Tuesday, April 30, 2013

Sweat and Virus ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ်တဲ့

၂ဝဝ၇ ခုနှစ်က ကျန်းမာရေးသတင်းတပုဒ်ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports အာကစား လုပ်သူတွေအချင်းချင်း ချွေးကနေကူးနိုင်တယ်လို့ ဓါတ်ပုံနဲ့ ဖေါ်ပြထားပါတယ်။ သုတေသနလုပ်သူတွေက အိုလန်ပစ် နပမ်းသမား (ယောက်ျား အသက် ၁၈-၃ဝ) ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ "မကူးစက်နိုင်တဲ့နည်းလမ်းတွေ" ထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။
• Touching or Hugging ထိကိုင်၊ ပွေ့ဖက်ခြင်း၊
• Utensils, Towels, Bedding မီးဖိုချောင်သုံးပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊
• Sweat or Tears ချွေး နဲ့ မျက်ရည်၊
• Swimming pools, Saunas, Hot tubs, Toilets ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊
• Coughs or Sneezes ချောင်းဆိုး၊ နှာချေ။

Hepatitis B virus အသဲရောင် (ဘီ) ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကိုကူးခြင်းတို့ဖြစ်တယ်။ မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဘာမှ မလုပ်ဘဲ (ဆေးမကုဘဲ) နေရင် သူကနေ မွေးလာမဲ့ကလေးကို မွေးနေတုံးကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူဆိုရင် သူကနေမွေးလာမဲ့ကလေးကို မွေးနေတုံး ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။
နောက်ပြီး အတူနေမိသားစုအတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။ ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

Sweat Can Transmit Viral Infections http://news.softpedia.com/news/Sweat-Can-Transmit-Viral-Infections-48302.shtml?fb_action_ids=304402569689733&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ဒေါက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၃

Friday, April 26, 2013

Beverages သောက်စရာအမျိုးမျိုး သကြားဘယ်လောက်တိုးသလဲ

• Coca Cola ကိုကာကိုလာ
12 oz (355 ml) Can
သကြား စုစုပေါင်း 39g
ကယ်လိုရီ စုစုပေါင်း 140

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 65g
သကြားကရတဲ့ ကယ်လိုရီ: 240

• 1 Liter (34 oz) Bottle
သကြား စုစုပေါင်း 108g
ကယ်လိုရီ စုစုပေါင်း 400

• Coca Cola ကိုကာကိုလာ
7-Eleven 32 oz Big Gulp (28 oz soda + 4 oz ice)
သကြား စုစုပေါင်း 91g
ကယ်လိုရီ စုစုပေါင်း 364

• 7-Eleven 44 oz Super Gulp (38 oz soda + 6 oz ice)
သကြား စုစုပေါင်း 128g
ကယ်လိုရီ စုစုပေါင်း 512

• Coca Cola
7-Eleven 52 oz Xtreme Gulp (45 oz soda + 7 oz ice)
သကြား စုစုပေါင်း 146g
ကယ်လိုရီ စုစုပေါင်း 585

• Coca Cola ကိုကာကိုလာ
7-Eleven 64 oz Double Gulp (55 oz soda + 9 oz ice)
သကြား စုစုပေါင်း 186g
ကယ်လိုရီ စုစုပေါင်း 744
Coke ထက် ကေဖင်း ၄ဝ% နဲ့ သကြား ၁၅% ပိုများတယ်။

• Mountain Dew
20 oz (590 ml) Bottle
သကြား စုစုပေါင်း 77g
ကယ်လိုရီ စုစုပေါင်း 290

• 1 L (34 oz) Bottle
သကြား စုစုပေါင်း 124g
ကယ်လိုရီ စုစုပေါင်း 440

• Rockstar Energy Drink
8 oz (240 ml) Serving
သကြား စုစုပေါင်း 31g
ကယ်လိုရီ စုစုပေါင်း 124

• 16 oz (480 ml) Can
သကြား စုစုပေါင်း 62g
ကယ်လိုရီ စုစုပေါင်း 248

• Red Bull Energy Drink
8.3 oz (250 ml) Can
သကြား စုစုပေါင်း 27g
ကယ်လိုရီ စုစုပေါင်း 108

• Vitamin Water, B-Relaxed
Jackfruit and Guava Flavor 8 oz (240 ml) Serving
သကြား စုစုပေါင်း 13g
ကယ်လိုရီ စုစုပေါင်း 50

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 33g
ကယ်လိုရီ စုစုပေါင်း 125

• Sobe Mango Melon 8 oz (240 ml) Serving
သကြား စုစုပေါင်း 29g
ကယ်လိုရီ စုစုပေါင်း 120

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 70g
ကယ်လိုရီ စုစုပေါင်း 280

• Arizona Lemon Ice Tea 8 oz (240 ml) Serving
သကြား စုစုပေါင်း 24g
ကယ်လိုရီ စုစုပေါင်း 90

• 24 oz Can
သကြား စုစုပေါင်း 72g
ကယ်လိုရီ စုစုပေါင်း 270

• Snapple Lemon Iced Tea 8 oz Serving
သကြား စုစုပေါင်း 23g
ကယ်လိုရီ စုစုပေါင်း 100

• 16 oz Bottle
သကြား စုစုပေါင်း 46g
ကယ်လိုရီ စုစုပေါင်း 200

• Minute Maid Lemonade 8 oz (240 ml) Serving
သကြား စုစုပေါင်း 27g
ကယ်လိုရီ စုစုပေါင်း 140

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 67g
ကယ်လိုရီ စုစုပေါင်း 260

• Orange Juice 8 oz (240 ml) Serving
သကြား စုစုပေါင်း 24g
ကယ်လိုရီ စုစုပေါင်း 110

• 16 oz Bottle
သကြား စုစုပေါင်း 48g
ကယ်လိုရီ စုစုပေါင်း 220

• Apple Juice 8 oz (240 ml) Serving
သကြား စုစုပေါင်း 26g
ကယ်လိုရီ စုစုပေါင်း 120

• 16 oz Bottle
သကြား စုစုပေါင်း 52g
ကယ်လိုရီ စုစုပေါင်း 240

• Capri Sun, Pacific Cooler 6.75 oz (200 ml) Pouch
သကြား စုစုပေါင်း 18g
ကယ်လိုရီ စုစုပေါင်း 70

• Nesquik Chocolate Milk 8 oz (240 ml) Serving
သကြား စုစုပေါင်း 29g
ကယ်လိုရီ စုစုပေါင်း 200

• 16 oz Bottle
သကြား စုစုပေါင်း 58g
ကယ်လိုရီ စုစုပေါင်း 400

• Westsoy Vanilla Soy Milk 8 oz (240 ml) Serving
သကြား စုစုပေါင်း 8g
ကယ်လိုရီ စုစုပေါင်း 120

• Mike's Hard Lemonade 11.2 oz (330 ml) Bottle
သကြား စုစုပေါင်း 30g
ကယ်လိုရီ စုစုပေါင်း 220

Aspartame (အာ့စ်ပါတိမ်း) ဟာ အချိုတုတမျိုးဖြစ်တယ်။ ၁၉၈၁ ကတည်းက အမေရိကားမှာ သုံးနေပေမဲ့ ၁၉၈၃/၁၉၇၄ ရောက်မှ အသိအမှတ်ပြုခံရတယ်။ NutraSweet နဲ့ Equal နာမည်တွေနဲ့ရောင်းနေပါတယ်။ တကမ္ဘာလုံးမှာ ဒါသုံးပြီး အချိုရည်၊ အချိုအစားအသောက်တွေ တောင်နဲ့ချီပြီး ထုတ်လုပ်ရောင်းချနေတယ်။ FDA ကလည်း စိတ်ချရတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ဆေးပညာရှင်တချို့က ဒီလိုစိတ်ချရမှုဆိုတာကို သဘောမတူပါ။

Sugar Related Diseases သကြားကနေ ဒုက္ခဝေစေမဲ့ ရောဂါတွေ
၁။ Obesity လူအဝလွန်ခြင်း၊
၂။ Blood Pressure သွေးတိုးခြင်း၊
၃။ Stroke ဦးနှောက်သွေးကြောရောဂါခြစ်ခြင်း၊
၎။ Heart Attack နှလုံး အတက်ရခြင်း၊
၅။ Diabetes ဆီးချိုရောဂါ ၃ မျိုးဖြစ်ခြင်း၊
၆။ Kidney Disease ကျောက်ကပ်ရောဂါရခြင်း၊
၇။ Blindness မျက်စိကွယ်ခြင်း၊
၈။ Nerve Damage အာရုံကြောတွေ အားနည်းခြင်း၊
၉။ Poor Circulation သွေးလှည့်ပတ်မှု နှေးကွေးခြင်း နဲ့
၁ဝ။ Metabolic Syndrome ဇီဝလုပ်ငန်းတွေ ကမောက်ကမဖြစ်ခြင်း

• Non-alcoholic beverage အရက်မပါ သောက်စရာ http://dts-medicaleducation.blogspot.in/2012/09/mon-alcoholic-beverage.html



ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၃

Wednesday, April 24, 2013

HIV ကိုတားနိုင်သည်

24 April 2013 HIV spread in England 'could be halted within generation'
It Starts With Me; We can stop HIV ကျွန်တော်-ကျမက စပါမည်၊ HIV ကိုတားနိုင်သည်
၂၄-၄-၂ဝ၁၃ အင်္ဂလန်မှာ HIV ပြန့်ပွါးမှုကို နောက်မျိုးဆက်မတိုင်မီ ဟန့်တားနိုင်မည်လို့ ကျန်းမာရေးဌာနက ထောက်ကူထားတဲ့ လှုံ့ဆော်ရေးအဖွဲ့ကနေ ပြောလိုက်ပါတယ်။

အင်္ဂလန်မှာ HIV ပိုးနဲ့အတူနေကြရသူပေါင်း ၉ သိန်းရှိတယ်။ ၄ ယောက်မှာ ၁ ယောက်က ပိုးရှိနေမှန်း မသိကြပါ။ အာဖရိကသွေးပါသူတွေထဲက လိင်တူသမားတွေရော အဖြောင့်သမားတွေရောဟာ စုစုပေါင်းရဲ့ ၄ ပုံ၊ ၃ ပုံဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်နိုင်ခြေများသူတွေကို ဦးတည်ပြီး ရောဂါပို ရှိ-မရှိ ရှာဖွေခြင်းဟာ ထိရောက်တဲ့ တားဆီးနည်းဖြစ်ပါတယ်။

လှုံ့ဆောင်ရေး (ကင့်ပိန်း) ဟာ “It Starts With Me; We can stop HIV ကျွန်တော်-ကျမက စပါမည်၊ HIV ကိုတားနိုင်သည်” ဖြစ်ပြီး၊ Terrence Higgins Trust အဖွဲ့ကနေ ကူညီထားပါတယ်။ ဖြစ်နိုင်ခြေများတဲ့ အုပ်စုတွေကို အနည်းဆုံး ၁၂ လမှာတခါ ဆေးစစ်ဘို့တိုက်တွန်းပါတယ်။

ဒီရောဂါအတွက် ကာကွယ်ဆေးရော၊ ပျောက်ကင်းစေမဲ့ ဆေးဝါးပါ လက်တကမ်းမှာ မရှိသေးပါ။ ဒီလိုအခြေအနေမျိုးမှာ လူတွေက ဗိုင်းရပ်စ်တွေ ပြန့်ပွးမှုကို တန့်စမေဲ့ ဆေးပညာရှေ့ရောက်လာမှုဆိုတာ လက်တကမ်းမှာ ရှိပါတယ်လို့ သဘောပေါက်သင့်ကြပါတယ်။

လူတွေများများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွါးမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။

အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ်ကြည့်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၃

Friday, April 19, 2013

ကျန်းမာရေးမေးခွန်းများ

ကျန်းမာရေးနဲ့ ဆေးပညာ မေးတာတွေရှိပြီး ဖြေထားပေမဲ့ ဒီနေရာမှာ စုစည်းတင်တာကို မလုပ်နိုင်တာ တပါတ်ရှိပါပြီ။ မေးခွန်းတွေကို ပြန်ရိုက်ရ၊ သတ်ပုံပြင်ရ၊ မလိုတာ (မသင့်တာ) ဖြုတ်ရတဲ့အလုပ်အတွက် အချိန်မရလို့ဖြစ်ပါတယ်။ တဦးချင်းဆီကိုတော့ ပြန်ဖြစ်ပါတယ်။

Monday, April 15, 2013

Alcohol (2) အရက်ဋီကာချဲ့ခြင်း

ဆရာဝန်ကြီးတစ်ယောက်က ပြောဘူးတယ်။ "အရက်က ဈေးကြီးပေးအရက် ကောင်းကောင်းဆိုရင် အဆင်ပြေတယ်။ ကျန်းမာရေး ကောင်းသင့်သလောက် သောက်ပါ" လို့ ပြောထားတယ်။

ဒီအမေးကို ဆရာဝန်လေးဖြေပါမယ်။ ဈေးကြီးရင် ပစ္စည်းပိုကောင်းတဲ့ ဥပဒေသကတော့ အမှန်ရှိပါတယ်။ ဥပမာ အရက်လို ရေမွှေးလိုပေါ့။ ဈေးနည်းတာ သောက်ရလေလေ ဆိုးကျိုး ပိုဖြစ်နိုင်လေဆိုတာလည်း မှန်ပါတယ်။ “ကျန်းမာရေး ဘက်က တွက်ရင်တော့ အဆိုးလေးနဲ့ အဆိုးကြီးသာဖြစ်ပါတယ်။”

အရက်ဆိုရင် ဟောင်းလေ ကောင်းလေ ဥပဒေသလည်း ရှိပါသေးတယ်။ ၁၈ နှစ်သက်တမ်းရှိတဲ့ Macallan Old Sherry Wood Distilled 1980 Bottled 1998 700ml တပုလင်းကို ဒေါ်လာ $1100 ပေးရတယ်။

Scotch Whisky စကော့ခ်ျ-ဝီစကီတွေက ဟောင်းရင် ဈေးကောင်းရတယ်။
• ၂၁ နှစ်သက်တမ်း Balvenie Portwood = $189.90
• ၁၇ နှစ်သက်တမ်း Balvenie = $129.90
• ၁၅ နှစ်သက်တမ်း Dalwhinnie Single Malt = $63.90
• ၁၂ နှစ်သက်တမ်း Cragganmore Single Malt = $59.95
• ၁၂ နှစ်သက်တမ်း Dewar's Special Reserve = $35.95
• ၁ဝ နှစ်သက်တမ်း Ardbeg = $49.95
• ၅ နှစ်သက်တမ်း Bench 5 Scotch Whisky = $23.55
• ၃ နှစ်သက်တမ်း House Of Stuart = $18.90
• ၃ နှစ်သက်တမ်း House of Stuart = $9.25

“အရက်မှာ ဟောင်းတိုင်း ကောင်းသလား” လို့ မေးခွန်းထုတ်တာတွေလည်း ရှိပါသေးတယ်။ နာမည်ကြီး Chivas (ချီးဗတ်စ်) ကနေ သုတေသနလုပ်ထားပါတယ်။ သောက်သုံးသူ ၉၃%ကတော့ ဟောင်းတာ ကောင်းတယ်လို့ ပြောကြပါတယ်။ ရောင်းတဲ့သူအကြိုက်အဖြေ ဖြစ်ပါတယ်။ ကျန်ရာနှုန်းထဲက ထောက်ပြတာကတော့ ဝီစကီထဲမှာပါတဲ့ Spirits (စပစ်ရစ်) အရက်ဟာ သိမ်းဆီးဘို့ထားရတဲ့ Cask ထည့်စရာထဲမှာ ကြာလာရင် သစ်သားနဲ့ဓါတ်ပြုပြီး ပြောင်းလဲ ပျက်စီးလာမယ်တဲ့။ သူ့ထဲမှာ ချက်လုပ်ရာမှာပါတဲ့ အစေ့အဆံရဲ့အစွမ်းကို ဖုံးလွှမ်းသွားတယ်တဲ့။ ဥပမာ Malt Scotch မော့လ် ထုပ်တာမှာသုံးတဲ့ ဘာလီစေ့။ ဥပမာပြရရင် မျက်နှာမှာ မိတ်ကပ်ထူထူကြီးလိမ်းသလိုဘဲတဲ့။

အရက်အမျိုးမျိုးကို ချက်လုပ်ရာမှာ ဘယ်လို အစေ့အဆံတွေသုံးသလဲ -
• Bourbon whiskey 51% Corn (Maize) ပြောင်း-ပြောင်းဖူးစေ့၊
• Corn whiskey 80% Corn ပြောင်းစေ့၊
• Malt whiskey 51% Malted barley ဘာလီစေ့၊
• Rye whiskey 51% Rye ရိုင်း-စပါးစေ့၊
• Rye malt whiskey 51% Malted rye ရိုင်း-စပါးစေ့၊
• Wheat whiskey 51% wheat ဂျုံစေ့၊
• Beer (ဘီယာ) ကို Barley ဘာလီ၊ ဒါမှမဟုတ် တခြားအစေ့အဆံတွေကနေ ထုတ်တယ်။
• Wine (ဝိုင်) ကို စပျစ်သီးကနေ အများဆုံးထုတ်တယ်။ တခြား အသီးတွေကနေလဲ ထုတ်သေးတယ်။
• Vodka (ဗော့ဒဂါ) ကို အစေ့အဆံကိုသိုးအောင်လုပ်ပြီးမှ ထုတ်ရတယ်။
• Gin (ဂျင်န်) ကလဲ အဲလိုဘဲ။
• Cider (စီဒါ) ဆိုတဲ့ အမေရိကားနဲ့ ကနေဒါကအရက်ကို ပန်းသီးရည်ကနေထုတ်တယ်။

Scotch whiskies တွေက အနည်းဆုံး နှစ်ခါ (တချို့က အခါ ၂ဝ) ပေါင်းခံတယ်။ အစစ်သတ်မှတ်ချက်အရ အနည်းဆုံး ၃ နှစ်ထားရမယ်။ Oak casks (အုတ်သစ်သား) နဲ့လုပ်ထားတဲ့ စည်ပိုင်း ထဲမှာသာထားရမယ်။ ဘယ်လောက်ကြာပြီဆိုတာ မပါဘဲ ရောင်းမရဘူး။ Smoky flavor မီးသင်းထားတဲ့ အနံ့လေး ပါတာများတယ်။ Peat smoke သစ်ဆွေးမြေကို သုံးလေ့ရှိတယ်။

အရက်ကောင်းလို့ ယေဘုယျခေါ်ကြတဲ့ ဝီစကီကို တခြားနိုင်ငံတွေကလည်း ထုတ်ပါတယ်။ (စကော့ခ်ျ) အစစ်မဟုတ်ပါ။ ဥပမာ အိန္ဒိယမှာ ဝီစကီကို Neutral spirits အရက်ပျံနဲ့ ရောထားတယ်။ ဒီဟာက သကြားထုတ်တဲ့အခါမှာသုံးတဲ့ ကြံ၊ စပျစ် စတာတွေကနေရတယ်။ အဲလိုထုတ်လုပ်တာက Rum (ရမ်) နဲ့ပိုတူနေပါမယ်။

အရက်ထဲမှာ ဓါတုဗေဒအရ ဘာတွေပါသလဲ -
အနံ့မွှေးဘို့သုံးတာထဲမှာ (ကာဗွန်နိုင်းလ်) ဓါတ်ပေါင်း၊ (အယ်လ်ကိုဟော)၊ (ကာဘောက်ဆလစ် အက်စစ်)၊ (နိုက်ထရိုဂျင်) နဲ့ (ဆာလ်ဖါ) ဓါတ်ပေါင်းတွေ၊ (တဲနင်)၊ (တာပိုင်း)၊ (ပိုင်ရဒင်း)၊ (ပိုင်ရဇင်း) ဆိုတာတွေပါတယ်။ Oak အုတ်သစ်သား စည်ထဲမှာ ထားသိုရလို့ (အုတ်) နံ့ရနေတယ်။ ဓါတ်ပေါင်းတွေပါမယ်။ Distillation ပေါင်းခံဖြစ်စဉ်ကနေ Fusel oils လောင်စာဆီ ပါတယ်။ သူက (အက်စနောလ်) ထက်ပိုပြီး အဆိပ်သဘောရှိတယ်။ ဒါကြောင့် ဒုတိယအကြိမ် ပေါင်းခံတဲ့အခါမှာ မီးသွေးစတာတွေကို သုံးတတ်တယ်။ ဝီစကီကို အရောင်ပေးဘို့သုံးတဲ့ ဓါတ်ပေါင်းတွေလဲ ပါနေတယ်။

အရက်အမျိုးမျိုးထဲမှာ အရက်ဘယ်လောက်ပါသလဲ -
• Pilsner ပေလ်စနာ = 3–6%
• Beers ဘီယာ = 3-10%
• Lager လက်ဂါဘီယာ = 4-5%
• IPA (Pale Ale) ပေးလ်-အေးလ် = 6-7%
• Sparkling Wine စပါကလင်-ဝိုင် = 8–12%
• Wine (general) ပုံမှန် ဝိုင် = 10–15%
• Madeira Wine မဒီရာ-ဝိုင် = 15-18%
• Bum Wine ဘမ်-ဝိုင် = 15-20%
• Port Wine ပို့တ်-ဝိုင် = 16-20%
• Fortified Wines ဝိုင်အပြင်း = 16–22%
• Sherry ရှယ်ရီ-ဝိုင် = 17–22%
• Cask Strength Whisky/Rum စည်သွပ် ဝီစကီ၊ ရမ် = 60%
• Vodka/Whiskey/Rum ဗော့ဒဂါ၊ ဝီစကီ၊ ရမ် = 40%
• Neutral Grain Spirits ချက်အရက် = 95%
• Rectified Spirits မီးတောက်အရက် = 96%

အရက် အမယ်ပေါင်း ၂ ဒါဇင်လောက်ရေးပြီးပြီ၊ တာရှည် အရက်သောက်ရာကနေ ရစေနိုင်တဲ့ ရောဂါ ၁ ဒါဇင်တိတိ နာမည်လေးတွေ ရေးပါရစေ။
1. Anemia သွေးအားနည်းခြင်း၊
2. Cancer ကင်ဆာ၊
3. Cardiovascular disease နှလုံး-သွေးကြောရောဂါ၊
4. Cirrhosis အသဲခြောက်ရောဂါ၊
5. Dementia အသိဥာဏ်ချို့ယွင်းရောဂါ၊
6. Depression စိတ်ကျရောဂါ၊
7. Seizures အတက်ရောဂါ၊
8. Gout ဂေါက်ရောဂါ၊
9. High blood pressure သွေးတိုးရောဂါ၊
10. Infectious disease ကူးစက်ရောဂါ၊
11. Nerve damage အာရုံကြောထိခိုက်ခြင်း၊
12. Pancreatitis သရက်ရွက်ရောင်ခြင်း။

အရက်ဈေးကြီးတာက ပိုကောင်းတယ်ဆိုလို့ သောက်နိုင်သူများခင်ဗျား၊ တပုလင်း ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ အကုန်ခံနိုင်တယ်ထားပါတော့၊ အသဲရောဂါရလို့ အသဲလဲရရင် ဒေါ်လာ တသောင်းမက ကုန်ကျပါမယ်။

• အရက်ဋီကာ အတိုအထွာ http://dts-medicaleducation.blogspot.in/2013/04/blog-post_15.html
• Alcoholism အရက်အတွက် ခက်နေသူတွေ http://dts-medicaleducation.blogspot.in/2012/08/alcoholism.html
• Alcohol and Depression အရက်က စိတ်ကျစေတယ် http://dts-medicaleducation.blogspot.com/2011/01/alcohol-and-depression.html
• Alcohol Taxes and Public Health အရက်ခွန်နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2011/11/alcohol-taxes-and-public-health.html
• How to lessen the effects of Alcohol အရက်မူးတာ သက်သာအောင် http://dts-medicaleducation.blogspot.in/2012/12/how-to-lessen-effects-of-alcohol.html

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၃

Alcohol (1) အရက်ဋီကာ အတိုအထွာ

တယောက်က (ဖေ့စ်-ဘွတ်) မှာ (ဟယ်နက်ဆီ) ပုလင်းပုံနဲ့ ဝီစကီ သောက်မယ်လို့ ရေးထားတာလေး ဖတ်မိသွားလို့ အရက်ဋီကာလေး နည်းနည်း ရေးပါအုံးမယ်။ အရက်အကြောင်း သိပ်သိတာတော့ မဟုတ်ဘူးနော်။ ကျွန်တော်တို့ဆီက ယမကာသမားတွေက “ချင်ချင်တူးတူး မူးပြီးရော” ကများတယ် မဟုတ်လား။

• Hennessy (ဟယ်နက်ဆီ) က Cognac (ကော့ညက် ပြင်သစ်ထွက်) ဖြစ်လို့၊ Whisky လို့ သိပ်မခေါ်ကြဘူး မဟုတ်လား။ ပြီးတော့ စားသောက်ပြီးမှ နည်းနည်းလေးသာ မော့ချလေ့ရှိတာမျိုး။ မြန်မာတွေအခေါ် အစားပိတ်ပေါ့။
• Whisky ဝီစကီကို ဆော်ဒါနဲ့၊ ရေခဲနဲ့ သောက်နည်းနဲ့ Whisky on the rock ဆိုပြီး ရေ-ဆော်ဒါ ဘာမှ မပါဘဲ သောက်တယ်။ (ဆိုဒါ) ကိုလည်း Club Soda (ကလပ်-ဆိုဒါ) လို့အခေါ်များတယ်။ ဒါက မြန်မာ ၃-၄ ထောင် နေကြတဲ့ Fort Wayne ရဲ့ မူရင်းထုတ်ကုန်ဖြစ်ပါတယ်။
• Gin (ဂျင်) ကို Tonic water နဲ့ တွဲသောက်ကြတယ်။
• Tequila (တကီလာ၊ မက္ကစီကိုအရက်) နဲ့ Vodka (ဗော်ဒကာ၊ ရုရှားအရက်) တွေကလည်း အရောင်မပါဘူး၊ အပြင်းသမားတွေက ကြိုက်ကြတယ်။
• Rum (ရမ်) က ကြံကနေထုတ်တာ။ အဲဒါကို ဆီးချိုသမားလည်း သောက်နိုင်တယ် ပြောကြတာ မမှန်ဘူး။
• Chill Beer ဘီယာအေးအေးထဲ ထိုင်းအလေ့က ရေခဲထည့်သောက်တယ်။ ရွှေတွေက ဒီကောင်တွေ လူပျော့ဘဲ ဆိုတဲ့မျက်စိနဲ့ ကြည့်ကြတယ်။ အမှန်က ထိုင်းတွေက စီးပွါးရေးမှာ တကယ်ကိုလည်တာ။ ကိုယ့်လူတွက အပြန်မှာ အမူးနဲ့ ရောဂါပိုးတွေသယ်လာပြီး ဒေါ်လာနဲ့ ထိုင်းဘတ် အပ်ထားခဲ့ကြရတယ် မဟုတ်လား။
• အိန္ဒိယမှာ ဘီယာထဲကို (အယ်လ်ကိုဟော) ရာနှုန်းများထားတော့ ဘီယာနဲ့မတူဘူး။ မယ်ဆလာနံ့ထည့်တာက ရှိသေး။ မသောက်ခင်က မူးချင်ကြမယ်။
• Champagne (ရှန်ပိန်) ကို နေရာဌာန အကောင်းစားတွေသွားရင် လာလည်သူကို ခွက်ကလေးတခုစာတိုက်ပြီး ဧည့်ခံတတ်တယ်။
• Wines (ဝိုင်) မှာလည်း Red wine with red meat, white wine with fish ဆိုပြီး၊ (ဝိုင်) အနီသောက်ရင် အသား၊ (ဝိုင်) အဖြူသောက်ရင် ငါးနဲ့ ထမင်းစားတဲ့အလေ့ လုပ်ထားသေးတယ်။ ဘယ်အရက် ဘယ်ခွက်နဲ့ကရှိသေး။
• ဗမာတွေက ထန်းရည်ဋီကာ နဲ့ တိုင်းရင်းသားတွေကတော့ ခေါင်ရည်ဋီကာ ရေးနိုင်ကြမယ်ထင်တယ်။
• Cognac (ကော့ညက်) ဟာ အမှန်က Brandy (ဘရန်ဒီ) အမျိုးအစားတခုပါ။ ပြင်သစ်နိုင်ငံက မြို့လေးတခု နာမည် ဖြစ်ပါတယ်။ Brandywine (ဘရင်းဝိုင်) လို့လဲခေါ်တယ်။ (ဝိုင်) ကိုပြန်ချက်ထားလို့ ဖြစ်ပါတယ်။ (ဘရန်ဒီ) ကို မြန်မာတွေက Neat (နိ) သောက်တာလို့ခေါ်တာကို သူတို့တတွေက On the rocks ခေါ်တယ်။ ဘာလို့လဲဆိုတော့ ရေခဲတုံးလေးတွေပေါ်မှာ လောင်းချပြီး သောက်ကြလို့ပါ။ ရေဖြစ်ဖြစ် ဆိုဒါဖြစ်ဖြစ် မရောကြပါ။ (ဘရန်ဒီ) ကို အရင်က ဆေးကုသရာမှာ Daffy's Elixir (ဒက်ဖီ ဆေးရည်) ဆိုပြီးသုံးသေးတယ်။ မူရင်း ဆေးညွှန်က အစာအိမ်ရောဂါအတွက်ပေမဲ့ နောက်အိုင်း တခြားနေရာတွေမှာလည်း သုံးလာကြသေးတယ်။ ဥပမာ ကလေးမီးဖွါးတဲ့အခါ နာတာသက်သာအောင် တိုက်ကြတယ်။
• နှစ်သစ်အတွက် အရက်ကျန်းမာရေး အသိပေးစာ ၂ ပုဒ် တင်ထားပါတယ်။ ဒီစာဖတ်ပြီး အဲဒါတွေလည်း ဖတ်စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၃

Sunday, April 14, 2013

Nursing requirements သူနာပြုဖြစ်ဘို့အတွက် လိုအပ်ချက်

• မှတ်သားဥာဏ်က ဆင်တကောင်လိုများ၊
• နှလုံးသား အရွယ်အစားက နေတစင်းလောက်၊
• ခေါင်းနောက်မှာလည်း မြင်နိုင်တဲ့မျက်စိတွေပါ၊
• နှာခေါင်းဟာလည်း အစစ်လိုကောင်း၊
• ခြေချောင်းလက်ချောင်း အော်တိုပတ်စ်လို ရှစ်ချောင်း၊
• အရွယ်ကောင်းတယောက် သယ်ပိုးပေးလောက်အောင် နောက်ကျောသန်မာ၊
• ရောဂါမဝင်နိုင်အောင်ကောင်းတဲ့ ခုခံအား၊
• ငါးလီတာအထိ ဆီးမသွားဘဲအောင့်ထား၊
• သီးခံစွမ်းအား နတ်မိမယ် သူနာပြု၊
• ဒီအသက်မွေးမှုလောက်တော့ လုံးဝမမှု။ “Yamuna Clinic commercial”

• Numerous mosquitoes and many Chins live
• The clinic in Bodella, it is
• Labor case! Just call please!
• Midnight to Merry, beyond that is to Ma Ni
• Emergency may call Ma Chaw Chaw
• God bless my benevolent clinic assistants all
• If necessary please call me said Kim to me
• Management will be by Cherry
• ANC is for Even Matupi
• Medicines will be given by Ko Zaw Than
• Nu Nu will come although she lives far-flung

Sunday, April 7, 2013

FDA news အစားအသောက်နှင့်ဆေးဝါး သတင်းများ

• အိမ်နီးချင်းများ ဆေးဝါးအတု ထုတ်ကြသည် http://yamunaclinic.org/index.php?option=com_content&view=article&id=4062:-q-and-a-october-2012-6&catid=25:q-and-a&Itemid=53
• တရုတ်ပြည်ဖြစ် ဆေးဝါးအတုများ ဈေးကွက်ထဲတွင် ရောက်ရှိနေ http://lannthit2007.blogspot.in/2011/06/blog-post_9825.html
• နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည် http://www.mizzimaburmese.com/news/inside-burma/9885-2012-08-15-10-34-17.html
• စာနာစိတ်ဖြင့် စီးပွား ရှာကြဖို့ လိုပါသည် http://www.myawady.com.mm/library/stories/healthstories/item/3049-2012-12-28-13-15-07
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် ဖွဲ့စည်းမည် http://www.mizzimaburmese.com/news/breaking-newsbrief/11076-2013-03-07-09-08-38.html
• နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည် http://www.myanmartharkaung.net/2012/08/blog-post_2959.html
• အာဟာရလား၊ အန္တရာယ်လား ... http://bur.irrawaddy.org/index.php/articles/2-articles/4119-2010-09-22-11-56-28
• ရက်လွန် စားသောက်ကုန်များ တင်သွင်းမှုများကို ထိန်းချုပ်နိုင်ရန် အစားအသောက်နှင့် ဆေးဝါး http://www.mwdmedia.net/2012_07_20_archive.html
• ဆေးဝါးစသည့် အခွင့်အရေးများကို ဖော်ပြထားပြီး စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် http://www.facebook.com/pages/Dawei-Development-Association/324514247578588
• မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဆေးဝါး သုတေသီ ပညာရှင်တဦးကလည်း http://abbsoluteright.blogspot.com/2010_09_01_archive.html
• ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ပုံမှန်ဈေးကွက်ရှိ ဆေးဝါး http://www.mwdmedia.net/2012_10_16_archive.html
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် http://www.myanmarnewshub.com/?cat=6
• ဆေးဝါး ပစ္စည်းများ လျော့နည်းပပျောက်စေရေး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲ http://www.mwdmedia.net/2013_03_05_archive.html
• ရောင်းရင် မြို့နယ် အစားအသောက်နှင့် အရေးယူလို့ရတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး http://myatlayngon.blogspot.com/2011_04_24_archive.html
• အဖွဲ့ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) http://www.9dblood.com/2012_10_07_archive.html
• အဖွဲ့ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) http://www.9dblood.com/2012/10/blog-post_12.html
• စစ်ဆေးတွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါး ဥပဒေအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး http://myanmardailymail.blogspot.com/2011/10/hiv-edurant-fda-hiv.html
• (FDA) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောပါသည်။ http://www.mizzimaburmese.com/news/inside-burma/9885-2012-08-15-10-34-17.html
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်အတွင်း ၉၆ ပါး မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်တို့မှာ ဆေးဝါး အစစ် ... http://publichealthinmyanmar.blogspot.com/2008_10_01_archive.html
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဆေးဝါးကွပ်ကဲရေးဌာနအား အဆင့်မြှင့်တင်ပြီး http://www.myanmartharkaung.net/2013_03_07_archive.html
• ဆာလဖျူရစ် အက်ဆစ်ပြင်းနဲ့ ဖေါ်စပ်ထားသော ငြုတ်ဆီထုပ်များ မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်များတွင် တွေ့ရှိ http://www.9dblood.com/2012/10/blog-post_12.html
• ကမ္ဘာပတ်နေတဲ့ ဆေးဝါးအတုများ http://www.zaygwet.com/special_report.php?id=187
• တန်းဖိုးမဖြတ်နိုင်အောင် အမွေ http://danyawadi.wordpress.com/2013/03/20/%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%96%E1%80%AF%E1%80%AD%E1%80%B8%E1%80%99%E1%81%BF%E1%80%96%E1%80%90%E1%80%B9%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84/
• ငှက်ဖျားဆေးဝါးအတု သတိပေးချက် ထုတ်ပြန် http://onekokoaung.blogspot.in/2012/10/blog-post_26.html
• မူပိုင်ခွင့် သိမှတ်စရာ http://www.myanmarexpress.net/2012/03/blog-post_7267.html
• စာနာစိတ်ဖြင့် စီးပွား ရှာကြဖို့ လိုပါသည် http://www.myawady.com.mm/library/stories/healthstories/item/3049-2012-12-28-13-15-07
• “KAV Ampicillin BP 250mg Capsule” ဆေးအတု ရောင်းချနေကြောင်းကို ကြေမုံသတင်းစာမှ ဖော်ပြချက် http://amayeainn.blogspot.in/2008_11_01_archive.html
• ပြုစုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့ http://www.myanmarexpress.net/2013/01/kia_27.html
• ကမ္ဘာ့ စားနပ်ရိက္ခာ ဖူလုံရေး လူသားအားလုံး ပါဝင်ဆောင်ရွက်ပေး http://www.myawady.com.mm/library/stories/storiesforall/item/8523-2013-03-06-12-58-41
• အရည်အသွေး မပြည့်မီသော ဆေးဝါးအတုအားလုံး၏ ၂ဝ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုများ http://mandalaytube.com/media/document/52.pdf
• ကြေညာချက်များအစား ဆေးဝါးအတု၊ ရက်လွန်ဆေးဝါး ရောင်းချမှု၊ http://www.myanmarexpress.net/2011/01/blog-post_15.html
• ဆေးဝါးအတု၊ စံမညီ ဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုရန်နှင့် လိုက်နာ http://www.mwdmedia.net/2012_10_16_archive.html
• အိမ်နီးချင်း နိုင်ငံသုံးခုမှ ဆေးဝါးများ မြန်မာသို့ ဒေါ်လာ ၈၉ သန်းဖိုး တင်သွင်းပြီး http://socialactionforwomen.blogspot.in/2012_10_01_archive.html
• အဆိုပါ ထိုးဆေး ဆေးဝါးအတု၏ အမည်၊ အမှတ် တံဆိပ်၊ မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင်အမှတ်တို့မှာ http://publichealthinmyanmar.blogspot.in/2008_10_01_archive.html

FDA နှင့်ပတ်သက်သည့် မေးခွန်းနှင့်ဖြေကြားချက် ၃-၄-၂ဝ၁၃ ပြည်သူ့လွှတ်တော်

၃-၄-၂ဝ၁၃ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်မှုများ ရှိသော်လည်း ထိရောက်မှု နည်းပါး၍ အန္တရာယ်ဖြစ်စေသည့် အရာများပိုမို များပြားလာနေသည့်ကိစ္စ မေးခွန်း
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး
မေးခွန်း အကြောင်းအရာ
ဒေါက်တာသန်းဝင်း(မြောက်ဥက္ကလာပမဲဆန္ဒနယ်)။ မြန်မာနိုင်ငံမှာ အမျိုးသားရေးအန္တရာယ် အသွင်ဆောင်ယူလာတဲ့ ပြည်သူများကို အန္တရာယ်ဖြစ်စေတဲ့ အစားအသောက်နှင့် ဆေးဝါးများကိစ္စကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ယခုအခါ မြန်မာနိုင်ငံမှာ ကမ္ဘာမှာရှိတဲ့ ကင်ဆာ ရောဂါအဖြစ်ဆုံး ၁၁ နိုင်ငံအနက်ကနေပြီးတော့ ရေတွက်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ ဒုတိယထိပ် ဆုံးကနေပြီးတော့ ကင်ဆာရောဂါ ဒုတိယအဖြစ်ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိတာကို ကြားသိရပါ တယ်။ မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်တယ်ဆိုရင်လည်း အားလုံးသိတဲ့အတိုင်းပဲ Chemotherapy နဲ့ဆိုတဲ့ ဆေးသွင်းပြီး ကုသမယ်ဆိုလို့ရှိရင်လည်း စရိတ်စက အင်မတန်ကြီးမားပါတယ်။ Hypnotherapy ခေါ်တဲ့ ဓာတ်ရောင်ခြည် နှင့် ကုမယ်ဆိုလို့ရှိရင်လည်း ဓာတ်ရောင်ခြည်သုံးတဲ့စက်တွေဟာ မြန်မာနိုင်ငံမှာ မလုံလောက်တဲ့ အတွက် ကင်ဆာရောဂါ ဝေဒနာရှင်များအနေနဲ့ များစွာအခက်အခဲများဖြစ်ပေါ်လျက် ရှိနေပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်သူများနေ့စဉ် မဖြစ်မနေပတ်သက်သုံးစွဲ နေရတဲ့ အစားအစာများ၊ ဆေးဝါးများမှာ ဆိုလို့ရှိရင် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ဓာတုဗေဒပစ္စည်းများ၊ ဓာတုဆိုးဆေးများ ပါဝင်နေတဲ့အတွက် မျိုးရိုးဗီဇကို ထိခိုက်စေနိုင်ခြင်း၊ အစားအိမ် အူလမ်းကြောင်းရောဂါများဖြစ်ပွားစေနိုင်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမိုင်းခြင်းနှင့် ရေရှည်စားသုံး ပါက အသဲနှင့်ကျောက်ကပ်ပျက်စီးခြင်း၊ ကင်ဆာရောဂါများ ဖြစ်ခြင်းစတဲ့ ဆိုးကျိုးများ ဖြစ်နိုင်တာကို တွေ့ရပါတယ်။ တားမြစ်ထားတဲ့ ဆိုးဆေးများပါဝင်တဲ့ အစားအသောက်များ၊ ငရုတ်သီးမှုန့်၊ နနွမ်းမှုန့်၊ ဟင်းသီးဟင်းရွက်များ၊ နယ်စပ်မှတရားမဝင်ဝင်ရောက်လာတဲ့ စံချိန်မမီဆေးဝါးများ၊ မြောင်းဆီ အစရှိတဲ့ စားသုံးဆီများ၊ အသင့်စားသုံးနိုင်တဲ့ သရေစာများ ဥပမာ ကော်ဖီမစ်၊ တီးမစ်၊ ခေါက်ဆွဲထုတ်၊ ကြာဇံထုတ်၊ ဇီးထုတ်များ၊ ကြာရှည်ခံရန် ပြုလုပ်ထားတဲ့ အစားအစာများ၊ သန့်ရှင်းမှုမရှိတဲ့ ရေများ စသည်တို့ဟာ အထက်ဖော်ပြပါဆိုးကျိုးများကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားများဖြစ်ပါတယ်။ ကျွန်တော်မေးမယ့်မေးခွန်းကတော့ အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က)ကို ပြဋ္ဌာန်း ထား၍ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ကြီးကြပ်မှုများ၊ အရေးယူမှုများ၊ သတင်းထုတ်ပြန်မှုများ ရှိသော်လည်း ထိရောက်မှုနည်းပါး၍ အန္တရာယ်ဖြစ်စေသည့်အရာများ လျော့နည်း ပပျောက်မှု မရှိသည့်အပြင် တဖြည်းဖြည်းပိုမိုများပြားလာနေသည့် ဤအမျိုးသားအန္တရာယ်ကို သက်ဆိုင်ရာကမည်ကဲ့သို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း လေးစားစွာမေးမြန်းအပ်ပါတယ်ခင်ဗျား။

ဖြေကြားချက်
ဒေါက်တာဝင်းမြင့် (ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ကိန်းဂဏန်းတွေဆိုလို့ရှိရင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ကိန်းဂဏန်းကို အတည်ပြု ယူဆဆောင်ရွက်လျက်ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ပြီးတင်ပြရမယ်ဆိုရင် ပထမဦးဆုံး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ၁၁ နိုင်ငံ ရှိပါတယ်။ ၁၁ နိုင်ငံမှာ ကင်ဆာနှင့်ပတ်သက်တဲ့ သေဆုံးမှု ၂ဝဝ၈ ကိန်းဂဏန်း နောက်ဆုံး Update ဖြစ်ပါတယ်။ ၂ဝဝ၈ ကိန်းဂဏန်းအရဆိုရင် မြန်မာနိုင်ငံအနေနဲ့ လူဦးရေ တစ်သိန်းမှာ ၄၅.၈ ယောက် တစ်နှစ်တစ်နှစ်ကိုသေဆုံးနေတယ်ဆိုတဲ့ ကိန်းဂဏန်းတွေ တွေ့ပါတယ်။ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာကို ကျွန်တော်တို့ထက်များတဲ့ ၄ နိုင်ငံရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ အများဆုံးကတော့ အိန္ဒိယဖြစ်ပါတယ်။ သေဆုံးမှုနှုန်းဟာ လူဦးရေ တစ်သိန်းမှာ ၆၃၄.၄ အထိ ရှိပါတယ်။ နောက် အင်ဒိုနီးရှားဆိုရင် ၂၁၅.၅ အထိ ရှိပါတယ်။ နောက်ထိုင်းဆိုရင် ၇ဝ.၇ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ၄၅.၈ ဖြစ်ပြီးတော့ အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာကို ကျွန်တော်တို့ထက်များတဲ့ ၄ နိုင်ငံ ရှိနေပါတယ် ဆိုတာကို ကျွန်တော့်အနေနဲ့ တစ်ချက်တင်ပြလိုပါတယ်။

နောက် အသက်ကိုစံထားပြီး သေနှုန်းတွေကို တွက်တဲ့အခါမှာလည်း မြန်မာနိုင်ငံအနေနဲ့ ၁၁၉.၈ ရှိပြီးတော့ မြန်မာနိုင်ငံထက် များတဲ့ နိုင်ငံ အင်ဒိုနီးရှား ၁၂ဝ.၉၊ မော်ထစ် ၂၆၁.၅ နှင့် ဘူတန် ၁၂၄.၈ တို့ရှိနေတာကို ဆွေးနွေးတင်ပြ လိုပါတယ်။ ထို့နည်းတူစွာပဲ ကျွန်တော်တို့ ဖြစ်ပွားမှုနှုန်းမှာ လူဦးရေ တစ်သိန်းနဲ့ ကျွန်တော်တို့ တွက်လိုက်တဲ့အခါမှာ နိုင်ငံအနေနဲ့ ၁၁၅.၃ ရှိပြီးတော့ မြန်မာနိုင်ငံ ထက်များတဲ့ နိုင်ငံတွေသည် စင်ကာပူက ၂၇၇.၃ ပါ။ ဒါအာဆီယံနိုင်ငံ ဖြစ်ပါတယ်။ နောက်တစ်ခုက ၁၅၂.ဝ က ထိုင်း ဖြစ်ပါတယ်။ သူတို့ထက်များတဲ့ ဗီယက်နမ်သည် ၁၂၈.၁ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအလိုက်မှာ ကျွန်တော်တို့နိုင်ငံထက်များတဲ့ နိုင်ငံတွေကို ဖြစ်ပွားမှုနှုန်းနှင့်ယှဉ်ပြီးတင်ပြခြင်း ဖြစ်ပါတယ်။ ထို့နည်းလည်းကောင်းပဲ သေဆုံးမှုမှာလည်း လူဦးရေ တစ်သိန်းမှာဆိုလို့ရှိရင် မြန်မာနိုင်ငံ က ၉၄.၅ ဖြစ်ပြီးတော့ စင်ကာပူက ၁၁၅.၉၊ ထိုင်းက ၁ဝ၁.၈ ကျွန်တော်တို့ နိုင်ငံထက် များတဲ့ နိုင်ငံလည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒါခုနက ယှဉ်ပြတဲ့ဟာသည် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ နိုင်ငံများကို ယှဉ်ပြခြင်းဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ကျွန်တော်တို့ထက်များတဲ့ နိုင်ငံတွေကို တင်ပြရမယ်ဆိုရင် သေဆုံးမှုနှုန်းမှာ မြန်မာနိုင်ငံက ၁၁၉.၈ လောက်ရှိတဲ့ အချိန်မှာ အင်ဒိုနီးရှားက ၁၂၁၊ Korea Republic က ၁၂၆၊ လာအိုက ၁၂၇၊ ပါပီလာနယူဒေလီက ၁၂၈၊ နယူးဇီလန်က ၁၃၂၊ ချိုင်းနားက ၁၄၅၊ မွန်ဂိုရီးယား ၂ဝ၆ စသည်ဖြင့် အသီးသီးရှိနေပါတယ်။

ကျွန်တော်တင်ပြလိုခြင်းကတော့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့မှာ ဒုတိယအများဆုံးဆိုတဲ့ ကိန်းဂဏန်း သည် ကျွန်တော်တို့ ရရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နောက် ကင်ဆာနှင့်ပတ်သက်ပြီး အထူးပြုထားတဲ့ ကိန်းဂဏန်းတွေ အရတော့ မဟုတ်ပါဘူးဆိုတဲ့ ကျွန်တော့်အနေနဲ့ နံပါတ် ၁ ရှင်းလင်းတင်ပြလိုပါတယ်။ သို့သော်လည်းပဲ လွန်ခဲ့သော ၁ဝ နှစ်လောက်က ကင်ဆာဖြစ်ပွားမှုနှုန်းက တဖြည်းဖြည်းတိုးတက်လာ တယ်ဆိုတာကိုတော့ တွေ့ရှိရမှာ ဖြစ်တယ်ဆိုတာကို ဦးစွာတင်ပြလိုပါတယ်။ နောက် ကိုယ်စားလှယ်တော် ကြီးမေးမြန်းတဲ့ မေးခွန်းနှင့်ပတ်သက်ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနဟာ ပြည်သူများ အရည်အသွေး ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်များရရှိနိုင်ရေးအတွက် ပြည်တွင်းထုတ် လုပ်ငန်းများကို ကြီးကြပ်၍ အစားအသောက်ထုတ်လုပ်ခြင်း၊ ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ ပြည်တွင်းသို့ တင်သွင်းလာတဲ့ စားသောက်ကုန်များအား စိစစ်ခြင်း၊ ပြည်ပသို့တင်ပို့မည့် အစား အသောက်များအား စိစစ်ခြင်း၊ ဈေးကွက် ထောက်လှမ်း စောင့်ကြည့်ခြင်း၊ နယ်စပ် ကုန်သွယ်ရေးစခန်း များတွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ခြင်းနှင့် အများပြည်သူတို့အား အသိပေးကြေညာခြင်းများကို အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိပါတယ်။

ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနဟာ ၂ဝ၁၂ ခုနှစ်အတွင်းမှာ ပြည်တွင်းထုတ်လုပ်ငန်း ၄၉၇ ခုအား အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လက်မှတ်ထုတ် ပေးခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထားရန်အတွက် ထောက်ခံချက်လက်မှတ် ၃၈၇၃ ခု၊ ပြည်တွင်းသို့ တင်သွင်းလာတဲ့ အစားအသောက်အတွက် ထောက်ခံချက်လက်မှတ် ၃ဝဝ၊ ပြည်ပသို့ တင်ပို့သော အစားအသောက်များအတွက် ထောက်ခံချက်လက်မှတ် ၁၉၇ ခုနှင့် ဈေးကွက်နမူနာစုစုပေါင်း ၉၉၉ ခု တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်အတွင်းမှာ နိုင်ငံပိုင်သတင်းစာများ၌ အစားအသောက်အန္တရာယ်ကင်းရှင်းရေးအတွက် အများပြည်သူသိရှိရန် ကြေညာပေးခြင်း ၂ ကြိမ် ဆောင်ရွက်ခဲ့ပြီးတော့ ငရုပ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ စုစုပေါင်း ၂၂ မျိုးနှင့် ရှမ်းပြည်နယ်သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာတဲ့ စားသုံးဆီများကို စားသုံးရန် မသင့်ကြောင်းကြေညာခဲ့ပါတယ်။

ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆေးဝါးအတု၊ ရောနှောဆေးဝါးနှင့် မှတ်ပုံတင်မဲ့ဆေးဝါးတို့အတွက် ကြေညာခြင်း ၄ ကြိမ်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းအမယ် ၇ မျိုးအား ဖြန့်ဖြူးရောင်းချခွင့် မရှိကြောင်း အသိပေး ကြေညာနိုင်ခဲ့ပါတယ်။ သို့ရာတွင် ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှာ ခွင့်ပြုဖွဲ့စည်းပုံ ဝန်ထမ်းအင်အား ၁၁၄ ဦးသာ ရှိတဲ့ အတွက် နိုင်ငံမှာရှိတဲ့ လူဦးရေ သန်း ၆ဝ ကို အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေး ကာကွယ်ပေးနိုင်ရန် လက်ရှိဝန်ထမ်းဦးရေနှင့် အလုံအလောက်ပြီးပြည့်စုံအောင် ဆောင်ရွက်မှု အားနည်းလျက်ရှိတဲ့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနကို သီးခြားဌာနကြီးတစ်ခုအဖြစ် ဝန်ထမ်းအင်အား ၆ဝဝ ကျော်နှင့် ဦးစီးဌာန အဆင့်တိုးမြှင့်ပြီး တိုးချဲ့ ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းနှင့်ဖွဲ့စည်းပုံစစ်ဆေးရေးအဖွဲ့နှင့်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဦးစီးဌာနကြီးတစ်ခုဖြစ်သွားပြီးရင်တော့ မြန်မာပြည်အနှံ့မှာ ဒီလုပ်ငန်း တွေကိုပိုမိုပြီးတော့ အင်အားဖြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

နယ်စပ်ဒေသများမှ တင်သွင်းသော စားသောက်ကုန်ပစ္စည်းများအား စားသုံးရန်သင့်၊ မသင့် စစ်ဆေးထောက်ခံပေးနိုင်ရန် နှီးနွယ်ဝန်ကြီးဌာနများနှင့်ညှိနှိုင်းပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ရုံးခွဲများ ဖွင့်လှစ်ပေးခဲ့ရာ ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်တွင်လည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ မြဝတီ ကုန်သွယ်ရေးဇုန်၌လည်းကောင်း ဖွင့်လှစ်ပြီးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါတယ်။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုဘောင်အတွင်းမှာ ဆေးဝါးများကိုပုံမှန်နမူနာကောက်ယူ၍ စစ်ဆေးခြင်းနှင့် အများပြည်သူသိရှိရန် ကြေညာပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများသို့ အရေး ယူဆောင်ရွက်နိုင်ရန် ညွှန်ကြားခြင်း၊ ဆေးဆိုင်များသို့ ပုံမှန်သို့မဟုတ် ရှောင်တခင် ကွင်းဆင်းစစ်ဆေး အကြံပြုဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိရာမှာ တရားမဝင်ဆေးဝါးများနှင့်ပတ်သက်၍ အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုအရေးယူခဲ့သည့်အမှုပေါင်းမှာ ၂ဝ၁၁ ခုနှစ်အတွင်း ၃၈ မှု၊ ၂ဝ၁၂ ခုနှစ်အတွင်း ၁၁ မှု ဆောင်ရွက်ခဲ့နိုင်ပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့တင်သွင်းရာတွင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနရဲ့ စိစစ်ထောက်ခံချက်ပါရှိမှသာ ခွင့်ပြုပေးလျက်ရှိခြင်း၊ ပြည်ပမှဆေးဝါးများတင်သွင်းခြင်းကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်မှ ထုတ်ပေးသည့် ဆေးဝါးတင်သွင်းခြင်းလုပ်ငန်းခွင့်လက်မှတ် Drug Registration Certificate) များ တင်ပြ နိုင်မှသာလျင် တင်သွင်းခွင့်လိုင်စင် ခွင့်ပြုလျက်ရှိပါတယ်။

မြန်မာနိုင်ငံတွင် အရည်အသွေးမပြည့်မီဘဲ ဘေးဖြစ်စေနိုင်သော အစားအသောက်နှင့် ဆေးဝါးများကြောင့်‌ အန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေး ဥပဒေကို ရေးဆွဲပြုစုပြီး အဆိုပါဥပဒေမူကြမ်းအား အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီး ပြည်သူလူထု ဘာသာရပ်ဆိုင်ရာ ပြည်တွင်း/ပြည်ပကျွမ်းကျင်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များထံမှ အကြံပြုချက်များရယူ၍ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ဒုတိယမူကြမ်းကို ပြုစုခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံပြုချက်များ တောင်းခံထားဆဲ ဖြစ်ပါတယ်။ နယ်စပ်ဒေသများမှ တစ်ဆင့် တရားမဝင်စားသုံးကုန်များအပါအဝင် တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် စားသုံးသူအကာအကွယ်ပေးရေးနှင့် တရားမဝင် ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရန် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလမှစ၍ လှုပ်ရှားရှာဖွေတားဆီးရေးအဖွဲ့၊ Bobile team များကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ဖွဲ့စည်း၍ မူဆယ်-မန္တလေး နှင့် မြဝတီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းများတွင် လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ တွင်လည်းကောင်း စစ်ဆေးတားဆီးဆောင်ရွက်လျက်ရှိပါတယ်။

စစ်ဆေးဖမ်းဆီးရမိတဲ့ပစ္စည်းများအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ စိစစ်ချက်အရ စားသုံးရန်သင့်ပါက လိုင်စင် လျှောက်ထား၍ ပြန်လည်ထုတ်ပေးခြင်း၊ စားသုံးရန်မသင့်သည့်ပစ္စည်းများတွေ့ပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများရှေ့တွင် မီးရှို့ဖျက်ဆီးခြင်း၊ ပညာပေးကာလကျော်လွန်သည့် ၂ဝ၁၃ ဇန်နဝါရီလမှစ၍ တရားမးဝင် ပစ္စည်းဖမ်းဆီးရရှိမှုများအား ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဝင်ပေါက်များဖြစ်သည့် ပင်လယ်ရေကြောင်းနှင့် လေကြောင်းတို့မှ ဝင်ရောက်လာသော သွင်းကုန်ပစ္စည်းများအနက် ပြည်သူလူထုကို အန္တရာယ် ဖြစ်စေနိုင်သည့် စားသောက်ကုန်နှင့် အိမ်သုံး ဆေးဝါး တင်သွင်းမှုများကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ ထောက်ခံချက်၊ ဆေးဝါးမှတ်ပုံတင်လက်မှတ် (DRC) များနှင့် ကိုက်ညီမှုရှိ၊ မရှိ စိစစ်ပြီးမှသာ ခွင့်ပြုပေး လျက်ရှိပါတယ်။ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော အထောက်အထားပြည့်စုံစွာ တင်ပြနိုင်မှု မရှိသော စားသောက်ကုန်နှင့် အိမ်သုံးဆေးဝါးများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ တားဆီးဖမ်းဆီးခြင်းနှင့် စနစ်တကျ ဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်လေဆိပ်နှင့် ရေဆိပ်မှ တင်သွင်းလာတဲ့ သွင်းကုန်များနှင့် ပြည်သူလူထုအန္တရာယ်ဖြစ်စေနိုင်တဲ့ စားသောက်ကုန် နှင့်ဆေးဝါးပစ္စည်းများကို ၂ဝ၁ဝ-၂ဝ၁၁ ခု ဘဏ္ဍာရေးနှစ်အတွင်း ဖမ်းဆီးမှု ၁၅၇ မှု၊ ဖျက်ဆီးမှု ၆ ကြိမ်၊ ၂ဝ၁၁-၂ဝ၁၂ ခု ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးမှု ၃၃၁ မှု၊ ဖျက်ဆီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ နယ်စပ်ဒေသအသီးသီးရှိ OSS One Stop Center ကုန်သွယ်ရေးစခန်းများမှ တင်သွင်းလာသည့် စားသောက်ကုန်များနှင့် အိမ်သုံးဆေးဝါးများကို အလားတူစစ်ဆေး ဆောင်ရွက်လျက်ရှိပါတယ်။

နယ်စပ်ဝင်ပေါက်အသီးသီးမှ စစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ တရားမဝင်မှောင်ခို တင်သွင်းလာသည့် စားသောက်ကုန်နှင့် အိမ်သုံးဆေးဝါးများကို နယ်စပ်ဒေသအသီးသီးနှင့် ကုန်သွယ်မှုလမ်းကြောင်းများ တစ်လျှောက်ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံး ဝန်ထမ်းများမှ ရှာဖွေဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအောက်ရှိ မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးအသီးသီးမှ ပြည်သူလူထု အန္တရာယ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်နှင့်ဆေးဝါးများ ဖျက်ဆီးဆောင်ရွက်ခဲ့မှုအနေ ဖြင့် ၂ဝ၁ဝ-၂ဝ၁၁ ခု ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးမှု ၁၅၉ မှု၊ ဖျက်ဆီးမှု ၄၄ ကြိမ်၊ ၂ဝ၁၁-၂ဝ၁၂ ခု ဘဏ္ဍာရေးနှစ်တွင် ဖမ်းဆီးမှု ၁၁၁ မှု၊ ဖျက်ဆီးမှု ၂၄ ကြိမ်နှင့် ၂ဝ၁၂-၂ဝ၁၃ ခု ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအထိ ဖမ်းဆီးမှု ၈၈ မှု၊ ဖျက်ဆီးမှု ၁၁ ကြိမ်ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ပြည်သူလူထုအား အန္တရာယ်ဖြစ်စေနိုင်သော စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ လျော့နည်းပပျောက်စေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီများ ဆက်စပ်လျက်ရှိသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ဆေးဖော်ထုတ်နိုင်ရေးအတွက် အရှိန်အဟုန် မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် တင်ပြဖြေရှင်းအပ်ပါတယ်ခင်ဗျား။

ဖြေကြားသည့်ဌာန = ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး
မေးမြန်းသူ = ဒေါက်တာသန်းဝင်း (မြောက်ဥက္ကလာပ မဲဆန္ဒနယ်)
အစည်းအဝေးရက် = ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ (၄.၃.၂ဝ၁၃)
http://www.pyithuhluttaw.gov.mm/answer/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%A1%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%B1%E1%80%9E%E1%80%AC%E1%80%80%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%80%86%E1%80%B8%E1%80%9D%E1%80%AB%E1%80%B8%E1%80%80%E1%80%BC%E1%80%95%E1%80%B9%E1%80%80%E1%80%B2%E1%80%B1%E1%80%9B%E1%80%B8-%E1%80%8C%E1%80%AC%E1%80%94%E1%80%80-%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%9E%E1%80%AC%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9%E1%80%B8-%E1%80%91%E1%80%AD%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%82%88

Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည်

၃၁-၅-၂ဝဝ၆ နေ့တုံးက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်၊ ဒီစီ မှာ ကျန်းမာရေးဟောပြောပွဲတခု လုပ်ခဲ့ပါတယ်။ ခေါင်းစဉ်က “Counterfeit Drugs and China ဆေးအတုနဲ့တရုပ်ပြည်” ဖြစ်ပါတယ်။

“William Sutton (ဝီလီ-ဆူတန်) ကို FBI “မင်းဘာလို့ ဘဏ်တွေကိုဓါးပြတိုက်သလဲလို့ မေးတော့ “ဟာ ပိုက်ဆံက အဲဒီမှာဘဲ ရှိတာကိုး” လို့ဖြေတယ်။ တကယ်လို့ သူသာ အသက်ရှင်နေသေးရင် ကနေ့ကာလမှာ ဆေးအတုသာထုတ်ပါလိမ့်မယ်” လို့ FDA အစားအသောက်နဲ့ဆေးဝါး အာဏာပိုင်အဖွဲ့ရဲ့ ဆေးဝါးအတုနှိမ်နင်းရေးတာဝန်ခံ Peter Pitts (ပီတာ-ပစ်) က နိဒါန်းပျိုးလိုက်ပါတယ်။ (ဝီလီ-ဆူတန်) ဟာ အမေရိကန် သမိုင်းဝင်ဘဏ်ဓါးပြတယောက်ပါ။ သူ့အသက် (၁၉ဝ၁-၁၉၈ဝ) ၄ဝ အတွင်း တဝက်လောက်က ထောင်ထဲမှာသာ နေခဲ့ရပေမဲ့ ဒေါ်လာ သန်း ၂ဝဝဝ လောက် ဓါးပြတိုက်ပြီးရခဲ့ပါတယ်။

သတင်းဆိုးကတော့ ဒီလိုဆေးဝါးအတုစီးပွါးရေးလုပ်ငန်းက တိုးသထက်တိုးလာနေတာပါဘဲ။ သူ့တွက်ချက်မှုအရ တကမ္ဘာလုံးမှာ ၁၃% တိုးနေပါသတဲ့။ တရားဝင်ဆေးဝါး ရောင်းဝယ်ရေးထက် နှစ်ဆတိုးနေတာဖြစ်ပါတယ်။ ၂ဝ၁ဝ ထဲမှာ တရားမဝင် ဆေးရောင်းဝယ်ဖေါက်ကားမှုကနေ ဒေါ်လာ ၇၅ ဘီလျန်တန်ဘိုးရှိပြီး၊ ၂ဝဝ၅ ထက် ၉၂% တိုးတာဖြစ်တယ်။ "အမြတ်ကများ၊ စွန့်စားရတာကနည်းလို့ မိစ္ဆာ နဲ့ ဒိဌိ တွဲတားသလိုပါဘဲ။"

ဆေးဝါးအတုရဲ့ ပင်ရင်းက အာရှကနေလာပါတယ်။ ပြီးတော့ အာရှတိုက်၊ အာဖရိကတိုက်တွေထဲရော၊ အမေရိကားနဲ့ ဥရောပတိုက်အထိပါ ရောက်တယ်။ တရုပ်က အချက်အခြာ ဌာနချုပ်ဖြစ်ပါတယ်။ ၂ဝဝ၁ ခုနှစ်မှာ တရုပ်အာဏာပိုင်တွေက ဆေးစက်ရုံပေါင်း ၁၃ဝဝ ကို ပိတ်ပြစ်ရပါတယ်။ နောက်ပြီးဆက်စပ်နေတဲ့ ဒေါ်လာ ၅၇ သန်းတန်ဘိုးရှိတဲ့ အမှုပေါင်း ၄ သိန်း၊ ၈ သောင်းကို စစ်ဆေးရခဲ့ပါတယ်။

တရုပ်ဆေးဝါးအာဏာပိုင်အဖွဲ့ State Food and Drug Administration (SFDA) ကနေ ၂ဝဝ၅ ဇန္နဝါရီနဲ့ နိုဝင်္ဘာလ အတွင်း ဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ပေါင်း ၁၁၄ဝဝ ကို ဖျက်လိုက်တယ်လို့ ကြောညာခဲ့ပါသေးတယ်။ သူများနိုင်ငံတော့ စာရင်းမရှိသေးပါ။ တရုပ်ပြည်မှာ ဆေးအတုနဲ့ အရည်အသွေးမမီတဲ့ဆေးတွေကြောင့် သေဆုံးရသူပေါင်း တနှစ်မှာ ၂ သိန်း ကနေ ၃ သိန်းအထိရှိပါတယ်။ ၂၉-၄-၂ဝဝ၆ နေ့က တရုပ်ကျန်းမာရေးဌာန ကြောညာချက်ထဲမှာ အရင်နှစ်ထဲ ဆီးချိုဆေး (အတု) ကြောင့် သွေးအဆိပ်သင့်ဖြစ်ရတာ လူနာ ၃ ယောက် ရှိတယ်လို့ပါတယ်။ ဆေးနာမည်က Glucobay ဖြစ်ပါတယ်။

တိုင်ဝမ် မှုခင်းဌာန Criminal Investigation Bureau (CIB) ကနေ ဆေးအတု ဒေါ်လာ ၉ သန်းဘိုး ဖမ်းဆီးရမိတယ်လို့ ကြောညာချက်ထုတ်ထားပါတယ်။ ဆေးတွေထဲမှာ Cold treatments အအေးမိပျောက်ဆေး၊ Gastrointestinal medicines အစာလမ်းအတွက်ဆေး၊ Sedatives စိတ်ငြိမ်ဆေး၊ Anti-obesity လူပိန်ဆေး၊ Erectile dysfunction drugs ပန်းသေ-ပန်းညှိုးဆေးတွေအပြင် အမျိုးအမည်မသိနိုင်တဲ့ ဆေးအလုံးပေါင်း ၂ သိန်း ၁ သောင်းပါတယ်။ အားလုံးဟာ တရုပ်ကနေလာတာပါ။

မကြာသေးခင်က (ဟောပြောချက်လုပ်တဲ့ကာလ) နယူးယောက် နဲ့ မိုင်ယာမီလေဆိပ်တွေမှာ ရှောင်တခင်စစ်ဆေးရာကနေ တားမြစ်ဆေး ၂၅ မျိုး ဖမ်းဆီးရမိတယ်။ Diazepam, Codeine, Valium, and Anabolic steroids ဆေးတွေဖြစ်ပြီး အများစုက တရုပ်ကနေ လာတယ်။

သူ့ရဲ့ တင်ပြချက်ကို တရုပ်စကားပုံလေးတခုနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
“An ant may well destroy a whole dam ပုရွက်ဆိပ်လေးတကောင်ကနေ တာတမံတခုကို ကောင်းကောင်းကြီး ဖျက်ဆီးပြစ်နိုင်တယ်။”

ပုရွက်ဆိပ်နှိမ်နင်းရေး အရေးကြီးနေပြီ။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၃

Saturday, April 6, 2013

Medical prefessionals in exile ပြည်ပရောက် မြန်မာဆေး ပညာရှင်တွေ ပြန်လာပြီး ကူညီဖို့ ဒေါ်စုတိုက်တွန်း

မြန်မာပြည်သူတွေ အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုရှိဖို့ ပြည်ပရောက် မြန်မာဆေးပညာသမားတွေ အမိနိုင်ငံပြန်လာပြီး ကူညီကြဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

http://www.kamayutmedia.com/2013/04/06/daw-suu-calls-myanmar-physicians-in-abroad-to-come-back-for-healthcare/ တနေရာမှာ သူများတွေလိုပဲ အင်္ဂလိပ်လိုမှတ်ချက်တခု ရေးထားတာပါ။
Tint Swe: It is something like the President’s call/invitation to political dissidents. A few of them returned, some have visited and a handful of them got jobs or assignments. Contrary to activists the professionals make their living abroad in accordance with the qualification. Principally as everybody knows it is totally different to work back home. Some of the professionals would like to forgo with the present-day situation inside. But practically we can’t expect many returnees. U Thein Sien as well as Daw Suu is right to invite. Likewise the professionals are also right to decide the best possible option but individually. At any rate, the country desperately needs qualified professionals. The people/patients do need not only competent doctors but also the better health/medical system. Above all economy of the nation as well as that of the people must be improved. Otherwise a kind-hearted foreign trained specialist can’t cure a poor patient who can’t buy medicines which also might be a fake or substandard. Health insurance, patent right, Asset Protection for Physicians & Doctors, responsible media and etc. are yet to be in place. However at this juncture, a drop of rain is more valuable than a pot of simple water. The first drops of rain always bring a smile on our faces.

Fake Medicines ပုရွက်ဆိပ်နှိမ်နင်းရေး အရေးကြီးနေပြီ

၃၁-၅-၂ဝဝ၆ နေ့တုံးက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်၊ ဒီစီ မှာ ကျန်းမာရေးဟောပြောပွဲတခု လုပ်ခဲ့ပါတယ်။ ခေါင်းစဉ်က “Counterfeit Drugs and China ဆေးအတုနဲ့တရုပ်ပြည်” ဖြစ်ပါတယ်။

“William Sutton (ဝီလီ-ဆူတန်) ကို FBI “မင်းဘာလို့ ဘဏ်တွေကိုဓါးပြတိုက်သလဲလို့ မေးတော့ “ဟာ ပိုက်ဆံက အဲဒီမှာဘဲ ရှိတာကိုး” လို့ဖြေတယ်။ တကယ်လို့ သူသာ အသက်ရှင်နေသေးရင် ကနေ့ကာလမှာ ဆေးအတုသာထုတ်ပါလိမ့်မယ်” လို့ FDA အစားအသောက်နဲ့ဆေးဝါး အာဏာပိုင်အဖွဲ့ရဲ့ ဆေးဝါးအတုနှိမ်နင်းရေးတာဝန်ခံ Peter Pitts (ပီတာ-ပစ်) က နိဒါန်းပျိုးလိုက်ပါတယ်။ (ဝီလီ-ဆူတန်) ဟာ အမေရိကန် သမိုင်းဝင်ဘဏ်ဓါးပြတယောက်ပါ။ သူ့အသက် (၁၉ဝ၁-၁၉၈ဝ) ၄ဝ အတွင်း တဝက်လောက်က ထောင်ထဲမှာသာ နေခဲ့ရပေမဲ့ ဒေါ်လာ သန်း ၂ဝဝဝ လောက် ဓါးပြတိုက်ပြီးရခဲ့ပါတယ်။

သတင်းဆိုးကတော့ ဒီလိုဆေးဝါးအတုစီးပွါးရေးလုပ်ငန်းက တိုးသထက်တိုးလာနေတာပါဘဲ။ သူ့တွက်ချက်မှုအရ တကမ္ဘာလုံးမှာ ၁၃% တိုးနေပါသတဲ့။ တရားဝင်ဆေးဝါး ရောင်းဝယ်ရေးထက် နှစ်ဆတိုးနေတာဖြစ်ပါတယ်။ ၂ဝ၁ဝ ထဲမှာ တရားမဝင် ဆေးရောင်းဝယ်ဖေါက်ကားမှုကနေ ဒေါ်လာ ၇၅ ဘီလျန်တန်ဘိုးရှိပြီး၊ ၂ဝဝ၅ ထက် ၉၂% တိုးတာဖြစ်တယ်။ "အမြတ်ကများ၊ စွန့်စားရတာကနည်းလို့ မိစ္ဆာ နဲ့ ဒိဌိ တွဲတားသလိုပါဘဲ။"

ဆေးဝါးအတုရဲ့ ပင်ရင်းက အာရှကနေလာပါတယ်။ ပြီးတော့ အာရှတိုက်၊ အာဖရိကတိုက်တွေထဲရော၊ အမေရိကားနဲ့ ဥရောပတိုက်အထိပါ ရောက်တယ်။ တရုပ်က အချက်အခြာ ဌာနချုပ်ဖြစ်ပါတယ်။ ၂ဝဝ၁ ခုနှစ်မှာ တရုပ်အာဏာပိုင်တွေက ဆေးစက်ရုံပေါင်း ၁၃ဝဝ ကို ပိတ်ပြစ်ရပါတယ်။ နောက်ပြီးဆက်စပ်နေတဲ့ ဒေါ်လာ ၅၇ သန်းတန်ဘိုးရှိတဲ့ အမှုပေါင်း ၄ သိန်း၊ ၈ သောင်းကို စစ်ဆေးရခဲ့ပါတယ်။

တရုပ်ဆေးဝါးအာဏာပိုင်အဖွဲ့ State Food and Drug Administration (SFDA) ကနေ ၂ဝဝ၅ ဇန္နဝါရီနဲ့ နိုဝင်္ဘာလ အတွင်း ဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ပေါင်း ၁၁၄ဝဝ ကို ဖျက်လိုက်တယ်လို့ ကြောညာခဲ့ပါသေးတယ်။ သူများနိုင်ငံတော့ စာရင်းမရှိသေးပါ။ တရုပ်ပြည်မှာ ဆေးအတုနဲ့ အရည်အသွေးမမီတဲ့ဆေးတွေကြောင့် သေဆုံးရသူပေါင်း တနှစ်မှာ ၂ သိန်း ကနေ ၃ သိန်းအထိရှိပါတယ်။ ၂၉-၄-၂ဝဝ၆ နေ့က တရုပ်ကျန်းမာရေးဌာန ကြောညာချက်ထဲမှာ အရင်နှစ်ထဲ ဆီးချိုဆေး (အတု) ကြောင့် သွေးအဆိပ်သင့်ဖြစ်ရတာ လူနာ ၃ ယောက် ရှိတယ်လို့ပါတယ်။ ဆေးနာမည်က Glucobay ဖြစ်ပါတယ်။

တိုင်ဝမ် မှုခင်းဌာန Criminal Investigation Bureau (CIB) ကနေ ဆေးအတု ဒေါ်လာ ၉ သန်းဘိုး ဖမ်းဆီးရမိတယ်လို့ ကြောညာချက်ထုတ်ထားပါတယ်။ ဆေးတွေထဲမှာ Cold treatments အအေးမိပျောက်ဆေး၊ Gastrointestinal medicines အစာလမ်းအတွက်ဆေး၊ Sedatives စိတ်ငြိမ်ဆေး၊ Anti-obesity လူပိန်ဆေး၊ Erectile dysfunction drugs ပန်းသေ-ပန်းညှိုးဆေးတွေအပြင် အမျိုးအမည်မသိနိုင်တဲ့ ဆေးအလုံးပေါင်း ၂ သိန်း ၁ သောင်းပါတယ်။ အားလုံးဟာ တရုပ်ကနေလာတာပါ။

မကြာသေးခင်က (ဟောပြောချက်လုပ်တဲ့ကာလ) နယူးယောက် နဲ့ မိုင်ယာမီလေဆိပ်တွေမှာ ရှောင်တခင်စစ်ဆေးရာကနေ တားမြစ်ဆေး ၂၅ မျိုး ဖမ်းဆီးရမိတယ်။ Diazepam, Codeine, Valium, and Anabolic steroids ဆေးတွေဖြစ်ပြီး အများစုက တရုပ်ကနေ လာတယ်။

သူ့ရဲ့ တင်ပြချက်ကို တရုပ်စကားပုံလေးတခုနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
“An ant may well destroy a whole dam ပုရွက်ဆိပ်လေးတကောင်ကနေ တာတမံတခုကို ကောင်းကောင်းကြီး ဖျက်ဆီးပြစ်နိုင်တယ်။”

ပုရွက်ဆိပ်နှိမ်နင်းရေး အရေးကြီးနေပြီ။

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၃

Antibiotics and Skin infections ပဋိဇီဝဆေး နဲ့ အရေပြားအနာများ

(က) ပဋိဇီဝဆေး တကယ်လိုပါသလား
၁။ အနာမရှိသေးပဲ ပဋိဇီဝဆေးသောက်ပေမဲ့ ပိုးဝင်မှာကို အကာကွယ်မပေးနိုင်ပါ။
၂။ အနာမှာ ဆိုးဝါးတဲ့ပိုးအမျိုးအစားဖြစ်တဲ့ MRSA (ဆူပါဘတ်ခ်) တွေ့တယ်ဆိုအုံးတော့ ပဋိဇီဝဆေး လိုချင်မှ လိုပါမယ်။ ဆရာဝန်ကနေ ပြည်ခွဲထုတ်ပေးတာ လိုနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် အနာပြည်မခွဲပါနဲ့။ သွေးထဲပိုးဝင်တာဖြစ်စေနိုင်တယ်။

(ခ) ပဋိဇီဝဆေးကို ဘယ်လိုသောက်ရမလဲ
၁။ သင့်တော်မှန်ကန်တဲ့ ပဋိဇီဝဆေး ရွေးဘို့လိုပါမယ်။ ပဋိဇီဝဆေးတွေက မတူကြပါ။
၂။ သက်သာလာပြီဖြစ်လာပေမဲ့ ပဋိဇီဝဆေးကို ဆေးပါတ်မကုန်ခင် ရပ်မပြစ်ပါနဲ့။ ပိုးတွေအကုန်ရှင်းအောင် ဆေးဆက်သောက်ရမယ်။ ဆေးနည်းနည်းလေးနဲ့ ပိုးအားလုံး မသေတဲ့အပြင် ဆေးယဉ်ထာ ဖြစ်လာစေနိုင်တယ်။
၃။ ပဋိဇီဝဆေးအရွေးမှန်တာအပြင် ဆေးအလေးချိန်မှန်ရမယ်။ ဆေးသောက်ရမဲ့ရက် သတ်မှတ်ချက်လည်း မှန်ရမယ်။

(ဂ) ပဋိဇီဝဆေးတွေကို ပိုးမယဉ်အောင် ဘယ်လိုလုပ်ရမလဲ
၁။ ပဋိဇီဝဆေးအသောက်ခင် ဆရာဝန်ပြပါ။
၂။ ဆရာဝန်ကိုလည်း ကိုယ့်ကို ပဋိဇီဝဆေးရေးပေးပါလို့ မပြောပါနဲ့။
၃။ ဆေးသောက်နေရင်း ၂-၃ ရက်မှ သက်သာတာဖြစ်မလာရင် ဆရာဝန်ဆီပြန်ပြပါ။ ဆရာဝန်က ဆေးပြောင်းပေးချင် ပေးပါမယ်။
၎။ ပဋိဇီဝဆေးသောက်ရင်း နေမကောင်းတာဖြစ်လာရင် ဆရာဝန်ကိုပြန်ပြောပါ။ ဘေးထွက်-ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်တယ်။
၅။ သူများတွေကိုလည်း ပဋိဇီဝဆေးအကြောင်း ပညာပေးပါ။

• Antibiotics for Acne ဝက်ခြံအတွက် ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.com/2011/05/antibiotics-for-acne.html
• Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး http://dts-medicaleducation.blogspot.com/2011/11/19-11-2011-taking-antibiotics-for-viral.html
• Antibiotics ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.com/2011/03/antibiotics.html
• Amoxicillin အမောက်ဆာစလင် http://dts-medicaleducation.blogspot.com/2009/07/amoxicillin.html
• Azithromycin နဲ့ Ofloxacin ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.in/2012/06/azithromycin-ofloxacin.html
• Medicine for Diseases of Skin အရေပြားပေါ်ဖြစ်သည့် ရောဂါဆေးများ http://dts-medicaleducation.blogspot.com/2010/06/medicine-for-diseases-of-skin.html

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၃

Friday, April 5, 2013

World Health Day - 7 April 2013

Silent killer, global public health crisis
ကမ္ဘာ့ကျန်းမာရေးနေ့၊ ၂ဝ၁၃ ဧပြီလ ၇ ရက်
• သွေးမတိုးအောင် သတိဆောင်၊
• ကိုယ်လက်လှုတ်ရှား၊ မျှအောင်စား၊
• ကိုယ်အလေးချိန်လျှော့၊ အပေါ့သာစား သွေးချိန်သွား၊
• မြန်ပြည်သားများ ကျန်းမာကြစေသား။
• Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
• Hypertension (2) သွေးတိုးရောဂါ (၂) http://dts-medicaleducation.blogspot.in/2012/06/hypertension.html

Arsenic poisoning (အာဆင်းနစ်) အဆိပ်သင့်ခြင်း

4-3-2013 Facebook ကျေးဇူးပြုပြီး လက်ရှိ လူတွေကြောက်လန့်နေရတဲ့ အာဆင်းနစ် ခဲဆိပ်အကြောင်း သိပါရစေရှင့်။

၂ဝဝ၇ စစ်တမ်းတခုအရ နိုင်ငံပေါင်း ၇ဝ က လူပေါင်း ၁၃၇ သန်းမှာ အနည်းနဲ့အများ သောက်ရေကနေ အာဆင်းနစ် အဆိပ်သင့်တာ ခံနေကြရတယ်။ မြေအောက်ရေထဲမှာ ပါနေတာသောက်မိရာကနေ အဆိပ်သင့်တာက အများဆုံး ဖြစ်တယ်။

ချက်ချင်းဖြစ်တာမျိုးဆိုရင် ပါးစပ်ကေနေ သတ္တုနံ့ရနေမယ်။ တံတွေးများမယ်။ အမြိုရခက်မယ်။ ဒိနောက်မှာ ဝမ်းလျှောတာ၊ အန်တာနဲ့ ဆီးထဲသွေးပါတာတွေ ခံစားရမယ်။ ကြွက်ကားတွေနာမယ်၊ ဆံပင်ကျွတ်မယ်၊ ဗိုက်နာမယ်၊ ဆီးအရောင် မဲနေမယ်၊ ရေဓါတ်နည်းနေမယ်၊ နှလုံးခုန်မမှန်ဖြစ်မယ်၊ ခေါင်းမူးမယ်၊ စိတ်ကယောင်ခြောက်ခြားဖြစ်မယ်၊ ရှော့ခ် ရမယ်။ တက်နိုင်တယ်။ အရေပြား၊ အဆုပ်။ ကျောက်ကပ်နဲ့ အသဲတွေကိုလည်း ထိခိုက်စေမယ်။ နောက်ဆုံး သတိလစ်မယ်၊ သေဆုံးနိုင်တယ်။ ရုတ်တရက်အဆိပ်သင့်သူ အသက်မသေရင်တောင်မှ အာရုံကြောထိခိုက်တာ ခံရနိုင်တယ်။

နာတာရှည်ခံနေရသူတွေမှာ ဗီတာမင် (အေ) နည်းလို့ ကြက်မျက်သင့်တာဖြစ်မယ်။ အရေပြားမှာ အရောင်တွေ (မဲ၊ နီ) ပြောင်းမယ်။ အဖုအသီးလေးတွေထွက်မယ်။ လက်သည်းတွေမှာ (Mees' lines) အဖြူစဉ်းတွေဖြစ်လာမယ်။ အသဲနဲ့ ကျောက်ကပ်ထိခိုက်မယ်။ နာတာရှည်ကနေ တချို့မှာ ကင်ဆာဖြစ်လာနိုင်တယ်။ ဆီးအိမ်၊ ကျောက်ကပ်၊ အဆုပ် နဲ့ အရေပြားကင်ဆာတွေ ဖြစ်နိုင်တယ်။

လုပ်ငန်းခွင်ကနေဖြစ်စေတာတွေထဲမှာ မှန်စက်ရုံ၊ သံမပါတဲ့သတ္တုရောလုပ်ငန်း နဲ့ (အီလက်ထရောနစ် ဆီမီကွန်ဒတ်တာ) လူပ်ငန်းတွေလဲ ပါတယ်။ ကြေးနီနဲ့ ခဲအရည်ကျိုလုပ်ငန်း နဲ့ သစ်သားစက်ရုံလုပ်ငန်းတွေမှာ အလုပ်လုပ်ရသူတွေလဲ အဆိပ်သင့်ကြရတယ်။ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးတွေထဲမှာ (အာဆင်းနစ်) ပါတာလည်းရှိတယ်။

လူတွေဟာ သောက်ရေနဲ့ လုပ်ငန်းခွင်သာမကာ လေကနေလည်းရသလို အစားအသောက်ကနေလဲ အာဆင်းနစ်ဓါတ် ရနေကြတယ်။ အသား၊ ငါး နဲ့ ကြက်သားတွေကနေရတယ်။ ကြက်စာထဲမှာ (အင်တီဘိုင်အောတစ်) ဆေးတချို့ကြောင့် ရစေနိုင်တယ်။ ဝိုင် ချက်ဘို့ စိုက်တဲ့အခင်းမှာ အာဆင်းနစ်များနေရင် သောက်တဲ့ ဝိုင်ထဲမှာလဲ ပါနေမယ်။ ဆန် (တမင်း) ထဲမှာလဲ ပါနေနိုင်တယ်။

သွေးနဲ့ ဆီးကိုစစ်ရင် သိမယ်။ Rapid urine spot tests အမြန်ဆီးစမ်းနည်းတွေကို သုံးတာများတယ်။ > 50 micrograms/L ဆိုရင်များနေတာဖြစ်တယ်။ ရုတ်တရက်အဆိပ်သင့်သူဟာ ဒိထက် ၅ ဆ ကနေ အဆ ၁ဝဝ အထိ ရှိနိုင်တယ်။ အမေရိကားမှာ အလုပ်သမားတွေကို 35 µg/L total urinary arsenic သာရှိရမယ်လို့ ကန့်သတ်ထားတယ်။

WHO ကနေသတ်မှတ်ထားတာက သောက်ရေထဲမှာ အာဆင်းနစ် 0.01 mg/L (10ppb) ထက်မပိုစေရလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ရေရှည်သောက်နေတဲ့ရေထဲမှာ 0.00017 mg/L (0.17ppb) လောက်သာရှိပေမဲ့ အဆိပ်သင့်တာခံစားရတယ်။

Treatment ဘယ်လိုကုသသလဲ
ရေများများနဲ့ဆေးကြော ပြစ်ပါ။ အစာလမ်းကနေ သွေးထဲစုပ်မဝင်စေအာင် Polyethelene glycol သုံးနိုင်တယ်။ လိုအပ်ရင် အောက်စီဂျင်၊ ဒရစ်၊ သွေးသွင်းပေးနိုင်တယ်။ တက်နေရင် တက်တာကိုကုရမယ်။ နာတာရှည် ရေကြောင့်ဖြစ်ရင် အဲဒီရေကို ကောင်းတာနဲ့ အစားထိုးပေးရမယ်။

• Chelation နည်းသုံးတယ်။ Dimercaprol နဲ့ Dimercaptosuccinic acid ဆေးတွေကိုသုံးတယ်။
• Potassium (ပိုတက်ဆီယမ်) ဆေးပေးရင် နှလုံးခုန်မမှန်တာကို သက်သာစေမယ်။
• ကြက်သွန်ဖြူကလည်း ကောင်းတယ်။ ဘင်္ဂလားဒက်မှာ ကြွက်တွေကို စမ်းသပ်လို့သိရတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၅-၄-၂ဝ၁၃

Thursday, April 4, 2013

Fake Medicines from China and India (2) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၂)

တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁) ထဲမှာရေးခဲ့တဲ့ "ဂါနာနိုင်ငံကို တင်သွင်းနေတဲ့ တရုပ်နဲ့ အိန္ဒိယလုပ် ဆေးတွေ ဘယ်လောက်စိတ်ချရသလဲ" ဆိုတဲ့ စာတမ်းက ၁၃-၃-၂ဝ၁၃ နေ့မှာထွက်လာပြီးနောက် ၁၇-၃-၂ဝ၁၃ နေ့မှာ တရုပ်အစိုးရကနေ ဂါနာနိုင်ငံကို ဒီလိုဆေးအတုတွေအတွက် အကူအညီပေးပါမယ်လို့ ပြောလာရတယ်။ ဆေးအတုတွေ ဘယ်ကနေ ဘယ်လိုလာသလဲဆိုတာ ကူညီစစ်ဆေးပေးမှာဖြစ်ပါတယ်။ အိန္ဒိယကတော့ အဲလိုပြောတာမကြားသေးပါ။

တိုက်ဆိုင်တာတခုတွေ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအလံနဲ့ ဂါနာအလံဟာ အတော်ကိုဆင်းတူနေတာပါ။ ခံရတာတူ၊ မလံကခပ်တူတူပေမဲ့ တရုပ်ကနေ အရေးစိုက်တာ မတူပါ။

Oxytocin နဲ့ Ergometrine ထိုးဆေးတွေဟာ ကလေးမီးဖွားတဲ့အခါသုံးရတဲ့ အရေးကြီးဆေး အမျိုးအစား ဖြစ်ပါတယ်။ ကလေးမွေးဘို့ကြာနေသူကို သွင်းပေးရင် သားအိမ်ကို ညှစ်စေနိုင်ပြီး၊ ရိုးရိုးဖြစ်ဖြစ် ခွဲမွေးတာဖြစ်ဖြစ် မိခင်ကို ထိုးပေးရင် မွေးဖွါးပြီး သွေးသွန်တာကိုလည်း ကာကွယ်ပါမယ်။ ကလေးရော မိခင်အတွက်ပါ အသုံးဝင်လှတဲ့ဆေးတွေ ဖြစ်ပါတယ်။ Oxytocin ထိုးဆေးက တရုပ်ကလာပြီး၊ Ergometrine ထိုးဆေးက အိန္ဒိယ Ciron Drugs ကုမ္ပဏီကနေ လာတာပါ။

၎-၄-၂ဝ၁၃ (နယူးယော့တိုင်းမ်) သတင်းစာမှာ "A Toxic Pipeline အဆိပ်ပိုက်လိုင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ တရုပ်ပြည်ကနေ အဆိပ်နဲ့တူတဲ့ ဆေးဝါးတွေ ကမ္ဘာ့ဈေးကွက်ထဲကို ပိုက်လိုင်းနဲ့လာသလို ဝင်လာနေတယ်လို့ ပါရှိပါတယ်။ ၆-၅-၂ဝဝ၇ တုံးကလည်း ပနာမားနိုင်ငံမှာ လူပေါင်း ၁ဝဝ သေဆုံးခဲ့ရတဲ့ ဆေးရည်ဟာ တရုပ်ကလာတာဖြစ်ပါတယ်။

၃၁-၁ဝ-၂ဝဝ၇ နေ့မှာ ထုတ်တဲ့ IPN သတင်းထုတ်ပြန်ချက်မှာ Fake drugs kill over 700,000 people every year ဆေးအတုတွေကြောင့် နှစ်စဉ်လူပေါင်း ၇ သိန်းကျော် သေဆုံးနေရတယ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဆေးအမျိုးအစားတွေကတော့ တီဘီ နဲ့ ငှက်ဖျားဆေးတွေဖြစ်ပါတယ်။

အစီရင်ခံစာထဲမှာ အထူးပြုဖေါ်ပြချက် (၃) ချက် ပါရှိပါတယ်။
(၁) အင်ဂိုလာ၊ ဘာရွန်ဒီ နဲ့ ကွန်ဂိုနိုင်ငံတွေကို သွင်းယူနေတဲ့ဆေး မှန်သမျှထဲက တဝက်ဟာ အဆင့်အတန်းနိမ့်ဆေးတွေ ဖြစ်တယ်။
(၂) လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်နိုင်ငံတွေကို သွင်းတဲ့ Artesunate ခေါ်တဲ့ ငှက်ဖျားဆေး ၃ ပုံ ၂ ပုံဟာ ဆေးအဆနည်းနေတယ်။
(၃) ဆေးအတု အများဆုံးဟာ တရုပ်နဲ့ အိန္ဒိယကနေလာတယ်။

အိမ်နီးချင်းများကျေးဇူး ဘယ်လောက်ကြီးပါသလဲ။

တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁) http://dts-medicaleducation.blogspot.in/2013/04/blog-post.html

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၃

Fake Medicines from China and India (1) တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၁)

"Unwholesome Medicines come from China and India တရုပ်နဲ့ အိန္ဒိယကကလာတဲ့ဆေးတွေ သတိပေးပါရစေ"
အာဖရိကတိုက်က ဂါနာနိုင်ငံကို တင်သွင်းနေတဲ့ တရုပ်နဲ့ အိန္ဒိယလုပ် ဆေးတွေ ဘယ်လောက်စိတ်ချရသလဲဆိုတဲ့ စာတမ်းတခု ၁၃-၃-၂ဝ၁၃ နေ့က GhanaWeb မှာ ဖေါ်ပြထားပါတယ်။

သူတို့နိုင်ငံမှာ အဆင့်အတန်းမမီတဲ့ဆေးတွေ အကြောင်း နေ့စဉ်အဓိကသတင်းဌာနတွေရဲ့ သတင်းခေါင်းစဉ်တွေမှာလဲ ပါနေပါသတဲ့။ စိတ်မကောင်းစရာက ဒီလိုအဆင့်မမီတဲ့ဆေးသတင်းဟာ လိင်တူသတင်းလောက် အာရုံမထားကြဘူးလို့ ရေးထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ဘာသောရေးအခြေခံ အမုန်းတရားလောက် စိတ်မဝင်စားဘူးလို့ ပြောရမလား မသိပါ။

သူတို့ဆီမှာ အဆင့်နိမ့်ဆေးဝါးအရေး ကိုင်တွယ်လိုတဲ့ နိုင်ငံရေးဆန္ဒ ကင်းမဲ့နေတာကိုလည်း ထောက်ပြထားပါသေးတယ်။ ကျွန်တော်တို့ဆီမှာကော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွေထဲမှာ ဘယ်အထိ စိတ်ဝင်စားမှု ရှိနေပါပြီလဲ။

တိုင်းပြည်တိုင်းမှာ ဆေးဝါးနဲ့အစားအသောက်အာဏာပိုင်အဖွဲ့ဆိုတာ ထားရှိပါတယ်။ နိုင်ငံအများဆုံးမှာသုံးတဲ့ အဖွဲ့နာမည်ကတော့ Food and Drug Administration (FDA) ဖြစ်ပါတယ်။ (အက်ဖ်ဒီအေ) ကနေ Post-market surveillance ဈေးကွက်ထဲရောက်ပြီးဆေးဝါးတွေကို လေ့လာစောင့်ကြည့်ပါတယ်။ စိတ်မချမ်းသာစရာအဖြေ တွေ့ရပါသတဲ့။ ဆေးထဲမှာ ပါသင့်ပါထိုက်တဲ့ဆေးပမာဏ မပြည့်မီတာပါ။

ဒီအရေးအတွက် တက်ကြွလှုတ်ရှားနေသူတွေက ၂ဝ၁ဝ ထဲမှာ ထောက်ပြတာရှိပါတယ်။ Antibiotics ပဋိဇီဝဆေး (ဗက်တီးရီးယားအတွက်ဆေး) ၂ မျိုးဖြစ်ပါတယ်။ Cipro-Dor (Ciprofloxacin HCl) နဲ့ Clavu-Dor (Amoxicilin 500mg + Clavulanic Acid 125 mg) တရုပ်ကနေလာတာပါ။ “Unwholesome” သုံးစွဲရန်မသင့်လို့ မှတ်ချက်ပြုပါတယ်။ FDA ကနေလည်း “Substandard” အဆင့်အတန်း နိမ့်ကျတယ်လို့ သတ်မှတ်ပါတယ်။ သုံးစွဲသူလူနာမှာ ရောဂါမပျောက်ပါလို့လဲ ပါရှိပါသေးတယ်။

Oxytocin injections ခေါ်တဲ့ သားဖွါးလူနာတွေအတွက် ထိုးဆေးလည်း တရုပ်ကနေလာပါသတဲ့။ ဆေးထုတ်တဲ့ကုမ္ပဏီ အမည်မပါဘူးလို့ FDA ကနေ တွေ့ရှိရပြန်ပါတယ်။ ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာ အိန္ဒိယကနေတင်သွင်းတဲ့ ပဋိဇီဝဆေး Rox Clave 625 ဆိုတာထဲမှာ အမှန်က Amoxicillin 500mg နဲ့ Clavunate 125mg ပါရမှာကို Clavunate မပါတာ တွေ့ရပြန်ပါတယ်။

ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာပဲ တရုပ်က လာတဲ့ Tres-Orix Forte ခေါ်တဲ့ Appetite stimulant အစားစားချင်စိတ် တိုးစေမဲ့ဆေးဟာ Counterfeit ဆေးအတု ဖြစ်တာတွေ့ရပါတယ်။ အမှုအခင်းဖြစ်တော့ ရုံးထိုင်တရားသူကြီးက "ဒီလို အဆင့်အတန်းမမီတဲ့ဆေး တင်သွင်းခြင်းဟာ Armed robbery လက်နက်နဲ့ ဓါးပြတိုက်သလိုဘဲ" လို့ မှတ်ချက်ပြုပါတယ်။ ကျွန်တော်တို့နိုင်ငံက တရားသူကြီးမင်းများ ဘယ်လိုမှတ်ချက်များ ပြုချင်ကြပါသလဲခင်ဗျား။

ဒီဆောင်းပါးထဲမှာ အာရှတိုက်ကနေသွင်းယူတဲ့ ဆေးဝါးတွေဟာ ၇ဝ% ရှိတယ်။ အဆင့်အမမီတာတွေ၊ ဆေးအတုတွေအကြောင်း သိပ်မသိကြရသေးဘူးလို့ ထောက်ပြထားပါတယ်။ ဒီလိုလုပ်နေတာဟာ (၁) Inadvertently မထင်မှတ်ပဲ ဖြစ်တာလား၊ (၂) Intentionally တမင်တကာလုပ်နေတာလားဆိုတဲ့ မေးခွန်းကြီး နှစ်ခုပေါ်လာပါတယ်။

တလောက ဒေလီမှာ မိတ်ဆွေ စီးပွါးရေးလုပ်နေသူတဦးကနေ သတင်းပေးပါတယ်။ “ဆရာ မြန်မာပြည်ကနေ ဆေးလာဝယ်တဲ့ ကုန်သည်တွေ့တယ်။ အိန္ဒိယဆေးကုမ္ပဏီတွေက ဆေးတွေကို (အင်ပို့) လုပ်ဘို့။ အဲတာဗျာ ဆေးအလေးချိန်ကို လျှော့ထုတ်ပေးဘို့ (အော်ဒါ) လုပ်တယ်ဗျ။”

ကမ္ဘာမှာ ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲသေးတဲ့တိုင်းပြည်တွေက သန်းပေါင်းများစွားသော လူတွေဟာ Affordable drugs ကိုယ်တတ်နိုင်တဲ့ဆေးကိုသာ သုံးနိုင်ကြပါတယ်။ ဒီလိုဆေးတွေက တရုပ်နဲ့ အိန္ဒိယကနေလာတာပါ။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငရဲကျနိုင်တာ သတိထားစေချင်ပါတယ်။

အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများနဲ့ လူမှုအဖွဲ့အစည်းများခင်ဗျား ဆေးဝါးအရေးလည်း တွေးပေးကြပါအုံးလို့ ပြောပါရစေ။

တရုပ်နဲ့ အိန္ဒိယကလာတဲ့ဆေးတွေ သတိပေးပါရစေ (၂) http://dts-medicaleducation.blogspot.in/2013/04/blog-post_4.html

ဒေါက်တာတင့်ဆွေ
၎-၄-၂ဝ၁၃

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...