ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, March 4, 2013

Medical terms ဆေးစာတွေကို မြန်မာလိုပြောရတာ

Sat, Mar 2, 2013 at 8:21 PM
ကျွန်တော်တို့ မြန်မာလူမျိုးတွေက ဘာလို့ လေဖြတ်တာလို့ ပြောတာလဲ။
ပြီးတော့ လေဖြတ်တာကနေ လေသင်တုန်း၊ လေဖြန်းတာ၊ ဝမ်းဗိုက်မှာ လေခံတာတွေ အဲဒီလို အသုံးအနှုန်းတွေ သုံးကြပါတယ်။ လက်တွေ့သင်ရတာက တကယ်တမ်း လေနဲ့မဆိုင်ပါဘူးခင်ဗျာ။ အဲဒါကို ဘာဖြစ်လို့ လေနဲ့ပတ်သတ်ပြီး ပြောတာပါသလဲနဲ့၊ တကယ်လို့ မှားနေရင် အဲဒီ စကားလုံးတွေကို ပြန်ပြင်ဖို့ ဖြစ်နိုင်ပါသလားခင်ဗျာ။ တခြားနိုင်ငံသားတွေကို မြန်မာနိုင်ငံမှာ သုံးတဲ့ အသုံးအနှုန်းကို ပြန်ရှင်းပြရင် အခက်တွေ့မယ့် စကားတွေလို့မြင်ပါတယ်။

မြန်မာဆေးဆရာတဦးအဆိုကတော့ “လေနှင့်ပတ်သက်သမျှ ရောဂါတို့ကို ပြည့်စုံအောင် ထုတ်နုတ်ပြဆိုပါဆိုလျှင် စာဖွဲ့၍ပင် ကုန်အံ့မထင်။ သို့သော် ထူးခြားချက်မှာ လေဆိုသော လေကိုကား ခေတ်သစ်ဆေးသိပ္ပံ ပညာဆိုင်ရာ ကိရိယာ တန်ဆာပလာ အဖုံဖုံနှင့် အနည်းနည်း ရှာဖွေငြားသော်လည်း မည်မည်ရရ တွေ့မည်မဟုတ်ပါချေ။” လို့ ဖတ်ရပါတယ်။

ကျွန်တော်တို့သင်ရတဲ့ ဆေးပညာမျိုးမဟုတ်တဲ့ နယ်ပယ်က ကျန်းမာရေး-ဆေး အသုံးအနှုန်းတွေကို ကျွန်တော်တို့ နားမလည်တာ အမှန်ပါ။ ဆေးပညာစာတွေကို ကျွန်တော်တို့လဲ ဆရာဝန်မျိုးတွေက မြန်မာလို မသင်ခဲ့ကြရပါ။ အင်္ဂလိပ်စာနဲ့သာ ဖတ်ကြရ၊ သင်ကြရတယ်။ အထင်ကြီးအောင်ပြောတာ မဟုတ်ပါ။ မြန်မာလိုစာအုပ် လုံးဝမရှိလို့ပါ။ တတ်သလောက် အင်္ဂလိပ်စာ အခြေခံနဲ့ဆေးစာတွေကို နားလည်အောင်လုပ်ကြရတာ နှစ်ဆပင်ပန်းတယ်လို့ပြောတာလဲ အပိုပြော မဟုတ်ပါ။

ကျွန်တော်တို့က ဆေးစာရေးလဲ အင်္ဂလိပ်စာလုံးပေါင်းနဲ့သာ ရေးရတယ်။ သူနာပြုဆရာမတွေ၊ ဆေးရောင်းသူတွေက နားလည်ကြတယ်။ ခက်တာက လူနာတွေနဲ့ဆက်ဆံရာမှာ အပြန်အလှန် နားလည်လက်ခံမဲ့စာလုံး၊ နာမည်တွေ ရွေးကြရတာပါ။ လူနာတွေကလည်း သူတို့သိတာ၊ ထင်မှတ်တာကိုသာ ပြောပြတယ်။ သူတို့အပြစ်လဲ မဟုတ်ပါ။ “ကျွန်တော်တို့က လူနာဆီကနေ ရောဂါနာမည်ကို မသိချင်ပါ။ ဘယ်လိုခံစားနေရသလဲဆိုတာပဲ သိချင်ကြတာ ဖြစ်ပါတယ်။”

ဆရာဝန်ကနေ ရောဂါနာမည်၊ ဆေးနာမည်ကို အင်္ဂလိပ်လိုပြောရင် အခက်တွေ့ရတာ သိပ်များတယ်။ လူနာတွေကလဲ ကိုယ့်ဖြစ်နေတာကို အထင်နဲ့ပြောကြရတာ များပြန်သေးတယ်။ တချို့ကလဲ ခပ်ဆင်ဆင် စကားလုံးသုံးကြတယ်။ တိုင်းရင်းဆေး၊ ဗိန္ဓောဆေး၊ မိရိုးဖလာဆေးစတာတာတွေက နားရေပိုဝနေလို့ ထင်မှတ်တာကို ပြောကြ၊ ရေးကြတာတွေလဲ မနည်းလှဘူး။ သိုက်စာ ဘာသာပြန်ရသလို။ “ရတနာသိုက်မတွေ့လို့ ကိစ္စမရှိပေမဲ့ ရောဂါသိုက်မတွေ့ရင် ဒုက္ခရောက်မယ်။”

အေလိုပသီ၊ ဟိုမီယိုပသီ၊ အာယုဗေဒ၊ ဗာဘယ်၊ သဘာဝ၊ စတာတွေကလဲ ရောထွေးနေတာရှိတယ်။ ဟိုကစာလုံး၊ ဒီကစာလုံး ကိုယ်ကျွမ်းဝင်တာ၊ ထင်တာ၊ ယူပြောကြတာလဲရှိတယ်။ ဆရာဝန်တွေကလဲ အဲလိုလုပ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ လိပ်ခေါင်းဆိုတာ ကျွန်တော်တို့သုံးပေမဲ့ ဆေးကျောင်းက သင်လိုက်တဲ့စာလုံး မဟုတ်ဘူး။ ဒူလာ ဆိုတာ ဆရာဝန်တွေက မသုံးပါ။ အရပ်ထဲမှာ လိပ်ခေါင်းလဲ ဒူလာ၊ ညောင်းကိုက်တာလဲ ဒူလာ ပြောကြတယ် မဟုတ်လား။ ကျွန်တော်တို့က အစာအိမ်နဲ့ အစာလမ်းမှာဖြစ်တာကိုသာ "လေ" စာလုံး သုံးပေမဲ့ မြန်မာဆေးဆရာတွေက ကျွန်တော်တို့ထက် ပိုကြတယ်။

မေးတဲ့သူပြောတာ ဆက်ပါမယ်။ ဆရာဝန်တချို့က Stroke ဆိုတာကို လေဖြတ်ခြင်းရောဂါလို့သုံးတာ ဖတ်ရပါတယ်။ ဆရာတဦးက “လေဖြတ်ခြင်းလို့ မြန်မာလို ဝေါဟာရ ပြုထားတဲ့ ရောဂါဟာ ဦးနှောက်တွင်း ဧရိယာတစ်ခုကို သွေးထောက်ပံ့မှု ပျက်ယွင်းသွားလို့ အဆိုပါဧရိယာနဲ့ဆိုင်တဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ရုတ်တရက် လျင်မြန်စွာ ပျောက်ဆုံးချို့ယွင်းသွားခြင်း ဖြစ်ပါတယ်။ ဦးနှောက်ဧရိယာ တစ်ခုခု သွေးမရတော့တဲ့ အကြောင်းရင်းတွေက အကြမ်းဖျဉ်း ပြောရရင် (၂) ခု ရှိနိုင်ပါတယ်။ (၁) ထောက်ပံ့ပေးတဲ့ သွေးကြော ပေါက်သွား၍ လေဖြတ်ခြင်း (Haemorrhagic Stroke) နဲ့ (၂) ထောက်ပံ့ပေးတဲ့ သွေးကြော ပိတ်သွား၍ လေဖြတ်ခြင်း (Ischaemic Stroke) လို့ ခွဲခြားနိုင်ပါတယ်။” လို့ ရှင်းပြပါတယ်။

လေဖြတ်တာကို အနီးစပ်ဆုံးဆေးစကားနဲ့ Paralysis (ပါရာလိုက်စစ်) ဖြစ်မယ်။ စိတ်ကနေ စေစားလို့ရတဲ့ ကြွက်သားတွေ အလုပ်မလုပ်နိုင်တော့တာကို ခေါ်ပါတယ်။ တခါတလေ ဖြစ်တဲ့နေရာ (ဘက်) မှာ အာရုံခံစားမှုကိုပါ ထိခိုက်တယ်။ ဗဟိုအာရုံကြောစနစ်ကို ခိုက်ပျက်စီးရာကနေဖြစ်စေတယ်။ အထူးသဖြင့် ခါးရိုးမကြီးထဲမှာရှိတဲ့ အထက်အောက် တန်းနေတဲ့ Spinal cord ဆိုတာမှာ ရောဂါရလို့ဖြစ်တယ်။ တခြားဖြစ်တာတွေကတော့ Stroke (စထုပ်) ဦးနှောက်မှာ သွေးလျှောက်တာ ထိခိုက်မိရာကနေ ပျက်စီးလို့ ဆက်ဖြစ်တာ၊ Trauma with nerve injury အာရုံကြောတွေ ထိခိုက်ပျက်စီးတာ၊ Poliomyelitis (ပိုလီယို-မိုင်လိုက်တစ်) သူငယ်နာအကြောသေရောဂါ၊ Botulism (ဘောတူလဇင်) ရောဂါ၊ Spina bifida (စပိုင်နာ-ဘိုင်ဖစ်ဒါ) မွေးရာပါရောဂါ၊ Multiple sclerosis (မာလ်တီပယ် စကယ်လယ်ရိုးဆစ်) ရောဂါ နဲ့ Guillain-Barré syndrome ရောဂါတွေကြောင့် ဖြစ်တယ်။ Curare ဆေးကြောင့်ဖြစ်ရတာလဲ ရှိသေးတယ်။

Pseudoparalysis (ဆူဒိုပါရာလိုက်ဆစ်) ဆိုတာက အဲဒါမျိုးအတုဖြစ်တာပါ။ Pain အလွန်နာကျင်မှုခံစားနေရချိန်နဲ့ Orgasm လိင်စိတ်ပြည့်ဝနေချိန်မျိုးတွေမှာ တခြားနေရာတွေကို မလှုတ်နိုင် (မလှုတ်ချင်) တာမျိုး။ ကိုယ်တိုင်က ဖါသာချုပ်တီးထားလို့ မလှုတ်နိုင်ဖြစ်နေတာမျိုး။ နောက်ပြီး Congenital syphilis မွေးရာပါဆစ်ဖလစ်ကြောင့် ကလေးတွေမှာ ဒီအမျိုးအစားဖြစ်တတ်တယ်။

Paraplegia (ပါရာပလီဂျီးယား) ဆိုတာလဲရှိသေးတယ်။ ကိုယ်အောက်ပိုင်းမှာ Motor ကြွက်သားလှုတ်ရှားမှု အလုပ်နဲ့ Sensory function အာရုံခံစားမှုတွေ ချို့ယွင်းတာကိုခေါ်တယ်။ စောစောကရေးထားတဲ့ Spinal cord injury ခါးရိုးထဲက အာရုံကြောကိုထိခိုက်နာနဲ့ Spina bifida မွေးရာပါရောဂါတွေကြောင့်ဖြစ်တာများတယ်။ ရင်ခေါင်းပိုင်း၊ ခါးပိုင်း နဲ့ တင်ပါးပိုင်း ဆိုပြီး အစိတ်အပိုင်း တနေရာရာမှာ ဖြစ်တယ်။ လေးဘက်လုံးဖြစ်တာကို Quadriplegia (ကွာဒြီပလီးဂျီးယား) လို့ခေါ်တယ်။ Monoplegia (မိုနိုပလီးဂျီးယား) ဆိုတာက တဖက်တာည်းဖြစ်တာ။

• Spastic paraplegia ဆိုတာက တမျိုး။ တခြား Flaccid paralysis အလုပ်မလုပ်တဲ့ကြွက်သားတွေ ပျောဖတ်ဖတ် မဟုတ်ပဲ Spasticity of muscles တောင့်တင်းနေတာမျိုး ဖြစ်တယ်။
• Hemiplegia (ဟီမီပလီဂျီးယား) ဆိုတာ ကိုယ်တခြမ်းသေတာ။ ဖြစ်တဲ့ဘက်မှာ ခြေရောလက်ပါ လှုတ်မရတော့ဘူး။ (ဟီမီပလီဂျီးယား) က Hemiparesis (ဟီမီပရီးဆစ်) ထက်ပိုဆိုးတယ်။ လုံးဝမလှုတ်နိုင်တာနဲ့ အာနည်းနေတာ ကွာသေးတယ်။ ၂ မျိုးလုံးက မွေးရာပါဖြစ်နိုင်တယ်။ ကြီးမှဆိုရင် Illness နေမကောင်းရာက ဖြစ်တာ၊ Injury ခိုက်မိရာကဖြစ်တာနဲ့ Stroke (ဆထုပ်) ကနေ ဖြစ်စေတယ်။
• Tetraplegia (quadriplegia) မှာ တစိတ်တပိုင်းနဲ့ လုံးဝရှိတယ်။ ခြေ-လက်ရော ကိုယ်ထည်ပါဖြစ်တယ်။ Paraplegia မှာ လက်မဖြစ်ဘူး။
• Paresis (ပရီးစစ်) ဆိုတာမှာ Weakness of voluntary movement စိတ်ကနေလှုတ်လို့ရတဲ့ ကြွက်သားတွေမှာ အားနည်းတာ၊ ဒါမှမဟုတ် Partial loss of voluntary movement တစိတ်တပိုင်းလှုတ်လို့ကိုမရတာ နဲ့ ဒါမှမဟုတ် Impaired movement အရင်လို လှုတ်ရှားမရတာဖြစ်မယ်။
• ခြေလက်မှာအဖြစ်များပေမဲ့၊ မျက်စိမှာဖြစ်တာကို (Ophthalmoparesis) ခေါ်တယ်။ အစာအိမ်မှာဖြစ်တာကို (Gastroparesis) ခေါ်ပြီး၊ အသံဖြစ်စေတဲ့အကြောဖြစ်တာကို (Vocal cord paresis) ခေါ်တာတွေလဲ ရှိသေးတယ်။

နောက်တနေရာမှာ “အာရုံကြောရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါ၊ လေငန်းရောဂါ၊” လို့ ဖတ်ရတာမို့ လေငန်းနဲ့ လေဖြတ်တာ အတူလားမသိပါ။ လေဖြန်းဆိုတာတော့ ကာရံသင့်အောင် ရမ်းသမ်းပြောတာနဲ့တူပါရဲ့။ ကိုယ်ရောင်တာကိုများ ပြောသလားမသိပါ။ လေနဲ့လဲမဆိုင်။ ဦးနှောက်နဲ့လဲ မပတ်သက်ပါ။

“လေသင်ဓုံး” ဆိုတာကို Apoplexy လို့ ဆရာဝန်တဦးက ဘာသာပြန်ထားပါတယ်။ (အပိုပလက်စီ) ဆိုတာ ကိုယ်ခန္ဓာအတွင်းထဲ တနေရာရာမှာ သွေးယိုထွက်ရာကဖြစ်တာမျိုး။ ဥပမာ Ovarian apoplexy ဆိုတာ အမျိုးသမီးတွေ မျိုးဥအိမ်ထဲ သွေးထွက်နေတာ။ အမှန်က ဒီအင်္ဂလိပ်စာလုံးကို အရင်က Stroke (ဆထုပ်) အတွက်သုံးခဲ့တာပါ။ ဆရာဝန်တွေသိတဲ့ “လေ” ဆိုတာ ဒါလောက်ပဲထင်ပါတယ်။

ဆေးစာတွေကို မြန်မာလို တပြေးညီလုပ်လို့ မရနိုင်ပါ။ လူနာ-ဆရာ ဆက်ဆံရေးမှာ အဆင်ပြေအောင်သာ လုပ်သင့်တယ် ထင်ပါတယ်။ အတွေ့အကြုံအရ လူနာကို သူတို့နားလည်သလိုပြောစေပါ။ ကိုယ့်ဘာသာ အဓိပ္ပါယ်ကောက်ယူပါ။ ပြန်မေးရမှာတွေ အများကြီးရှိပါမယ်။ ဒီပညာမျိုးကို ဆရာအချင်ချင်း ဆရာလုပ်စရာ “လေများနေစရာ” မလိုပါ။

ဒေါက်တာတင့်ဆွေ
၎-၃-၂ဝ၁၃