ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Sunday, March 31, 2013

Q and A March 2013 (4)

1. Betex ဆိုတာဘာဆေးလဲဆရာ။ ဘာရောဂါဖြစ်ရင်သောက်ရတဲ့ဆေးလဲဆရာ။
2. သမီးရဲ့အဖေကအရင် ကျန်းမာပါတယ်။ သမီးတို့က
3. Name: (့)၊ Age: 23 yr, Sex: Male
4. ကျွန်မ (့)၊ 37 နှစ် ရန်ကုန်မှာနေပါသည်။
5. Medical leaves of patients ဘယ်လိုရေးရမယ်ဆိုတာ သင်ကြားပေးပါရှင့်
6. ဝဲနှင်းခူကို ဘယ်လိုကုရမယ်ဆိုတာ ဖြေကြားပေးပါရှင့် Medical term ကိုလဲသိချင်ပါတယ်။
7. သမီးက ကားမူးတတ်ပါတယ်။ အရင်ကားမူးရင် stugeron ဆေးသောက်ပါတယ်။
8. I'm now 17. I'm 5'4". I wanna get 5'8" at least.
9. သမီးနာမည်က (့) လို့ခေါ်ပါတယ်။
10. ကျွန်တော့ မျက်နှာ မေးရိုးနဲ့ အောက်တဝိုက်မှာ ဝက်ခြံကို
11. ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊
12. သမီး ဝမ်သွားတဲ့အခါ သွေးပါနေတာ ၃ ရက် ရှိပါပြီ။

Sat, Mar 30, 2013 at 8:43 AM
Betex ဆိုတာဘာဆေးလဲဆရာ။ ဘာရောဂါဖြစ်ရင်သောက်ရတဲ့ဆေးလဲဆရာ။

မသိပါ။ Google မှာလဲ ရှာမတွေ့ပါ။

Fri, Mar 29, 2013 at 2:12 PM
သမီးရဲ့အဖေကအရင် ကျန်းမာပါတယ်။ သမီးတို့က ရှမ်းပြည်မှာနေတာအေးတဲ့လ ဆောင်းတွင်းကြီးလေ အဖေက ရေချိုးကဲတယ်။ လိမ်မော်သီးလဲစားတယ်။ အဲဒါအအေးမိပြီး အသံဝင်သွားတယ်။ ချောင်းလဲဆိုးတယ်။ ၁၂ လပိုင်းတုံးက ဖြစ်တာ။ အသက်က ၆၇ နှစ်မိုးကုတ်မှာလဲ အဖေက ခဏယာယီသွားနေတယ်။ သူလဲအေးတာပဲ။ အဲ့ဒီမှာစဖြစ်တာ။ အပြန်မန်းတလေးမှာဝင်ပြတယ်။ အအေးမိတာဆိုပြီး ဆေးပေးတယ်။ အောင်ပန်းကိုပြန်လာတယ်။ ချောင်းဆိုးတယ်။ အသံကနည်းနည်း ပြန်ထွက်လာတယ်။ ၁ လပိုင်းက ရန်ကုန်ဆင်းပြတယ်။ လည်ချောင်းဆရာဝန်က မှန်ပြောင်းနဲ့ကြည့်ပြီး ဘာမှမရှိဘူး အာရုံကြောအားနည်းဆိုပြီး ၃ လစာ ဆေးပေးတယ်။ ရှမ်းပြည်ပြန်တယ်။ အသံက တဝက်ပြန်ထွက်လာတယ်။ ချောင်းကတခါတခါမှ ဆိုးတယ်။ အစားအသောက်ပျက်တယ်။ အမေကကောင်းကောင်း ချက်ကျွေးပေမဲ့ ခံတွင်းမကောင်းဘူး။ ဘယ်ဘက်ညှပ်ရုးနားမှာ အကျိတ်လေးတွေ့တယ်။ လက်မြှောက်ရင် အကျိတ်ကနာတယ်။ ရွေ့လို့မရဘူး။ အစားပျက်တာ ၂ လရှိပြီ။ အကျိတ်လေးက ၂ ပတ်ရှိပြီ။ ရန်ကုန်ဆင်းပြတယ်။ အကျိတ်က ၂ စင်တီမီတာလောက်ရှိတယ်။ ct scan စစ်တော့ အဆုတ်မှာ စပေါ့လေးတွေ့တယ်။ နောက်ကျောလဲတက်တယ်။ ဘာများဖြစ်နိုင်ပါသလဲရှင့်။ အဖေ့အတွက်စိုးရိမ်လွန်းလို့ပါဆရာ။

စာရိုက်တာမှာ အဖြတ်အတောက်မပါလို့ နားလည်းအောင် ထပ်ထပ်ဖတ်နေရတယ်။ မြန်မာအစစ်မဟုတ်ရင်တော့ နားလည်ပေးပါတယ်။ ဆေးစာဖြစ်လို့ တိတိကျကျ ရှင်းရှင်းလင်းလင်း ရေးသင့်တာပေါ့။ အဆုပ်မှာ စပေါ့တွေ့တော့ ဆရာဝန်က ရောဂါနာမည် ဘယ်လိုပြောပါသလဲ။ TB လား၊ တခြားဟာလား။ ဘာဆက်လုပ်ဘို့ လမ်းညွှန်ပါသလဲ။ ဆရာဝန့်ဆေးစာထဲက စာလုံးပေါင်းသိရရင် တိတိကျကျဖြေပေးနိုင်ပါတယ်။ မှန်းပြီးဖြေလို့ မဆိုင်တာဖြစ်နေရင် ဖတ်တဲ့သူမှာ မလိုအပ်ပဲ စိတ်ညစ်နေနိုင်တယ်။

ဆရာရှင့် သမီးကကွန်ပြူတာစာရိုက်တာ အခုမှမို့ခွင့်လွှတ့်ပါ။ အဖေကသမီးတို့အသက် ၃၁ ထိ၊ အရက်၊ ဆေးလိပ်မသောက်ပါ။ အရင်လဲသောက်တယ်လို့ မကြားပါ။ လူကဝပါသည်။ သမီးက (့) မှာမို့ပါ၊ အဖေကရန်ကုန်မှာ၊ ဆရာဝန်က အဖြေတိတိကျကျမပေးနိုင်ဘူးဖြစ်နေတယ်။ CT scan အရ အဆုတ်မှာ spot များရှိနေပါတယ်။ အစာမျိုပြွန် နဲနဲကျဉ်းသွားတယ်။ လယ်ပင်းဘယ်ဘက်မှာ ၂ လောက်ရှိအကျိတ်တစ်လုံး ညာဘက်မှာ အကျိတ်တစ်လုံး ရှိနေပြီး လက်မြှောက်ရင် နာပါသည်။ ၁၉၈၂ မှာ TB တော့ဖြစ်ဖူးပါတယ်။ အစားသောက်ပျက်ပြီး စိတ်ဓာတ်ကျနေပါတယ်။ အသံလည်းနဲနဲ ဝင်သွားပါတယ်။ အသံအိုးများ ပြဿနာရှိနေပါလားဆရာ။ စိုးရိမ်မိတာတစ်ခုက ကင်ဆာတစ်ခုခု ဖြစ်မှာကိုပါဆရာ။ အဖေ့အတွက်လွန်စွာမှ စိုးရိမ်နေမိလို့ အားထားရိုသေစွာမေးမြန်း အပ်ပါတယ်ဆရာ။

အဆုပ်မှာ Spot လိုသာ တိတိကျကျပြောရင်တော့ ရောဂါအမည်ထင်တာကိုပါ မှတ်ချက်မှာ ရေးပါလိမ့်မယ်။ အားမနာတမ်းပြောရရင် Spot ဆိုတာ ကင်ဆာမှာ သုံးလေ့ရှိတယ်။ ဒါပေမဲ့ ဆရာဝန်က မဟုတ်လို့ မပြောတာလည်း ဖြစ်နိုင်ပါတယ်။ တီဘီ ဖြစ်ဘူးထားသူဆိုရင် ဓါတ်မှန်မှာ အမာရွတ်လို တွေ့နိုင်ပါတယ်။ အကျတ်ဆိုတာ (၁) ဆိုင်ရာနေရာမှာ ပိုးဝင်လို့ဖြစ်တာတဲ့ (၂) ကင်ဆာ၊ (၃) တီဘီ တွေကနေဖြစ်စေနိုင်ပါတယ်။ ကုသပေးနေတဲ့ဆရာဝန်ကသာ အသေအချာပြောနိုင်ပါမယ်။ ဆရာဖြေတာကနေ စိတ်ဓါတ်မကျစေချင်ပါ။ ဆရာ့အနေနဲ့ ဒိထက်ပိုမပြောနိုင်ပါ။

Fri, Mar 29, 2013 at 11:07 AM
Name: (့)၊ Age: 23 yr, Sex: Male Location: Myanmar, Marital Status: Married ကျနော် အခု မျက်လုံးက ပါဝါ - 10.00 contact lens တပ်နေရပါတယ်။ ၁ဝ နှစ်သားကတည်းက မျက်မှန်စတပ်ရပါတယ် စတပ်တပ်ချင်းတုန်းက ပါဝါက - 5.00 ပါ။ မျက်မှန်တပ်ပါတယ်။ အခု မျက်စိစပ်သပ်ခန်းတွေမှာ Laser နဲ့ ပါဝါ ဖျောက်တဲ့ အကြောင်းတွေ ကြော်ငြာနေပါတယ်။ ကျနော် အခု အသက် ၂၃ ပြည့်ပြီးပါပြီ။ Laser Vision Correction Surgery က အမှန်တကယ် မျက်လုံးကို normal vision ပြန်ရပါသလား။ Cornea ကို Laser နဲ့ စက်ကနေပါးပေးပြီး Consultant Opthamologist က Equation တစ်ခုကို ကိုယ်တိုင် ရိုက်နှိပ်ပေးပြီး စက်က ခွဲပေးတယ် ဆိုတာရောဟုတ်ပါသလား။ Mild Keratitis တစ်ခါရဖူးတဲ့သူဆိုရင်ရော အဆင်ပြေပါသလား။ Follow up ဘယ်လောက်ထိသွားရပါသလဲနဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိချင်ပါတယ်။ ယခု မြန်မာနိုင်ငံမှာ ခွဲစိတ်လျှင် သင့်တော်ပါသလား။

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

Fri, Mar 29, 2013 at 8:29 AM
ကျွန်မ (့)၊ 37 နှစ် ရန်ကုန်မှာနေပါသည်။ အခု တစ်ပတ်လောက်ရှိပြီ နေ့လည်စာပြီးတိုင်း ခေါင်းမူးနေပြီး ရင်ထဲမှာနေလို့မကောင်းပါ။ သွေးပေါင်ချိန် ၁၂ဝ/80 ပုံမှန်ရှိနေရဲ့သားနဲ့ ခေါင်းတခုလုံး လည်နေပါပါသည်။ ကျွန်မ 3.9.2012 က အူအတက်ပေါက်ပြီး ဗိုက်ခွဲခဲ့ဘူးပါသည်။ တခုရှိသည်မှာ ထမင်းစားအရမ်းမြန်ပါသည်။ သို့သော် အရင် အသက် 30 ဝန်းကျင်ကဘာမှမဖြစ်ခဲ့ဘူးပါ။ ECG ရိုက်ကြည့်တော့ အားလုံးကပုံမှန်ပါပဲ။ ပါမောက္ခ (့) နဲ့မနေ့က ပြကြည့်ပါသည်။ သေသေချာချာမရှင်းပြပါ။ သူ့ဆေးပေးလိုက်တာက Nootropil တခြမ်း တနေ့ 3 ကြိမ်၊ Omeprazole 20mg မစားခင်တနေ့ 1 ကြိမ်၊ Stugeron တနေ့ 2ကြိမ်။

Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)

Thu, Mar 28, 2013 at 7:52 AM
Medical leaves of patients ဘယ်လိုရေးရမယ်ဆိုတာ သင်ကြားပေးပါရှင့်
(A) How to Write a Medical Leave Letter
1. Research your company's medical leave policies and guidelines before writing your letter. Every company has specific guidelines about medical leave that could enforce when a medical leave letter must be submitted by, if supporting documentation must also be submitted and who to submit the letter to.
2. Set the tone. Remember the style of the medical leave letter should not sound casual. You want to sound formal and to-the-point stating only the facts. All leave of absence letters should follow a standard business letter format.
3. State the reason for the leave of absence in clear terms in the body of your letter. Make sure it is a valid reason as defined by your company's medical leave policy. Examples can include surgery, treatment, and spouse or child medical needs.
4. Give the exact dates that you will need to be absent from work. Also include how many days you will be gone and when you should be able to resume work again.
5. Include the details of all the projects or accounts you're currently working on, the status of these projects and whether or not there are deadlines. This will allow your employer to have the information needed to redistribute work load to other employees if necessary.
6. Include a letter from your doctor. In some cases, company policy may dictate this as a requirement in order to get the approved leave.
7. End the medical leave letter. Thank your employer for their time and include all of your contact information.

(B) Here is an example of a medical leave letter:
Date
Name
Title
Organization
Address
City, State, Zip Code

Dear Mr./Ms. Last Name:
I would like to request a leave of absence for medical reasons. I will be having heart surgery on September 1 and expect to return to work approximately three months later.

I can provide written documentation from the surgeon, if necessary.

Thank you very much for your consideration.

Sincerely,
Signature
Name

(C) Leave letter by doctors
As far as I know, there is no format. SO a doctor can just write down:
Name of the patient, Age and Gender, Patient registration number, diagnosis, the onset date or date of admission and if applicable the date of discharge, recommendation for rest and follow-up and etc.
The patient may ask the doctor to write the dates that can be applied to his or her job.

Some work places may offer a form on which the doctor has to write down and sign with seal and date.

Thu, Mar 28, 2013 at 7:54 AM
ဝဲနှင်းခူကို ဘယ်လိုကုရမယ်ဆိုတာ ဖြေကြားပေးပါရှင့် Medical term ကိုလဲသိချင်ပါတယ်။

• Eczema နှင်းခူနာ
• Eczema Medicine နှင်းခူနာဆေး

Thu, Mar 28, 2013 at 7:38 AM
သမီးက ကားမူးတတ်ပါတယ်။ အရင်ကားမူးရင် stugeron ဆေးသောက်ပါတယ်။ ယခုသမီးမှာ ကိုယ်ဝန် (8) ပတ်ရှိပါတယ်။ ခရီးကလည်း မဖြစ်မနေသွားရမှာ ဖြစ်နေလို့ ကိုယ်ဝန်ဆောင်စဉ်မှာ stugeron ဆေးသောက်လို့ရပါသလား သိချင်လို့ပါ။

Pregnancy and Vomiting ကိုယ်ဝန်နှင့် အန်ခြင်း

Wed, Mar 27, 2013 at 11:33 PM
I'm now 17. I'm 5'4". I wanna get 5'8" at least. Please advice me how to get it. I feel so depression about my height now.

• Height အရပ်ရှည်နည်း

Tue, Mar 26, 2013 at 3:14 PM
သမီးနာမည်က (့) လို့ခေါ်ပါတယ်။ အသက်က ၂၂ ပါ။ (့) မှာနေပါတယ်။ သမီးက အသက်ငယ်ငယ်လေးနဲ့ ရောဂါကေ တ်ာတော်များတာကိုစဉ်းစားရင်းစိတ်ပျက်မိတယ်။ သမီးက အစာအိမ်သွေးကြော ၂ ခါပေါက်ဘူးတယ်။ နှလုံးအားနည်းတဲ့ရောဂါလည်းရှိတယ်။ လေးဖက်နာလည်းရှိတယ်။ အငံစားပြန်တော့လည်းသွေးလည်းတိုးသေးတယ်။ တစ်ခါတစ်လေ ထိုင်နေရင်းနဲ့ ထလိုက်ရင် နှလုံးအောက်ပြီး အသက်ရူလို့မရဘူးဖြစ်နေတယ်။ လန့်စရာမြင်ရင်တောင် မူးလှဲချင်တယ်။ စိတ်တိုပြီဆိုလည်း အသက်ရူလို့မရဘူး နှလုံးကိုဖိထားမှ အသက်ရူလို့ရတယ်။ ဒါက နှလုံးရောဂါလို့ ပြောလို့ရမလားမသိဘူးရှင့်။ ပြီးတော့လည်း တစ်ခါတစ်ခါဆို ခြေထောက်အရိုးတွေကပျော့ပြီးလမ်းလျှောက်လို့မရပြန်ဘူး။ သမီးဘယ်လိုလုပ်သင့်လည်း မသိဘူး။ ဒါတွေက ဘာဖြစ်လို့လဲသိချင်ပါတယ်ရှင့်။

ဆောရီး။ တချို့လူတွေက ချူချာကြတယ်။ တသက်လုံး ကျန်းမာရေး မကောင်းနေတာမဟုတ်ပဲ နောက်မြှ တိုးတက် ကောင်းမွန်လာသူတွေလဲ ရှိပါတယ်။ အသက် ၂၂ ဟာ အရွယ်အလွန်ကောင်းချိန်ဖြစ်ပါတယ်။ ဆေးစစ်တာတွေ လုပ်ဘူးမယ် ထင်ပါတယ်။ ဆရာဝန်တွေကလည်း အကြံပေးထားတာတွေရှိမှာပေါ့။ အစာလမ်းသွေးယိုတာအတွက်လည်း ကုထားပြီးဖြစ်လို့ နောင်အတွက်သာ ဆင်ခြင်ပါ။ လေနာဆေး Antacid ဆောင်ထားပါ။ အစာစားချိန်မှန်ပါစေ။ သွေးယိုတဲ့လက္ခဏာ စောစောသိအောင်လုပ်ပြီး လိုတာနဲ့ ဆရာဝန်ပြပါ။ လေးဘက်နာက အသက်ရရင် ကောင်းလာတတ်ပါတယ်။ နာတာရှိရင် အကိုက်အခဲပျောက်ဆေးသောက်ပါ။ ဒါပေမဲ့ လေနာရှိသူတွေက အထူးသတိထား သောက်ရတယ်။ လေဆေးနဲ့၊ အစာနဲ့သာ အကိုက်အခဲပျောက်ဆေး သောက်ရတယ်။ နှလုံးရောဂါဆိုတာ အမျိုးအစားတွေများလို့ အဝေကနေ မစစ်ဆေးပဲတော့ ရှိ-မရှိ ပြောမရပါ။ စိတ်ခိုင်မာအောင် ကြိုးစားပါ။ ကိုယ်ကိုးကွယ်တဲ့ ဘာသာအဆုံးအမကိုတည်စေပါ။ အပြုသဘောဆောင်တာကို ဖတ်ပါ၊ တွေးတောပါ။ အပြုသဘော အားပေးသူတွေနဲ့ ပေါင်းသင်းပါ။ ကိုယ်လက်လှုတ်ရှားမှု ပုံမှန်လုပ်ပါ။ အစားအသောက် ပြည့်ဝ-မျှတအောင်စားပါ။ အားဆေး သံဓါတ် + ဗီတာမင် (ဘီ) သောက်ပါ။ မိန်းကလေးဖြစ်လို့ ရာသီအခြေအနေ သိချင်သေးတယ်။ ဒါပေမဲ့ မေးတဲ့အထဲမှာ မပါတာဟာ မှန်လို့ဖြစ်ပါမယ်။ ဒီတော့ ဒီအရွယ်မိန်းကလေးတွေ ဆရာ့ကို ရာသီမမှန်လို့ မေးကြတာထဲ ကိုယ်မပါတာဟာ ကံကောင်းတာလို့ သိပါ။ နောက်ပြီး အကုရခက်တဲ့ ရောဂါကြီးတွေ၊ ကူးစက်ရောဂါတွေ ငါ့မှာ မရှိဘူးလို့သိပြီး စိတ်အားတက်စေပါ။

Sat, Mar 9, 2013 at 1:54 PM
ကျွန်တော့ မျက်နှာ မေးရိုးနဲ့ အောက်တဝိုက်မှာ ဝက်ခြံကို မသိနားမလည်ဘဲ ညှစ်ခဲတဲ့ အမှားကြောင့် Keloid တွေ ဖြစ်နေပါတယ်။ ဆရာဝန်နဲ့ ပြတော့ စတီးရွိက်ဆေး ထိုးပေးပါတယ် ပျော့တဲ့ နှစ်ခုလောက်က ချပ်သွားပြီး မာတဲ့ဟာတွေက ပြန်ပြီး ဖြစ်နေပါတယ်။ ဆရာဝန်ကတော့ ခွဲဖို့ပြောပါတယ်။ နောက်ပြီး မေးရိုးအောက် လည်ပင်းတဝိုက်မှာ အသားသီး သလိုမာမာ အခဲသေးသေးလေးတွေ ဖြစ်လာတယ်။ အင်တာနက်ကနေလဲ တတ်နိုင်သလောက် keloid ကုသနည်းတွေ ရှာကြည့်ပါတယ်။ ဒါပေမဲ့ လေဆာနဲ့ကုသတဲ့ သူကလေဆာ၊ ခွဲပြီးဆေးထိုးတဲ့သူက ခွဲတာအကောင်းဆုံးဆိုပြီး သူတို့ အားသန်တာတွေ ပြောနေတယ်။ ပြီးတော့ ရွှေဘုံသာလမ်းမှာ ဆေးထိုးတုန်းက တခါထိုး ငါးသောင်းလောက်ပေးခဲ့ရတယ် အဲဒီဆေးကိုပဲ အသိအရေပြားအထူးကုဆီမှာကုတာ ခုနှစ်ထောင်ပဲကုန်တယ် အဲဒီလိုခံရမှာလဲ ကြောက်တယ်ဆရာ။ ဘယ်လောက်ကုန်မလဲ ဘယ်နည်းနဲ့ကုသတာ အကောင်းဆုံးနဲ့ ဈေးလဲမှန်မဲ့နေရာကို သိချင်ကုသချင်ပါတယ်။

ကျွန်တော်က ဈေးနှုန်းဆိုတာတွေ မသိပါ။ Keloid အရုပ်ဆိုးတဲ့ အမာရွတ် ကိုပို့ပါတယ်။

ကျွန်တော် ဆရာဝန်ပြတော့ keloid ကို ဆေးထိုးပေးတယ် ခြေပေးရတယ်။ ဒါပေမဲ့ တခုနှစ်ခုလောက်ပဲ ပိန်သွားတယ် ကျန်တာတွေကပြန်ကြီးလာတယ်။ အခု သွားပြတော့ ခွဲထုတ်ဖို့ပြောတယ် ဒါပေမဲ့ သူ့ဆီမှာ ခွဲလို့မရဘူး ခွဲပြီးရင် ဓာတ်ကင်ပေးရမယ်ပြောတယ်။ မြန်မာနိုင်ငံမှာ ဘယ်ဆေးရုံဆေးခန်းမှာ ခွဲပြီးဓာတ်ကင်လို့ရမလဲ။ မျက်နှာမှာဆိုတော့ အတော်ကို ကြည့်ရဆိုးနေလို့ တော်တော် စိတ်ညစ်နေရပါတယ်ဆရာ။

ဆောရီး။ ဆရာက ပြည်တွင်းမှာ မနေရလို့ မသိပါ။

Mon, Mar 25, 2013 at 7:42 PM
ကျွန်တော့် နာမည် (့) ပါ။ အသက် ၂၉၊ ကျား၊ (့) မှာနေပါတယ်။ နောက်ကျောရိုးရဲ့ ဘေးက အသားဆိုင်ထဲမှာ အောက်အောက်နေတယ်။ သန်းလိုက်တဲ့ အခါမျိုး၊ လေချဉ်တက်တဲ့ အခါလို၊ နှာချည်တဲ့ အခါလိုမျိုးမှာ အတော်အောင့်ပါတယ်။ အဲဒါကြောင့် နှာချီရင် ပါးစပ်ဟ ရုံပဲရတယ်။ ဆုံးခန်း မရောက်ဘူး။ နောက်ကျောထဲမှာ လေလိုလို မှန်းပြောတာပါ။ ကျွန်တော် တကယ်မသိပါဘူး၊ နေရာရွေ့ပါတယ်။ အဖေ့ဘက်က အမျိုးတွေက သေတဲ့အထိ နံရိုးထဲ လက်ဖိပြီး သေကြရတယ်။ တစ်ခါတစ်ခါ နံရိုးကြား ထဲကပါ အောင့်တော့ မျိုးရိုးလိုက်မှာ ကြောက်တယ်ဆရာ။ ဘာရောဂါလဲ၊ ဘယ်လို မဖြစ်အောင်နေရမလဲ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောပြပေးပါဆရာ။

ဘယ်-ညာ မသိပါ။ ဖြစ်တာ ဘယ်လောက်ကြာလဲ မသိပါ။ ဓါတ်မှန်ရိုက်ဘူးလား မသိပါ။

ကျောရိုးရဲ့ ညာဘက်ခြမ်းပါ။ ဖြစ်တာ ၂ လခွဲလောက်ရှိပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဓါတ်မှန်ရိုက်ခဲ့တယ်။ ဆေးခန်းက ပြောတာတော့ FIT ဖြစ်တယ်တဲ့။ ကိုယ်တိုင်လည်း မကြည့်တတ်ဘူးဆရာ။ ဘယ်ဘက်ခြမ်းက မအောင့်ဘူး။

ဓါတ်မှန်မှာ ကောင်းနေရင် အနာအကိုက်သက်သာဆေး တခုခုသာသောက်ပါ။ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။ အထောက်အကူဖြစ်အောင် Neurobion ကို တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁ဝ-၂ဝ ရက်သောက်ပါ။
NSAIDs (1) အကိုက်အခဲပျောက်ဆေးများ

Fri, Mar 22, 2013 at 12:00 PM
သမီး ဝမ်သွားတဲ့အခါ သွေးပါနေတာ ၃ ရက် ရှိပါပြီ။ သွေးပါတဲ့ပမာဏကတော့ အများကြီး မဟုတ်ပေမဲ့ ထင်ထင်ရှားရှား မြင်ရတဲ့ အနေအထား ရှိပါတယ်ရှင်။ တခြားခံစားမှုတော့ ဘာမှ သိပ်မရှိပါဘူး။ သမီး ညတိုင်းလည်း ဒိန်ချဉ် သောက်တဲ့အတွက် ဝမ်းချုပ်တာမျိုးလည်း မရှိပါဘူး။ လွန်ခဲ့တဲ့ ၆ လ ခန့်က တော့ ဝမ်းသွားရင် ဝမ်းအရောင်က မည်းနေလို့ အထွေထွေရောဂါကု ဆရာဝန်နဲ့ ပြခဲ့တာမျိုးရှိပါတယ်။ ဝမ်းသွားလို့ အရောင်မည်းနေတာ တစ်ရက်နှစ်ရက် မဟုတ်ဘဲ တစ်လခန့် ရှိလို့ စိတ်ထဲ တစ်မျိုးဖြစ်တာနဲ့ သွားပြခဲ့တာပါ။ ဆရာဝန်ကတော့ အစာအိမ်လမ်းကြောင်း သွေးယိုစီးတာလို့ ယူဆတဲ့အတွက် kremil-S, Hemsamic 250 mg , raberazole တို့ သောက်ခိုင်းတဲ့အတွက် ၃ ရက်ခန့်မှာ ဝမ်းအရောင် ပုံမှန် ပြန်လည်ဖြစ်လာခဲ့ပါတယ်ရှင်။ ဝမ်းပုံမှန် ပြန်ဖြစ်ပြီးတဲ့နောက် ဆရာဝန် ဆီ ပြန်လည် ပြသတဲ့အခါ Hemsamic 250 mg ကို ဆက်မသောက်ခိုင်းတဲ့အတွက် ဆက်မသောက်တော့ဘဲ ကျန် ဆေး ၂ မျိုးကိုတော့ ၁ဝ ရက် သောက်ဖြစ်ပါတယ်ရှင်။ တစ်ခါတရံလည်း တပင်တိုင်မြနန်းလို ဗမာဆေးမျိုး သောက်ဖြစ်တာလည်း ရှိပါတယ်။ ဆက်သောက် သင့်ပါသလားရှင့်။ အခု သွေးပါနေတာက ဘာရောဂါများ ဖြစ်နိုင်ပါသလဲ။ အခု နိုင်ငံခြားကို ခေတ္တ ရောက်နေလို့ ဆရာဝန်မပြဘဲ နေပြီး ဘယ်လိုဆေးမျိုး သောက်သုံးသင့်ပါသလဲ။ မဖြစ်မနေ ဆေးစစ်မှု ခံယူဖို့ လိုပါသလားရှင်။

Blood in Stool စအိုက သွေးယိုခြင်း