယ်။ ဆေးကုသရင် ကောင်းသွားတာပါ။ ဆရာစာတပုဒ်ရေးထာတာ ရှာမတွေ့ရှုပြောပါ။
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html

သန်ကောင်မဟုတ်လောက်ပါ။ "ဆာနည်ပင်းတစ်ဆို့တစ်နေကုန်ဖြစ်နေတတ်တာရောက" လည်ပင်းတစ်ဆို့တယ်လို့ ပြောချင်တာလား။ လည်ပင်း၊ အစာမြိုပြွန်ဆိုရင် Endoscopy ဆိုတာလုပ်နိုင်တယ်။ လူတိုင်းကိုတော့ မလုပ်ပါ။ မှန်ပါတယ် ကုန်ကျစရိတ်နဲ့ချိန်ဆသင့်ပါတယ်။ အစာမာ၊ မပြော့မမာ၊ အရေသာ မြိုနိုင်သူတွေကိုတော့ လုပ်တယ်။ တစ်ဆို့မှုကို ခံစားနေရယုံနဲ့တော့ မလိုအပ်သေးပါ။

Mon, Mar 25, 2013 at 1:55 PM
ကျွန်တော် အသက် ၃၈ လူပျိုပါ။ မန္တလေးမှာနေပါတယ်။ ဝမ်းအကျိအချွဲကြတာ ၃ လရှိပါပြီ။ ဆေးစစ်တော့ အက်စစ်များပြိး တုတ်ကောင်တွေ့တယ်လို့ပြောပါတယ်။ ဆေးလဲမကြိမ်စစ်ပြီးပါပြီ။ သို့သော်လဲ အခုချိန်ထိမပျောက်သေးပါ

Albendazole သန်ချဆေး

Mon, Mar 25, 2013 at 6:48 AM
ကျွန်တော်က အိန္ဒိယမှာပါ။ ဆရာဆီကို ဖုန်းဆက်ချင်လို့ပါ။ ဆရာအားတဲ့ အချိန် ကျွန်တော် ဖုန်းဆက်ပြီး ကျွန်တော့် အခြေအနေ ပြောပြချင်လို့ပါ။ ကူညီပါဦး ဆရာ။ အပြင်မှာ ပြတော့လည်း အဆင်မပြေလို့ပါ။ သူ့စကား ကိုယ်နားမလည် ကိုယ့်စကား သူနားမလည်နဲ့ ဖြစ်နေလို့ပါ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။ ဆေးခန်းကိုလဲ လာပြနိုင်ပါတယ်။
Yamuna Clinic (Free for Burmese community in India)
WZ-110 A, Bodella, Vikas Puri, New Delhi 110018
Clinic time: Tuesday, Thursday, Saturday at 3:30 PM onwards

Mon, Mar 25, 2013 at 10:43 AM
Dear Dr, my mom has Diabetes and she is sick. How can we take care not to be more worse explain to me Please Dr, I mean eating, living ,drinking etc.: ,,,what kind of foods not to eat & what kind of fruits & vegetables should have & should not have ,, What kind of meats & sea foods should not eat, sweet, sour, bitter, salted, spicy etc. Please. How should i take care for my Mom? If you can explain to me in Myanmar langue is better Dr. Please.

• Diabetes ဆီးချို http://dts-medicaleducation.blogspot.com/2010/09/diabetes.html
• Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducation.blogspot.in/2012/06/diabetic-neuropathy.html

Mon, Mar 25, 2013 at 7:42 PM
ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊ (့) မှာ နေပါတယ်။ နောက်ကျောရိုးရဲ့  ဘေးက အသားဆိုင်ထဲမှာ အောင့်အောင့်နေတယ်။ သန်းလိုက်တဲ့ အခါမျိုး၊ လေချဉ်တက်တဲ့ အခါလို၊ နှာချည်တဲ့ အခါလိုမျိုးမှာ အတော် အောင့်ပါတယ်။ အဲဒါကြောင့် နှာချီရင် ပါးစပ်ဟ ရုံပဲရတယ်။ ဆုံးခန်း မရောက်ဘူး။ နောက်ကျောထဲမှာ လေလိုလို (မှန်းပြောတာပါ။ ကျွန်တော် တကယ် မသိပါဘူး)၊ မျိုး နေရာ ရွေ့ ပါတယ်။ အဖေ့ ဘက်က အမျိုး တွေက သေတဲ့ အထိ နံရိုးထဲ လက်ဖိပြီး သေကြရတယ်။ တစ်ခါတစ်ခါ နံရိုးကြား ထဲကပါ အောင့်တော့ မျိုးရိုး လိုက်မှာ ကြောက်တယ် ဆရာ။ ဘာရောဂါလဲ၊ ဘယ်လို မဖြစ်အောင် နေရမလဲ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြ ပေးပါ ဆရာ။

ဘယ်-ညာ မသိပါ။ ဖြစ်တာ ဘယ်လောက်ကြာလဲ မသိပါ။ ဓါတ်မှန်ရိုက်ဘူးလား မသိပါ။

Monday, March 18, 2013

၁၈-၃-၂ဝ၁၃ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်ကနေ မြန်မာပြည်ကဝင်လာနေတဲ့ အစားအသောက်အထုပ်တွေ တင်သွင်းခွင့်နဲ့ ရောင်းချခွင့်ကို ပိတ်ပင်လိုက်

Manipur to ban import and sale of food packets from Myanmar

The Manipur Health Minister Phugzathang Tonsing announced on Sunday that the government will soon ban import and sale of food packets from Myanmar since these items do not have manufacturing details, including the expiry date.

Undisclosed ingredients
Mr. Tonsing said the undisclosed ingredients may be harmful to the consumers.

Following some instances of sickness among children, the authorities in Nagaland had banned sale of these food items. These food packets, including tinned fish, chicken and beef, have heavy demand in the north eastern States.

Smuggled for distribution
Though the food packets are not included in the approved list of legalised border trade, Indian traders have been smuggling them to Manipur for distribution to other States.

Various medicines are also illegally smuggled.

The Manipur government had already banned the sale and consumption of smokeless tobacco products.

http://www.thehindu.com/todays-paper/tp-national/manipur-to-ban-import-and-sale-of-food-packets-from-myanmar/article4520530.ece

HIV news ဆယ်ယောက်တယောက် HIV ပိုး ပျောက်နိုင်

HIV ပိုးရှိနေသူတွေကို ဆေးစောစောစီးစီးပေးတာ အလုပ်ဖြစ်အောင်ပျောက်နိုင်သူ ၁ဝ ယောက်မှာ ၁ ယောက်ရှိတယ်။ ဒီလေ့လာမှုကို ဆေးသောက်ပြီးနောက် ဆေးဖြတ်လိုက်တဲ့ လူနာ ၁၄ ယောက်ကို လုပ်ခဲ့တာပါ။ သူတို့မှာ ဗိုင်းရပ်တွေ ပွါးလာတာမတွေ့ရတော့ပါလို့ ပြင်သစ်ဆရာဝန်တွေက ထုတ်ဖေါ်ပြောဆိုတာကို ၁၅-၃-၂ဝ၁၃ နေ့ ဘီဘီစီ သတင်းမှာ ပါလာတယ်။

ဓါတ်ပုံကို HIV, in green, bursting out of a white blood cell it has hijacked လို့ စာတမ်းရေးထားပါတယ်။ အစိမ်းရောင်က HIV ဗိုင်းရပ်တွေ၊ ဒီကောင်တွေကနေ ပြန်ပေးဆွဲထားခံရတဲ့ သွေးဖြူဥတွေက ပေါက်ကွဲသွားကြရတယ်တဲ့။

မကြာခင်က ယူအက်စ်မှာ ကလေးမလေးတယောက် အဲလိုပဲ ပျောက်တယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပါသေးတယ်။ ခက်တာက ပိုးကူးစက်ခံထားရသူတွေဟာ သူတို့ကိုယ်ထဲမယ် ကျကျနနဝင်ရောက်လာပြီးမှသာ HIV ပိုးကိုစမ်းလို့ သိနိုင်သေးတယ်။

အခုလေ့လာမှု အပြုခံသူ လူနာတွေကို ပိုးကူးစက်ခံရပြီးနောက် ၁ဝ ပါတ်အတွင်းမှာ ဆေးစပေးပါတယ်။ ပျမ်းမျှ ၃ နှစ်တာ ဆေးကုသမှုခံယူပြီးနောက်မှာ ဆေးဖြတ်လိုက်ကြပါတယ်။ ဆေးတန်ခိုးကြောင့် ဗိုင်းရပ်စ်တွေကို တားထားပေးတယ်။ အကုန်သေကုန်တာတော့ မဟုတ်ပါ။ ပုန်းအာင်း ခိုအောင်းနေတာတွေ ရှိနေပါမယ်။

ယူကေနိုင်ငံက ဒေါက်တာဒီဗိုရာ-ဂျက် ကပြောတာက "လက်ရှိ ယူကေမှာ လူနာတွေအမျာစုဟာ နောက်ကျမှသာ ပိုးကူးစက်ခံရတာကိုသိနေကြပြီး ၅ နှစ်အထိခံနေရမယ်လို့ သိထားကြတယ်။ ဒါကြောင့် အခုတွေရှိချက်ဟာ စောစောစီးစီးဆေးစစ်သင့်တယ်ဆိုတာကို ထောက်ပြချက်တခုဖြစ်တယ်။" စောစောကကလေးမလေးကို Mississippi baby လို့ခေါ်ပြီး အခုလူနာအုပ်စုကိုတော့ Visconti cohort ခေါ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်က Institute Pasteur in Paris ဆေးရုံက Dr Asier Saez-Cirion ဒေါက်တာ အာစီယာ ဆီးဇ်-စီယွန် ကပြောတာက ၅-၁၅% ကံကောင်းနိုင်ပါတယ်တဲ့။

ဘာပဲပြောပြော HIV ဆေးကုသရေးမှာ စိတ်ဝင်စားစရာ တိုးတက်မှုဖြစ်ပါတယ်။ ပြင်သစ်ဆရာဝန်တွေကတော့ သိမှာမဟုတ်ပါ။ "အဲဒီ ၁ဝ ယောက်ထဲက ၁ ယောက်ဖြစ်အောင် ကံတရား အားကိုးပါ။ ကံကောင်းချင်ရင် စိတ်ထားကောင်းစေပါ၊ ကိုယ်ကျင့်ကောင်းစေပါ၊ ကုသိုလ်တရား ပွါးများပါခင်ဗျား။"

Early HIV drugs 'functionally cure about one in 10' http://www.bbc.co.uk/news/health-21783945
၎-၃-၂ဝ၁၃ HIV ပိုးနဲ့မွေးလာခဲ့တဲ့ ကလေးမလေးတယောက် ရောဂါပျောက် http://dts-medicaleducation-adult.blogspot.in/2013/03/hiv.htm

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၃

Sunday, March 10, 2013

Ascites ရေဖျင်း

ခုတလော ဖေ့စ်ဘွတ်ထဲမှာ ကလေးငယ်တယောက် အလွန်ကြီးဖေါင်းနေတဲ့ ရေဖျင်းရောဂါနဲ့ပုံ တင်ထားတာတွေ့ရတယ်။ ဆေးကုဘို့ရာ စိတ်ကောင်းစေတနာနဲ့ အကူအညီတောင်းနေတာပါ။

http://www.facebook.com/tint.swe.dr/posts/438380972909789 အားလုံးသော facebook သူ/သားတို့ခင်ဗျား ဒီကောင်မလေး ဒီရောဂါနဲ့ လူ့လောကကြီးထဲက ထွက်သွားမှာကို ဒီတိုင်းပဲထိုင်ကြည့်နေကြတော့မှာလား

အရပ်ခေါ် “ရေဖျင်း” ကို ဆေးစာနဲ့ Portal hypertension လို့ခေါ်ပါတယ်။ သွေးတိုးကိုခေါ်တဲ့ (ဟိုက်ပါတင်းရှင်း) ဆိုတဲ့ စကားလုံးပါတာ သတိထားမိပါလိမ့်မယ်။ ဖိအားများနေတာ နောက်တမျိုးဖြစ်ပါတယ်။ (ပိုတယ်လ်) ဆိုတာက Portal venous system (ပိုတယ်လ်) သွေးပြန်ကြောနစ်တခုကနေ လာတာပါ။ သွေးလှည့်စနစ်ထဲက ထူးခြားတဲ့စနစ်တခုပါ။ သွေးမှန်သမျှ နှလုံးကိုဖြတ်ရပေမဲ့ ဒီစနစ်ထဲကသွေးတွေဟာ နှလုံကို မဖြတ်ကြပါ။ သွေးကြောသေးသေးလေးတွေ ပါတယ်။ လူတွေမှာ ဘေလုံး၊ သရက်ရွက်၊ သည်းခြေအိတ်၊ ဗိုက်ထဲမှာနေတဲ့ အစာလမ်းတွေနဲ့သက်ဆိုင်တယ်။ Ascites ရေဖျင်း ဆိုတာက ဒီစနစ်နဲ့ လုံးဝသက်ဆိုင်တယ်။

အသဲထဲက သွေးကြောတွေမှာ ဖိအားများနေတာကြောင့်နဲ့ သွေးထဲမှာ ပရိုင်တင်း (အယ်လ်ဗြူမင်) နည်းနေတာဆိုတဲ့ အချက် ၂ ချက်ကြောင့် ဖျင်းစွဲတယ်။ ဒါကြောင့် အသဲကိုဒက္ခပေးတာတွေကနေ ဖြစ်လာစေနိုင်တယ်။ အများဆုံးက အရက်။ (ဘီ) ပိုးနဲ့ (စီ) ပိုးတွေကြောင့်ဖြစ်ရတယ်။ ဗိုက်ထဲမှာ ကင်ဆာရှိလို့လဲ ဆက်ဖြစ်တာရှိသေးတယ်။ အူမကြီး၊ မျိုးဥအိမ်၊ သားအိမ်၊ သရက်ရွက် နဲ့ အသဲ ကင်ဆာတွေဖြစ်တယ်။ ကင်ဆာကနေဖြစ်တာဆိုရင် “သွေးဖျင်း” လို့ခေါ်တယ်။

တခြားအကြောင်းတရားတွေလဲ ရှိပါသေးတယ်။
• (ပိုတယ်) သွေးပြန်ကြောထဲ သွေးခဲပိတ်ခြင်း၊
• နှလုံးတင်းကျပ်ပြီး အလုပ်မလုပ်နိုင်တော့ခြင်း၊
• သရက်ရွက်ရောင်ခြင်း၊
• နှလုံးအဖုံးရောင်ခြင်း၊
• ကျောက်ကပ်ဆေးရခြင်း။

ဘယ်လိုတွေခံစားရမလဲ
ဖြေဖြေးခြင်းနဲ့ ယုတ်တရက်ဖြစ်နိုင်တယ်။ တချို့မှာ ရှိနေမှန်းသတိမထားမိဘူး။ ရေအောင်းတာ များလာတာနဲ့ ဗိုက်တင်း-ဖေါင်းလာလို့ အနေရခက်ခက်လာမယ်။ အသက်ရှူရတာခက်လာနိုင်တယ်။ ပင်ရင်းရောဂါတွေနဲ့ တွဲပြီးခံစားရမယ်။

မျက်စိနဲ့စစ်ဆေးတာ လက်နဲ့စမ်းတာနဲ့သိတယ်။ အသားဝါ (ဂျွန်းဒစ်) ဖြစ်နေတာရှိနေတတ်တယ်။ ၂၄ နာရီအတွင်း ဆီး ဘယ်လောက်သွားသလဲ၊ သွေးထဲက (အီလက်ထရိုလိုက်) စစ်ဆေးခြင်း၊ ကျောက်ကပ်အလုပ် စစ်ဆေးခြင်း၊ အသဲအလုပ် စစ်ဆေးခြင်း၊ သွေးထဲက သွေးခဲတာနဲ့ဆိုင်တာတွေစစ်ဆေးခြင်း၊ ဆီးစစ်ခြင်း၊ ဗိုက် (လာလ်ထွာဆောင်း) ရိုက်ခြင်း စစ်ဆေးနည်းတွေ လုပ်နိုင်တယ်။

ဘယ်လိုကုမလဲဆိုတာ ဘာလို့ဖြစ်သလဲအပေါ်မူတည်တယ်။ လူနေမှုပုံစံပြင်ခြင်း၊ အရက်ဖြတ်ခြင်း၊ (Sodium 1,500 mg/day) ဆားလျှော့ခြင်း၊ ရေ-အရည်သောက်တာလျှော့ခြင်း၊ Ddiuretics ဆီးသွားစေတဲ့ဆေး၊ Antibiotics ပိုးဝင်ရင် ပိုးသေဆေး၊ Paracentesis ဗိုက်ထဲကအရေည်ဖေါက်ထုတ်ခြင်း တွေလုပ်ပေးပါမယ်။

Complications နောက်ဆက်တွဲဖြစ်နိုင်တာတွေကတော့ -
• Peritonitis ဗိုက်အတွင်းဖုံးလွှာပိုးဝင်ခြင်း (အသက်အန္တရာယ်ကိုထိခိုက်နိုင်)၊
• Hepatorenal syndrome ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ခြင်း၊
• Malnutrition ကိုယ်အလေးချိန်ကျပြီး ပရိုတင်းနည်းခြင်း၊
• Hepatic encephalopathy စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများဖြစ်ခြင်း၊

တခြား အသဲခြောက်ရာကနေ ဖြစ်စေနိုင်တာတွေ = ကိုယ်ပူများဖျားခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းထဲသွေး (အမဲရောင်) ပါခြင်း၊ သွေး (ကော်ဖီရောင်) အန်ခြင်း၊ သွေးထွက်လွယ်ခြင်း၊ ကိုယ်ရောင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ စိတ်ရှုတ်ထွေးပြီး လန်းဆန်းမှုမရှိခြင်း။

Serum-ascites albumin gradient (SAAG) စစ်ဆေးနည်းက ပိုတိကျတယ်။ (> 1.1 g/dL) ထက်များတာဆိုရင် (ပိုတယ်လ်) ကြောင့်ဖြစ်တာ နဲ့ (< 1.1 g/dL) နည်းတာက တခြားအကြောင်းကြောင့် ဖျင်းစွဲတာလို့ သိရတယ်။

Causes of high SAAG များခြင်း
(၁) အသဲခြောက်ခြင်း Cirrhosis အသဲခြောက်တာ ၈၁% ဖြစ်တယ်။ (ဒီအထဲမှာ အရက်ကြောင့်က ၆၅%၊ ဗိုင်းရပ်စ် ကြောင့်က ၁ဝ% နဲ့ (ခရစ်ပတိုဂျဲနစ်) ကြောင့်က ၃% ဖြစ်စေတယ်။)
(၂) Heart failure နှလုံးအလုပ်နိုင်အောင်မလုပ်နိုင်တော့ခြင်း ၃% ပါတယ်။

Causes of low SAAG နည်းခြင်းဆိုတာ ဘာလို့ဖြစ်လာသလဲ -
(၁) Cancer ကင်ဆာ (၁ဝ%)။
(၂) Tuberculosis တီဘီ (၂%) အပါအဝင် တခြားပိုးဝင်ခြင်း၊
(၃) Pancreatitis သရက်ရွက်ရောင်ခြင်း (၁%)၊
(၄) Serositis, Hereditary angioedema, Meigs syndrome, Vasculitis, Hypothyroidism, Renal Dialysis, Peritoneum Mesothelioma ရှားပါးရောဂါတွေကြောင့် ဖြစ်တယ်။

High SAAG များတာကို ဘယ်လိုကုသမလဲ
• Salt restriction ဆား (ဆိုဒီယမ်) လျှော့ပါ၊
• Diuretics ဆီးသွားစေတဲ့ဆေးပေးမယ်၊
• Water restriction ရေ-အရည် လျှော့သောက်ပါ၊
• Paracentesis ဗိုက်ဖေါက်ခြင်း၊
• Liver transplantation အသဲအစားထိုးခြင်း နဲ့
• Shunting (ရှန့်) လုပ်ပေးခြင်းနည်းတွေနဲ့ ကုသပေးတယ်။

Low SAAG နည်းတာကို ဘယ်လိုကုသမလဲ
ဒီအမျိုးအစားက ဆားရှောင်တာ၊ ဆီးဆေးပေးတာနဲ့မရဘူး။ ဗိုက်ဖေါက်ပေးတာကိုသာ အားထားရတယ်။ Spontaneous bacterial peritonitis ဗိုက်အတွင်းဖုံးလွှာရောင်တာနဲ့ Thrombosis သွေးခဲပိတ်တာကို သတိထားရမယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၃-၂ဝ၁၃

Thursday, March 7, 2013

Q and A March 2013 (2)

1. ယားတဲ့မှဲ့ ရှိလား၊ စိုးရိမ်ရလား
2. ကျွန်တော်နှာချေး ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။
3. ကျွန်တော့အမက အသက် ၃ဝ မှာ ရောဂါစဖြစ်တာပါ
4. ကျွန်မတို့က (့) မှာနေပါတယ်။ သားလေးက အသက် ၂ နှစ်နဲ့ ၅ လပါ။
5. ကျွန်တော့် အမျိုးသမီးက ညညဆို အိပ်မရတာများပြီး
6. တချို့လူတွေဟာ အလကားနေရင်း လက်ဆစ်၊ ခြေဆစ်တွေကို
7. ကျွန်တော် အရင်ကကွန်ပြူတာနဲ့ပုံဆွဲတာလုပ်ပါတယ်၊
8. This is (့) again to have your favor.
9. ဆရာပို့ပေးတာလေးတွေကို ကျွန်တော့မိဘတွေကိုပြလိုက်ပြီးပါပြီခင်ဗျာ၊
10. ကျွန်မအသက်က ခုဆို ၂၄ နှစ်ခွဲပါ။ အရပ်က ၅ ပေ အတိလောက်ဘဲ ရှိပါတယ်။
11. အခုလက်ရှိသောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရမလားဆရာ။
12. ကျွန်တော်က အသက် ၁၉ နှစ်ထဲမှာပါဆရာ။
13. ကျွန်တော် အားဆေးသောက်မယ်ဆိုရင် ဘယ်လိုအားဆေးမျိုးသောက်ရမလဲဗျ။
14. ဆရာကလေးက cypon 5ml မနက်တစ်ခါ ညတစ်ခါတိုက်တာဆရာ
15. ပုဂ္ဂလိကဆေးရုံးကြီးမှာ Retro test, HBs Ag, Anti-HCV Ab,

6-3-2013 Facebook
ယားတဲ့မှဲ့ ရှိလား၊ စိုးရိမ်ရလား

Mole မှဲ့

Mon, Mar 4, 2013 at 4:58 PM
ကျွန်တော်နှာချေး ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။ ဆရာဝန်က တီဘီရောဂါစစ်ပြီး မရှိတော့ ကျွန်တော့်ကို အာသီးနည်းနည်းနီတာတွေ့တယ်ဆိုပြီး ပိုးသတ်ဆေးနှင့် ပါရာစီတမောကိုပေးပါတယ်။ သူပေးတဲ့ပိုးသတ်ဆေးက( Amoxicillin 875mg + Clavulanic Acid 125mg) ဖြစ်ပြီး မနက် ၁လုံး ည ၁ လုံးကို ၁ဝ ရက်သောက်ခိုင်းပါတယ်။ အဲ့ဒီ့ဆေးကို ကျွန်တော်သောက်တာ၂ရက်ပဲရှိသေးပြီး ခေါင်းတွေမူး ပါးစပ်တွေခါးပြီး အားအင်လဲ ကုန်ခန်းပါသည်။ အဲ့ဆေးစသောက်တဲ့အချိန်မှာလဲ နေကောင်းနေပါပြီး။ အဲ့ပိုးသတ်ဆေးကို ကျွန်တော် ဆက်မသောက်တော့ရင်ရလားဆရာ။ လူကြီးတွေကပြောတော့ ပိုးသတ်ဆေးကအဖျားကျသွားရင် ဆက်မသောက်လဲရတယ်လို့ ပြောပါတယ်။ သုံးလေးရက်လောက်ပဲ ရောသောက်လို့ မရဘူးလား။ ဘယ်လိုဆက်သောက်သင့်ပါသလဲ။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအမျိုးအစားကို ၄ ရက်အနည်းဆုံး သောက်သင့်ပါတယ်။ Amoxacillin 500mg တနေ့ ၂ ကြိမ်နဲ့ဆို ရပါမယ်။
Amoxicillin and clavulanic acid ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ -
diarrhea ဝမ်းလျှော၊
upset stomach အစာမကျေ၊ ဗိုက်အောင့်၊
vomiting အန်၊
mild skin rash အရေပြားအနီကွက်နည်းနည်းထွက်။

ကျွန်တော် Amoxicillin 875mg+Clavulanic Acid 125mg ကိုမနက် ၁ ည ၁ နှစ်ရက်သောက်ပြီး နောက်နေ့ ည ၁ လုံးကိုပဲနှစ်ရက်သောက်ပြီးပါပြီး။ အားလုံးပေါင်းလေးရက်သောက်ပြီး ဆက်သောက်ရန်လိုမလို ညွန်းကြားပေးပါ။

ကျွန်တော် Amoxicillin 875mg+Clavulanic Acid 125mg ကိုမနက် ၁ ည ၁ နှစ်ရက်သောက်ပြီး နောက်နေ့ကျတော့ ဆေးကအရမ်းပြင်းတော့ ညဘက် ၁ လုံးကိုပဲ ၃ရက်ဆက်သောက်ပါတယ်။ အားလုံးပေါင်း ၅ ရက်သောက်ပြီးပါပြီး။ ညွန်းတဲ့ဆရာကအဲ့ဆေးကို မနက် ၁ ည ၁ ကို ၁ဝ ရက်တောင် သောက်ခိုင်းပါတယ်။ ဆေးသောက်ပြီးခေါင်းမူး ပါးစပ်ခါးဖြစ်လို့ လျှော့သောက်ချင်ပါတယ်။ နောက်ဆက်သောက်ရန်လို မလိုကိုညွန်းကြားပေးပါ။ ဆေးခေါင်းစဉ်က Curam (1000mg) ပါ။

ကျွန်တော်ပြန်ဖြေထားပြီးဖြစ်ပါတယ်။ ဆရာဝန်တဦးညွှန်ထားတာကို နောက်တဦးက ပြင်ခွင့်မရှိပါ။ ကျွန်တော်က လူနာအတွက် ဆေးပညာသုတအတွက်သာ လုပ်ပေးနိုင်ပါတယ်။ အွန်လိုင်းကနေ ဆေးမကုပါ။
ဆေးတိုး-လျှော့-ဖြတ် ချင်တာအတွက် ဆေးညွှန်ပေးတဲ့ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။

Wed, Mar 6, 2013 at 11:55 PM
ကျွန်တော့အမက အသက် ၃ဝ မှာ ရောဂါစဖြစ်တာပါ။ အပျိုပါဆရာ။ ငယ်ငယ်ကတော့ အကျင့်တစ်ခုရှိတယ် ဒါက လ္ဘက်ခြောက်စားတာပါ ပိန်တာတော့ပိန်တယ်ဆရာ။ တစ်ရက် သူပါးစပ်တွေနံတယ်ဆရာ။ အဲ့မှာ သူပန်းဝတ်မှုန် အပူငြိမ်းဆေး သောက်လိုက်တယ်။ ဆေးသောက်ပြီး ၄-၅ ရက်မှာ အနီစက်တွေ ထွက်လာတယ်။ ပြီးတော့ဖျားတယ်။ ဆေးရုံပါတက်လိုက်ရတယ်။ အနီစက်တွေက မျက်နှာမှာလဲပေါက်တယ်။ ပြီးတော့ ကျောတွေမှာလဲပေါက်တယ်။ သူ့ကိုအထွေထွေရောဂါကု (့) နဲ့ပြတယ်။ ခဏတော့ပျောက်သွားတယ်။ ဆေးတွေလဲ စစ်တယ် အဲ့ဆရာက အဆုတ်လို့ပြောတယ်။ သူနဲ့ပြတာကြာလာတော့ ပျောက်မလာတာနဲ့ ဒေါက်တာ သက်နိုင်နဲ့ပြတယ် သူကနှလုံး အထူးကုပါ အနီးအနားကလူတွေညွန်လို့ပါ။ သူကကျောက်ကပ်လို့ပြောတယ်။ သွေးစစ်တယ် ဘာမှမပေါ်ဘူး။ ဖြစ်နေတာခုနဲ့ဆို ၄ နှစ်ပြည့်ပါတော့မယ် ပရောဂလားလို့တွေးမိလို့ ဗမာဆေးတွေလဲတိုက်ပါတယ် ဘုရားဆေးလို့ပြောတဲ့ နွားနောက်ကျင်ငယ်ရည်လဲတိုက်ကြည့်ဖူးပါပြီဆရာ ခုသွေးအထူးကု ဒေါက်တာ ထွန်းလွင်ငြိမ်းနဲ့ ပြပါတယ်။ ပထမတော့ အဆင်ပြေတယ်။ ခုတစ်လော အပူတွေများများလာတော့ ငှတ်ဖျားဆေးတွေတိုက်တယ်ဆရာ ခုထိလဲ ဘာရောဂါလို့ မပြောဘူး။ သူ့ရောဂါက နေထိလို့မရဘူးလို့တော့ပြောတယ်။ SLE လို့လဲ ဒေါက်တာ (့) က ပြောတယ်။ ကျွန်တော်က နယ်မှာ အလုပ်လုပ်နေရတာပါ။ သူ့ကိုပြုစုဖို့က အမေနဲ့ အဒေါ်ပဲရှိတယ်လေ ဒီတိုင်းဆို ပြန်ရမှာမိုလို့ပါ ပြန်ရောက်ရင် ဆရာ့ဆီကသိတာလေးနဲ့တိုင်ပင်ကြည့်ချင်လို့ပါ။

စာလုံးတွေ အနီရောင်နဲ့ ဖတ်ရတာ ခက်ပါတယ်။ မြန်မာဆေးသောက်ပြီး ဖြစ်တာက အလာဂျီ ဖြစ်မယ်။ ပျောက်သွားလောက်ပါပြီ။ မတည့်တာနဲ့ ထပ်တွေရင်တော့ ထပ်ဖြစ်နိုင်တယ်။ လိုအပ်ရင် (အလာဂျီ) အကြောင်း ဆရာရေးထားတာ ဖတ်ပါ။
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
ပယောဂ မဟုတ်ပါ။ ဘုရားဆေးဆိုတာ မရှိပါ။ အရပ်ဆေးနည်းတွေကို မသုံးသင့်ပါ။ အဆုတ်၊ ကျောက်ကပ်ဆိုတာ ဘာလဲ မသိပါ။ လူတိုင်းမှာ တစုံစီရှိတယ်။ အဲဒါတွေမှာ ဘာဖြစ်တာလဲ။ လူနာက အမျိုးသမီးဖြစ်တော့ ရာသီစတာ သိချင်တယ်။ အခုခံစားနေရတာတွေ တချက်ချင်း၊ ဘယ်လိုနေ၊ ဘယ်လောက်ကြာ စတာတွေသိချင်ပါတယ်။ ရောဂါနာမည်ပါတဲ့အတွက် စာတပုဒ်ပို့ပါတယ်။
SLE ထူးခြားတဲ့ရောဂါ

Thu, Mar 7, 2013 at 8:38 PM
ကျွန်မတို့က (့) မှာနေပါတယ်။ သားလေးက အသက် ၂ နှစ်နဲ့ ၅ လပါ။ သားလေး ၁ နှစ်ခွဲတုန်းက နားထဲမှာ အရည်ရှိလို့ tube ကို နားနှစ်ဖက်လုံးမှာ ထည့်ထားရပါတယ်။ (ပြီးခဲ့တဲ ၂လကပြန်စစ်တော့ အရည်နည်းနည်းကျန်သေးလို့ နောက် ၆လလောက်ထပ်ထည့်ထားရမယ်လို့ပြောပါတယ်)။ အခု သားလေးနားညာဖက်က ပြည်လိုအရည်မျိုးထွက်နေလို့ပါ။ ၄-၃-၂ဝ၁၃ တနင်္လာနေ့မနက်မှာစပြီး နားထဲက ဝါကျင်ကျင် အရည်လေးတွေ ထွက်လာလို့ ဆေးခန်းသွားတော့ infection ဝင်တာလို့ပြောပါတယ်။ ပင်နီဆလင်ပေးပါတယ်။ တနင်္ဂနွေနေ့ ညဘက်မှာတော့ အဖျားနည်းနည်းရှိပါတယ်။ 39C ရှိပါတယ်။ ခုရက်တွေမှာတော့ အဖျားမရှိတော့ပါဘူး။ ဒါပေမယ် အရည်လေးတွေကတော့ နဲနဲထွက်နေတုန်းပါပဲ (အများကြီးမထွက်ပါ။ ၂ နာရီ ၃နာရီခြားတစ်ခါ ထွက်ပါတယ်။ နားကိုက်တဲ့ပုံလဲမပြပါ၊ အရည်က ဝါကျင်ကျင် သို့ နီညိုဖျော့)။ အဲတာစိုးရိမ်ရပါသလားဆရာ၊ နားဆရာဝန်နဲ့ ထပ်ပြဖို့လိုအပ်ပါလားရှင့်၊ စောင့်ကြည်ရမယ်ဆိုရင် ဘယ်လောက်ကြာကြာ စောင့်ကြည့်ရပါမလဲရှင့်။

• Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
• Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html

7-3-2013 Facebook
ကျွန်တော့် အမျိုးသမီးက ညညဆို အိပ်မရတာများပြီး ခေါင်းတစ်ခုလုံးချွေးစေးတွေထွက်လာတတ်ပါတယ် ။တပါတ်မှာ ၃-၄ ရက်လောက်ကို ဖြစ်တတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်။ ကုသနည်းလေး မျှဝေပါအုံးဆရာ။

ဖြစ်တဲ့သူရဲ့ အသက်၊ ကျန်းမာရေးနောက်ခံ မသိရပါ။ ဒါတွေကို ဖတ်နိုင်ပါတယ်။
• Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) http://dts-medicaleducation.blogspot.com/2011/12/sleep-disorders.html
• Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) http://dts-medicaleducation.blogspot.com/2010/10/sleeping.html
• Sleeping pills အိပ်ဆေး http://dts-medicaleducation.blogspot.com/2011/03/sleeping-pills.html

Thu, Mar 7, 2013 at 3:53 PM
တချို့လူတွေဟာ အလကားနေရင်း လက်ဆစ်၊ ခြေဆစ်တွေကို တဖြောင်းဖြောင်းနှင့်အချိန်ပြည့်ဆိုသလို ချိုးနေတတ်ကြပါတယ်။ အဲဒါဟာ ကျန်းမာရေးကိုထိခိုက်စေနှိုင်ပါသလားဆရာ။ နောက်ပြီးဘာ့ကြောင့်အသံမြည်ရပါသလဲဆရာ။ ဗဟုသုတအဖြစ်မျှဝေပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

အဆစ်ကိုချိုးဖဲ့ရင်၊ လှုတ်ရှားပေးရင် ပိုကြီးလာစေနိုင်တယ်။ ထိခိုက်မှုလေးဖြစ်တာမျိုး၊ အထဲက (ဆဲလ်) တွေ တချို့က ပျက်စီးပြီး တချို့က ပိုကြီးမယ်။ ပျက်စီးတာတွေကနေ အသစ်ပြန်ဖြစ်မယ်။ အဆစ်ထဲကအရည်လဲ များစေ၊ နည်းစေနိုင်တယ်။ အသံမှန်သမျှ လေကိုတုန်ခါစေလို့ဖြစ်တယ်။ မြန်မြန်တုန်ခါမှုတခုဟာ လေကြားခံနယ်ကနေဖြတ်ပြီး နားထဲဝင်လာလို့ ကြားရတာဖြစ်တယ်။ ကြားနိုင်လောက်တဲ့ အသံတုန်ခါမှု နဲ့ အသံလှိုင်းအပေါ်မူတည်တယ်။

Sat, Mar 9, 2013 at 12:39 AM
ကျွန်တော် အရင်ကကွန်ပြူတာနဲ့ပုံဆွဲတာလုပ်ပါတယ်၊ လွန်ခဲ့တဲ့ ၁ဝ လောက်အထိပါ။ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ပြင်နေတာပါ။ အခုတော့ နားနေရပါတယ်။ မနားခင် ၃ လလောက်ကစဖြစ်တယ်လို့ ထင်ပါတယ်။ ပုံဆွဲတယ် ဆိုတော့ မောက်ကို ညာဘက် လက်ညှိုးနဲ့အမြဲ့နှိပ်နေရပါတယ်။ ဒါထက်ဆိုးတာ မောက်အလယ်က wheel ကို ဖိပြီး ရှေ့နောက်ဆွဲ ရတာပါ။ ကျွန်တော်လုပ်တာ ၂ နှစ်လောက်ရှိပါပြီး။ အရင်ကပြသနာမရှိပါဘူး။ နောက်ပိုင်းမှာ အသုံးပြုများပြီး (တနေကုန်ပုံဆွဲ) တနေကုန်မောက်ကို ကိုင်ထားသလိုပါပဲ။ နောက်ပြီးအိမ်ရောက်တော့လည်းမောက်နဲ့ game ဆော့တာများသွားတယ်။ အဲ့နောက်ပိုင်းမှာ လက်ညှို နဲ့လက်ခလယ် ပထမအဆစ်တွေကနာလာတယ်။ လက်ညှိုးကတော့ ပိုဆိုးတယ်။ အဆစ်ကို ချိုးသလိုဖြစ်နေလို့လားမသိဘူး။ နောက်ပြီး တနေကုန် လက်က မောက်ကိုထိထားတော့ အရေပြားပါလားတယ်လို့ ပြောမလားမသိဘူး။ လက်ညှိုးထိပ်က အရေပြားနဲ့ လက်ခလယ်၊ လက်သူကြွယ် ကမောက်နဲ့ ထိတဲ့ အရေပြားတွေက စပ်လာတယ်။ လက်ညှိုးက အမြဲ မောက်ကိုဖိနေရတော့ လက်ညှိုးထိပ်မောက်ကို ဖိရတဲ့ အသားတွေက နာနေတယ်။ မောင် (့)၊ အသက်၃ဝ။ ကျား။ လူပျို။ ရန်ကုန်။

ကွန်ပြူတာကို အဲလိုသုံးရသူတွေ မနည်းလှပါ။ အရိုး-အဆစ်-ကြွက်သာကိုထိခိုက်လာလို့ ဆရာဝန်ပြရသူ သိပ်မရှိလှပါ။ အရေပြားမှ ပြောင်းလဲမှုရှိလာတာဆိုရင် ထိတဲ့အရာကြောင့် အရေပြားကို သက်ရောက်တာ ဖြစ်နိုင်ပါတယ်။ အလုပ်ပန်းလို့ကြောင့် မဟုတ်ပဲလဲ ဖြစ်နိုင်တယ်။ အရေပြားအရောင်၊ အထူအပါး၊ အပြောင်းအလဲကို စစ်ဆေးသင့်တယ်။ (အလာဂျီ) ဟုတ်-မဟုတ် စစ်ပါ။ လိုမယ်ထင်ရင် ဆရာဝန်ပြပါ။

Fri, Mar 8, 2013 at 10:14 PM
This is (့) again to have your favor. I sent the email to you twice again receive your reply. I have looked for the answer of my questions regarding the good benefit and side effect of Omega King and is it suitable to have it for my mother and I still would like to know about that even though you have already written about Omega King articles in your website. Would you please reply me regarding above matter to my email if you don't mind? I'll would be very pleasured to look forward to seeing your reply email very soon Thanks a lot again for your time.

I am not clear what I can do for you, your mom. As a specialist is looking after her, my advice is just to explain a bit of what the patient wants to know. You have read about medicine. So what can I do for her?

Fri, Mar 8, 2013 at 7:08 PM
ဆရာပို့ပေးတာလေးတွေကို ကျွန်တော့မိဘတွေကိုပြလိုက်ပြီးပါပြီခင်ဗျာ၊ အမေတို့ကလဲ ဆရာ့ကိုအားကိုးပါတယ်။ ဒါကြောင့် သူ့ကိုနောက်ဆုံးဆေးစစ်ထားတာလေးတွေရယ် သူ့ဆရာနဲ့နောက်ဆုံးပြထားတဲ့ ဆေးမှတ်တမ်းစာအုပ်ကိုပါ ဓါတ်ပုံရိုက်ထည့်ပြီး ပို့လိုက်ပါတယ်။ နောက် သူအခုလက်ရှိသောက်နေရတဲ့ဆေးတွေကိုပါ ပို့လိုက်ပါတယ်။ ဒီနေ့သူပြနေကျ ဆရာဦး(့) ကို သွားပြပါတယ်။ ကျွန်တော့အမကတော့ မလိုက်နိုင်လို့ အမေပဲ သွားလိုက်ပါတယ်။ အသိသူနာပြုတစ်ယောက်ရှိတော့ အားဆေးလေးဘာလေး ညွန်ပါလို့ပြောတော့ သူက Aminolibam 500ml ကို ဆေးသွင်ခိုင်းပါတယ်။ အမအသက်က ၃ဝ ပါ။ နောက်ဆုံး ဓမ္မတာလာတာက ၇၊၂၊၂ဝ၁၃ က လာပါတယ်။ ၃ ရက်လောက် လာပါတယ်။ မနက်ဖြန် စနေနေ့ ၉၊၃၊၂ဝ၁၃ မှာ အဲ့ဒီအားဆေးကို သွင်းပါလို့ ပြောပါတယ်။ စနေနဲ့ တနင်္ဂနွေ နစ်ရက်ဆက် သွင်းလို့ ပြောပါတယ်ဆရာ။

ဆရာပို့ထားတဲ့ SLE ရောဂါဆိုတာ သေချာနေတယ်။ စာထဲမှာ ခြုံပြီးရေးထားပါတယ်။ အခုလို အထူးကုဆရာဝန်နဲ့ပြတာ ကောင်းပါတယ်။ နာတာရှည်ရောဂါဖြစ်လို့ လူနာ၊ လူနာစောင့်တွေ စိတ်မပျက်သင့်ပါ။ လူတယောက်နဲ့ တယောက် ခံစားရတာ မတူကြပါ။ ဆေးနဲ့နေရမယ်။ ဆေးကနေ ခံစားနေရတာတွေ သက်သာစေမယ်။ အပျောက်ကုပေးမယ် ဆိုတာမျိုးကို မယုံပါနဲ့။ ဆရာ့အနေနဲ့ကတော့ အကြံပေး၊ ပညာပေးတာလောက်တာ တတ်နိုင်တယ်။ ကုနေတဲ့ဆီမှာသာ စနစ်တကျကုသမှုခံယူပါ။ အိမ်ထောင်မကျသေးတာ ကံကောင်းတယ်။ ကိုယ်ဝန်အတွက် ထိခိုက်စေတတ်တယ်။ ရောဂါကိုကုတဲ့ဆေးတွေက အရင်ကထက်ပိုကောင်းလာလို့ စိတ်သက်သာရာရသင့်ပါတယ်။

Sat, Mar 9, 2013 at 5:47 AM
ကျွန်မအသက်က ခုဆို ၂၄ နှစ်ခွဲပါ။ အရပ်က ၅ ပေ အတိလောက်ဘဲ ရှိပါတယ်။ ၁ လက်မ ( သို့မဟုတ်) ၂ လက်မလောက်ထပ်ရှည်နိုင်အောင် ခုအချိန်မှာ ထပ်ကြိုးစားရင် ဖြစ်နိုင်ပါသေးသလား ရှင် ။ ဘယ်လို နည်းလမ်းကောင်းတွေနဲ့အထိရောက်ဆုံး ကြိုးစားလို့ရနိုင်ပါသလဲရှင် ။ ဆရာအဆင်ပြေသောအချိန်တွင်ဖြေကြားပေးစေလိုပါတယ်ရှင် ။

Height အရပ်ရှည်နည်း

Sat, Mar 9, 2013 at 8:00 AM
အခုလက်ရှိသောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရမလားဆရာ။ သမီး အဲဒီဆေးတွေစသောက်ကထဲက ခေါင်းမူး၊ အိပ်မပျော်၊ ဆီးသွားများ၊ရင်ပြည့် ဖြစ်နေတယ်ဆရာ။ အဲဒီဆေးတွေနဲ့များ ဆိုင်မလားလို့။ သွေးတိုးတာအတွက်ပေးထားတာပါ။ Prolomet xl 25 mg
Coversign Plus
Atocor 10 mg

ဆေးနာမည်တွေက Generic name ခေါ်တဲ့ မူရင်းဆေးနာမည်တွေတော့ မဟုတ်ပါ။ ဆေးထုတ်သူတွေကနေ ပေးထားတာဖြစ်တယ်။ ၁ နဲ့ ၃ ကိုတော့ ရှာလို့သိရတယ်။ ၂ ကို မသိသေးပါ။ နှလုံး၊ ကိုလက်စထော စတာတွေအတွက်ပေးတယ်။ ဆီးပိုသွားတယ်ဆိုတာ သွေးတိုးရှိသူတွေကိုပေးတဲ့ဆေးဖြစ်မယ်။ လူနာရဲ့ ရောဂါကြောင့်လဲ ပြောသလိုခံစားရတာတွေလဲရှိနိုင်တယ်။ ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးလဲ ဖြစ်နိုင်တယ်။ ဆေးတိုင်းမှာ အဲလို အနည်းနဲ့ အများဖြစ်စေတယ်။ အကျိုး နဲ့ ခံစားရတာ နှစ်မျိုးကို ချိန်ဆပြီး ဆေးပေးလေ့ရှိတယ်။ သွေးတိုး နဲ့ ကိုလက်စထောကအတွက် ဆေးတွေက အမျိုးအစား အများကြီးရှိလို့ ပြောင်းပေးနိုင်တယ်။ နောက်ပြီး သွေးဖိအားနဲ့ အဆီအနည်း-အများအရလဲ ဆေး လျှော့ပေးတာ၊ တိုးပေးတာ လုပ်ရတယ်။ အကြံပေးနိုင်တာက ဆေးညွှန်တဲ့ဆရာဝန်ကို ကိုယ်ခံစားရတာကို ပြောပြပါ။ ဒီလိုရောဂါဟာ ဆေးတမျိုးတည်းနဲ့ မပြည့်စုံတာမို့ လူနေမှုပုံစွပြင်ရတာကိုပါ လိုက်နာသင့်တယ်။ ဆေးတွေရဲ့ မူရင်းဆေး နာမည်သိရင် ပြောပါ။

Thu, Mar 14, 2013 at 11:23 PM
ကျွန်တော်က အသက် ၁၉ နှစ်ထဲမှာပါဆရာ။ အခုတစ်လော ကျွန်တော် အားနည်းနေသလို ခံစားနေရပါတယ်။ အမြဲတမ်းလိုလိုကို အိပ်ချင်နေတာပါ။ စာမေးပွဲကလည်း နီးနေပါပြီ။ အဲဒါ အားဆေးလေး ဘာလေးများ သောက်ရမယ်ဆိုရင်လည်း ညွှန်းပေးပါဦးဆရာ။ ကျွန်တော် depression များဝင်နေပြီလားမသိဘူးခင်ဗျာ။

Depression ဝင်နေပြီလားထင်ရင် တကယ်မဝင်ပါ။ ဒါပေမဲ့ စာ လင့်တွေပို့ပါတယ်။
Tonics အားဆေး

Thu, Mar 14, 2013 at 11:58 PM
ကျွန်တော် အားဆေးသောက်မယ်ဆိုရင် ဘယ်လိုအားဆေးမျိုးသောက်ရမလဲဗျ။ လူကိုလန်းဆန်းစေတာမျိုး ရှိလားဗျ။ ပြီးတော့ stress များရင် သောက်သင့်တဲ့ဟာမျိုးပေါ့ဆရာ။ ဆေးကျောင်းသာတယောက်ပါ။

စိတ်ဖိအားများတာ သက်သာစေမဲ့ စိတ်မကျဆေးများ (တချို့)
• Celexa (citalopram) is an antidepressant in a group of drugs called selective serotonin reuptake inhibitors (SSRIs) Celexa is used to treat depression
• Prozac (fluoxetine) is a selective serotonin reuptake inhibitors (SSRI) antidepressant Prozac affects chemicals in the brain that may become unbalanced and cause depression, panic, anxiety, or obsessive-compulsive symptoms Prozac is used to treat major depressive disorder, bulimia nervosa (an eating disorder) obsessive-compulsive disorder, panic disorder, and premenstrual dysphoric disorder (PMDD) Prozac is sometimes used together with another medication called olanzapine (Zyprexa) to treat depression caused by bipolar disorder (manic depression) This combination is also used to treat depression after at least 2 other medications have been tried without successful treatment of symptoms
• Paxil (paroxetine) is an antidepressant in a group of drugs called selective serotonin reuptake inhibitors (SSRIs) Paxil affects chemicals in the brain that may become unbalanced Paxil is used to treat depression, obsessive-compulsive disorder, anxiety disorders, post-traumatic stress disorder (PTSD), and premenstrual dysphoric disorder (PMDD)
• Elavil (amitriptyline class: tricyclic antidepressants)
• Effexor XR (venlafaxine class: serotonin-norepinephrine reuptake inhibitors)
• Luvox (fluvoxamine class: selective serotonin reuptake inhibitors)
• Luvox CR (fluvoxamine class: selective serotonin reuptake inhibitor)
• Prozac Weekly (fluoxetine class: selective serotonin reuptake inhibitors)
• Vanatrip (amitriptyline class: tricyclic antidepressants)

Thu, Mar 14, 2013 at 5:13 PM
ဆရာကလေးက cypon 5ml မနက်တစ်ခါ ညတစ်ခါတိုက်တာဆရာ တစ်နေ့လုံး အိပ်တယ်ဆရာ။ အကြာကြီး အိပ်တာပါဆရာ။ ဥာဏ်ထိုင်းနိုင်လားဆရာ။ ဘယ်လောက် အတိုင်းအတာတိုက်ရမလဲဆရာ။

ဒီဆေးက အိပ်ချင်တယ်။ ကလေးကိုယ်အလေးချိန်နဲ့ ချိန်တိုက်ရတယ်။ Cypon ကို ကလေးဆရာဝန်တိုင်းကတော့ မသုံးပါ။ အစာစာစေချင်လို့ ဘယ်လောက်ပေးရမလဲဆိုတာလဲ ကွဲလွဲတယ်။ ကိုယ့်ကလေး အပိတာများရင် လျှော့တိုက်ဘို့သာ အကြံပေးနိုင်ပါတယ်။

Wed, Mar 13, 2013 at 3:50 AM
ပုဂ္ဂလိကဆေးရုံးကြီးမှာ Retro test, HBs Ag, Anti-HCV Ab, BLOOD FOR MP, ICT (MP),ICT(TB), Widal test, UREA, NA+, K+, CL+, HCO3, ဒီဟာသည်စစ်ရင်လည်း NOT SEEN, NON RACTIVE, NEGATIVE တို့ဘဲဖြစ်တယ် နောက်တခုက URINE FOR RE မှာ Reaction မှာတော့ Alkaline (ph 75)မျှဉ်းနီဖြင့် လို့ရေးထား ပြီး STOOL FOR RE မှာတော့ Others ဆိုတဲ့နေရာမှာ မျှဉ်းနီနဲ့ Bacteria (*****) Yeast-cells(***) undigested tow (few) လို့ ရေးထားတယ် ဒါနှစ်ခုက ဘာအသဘောလည်းမသိဘူး ကျွနတော်လည်း မေးဖို့မဲ့ သွားတယ်ဆရာ့ကိုဘဲ မေးပါရစေတော့။ ကျွန်တောရောဂါက ဘာဆက်လုပ်ရင်ကောင်းမလဲ ဘာဆက်စစ်ရင်ကောင်းမလဲ ဘာဆေး ဆက်စားရင်ကောင်းမလဲဆရာ။ ပေးတဲ့အကြံ၊ ပညာများကိုဘဲ စောင့်မျှော်ပါတော့တယ်။

ဝမ်းစစ်တာထဲမှာ ပါနေတာတွေက စိုးရိမ်စရာမရှိပါ။ ဗက်တီးရီးယားနဲ့ မှိုပိုးတွေတွေ့တယ်။ ပိုးသေဆေးသောက်ရင် ရှင်းသွားတာပါ။ ကျန်တဲ့ ဆေးစစ်ချက်တွေကောင်းနောတာ ဝမ်းသာစရာဖြစ်ပါတယ်။ စိုးရမ်ကြောင့်ကျမှု မရှိသင့်ပါ။

Monday, March 4, 2013

Medical terms ဆေးစာတွေကို မြန်မာလိုပြောရတာ

Sat, Mar 2, 2013 at 8:21 PM
ကျွန်တော်တို့ မြန်မာလူမျိုးတွေက ဘာလို့ လေဖြတ်တာလို့ ပြောတာလဲ။
ပြီးတော့ လေဖြတ်တာကနေ လေသင်တုန်း၊ လေဖြန်းတာ၊ ဝမ်းဗိုက်မှာ လေခံတာတွေ အဲဒီလို အသုံးအနှုန်းတွေ သုံးကြပါတယ်။ လက်တွေ့သင်ရတာက တကယ်တမ်း လေနဲ့မဆိုင်ပါဘူးခင်ဗျာ။ အဲဒါကို ဘာဖြစ်လို့ လေနဲ့ပတ်သတ်ပြီး ပြောတာပါသလဲနဲ့၊ တကယ်လို့ မှားနေရင် အဲဒီ စကားလုံးတွေကို ပြန်ပြင်ဖို့ ဖြစ်နိုင်ပါသလားခင်ဗျာ။ တခြားနိုင်ငံသားတွေကို မြန်မာနိုင်ငံမှာ သုံးတဲ့ အသုံးအနှုန်းကို ပြန်ရှင်းပြရင် အခက်တွေ့မယ့် စကားတွေလို့မြင်ပါတယ်။

မြန်မာဆေးဆရာတဦးအဆိုကတော့ “လေနှင့်ပတ်သက်သမျှ ရောဂါတို့ကို ပြည့်စုံအောင် ထုတ်နုတ်ပြဆိုပါဆိုလျှင် စာဖွဲ့၍ပင် ကုန်အံ့မထင်။ သို့သော် ထူးခြားချက်မှာ လေဆိုသော လေကိုကား ခေတ်သစ်ဆေးသိပ္ပံ ပညာဆိုင်ရာ ကိရိယာ တန်ဆာပလာ အဖုံဖုံနှင့် အနည်းနည်း ရှာဖွေငြားသော်လည်း မည်မည်ရရ တွေ့မည်မဟုတ်ပါချေ။” လို့ ဖတ်ရပါတယ်။

ကျွန်တော်တို့သင်ရတဲ့ ဆေးပညာမျိုးမဟုတ်တဲ့ နယ်ပယ်က ကျန်းမာရေး-ဆေး အသုံးအနှုန်းတွေကို ကျွန်တော်တို့ နားမလည်တာ အမှန်ပါ။ ဆေးပညာစာတွေကို ကျွန်တော်တို့လဲ ဆရာဝန်မျိုးတွေက မြန်မာလို မသင်ခဲ့ကြရပါ။ အင်္ဂလိပ်စာနဲ့သာ ဖတ်ကြရ၊ သင်ကြရတယ်။ အထင်ကြီးအောင်ပြောတာ မဟုတ်ပါ။ မြန်မာလိုစာအုပ် လုံးဝမရှိလို့ပါ။ တတ်သလောက် အင်္ဂလိပ်စာ အခြေခံနဲ့ဆေးစာတွေကို နားလည်အောင်လုပ်ကြရတာ နှစ်ဆပင်ပန်းတယ်လို့ပြောတာလဲ အပိုပြော မဟုတ်ပါ။

ကျွန်တော်တို့က ဆေးစာရေးလဲ အင်္ဂလိပ်စာလုံးပေါင်းနဲ့သာ ရေးရတယ်။ သူနာပြုဆရာမတွေ၊ ဆေးရောင်းသူတွေက နားလည်ကြတယ်။ ခက်တာက လူနာတွေနဲ့ဆက်ဆံရာမှာ အပြန်အလှန် နားလည်လက်ခံမဲ့စာလုံး၊ နာမည်တွေ ရွေးကြရတာပါ။ လူနာတွေကလည်း သူတို့သိတာ၊ ထင်မှတ်တာကိုသာ ပြောပြတယ်။ သူတို့အပြစ်လဲ မဟုတ်ပါ။ “ကျွန်တော်တို့က လူနာဆီကနေ ရောဂါနာမည်ကို မသိချင်ပါ။ ဘယ်လိုခံစားနေရသလဲဆိုတာပဲ သိချင်ကြတာ ဖြစ်ပါတယ်။”

ဆရာဝန်ကနေ ရောဂါနာမည်၊ ဆေးနာမည်ကို အင်္ဂလိပ်လိုပြောရင် အခက်တွေ့ရတာ သိပ်များတယ်။ လူနာတွေကလဲ ကိုယ့်ဖြစ်နေတာကို အထင်နဲ့ပြောကြရတာ များပြန်သေးတယ်။ တချို့ကလဲ ခပ်ဆင်ဆင် စကားလုံးသုံးကြတယ်။ တိုင်းရင်းဆေး၊ ဗိန္ဓောဆေး၊ မိရိုးဖလာဆေးစတာတာတွေက နားရေပိုဝနေလို့ ထင်မှတ်တာကို ပြောကြ၊ ရေးကြတာတွေလဲ မနည်းလှဘူး။ သိုက်စာ ဘာသာပြန်ရသလို။ “ရတနာသိုက်မတွေ့လို့ ကိစ္စမရှိပေမဲ့ ရောဂါသိုက်မတွေ့ရင် ဒုက္ခရောက်မယ်။”

အေလိုပသီ၊ ဟိုမီယိုပသီ၊ အာယုဗေဒ၊ ဗာဘယ်၊ သဘာဝ၊ စတာတွေကလဲ ရောထွေးနေတာရှိတယ်။ ဟိုကစာလုံး၊ ဒီကစာလုံး ကိုယ်ကျွမ်းဝင်တာ၊ ထင်တာ၊ ယူပြောကြတာလဲရှိတယ်။ ဆရာဝန်တွေကလဲ အဲလိုလုပ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ လိပ်ခေါင်းဆိုတာ ကျွန်တော်တို့သုံးပေမဲ့ ဆေးကျောင်းက သင်လိုက်တဲ့စာလုံး မဟုတ်ဘူး။ ဒူလာ ဆိုတာ ဆရာဝန်တွေက မသုံးပါ။ အရပ်ထဲမှာ လိပ်ခေါင်းလဲ ဒူလာ၊ ညောင်းကိုက်တာလဲ ဒူလာ ပြောကြတယ် မဟုတ်လား။ ကျွန်တော်တို့က အစာအိမ်နဲ့ အစာလမ်းမှာဖြစ်တာကိုသာ "လေ" စာလုံး သုံးပေမဲ့ မြန်မာဆေးဆရာတွေက ကျွန်တော်တို့ထက် ပိုကြတယ်။

မေးတဲ့သူပြောတာ ဆက်ပါမယ်။ ဆရာဝန်တချို့က Stroke ဆိုတာကို လေဖြတ်ခြင်းရောဂါလို့သုံးတာ ဖတ်ရပါတယ်။ ဆရာတဦးက “လေဖြတ်ခြင်းလို့ မြန်မာလို ဝေါဟာရ ပြုထားတဲ့ ရောဂါဟာ ဦးနှောက်တွင်း ဧရိယာတစ်ခုကို သွေးထောက်ပံ့မှု ပျက်ယွင်းသွားလို့ အဆိုပါဧရိယာနဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ရုတ်တရက် လျင်မြန်စွာ ပျောက်ဆုံးချို့ယွင်းသွားခြင်း ဖြစ်ပါတယ်။ ဦးနှောက်ဧရိယာ တစ်ခုခု သွေးမရတော့တဲ့ အကြောင်းရင်းတွေက အကြမ်းဖျဉ်း ပြောရရင် (၂) ခု ရှိနိုင်ပါတယ်။ (၁) ထောက်ပံ့ပေးတဲ့ သွေးကြော ပေါက်သွား၍ လေဖြတ်ခြင်း (Haemorrhagic Stroke) နဲ့ (၂) ထောက်ပံ့ပေးတဲ့ သွေးကြော ပိတ်သွား၍ လေဖြတ်ခြင်း (Ischaemic Stroke) လို့ ခွဲခြားနိုင်ပါတယ်။” လို့ ရှင်းပြပါတယ်။

လေဖြတ်တာကို အနီးစပ်ဆုံးဆေးစကားနဲ့ Paralysis (ပါရာလိုက်စစ်) ဖြစ်မယ်။ စိတ်ကနေ စေစားလို့ရတဲ့ ကြွက်သားတွေ အလုပ်မလုပ်နိုင်တော့တာကို ခေါ်ပါတယ်။ တခါတလေ ဖြစ်တဲ့နေရာ (ဘက်) မှာ အာရုံခံစားမှုကိုပါ ထိခိုက်တယ်။ ဗဟိုအာရုံကြောစနစ်ကို ခိုက်ပျက်စီးရာကနေဖြစ်စေတယ်။ အထူးသဖြင့် ခါးရိုးမကြီးထဲမှာရှိတဲ့ အထက်အောက် တန်းနေတဲ့ Spinal cord ဆိုတာမှာ ရောဂါရလို့ဖြစ်တယ်။ တခြားဖြစ်တာတွေကတော့ Stroke (စထုပ်) ဦးနှောက်မှာ သွေးလျှောက်တာ ထိခိုက်မိရာကနေ ပျက်စီးလို့ ဆက်ဖြစ်တာ၊ Trauma with nerve injury အာရုံကြောတွေ ထိခိုက်ပျက်စီးတာ၊ Poliomyelitis (ပိုလီယို-မိုင်လိုက်တစ်) သူငယ်နာအကြောသေရောဂါ၊ Botulism (ဘောတူလဇင်) ရောဂါ၊ Spina bifida (စပိုင်နာ-ဘိုင်ဖစ်ဒါ) မွေးရာပါရောဂါ၊ Multiple sclerosis (မာလ်တီပယ် စကယ်လယ်ရိုးဆစ်) ရောဂါ နဲ့ Guillain-Barré syndrome ရောဂါတွေကြောင့် ဖြစ်တယ်။ Curare ဆေးကြောင့်ဖြစ်ရတာလဲ ရှိသေးတယ်။

Pseudoparalysis (ဆူဒိုပါရာလိုက်ဆစ်) ဆိုတာက အဲဒါမျိုးအတုဖြစ်တာပါ။ Pain အလွန်နာကျင်မှုခံစားနေရချိန်နဲ့ Orgasm လိင်စိတ်ပြည့်ဝနေချိန်မျိုးတွေမှာ တခြားနေရာတွေကို မလှုတ်နိုင် (မလှုတ်ချင်) တာမျိုး။ ကိုယ်တိုင်က ဖါသာချုပ်တီးထားလို့ မလှုတ်နိုင်ဖြစ်နေတာမျိုး။ နောက်ပြီး Congenital syphilis မွေးရာပါဆစ်ဖလစ်ကြောင့် ကလေးတွေမှာ ဒီအမျိုးအစားဖြစ်တတ်တယ်။

Paraplegia (ပါရာပလီဂျီးယား) ဆိုတာလဲရှိသေးတယ်။ ကိုယ်အောက်ပိုင်းမှာ Motor ကြွက်သားလှုတ်ရှားမှု အလုပ်နဲ့ Sensory function အာရုံခံစားမှုတွေ ချို့ယွင်းတာကိုခေါ်တယ်။ စောစောကရေးထားတဲ့ Spinal cord injury ခါးရိုးထဲက အာရုံကြောကိုထိခိုက်နာနဲ့ Spina bifida မွေးရာပါရောဂါတွေကြောင့်ဖြစ်တာများတယ်။ ရင်ခေါင်းပိုင်း၊ ခါးပိုင်း နဲ့ တင်ပါးပိုင်း ဆိုပြီး အစိတ်အပိုင်း တနေရာရာမှာ ဖြစ်တယ်။ လေးဘက်လုံးဖြစ်တာကို Quadriplegia (ကွာဒြီပလီးဂျီးယား) လို့ခေါ်တယ်။ Monoplegia (မိုနိုပလီးဂျီးယား) ဆိုတာက တဖက်တာည်းဖြစ်တာ။

• Spastic paraplegia ဆိုတာက တမျိုး။ တခြား Flaccid paralysis အလုပ်မလုပ်တဲ့ကြွက်သားတွေ ပျောဖတ်ဖတ် မဟုတ်ပဲ Spasticity of muscles တောင့်တင်းနေတာမျိုး ဖြစ်တယ်။
• Hemiplegia (ဟီမီပလီဂျီးယား) ဆိုတာ ကိုယ်တခြမ်းသေတာ။ ဖြစ်တဲ့ဘက်မှာ ခြေရောလက်ပါ လှုတ်မရတော့ဘူး။ (ဟီမီပလီဂျီးယား) က Hemiparesis (ဟီမီပရီးဆစ်) ထက်ပိုဆိုးတယ်။ လုံးဝမလှုတ်နိုင်တာနဲ့ အာနည်းနေတာ ကွာသေးတယ်။ ၂ မျိုးလုံးက မွေးရာပါဖြစ်နိုင်တယ်။ ကြီးမှဆိုရင် Illness နေမကောင်းရာက ဖြစ်တာ၊ Injury ခိုက်မိရာကဖြစ်တာနဲ့ Stroke (ဆထုပ်) ကနေ ဖြစ်စေတယ်။
• Tetraplegia (quadriplegia) မှာ တစိတ်တပိုင်းနဲ့ လုံးဝရှိတယ်။ ခြေ-လက်ရော ကိုယ်ထည်ပါဖြစ်တယ်။ Paraplegia မှာ လက်မဖြစ်ဘူး။
• Paresis (ပရီးစစ်) ဆိုတာမှာ Weakness of voluntary movement စိတ်ကနေလှုတ်လို့ရတဲ့ ကြွက်သားတွေမှာ အားနည်းတာ၊ ဒါမှမဟုတ် Partial loss of voluntary movement တစိတ်တပိုင်းလှုတ်လို့ကိုမရတာ နဲ့ ဒါမှမဟုတ် Impaired movement အရင်လို လှုတ်ရှားမရတာဖြစ်မယ်။
• ခြေလက်မှာအဖြစ်များပေမဲ့၊ မျက်စိမှာဖြစ်တာကို (Ophthalmoparesis) ခေါ်တယ်။ အစာအိမ်မှာဖြစ်တာကို (Gastroparesis) ခေါ်ပြီး၊ အသံဖြစ်စေတဲ့အကြောဖြစ်တာကို (Vocal cord paresis) ခေါ်တာတွေလဲ ရှိသေးတယ်။

နောက်တနေရာမှာ “အာရုံကြောရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါ၊ လေငန်းရောဂါ၊” လို့ ဖတ်ရတာမို့ လေငန်းနဲ့ လေဖြတ်တာ အတူလားမသိပါ။ လေဖြန်းဆိုတာတော့ ကာရံသင့်အောင် ရမ်းသမ်းပြောတာနဲ့တူပါရဲ့။ ကိုယ်ရောင်တာကိုများ ပြောသလားမသိပါ။ လေနဲ့လဲမဆိုင်။ ဦးနှောက်နဲ့လဲ မပတ်သက်ပါ။

“လေသင်ဓုံး” ဆိုတာကို Apoplexy လို့ ဆရာဝန်တဦးက ဘာသာပြန်ထားပါတယ်။ (အပိုပလက်စီ) ဆိုတာ ကိုယ်ခန္ဓာအတွင်းထဲ တနေရာရာမှာ သွေးယိုထွက်ရာကဖြစ်တာမျိုး။ ဥပမာ Ovarian apoplexy ဆိုတာ အမျိုးသမီးတွေ မျိုးဥအိမ်ထဲ သွေးထွက်နေတာ။ အမှန်က ဒီအင်္ဂလိပ်စာလုံးကို အရင်က Stroke (ဆထုပ်) အတွက်သုံးခဲ့တာပါ။ ဆရာဝန်တွေသိတဲ့ “လေ” ဆိုတာ ဒါလောက်ပဲထင်ပါတယ်။

ဆေးစာတွေကို မြန်မာလို တပြေးညီလုပ်လို့ မရနိုင်ပါ။ လူနာ-ဆရာ ဆက်ဆံရေးမှာ အဆင်ပြေအောင်သာ လုပ်သင့်တယ် ထင်ပါတယ်။ အတွေ့အကြုံအရ လူနာကို သူတို့နားလည်သလိုပြောစေပါ။ ကိုယ့်ဘာသာ အဓိပ္ပါယ်ကောက်ယူပါ။ ပြန်မေးရမှာတွေ အများကြီးရှိပါမယ်။ ဒီပညာမျိုးကို ဆရာအချင်ချင်း ဆရာလုပ်စရာ “လေများနေစရာ” မလိုပါ။

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၃

Sunday, March 3, 2013

Q and A March 2013 (1)

1. ကန်တော့နော် ဆရာ မနေ့လောက်က စပြီး
2. နွေရာသီမှာဘာတွေဆင်ခြရင်မယ်ဆို တာတွေကိုတစ်ပေါင်းတစ်စည်းထဲ သိချင်လို့ပါဆရာ။
3. ဆရာဆီစာရေးပြီးနောက်နေ့ အရိုးအကြောဆရာဝန်နဲ့သွားပြပြီး ဓာတ်မှန်ပါရိုက်လိုက်တယ်။
4. ကျွန်တော်ကအဆုပ် TB ရောဂါ ကုထားပြီးသား ပျောက်ကင်းထားတဲ့လူတစ်ယောက်ပါ။
5. I would like to ask one thing for my baby girl.
6. စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်အတွက် အကောင်းဆုံး
7. I would like to ask about my nose problem
8. ကျွန်တော် မြန်မာနိုင်ငံ ရှမ်းပြည် (့) ကပါ။
9. အခုပဲသမီးခြေထောက် ညာဘက်ကခြေဖဝါးကနေ
10. အသဲကင်ဆာကအများဆုံး ၁ဝ နှစ်နေရတယ်ဆိုတာ ရှိပါသလားဆရာ။
11. ကလေးက ၁ နှစ် ၇ လ။ ထမင်းမစား နောက်နို့ဘူးလဲမစို့ပဲ
12. ကျွန်တော် အသက် (၃၉)နှစ်ပါ။ ယောက်ကျားပါ။
13. ကျွန်မ၏ မိခင်မှာ လွန်ခဲ့သော ၁ နှစ် ခန့်မှစပြီး
14. ကျွန်တော် နှာချေ ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။
15. ဆရာသွားကိုက်ပျောက်ဆေးလေးညွှန်ပေးပါအုံး။

28-2-2013 Facebook
ကန်တော့နော် ဆရာ မနေ့လောက်က စပြီး ကျနော့် ဖင်ကြားထဲမှာ တော်တော် နာတယ် ဆရာ။ စအိုမှာ မဟုတ်ဘူး။ ဘေးကြွက်သားမှာပါ ဆရာ။ ဝက်ခြံပုန်းလိုမျိုး။ စမ်းကြည့်ရင် အထဲမှာ တင်းနေတယ် ဆရာ။ ကျနော် ဝမ်းတော့ နူတ်ထားတယ် ဆရာ။ အဲဒါ ဘာဖြစ်တာလဲ သိချင်လို့ပါ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Sat, Mar 2, 2013 at 8:44 PM
နွေရာသီမှာဘာတွေဆင်ခြရင်မယ်ဆို တာတွေကိုတစ်ပေါင်းတစ်စည်းထဲ သိချင်လို့ပါဆရာ။ ဆရာအဆင်ပြေရင် Links လေးတစ်ခုလောက် ညွှန်းပေးပါဆရာ။

Summer Time Infections နွေရာသီမှာ ဆင်ခြင်စရာ ကူးစက်ရောဂါ

Fri, Mar 1, 2013 at 5:13 PM
ဆရာဆီစာရေးပြီးနောက်နေ့ အရိုးအကြောဆရာဝန်နဲ့သွားပြပြီး ဓာတ်မှန်ပါရိုက်လိုက်တယ်။ ဓာတ်မှန်မှာ အားလုံး ကောင်းတယ်လို့ ဆရာဝန်ကပြောပါတယ်။ ဘယ်ဘက်တင်ပါးရိုးကထိုင်တာကြာရင်ပူလာပြီးနေလို့မကောင်းဘူး တခါတလေ ဘယ်ဘက်ပေါင်ခြံပူထူလာပါတယ်။ ဆရာဝန်ပေးတဲ့ဆေးတပတ်သောက်ရမှာ တပတ်မပြည့်ခင်ထပ်နာလို့ နောက်ထပ်အရိုးအကြောဆရာဝန် တစ်ယောက်နဲ့ထပ်ပြပါတယ်။ ဒုတိယဆရာဝန်က ပထမဆရာဝန်ပေးတဲ့ဆေးကုန်မှ သူ့ဆေး ၅ရက် စာသောက်ဖို့ ပြောပါတယ်။ ဒီနေ့စသောက်ရမှာပါ။ ဘယ်ဘက်တင်ပါးရိုးဘက်မပူတော့ပေမဲ ဒီနေ့ ကုတင်ပေါ်မှာ ခေါင်းအုန်းနဲ့မှီပြီးထိုင်တာနဲနဲကြာသွားပါတယ်ဆရာ အခု မြှီးညှောက်ရိုးမနာဘဲနဲ့ အဲ့ဒီနားတဝိုက် အပူလောင်သလိုခံစားနေရပါတယ်။ ဒီတပတ်ဆေးသောက်ပြီးမပျောက်ရင် ထပ်သွားပြရမှာပါ။ ညဘက် တရေးနိုးရင် တကိုယ်လုံးကိုက်နာကျင်သလိုခံစားရပါတယ်။ နေ့ခင်းဘက်တော့မနာတော့ပါ။ ဘယ်လိုရောဂါများဖြစ်နိုင်ပါလဲ ဆိုတာ ရှင်းပြပေးပါဆရာ။
ပထမဆရာဝန်ပေးတဲ့ဆေး Gabapentin, Zicam 15
ဒုတိယဆရာဝန်ပေးတဲ့ဆေး Neurontin 300mg, Vit-B-Denk, Mecobalamin 500mg, Myomethol
အသက် ၂၉နှစ်၊ အိမ်ထောင်ရှိပါတယ်။ အမျိုးသားဆီမှာ STD ပိုးရှိပါတယ်။ ပိုးသတ်ဆေးသောက်ပြီးသွားပါပြီ။ ကျွန်မလဲ ဆီးပိုးမွေးပြီး စစ်ပြီးသွားပါပြီ ဘာရောဂါမှရှာမတွေ့ပါ။ ဆရာဆီ ဒီအကြောင်းစာရေးပြီးလှမ်းမေးဘူးပါတယ်။

ဆရာဝန်တွေလဲပြထား၊ ဓါတ်မှန်လဲ ရိုက်ထားလို့ မစိုးရိမ်ပါနဲ့။ အရိုးကမဟုတ်ပဲ ကြွက်သား။ အာရုံကြောနာတာသာဖြစ်ပါမယ်။ သက်သာပျောက်ကင်းသွားမှာပါ။ အနေအထိုင် သက်သာတဲ့နည်း ဂရုစိုက် နေထိုင်ပါ။

Fri, Mar 1, 2013 at 12:12 PM
ကျွန်တော်ကအဆုပ် TB ရောဂါ ကုထားပြီးသား ပျောက်ကင်းထားတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် အမာရွတ်ကျန်ခဲ့လို့ နိုင်ငံခြားသွားလို့မရဘူးလို့ သိထားပါတယ်။ ဘယ်လိုထောက်ခံချက်တွေပါရင် အလုပ်သွားလုပ်နိုင်မလဲ။ ဘယ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ထောက်ခံစာနဲ့ဆိုအလုပ်သွားလုပ်နိုင်မလဲဆိုတာသိချင်လို့ပါ။

ဆောရီး။ ဆရာမသိပါ။ အုပ်ချုပ်ရေး မေးခွန်းသာဖြစ်မယ်ထင်ပါတယ်။

Sun, Mar 3, 2013 at 1:00 PM
I would like to ask one thing for my baby girl. She is constipated often and only can go toilet twice a week and not easy for her. My wife wants to give MOM one pill per day to my daughter. Is it ok for my daughter? She is 27 months old now.

Constipation ကလေးဝမ်းချုပ်တာအတွက် -
• Changing diet အစားအသောက်ပြောင်းပေးပါ၊
• Laxatives ဝမ်းနုတ်ဆေးတိုက်ပါ၊ ဆေးတိုက်ရတာ ရှားပါတယ်။
• Healthy bowel habits ဝမ်းသွားစေအောင် သင်ပေးပါ။
• Fiber supplements or stool softeners (Metamucil or Citrucel) ဝမ်းပျော့ဆေးလဲတိုက်နိုင်တယ်။
• Enema = Glycerin suppositories ဝမ်းခြူတောင့်နဲ့ ခြူပေးနိုင်တယ်။ ကလေးအရွယ်နဲ့တော်တာသုံးရမယ်။ ဝယ်မရရင် ဆပ်ြပာကို ဆေးတောင့်ပုံစံလေးလုပ်ပြီး စအိုထဲ ထည့်ပေးနိုင်တယ်။ Hospital enema (Simple enema = Soap + warm water) ဆေးရုံတွေမျာ ဝမ်ခြူသလို ဆပ်ပြာရည်နဲ့ ရေခပ်နွေးနွေးသုံးနိုင်တယ်။
• High-fiber diet ဖိုက်ဘာများအစားအစာ = beans, ပဲသီးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ whole grains ဖွေးဖြူသွားအာင်အထိ ချွတ်မထားတဲ့ အစေ့အဆန်၊ fruits သစ်သီးအမျိုးမျိုး (သင်္ဘောသီး)၊ vegetables ဟင်းသီး ဟင်းရွက်တွေ များများကြွေးပါ။ cheese ဒိန်ခဲ၊ meat အသားတွေနဲ့ processed foods ပြုပြင်စီမံထားတဲ့ အစာတွေလျှော့စားစေပါ။
• မြန်မာတွေအိမ်သုံးဖြစ်တဲ့ မန်ကျီးမှည့် ကောင်းတယ်။ ဖျော်ရည်ကို ကလေးသောက်နိုင်အောင်ဖျော်တိုက်ပါ။
• Adequate fluids (Water and other fluids) ရေ + အရည် များများတို်ကပေးပါ။
• Adequate time for bowel movements ဝမ်းသွားချိန်သတ်မှတ်ပေးပါ။ ဒီအချိန်မှာ သူစိတ်ဝင်စားနေတာကို ဖယ်ရှားဘို့ နည်းသုံးပါ။
• Reward your child's effortsကလေးကြိုါ်စားနေတာအတွက် ဆုချတာကောင်းတယ်။ ဝတကယ်မသွားသေးလဲ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။

3-3-2013 Facebook
စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်အတွက် အကောင်းဆုံး ပြုပြင်နေထိုင်နည်းလေး ပြောပြပါဆရာ။
• Depression (1) စိတ်ကျရောဂါ http://dts-medicaleducation.blogspot.com/2011/11/depression.html
• Depression (2) ပုထုဇ္ဇနော http://dts-medicaleducation.blogspot.com/2010/12/mental-health-1.html
• Depression (3) စိတ်ကျခြင်း http://dts-medicaleducation.blogspot.com/2011/01/depression.html

ကျွန်တော်ကိုယ်တိုင်ပါ။ ကျေးဇူးပါဆရာ။

You will be better. Go through the writings and follow the suggestions. If necessary, seek Psychologist's care. You will be OK soon. Be encouraged.

ကျွန်တော်က ဧရာဝတီတိုင်း (့) မြို့ကပါ။ အသက်က 25 ပါ။ အားပေးတယ်။ ကြိုးစားပါ။ လူတွေအများကြီး ခံစားစားနေရတာ။ စိတ်အား လုံးဝမငယ်ပါနဲ့။

ဆယ်တန်း သင်နေတဲ့ guide တစ်ယောက်ပါ။ အခုတလောဘယ်လိုမှန်းမသိပါဘူး။ အလုပ်တွေလဲအဆင်မပြေဘူး။

ဖြစ်တတ်တယ်။ ဖြစ်ပစေပေါ့။ ကျတာပြီးရင် ငြိမ်လာမယ်၊ တက်တာလာမယ်။ စိတ်ကူးတွေ တတ်နိုင်သလောက် နားပါ။ ဆေးလိုနိုင်တယ်။ ဆေးသောက်ပါ။

ကျွန်တော်လ ဒါကိုကျော်နိုင်မှာပါ။

5-3-2013 Facebook
I would like to ask about my nose problem please answer me because I had feel for more than 6 months already and can’t take it anymore. I am having running nose for that much time. I’m working at one of the shopping malls in KL that running nose stop when i reach to my working place. In shopping mall have zircon & very cold even those how come can stop my running nose that what I am thinking. Can you please give me advice sir i had taken many medicinal doctors & many of pharmacies also. Sneeze for more than 50 times every in the morning & also when I go back to my house.

Allergic Rhinitis အလာဂျီ နှာခေါင်း

မျက်စိလဲယားတယ်

Sinusitis Complications လားမသိဘူးဆရာ

• Sinus (ဆိုင်းနပ်စ်) http://dts-medicaleducationblogspotin/2012/03/sinushtml
• Sinusitis (ဆိုင်နူဆိုက်တစ်) http://dts-medicaleducationblogspotcom/2009/08/blog-post_25html

ဖတ်ပြီးပြီဆရာ။ နောက်ပြီး (အလာဂျီ) ဖြစ်စေတဲ့ အရာတွေကို ယဉ်ပါးအောင်ပြုလုပ်ခြင်း၊ Allergy desensitization လုပ်သင့်ပါတယ်။ ဒါမှ နောင် ရှောင်နိုင်မှာပါ။ ဆားရည်ဖြင့်စိမ်ခြင်း၊ Saltwater rinses ဆိုတာ ကရိယာဝယ်ပြီး လုပ်နိုင်ပါတယ်။ ရေကျက်အေး ၁ ခွက်ထဲမှာ အိမ်သုံးဆား (အိုင်အိုဒင်း မပါ) လက်ဘက်ရည်ဇွန်း တဝက်၊ မုံ့ဖုတ်ရာမှာသုံးတဲ့ ဆိုဒါမှုံ့ နဲနဲထည့်ရပါမယ်။ ဆိုဒါမှုံ့က အပူမလောင်အောင် ကာကွယ်ယုံပါ။ Vaporizers ခေါ်တဲ့ ရေနွေးငွေ့ရှူတဲ့နည်းလဲ ကောင်းပါတယ်။ ရိုးရိုးလေးပါ။ ရေကိုပွက်အောင်လုပ်ပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူပေးရတာပါ။ လျှပ်စစ်ရှိလို့ ကရိယာဝယ်သုံးရင် ပိုကောင်းတာပေါ့။ ဈေးလဲမကြီးပါဘူး။ ဆိုတာကိုလုပ်မလို့ 

Saltwater rinses လို့ပြောပြီးဝယ်မယ်နော်။

Tue, Mar 5, 2013 at 1:16 AM
ကျွန်တော် မြန်မာနိုင်ငံ ရှမ်းပြည် (့) ကပါ။ ဆရာ့ရဲ့ Hblog မှာ ကျန်မာရေး အကြောင်းအမျိုးမျိုး ဖတ်နေရပါတယ်။ ကျွန်တော်တို့ နေရာမှာတော့ website ဖွင်လို့ခက်တယ်။ connection မကောင်းပါသဖြင့် ဆရာ့ကို ကျွန်တော် email နဲ့ပဲ သိချင်တဲ့ဟာ မေးလိုက်ပါတယ်။ ကွန်တော်က ဗိုက်နာလို့ ဆေးရုံကြီးမှာပြတယ် သွေး၊ဆီး အားလုံးစစ် တယ် သွေးက Retro, HCV,HBs, ငှက်ဖျား၊ ဆီးအားလုံးစစ်တယ်။ ဘာရောဂါလည်းမတွေ့ဘူး။ ဗိုက်နာတာက ဗိုက်ရစ်နာဖြစ်ပြီး အိမ်သာ ခဏခဏတက်ရတာ ဝမ်းလည်းမလျှောဘူး။ ဝမ်းသွာချင်လာရင်ရစ်နာ ဖြစ်ပြီး သွာတဲ့ဝမ်းလည်း အစာမကြေတဲ့ ဝမ်းဘဲသွားတယ်။ ဗိုက်မနာတဲ့အချိန်တော့ အစာကြေတဲ့ဝမ်းသွားတယ်။ ဆေးလည်းထိုးဆေးလည်းသွင်း တယ်မပျောက်ဘူး ဘာရောဂါဖြစ်နိုင်မလဲဆရာ။ ဘာဆက်လုပ်ရမလဲ။ ဆရာဝန်သည်ပြောတာက အစာအိမ်ရောဂါလည်း မဟုတ်ဘူးလို့ပြောတယ်။ ဗိုက်က အမြဲအော်နေတယ။် အခုကျွန်တော်တို့ ဒေသမှာတော့ ဝမ်းကိုက်ဝမ်းလျောလည်း ဖြစ်ကြတယ်။ ဒါပေမယ့် တစ်ချို့က ဆေးထိုး ဆေးသာရင်ပျောက်တယ်။ ကျွန်တော်က မပျောက်တတ်ဘူးဖြစ်နေတယ်။ ဘာဆက်စစ်ရမလဲ ဘယ်လိုကုသရမလဲ စိတ်လည်းကုန်ပြီဆရာ။ ဘယ် ဆေးရုံမှာ ထပ်ပြရမှာလဲ။

အသက် မသိရပါ။ ဖြစ်တာဘယ်လောက်ကြာ မသိရပါ။
Diarrhea (GE) ဝမ်းတလုံးကောင်း ခေါင်းမခဲ (၂)
Diarrhea in Children ကလေးဝမ်းသွားရင်

Mon, Mar 4, 2013 at 11:21 PM
အခုပဲသမီးခြေထောက် ညာဘက်ကခြေဖဝါးကနေ ခြေသလုံးကြွက်သားထိ ထုံကျင်ပြီး ကိုက်ခဲနေတယ်ဆရာ။ ပထမခြေထောက်ကျင်တယ်ထင်တာဆရာ။ ခုကဆက်တိုက်ခံစားနေရတယ်။ လေဖြတ်နိုင်လားဆရာ။ ဘယ်လို အခြေနေကြောင့်လဲ။ ငယ်ငယ်ကမိုးတွင်းနဲ့ ဆောင်းဘက်မှာဆို ခြေဆစ်လက်ဆစ်ကိုက်ပြီး ခြေတကောက်တို့ လက်တချောင်းထဲ ကိုက်တာတို့ နောက်ခြေဆစ်နဲ့ လက်ဆစ်ညိုမည်းတဲ့ထိ ဖြစ်ဖူးပါတယ်။ ၅ တန်းလောက်ကစဖြစ်တာပါ။ အခုက၂၂နှစ်ပါဆရာ။

ကိုက်တာရော ထုံတာရေ တဖက်တည်းမှာ နေရာ သတ်သတ်မှတ်မှတ်ဖြစ်နေတာက သူနဲ့ဆိုင်တဲ့ အာရုံကြောမှာ တခုခုဖြစ်နေလို့နေမယ်။ ဖြစ်တဲ့နေရာနရဲ့အထက်ကနေလာတာ။ အစအရင်းက ခါးရိုးကနေဆင်းတာ။ တနေရာရာမှာဖြစ်နေနိုင်တယ်။ အနေအထိုင် ဂရုစိုက်ပါ။ အာရုံကြောကိုဖိအားသက်ရောက်စေမှာကို ဆင်ခြင်ရမယ်။ ခါးဆန့်အိပ်တာ လှဲတာကောင်းတယ်။ ခါးကုန်းရတာ မကောင်းပါ။ ဆေးအနေနဲ့ အနာအကိုက် သက်သာဆေး တခုခုကို အစာနဲ့သောက်ပါ။ တနေ့မှာ ၂-၃ ခါသောက်ပါ။ Neurobion စားဆေးလဲ တနေ့ ၂ ခါသောက်ပါ။ လိုလိုမယ်မယ် Calcium လဲ သောက်ပါ။

အသဲကင်ဆာကအများဆုံး ၁ဝ နှစ်နေရတယ်ဆိုတာ ရှိပါသလားဆရာ။

Ca Liver အသဲကင်ဆာ အမေး-အဖြေ

နဲနဲတော့နားမလည်ပေမယ့် အခုလိုအချိန်ပေးဖြေပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်။ နောက်တခုလောက်မေးချင်ပါတယ်။ ကလေးက ၁ နှစ် ၇ လ။ ထမင်းမစား နောက်နို့ဘူးလဲမစို့ပဲ ကျမနို့ပဲစို့ပါတယ်ဆရာ။ နို့ကဖြတ်ပြီးတာ ၃ လရှိပြီ။ ခုပြန်စို့နေပါတယ်။ နို့ပုတ်စို့မိတာမျိုးဖြစ်တတ်လားဆရာ။ အာဟာပြည့်ဝအောင် ဘယ်လိုကျွေးရမလဲ။ တနေ့တနေ့ပိန်လာလို့ စိတ်မကောင်း ဖြစ်ရပါတယ်ဆရာ။

ကလေးနို့တိုက်တာကို ဆရာဝန်တွေကလဲ အယူအဆ မတူကြပါ။ ၆ လကစပြီး ဖြည့်စွက်စာကြွေး၊ ၁ နှစ်နေရင်ဖြတ်။ နောက် ၁ နှစ်ခံဖြတ်။ နောက် နောက်ကိုယ်ဝန်ရှိရင်ဖြတ်။ မကြာေးသးခင်က ဆရာ့ဆေးခန်းကိုလာတဲ့ အမေရိကန် ဆေးကျောင်းသူ၊ ကလေးအမေက ဆရာ့ဆရာမတွေကို သင်တန်းပေးတော့ နို့ထွက်နေသလောက်တိုက်ပါ။ နောက်ကိုယ်ဝန်ရလဲ တိုက်နိုင်တယ်။ နောက်ကလေးမွေးလို့ အကြီးက စို့ချင်သေးလဲတိုက်ပါတဲ့။ နို့တို့ဖြတ်တဲအကြောင်း။ ထပ်သိရမှာက တခြားအစားအစာကြွေးဘို့ လိုသေးတယ်။ နို့တခုတည်းနဲ့တော့ ၆ လနောက်မှာ မလုံလောက်ပါ။ ကလေးအစားပျက်ရင် လုပ်ပေးနိုင်တာတွေရှိတယ်။ အစားအမျိုးအစားပြောင်းတာအပြင် ဗီတာမင် ဘီအုပ်စုဆေးရည်တိုက်ပါ။ Cypon ဆေးရည်တိုက်တာတွေက ကလေးစားချင်စိတ် တိုးတက်လာမယ်။
အသဲကင်ဆာ ရောဂါမှန်းသိတဲ့နောက် အရင်က ၆ လ အထိသာနေရတယ်လို့ထင်မှတ်ထားတယ်။ ခုနောက်ပိုင်း ဆေးကုနည်းတွေတိုးတက်လာနေပါတယ်။

Mon, Mar 4, 2013 at 11:52 AM
ကျွန်တော် အသက် (၃၉)နှစ်ပါ။ ယောက်ကျားပါ။ နိုင်ငံခြားမှာ အလုပ် လုပ်နေတာပါ။ သွေး O group, Body Weight - 888 KG (ဝနေပါတယ်)။ Height - 5' 6" အိမ်ထောင်ရှိ။ ဇနီးက ၄၇ နှစ်။ ရန်ကုန် မှာပါ။ ကလေး မရှိ။ office မှာ computer သုံးနေရသူ ၁ ဦးပါ။ ပြီးခဲ့တဲ့ ၂-၃ ရက် စပြီး ညာဘက် လက်ချောင်းလေးတွေ (လက်မနှင့် လက်ညှိုး) တုန်လာ လှုပ်လာပါတယ်။ ကြာကြာလှုပ်ပြီး ခဏ ရပ်သွားပြီး ပြီးရင် ပြန်လှုပ်လာပါတယ်။ အရမ်း စိတ်ပူလာတယ်။ computer သုံးတဲ့အခါ လက်ချောင်းလေးတွေ တုန်နေတော့ ဒုက္ခ ရောက်ရပါတယ်ဆရာ။ ဘာကြောင့်ဖြစ်တာလဲ။ ဘာလုပ်ရမလဲ ဘယ်လို ကုသရမလဲ။ ဘာဆေး သောက်ရမလဲ ဆရာ။

Tremor လက်တုန်ခြင်း

Mon, Mar 4, 2013 at 7:27 PM
ကျွန်မ၏ မိခင်မှာ လွန်ခဲ့သော ၁ နှစ် ခန့်မှစပြီး မနက်မိုးလင်း ၄ နာရီ လောက်တွင် အိပ်နေရာမှ လည်ချောင်းအတွင်းမှ တစ်ခုခု ကျဆင်းလာသည်ဆိုပြီး တံထွေး ထထပြီး ထွေး ရာ ကော်ဖီရောင်ဘက်ရောက်ပြီး တခါတရံ သွေးလိုလို ပြည်လိုလိုနှင့် ဖြစ်သောကြောင့် နားနှာခေါင်း လည်ချောင်းဆရာဝန်နှင့် ပြသပါသော်လည်း မထူးခြားပါ။ ဆရာဝန်မှလည်း နားနှာခေါင်းလည်ချောင်း အားလုံးကို သေချာ စမ်းသပ်ပေးပါသည်။ ထို့ကြောင့် အထွေထွေ အထူးကုနှင့် ပြောင်းပြရာ သွေးတိတ်ခါတ်နည်း ရောဂါဟု အမည်တပ်ပြီး folic acid နှင့် orofer အရည် ကို ၁ နေ့ ၁ကြိမ် သောက်ခိုင်းပါသည်။ ပျောက်လိုက် ပြန်ဖြစ်လိုက်နှင့် ယခုရက်ပိုင်းတွင်မှ အမေက လျှာကထွက်တာဟု သိလာရပါသည်။ လျှာကများလား မသိဆို ပြီး သူ့ဘာသာသူ စုတ်ပြီး ထွေကြည့်ရာမှ သိခြင်း ဖြစ်ပါသည်။ မိခင်မှာ အသက် ၆၇ နှစ် ရှိပြီဖြစ်ပါသည်။ ကျွန်မတို့လည်း စိုးရိမ်သောကြောင်း ဆရာ့အား မေးမြန်း လိုက်ရပါသည်။

ဆရာဝန်တွေနဲ့ပြထား၊ ဆေးလဲစစ်ထားလို့ မစိုးရိမ်ပါနဲ့။ ကော်ဖီရောင်လိုဆိုတာ သွေးက သွေးကြောထဲကနေထွက်ပြီးတာ အချိန်နဲနဲကြာနေလို့ဖြစ်တယ်။ ထွက်တဲ့နေရာဟာ (၁) လျှာ)၊ (၂) အစာလမ်း၊ (၃) အသက်ရှူလမ်း တခုခုကဖြစ်မယ်။ အသက်ရှူလမ်းဆိုရင် သွေးနီနီရဲရဲသာ ထွက်မယ်။ အစာလမ်းဆိုရင် အန်ချင်သလိုကနေသာ သွေးပါမယ်။ လျှာကနေထွက်တတ်သူဟာ တခြားသွေးယိုတတ်တာရှိမရှိသိသင့်သေးတယ်။ ဥပမာ သွားဖုံး။ သွေးခည်ဥတာ သူများထက် ပိုဖြစ်တတ်သလား။ သွေးတတ်စေမဲ့ဓါတ်နည်းသူတွေမှာလဲ ထွက်တာမို့ ဗီတာမင် (စီ) ၅ဝဝ အားကိုလည်းသောသ်သင့်တယ်လို့ထင်ပါတယ်။

Mon, Mar 4, 2013 at 4:58 PM
ကျွန်တော် နှာချေ ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။ တီဘီရောဂါစစ်ပြီး မရှိတော့ ကျွန်တော့်ကို အာသီးနည်းနည်းနီတာတွေ့တယ် ဆိုပြီး ပိုးသတ်ဆေးနှင့် ပါရာစီတမောကိုပေးပါတယ်။ သူပေးတဲ့ပိုးသတ်ဆေးက (Amoxicillin 875mg + Clavulanic Acid 125mg) ဖြစ်ပြီး မနက် ၁လုံး ည ၁လုံး ကို ၁ဝရက်သောက်ခိုင်းပါတယ်။ အဲ့ဒီ့ဆေးကို သောက်တာ၂ ရက်ပဲရှိသေးပြီး ခေါင်းတွေမူး ပါးစပ်တွေခါး ပြီး အားအင်လဲကုန်ခန်းပါသည်။ အဲ့ဆေး စသောက်တဲ့အချိန်မှာလဲ နေကောင်းနေပါပြီ။ အဲ့ပိုးသတ်ဆေးကို ကျွန်တော်ဆက်မသောက်တော့ရင်ရလားဆရာ။ လူကြီးတွေကပြောတော့ ပိုးသတ်ဆေးကအဖျားကျသွားရင် ဆက်မသောက်လဲရတယ်လို့ ပြောပါတယ်။ သုံးလေးရက်လောက်ပဲရောသောက်လို့မရဘူးလား။ဘယ်လိုဆက်သောက်သင့်ပါသလဲ။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအမျိုးအစားကို ၄ ရက်အနည်းဆုံး သောက်သင့်ပါတယ်။ Amoxacillin 500mg တနေ့ ၂ ကြိမ်နဲ့ဆို ရပါမယ်။
Amoxicillin and clavulanic acid ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ -
• diarrhea ဝမ်းလျှော၊
• upset stomach အစာမကျေ၊ ဗိုက်အောင့်၊
• vomiting အန်၊
• mild skin rash အရေပြားအနီကွက်နည်းနည်းထွက်။

6-3-2013 Facebook
ဆရာသွားကိုက်ပျောက်ဆေးလေးညွှန်ပေးပါအုံး။

Toothache: First aid သွားကိုက်ခြင်း ရှေးဦးသူနာပြုခြင်း
(၁) Self-care tips အိမ်မှာလုပ်နိုင်သည်များ
• Rinse your mouth with warm water ရေနွေးငုံပါ။ ရေနွေးနဲ့ ပလုပ်ကျဉ်းပါ။
• Use dental floss သွားရှင်းစရာနဲ့ သွားကြားထဲရှိနေတာတွေကို ရှင်းပေးပါ။
• OTC pain reliever to dull the ache ဆေးဆိုင်ကအလွယ်ဝယ်ရတဲ့ အနာ-အကိုက်ပျောက်ဆေး တခုခုကို ဆေးညွှန်းအတိုင်း သုံးပါ။
• OTC antiseptic containing Benzocaine ဆေးပါတဲံ ထည့်ဆေးကိုက်တဲ့နေရာမှာ ထည့်ပါ။
• Direct application of oil of cloves (eugenol) လေးညှင်းဆီသုံးနိုင်ပါတယ်။

(၂) Call your dentist ၂-၃ ရက်နဲ့ မသက်သာရင် သွားဆရာဝန်ကိုပြပါ။
• Painkillers အနာသက်သာဆေးများ http://dts-medicaleducation.blogspot.in/2012/06/painkillers.html
• NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
• NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.com/2011/11/nsaid.html

Friday, March 1, 2013

Hospital-acquired infection ဆေးရုံ-ကူးစက်ရောဂါ

Thu, Feb 28, 2013 at 12:39 PM
ဆေးရုံတွေမှတဆင့် ကူးစက်နိုင်သောရောဂါများထဲမှာ ခွဲစိတ်ဒဏ်ရာပိုးဝင်ရောက်ခြင်းအပြင် အခြား မည်သည့်ရောဂါများ ကူးစက်နိုင်သည်ကို သိရှိလိုပါသည်ခင်ဗျာ။ ထို့အပြင် ခွဲစိတ်ဒဏ်ရာပိုးဝင်ရောက်ခြင်းကြောင့် လူနာအနေဖြင့် အသက်အန္တရာယ် စိုးရိမ်ရမှုရှိ၊ မရှိ နှင့်မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ပွားရသည်ကို သိရှိလိုပါသည်။ လက်ရှိ မြန်မာနိုင်ငံရှိ အစိုးရဆေးရုံများ၏ သန်ရှင်းရေး အခြေအနေအပေါ် ဆရာရဲ့ သုံးသပ်ချက်အမြင်ကိုလည်း သိရှိလိုပါသည်။

ဆေးရုံတက်လူနာတွေ၊ လူနာစောင့်နဲ့ လူနာမေးလာသူတွေရော ဆေးရုံမှာ အလုပ်လုပ်နေသူတိုင်းကို ဆေးရုံတွေကနေ ကူးစက်ရောဂါတွေရတယ်။ ဆေးစာနဲ့ Hospital-acquired infection ဆေးရုံရ ကူးစက်ရောဂါတွေလို့ခေါ်ပါတယ်။ Nosocomial infection (နိုဆိုကော်မီကယ်) ကူးစက်ရောဂါဆိုတာက ဆေးရုံဝန်းကျင်မှာ ပျော်နေကြတဲ့ ရောဂါပိုးတွေကနေ ကူးစက်ရောဂါတွေ ရစေတာ ဖြစ်ပါတယ်။ ဖန်းဂတ်စ် (မှို) တွေ၊ ဗက်တီးရီးယားတွေ။ ဗိုင်းရပ်စ်တွေ ပါဝင်တယ်။ ဝေဒနာခံစားနေရလို့ ကိုယ်ခံစွမ်းအား နည်းနေသူတွေမှာ ပိုဖြစ်လာစေတယ်။

မြန်မာပြည်မှာ ဘယ်လောက်များသလဲ ဆန်းစစ်မှုတွေ မသိပါ။ တိုးတက်မှုထိပ်ဆုံးက အမေရိကားမှာ တနှစ်ကို ဆေးရုံ ကူးစက်ရောဂါသည်ပေါင်း ၂ သန်းရှိပြီး၊ ဒီအထဲက လူနာပေါင်း ၂ သောင်း၊ သေဆုံးနေပါတယ်။ ဥရောပမှာ (ဂရမ်-အနုတ်) ဗက်တီးရီးယား အမျိုးအစားကြောင့် တနှစ်မှာ လူနာပေါင်း နှစ်သောင်းခွဲ သေဆုံးစေပါတယ်။

(နိုဆိုကော်မီကယ်) ကြောင့် အလွန်ဆိုးလှတဲ့ နူမိုးနီးယား၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ သွေးထဲပိုးဝင်တာ၊ ကိုယ်ခန္ဓာ တခြားနေရာမှာ ပိုးဝင်တာတွေ ဖြစ်စေနိုင်တယ်။ ဆိုးတယ်လို့ ပြောရတာက ဒီပိုးတွေဟာ သုံးနေကြ ပဋိဇီဝဆေးတွေကို ခံနိုင်ကြလို့ပါ။ ဆေးရုံကပါလာပြီး နေအိမ်တွေကိုပါ ပြန့်နှံ့စေသေးတယ်။

ပိုးနာမည်တွေကို စာရင်းချရင် မနည်းလှပါ။
• Ventilator-associated pneumonia
• Staphylococcus aureus
• Methicillin resistant Staphylococcus aureus
• Candida albicans
• Pseudomonas aeruginosa
• Acinetobacter baumannii
• Stenotrophomonas maltophilia
• Clostridium difficile

ဒီလိုပိုးတွေကနေ -
• Tuberculosis တီဘီ၊
• Urinary tract infection ဆီးလမ်းပိုးဝင်ခြင်း၊
• Hospital-acquired pneumonia ဆေးရုံကရ နူမိုးနီးယား၊
• Gastroenteritis အစာလမ်းရောင်၊
• Vancomycin-resistant Enterococcus ဆေးယဉ်ကူးစက်ရောဂါ နဲ့
• Legionnaires' disease ရောဂါတွေရစေတယ်။

Transmission ဘယ်လမ်းကြောင်းတွေကနေ ရောဂါပိုးတွေ ဝင်လာသလဲ။
1. Direct contact တိုက်ရိုက်ထိစပ်ခြင်း။ အများဆုံးကူးပါတယ်။
2. Droplet transmission အမှုံလေးတွေကနေကူးခြင်း။ ချောင်းဆိုး၊ နှာချေ၊ စကားပြောရာကနေ ကူးတယ်။
3. Airborne transmission လေထဲကနေကူးခြင်း။ 5 µm ထက်ငယ်တဲ့ အမှုံအမွှားလေးတွေက လေငွေ့၊ ရေငွေ့ ပျံတာထဲမှာ ပါနေနိုင်တယ်။ သူတို့ထဲမှာ ပိုးတွေပါနေမယ်။ နောက်တယောက်က အသက်ရှူတဲ့အခါ ပါသွားမယ်။ ဒီလိုမဖြစ်စေအောင် လေကို စနစ်တကျထိန်းသိမ်းရေး၊ ကြံခိုင်ရေးတွေ လုပ်နေရပါမယ်။ Legionella, Mycobacterium tuberculosis ဗက်တီးရီးယားတွေအပြင် Rubeola နဲ့ Varicella viruses ဗိုင်းရပ်စ်ပိုးတွေ ဖြစ်ကြတယ်။
4. Common vehicle transmission ကြားခံကသက်မဲ့တွေတဆင့်ကူးခြင်း။ အစားအသောက်၊ ရေ၊ ဆေးဝါး၊ ကရိယာပစ္စည်းတွေကနေ ကြားခံပြီး ကူးတယ်။
5. Vector borne transmission ကြားခံသက်ရှိအကောင်လေးတွေကနေတဆင့်ကူးခြင်း။ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ်၊ စသည်။

ဘယ်လိုအခြေအနေတွေမှာ အန္တရာယ်ရှိသလဲ။
လူနာဖြစ်နေရခြင်း၊ အသက်ကြီးခြင်း၊ လမစေ့ပဲမွေးလာရခြင်း၊ အင်္ဂါအစိတ်အပိုင်း အစားထိုးထားလို့ ကိုယ်ခံအားကို တမင်ကျစေအောင်ဆေးသုံးနေရခြင်း၊ ဓါတ်ကင်နေရခြင်း၊ ကင်ဆာဆေးသုံးနေရခြင်း၊ အသက်ရှူလမ်းပိတ်ရောဂါ ရှိနေသေးခြင်း၊ ကိုယ်ထဲကို စမ်းသပ်ကရိယာ၊ ဆေးကုသကရိယာတွေ ထည့်သွင်းခံရခြင်း၊ ပိုက်အမျိုးမျိုးတပ်ထားရခြင်း၊ ပိုးသေဆေး၊ လေနာဆေးသောက်နေရခြင်း၊ သွေးသွင်း၊ ဆေးသွင်းရခြင်း၊ ဆေးထိုးရခြင်း၊ ဆေးထည့်ရခြင်း။

အတန်းအစားခွဲခြင်း
ဗက်တီးရီးယားက ထိပ်မှာရှိတယ်။ MRSA ဆိုတာ ဆေးယဉ်တဲ့ S. aureus ပိုးကနေဖြစ်တယ်။ သူက ဂရမ်-အပေါင်း အမျိုးအစား နဲ့ ဂရမ်-အနုတ် အမျိုးအစားက Acinetobacter baumannii ဖြစ်တယ်။ နောက်အမျိုးအတွက် ဆေးက ရှားသေးတယ်။ Polymyxin-type antibacterials ဆေးမျိုးနဲ့ကုမှရမယ်။ နောက်တမျိုးက ဂရမ်-အနုတ်၊ ဆေးယဉ်တဲ့ Klebsiella pneumonia နူမိုးနီးယားပိုး ဖြစ်တယ်။ (နိုဆိုကော်မီကယ်) ကူးစက်ရောဂါတွေထဲက သုံးပုံတပုံဟာ ကာကွယ်လို့ရတာတွေလို့ ဆိုနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ။
• ဆေးရုံတွေမှာ Hospitals sanitation protocols သန့်ရှင်းရေးလက်စွဲထားကြရတယ်။ ယူနီဖေါင်း၊ ကရိယာ ပစ္စည်း၊ ဆေးကြောလျှော်ဖွတ်ခြင်း စတာတွေအတွက် ဘယ်လိုဘယ်ပုံလုပ်ရမလဲ အားလုံးစုံ ရေးထားပြီး လိုက်နာကြရတယ်။ စစ်ဆေးနေရမယ်။
• ဆေးရုံတာဝန်ရှိသူများအားလုံးအတွက် (ချက်-လစ်)
- လက်တွေကို ဆပ်ပြာ + ရေနဲ့ လိုအပ်လာတိုင်းဆေးပါ။ လိုအပ်သေးချိန်မှာ အရက်ပျံသုတ်လိမ်းပါ။
- လူနာအရေပြားကို ပိုးသန်ဘို့ရာ Chlorhexidine ၂% ပါတဲ့ဆေးရည် တမျိုးသုံးပါ။ တခြားဆေးလည်း သုံးနိုင်တယ်။
- နှာခေါင်းစီး၊ Cap ခေါင်းစီး၊ ပိုးသန့်ပြီးဝတ်ရုံ၊ ပိုးသန့်ပြီးလက်အိတ်တွေ သုံးပါ။
• Sterilization ပိုးသန့် နည်းတွေထဲမှာ Chemicals ဓါတုနည်း၊ Ionizing radiation ဓါတ်ရောင်ခြည်နည်း၊ Dry heat အပူခြောက်၊ Steam under pressure ရေနွေးငွေ့ + ဖိအားနည်းတွေပါတယ်။
• ကူးစက်ဆောင်မှာ သီးသန့်ခွဲထားတာ လိုအပ်သူတွေအတွက် လုပ်ရမယ်။
• ဆေးရုံကိုလာသူတိုင်းလဲ ဆေးရုံတာဝန်ရှိသူတွေက ညွှန်သလို လိုက်နာကြရမယ်။
• လက်အိပ်ကနေ ဆရာဝန်ဆီကရောဂါကို လူနာကိုရော၊ လူနာဆီကနေ ဆရာဝန်ဆီသမကာ လူနာ တယောက်ကနေ နောက်တယောက်ကို ဆရာဝန်ဆီကတဆင့်ကူးမှာကိုပါ ကာကွယ်တယ်။
• မျက်နှာပြင် ပိုးသန့်ခြင်းနည်းရှိတယ်။ စားပွဲ၊ ကုတင်၊ ထိုင်စရာ စသည်။
• Antimicrobial copper alloy ကြေးနီသတ္တုရောက ကောင်းတယ်။
• NAV-CO2 နည်းက ခေတ်မီနည်းဖြစ်တယ်။
• Hydrogen peroxide vapor ဟိုပ်ဒရိုဂျင်-ပါအောက်ဆိုက် ဓါတ်ငွေ့နည်းလဲ ကောင်းတယ်။
• အေပရွန် (ကိုယ်ကာအစ) သုံးကြရမယ်။

ခွဲစိတ်ခန်းကနေ ပိုးဝင်တာ ဖြစ်တတ်တယ်။
အမှန်က မခွဲခင် ခွဲရမဲ့နေရာ၊ ခွဲရာမှာသုံးတာမှန်သမျှ၊ ခွဲရာမှာ ပါနေသူအားလုံး စနစ်တကျ ပိုးသန့်ထားတဲ့ အခင်းအကျင်းမှာ ခွဲရတယ်ဆိုရင် ခွဲပြီးပေမဲ့ ပိုးသေဆေး တခုမှတောင် ပေးစရာ မလိုပါ။ ပဋိဇီဝဆေးတွေကို ကြိုတင်ပေးတာမျိုးလဲ လုပ်ဘို့မလိုပါ။ လိုပြီဆိုကတည်းက တနေရာမှာ တခုခုလိုသွားတာဖြစ်မယ်။

ဒီလိုကူးစက်မှုတွေ ဘာလို့ဖြစ်ပါသလဲ။ ဆေးရုံမှာ တာဝန်ရှိသူတွေကိုလက်ညှိုးထိုးတာ မမှားပါ။ သန့်ရှင်းရေးလုပ်ရမဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို အတိအကျ မလိုက်နာတာကနေ ဖြစ်ပါမယ်။ အတွင်းလူနာဖြစ်ပြီဆိုကတည်းက ကျန်းမာရေး အတော်ချို့တဲ့နေတာမို့လဲ ခံနိုင်ရည် နည်းနေကြလို့ ကူးစက်ရောဂါတွေက ပိုဆိုးတယ်။ လူနာတဦးကို ပြုစုပေးပြီး နောက်တဦးဆီ ကူးလုပ်ပေးရာကနေ လူနာအချင်ချင်းကြား ဆရာဝန်၊ ဆရာမတွေက "ကယ်ရီယာ" လုပ်ပေးနေသလို ဖြစ်စေနိုင်သေးပါတယ်။

ဆရာဝန်တွေကို အပြစ်ဖို့ပြီးတဲ့နောက် ဆရာ့ဆရာတွေကို အပြစ်တင်ပါရစေ။ (မဆလ) ခေတ်မှာ ပညာကို အားမပေးလို့ တတ်သိတာမှန်သမျှ အသုံးချမရခဲ့ပါ။ လက်ဆေးရမှန်းသိပါရဲ့ ဆပ်ပြာဝယ်ဘို့ရာ ဘတ်ဂျက်ထဲမပါပါ။ အရက်ပျံဆိုတာလဲ ငါးနှစ်စီမံကိန်းထဲ ထည့်ဆွဲပုံမရပါ။ ဒါတွေက ကြာခဲ့ပြီမို့ထားလိုက်ပါဆို ထားပါ့မယ်။ အခုကော လိုချင်တာမှန်သမျှ အားလုံး ရနိုင်နေပါပြီတဲ့။ အခုမေးခွန်းမေးလာတာဟာ တိုးတက်လာတာပါ။ ဒါပေမဲ့ဗျာ "လူနာကို အဝယ်ခိုင်းရတာကတော့ တိုးပျက်လာတာ မဟုတ်ပါလား။" လူနာဆိုတာ မရှိလို့ ရောဂါရသူက ပိုများပါတယ်။ ရောဂါတော့ ပျောက်ချင်ပါရဲ့၊ ဘာမဆို ငွေပေးမှ ဆေးရုံတွေကလဲ လုပ်ပေးတာမို့ ကူးကာမှကူးပေါ့ ကံတရားအားကိုးရမှပဲဆိုသူတွေက အလွန်ကြီး များနေတယ်။

ကောင်းပေ့ဆိုတာမှန်သမျှ သန့်ပေ့ဆိုတဲ့ အရည်အချင်း ပါရတယ်။ ခွဲစိတ်ခန်း၊ သားဖွါးခန်းတွေမှာ ပိုးတွေရှိနေရင် နံရံကအစ ခွါချပြီး အသစ်လုပ်ကြရပါတယ်။ မြန်မာတပြည်လုံးမှာ နံရံဆေးသုတ်နည်းနဲ့ ကူးစက်ရောဂါကင်းသွားမှာ မဟုတ်သလို၊ အစစခွါချပြီး ပြုပြင်နိုင်ရေး ဝိုင်းဝန်းအားပေးကြပါစို့။

ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၃

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...