ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, March 3, 2013

Q and A March 2013 (1)

1. ကန်တော့နော် ဆရာ မနေ့လောက်က စပြီး
2. နွေရာသီမှာဘာတွေဆင်ခြရင်မယ်ဆို တာတွေကိုတစ်ပေါင်းတစ်စည်းထဲ သိချင်လို့ပါဆရာ။
3. ဆရာဆီစာရေးပြီးနောက်နေ့ အရိုးအကြောဆရာဝန်နဲ့သွားပြပြီး ဓာတ်မှန်ပါရိုက်လိုက်တယ်။
4. ကျွန်တော်ကအဆုပ် TB ရောဂါ ကုထားပြီးသား ပျောက်ကင်းထားတဲ့လူတစ်ယောက်ပါ။
5. I would like to ask one thing for my baby girl.
6. စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်အတွက် အကောင်းဆုံး
7. I would like to ask about my nose problem
8. ကျွန်တော် မြန်မာနိုင်ငံ ရှမ်းပြည် (့) ကပါ။
9. အခုပဲသမီးခြေထောက် ညာဘက်ကခြေဖဝါးကနေ
10. အသဲကင်ဆာကအများဆုံး ၁ဝ နှစ်နေရတယ်ဆိုတာ ရှိပါသလားဆရာ။
11. ကလေးက ၁ နှစ် ၇ လ။ ထမင်းမစား နောက်နို့ဘူးလဲမစို့ပဲ
12. ကျွန်တော် အသက် (၃၉)နှစ်ပါ။ ယောက်ကျားပါ။
13. ကျွန်မ၏ မိခင်မှာ လွန်ခဲ့သော ၁ နှစ် ခန့်မှစပြီး
14. ကျွန်တော် နှာချေ ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။
15. ဆရာသွားကိုက်ပျောက်ဆေးလေးညွှန်ပေးပါအုံး။

28-2-2013 Facebook
ကန်တော့နော် ဆရာ မနေ့လောက်က စပြီး ကျနော့် ဖင်ကြားထဲမှာ တော်တော် နာတယ် ဆရာ။ စအိုမှာ မဟုတ်ဘူး။ ဘေးကြွက်သားမှာပါ ဆရာ။ ဝက်ခြံပုန်းလိုမျိုး။ စမ်းကြည့်ရင် အထဲမှာ တင်းနေတယ် ဆရာ။ ကျနော် ဝမ်းတော့ နူတ်ထားတယ် ဆရာ။ အဲဒါ ဘာဖြစ်တာလဲ သိချင်လို့ပါ။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

Sat, Mar 2, 2013 at 8:44 PM
နွေရာသီမှာဘာတွေဆင်ခြရင်မယ်ဆို တာတွေကိုတစ်ပေါင်းတစ်စည်းထဲ သိချင်လို့ပါဆရာ။ ဆရာအဆင်ပြေရင် Links လေးတစ်ခုလောက် ညွှန်းပေးပါဆရာ။

Summer Time Infections နွေရာသီမှာ ဆင်ခြင်စရာ ကူးစက်ရောဂါ

Fri, Mar 1, 2013 at 5:13 PM
ဆရာဆီစာရေးပြီးနောက်နေ့ အရိုးအကြောဆရာဝန်နဲ့သွားပြပြီး ဓာတ်မှန်ပါရိုက်လိုက်တယ်။ ဓာတ်မှန်မှာ အားလုံး ကောင်းတယ်လို့ ဆရာဝန်ကပြောပါတယ်။ ဘယ်ဘက်တင်ပါးရိုးကထိုင်တာကြာရင်ပူလာပြီးနေလို့မကောင်းဘူး တခါတလေ ဘယ်ဘက်ပေါင်ခြံပူထူလာပါတယ်။ ဆရာဝန်ပေးတဲ့ဆေးတပတ်သောက်ရမှာ တပတ်မပြည့်ခင်ထပ်နာလို့ နောက်ထပ်အရိုးအကြောဆရာဝန် တစ်ယောက်နဲ့ထပ်ပြပါတယ်။ ဒုတိယဆရာဝန်က ပထမဆရာဝန်ပေးတဲ့ဆေးကုန်မှ သူ့ဆေး ၅ရက် စာသောက်ဖို့ ပြောပါတယ်။ ဒီနေ့စသောက်ရမှာပါ။ ဘယ်ဘက်တင်ပါးရိုးဘက်မပူတော့ပေမဲ ဒီနေ့ ကုတင်ပေါ်မှာ ခေါင်းအုန်းနဲ့မှီပြီးထိုင်တာနဲနဲကြာသွားပါတယ်ဆရာ အခု မြှီးညှောက်ရိုးမနာဘဲနဲ့ အဲ့ဒီနားတဝိုက် အပူလောင်သလိုခံစားနေရပါတယ်။ ဒီတပတ်ဆေးသောက်ပြီးမပျောက်ရင် ထပ်သွားပြရမှာပါ။ ညဘက် တရေးနိုးရင် တကိုယ်လုံးကိုက်နာကျင်သလိုခံစားရပါတယ်။ နေ့ခင်းဘက်တော့မနာတော့ပါ။ ဘယ်လိုရောဂါများဖြစ်နိုင်ပါလဲ ဆိုတာ ရှင်းပြပေးပါဆရာ။
ပထမဆရာဝန်ပေးတဲ့ဆေး Gabapentin, Zicam 15
ဒုတိယဆရာဝန်ပေးတဲ့ဆေး Neurontin 300mg, Vit-B-Denk, Mecobalamin 500mg, Myomethol
အသက် ၂၉နှစ်၊ အိမ်ထောင်ရှိပါတယ်။ အမျိုးသားဆီမှာ STD ပိုးရှိပါတယ်။ ပိုးသတ်ဆေးသောက်ပြီးသွားပါပြီ။ ကျွန်မလဲ ဆီးပိုးမွေးပြီး စစ်ပြီးသွားပါပြီ ဘာရောဂါမှရှာမတွေ့ပါ။ ဆရာဆီ ဒီအကြောင်းစာရေးပြီးလှမ်းမေးဘူးပါတယ်။

ဆရာဝန်တွေလဲပြထား၊ ဓါတ်မှန်လဲ ရိုက်ထားလို့ မစိုးရိမ်ပါနဲ့။ အရိုးကမဟုတ်ပဲ ကြွက်သား။ အာရုံကြောနာတာသာဖြစ်ပါမယ်။ သက်သာပျောက်ကင်းသွားမှာပါ။ အနေအထိုင် သက်သာတဲ့နည်း ဂရုစိုက် နေထိုင်ပါ။

Fri, Mar 1, 2013 at 12:12 PM
ကျွန်တော်ကအဆုပ် TB ရောဂါ ကုထားပြီးသား ပျောက်ကင်းထားတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် အမာရွတ်ကျန်ခဲ့လို့ နိုင်ငံခြားသွားလို့မရဘူးလို့ သိထားပါတယ်။ ဘယ်လိုထောက်ခံချက်တွေပါရင် အလုပ်သွားလုပ်နိုင်မလဲ။ ဘယ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ထောက်ခံစာနဲ့ဆိုအလုပ်သွားလုပ်နိုင်မလဲဆိုတာသိချင်လို့ပါ။

ဆောရီး။ ဆရာမသိပါ။ အုပ်ချုပ်ရေး မေးခွန်းသာဖြစ်မယ်ထင်ပါတယ်။

Sun, Mar 3, 2013 at 1:00 PM
I would like to ask one thing for my baby girl. She is constipated often and only can go toilet twice a week and not easy for her. My wife wants to give MOM one pill per day to my daughter. Is it ok for my daughter? She is 27 months old now.

Constipation ကလေးဝမ်းချုပ်တာအတွက် -
• Changing diet အစားအသောက်ပြောင်းပေးပါ၊
• Laxatives ဝမ်းနုတ်ဆေးတိုက်ပါ၊ ဆေးတိုက်ရတာ ရှားပါတယ်။
• Healthy bowel habits ဝမ်းသွားစေအောင် သင်ပေးပါ။
• Fiber supplements or stool softeners (Metamucil or Citrucel) ဝမ်းပျော့ဆေးလဲတိုက်နိုင်တယ်။
• Enema = Glycerin suppositories ဝမ်းခြူတောင့်နဲ့ ခြူပေးနိုင်တယ်။ ကလေးအရွယ်နဲ့တော်တာသုံးရမယ်။ ဝယ်မရရင် ဆပ်ြပာကို ဆေးတောင့်ပုံစံလေးလုပ်ပြီး စအိုထဲ ထည့်ပေးနိုင်တယ်။ Hospital enema (Simple enema = Soap + warm water) ဆေးရုံတွေမျာ ဝမ်ခြူသလို ဆပ်ပြာရည်နဲ့ ရေခပ်နွေးနွေးသုံးနိုင်တယ်။
• High-fiber diet ဖိုက်ဘာများအစားအစာ = beans, ပဲသီးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ whole grains ဖွေးဖြူသွားအာင်အထိ ချွတ်မထားတဲ့ အစေ့အဆန်၊ fruits သစ်သီးအမျိုးမျိုး (သင်္ဘောသီး)၊ vegetables ဟင်းသီး ဟင်းရွက်တွေ များများကြွေးပါ။ cheese ဒိန်ခဲ၊ meat အသားတွေနဲ့ processed foods ပြုပြင်စီမံထားတဲ့ အစာတွေလျှော့စားစေပါ။
• မြန်မာတွေအိမ်သုံးဖြစ်တဲ့ မန်ကျီးမှည့် ကောင်းတယ်။ ဖျော်ရည်ကို ကလေးသောက်နိုင်အောင်ဖျော်တိုက်ပါ။
• Adequate fluids (Water and other fluids) ရေ + အရည် များများတို်ကပေးပါ။
• Adequate time for bowel movements ဝမ်းသွားချိန်သတ်မှတ်ပေးပါ။ ဒီအချိန်မှာ သူစိတ်ဝင်စားနေတာကို ဖယ်ရှားဘို့ နည်းသုံးပါ။
• Reward your child's effortsကလေးကြိုါ်စားနေတာအတွက် ဆုချတာကောင်းတယ်။ ဝတကယ်မသွားသေးလဲ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ။

3-3-2013 Facebook
စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်အတွက် အကောင်းဆုံး ပြုပြင်နေထိုင်နည်းလေး ပြောပြပါဆရာ။
• Depression (1) စိတ်ကျရောဂါ http://dts-medicaleducation.blogspot.com/2011/11/depression.html
• Depression (2) ပုထုဇ္ဇနော http://dts-medicaleducation.blogspot.com/2010/12/mental-health-1.html
• Depression (3) စိတ်ကျခြင်း http://dts-medicaleducation.blogspot.com/2011/01/depression.html

ကျွန်တော်ကိုယ်တိုင်ပါ။ ကျေးဇူးပါဆရာ။

You will be better. Go through the writings and follow the suggestions. If necessary, seek Psychologist's care. You will be OK soon. Be encouraged.

ကျွန်တော်က ဧရာဝတီတိုင်း (့) မြို့ကပါ။ အသက်က 25 ပါ။ အားပေးတယ်။ ကြိုးစားပါ။ လူတွေအများကြီး ခံစားစားနေရတာ။ စိတ်အား လုံးဝမငယ်ပါနဲ့။

ဆယ်တန်း သင်နေတဲ့ guide တစ်ယောက်ပါ။ အခုတလောဘယ်လိုမှန်းမသိပါဘူး။ အလုပ်တွေလဲအဆင်မပြေဘူး။

ဖြစ်တတ်တယ်။ ဖြစ်ပစေပေါ့။ ကျတာပြီးရင် ငြိမ်လာမယ်၊ တက်တာလာမယ်။ စိတ်ကူးတွေ တတ်နိုင်သလောက် နားပါ။ ဆေးလိုနိုင်တယ်။ ဆေးသောက်ပါ။

ကျွန်တော်လ ဒါကိုကျော်နိုင်မှာပါ။

5-3-2013 Facebook
I would like to ask about my nose problem please answer me because I had feel for more than 6 months already and can’t take it anymore. I am having running nose for that much time. I’m working at one of the shopping malls in KL that running nose stop when i reach to my working place. In shopping mall have zircon & very cold even those how come can stop my running nose that what I am thinking. Can you please give me advice sir i had taken many medicinal doctors & many of pharmacies also. Sneeze for more than 50 times every in the morning & also when I go back to my house.

Allergic Rhinitis အလာဂျီ နှာခေါင်း

မျက်စိလဲယားတယ်

Sinusitis Complications လားမသိဘူးဆရာ

• Sinus (ဆိုင်းနပ်စ်) http://dts-medicaleducationblogspotin/2012/03/sinushtml
• Sinusitis (ဆိုင်နူဆိုက်တစ်) http://dts-medicaleducationblogspotcom/2009/08/blog-post_25html

ဖတ်ပြီးပြီဆရာ။ နောက်ပြီး (အလာဂျီ) ဖြစ်စေတဲ့ အရာတွေကို ယဉ်ပါးအောင်ပြုလုပ်ခြင်း၊ Allergy desensitization လုပ်သင့်ပါတယ်။ ဒါမှ နောင် ရှောင်နိုင်မှာပါ။ ဆားရည်ဖြင့်စိမ်ခြင်း၊ Saltwater rinses ဆိုတာ ကရိယာဝယ်ပြီး လုပ်နိုင်ပါတယ်။ ရေကျက်အေး ၁ ခွက်ထဲမှာ အိမ်သုံးဆား (အိုင်အိုဒင်း မပါ) လက်ဘက်ရည်ဇွန်း တဝက်၊ မုံ့ဖုတ်ရာမှာသုံးတဲ့ ဆိုဒါမှုံ့ နဲနဲထည့်ရပါမယ်။ ဆိုဒါမှုံ့က အပူမလောင်အောင် ကာကွယ်ယုံပါ။ Vaporizers ခေါ်တဲ့ ရေနွေးငွေ့ရှူတဲ့နည်းလဲ ကောင်းပါတယ်။ ရိုးရိုးလေးပါ။ ရေကိုပွက်အောင်လုပ်ပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူပေးရတာပါ။ လျှပ်စစ်ရှိလို့ ကရိယာဝယ်သုံးရင် ပိုကောင်းတာပေါ့။ ဈေးလဲမကြီးပါဘူး။ ဆိုတာကိုလုပ်မလို့ 

Saltwater rinses လို့ပြောပြီးဝယ်မယ်နော်။

Tue, Mar 5, 2013 at 1:16 AM
ကျွန်တော် မြန်မာနိုင်ငံ ရှမ်းပြည် (့) ကပါ။ ဆရာ့ရဲ့ Hblog မှာ ကျန်မာရေး အကြောင်းအမျိုးမျိုး ဖတ်နေရပါတယ်။ ကျွန်တော်တို့ နေရာမှာတော့ website ဖွင်လို့ခက်တယ်။ connection မကောင်းပါသဖြင့် ဆရာ့ကို ကျွန်တော် email နဲ့ပဲ သိချင်တဲ့ဟာ မေးလိုက်ပါတယ်။ ကွန်တော်က ဗိုက်နာလို့ ဆေးရုံကြီးမှာပြတယ် သွေး၊ဆီး အားလုံးစစ် တယ် သွေးက Retro, HCV,HBs, ငှက်ဖျား၊ ဆီးအားလုံးစစ်တယ်။ ဘာရောဂါလည်းမတွေ့ဘူး။ ဗိုက်နာတာက ဗိုက်ရစ်နာဖြစ်ပြီး အိမ်သာ ခဏခဏတက်ရတာ ဝမ်းလည်းမလျှောဘူး။ ဝမ်းသွာချင်လာရင်ရစ်နာ ဖြစ်ပြီး သွာတဲ့ဝမ်းလည်း အစာမကြေတဲ့ ဝမ်းဘဲသွားတယ်။ ဗိုက်မနာတဲ့အချိန်တော့ အစာကြေတဲ့ဝမ်းသွားတယ်။ ဆေးလည်းထိုးဆေးလည်းသွင်း တယ်မပျောက်ဘူး ဘာရောဂါဖြစ်နိုင်မလဲဆရာ။ ဘာဆက်လုပ်ရမလဲ။ ဆရာဝန်သည်ပြောတာက အစာအိမ်ရောဂါလည်း မဟုတ်ဘူးလို့ပြောတယ်။ ဗိုက်က အမြဲအော်နေတယ။် အခုကျွန်တော်တို့ ဒေသမှာတော့ ဝမ်းကိုက်ဝမ်းလျောလည်း ဖြစ်ကြတယ်။ ဒါပေမယ့် တစ်ချို့က ဆေးထိုး ဆေးသာရင်ပျောက်တယ်။ ကျွန်တော်က မပျောက်တတ်ဘူးဖြစ်နေတယ်။ ဘာဆက်စစ်ရမလဲ ဘယ်လိုကုသရမလဲ စိတ်လည်းကုန်ပြီဆရာ။ ဘယ် ဆေးရုံမှာ ထပ်ပြရမှာလဲ။

အသက် မသိရပါ။ ဖြစ်တာဘယ်လောက်ကြာ မသိရပါ။
Diarrhea (GE) ဝမ်းတလုံးကောင်း ခေါင်းမခဲ (၂)
Diarrhea in Children ကလေးဝမ်းသွားရင်

Mon, Mar 4, 2013 at 11:21 PM
အခုပဲသမီးခြေထောက် ညာဘက်ကခြေဖဝါးကနေ ခြေသလုံးကြွက်သားထိ ထုံကျင်ပြီး ကိုက်ခဲနေတယ်ဆရာ။ ပထမခြေထောက်ကျင်တယ်ထင်တာဆရာ။ ခုကဆက်တိုက်ခံစားနေရတယ်။ လေဖြတ်နိုင်လားဆရာ။ ဘယ်လို အခြေနေကြောင့်လဲ။ ငယ်ငယ်ကမိုးတွင်းနဲ့ ဆောင်းဘက်မှာဆို ခြေဆစ်လက်ဆစ်ကိုက်ပြီး ခြေတကောက်တို့ လက်တချောင်းထဲ ကိုက်တာတို့ နောက်ခြေဆစ်နဲ့ လက်ဆစ်ညိုမည်းတဲ့ထိ ဖြစ်ဖူးပါတယ်။ ၅ တန်းလောက်ကစဖြစ်တာပါ။ အခုက၂၂နှစ်ပါဆရာ။

ကိုက်တာရော ထုံတာရေ တဖက်တည်းမှာ နေရာ သတ်သတ်မှတ်မှတ်ဖြစ်နေတာက သူနဲ့ဆိုင်တဲ့ အာရုံကြောမှာ တခုခုဖြစ်နေလို့နေမယ်။ ဖြစ်တဲ့နေရာနရဲ့အထက်ကနေလာတာ။ အစအရင်းက ခါးရိုးကနေဆင်းတာ။ တနေရာရာမှာဖြစ်နေနိုင်တယ်။ အနေအထိုင် ဂရုစိုက်ပါ။ အာရုံကြောကိုဖိအားသက်ရောက်စေမှာကို ဆင်ခြင်ရမယ်။ ခါးဆန့်အိပ်တာ လှဲတာကောင်းတယ်။ ခါးကုန်းရတာ မကောင်းပါ။ ဆေးအနေနဲ့ အနာအကိုက် သက်သာဆေး တခုခုကို အစာနဲ့သောက်ပါ။ တနေ့မှာ ၂-၃ ခါသောက်ပါ။ Neurobion စားဆေးလဲ တနေ့ ၂ ခါသောက်ပါ။ လိုလိုမယ်မယ် Calcium လဲ သောက်ပါ။

အသဲကင်ဆာကအများဆုံး ၁ဝ နှစ်နေရတယ်ဆိုတာ ရှိပါသလားဆရာ။

Ca Liver အသဲကင်ဆာ အမေး-အဖြေ

နဲနဲတော့နားမလည်ပေမယ့် အခုလိုအချိန်ပေးဖြေပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်။ နောက်တခုလောက်မေးချင်ပါတယ်။ ကလေးက ၁ နှစ် ၇ လ။ ထမင်းမစား နောက်နို့ဘူးလဲမစို့ပဲ ကျမနို့ပဲစို့ပါတယ်ဆရာ။ နို့ကဖြတ်ပြီးတာ ၃ လရှိပြီ။ ခုပြန်စို့နေပါတယ်။ နို့ပုတ်စို့မိတာမျိုးဖြစ်တတ်လားဆရာ။ အာဟာပြည့်ဝအောင် ဘယ်လိုကျွေးရမလဲ။ တနေ့တနေ့ပိန်လာလို့ စိတ်မကောင်း ဖြစ်ရပါတယ်ဆရာ။

ကလေးနို့တိုက်တာကို ဆရာဝန်တွေကလဲ အယူအဆ မတူကြပါ။ ၆ လကစပြီး ဖြည့်စွက်စာကြွေး၊ ၁ နှစ်နေရင်ဖြတ်။ နောက် ၁ နှစ်ခံဖြတ်။ နောက် နောက်ကိုယ်ဝန်ရှိရင်ဖြတ်။ မကြာေးသးခင်က ဆရာ့ဆေးခန်းကိုလာတဲ့ အမေရိကန် ဆေးကျောင်းသူ၊ ကလေးအမေက ဆရာ့ဆရာမတွေကို သင်တန်းပေးတော့ နို့ထွက်နေသလောက်တိုက်ပါ။ နောက်ကိုယ်ဝန်ရလဲ တိုက်နိုင်တယ်။ နောက်ကလေးမွေးလို့ အကြီးက စို့ချင်သေးလဲတိုက်ပါတဲ့။ နို့တို့ဖြတ်တဲအကြောင်း။ ထပ်သိရမှာက တခြားအစားအစာကြွေးဘို့ လိုသေးတယ်။ နို့တခုတည်းနဲ့တော့ ၆ လနောက်မှာ မလုံလောက်ပါ။ ကလေးအစားပျက်ရင် လုပ်ပေးနိုင်တာတွေရှိတယ်။ အစားအမျိုးအစားပြောင်းတာအပြင် ဗီတာမင် ဘီအုပ်စုဆေးရည်တိုက်ပါ။ Cypon ဆေးရည်တိုက်တာတွေက ကလေးစားချင်စိတ် တိုးတက်လာမယ်။
အသဲကင်ဆာ ရောဂါမှန်းသိတဲ့နောက် အရင်က ၆ လ အထိသာနေရတယ်လို့ထင်မှတ်ထားတယ်။ ခုနောက်ပိုင်း ဆေးကုနည်းတွေတိုးတက်လာနေပါတယ်။

Mon, Mar 4, 2013 at 11:52 AM
ကျွန်တော် အသက် (၃၉)နှစ်ပါ။ ယောက်ကျားပါ။ နိုင်ငံခြားမှာ အလုပ် လုပ်နေတာပါ။ သွေး O group, Body Weight - 888 KG (ဝနေပါတယ်)။ Height - 5' 6" အိမ်ထောင်ရှိ။ ဇနီးက ၄၇ နှစ်။ ရန်ကုန် မှာပါ။ ကလေး မရှိ။ office မှာ computer သုံးနေရသူ ၁ ဦးပါ။ ပြီးခဲ့တဲ့ ၂-၃ ရက် စပြီး ညာဘက် လက်ချောင်းလေးတွေ (လက်မနှင့် လက်ညှိုး) တုန်လာ လှုပ်လာပါတယ်။ ကြာကြာလှုပ်ပြီး ခဏ ရပ်သွားပြီး ပြီးရင် ပြန်လှုပ်လာပါတယ်။ အရမ်း စိတ်ပူလာတယ်။ computer သုံးတဲ့အခါ လက်ချောင်းလေးတွေ တုန်နေတော့ ဒုက္ခ ရောက်ရပါတယ်ဆရာ။ ဘာကြောင့်ဖြစ်တာလဲ။ ဘာလုပ်ရမလဲ ဘယ်လို ကုသရမလဲ။ ဘာဆေး သောက်ရမလဲ ဆရာ။

Tremor လက်တုန်ခြင်း

Mon, Mar 4, 2013 at 7:27 PM
ကျွန်မ၏ မိခင်မှာ လွန်ခဲ့သော ၁ နှစ် ခန့်မှစပြီး မနက်မိုးလင်း ၄ နာရီ လောက်တွင် အိပ်နေရာမှ လည်ချောင်းအတွင်းမှ တစ်ခုခု ကျဆင်းလာသည်ဆိုပြီး တံထွေး ထထပြီး ထွေး ရာ ကော်ဖီရောင်ဘက်ရောက်ပြီး တခါတရံ သွေးလိုလို ပြည်လိုလိုနှင့် ဖြစ်သောကြောင့် နားနှာခေါင်း လည်ချောင်းဆရာဝန်နှင့် ပြသပါသော်လည်း မထူးခြားပါ။ ဆရာဝန်မှလည်း နားနှာခေါင်းလည်ချောင်း အားလုံးကို သေချာ စမ်းသပ်ပေးပါသည်။ ထို့ကြောင့် အထွေထွေ အထူးကုနှင့် ပြောင်းပြရာ သွေးတိတ်ခါတ်နည်း ရောဂါဟု အမည်တပ်ပြီး folic acid နှင့် orofer အရည် ကို ၁ နေ့ ၁ကြိမ် သောက်ခိုင်းပါသည်။ ပျောက်လိုက် ပြန်ဖြစ်လိုက်နှင့် ယခုရက်ပိုင်းတွင်မှ အမေက လျှာကထွက်တာဟု သိလာရပါသည်။ လျှာကများလား မသိဆို ပြီး သူ့ဘာသာသူ စုတ်ပြီး ထွေကြည့်ရာမှ သိခြင်း ဖြစ်ပါသည်။ မိခင်မှာ အသက် ၆၇ နှစ် ရှိပြီဖြစ်ပါသည်။ ကျွန်မတို့လည်း စိုးရိမ်သောကြောင်း ဆရာ့အား မေးမြန်း လိုက်ရပါသည်။

ဆရာဝန်တွေနဲ့ပြထား၊ ဆေးလဲစစ်ထားလို့ မစိုးရိမ်ပါနဲ့။ ကော်ဖီရောင်လိုဆိုတာ သွေးက သွေးကြောထဲကနေထွက်ပြီးတာ အချိန်နဲနဲကြာနေလို့ဖြစ်တယ်။ ထွက်တဲ့နေရာဟာ (၁) လျှာ)၊ (၂) အစာလမ်း၊ (၃) အသက်ရှူလမ်း တခုခုကဖြစ်မယ်။ အသက်ရှူလမ်းဆိုရင် သွေးနီနီရဲရဲသာ ထွက်မယ်။ အစာလမ်းဆိုရင် အန်ချင်သလိုကနေသာ သွေးပါမယ်။ လျှာကနေထွက်တတ်သူဟာ တခြားသွေးယိုတတ်တာရှိမရှိသိသင့်သေးတယ်။ ဥပမာ သွားဖုံး။ သွေးခည်ဥတာ သူများထက် ပိုဖြစ်တတ်သလား။ သွေးတတ်စေမဲ့ဓါတ်နည်းသူတွေမှာလဲ ထွက်တာမို့ ဗီတာမင် (စီ) ၅ဝဝ အားကိုလည်းသောသ်သင့်တယ်လို့ထင်ပါတယ်။

Mon, Mar 4, 2013 at 4:58 PM
ကျွန်တော် နှာချေ ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။ တီဘီရောဂါစစ်ပြီး မရှိတော့ ကျွန်တော့်ကို အာသီးနည်းနည်းနီတာတွေ့တယ် ဆိုပြီး ပိုးသတ်ဆေးနှင့် ပါရာစီတမောကိုပေးပါတယ်။ သူပေးတဲ့ပိုးသတ်ဆေးက (Amoxicillin 875mg + Clavulanic Acid 125mg) ဖြစ်ပြီး မနက် ၁လုံး ည ၁လုံး ကို ၁ဝရက်သောက်ခိုင်းပါတယ်။ အဲ့ဒီ့ဆေးကို သောက်တာ၂ ရက်ပဲရှိသေးပြီး ခေါင်းတွေမူး ပါးစပ်တွေခါး ပြီး အားအင်လဲကုန်ခန်းပါသည်။ အဲ့ဆေး စသောက်တဲ့အချိန်မှာလဲ နေကောင်းနေပါပြီ။ အဲ့ပိုးသတ်ဆေးကို ကျွန်တော်ဆက်မသောက်တော့ရင်ရလားဆရာ။ လူကြီးတွေကပြောတော့ ပိုးသတ်ဆေးကအဖျားကျသွားရင် ဆက်မသောက်လဲရတယ်လို့ ပြောပါတယ်။ သုံးလေးရက်လောက်ပဲရောသောက်လို့မရဘူးလား။ဘယ်လိုဆက်သောက်သင့်ပါသလဲ။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအမျိုးအစားကို ၄ ရက်အနည်းဆုံး သောက်သင့်ပါတယ်။ Amoxacillin 500mg တနေ့ ၂ ကြိမ်နဲ့ဆို ရပါမယ်။
Amoxicillin and clavulanic acid ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ -
• diarrhea ဝမ်းလျှော၊
• upset stomach အစာမကျေ၊ ဗိုက်အောင့်၊
• vomiting အန်၊
• mild skin rash အရေပြားအနီကွက်နည်းနည်းထွက်။

6-3-2013 Facebook
ဆရာသွားကိုက်ပျောက်ဆေးလေးညွှန်ပေးပါအုံး။

Toothache: First aid သွားကိုက်ခြင်း ရှေးဦးသူနာပြုခြင်း
(၁) Self-care tips အိမ်မှာလုပ်နိုင်သည်များ
• Rinse your mouth with warm water ရေနွေးငုံပါ။ ရေနွေးနဲ့ ပလုပ်ကျဉ်းပါ။
• Use dental floss သွားရှင်းစရာနဲ့ သွားကြားထဲရှိနေတာတွေကို ရှင်းပေးပါ။
• OTC pain reliever to dull the ache ဆေးဆိုင်ကအလွယ်ဝယ်ရတဲ့ အနာ-အကိုက်ပျောက်ဆေး တခုခုကို ဆေးညွှန်းအတိုင်း သုံးပါ။
• OTC antiseptic containing Benzocaine ဆေးပါတဲံ ထည့်ဆေးကိုက်တဲ့နေရာမှာ ထည့်ပါ။
• Direct application of oil of cloves (eugenol) လေးညှင်းဆီသုံးနိုင်ပါတယ်။

(၂) Call your dentist ၂-၃ ရက်နဲ့ မသက်သာရင် သွားဆရာဝန်ကိုပြပါ။
• Painkillers အနာသက်သာဆေးများ http://dts-medicaleducation.blogspot.in/2012/06/painkillers.html
• NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://dts-medicaleducation.blogspot.in/2012/06/nsaids.html
• NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://dts-medicaleducation.blogspot.com/2011/11/nsaid.html