ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, March 25, 2013

Q and A March 2013 (3)

1. ကျွန်မယောင်းမက အသက် ၃၁ ပါ။
2. ကျွန်တော် Nov 2011 တုန်းက ခါး ခွဲစိတ်မှုလုပ်ရပါတယ် မေ့ဆေးနဲ့ပါ၊
3. ကျနော်ရဲ့ ခေါင်းမှာ လက်သန်းလုံးလောက် အကြိတ်လေးလို အဖုလေးတခုက
4. ferovit အားဆေးကို တနေ့ဘယ်နှလုံးသောက်နိုင်ပါသလဲ
5. May I ask you something about my husband
6. မိမိရဲ့  ကျင်ငယ်ရည်ကို မိမိ ကိုယ်တိုင်သောက်သုံးခြင်းဖြင့်
7. ဆရာရှင့် message နဲ့မေးလို့မလေးမစားလို့ မထင်ပါနဲ့
8. ကျွန်မ အသက် ၂၇၊ (့) နိုင်ငံမှာနေထိုင်ပြီး
9. ကျွန်မအသက်က ၂၇ ပါ။ အိမ်ထောင်ရှိပါတယ်။
10. သမီးက (့) ပါ။ အသက်က ၂၄ ပါ။
11. မ (့)၊ အသက်၃၃နှစ်၊ (့) မှာ (့) လုပ်ပါတယ်။
12. ကျွန်တော် အသက် ၃၈ လူပျိုပါ။
13. ကျွန်တော်က အိန္ဒိယမှာပါ။ ဆရာဆီကို ဖုန်းဆက်ချင်လို့ပါ။
14. Dear Dr, my mom has Diabetes and she is sick.
15. ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊

Tue, Mar 12, 2013 at 11:32 PM
ကျွန်မယောင်းမက အသက် ၃၁ ပါ။ မြန်မာပြည်မှာနေပါတယ်။ လွန်ခဲ့တဲ့ ၂လလောက် လည်ပင်းမှာ အကျိတ်အလုံးလေး ဖြစ်လို့ ဆရာဝန်ပြတာ ဂွိုင်လာဆိုတဲ့ရောဂါလို့ပြောပါတယ်ဆရာ။ အကျိတ်ကတော့ မနာပါဘူးလို့ပြောပါတယ်ဆရာ။ အဲတာဘာရောဂါပါလဲဆရာ။ ဘာကြောင့်ဖြစ်တာပါလဲရှင့်။ ပျောက်ကင်းအောင် ကုသလို့ရပါသလားရှင့်။ ဆောင်ရန် ရှောင်ရန်လေးတွေကိုရှင်းပြပေးပါအုံးနော်။ Goitre ဂွိုက်တာ ဖြစ်မလား သေချာပြန်မေးပါ။ ဟုတ်တယ်ဆရာ။ လည်ပင်းမှာ အဆိပ်အိပ်ဖြစ်တယ်တဲ့။

Thyroid လည်ပင်းကြီးရောဂါ

Tue, Mar 12, 2013 at 8:57 PM
ကျွန်တော် Nov 2011 တုန်းက ခါး ခွဲစိတ်မှုလုပ်ရပါတယ် မေ့ဆေးနဲ့ပါ၊ အချိန်တစ်နှာရီကျော်ကျော်ကြာပါတယ်။ အခုဆိုရင် တစ်နှစ်နဲ့လေးလ ရှိသွားပါပြီ။ အများပြောနေကြတာ မေ့ဆေးသုံးရင် ကြာရင်သတိမေ့တတ်တယ်ပြောလို့ပါ။ အခု ကျွန်တော့်အသတ် ၃၈ နှစ်ပါ အိမ်ထောင်မရှိပါ၊ အခုတစ်လော သတိမေ့တတ်နေလို့ပါ။ ထိုင်ရာကထပြီး ပစ္စည်း ၂ ခုယူမယ်ဆိုပြီးသွားရင် တစ်ခုပဲယူလာတယ်တစ်ခုကိုမေ့လာတယ်၊ ပြောမယ့်အကြောင်းအရာတစ်ခုခုကိုလည်း (စဉ်းစားလို့မရဘူး) မေ့မေ့သွားတယ်ခင်ဗျ။ အလုပ်တစ်ခုလုပ်ရန်သွားလိုက်တဲ့အခါ ဘာလုပ်မလို့လာတာလဲ ဆိုတာစဉ်းစားမရတော့ဘူး။ မေ့ဆေးရဲ့ အကျိုးဆက်လို့ပြောလို့ရပါသလား။ သက်ဆိုင်မှုရှိပါသလားခင်ဗျာ။ မေ့တတ်တဲ့ရောဂါများဖြစ်နေပါသလား။ ဆောင်ရန်ရှောင်ရန် ဘာတွေလိုပါမလည်းခင်ဗျာ။ နောက်တစ်ခုက ကျွန်တော့လက် ကတုန်နေပါတယ်။ အရက် ၊ ဆေးလိပ်လုံးဝ မသောက်ပါဘူး၊ ကော်ဖီတစ်နေ့တစ်ခွက်ပဲသောက်ပါတယ်။ T1 , T2 စစ်တော့ပုံမှန်ပါခင်ဗျာ။ ဆရာဝန်ကတော့ B1-B6-B12 ပေးပါတယ် ခဏပဲ သတ်သာပါတယ်။

Memory loss သတိမေ့ခြင်း

Mon, Mar 11, 2013 at 1:07 PM
ကျနော်ရဲ့ ခေါင်းမှာ လက်သန်းလုံးလောက် အကြိတ်လေးလို အဖုလေးတခုက အတော်ကြာကြာကထဲက ရှိနေခဲ့ပါတယ် အဲ့ဒါလေးက ကြီးလဲ မကြီးလာ သေးလဲ မသေးသွား ပြောက်လဲ မပြောက်သွားပါဘူး နာလဲ မနာပါဘူး ဆရာ ကျနော် ထင်တယ် လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကထဲက ဖြစ်လိမ့်မယ်ထင်တယ် စိုးရိမ်နေတာ တခုက အဲ့ဒါဟာ အကြိတ်ကင်ဆာလိုမျိုးဖြစ်နိုင်သလား ဆိုတာ လေး သိချင်နေပါတယ် ဆရာ အဲ့ဒါလေး နဲ ပတ်သက်လို့လဲ ဘယ်ဆေးခန်းမှ မပြဖြစ်ခဲ့မိပါဘူး အမှု့မဲ့ အမှတ်တမဲ့ နေခဲ့မိတယ်လို့ပဲ ဆိုရပါလိမ့်မယ် ခုမှ စိတ်ထဲ ကင်ဆာအကြောင်လေးတွေ ဖတ်မိရင်း စိတ်ထဲ မသင်ကာ ဖြစ်လာမိလို့ပါဆရာ။ ဖြစ်နိုင်မယ်ဆိုရင် အကြိတ်ကင်ဆာတွေရဲ့ လက္ခဏာ ဖြစ်ပြီးရင် အချိန်ဘယ်လောက် အကြာမှာ ပွားတာတို့ နာကျင်မှုလို့ လက္ခဏာမျိုးတို့ ပြတတ်ပါသလဲ ဆရာ။

အကျိတ်က ဦးခေါင်း ဘယ်နေရာမှာပါလဲ။ အကျိတ်မှန်သမျှ ဆရာဝန်တွေ သိချင်တာ ၆ ချက်ရှိတယ်။ နေရာ၊ အရွယ်အစား၊ ပုံပန်း၊ အပျော့-အမာ၊ နာ-မနာ၊ ရွေ့ရ-မရ၊ ဆိုင်ရာနေရာမှာ တက်စေ့ရှိ-မရှိ သိချင်ကြပါတယ်။ ဖြစ်တဲ့သူ အသက် မသိပါ။ ကျန်းမာရေးနောက်ခံ မသိပါ။ ဆေးစစ်-မစစ် မသိပါ။

နေရာ = ညာဘက်နားရွက် အနောက် ၂ လက်မ၊ အရွယ်အစား = လက်သန်းလုံးအရွယ်၊ အပျော့ အမာ = မမာလွန်း မပျော့လွန်း၊ နာ-မနာ = မနာ၊ ရွေ့ ရ-မရ = အနဲငယ် ရွေ့ ရ၊ အသက် = ၂၄၊ ကျန်းမာရေး = ကောင်းမွန်၊ ဆေးစစ်-မစစ်= စစ်။ အပေါ်က အချက်များက ကျနော်နဲ့ ပတ်သက်တာတွေပါ၊ ကျနော် စင်္ကာပူမှာ နေပါတယ်၊ ဆေးလဲပုံမှန်တော့ စစ်ဖြစ်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီ အကျိတ်လေးကိုတော့ မစစ်ဖြစ်ပါဘူး အခုတလောမှ စိတ်ထဲမသင်္ကာ သလိုဖြစ်လာလို့ ဆရာကို မေးရခြင်းပါ၊ Internet မှာ ရှာတော့ လိုချင်တဲ့ အဖြေက ရောထွေးနေသလို ဖြစ်နေလို့ပါ။

Lymph node တက်စေ့ကြီးနေတာဖြစ်ဘို့များတတ်။ လူအတော်များများမှာ ဖြစ်တယ်။ ဆိုင်ရာနေရာမှာ တခုခု (ပိုးဝင်) တာဖြစ်ရာနေ ရောင်လာ-ကြီးလာတာဖြစ်တယ်။ ဖြစ်ပြီး တခါတလေ အတော်ကြာကျန်နေတယ်။ အများအားဖြင့် အချိန်ယူပြီး ပျောက်တယ်။ တခါတလေ ရင်းလာတယ်။ ရင်းရင် ပိုနာ-ပိုနီလာတယ်။ ပိုးသေဆေးသောက်ရမယ်။ အနာသက်သာဆေး သောက်သင့်တယ်။ စောင့်ကြည့်နေနိုင်ပါတယ်။

Mon, Mar 11, 2013 at 11:27 PM
ferovit အားဆေးကို တနေ့ဘယ်နှလုံးသောက်နိုင်ပါသလဲ ဆရာရှင် သွေးအားနည်းလို့သောက်မှာပါ side effect တွေရော ရှိပါသလားဆရာ သမီးအသက်က ၂ဝ ပါ။

Ferovit ထဲမှာ ဘာတွေ ဘယ်လောက်အလေးချိန်ပါသလဲ ဆရာမသိသေးပါ။ အားနည်းသူကလဲ သေးအားနည်းတာဆိုရင် Hb ဘယ်လောက်ရှိလဲ မသိပါ။ သံဓါတ်ပါအစားအစာ ဘယ်လောက်စားလဲ မသိပါ။ (ရှိနေတာ) က ပုံမှန်ထက်နည်းနေရင် (အစားအသောက်) + (ဆေး) နဲ့ဖြည့်ရပါတယ်။ ဒါကြောင့် ၃ မျိုးလုံးကိုသိမှသာ တိတိကျကျပြောနိုင်ပါတယ်။

Tue, Mar 12, 2013 at 2:10 AM
May I ask you something about my husband. He is 35 years old, live in san Francisco, work as engineer Last 1 week, he suffer from feeling like something is stuck in his throat(middle of throat) But he can eat and swallow normally, no pain and no problem But hours after eating he felt like something stuck in throat relieved by belching He can breathe normally also This feeling irritate him especially after lunch to bedtime, but wake up normally and feel good after breast fast too He had seasonal allergy and take Allegra sometimes Now we are worried about that and ask your advice Please reply us if you have free time Waiting your reply

Sorry for your husband I think he should see an ENT specialist before that my writing on fish bone in the throat may give you something for small help
Fish bone in the throat လည်ချောင်းထဲ ငါးရိုးစူးရင်

Tue, Mar 12, 2013 at 8:31 AM
မိမိရဲ့  ကျင်ငယ်ရည်ကို မိမိ ကိုယ်တိုင်သောက်သုံးခြင်းဖြင့် ရောဂါတော်တော်များများ ဟာပျောက်တယ်လို့ ကြားဖူးထားပါတယ်။ အဲဒါ ဟုတ်မဟုတ် သိချင်ပါတယ်။ ဟုတ်ရင်လည်း ကောင်းကျိုး ဆိုးကျိုး တွေကိုပါသိချင်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့လို ဆရာဝန်တွေက ဆေးအဖြစ် မသုံးပါ။ တခြားဆေးနည်းတွေမျာ သုံးတာကြားဘူး၊ ဖတ်ဘူးပါတယ်။ သုတေသန မရှိလို့ အကောင်း၊ အဆိုး ဝေဖန်ရင် မှန်ချင်မှ မှန်ပါမယ်။ ဆေးပညာဘက်ကပြောရရင် ကိုယ်ထဲက မလိုတာ၊ ပိုတာ။ မကောင်းတာကိုသာ (ချွေး၊ ဆီး၊ ဝမ်း၊ နှပ်၊) တွေကို စွန့်ထုတ်ပါတယ်။ တခုချင်းထဲမှာ တချို့နေရာအတွက် အသုံးပြုလို့ရနိုင်တာ ရှိနိုင်ပါမယ်။ ဒါပေမဲ့ (ချွေး၊ ဆီး၊ ဝမ်း၊ နှပ်၊) ထဲက သတ်သတ်မှတ်မှတ် အဲဒီတခုတည်းကိုသာ အသေအချာ ရွေးထုတ်ပြီးမှ လူနဲ့ သင့်စေအောင် ပြုပြင်စီမံမှသာ ဆေးအဖြစ်သုံးရပါတယ်။

15-3-2013 Facebook
ဆရာရှင့် message နဲ့မေးလို့မလေးမစားလို့ မထင်ပါနဲ့ ကျွှန်မသားလေးက မျက်စိမှိတ်ခတ်မှိတ်ခတ်နဲ့ ခဏခဏ လုပ်ပါတယ်။ စိုးရိမ်ရလား။ ဘာလုပ်ဖို့များလိုပါသလဲ။ ညွန်ကြားပေးပါအုံးရှင်။ သားက လေးနှစ်ရှိပါပီ။ တခြား ဖြစ်တာမရှိရင် စိုးရိမ်စရာမလိုပါ။ second ၀က်လောက် ဆက်တိုက်မှိတ်ခတ်လုပ်တယ် ဆရာ။ ဖြစ်တာ ဘယ်လောက်ကြာပြီလဲ။ ၂ လလောက်ရှိပြီ ဆရာ။

Transient tic disorder ခေါ်တယ်။ ဘာလို့ဖြစ်လဲတော့ တအိအကျ ကလေးဆရာဝန်တေါက မသိကြသေးပါ။ ကလေးမှာ စိတ်ဖိအား Stress ရှိရင် ပိုဖြစ်စေလို့ ကလေးကို စိတ်ပျော်အောင်ထားပေးသင့်တယ်။ လ ပိုင်းသာကြပြီး ပျောက်ပါမယ်။ မပျောက်သေးရင်တော့ ကလေးအထူးကုဆရာဝန်ကိုပြသင့်ပါတယ်။
ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်ရှင့်။
Tourette Syndrome, Chronic Tic Disorder နဲ့ Rett Syndrome ဆိုတာတွေရှိတယ်။ ကျန်းမာ-ချမ်းသာကြပါစေ။
နားလည်ဘူးဆရာ
အရေးမကြီးဘူး။ ဆေးစာတွေသာဖြစ်ပါတယ်။

Fri, Mar 15, 2013 at 4:48 PM
ကျွန်မ အသက် ၂၇၊ (့) နိုင်ငံမှာနေထိုင်ပြီး လေးလပိုင်းမှာ နှစ်နှစ်ပြည့်တော့မဲ့ သားတစ်ယောက်ရှိပါတယ်။ သားက ပြီးခဲ့တဲ့ ၂ဝ၁၃ တစ်လပိုင်း ၂၂ ရက်နေ့မှာ Influenza A ကြောင့် အဖျားကြီးပြီး တက်လို့ဆေးရုံတစ်ပတ်တက်လိုက်ရပါတယ်။ အဲဒီနောက် အပူက နေ့တိုင်းတက်လိုက်ကျလိုက်နဲ့ ခုဆိုနှစ်လရှိလာပါပြီဆရာ သုံးလပိုင်း၁၁ ရက်နေ့ထိက အပူချိန် အမြင့်ဆုံး ၃၉.၂ နဲ့ အနှိမ့်ဆုံး ၃၆.၈ ပါ။ ၁၂ ရက်နေ့ကနေ ဒီနေ့ ၁၅ရက်ထိက အမြင့်ဆုံး ၄၁ နဲ့ အနှိမ့်ဆုံး ၃၆.၇ ပါ။ ဆေးရုံလဲခနခန သွားပါတယ်ဆရာ။ သွေးစစ်ပေးပြီးတော့ ခုလိုနေ့တိုင်း အဖျားတက်ရခြင်းအကြောင်းရင်းက မသိပါဘူးလို့ပြောပြီး နှာစီးတာနဲ့ချောင်းဆိုးပျောက်ဆေးပဲနေ့တိုင်း တိုက်ခိုင်းပါတယ်။ Iga နဲ့ ige ကလက်ရှိရှိသင့်တဲ့ပမာဏထက် နဲနေလို့ များလားမသိဘူး လို့ပဲပြောပါတယ်။ သေချာတော့မသိဘူးစောင့်ကြည့်မယ်ဆိုပြီးပဲပြောပါတယ်။ သားကို ထပ်မတက်အောင်တော့ အပူကြီးတဲ့အခါဆရာဝန်ပေးတဲ့ စအိုထဲထဲ့တဲ့ဆေးသုံးပြီး ရေခဲခေါင်းအုံးနဲ့သိပ်ပါတယ် နဖူးချိုင်းကြားမှာကပ်တဲ့ဟာလေး ကပ်ပေးပါတယ်ဆရာ ဆေးကလည်း နေ့တိုင်းသုံးနေရပါတယ်။ ဒါပေမဲ့ခုအပူကတက်လိုက်ကျလိုက် နှစ်လလောက်ရှိလာပြီး အပူကလည်းတဖြည်းဖြည်းပိုကြီးလာတော့ ကျွန်မ အရမ်းစိုးရိမ်လာလို့ပါ။ သားကိုကလေးထိန်းကျောင်းမှာထားပါတယ်။ ခုတစ်ပတ်လုံးခွင့်ယူပြီး အိမ်မှာပဲပြုစုပေမဲ့ မသက်သာလာပါဘူး။ ဘယ်လိုလုပ်ရမလဲ ကူညီပါအုံးဆရာ။

Flue ဆိုရင် အပူကျဆေး၊ အင်တီဟစ်တမင်းဆေး ၂ မျိုးတည်းကိုသာ တိုက်ပါတယ်။ ဆေးနဲ့မဟုတ်ပဲ ရေအေး-ရေခဲတင်တာလဲ လုပ်ရတယ်။ မြန်မာတွေပိုနား.ဉ်တာက ပါရာစီတမော လို ဆေးတွေ တခြားတိုင်းပြည်တွေမှာ တခြားနာမည်တွေနဲ့ လာတယ် အတူတူသဘောတွေသာဖြစ်ပါတယ်။ အင်တီဟစ်တမင်းကလဲ Cetrizine အသုံးများတယ်။ အများအားဖြင့် ၁-၂ ပါတ်ဆိုပျောက်ရမယ်။ ဆရာဝန်တွေပြထားလို့တော့ မစိုးရိမ်ပါနဲ့။ ဗက်တီးရီးယားပါဝင်လာရင် ပိုးသေဆေးပါရောပေးရပါတယ်။
Paracetamol Syrup (ပါရာစီတမော) အရည်

Fri, Mar 15, 2013 at 5:47 PM
မေမေ့ အတွက်မေးချင်တာပါဆရာ။ မေမေက အသက် ၆ဝရှိပါပြီ။ ဘယ်ဘက် ခြေဖနောင့်နာနေတာပါ။ လမ်းလျောက်များရင် နာလာတာပါ။ အရပ် ၅'၃"မှာ အလေးချိန်၁၄၅ပေါင်လောက်ရှိပါတယ် သွေးလဲတိုးတတ်တယ်ဆရာ။ ဆေးခန်းပြဖို့ခေါ်တာကိုလဲ နေ့ရွှေ့ညရွှေ့လုပ်နေလို့ပါ။ ဘာလုပ်သင့်ပါသလဲဆရာ။ အောက်ကဆေးတွေထဲက လက်လှမ်းမီတာကို ဆေးညွှန်းအတိုင်းသောက်ပါ။ သွေးတိုးစာတွေဖတ်ပါ။ လိုက်နာပါ။
NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Fri, Mar 15, 2013 at 6:05 PM
ကျွန်မအသက်က ၂၇ ပါ။ အိမ်ထောင်ရှိပါတယ်။ ၃ ရက်ရှိပါပြီ အစာစားပြီးတိုင်း ၁ နာရီ တခါတလေ၂နာရီလောက်နေတာနဲ့ ပြန်အန်ပါတယ် ဗိုက်ဘယ်ဘက်အောက်ဘက်ခြမ်းကလဲ အောင့်အောင့်နေပါတယ်။ အစာစားပြီးရင်အောင့်လာတာပါ။ မနေ့ညကဆန်ပြုတ်သောက်တာတော့မအန်ဘူးဆရာ။ ကျန်တာဘာစားစားအန်ပါတယ်ဆရာ။ ဒီနေ့ဆရာဝန်ပြကြည့်တော့ GU ဆိုပြီး Ranitidine150 g တနေ့ ၂ကြိမ်။ omeprazole 20mg တနေ့ ၁ကြိမ်။ Kremil-S တနေ့ ၃ကြိမ်။ Medgel (sucralfate U.S.P) suspension တနေ့၂ကြိမ် သောက်ခိုင်းတယ်ဆရာ။ ဘာစစ်ဆေးမှုမှမလုပ်ဘူးဆရာ။ ဆရာ့စာတွေဖတ်ကြည့်တော့ ဘယ်လိုစစ်ဆေးမှုလုပ်မှ အစာအိမ်မှာအနာရှိတာသိနိုင်တယ်ဆိုတာတွေ့ရတယ်။ Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

Fri, Mar 15, 2013 at 11:09 AM
သမီးက (့) ပါ။ အသက်က ၂၄ ပါ။ single ပါ။ သမီးအခုကွန်ပျူတာကြည့်ရင်သော်၎င်း၊ ခေါင်းငုံ့ရင်သော်၎င်း၊ bus car စောင့်ရင်သော်၎င်းမူးတယ်ဆရာ။ အရမ်းကြီးတော့မဟုတ်ပါ။ မျက်မှန်ဆရာဝန်ပြတော့ မျက်မှန်လုပ်ပေးပီးအာရုံကြောကိုလည်းကောင်းတယ်လို့ပြောတယ်ဆရာ။ သမီး မှာခေါင်းမူးစရာသွေးတိုးတို့၊ အားနည်းတာတို့ လည်းမရှိပါဘူးဆရာ။ ခေါင်းလေ့ကျင့်ခန်းလုပ်ရင်ပိုမူးပါတယ်ဆရာ။ အဲဒါကြောင့် အရိုးကြီးပေါင်းတက်တာလားမသိ ဇဝေဇဝါဖြစ်နေပါတယ်ဆရာ။ အရိုးကြီးပေါင်းက သမီးတို့ လူငယ်တွေမှာရောဖြစ်လားဆရာ။ သူရဲ့ symptoms ကိုလည်းသိချင်ပါတယ် ဆရာ။

စာ ၂ ပုဒ်ပို့ပါတယ်။ လိုသေးရင် မေးပါ။
Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

Wed, Mar 20, 2013 at 10:22 AM
မ (့)၊ အသက်၃၃နှစ်၊ (့) မှာ (့) လုပ်ပါတယ်။ အစာအိမ်သိပ်မကောင်းတာကတော့ နည်းပညာတက္ကသိုလ် ကျောင်းသူဘဝကတည်းကပါ။ ကျောင်းတစ်ဘက်နဲ့ သင်တန်းတွေတက်ခဲ့တာရယ်၊ ဆယ်တန်း study guide လုပ်ခဲ့တာတွေရယ်ကြောင့် အစားအသောက် အချိန်မမှန်ဘဲ ပေခဲ့တေခဲ့တာတွေကြောင့်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်က အစာအိမ်မကြာမကြာနာရာက အူသိမ်နားက ပြန်ရည်ကျောရောင်တာကို ဒီကဆေးရုံက အူအတတ်နဲ့မှားပြီးဆေးရုံတင်လို့ ဆေးရုံလေးရက်တက်ရပါတယ်။ လိုအပ်တဲ့စမ်းသပ်မှုတွေ ညတွင်းချင်းလုပ်ပြီး အူအတတ်မဟုတ်ဘူးဆိုပြီး အစာအိမ်ကို ကုပေးလိုက်ပါတယ်။ အဲ့ဒီကတည်းက အနေအစားဆင်ခြင်ပြီး အတော်လေးဂရုစိုက်လို့ အစာအိမ်နာတာ ပြန်မဖြစ်သလောက်ပါပဲ။ လွန်ခဲ့တဲ့ ၅လကစပြီး အလုပ်သစ် construction site ကိုပြောင်းရပါတယ်၊ အလုပ်ရှိရင်ရှိသလို မမျှော်လင့်ဘဲ အိုဗာတိုင်လုပ်ရတဲ့အခါတွေ ရှိတတ်ပါတယ်။ မနက်စာနဲ့ နေ့ခင်းစာ အချိန်မှန်ပေမယ့် ညစာက တခါတရံနောက်ကျတဲ့ အခါမျိုးမှာ အစာအိမ်ပြန်နာပါတော့တယ်။ အလုပ်သစ်မို့ စိတ်ဖိစီးတာတွေလည်း ရှိပါတယ်။ လောဘဖိစီးထားတာလည်း ရှိပါသေးတယ်။ စနေ၊ တနင်္ဂနွေမှာ ကိုယ်ကပြန်သင်ပေးတာရော၊ ကိုယ်က အသင်ခံတာရော စုစုပေါင်းသင်တန်း ၆ ခု တက်ရတာပါ။ အစာအိမ်က ဆေးတွေသောက်နေတဲ့ကြားက မနက်အိပ်ယာထမှာ နာနေတတ်ပါတယ်၊ အဆိုးဆုံးက လည်ပင်းထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်တာပါပဲ။ တစ်နှစ်တစ်ကြိမ် သံဆေးမှန်သောက်ရဲ့သားနဲ့ သန်ကောင်ဆို့တယ်လို့တောင် ထင်မိပါတယ်။ တရေးနိုးရင် သန်ကောင်တက်လာတယ်ထင်ပြီး ဘေဇင်ဆီ ထထ ပြေးမိပါတယ်။ နောက်ဆေးခန်းသွားတော့ အစာအိမ်ဆေး ၅ စာပေးတာသောက်ပြီးပျောက်သွားပါတယ်။ ၂ ပတ်လောက်ကြာတာနဲ့ ပြန်ဖြစ်ပါတယ်။ အစာအိမ်ဆေးလိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ အစာအိမ်နာတာရော၊ ဆာနည်ပင်းတစ်ဆို့တစ်နေကုန်ဖြစ်နေတတ်တာရောက ခုဆို အမြဲလိုဖြစ်နေပါတယ်။ ဒီကဆရာဝန်က ဒီတစ်ခါတော့ မှန်ပြောင်းမျိုရမယ်လို့ ပြောလိုက်ပါတယ်။ အနာရှိမရှိကြည့်ပြီး ရောဂါ ရှာရင်း ကင်ဆာစစ်ဆေးဖို့ အသားစပါ တစ်ခါတည်းယူတယ် ပြောပါတယ်ဆရာ။ အနည်းဆုံးဒေါ်လာ၂ ထောင်ကုန်ပါမယ် မြန်မာငွေ ၁၅ သိန်းလောက်ပါ။ ကျမအနေအထားက အဲ့ဟာလုပ်ဖို့လိုအပ်မလား။ လိုအပ်ခဲ့လို့ မြန်မာပြည်မှာပြန်လုပ်ရင်ကော ဘယ်လိုနေမလဲ၊ အားနည်းချက် အားသာချက်ဘယ်လိုရှိမလဲ သိချင်ပါတယ်။

လေနာ (အစာအိမ်ရောဂါ) က အဖြစ်များတယ်။ စာလုပ်ရတာများသူတွေမှာ အဖြစ်မနည်းပါ။
အလုပ်ဖိစီးမှု၊ စိတ်ဖိစီးမှု များရင်လဲဖြစ်တယ်။ အကိုက်အခံပျောကဆေးကြောင့်လဲ ဖြစ်တယ်။ ဆေးကုသရင် ကောင်းသွားတာပါ။ ဆရာစာတပုဒ်ရေးထာတာ ရှာမတွေ့ရှုပြောပါ။
• Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း http://dts-medicaleducation.blogspot.com/2010/09/peptic-ulcer-diagnosis.html
• Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည် http://dts-medicaleducation.blogspot.com/2010/05/peptic-ulcer.html

သန်ကောင်မဟုတ်လောက်ပါ။ "ဆာနည်ပင်းတစ်ဆို့တစ်နေကုန်ဖြစ်နေတတ်တာရောက" လည်ပင်းတစ်ဆို့တယ်လို့ ပြောချင်တာလား။ လည်ပင်း၊ အစာမြိုပြွန်ဆိုရင် Endoscopy ဆိုတာလုပ်နိုင်တယ်။ လူတိုင်းကိုတော့ မလုပ်ပါ။ မှန်ပါတယ် ကုန်ကျစရိတ်နဲ့ချိန်ဆသင့်ပါတယ်။ အစာမာ၊ မပြော့မမာ၊ အရေသာ မြိုနိုင်သူတွေကိုတော့ လုပ်တယ်။ တစ်ဆို့မှုကို ခံစားနေရယုံနဲ့တော့ မလိုအပ်သေးပါ။

Mon, Mar 25, 2013 at 1:55 PM
ကျွန်တော် အသက် ၃၈ လူပျိုပါ။ မန္တလေးမှာနေပါတယ်။ ဝမ်းအကျိအချွဲကြတာ ၃ လရှိပါပြီ။ ဆေးစစ်တော့ အက်စစ်များပြိး တုတ်ကောင်တွေ့တယ်လို့ပြောပါတယ်။ ဆေးလဲမကြိမ်စစ်ပြီးပါပြီ။ သို့သော်လဲ အခုချိန်ထိမပျောက်သေးပါ

Albendazole သန်ချဆေး

Mon, Mar 25, 2013 at 6:48 AM
ကျွန်တော်က အိန္ဒိယမှာပါ။ ဆရာဆီကို ဖုန်းဆက်ချင်လို့ပါ။ ဆရာအားတဲ့ အချိန် ကျွန်တော် ဖုန်းဆက်ပြီး ကျွန်တော့် အခြေအနေ ပြောပြချင်လို့ပါ။ ကူညီပါဦး ဆရာ။ အပြင်မှာ ပြတော့လည်း အဆင်မပြေလို့ပါ။ သူ့စကား ကိုယ်နားမလည် ကိုယ့်စကား သူနားမလည်နဲ့ ဖြစ်နေလို့ပါ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။ ဆေးခန်းကိုလဲ လာပြနိုင်ပါတယ်။
Yamuna Clinic (Free for Burmese community in India)
WZ-110 A, Bodella, Vikas Puri, New Delhi 110018
Clinic time: Tuesday, Thursday, Saturday at 3:30 PM onwards

Mon, Mar 25, 2013 at 10:43 AM
Dear Dr, my mom has Diabetes and she is sick. How can we take care not to be more worse explain to me Please Dr, I mean eating, living ,drinking etc.: ,,,what kind of foods not to eat & what kind of fruits & vegetables should have & should not have ,, What kind of meats & sea foods should not eat, sweet, sour, bitter, salted, spicy etc. Please. How should i take care for my Mom? If you can explain to me in Myanmar langue is better Dr. Please.

• Diabetes ဆီးချို http://dts-medicaleducation.blogspot.com/2010/09/diabetes.html
• Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ http://dts-medicaleducation.blogspot.in/2012/06/diabetic-neuropathy.html

Mon, Mar 25, 2013 at 7:42 PM
ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊ (့) မှာ နေပါတယ်။ နောက်ကျောရိုးရဲ့  ဘေးက အသားဆိုင်ထဲမှာ အောင့်အောင့်နေတယ်။ သန်းလိုက်တဲ့ အခါမျိုး၊ လေချဉ်တက်တဲ့ အခါလို၊ နှာချည်တဲ့ အခါလိုမျိုးမှာ အတော် အောင့်ပါတယ်။ အဲဒါကြောင့် နှာချီရင် ပါးစပ်ဟ ရုံပဲရတယ်။ ဆုံးခန်း မရောက်ဘူး။ နောက်ကျောထဲမှာ လေလိုလို (မှန်းပြောတာပါ။ ကျွန်တော် တကယ် မသိပါဘူး)၊ မျိုး နေရာ ရွေ့ ပါတယ်။ အဖေ့ ဘက်က အမျိုး တွေက သေတဲ့ အထိ နံရိုးထဲ လက်ဖိပြီး သေကြရတယ်။ တစ်ခါတစ်ခါ နံရိုးကြား ထဲကပါ အောင့်တော့ မျိုးရိုး လိုက်မှာ ကြောက်တယ် ဆရာ။ ဘာရောဂါလဲ၊ ဘယ်လို မဖြစ်အောင် နေရမလဲ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြ ပေးပါ ဆရာ။

ဘယ်-ညာ မသိပါ။ ဖြစ်တာ ဘယ်လောက်ကြာလဲ မသိပါ။ ဓါတ်မှန်ရိုက်ဘူးလား မသိပါ။