ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Thursday, March 7, 2013

Q and A March 2013 (2)

1. ယားတဲ့မှဲ့ ရှိလား၊ စိုးရိမ်ရလား
2. ကျွန်တော်နှာချေး ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။
3. ကျွန်တော့အမက အသက် ၃ဝ မှာ ရောဂါစဖြစ်တာပါ
4. ကျွန်မတို့က (့) မှာနေပါတယ်။ သားလေးက အသက် ၂ နှစ်နဲ့ ၅ လပါ။
5. ကျွန်တော့် အမျိုးသမီးက ညညဆို အိပ်မရတာများပြီး
6. တချို့လူတွေဟာ အလကားနေရင်း လက်ဆစ်၊ ခြေဆစ်တွေကို
7. ကျွန်တော် အရင်ကကွန်ပြူတာနဲ့ပုံဆွဲတာလုပ်ပါတယ်၊
8. This is (့) again to have your favor.
9. ဆရာပို့ပေးတာလေးတွေကို ကျွန်တော့မိဘတွေကိုပြလိုက်ပြီးပါပြီခင်ဗျာ၊
10. ကျွန်မအသက်က ခုဆို ၂၄ နှစ်ခွဲပါ။ အရပ်က ၅ ပေ အတိလောက်ဘဲ ရှိပါတယ်။
11. အခုလက်ရှိသောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရမလားဆရာ။
12. ကျွန်တော်က အသက် ၁၉ နှစ်ထဲမှာပါဆရာ။
13. ကျွန်တော် အားဆေးသောက်မယ်ဆိုရင် ဘယ်လိုအားဆေးမျိုးသောက်ရမလဲဗျ။
14. ဆရာကလေးက cypon 5ml မနက်တစ်ခါ ညတစ်ခါတိုက်တာဆရာ
15. ပုဂ္ဂလိကဆေးရုံးကြီးမှာ Retro test, HBs Ag, Anti-HCV Ab,

6-3-2013 Facebook
ယားတဲ့မှဲ့ ရှိလား၊ စိုးရိမ်ရလား

Mole မှဲ့

Mon, Mar 4, 2013 at 4:58 PM
ကျွန်တော်နှာချေး ချောင်းဆိုး သုံးရက်လောက်ဖြစ်တော့ ဆရာဝန်သွားပြတယ်။ ဆရာဝန်က တီဘီရောဂါစစ်ပြီး မရှိတော့ ကျွန်တော့်ကို အာသီးနည်းနည်းနီတာတွေ့တယ်ဆိုပြီး ပိုးသတ်ဆေးနှင့် ပါရာစီတမောကိုပေးပါတယ်။ သူပေးတဲ့ပိုးသတ်ဆေးက( Amoxicillin 875mg + Clavulanic Acid 125mg) ဖြစ်ပြီး မနက် ၁လုံး ည ၁ လုံးကို ၁ဝ ရက်သောက်ခိုင်းပါတယ်။ အဲ့ဒီ့ဆေးကို ကျွန်တော်သောက်တာ၂ရက်ပဲရှိသေးပြီး ခေါင်းတွေမူး ပါးစပ်တွေခါးပြီး အားအင်လဲ ကုန်ခန်းပါသည်။ အဲ့ဆေးစသောက်တဲ့အချိန်မှာလဲ နေကောင်းနေပါပြီး။ အဲ့ပိုးသတ်ဆေးကို ကျွန်တော် ဆက်မသောက်တော့ရင်ရလားဆရာ။ လူကြီးတွေကပြောတော့ ပိုးသတ်ဆေးကအဖျားကျသွားရင် ဆက်မသောက်လဲရတယ်လို့ ပြောပါတယ်။ သုံးလေးရက်လောက်ပဲ ရောသောက်လို့ မရဘူးလား။ ဘယ်လိုဆက်သောက်သင့်ပါသလဲ။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအမျိုးအစားကို ၄ ရက်အနည်းဆုံး သောက်သင့်ပါတယ်။ Amoxacillin 500mg တနေ့ ၂ ကြိမ်နဲ့ဆို ရပါမယ်။
Amoxicillin and clavulanic acid ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးများ -
diarrhea ဝမ်းလျှော၊
upset stomach အစာမကျေ၊ ဗိုက်အောင့်၊
vomiting အန်၊
mild skin rash အရေပြားအနီကွက်နည်းနည်းထွက်။

ကျွန်တော် Amoxicillin 875mg+Clavulanic Acid 125mg ကိုမနက် ၁ ည ၁ နှစ်ရက်သောက်ပြီး နောက်နေ့ ည ၁ လုံးကိုပဲနှစ်ရက်သောက်ပြီးပါပြီး။ အားလုံးပေါင်းလေးရက်သောက်ပြီး ဆက်သောက်ရန်လိုမလို ညွန်းကြားပေးပါ။

ကျွန်တော် Amoxicillin 875mg+Clavulanic Acid 125mg ကိုမနက် ၁ ည ၁ နှစ်ရက်သောက်ပြီး နောက်နေ့ကျတော့ ဆေးကအရမ်းပြင်းတော့ ညဘက် ၁ လုံးကိုပဲ ၃ရက်ဆက်သောက်ပါတယ်။ အားလုံးပေါင်း ၅ ရက်သောက်ပြီးပါပြီး။ ညွန်းတဲ့ဆရာကအဲ့ဆေးကို မနက် ၁ ည ၁ ကို ၁ဝ ရက်တောင် သောက်ခိုင်းပါတယ်။ ဆေးသောက်ပြီးခေါင်းမူး ပါးစပ်ခါးဖြစ်လို့ လျှော့သောက်ချင်ပါတယ်။ နောက်ဆက်သောက်ရန်လို မလိုကိုညွန်းကြားပေးပါ။ ဆေးခေါင်းစဉ်က Curam (1000mg) ပါ။

ကျွန်တော်ပြန်ဖြေထားပြီးဖြစ်ပါတယ်။ ဆရာဝန်တဦးညွှန်ထားတာကို နောက်တဦးက ပြင်ခွင့်မရှိပါ။ ကျွန်တော်က လူနာအတွက် ဆေးပညာသုတအတွက်သာ လုပ်ပေးနိုင်ပါတယ်။ အွန်လိုင်းကနေ ဆေးမကုပါ။
ဆေးတိုး-လျှော့-ဖြတ် ချင်တာအတွက် ဆေးညွှန်ပေးတဲ့ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။

Wed, Mar 6, 2013 at 11:55 PM
ကျွန်တော့အမက အသက် ၃ဝ မှာ ရောဂါစဖြစ်တာပါ။ အပျိုပါဆရာ။ ငယ်ငယ်ကတော့ အကျင့်တစ်ခုရှိတယ် ဒါက လ္ဘက်ခြောက်စားတာပါ ပိန်တာတော့ပိန်တယ်ဆရာ။ တစ်ရက် သူပါးစပ်တွေနံတယ်ဆရာ။ အဲ့မှာ သူပန်းဝတ်မှုန် အပူငြိမ်းဆေး သောက်လိုက်တယ်။ ဆေးသောက်ပြီး ၄-၅ ရက်မှာ အနီစက်တွေ ထွက်လာတယ်။ ပြီးတော့ဖျားတယ်။ ဆေးရုံပါတက်လိုက်ရတယ်။ အနီစက်တွေက မျက်နှာမှာလဲပေါက်တယ်။ ပြီးတော့ ကျောတွေမှာလဲပေါက်တယ်။ သူ့ကိုအထွေထွေရောဂါကု (့) နဲ့ပြတယ်။ ခဏတော့ပျောက်သွားတယ်။ ဆေးတွေလဲ စစ်တယ် အဲ့ဆရာက အဆုတ်လို့ပြောတယ်။ သူနဲ့ပြတာကြာလာတော့ ပျောက်မလာတာနဲ့ ဒေါက်တာ သက်နိုင်နဲ့ပြတယ် သူကနှလုံး အထူးကုပါ အနီးအနားကလူတွေညွန်လို့ပါ။ သူကကျောက်ကပ်လို့ပြောတယ်။ သွေးစစ်တယ် ဘာမှမပေါ်ဘူး။ ဖြစ်နေတာခုနဲ့ဆို ၄ နှစ်ပြည့်ပါတော့မယ် ပရောဂလားလို့တွေးမိလို့ ဗမာဆေးတွေလဲတိုက်ပါတယ် ဘုရားဆေးလို့ပြောတဲ့ နွားနောက်ကျင်ငယ်ရည်လဲတိုက်ကြည့်ဖူးပါပြီဆရာ ခုသွေးအထူးကု ဒေါက်တာ ထွန်းလွင်ငြိမ်းနဲ့ ပြပါတယ်။ ပထမတော့ အဆင်ပြေတယ်။ ခုတစ်လော အပူတွေများများလာတော့ ငှတ်ဖျားဆေးတွေတိုက်တယ်ဆရာ ခုထိလဲ ဘာရောဂါလို့ မပြောဘူး။ သူ့ရောဂါက နေထိလို့မရဘူးလို့တော့ပြောတယ်။ SLE လို့လဲ ဒေါက်တာ (့) က ပြောတယ်။ ကျွန်တော်က နယ်မှာ အလုပ်လုပ်နေရတာပါ။ သူ့ကိုပြုစုဖို့က အမေနဲ့ အဒေါ်ပဲရှိတယ်လေ ဒီတိုင်းဆို ပြန်ရမှာမိုလို့ပါ ပြန်ရောက်ရင် ဆရာ့ဆီကသိတာလေးနဲ့တိုင်ပင်ကြည့်ချင်လို့ပါ။

စာလုံးတွေ အနီရောင်နဲ့ ဖတ်ရတာ ခက်ပါတယ်။ မြန်မာဆေးသောက်ပြီး ဖြစ်တာက အလာဂျီ ဖြစ်မယ်။ ပျောက်သွားလောက်ပါပြီ။ မတည့်တာနဲ့ ထပ်တွေရင်တော့ ထပ်ဖြစ်နိုင်တယ်။ လိုအပ်ရင် (အလာဂျီ) အကြောင်း ဆရာရေးထားတာ ဖတ်ပါ။
• Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
ပယောဂ မဟုတ်ပါ။ ဘုရားဆေးဆိုတာ မရှိပါ။ အရပ်ဆေးနည်းတွေကို မသုံးသင့်ပါ။ အဆုတ်၊ ကျောက်ကပ်ဆိုတာ ဘာလဲ မသိပါ။ လူတိုင်းမှာ တစုံစီရှိတယ်။ အဲဒါတွေမှာ ဘာဖြစ်တာလဲ။ လူနာက အမျိုးသမီးဖြစ်တော့ ရာသီစတာ သိချင်တယ်။ အခုခံစားနေရတာတွေ တချက်ချင်း၊ ဘယ်လိုနေ၊ ဘယ်လောက်ကြာ စတာတွေသိချင်ပါတယ်။ ရောဂါနာမည်ပါတဲ့အတွက် စာတပုဒ်ပို့ပါတယ်။
SLE ထူးခြားတဲ့ရောဂါ

Thu, Mar 7, 2013 at 8:38 PM
ကျွန်မတို့က (့) မှာနေပါတယ်။ သားလေးက အသက် ၂ နှစ်နဲ့ ၅ လပါ။ သားလေး ၁ နှစ်ခွဲတုန်းက နားထဲမှာ အရည်ရှိလို့ tube ကို နားနှစ်ဖက်လုံးမှာ ထည့်ထားရပါတယ်။ (ပြီးခဲ့တဲ ၂လကပြန်စစ်တော့ အရည်နည်းနည်းကျန်သေးလို့ နောက် ၆လလောက်ထပ်ထည့်ထားရမယ်လို့ပြောပါတယ်)။ အခု သားလေးနားညာဖက်က ပြည်လိုအရည်မျိုးထွက်နေလို့ပါ။ ၄-၃-၂ဝ၁၃ တနင်္လာနေ့မနက်မှာစပြီး နားထဲက ဝါကျင်ကျင် အရည်လေးတွေ ထွက်လာလို့ ဆေးခန်းသွားတော့ infection ဝင်တာလို့ပြောပါတယ်။ ပင်နီဆလင်ပေးပါတယ်။ တနင်္ဂနွေနေ့ ညဘက်မှာတော့ အဖျားနည်းနည်းရှိပါတယ်။ 39C ရှိပါတယ်။ ခုရက်တွေမှာတော့ အဖျားမရှိတော့ပါဘူး။ ဒါပေမယ် အရည်လေးတွေကတော့ နဲနဲထွက်နေတုန်းပါပဲ (အများကြီးမထွက်ပါ။ ၂ နာရီ ၃နာရီခြားတစ်ခါ ထွက်ပါတယ်။ နားကိုက်တဲ့ပုံလဲမပြပါ၊ အရည်က ဝါကျင်ကျင် သို့ နီညိုဖျော့)။ အဲတာစိုးရိမ်ရပါသလားဆရာ၊ နားဆရာဝန်နဲ့ ထပ်ပြဖို့လိုအပ်ပါလားရှင့်၊ စောင့်ကြည်ရမယ်ဆိုရင် ဘယ်လောက်ကြာကြာ စောင့်ကြည့်ရပါမလဲရှင့်။

• Ear infections (1) နားပိုးဝင်ခြင်း (၁) http://dts-medicaleducation.blogspot.com/2011/04/ear-infection.html
• Ear Infections (2) နားပိုးဝင်ခြင်း (၂) http://dts-medicaleducation.blogspot.in/2012/06/ear-infections.html
• Earache နားကိုက်ရင် http://dts-medicaleducation.blogspot.com/2011/11/earache.html

7-3-2013 Facebook
ကျွန်တော့် အမျိုးသမီးက ညညဆို အိပ်မရတာများပြီး ခေါင်းတစ်ခုလုံးချွေးစေးတွေထွက်လာတတ်ပါတယ် ။တပါတ်မှာ ၃-၄ ရက်လောက်ကို ဖြစ်တတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်။ ကုသနည်းလေး မျှဝေပါအုံးဆရာ။

ဖြစ်တဲ့သူရဲ့ အသက်၊ ကျန်းမာရေးနောက်ခံ မသိရပါ။ ဒါတွေကို ဖတ်နိုင်ပါတယ်။
• Sleep disorders မအိပ်ဘဲနေ အသက်မရှည် (၂) http://dts-medicaleducation.blogspot.com/2011/12/sleep-disorders.html
• Sleeping မအိပ်ဘဲနေ အသက်မရှည် (၁) http://dts-medicaleducation.blogspot.com/2010/10/sleeping.html
• Sleeping pills အိပ်ဆေး http://dts-medicaleducation.blogspot.com/2011/03/sleeping-pills.html

Thu, Mar 7, 2013 at 3:53 PM
တချို့လူတွေဟာ အလကားနေရင်း လက်ဆစ်၊ ခြေဆစ်တွေကို တဖြောင်းဖြောင်းနှင့်အချိန်ပြည့်ဆိုသလို ချိုးနေတတ်ကြပါတယ်။ အဲဒါဟာ ကျန်းမာရေးကိုထိခိုက်စေနှိုင်ပါသလားဆရာ။ နောက်ပြီးဘာ့ကြောင့်အသံမြည်ရပါသလဲဆရာ။ ဗဟုသုတအဖြစ်မျှဝေပေးစေလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

အဆစ်ကိုချိုးဖဲ့ရင်၊ လှုတ်ရှားပေးရင် ပိုကြီးလာစေနိုင်တယ်။ ထိခိုက်မှုလေးဖြစ်တာမျိုး၊ အထဲက (ဆဲလ်) တွေ တချို့က ပျက်စီးပြီး တချို့က ပိုကြီးမယ်။ ပျက်စီးတာတွေကနေ အသစ်ပြန်ဖြစ်မယ်။ အဆစ်ထဲကအရည်လဲ များစေ၊ နည်းစေနိုင်တယ်။ အသံမှန်သမျှ လေကိုတုန်ခါစေလို့ဖြစ်တယ်။ မြန်မြန်တုန်ခါမှုတခုဟာ လေကြားခံနယ်ကနေဖြတ်ပြီး နားထဲဝင်လာလို့ ကြားရတာဖြစ်တယ်။ ကြားနိုင်လောက်တဲ့ အသံတုန်ခါမှု နဲ့ အသံလှိုင်းအပေါ်မူတည်တယ်။

Sat, Mar 9, 2013 at 12:39 AM
ကျွန်တော် အရင်ကကွန်ပြူတာနဲ့ပုံဆွဲတာလုပ်ပါတယ်၊ လွန်ခဲ့တဲ့ ၁ဝ လောက်အထိပါ။ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ပြင်နေတာပါ။ အခုတော့ နားနေရပါတယ်။ မနားခင် ၃ လလောက်ကစဖြစ်တယ်လို့ ထင်ပါတယ်။ ပုံဆွဲတယ် ဆိုတော့ မောက်ကို ညာဘက် လက်ညှိုးနဲ့အမြဲ့နှိပ်နေရပါတယ်။ ဒါထက်ဆိုးတာ မောက်အလယ်က wheel ကို ဖိပြီး ရှေ့နောက်ဆွဲ ရတာပါ။ ကျွန်တော်လုပ်တာ ၂ နှစ်လောက်ရှိပါပြီး။ အရင်ကပြသနာမရှိပါဘူး။ နောက်ပိုင်းမှာ အသုံးပြုများပြီး (တနေကုန်ပုံဆွဲ) တနေကုန်မောက်ကို ကိုင်ထားသလိုပါပဲ။ နောက်ပြီးအိမ်ရောက်တော့လည်းမောက်နဲ့ game ဆော့တာများသွားတယ်။ အဲ့နောက်ပိုင်းမှာ လက်ညှို နဲ့လက်ခလယ် ပထမအဆစ်တွေကနာလာတယ်။ လက်ညှိုးကတော့ ပိုဆိုးတယ်။ အဆစ်ကို ချိုးသလိုဖြစ်နေလို့လားမသိဘူး။ နောက်ပြီး တနေကုန် လက်က မောက်ကိုထိထားတော့ အရေပြားပါလားတယ်လို့ ပြောမလားမသိဘူး။ လက်ညှိုးထိပ်က အရေပြားနဲ့ လက်ခလယ်၊ လက်သူကြွယ် ကမောက်နဲ့ ထိတဲ့ အရေပြားတွေက စပ်လာတယ်။ လက်ညှိုးက အမြဲ မောက်ကိုဖိနေရတော့ လက်ညှိုးထိပ်မောက်ကို ဖိရတဲ့ အသားတွေက နာနေတယ်။ မောင် (့)၊ အသက်၃ဝ။ ကျား။ လူပျို။ ရန်ကုန်။

ကွန်ပြူတာကို အဲလိုသုံးရသူတွေ မနည်းလှပါ။ အရိုး-အဆစ်-ကြွက်သာကိုထိခိုက်လာလို့ ဆရာဝန်ပြရသူ သိပ်မရှိလှပါ။ အရေပြားမှ ပြောင်းလဲမှုရှိလာတာဆိုရင် ထိတဲ့အရာကြောင့် အရေပြားကို သက်ရောက်တာ ဖြစ်နိုင်ပါတယ်။ အလုပ်ပန်းလို့ကြောင့် မဟုတ်ပဲလဲ ဖြစ်နိုင်တယ်။ အရေပြားအရောင်၊ အထူအပါး၊ အပြောင်းအလဲကို စစ်ဆေးသင့်တယ်။ (အလာဂျီ) ဟုတ်-မဟုတ် စစ်ပါ။ လိုမယ်ထင်ရင် ဆရာဝန်ပြပါ။

Fri, Mar 8, 2013 at 10:14 PM
This is (့) again to have your favor. I sent the email to you twice again receive your reply. I have looked for the answer of my questions regarding the good benefit and side effect of Omega King and is it suitable to have it for my mother and I still would like to know about that even though you have already written about Omega King articles in your website. Would you please reply me regarding above matter to my email if you don't mind? I'll would be very pleasured to look forward to seeing your reply email very soon Thanks a lot again for your time.

I am not clear what I can do for you, your mom. As a specialist is looking after her, my advice is just to explain a bit of what the patient wants to know. You have read about medicine. So what can I do for her?

Fri, Mar 8, 2013 at 7:08 PM
ဆရာပို့ပေးတာလေးတွေကို ကျွန်တော့မိဘတွေကိုပြလိုက်ပြီးပါပြီခင်ဗျာ၊ အမေတို့ကလဲ ဆရာ့ကိုအားကိုးပါတယ်။ ဒါကြောင့် သူ့ကိုနောက်ဆုံးဆေးစစ်ထားတာလေးတွေရယ် သူ့ဆရာနဲ့နောက်ဆုံးပြထားတဲ့ ဆေးမှတ်တမ်းစာအုပ်ကိုပါ ဓါတ်ပုံရိုက်ထည့်ပြီး ပို့လိုက်ပါတယ်။ နောက် သူအခုလက်ရှိသောက်နေရတဲ့ဆေးတွေကိုပါ ပို့လိုက်ပါတယ်။ ဒီနေ့သူပြနေကျ ဆရာဦး(့) ကို သွားပြပါတယ်။ ကျွန်တော့အမကတော့ မလိုက်နိုင်လို့ အမေပဲ သွားလိုက်ပါတယ်။ အသိသူနာပြုတစ်ယောက်ရှိတော့ အားဆေးလေးဘာလေး ညွန်ပါလို့ပြောတော့ သူက Aminolibam 500ml ကို ဆေးသွင်ခိုင်းပါတယ်။ အမအသက်က ၃ဝ ပါ။ နောက်ဆုံး ဓမ္မတာလာတာက ၇၊၂၊၂ဝ၁၃ က လာပါတယ်။ ၃ ရက်လောက် လာပါတယ်။ မနက်ဖြန် စနေနေ့ ၉၊၃၊၂ဝ၁၃ မှာ အဲ့ဒီအားဆေးကို သွင်းပါလို့ ပြောပါတယ်။ စနေနဲ့ တနင်္ဂနွေ နစ်ရက်ဆက် သွင်းလို့ ပြောပါတယ်ဆရာ။

ဆရာပို့ထားတဲ့ SLE ရောဂါဆိုတာ သေချာနေတယ်။ စာထဲမှာ ခြုံပြီးရေးထားပါတယ်။ အခုလို အထူးကုဆရာဝန်နဲ့ပြတာ ကောင်းပါတယ်။ နာတာရှည်ရောဂါဖြစ်လို့ လူနာ၊ လူနာစောင့်တွေ စိတ်မပျက်သင့်ပါ။ လူတယောက်နဲ့ တယောက် ခံစားရတာ မတူကြပါ။ ဆေးနဲ့နေရမယ်။ ဆေးကနေ ခံစားနေရတာတွေ သက်သာစေမယ်။ အပျောက်ကုပေးမယ် ဆိုတာမျိုးကို မယုံပါနဲ့။ ဆရာ့အနေနဲ့ကတော့ အကြံပေး၊ ပညာပေးတာလောက်တာ တတ်နိုင်တယ်။ ကုနေတဲ့ဆီမှာသာ စနစ်တကျကုသမှုခံယူပါ။ အိမ်ထောင်မကျသေးတာ ကံကောင်းတယ်။ ကိုယ်ဝန်အတွက် ထိခိုက်စေတတ်တယ်။ ရောဂါကိုကုတဲ့ဆေးတွေက အရင်ကထက်ပိုကောင်းလာလို့ စိတ်သက်သာရာရသင့်ပါတယ်။

Sat, Mar 9, 2013 at 5:47 AM
ကျွန်မအသက်က ခုဆို ၂၄ နှစ်ခွဲပါ။ အရပ်က ၅ ပေ အတိလောက်ဘဲ ရှိပါတယ်။ ၁ လက်မ ( သို့မဟုတ်) ၂ လက်မလောက်ထပ်ရှည်နိုင်အောင် ခုအချိန်မှာ ထပ်ကြိုးစားရင် ဖြစ်နိုင်ပါသေးသလား ရှင် ။ ဘယ်လို နည်းလမ်းကောင်းတွေနဲ့အထိရောက်ဆုံး ကြိုးစားလို့ရနိုင်ပါသလဲရှင် ။ ဆရာအဆင်ပြေသောအချိန်တွင်ဖြေကြားပေးစေလိုပါတယ်ရှင် ။

Height အရပ်ရှည်နည်း

Sat, Mar 9, 2013 at 8:00 AM
အခုလက်ရှိသောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိရမလားဆရာ။ သမီး အဲဒီဆေးတွေစသောက်ကထဲက ခေါင်းမူး၊ အိပ်မပျော်၊ ဆီးသွားများ၊ရင်ပြည့် ဖြစ်နေတယ်ဆရာ။ အဲဒီဆေးတွေနဲ့များ ဆိုင်မလားလို့။ သွေးတိုးတာအတွက်ပေးထားတာပါ။ Prolomet xl 25 mg
Coversign Plus
Atocor 10 mg

ဆေးနာမည်တွေက Generic name ခေါ်တဲ့ မူရင်းဆေးနာမည်တွေတော့ မဟုတ်ပါ။ ဆေးထုတ်သူတွေကနေ ပေးထားတာဖြစ်တယ်။ ၁ နဲ့ ၃ ကိုတော့ ရှာလို့သိရတယ်။ ၂ ကို မသိသေးပါ။ နှလုံး၊ ကိုလက်စထော စတာတွေအတွက်ပေးတယ်။ ဆီးပိုသွားတယ်ဆိုတာ သွေးတိုးရှိသူတွေကိုပေးတဲ့ဆေးဖြစ်မယ်။ လူနာရဲ့ ရောဂါကြောင့်လဲ ပြောသလိုခံစားရတာတွေလဲရှိနိုင်တယ်။ ဆေးတွေရဲ့ ဘေးထွက်-ဆိုးကျိုးလဲ ဖြစ်နိုင်တယ်။ ဆေးတိုင်းမှာ အဲလို အနည်းနဲ့ အများဖြစ်စေတယ်။ အကျိုး နဲ့ ခံစားရတာ နှစ်မျိုးကို ချိန်ဆပြီး ဆေးပေးလေ့ရှိတယ်။ သွေးတိုး နဲ့ ကိုလက်စထောကအတွက် ဆေးတွေက အမျိုးအစား အများကြီးရှိလို့ ပြောင်းပေးနိုင်တယ်။ နောက်ပြီး သွေးဖိအားနဲ့ အဆီအနည်း-အများအရလဲ ဆေး လျှော့ပေးတာ၊ တိုးပေးတာ လုပ်ရတယ်။ အကြံပေးနိုင်တာက ဆေးညွှန်တဲ့ဆရာဝန်ကို ကိုယ်ခံစားရတာကို ပြောပြပါ။ ဒီလိုရောဂါဟာ ဆေးတမျိုးတည်းနဲ့ မပြည့်စုံတာမို့ လူနေမှုပုံစွပြင်ရတာကိုပါ လိုက်နာသင့်တယ်။ ဆေးတွေရဲ့ မူရင်းဆေး နာမည်သိရင် ပြောပါ။

Thu, Mar 14, 2013 at 11:23 PM
ကျွန်တော်က အသက် ၁၉ နှစ်ထဲမှာပါဆရာ။ အခုတစ်လော ကျွန်တော် အားနည်းနေသလို ခံစားနေရပါတယ်။ အမြဲတမ်းလိုလိုကို အိပ်ချင်နေတာပါ။ စာမေးပွဲကလည်း နီးနေပါပြီ။ အဲဒါ အားဆေးလေး ဘာလေးများ သောက်ရမယ်ဆိုရင်လည်း ညွှန်းပေးပါဦးဆရာ။ ကျွန်တော် depression များဝင်နေပြီလားမသိဘူးခင်ဗျာ။

Depression ဝင်နေပြီလားထင်ရင် တကယ်မဝင်ပါ။ ဒါပေမဲ့ စာ လင့်တွေပို့ပါတယ်။
Tonics အားဆေး

Thu, Mar 14, 2013 at 11:58 PM
ကျွန်တော် အားဆေးသောက်မယ်ဆိုရင် ဘယ်လိုအားဆေးမျိုးသောက်ရမလဲဗျ။ လူကိုလန်းဆန်းစေတာမျိုး ရှိလားဗျ။ ပြီးတော့ stress များရင် သောက်သင့်တဲ့ဟာမျိုးပေါ့ဆရာ။ ဆေးကျောင်းသာတယောက်ပါ။

စိတ်ဖိအားများတာ သက်သာစေမဲ့ စိတ်မကျဆေးများ (တချို့)
• Celexa (citalopram) is an antidepressant in a group of drugs called selective serotonin reuptake inhibitors (SSRIs) Celexa is used to treat depression
• Prozac (fluoxetine) is a selective serotonin reuptake inhibitors (SSRI) antidepressant Prozac affects chemicals in the brain that may become unbalanced and cause depression, panic, anxiety, or obsessive-compulsive symptoms Prozac is used to treat major depressive disorder, bulimia nervosa (an eating disorder) obsessive-compulsive disorder, panic disorder, and premenstrual dysphoric disorder (PMDD) Prozac is sometimes used together with another medication called olanzapine (Zyprexa) to treat depression caused by bipolar disorder (manic depression) This combination is also used to treat depression after at least 2 other medications have been tried without successful treatment of symptoms
• Paxil (paroxetine) is an antidepressant in a group of drugs called selective serotonin reuptake inhibitors (SSRIs) Paxil affects chemicals in the brain that may become unbalanced Paxil is used to treat depression, obsessive-compulsive disorder, anxiety disorders, post-traumatic stress disorder (PTSD), and premenstrual dysphoric disorder (PMDD)
• Elavil (amitriptyline class: tricyclic antidepressants)
• Effexor XR (venlafaxine class: serotonin-norepinephrine reuptake inhibitors)
• Luvox (fluvoxamine class: selective serotonin reuptake inhibitors)
• Luvox CR (fluvoxamine class: selective serotonin reuptake inhibitor)
• Prozac Weekly (fluoxetine class: selective serotonin reuptake inhibitors)
• Vanatrip (amitriptyline class: tricyclic antidepressants)

Thu, Mar 14, 2013 at 5:13 PM
ဆရာကလေးက cypon 5ml မနက်တစ်ခါ ညတစ်ခါတိုက်တာဆရာ တစ်နေ့လုံး အိပ်တယ်ဆရာ။ အကြာကြီး အိပ်တာပါဆရာ။ ဥာဏ်ထိုင်းနိုင်လားဆရာ။ ဘယ်လောက် အတိုင်းအတာတိုက်ရမလဲဆရာ။

ဒီဆေးက အိပ်ချင်တယ်။ ကလေးကိုယ်အလေးချိန်နဲ့ ချိန်တိုက်ရတယ်။ Cypon ကို ကလေးဆရာဝန်တိုင်းကတော့ မသုံးပါ။ အစာစာစေချင်လို့ ဘယ်လောက်ပေးရမလဲဆိုတာလဲ ကွဲလွဲတယ်။ ကိုယ့်ကလေး အပိတာများရင် လျှော့တိုက်ဘို့သာ အကြံပေးနိုင်ပါတယ်။

Wed, Mar 13, 2013 at 3:50 AM
ပုဂ္ဂလိကဆေးရုံးကြီးမှာ Retro test, HBs Ag, Anti-HCV Ab, BLOOD FOR MP, ICT (MP),ICT(TB), Widal test, UREA, NA+, K+, CL+, HCO3, ဒီဟာသည်စစ်ရင်လည်း NOT SEEN, NON RACTIVE, NEGATIVE တို့ဘဲဖြစ်တယ် နောက်တခုက URINE FOR RE မှာ Reaction မှာတော့ Alkaline (ph 75)မျှဉ်းနီဖြင့် လို့ရေးထား ပြီး STOOL FOR RE မှာတော့ Others ဆိုတဲ့နေရာမှာ မျှဉ်းနီနဲ့ Bacteria (*****) Yeast-cells(***) undigested tow (few) လို့ ရေးထားတယ် ဒါနှစ်ခုက ဘာအသဘောလည်းမသိဘူး ကျွနတော်လည်း မေးဖို့မဲ့ သွားတယ်ဆရာ့ကိုဘဲ မေးပါရစေတော့။ ကျွန်တောရောဂါက ဘာဆက်လုပ်ရင်ကောင်းမလဲ ဘာဆက်စစ်ရင်ကောင်းမလဲ ဘာဆေး ဆက်စားရင်ကောင်းမလဲဆရာ။ ပေးတဲ့အကြံ၊ ပညာများကိုဘဲ စောင့်မျှော်ပါတော့တယ်။

ဝမ်းစစ်တာထဲမှာ ပါနေတာတွေက စိုးရိမ်စရာမရှိပါ။ ဗက်တီးရီးယားနဲ့ မှိုပိုးတွေတွေ့တယ်။ ပိုးသေဆေးသောက်ရင် ရှင်းသွားတာပါ။ ကျန်တဲ့ ဆေးစစ်ချက်တွေကောင်းနောတာ ဝမ်းသာစရာဖြစ်ပါတယ်။ စိုးရမ်ကြောင့်ကျမှု မရှိသင့်ပါ။