ကျန်းမာရေးနဲ့ဆေးပညာ မေးလိုတာရှိပါက

ဒီဘလော့ခ်ထဲကစာတွေကို တခြားနေရာမှာ ကျွန်တော့်ခွင့်ပြုချက်မပါဘဲ ကူးယူပြီး မတင်ဘို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ရောဂါလက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ ဆေးစစ်ချက်၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး၊ ရှိ-မရှိ။ နေတဲ့တိုင်းပြည်၊ မြို့ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည်သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဆေးစာ၊ ဆေးစစ်ချက်၊ ဝေဒနာတွေကို စကန်လုပ်ပြီးဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်လို့ဖြစ်ဖြစ် ပို့နိုင်ပါတယ်။ ဓါတ်ပုံကို ခွင့်မယူဘဲ အသုံးမချပါ။
• အိမ်ထောင်ရေးနဲ့ လိင်ပိုင်းဆိုင်ရာမေးခွန်းတွေကို Facebook ကနေ မမေးပါနဲ့ မဖြေပါ။ တိုက်ရိုက်သာမေးပါ။
• အီးမေးလ် အခက်အခဲရှိလို့ Facebook message မှာဖြစ်ဖြစ် Chat box မှာဖြစ်ဖြစ်ရေးရင်လဲ အားသလား၊ မေးလို့ရလား ရေးမနေဘဲ၊ တခါတည်း မေးခွန်းသာရေးလိုက်ပါ။
• Facebook Comment ကနေမေးတာ-ဖြေတာ အဆင်မပြေပါ။
စာရှည်ရေးမရပါ။ သူများတွေကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
• နာမ်စားသုံးတာမှာ ကိုယ်ကိုယ်ကို ‘သား’၊ ‘သမီး’ လို့ သုံးရင် မေးတဲ့သူရဲ့ သားသမီးလား ထင်မှတ်မှားနိုင်တာသတိပြုပါ။
• SMS အရေးအသားမျိုးကို မဖတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဘလော့ခ် နဲ့ ဖေ့စ်ဘွတ်မှာ အမေး-အဖြေတွေကိုသုံးတဲ့အခါ မေးတဲ့သူရဲ့ ကိုယ်ရေး အချက်အလက်တွေ မပါစေရပါ။
• ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ ကျွန်တော့်မှာ Viber မရှိပါ။ ဖေ့စ်ဘွတ် ဖုန်း-ဗီဒီယို အဆင်မပြေပါ။ Skype ကိုတော့ နိုင်ငံရေးနဲ့ မိသားစုအတွက်သာသုံးပါတယ်။
drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

(ဘလော့ခ်) တွေထဲ ဝင်ဖတ်ဘို့ အကြံပြုပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true ဖေ့စ်ဘွတ်
- https://tintswe.wordpress.com/ Dr. Tint Swe ဒေါက်တာတင့်ဆွေ ဆေးပညာစာများ

Monday, July 15, 2013

Prostitution and Law ပြည့်တန်ဆာ အခါမဟုတ်သေး

“ရှေးရိုးစဉ်လာကြီးတဲ့၊ ယောက်ျားတွေ လွှမ်းမိုးတဲ့မြန်မာပြည်မှာ လိင်လုပ်ငန်းနဲ့ အသက်မွေးမှုကို တရားဝင်လုပ်ဘို့ အဆိုကို ပယ်ချလိုက်တယ်” လို့ သတင်းတွေက ဖေါ်ပြပါတယ်။ အမျိုးသမီးအခွင့်အရေး သမီးတွေက “လိင်ခွဲခြားဆက်ဆံမှုဆိုတာ မြန်မာပြည်မှာ ကြီးမားတယ်” လို့ပါ ထောက်ပြတာလဲ ဖတ်ရပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ခြင်းဟာ အဖက်ဖက်ကနေ စဉ်းစားရတာ လူတိုင်းသိပါတယ်။ အချိန်ကာလလဲ ရွေးရပါတယ်။

အခုအချိန်မှာ မြန်မာပြည်က အရင်ကမရှိတာ၊ မဖြစ်တာ၊ မလုပ်တာတွေကို ပြန်ပြင်ဘို့ကြိုးစားနေကြချိန်ဖြစ်တယ်။ ရှိခဲ့တာ၊ ဖြစ်ခဲ့တာတွေကိုလဲ ဖယ်ရှားနေကြတယ်။ ဒီအရေးကိစ္စကလဲ အများကြီးထဲက (အစ်ရှူး) တခုသာဖြစ်တယ်။ တခုချင်း မဟုတ်ဘဲ တပြိုင်တည်းလုပ်စရာတွေလဲ ရှိတာပါ။ ဒါပေမဲ့ “အရေးကြီးတာအရင်” ဆိုတာ နိုင်ငံတိုင်းမှာရှိတဲ့ လမ်းညွှန် တခုပါ။ မြန်မာပြည်မှာ ဘာတွေက အရေးကြီးသလဲ။

• နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်သေးပါ။ ဥပဒေသစ်နဲ့ ထပ်ဖမ်းခံနေရတာတွေ ရှိပါတယ်။
• မီဒီယာလဲ ကြိုးစားဆဲပါ။
• အလုပ်သမား၊ လယ်သမားတွေဘဝ တိုးတက်လာတာက တိုင်းတာလို့ ရပါပြီတဲ့လား။
• ပညာရေးက အစည်းအဝေးအဆင့်မှာသာ ရှိသေးတယ်။
• ကျန်းမာရေးက နာတာရှည်လူနာဘဝက မထွက်နိုင်သေးပါ။
• နိုင်ငံရေးမှာလဲ စစ်သွေးစစ်ရောင် မပြောင်သေးပါ။
• စီးပွါးရေး ပြောစရာမလိုပါ။ LDC ကထွက်ဘို့ရာ လမ်းစမမြင်သေးပါ။

ဒီအချိန်မှာ ဒီဥပဒေဖြစ်လာခဲ့ရင် “မြန်မာပြည်မယ် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်တဲ့နိုင်ငံစားရင်းထဲ ဝင်လာပြီ” လို့သာ မော်ကြွားနိုင်တာ ရှိပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၃
Prostitution will remain illegal in Burma http://asiancorrespondent.com/110625/prostitution-will-remain-illegal-in-burma/