Saturday, August 31, 2013

Body odor ကိုယ်နံ့

2011/8/27
Facebook 6 hours ago 31-8-2013 ဆရာရှင့် သမီးမှာဖြစ်နေတဲ့ပြဿနာကို လူသိရှင်ကြားမမေးရဲလို့ပါရှင့်။ သမီးမှာ အရမ်းပြင်းတဲ့ ကိုယ်နံ့ရှိပါတယ်ရှင်။ ဘေးကလူတွေ အနှောက်အယှက်ဖြစ်ရလောက်အောင်ပါ။ သမီး ၁၅ နှစ်လောက်ကစပြီး အခု ၂၄ နှစ်ရှိပါပြီရှင်။ တခါတရံ သက်သာသလိုရှိပေမယ့် တခါတခါအရမ်းဆိုးပါတယ်ရှင်။ ချွေးနံပျောက်ဆေး roll on များသုံးလို့မရပါ။ ပိုဆိုးစေပါတယ်ရှင်။ ဒါနဲ့ ကျောက်ချဉ် ထုံးရည်ကြည် စတဲ့သဘာဝပစ္စည်းများ အသုံးပြုသော်လည်း ခဏသာထိမ်းနိုင်ပြီး ချွေးထွက်လာရင် ပြန်ဆိုးသွားပါတယ်ရှင်။ ရေလည်းပုံမှန်ချိုးပါရဲ့ဘာလို့မှန်းမသိပါရှင်။ အစားအသောက်ကြောင့် ဖြစ်မှာဆိုးလို့ အနံပြင်းတဲ့ ကြက်သွန်နီ ဖြူမျိုးတွေ မစားပါရှင်။ မိန်းကလေးတယောက်အတွက် အရမ်းကိုအနှောက်အယှက်ဖြစ်ရပါတယ်ရှင်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိတော့ပါရှင်။ သောက်ရမည့်ဆေးနဲ့ သင့်တော်တဲ့ဆရာဝန်ရှိလျင် ညွှန်ကြားပေးပါရှင်။

2011/8/27
ကျနော် နာမည်က (့) ပါ။ ကျနော့် ကောင်မလေး နာမည်က (့) ပါ။ အသက်က ၂၆ နှစ်ရှိပါပြီ အပျိုပါဆရာ။ ခန္ဓာကိုယ် အနံနဲ့ ပက်သတ်ပြီး သိချင်လို့ပါ။ သူ့မှာ ဘာမှန်းမသိတဲ့ အနံတစ်ခု ရနေလို့ပါ။ သူနဲ့ ရည်းစားမဖြစ်ခင် အချိန်တွေတုန်းကတော့ သိပ်ပြီးအနံ မရမိဘူး။ ရည်းစားဖြစ်ပြီးတော့ ပူးပူးကပ်ကပ်လဲ ရှိလာတော့ သူ့ဆီက အနံ့တစ်ခုကို သတိထားမိလားတယ်။ ကျနော်ထင်တာ သူခံတွင်းနံ့ ဆိုးတယ်လို့ပဲ ထင်ခဲ့မိပါတယ်။ သူ့ကို Listerine နဲ့လဲ ပလုပ်ကျင်းခိုင်းပါတယ်။ အနံ့ကပျောက်မသွားပါဘူး။ နောက်တော့မှ သူအိပ်နေတဲ့အချိန် ပါးစပ် ပိတ်နေတုန်း နှာခေါင်းကလေကို အထုတ်အသွင်း လုပ်တိုင်း အဲဒီအနံဆိုး ထွက်နေတာပါ။ သူ့ခံတွင်းအနံ့က လုံးဝမဆိုးပါဘူး။ အသက်ရှူတဲ့အချိန် ခန္ဓာကိုယ်တွင်းက ထုတ်တဲ့လေက အနံ့ဆိုးပါလားတယ်လို့ ထင်ပါတယ်။ အနံစပြီး ရခါစက မြင်းရဲ့ မစင်အနံနဲ့ တူပါတယ်။ နောက် တစ်ဖြေးဖြေးနဲ့တော့ မျှစ်ချဉ်နံ့လိုလို ဘာလိုလိုနဲ့ ချဉ်စူးစူး အနံရပါတယ်။ ကျနော်ပဲ အနံ့ ယဉ်လာတာလား သူအနံ့ကပဲ ပြောင်းတာလားတော့ မသိပါခင်ဗျာ။ ဘယ်လို့ ကုသရင် ပျောက်ကင်းနိုင်မယ် ဆိုတာကို လမ်းညွန် ပေးပါခင်ဗျာ။

ဆိုးတဲ့ လူ့ကိုယ်နံ့ကို Smell of bacteria ဗက်တီးရီးယားနံ့လို့ ပြောနိုင်တယ်။ ချွေးထွက်ရင် ဒီအကောင်တွေက ပေါက်ပွါးတယ်။ ချွေးနံ့သက်သက်မှာ အနံ့မရှိပါ။ ကိုယ်နံ့တွေကို Bromhidrosis, Apocrine Bromhidrosis, Bromidrosis, Osmidrosis, Ozochrotia, Fetid sweat လို့ ဆေးပညာအရ အမျိုးမျိုး ခွဲထားတယ်။

- Diet စားတဲ့အစားအသောက်၊

- Lifestyle လူနေမှုပုံစံ၊
- Gender ကျား-မ၊
- Genetics မျိုးဗီဇ၊
- Health ကျန်းမာရေးအခြေအနေ၊
- Medication ဆေးဝါး တွေကနေ သက်ရောက်စေတယ်။

• ကိုယ်ကနေ ချင်စူးစူး၊ Vinegar-like smell (ဗနီဂါ) နံ့လိုရတာဟာ Propionic acid ဖြစ်လာ-ရှိလာလို့ပါ။ ဗက်တီးရီးယားကနေလာတယ်။
• Staphylococcus ဗက်တီးရီးယားကနေ ဖြစ်ရင် Isovaleric acid ဆိုတာမျိုး ရှိနေမယ်။ cheese types ဒိန်ခဲနံ့လို ဖြစ်နေမယ်။
• Skin flora အရေပြားမှာ နေကြတဲ့ ပိုးတွေထဲမှာ Corynebacterium တွေပါတယ်။ Lipases enzymes (အင်ဇိုင်းမ်) တွေထွက်စေတယ်။ ဒါတွေကနေ ချွေးထဲက အဆီနဲ့ ဓါတ်ပြုမယ်။ ထွက်လာတာတွေကနေ Body odor ကိုယ်နံ့ရဲ့ Characteristic aroma အနံ့ထူးခြားမှုကို ရစေတယ်။
• Genetics မျိုးဗီဇ ကနေလဲ သက်ရောက်တယ်။ Major histocompatibility complex (MHC) (မော်လီကျူး) တွေကနေ ဖြစ်စေတယ်။ ရောဂါပြီးစနစ်နဲ့ ဆိုင်တယ်။ စမ်းသပ်တဲ့အခါ လူတွေမှာရော အကောင်တွေမှာပါ MHC composition ကွဲပြားမှု များရင် ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နိုင်စွမ်းရှိတာ တွေ့ရတယ်။ သုတေသနတခု အလိုအရ မျိုးဗီဇတခုဟာ Earwax နားဖါလိုဘဲ အနံ့ကို ဖြစ်စေတဲ့ Codes မျိုးရှိတယ်။

အနံ့မကြိုက်တာ သက်သာချင်ရင်
- Deodorants အနံ့ပျောက်ဆေး၊
- Antiperspirants ချွေးထွက်သက်သာဆေး၊
- Disinfectants (Triclosan) ပိုးသတ်ဆေး၊
- Antiseptic plant extracts ပိုးသေဆေးတွေပါတဲ့ သဘာဝထွက်ကနေလုပ်ထားတဲ့ Special soaps or foams အထူး-ဆပ်ပြာ ဥပမာ Ribwort and Liquorice တွေသုံးနိုင်တယ်။
- Chlorophyllin ointments လိမ်းဆေး၊ ဖျန်းဆေး၊
- Chlorophyllin supplements စားဆေး တွေကိုလဲ သုံးနိုင်တယ်။
- Hygiene practices တကိုယ်ရေ သန့်ရှင်းရေး ပိုလုပ်ရမယ်။
- Changes in diet အစားအသောက် ရွေးရမယ်။

အဆင်ပြေရင် သက်သာမယ်။ မပြေရင် ပိုဆိုးနိုင်တာ သတိပြုရမယ်။

Hyperhidrosis ချွေးထွက် များလွန်းလို့ http://dts-medicaleducation.blogspot.com/2010/11/hyperhidrosis.html

ဒေါက်တာတင့်ဆွေ
၂၇-၈-၂ဝ၁၁
၃၁-၈-၂ဝ၁၃

Steroids and Moriamin အားကောင်းလွန်းတဲ့ ဆေးတွေ

Fri, Aug 30, 2013 at 7:52 PM
ကျတော် Gym ကစားပါတယ်ခင်ဗျ။ ဆရာ့ Blog မှာ ရေးထားတာတွေလဲ ဖတ်ဖြစ်ပါတယ်။ အဲထဲက တရုတ်က ထုတ်တဲ့ Moriamin Forte ကို အခုစားနေပါတယ်ခင်ဗျာ။ အဲဒါတွေစွဲစားရင် side effect ဘာများရှိနိုင်မလဲခင်ဗျာ။ ပြီးတော့ ဆရာ့ Blog ထဲမှာ ပါတဲ့ ဟော်မုန်းဓါတ်ဆိုတာ သုံးတတ်ရင် တကယ်အသုံးဝင်ပြီး မသုံးတတ်ရင် တလွဲဖြစ်တတ်တယ်ဆိုတာ ဘယ်လိုမျိုးကို ပြောတာပါလဲခင်ဗျာ။ ဟော်မုန်းကို ကျတော် စနစ်တကျသုံးချင်လို့ပါခင်ဗျာ။

Moriamin Forte (မိုရီယာမင်-ဖို့ဒ်)
နာမည်ကြီးပါတယ်။ အားဆေးဖြစ်ပါတယ်။ ပေါ်တာလဲကြာပါပြီ။ ကြော်ညာအားလဲကောင်းတယ်။ Indications for use ဘာအတွက်သုံးသလဲ
• Protein deficiency (ပရိုတင်း) ဓါတ်နည်းရောဂါ၊
• nutritional imbalance အာဟာရမျှတတဲ့ရောဂါ၊
• hypovitaminosis ဗီတာမင်တွေနည်းတဲ့ရောဂါ၊
• Malnutrition အာဟာရချို့တဲ့ရောဂါ၊
• Rapid fatigability, chronic fatigue, stress and compromised immunity အလျှင်အမြန်အားယုတ်ခြင်း၊ နာတာရှည်လူမမာ၊ စိတ်ထိအားအလုပ်ဖိအားများခြင်း၊ ခုခံအားကျတင်းနေခြင်း၊
• Increased requirements for vitamins, trace elements and mineral substances ဗီတာမင်တွေ ပိုလိခြင်း။

အဲတာတွေအပြင် ဒီနေရာတွေမှာလဲ သုံးနိုင်ပါသေးတယ်။
• In case of intensive physical and intellectual functioning ရုပ်ပိုင်းဆိုင်ရာ အပြင်အထံလုပ်ရခြင်း၊
• In case of body debilitation and exhaustion အားအင်ကုန်ခမ်းလွန်းဖြင်း၊
• In case of large training load လေ့ကျင့်ခန်းပြင်းထံခြင်း၊
• During pregnancy and lactation ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေရချိန်၊
• During intensive growth of children and adolescents ကလေးကို မြန်မြန်ကြီးထွားစေလိုခြင်း၊
• After past disease နလံထချိန်၊
• After surgical operation အကြီးစားခွဲစိတ်ကုသမှုလုပ်အပြီး၊
• After chemotherapy and radiotherapy ကင်ဆာဆေး၊ ဓါတ်ကင်ထားခြင်း။

ရောဂါတွေကြောင့်လိုအပ်ခြင်းများ
• Chronic liver disease နာတာရှည် အသဲရောဂါ၊
• Chronic renal insufficiency နာတာရှည်ကျောက်ကပ်ရောဂါ။

Body building Steroids ကိုယ်ကာယကြီးထွားစေတဲ့ စတီရွိုက်ဆေး
• အတော်ကြီး သတိထားသုံးရတယ်။ ဆေးသုံးလိုက်ရင် ၇ ပါတ်နေရင် သိသာမယ်လို့ ဆေးရောင်းတဲ့ ဝက်ဘ်ဆိုက်ကနေ ဆိုပါတယ်။
• တကယ်တိုးတက်မှုရှိမယ်ဆိုရင် ကိုယ်ခန္ဓာဟာ လေထိုး၊ ရေထိုးထားသလိုမျိုး ဆင်တူပါမယ်။ သက်ရှိ ကိုယ်ခန္ဓာဆိုတာ သူ့စည်းကမ်းနဲ့သူရှိတယ်။ စည်းကိုကျော်ဘို့ ကြိုးစားမှုလို့ပြောရင် သုံးစွဲချင်သူတွေကို စိတ်ပျက်အောင်ပြောသလို့ ထင်နိုင်တယ်။
• ဒီဆေးမျိုးက အရောင်းရကောင်းလို့ ဆေးအတုတွေလဲ ပေါတဲ့အချက်ကိုလဲ သတိထားရမယ်။
• ရေတိုသုံးသူတွေမှာ အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည်ကြီးထွားလာမယ် ပန်းပုထုထားတဲ့အရုပ်လို ဖြစ်လာမယ်။
• ရေရှည်သုံးမိရင် ဆက်တွဲဖြစ်လာတာတွေ ဆိုးဝါးတယ်။ ရေထိုး၊ လေထိုးထားတာက ပိုပိုကားကြီးလာမယ်။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းထိခိုက်မှုတွေရှိလာမယ်။ ရေရှည်သုံးသူတွေမှာ ကျောက်ကပ်နဲ့ အသဲကိုထိခိုက်မယ်။
• ရေတိုပေမဲ့ ဆေးအဆများသွားရင် ထိရောက်မှုနည်းတာသာမကဘဲ ဘေးထွက်-ဆိုးကျိုးပါရှိလာမယ်။ ကိုယ်ခန္ဓာကနေ လိုတာကိုသုံးပြီး ကျန်ာ ပိုတာကို (အီစထိုဂျင်) ခေါ်တဲ့ အမျိုးသမီး ဟော်မုန်းအဖြစ် ပြောင်းပြစ်လိမ့်မယ်။
• ဆေးသုံးနေသူတွေ သွေးစစ်၊ ဆေးစစ်နေရမယ်။ သွေးထဲမှာ ဟော်မုန်းဘယ်လောက်များနေလဲ သိဘို့လိုမယ်။ ဘယ်အစိတ်အပိုင်းတွေက ပုံမှအလုပ်လုပ်မလုပ်ကိုလဲ ဆေးစစ်နေရမယ်။
• စတီရွိုက်ဆေးသုံးနေသူတွေဟာ တနေ့မှာ ကယ်လိုရီ ၅ဝဝဝ ကနေ ၇ဝဝဝ အထိရနိုင်အောင် အစာစားဘို့ လိုမယ်။ ပုံမှန်ယောက်ျားတယောက်ဟာ တနေ့မှာ ကယ်လိုရီ ၂၈ဝဝ သာလိုမယ်။ စားဘို့သင့်မှာက (ကာဘွန်ဟိုက်ဒရိတ်) နဲ့ (ပရိုတင်း) များရမယ်။ (အဆီ) နည်းရမယ်။ အဆီကနေသာ ကယ်လိုရီ များများရစေတယ်။ အဲဒီအဟာရ ၃ မျိုးမှာ ၁း ၁း ၄ ကယ်လိုရီရစေတယ်။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေသူတွေ စတီရွိုက်သုံးရင် ပြင်းပြင်းထံထံလုပ်ဘို့လိုမယ်။
• သုံးကြတာက တက်စတိုစတီရုန် ဟော်မုန်းဖြစ်တယ်။ ကိုယ်ကနေလဲ အလိုလိုထွက်နေတာပါ။ အပိုဆောင်းသုံးလို့ အင်နာဂျီတွေပိုရမယ်။ ကြွက်သားထုထည်ပိုကြီးထွားမယ်။ ပိုပြီးခံနိုင်ရည်ရှိလာမယ်။ အဲလိုလဲ ပုံမှန် ဖြစ်နေတာပေမဲ့ ဆေးကြောင့် ပိုမြန်မယ်။
• စတီရွိုက်ဆေးကို အသားထိုးဆေး၊ အရေပြာအောက်ထိုးဆေး၊ အရေပြားအောက်ထည့်ထားရတဲ့ဆေး၊ ကပ်ခွါ၊ ဂျယ်လီနဲ့ စားဆေးအဖြစ် အမျိုးမျိုးလာတယ်။
• စတီရွိုက် (၂) မျိုးရှိတယ်။ (၁) Anabolic Sterods (Anabolic androgenic steroids) = Testosterone ဆိုတာက ပရိုတင်းတည်ဆောက်ရေးကို အားပေးတယ်။ (၂) Catabolic Steroids (Corticosteroids) ဆိုတာက ရောင်ရမ်းတာတွေကု သက်သာစေ၊ ကျစေတယ်။ ပြောင်းပြန်သဘောမျိုးဖြစ်တယ်။
• နောက်ပြီး (၁) Legal Steroids ဥပဒေနဲ့အကျုံးဝင်တဲ့ စတီရွိုက်ကို breast cancer, low red blood count, loss of functions of testicles, and delayed puberty ရောဂါတွေအတွက်သုံးတယ်။ (၂) Illegal Steroids ဥပဒေနဲ့အကျုံးမဝင်တဲ့ စတီရွိုက်ထဲမှာ nandrolone(Durabolin), stanozolol (Winstrol), luxoymesterone (Halotestin), testosterone, and methandrostenolone စတာတွေပါတယ်။
• အားကစားသမားတွေသုံးတဲ့ စတီရွိုက်များ (၁) Fluoxymesterone (Stenox and Halotestin) 2.5-40 mg/day ကို တနေ့တာအတွက်ခွဲသောက်ရတယ်။ (၂)Methandrostenolone (Anabol, Dianabol, and Reforvit) (၃) Oxymetholone (Anadrol, Oxymetholone)

စနစ်တကျသုံးချင်တာဟာ ကောင်းတဲ့ ကျန်းမာရေးအသိဖြစ်ပါတယ်။ ကျွန်တော်ကတော့ အားမပေးပါ။ ဒိထက် အသေးစိတ်လဲ မရေးလိုပါ။ ဘာမဆို သဘာဝကိုသာ အားပေးပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂ဝ၁၃

Friday, August 30, 2013

Blood Grouping သွေးအုပ်စုခွဲခြင်း

30-8-2013 6:56 PM 18 minutes ago
ကျွန်တော် ၂၈ ရက်က သွေးလှူတာ၊ အဲဒီမှာ အလုပ်သင်ဆရာမလေးတွေ ထင်ပါတယ်၊ ငယ်ငယ် ဆရာမလေးတွေက သွေးလှူဖို့အတွက် ကျွန်တော့်သွေးအမျိုးစားစစ်တာ AB သွေးလို့ ပြောပါတယ်။ ကျွန်တော် မှတ်ပုံတင် လုပ်တုန်းက သွေးအမျိုးစားစစ်တာ O သွေးလို့ ပြောတယ်။ ကျွန်တော်စစ်တဲ့ ဆေးရုံကလည်း မန္တလေးမှာ နာမည်ကြီးထဲမှာ ပါပါတယ်ဗျာ။ အဲဒါ ဆရာဝန်မလေးတွေ ငါးယောက်လုံးက AB သွေးမှန်တယ်လို့ ပြောပါတယ်။ သွေးလှူတာ လက်ခံတော့လည်း AB အနေနဲ့လှူခဲ့ပါတယ်ဗျာ။ ကျွန်တော်ကတော့ နားမလည်ပါဘူး။ ကျွန်တော့် မှတ်ပုံတင်ထဲမှာလည်း O သွေးအမျိုးစားဆိုပြီး၊ အဲဒီဆေးရုံစစ်ဆေးချက်နဲ့ ထည့်လိုက်ပါပြီ။ အဲဒီဆေးရုံက နာမည်ကြီး ဖြစ်နေပြီး၊ အဲဒီလိုမှားတာ ဆိုရင်တော့ အဆင်မပြေဘူးဗျာ။

အသိပေးတာ ကျေးဇူးဘဲ။ စာတပုဒ်တင်မယ်။ ဆေးရုံနာမည်စတာတွေမထည့်တာအတွက် ချီးကျူးပါတယ်။ ကျွန်တော်လဲ ကောင်းလာစေချင်တာသာရှိပြီး၊ သူများကို အပြစ်တင်မစောမိအောင် ထိန်းသိမ်းပါတယ်။

အကြံပေးချင်တာကတော့ အမှားဆိုတာရှိနိုင်ပါတယ်။ အခုစစ်တာက အမှားလား၊ မှတ်ပုံတင်စဉ်ကစစ်တုံးက မှားတာလား။ အခုမှားတာ ဟုတ်-မဟုတ်အတွက် ဓါတ်ခွဲခန်းတခုခုမှာ ကိုယ့်သွေးအုပ်စုကို စစ်ပါ။ အဖြေထွက်ပါလိမ့်မယ်။ တကယ်လို့ သွေးအလှူခံတဲ့ဆေးရုံကသာ မှားနေရင် ဆေးရုံက တာဝန်ရှိသူဆီကို ပြောပါ၊ ဒါမဟုတ် စာရေးပါ။ ဖေါက်ယူ ထားလိုက်တဲ့သွေးကို (အေဘီ) သွေးရှိတဲ့လူနာကိုသွင်းမိရင် ဒုက္ခရောက်မယ်။

သွေးအုပ်စုကို စစ်တဲ့အခါ ဆေးရည် ၂ မျိုးနဲ့ သွေးတစက်ကို ဖန်ပြားလေးပေါ်မှာရောကြည့်ပါတယ်။ ဆေးရည် ၂ မျိုးကို (အင်တီ အေ) နဲ့ (အင်တီ ဘီ) လို့ခေါ်တယ်။ (အင်တီ) ဆိုတာ ဆန့်ကျင်တာကိုပြောတာပါ။ (အေ) ကို ဆန့်ကျင်တာနဲ့ ရောလို့ သွေးက အဆုပ်လိုပ်အဆုပ်လိုက် ရှုတ်ထွေးတယ်ဆိုရင် (အေ) နဲ့ မတည့်တာလို့ မှတ်ယူတယ်။ (ဘီ) ဆန့်ကျင်တာနဲ့လဲ ဒီအတိုင်းဘဲ။ တကယ်လို့ -
• (အင်တီ အေ) တခုတည်းနဲ့သာ အဲလိုဖြစ်စဉ်ပေါ်သူရဲ့သွေးဟာ (ဘီ) သွေးဖြစ်တယ်။
• (အင်တီ ဘီ) တခုတည်းနဲ့သာ အဲလိုဖြစ်စဉ်ေ့းသူရဲ့သွေးဟာ (အေ) သွေးဖြစ်တယ်။
• နှစ်ခုလုံးနဲ့ ဆန့်ကျင်တာလာပြနေရင် သွေးပိုင်ရှင်ကို (အေဘီ) သွေးလို့ သတ်မှတ်မယ်။
• တခုနဲ့မှ မဆန့်ကျင်ဘဲ နဂိုသွေးလိုသာဖြစ်နေသူကို (အို) လို့ သတ်မှတ်မယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၃

Blood donation မြတ်သော နီသော သွေး

Tue, Jan 10, 2012 at 8:51 AM
လူကို ပဌမဆုံး သွေးသွင်းပြီး ဆေးကုသတာဟာ ၁၅-၆-၁၆၆၇ မှာ ဖြစ်တယ်လို့ သမိုင်းတင်ထားတယ်။ ပြင်သစ်ဘုရင် လူဝီ (၁၄) လက်ထက်မှာ သိုးရဲ့သွေးနဲ့ ၁၅ နှစ်သားလေးကို သွင်းခဲ့တာပါ။ ကလး အသက်ရှင်ပါတယ်။ သွင်းပေးတဲ့ သွေးကလည်း နည်းနည်းလေးသာ ဖြစ်တယ်။ လူ့သွေးကို လူသွင်းလို့ ပဌမဆုံးအောင်မြင်ခဲ့တာကတော့ ၁၈၁၈ တုံးက ဗြိတိန်မှာဖြစ်တယ်။

လှူတယ်-တန်းတယ်ဆိုတာ ကိုယ်ပိုင်တာတခုခုကို စေတနာနဲ့ အခမဲ့ အပြီးအပိုင် ပေးအပ်လိုက်တာမျိုး ဖြစ်ပါတယ်။ မျှော်ကိုးချက် ဘာမှမထားဘူး။ အလှူထဲမှာ ကိုယ့်သွေးသားကို လှူတာက ပိုကြီးမြတ်တယ်လို့လဲ ယူဆကြတယ်။ စေတနာပေါက်လို့ သွေးလှူရမဲ့ နေရာကိုလာလှူပြီး ပီတိနဲ့ ကုသိုလ်ယူပြီး ပြန်မယ်။ တချို့နေရာတွေမှာ ကြက်ဥနဲ့ အားဆေး ပေးတာကို လက်ခံယူခဲ့ရတတ်တယ်။ သွေးရောင်းသူတွေလဲ ရှိတယ်။ ဒီလို ရောင်းသူတွေကိုလဲ ကျေးဇူးတင်ရမှာဘဲ။ ဆေးဆိုင်တွေလိုပေါ့။ တချို့သွေးလှူသင်းတွေကတော့ “သွေးရောင်းဝယ်ရေးစနစ် ပပျောက်ရေး။ စေတနာ သက်သက်ဖြင့် လှူဒါန်းသည့် သွေးလှူရှင်များအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရေး” ဆိုပြီး ဆောင်ပုဒ် ရှိကြပါတယ်။ ကောင်းပါတယ်။

တခုခုအကြောင်းပြုပြီး၊ အုပ်စုလိုက် သွေးလှူကြတာလဲ ရှိတယ်။ မွေးနေ့၊ နှစ်ပတ်လည်နေ့ စတာမျိုး။ ဥပမာ “BG ခေါ် Blood Group သွေးအကူအညီပေးရေးအဖွဲ့ တည်ထောင်ခြင်း နှစ်ပတ်လည်နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းပွဲတွေကို ၁၃-၁၁-၂ဝ၁၁ နေ့ကစပြီး ဆောင်ရွက်ခဲ့တယ်” လို့ ဖတ်ရတယ်။ စစ်ပွဲဖြစ်နေချိန်မျိုးမှာ နိုင်ငံရေးအသိစိတ်နဲ့ လှူကြတာလဲရှိပါတယ်။ အိန္ဒိယရောက် မြန်မာ့အရေး လှုတ်ရှားသူတွေက (ကာဂေး) စစ်ပွဲမှာ အိမ်ရှင်နိုင်ငံက စစ်သားတွေအတွက် သွေးလှူဒါန်းခဲ့ကြသေးတယ်။

သွေးလှူမဲ့သူတွေကို ဘယ်လို ဆန်ခါတင်မလဲ၊ သဘောတူညီမှုကနေ စတယ်။ ငယ်ရွယ်သူတွေကို သူတို့မိဘကနေ ကိုယ်စားပေးလို့ မရဘူး။ တချို့နိုင်ငံတွေမှာ သွေးလှူသူနာမည်ကို မယူဘူး။ သွေးတခါ လှူမရသူဟာ တသက်လုံး မလှူရတော့တာ ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ်ဝန်ဆောင်နေသူတွေ သွေးလှူရင် အန္တရာယ်ရှိတယ်လို့ သက်သေ မပြနိုင်ပါ။ ဒါပေမဲ့ နောက်မှာလာလှူပါလို့ မေတ္တာရပ်ခံပါမယ်။

ပဌမဆုံးအဆင့်ကတော့ သွေးလှူရှင်ကို Blood Type သွေးအုပ်စုနဲ့ Screen စစ်တာလုပ်ရတယ်။ ABO နဲ့ Rh (D) တွေကို စစ်တယ်။ O (အို) သွေးကို Universal donor ဝေဿန္တရာသွေးလို့ ခေါ်ကြတယ်။ တကယ်တော့ Red blood cell သွေးနီဥ အတွက်သာ မှန်ပါတယ်။ Plasma (ပလာစမာ) သွေးရည်လှူတာကြတော့ AB ကသာ Universal donor ဖြစ်တယ်။

သွေးဖေါက်မယူခင် စစ်ဆေး-မေးမြန်တာလေး လုပ်ရတယ်။ အရင်ခေတ်ကတော့ ခပ်လွယ်လွယ်ပါ။ နောက်ဆုံး ဘယ်တုံးက သွေးလှူခဲ့ဘူးတယ် မေးမယ်။ အမြင်အရ ဖြူဖတ်-ဖြူရော်ဖြစ်နေ-မနေကြည့်မယ်။ သွေးခုန်နှုန်း၊ သွေးဖိအား၊ ကိုယ်ပူချိန် လောက်သာ စစ်တယ်။ ဖြစ်နိုင်တဲ့နေရာတွေမှာ Hematocrit or Hemoglobin (ဟီမိုဂလိုဘင်) စစ်မယ်။ “သွေးလှူမဲ့သူမှာ လှူလိုက်ရင် ဘာမှမဖြစ်စေဘို့သာဖြစ်တယ်။”

ခုခေတ်မှာတော့ ငှက်ဖျား၊ HIV (အိတ်ခ်ျအိုင်ဗွီ)၊ အသဲရောင်ရောဂါ (ဘီ) နဲ့ (စီ)၊ သွေးကတဆင့် ကူးစက်နိုင်တာတွေ ပါနေ-မနေ စစ်တယ်။ “ဒါကြတော့ သွေးသွင်းခံမဲ့သူအတွက် ကူးစက်ရောဂါ မဝင်စေဘို့ဖြစ်တယ်။” လိုအပ်ရင် ရှားပါးတဲ့ (အင်တီဘော်ဒီ) ဆိုတာလဲ စစ်မယ်။ Chagas disease နဲ့ West Nile Virus တွေလဲစစ်တယ်။ သိုလှောင်ထားတုံးက ဝင်လာနိုင်တဲ့ (ဗက်တီးရီးယား) သွေးမှုံထဲမှာ ပါ-မပါစစ်ရသေးတယ်။ နောက်ဆုံးမှာတော့ Cross-match သွေးလက်ခဲ့သူရဲ့ သွေးနဲ့ တိုက်ရိုက်-စစ်ဆေးတာလဲ လုပ်ပါမယ်။

HIV antibody test ဆိုတာ လက်ငင်း ပိုးဝင်ထားသူကို စစ်ရင် တွေ့မှာမဟုတ်ဘူး။ ဒါ့ကြောင့် p24 antigen ဒါမှမဟုတ် HIV Nucleic acid test စစ်နည်းကို သုံးရတယ်။ များသောအားဖြင့် လှူမဲ့သွေးမှာ STDs လိင်ကတဆင့် ကူးစက်ရောဂါ ပါ-မပါလဲ စစ်ပါတယ်။ သိထားဘို့က သွေးလှူဘဏ်ကနေ စစ်တာဟာ ရောဂါရှာတာမျိုး မဟုတ်ဘူး။ တကယ်ရောဂါမရှိဘဲနဲ့ မှားပြီး အပေါင်းပြတာမျိုး ရှိတတ်တယ်။ မှားပြီး အနုတ်ပြတာကတော့ ရှားတယ်။

ကိုယ်ခံအားနည်းနေသူတွေနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း လှူတာတွေဆိုရင် Cytomegalovirus (CMV) ကိုပါ စစ်ဆေးရမယ်။ Neonatal transfusion မွေးကင်းစကလေးတွေကို သွေးသွင်းတဲ့အခါ ပိုပြီး ဂရုစိုက်ရတယ်။ Cytomegalovirus ဗိုင်ရပ်စ် ကိုပါ စစ်ရတယ်။ WHO ကနေ သတ်မှတ်-အကြံပြုချက်တွေ ထုတ်တားပေမဲ့ နေရာတိုင်းမှာ လိုက်နာနိုင်ကြတာတော့ မဟုတ်ဘူး။ ဓါတ်ခွဲခန်း မပြည့်စုံတာ၊ ကျွမ်းကျင်သူ နည်းတာ၊ သုံးတဲ့ဓါတ်ပစ္စည်း မလုံလောက်တာတွေရှိရင် မတတ်နိုင်ဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ သွေးစစ်နည်း ၄ မျိုးလုပ်ဘို့ လမ်းညွှန်ထားတယ်။
၁။ Hepatitis B Surface Antigen
၂။ Antibody to Hepatitis C
၃။ Antibody to HIV, usually subtypes 1 and 2
၎။ Serologic test for Syphilis
ဒါပေမဲ့ WHO ရဲ့ ၂ဝဝ၆ ဆန်းစစ်မှုအရ နိုင်ငံပေါင်း ၁၂၄ ထဲမှာ ၅၆ နိုင်ငံက ဒီအခြေခံမူကို မလိုက်နာကြဘူး။

လှူတဲ့သူရဲ့ သွေးလွှတ်ကြောထဲကနေ သွေးကိုထုတ်နေရင်း လူနာရဲ့ သွေးပြန်ကြောထဲကို တိုက်ရိုက်သွင်းပေးနည်းလဲ ရှိတယ်။ အခုခေတ်မှာ သိပ်မသုံးတော့ပါ။ သွေးလှူပြီးတာနဲ့ လှူတဲ့သူကို ၁ဝ-၁၅ မိနစ်ကြာနားနေစေရတယ်။ နားနေတုံးမှာ ဖျော်ရည်စတာမျိုး သောက်စေသင့်တယ်။ သွေးဖါက်ယူထားတဲ့နေရာကို အသေအခြာ ကြာကြာ ဖိထားရမယ်။ သွေးရည်ကြည်ဟာ လှူပြီးနောက် ၂-၃ ရက်ဆိုရင် ပြန်ပြည့်လာမယ်။ သွေးနီဥကို ရိုးတွင်းခြင်ဆီကနေ ထုတ်ပေးနေတာ ကြာလို့ ၃၆ ရက်အထိ အချိန်ယူတယ်။ လေ့လာမှု တခုအရ နဂိုအနေအထားပြန်ရောက်ဘို့ ၂ဝ-၅၉ ရက်ကြာတယ်။

သွေးတခါလှူပြီးရင် နောက်တခါ ဘယ်တော့ ထပ်လှူနိုင်သလဲဆိုတာ မတူဘူး။ မြန်မာပြည်မှာက ၄ လ (ရက် ၁၂ဝ) သတ်မှတ်တယ်။ အမေရိကားမှာတော့ ဥပဒေနဲ့ပြဌာန်းထားတာက Whole blood donation သွေးရိုးရိုးလှူရင် ၅၆ ရက် ဖြစ်တယ်။ Plasmapheresis သွေးရည်ကြည်သာလှူသူနဲ့ Plateletpheresis သွေးမှုံသာ လှူသူတွေက စောပြီး လှူနိုင်တယ်။ နိုင်ငံအလိုက် မတူကြဘူး။ Plateletpheresis donation သွေးမှုံလှူတာအတွက် တခါနဲ့နောက်တခါ ၃ ရက်သာ ခြာရင်ရတယ်။ အမေရိကားမှာ Plasmapheresis donors တွေဟာ ၂ ပါတ် တခါလှူနိုင်တယ်။ တနှစ်မှာ ၈၃ လီတာနဲ့ ညီမျှတယ်။ ဂျပန်မှာလဲ ၂ ပါတ်တခါပေမဲ့ တနှစ်မှာ ၁၆ လီတာသာ လှူနိုင်တယ်။ ဟောင်ကောင်မှာ သွေးနီဥဆိုရင် အမျိုးသားတွေက ၃ လတခါ၊ အမျိုးသမီးဆိုရင် ၄ လ တခါ။ ၁၆-၁၇ နှစ်သားတွေက ၆ လ တခါ။ ကနေဒါနဲ့ အမေရိကားမှာ ၅၆ ရက်တခါလို့ သတ်မှတ်ထားတယ်။

Platelets သွေးမှုံ သပ်သပ်ယူချင်ရင် အလှူရှင် ၃-၁ဝ ယောက်ဆီကနေ ယူရတယ်။ သွေးနီဥတွေ သပ်သပ်လိုချင်ရင် Apheresis နည်းနဲ့ လုပ်ရတယ်။ သွေးဖြူဥ လိုချင်လဲ အဲလိုဘဲ။

သွေးထုတ်ယူပုံမှာ ဆရာဝန်-ဆရာမကနေ လက်နဲ့ထုတ်တာ များတယ်။ စက်နဲ့လဲ ရှိသေးတယ်။ Automated equipment စက်က သွေးထဲက လိုချင်တာကိုသာ သန့်သန့်ခွဲခြားပေးမယ်။ အရေးပေါ်မဟုတ်ဘဲ သွေးလှူရင် Centrifuge ဗဟိုခွါအားစက် ဒါမှမဟုတ် Filter စစ်တဲ့စက်မှာ သွေးထဲက မတူတောတွေကို ခွဲထုတ်ပြီး လိုတာကိုသာ အသေအခြာ သိမ်းဆီးထားပြီး၊ ကျန်တာကို လှူတဲ့သူထဲ ပြန်သွင်းပေးတယ်။ ဒီနည်းကို Apheresis ခေါ်တယ်။ အများအားဖြင့် Plasma သွေးရည်ကြည်နဲ့ Platelets သွေးမှုံကို ခွဲတာမျိုးမှာ သုံးတယ်။ Red blood cells သွေးနီဥ၊ Plasma (ပလာစမာ) သွေးရည်ကြည်၊ Platelets သွေးမှုံ၊ Albumin protein (အယ်လ်ဗျူမင်-ပရိုတင်း)၊ Clotting factor concentrates သွေးခဲစေတဲ့ဓါတ်၊ Cryoprecipitate (ခရိုင်ယို-ပရစီပီတိတ်)၊ Fibrinogen concentrate (ဖိုင်ဘရင်နိုဂျင်-ကွန်ဆန်ထရိတ်)၊ Antibodies (အင်တီဘော်ဒီ) တွေလဲ ခွဲထုတ်နိုင်တယ်။

Bloodmobile ဆိုတာ ကားနဲ့လှည့်ပြီး သွေးလှူတာကိ့ လက်ခံပေးတာကို ခေါ်တယ်။ ခက်တာက Blood bank သွေးလှူဘဏ်ထဲမှာ သွေးကို ကြာကြာထားမရဘူး။ ပိုပြီးကြာကြာထားနိုင်အောင် Glycerol နဲ့ ရောရင် ရတော့ရတယ် ကုန်ကျစရိတ် များတယ်။ Plasma ကိုတော့ တနှစ်အထိ သိမ်းတားနိုင်တယ်။ သွေးမှုံတွေကိုတော့ အကြာဆုံး ၇ ရက်ဘဲ။ Red blood cells သွေးနီဥကို ၃၅-၄၂ ရက် ထားသိုနိုင်တယ်။

အများဆုံးက Cubital vein ဆိုတဲ့ လက်ဖျံက သွေးပြန်ကြောကနေ သွေးဖေါက်ယူတယ်။ သွေးဖေါက်အပ်ဟာ ပုံမှန်ထက် ကြီးရတယ်။ 16 to 17 gauge ကိုသုံးတယ်။ ဖေါက်မဲ့နေရာရဲ့ အထက်နားမှာ ကြိုးစတခုခုနဲ့ စီးပေးထားမယ်။ Flexible plastic bag ပလပ်စတစ် အိတ်ပြော့ထဲမှာ Anticoagulants ဆိုတဲ့ သွေးမခဲဆေးရောရတယ်။ Sodium citrate, Phosphate, Dextrose တွေကို သုံးတယ်။ တခါတလေ Adenine လဲ ထည့်တယ်။

သွေးတခါလှူရင် အများအားဖြင့် 450-500 ml ကို ဖေါက်ယူတယ်။ သမိုင်းကြောင်းအရ အိန္ဒိယမှာ 250-350 ml နဲ့ တရုပ်ပြည်မှာ 200 ml ကိုသာ ဖေါက်ယူခဲ့တယ်။ နောက်ပိုင်းမှာတော့ 300-400 ml ယူတာ ဖြစ်လာတယ်။

သွေးလှူရင် ကျန်းမာရေးအရ ဘာဖြစ်နိုင်သလဲ၊ မတူကြဘူး။ ပဌမအကြိမ်လှူသူ၊ လူငယ်လေးတွေ၊ အမျိုးသမီးတွေဆိုရင် သွေးလှူပြီး တခုခုဖြစ်တတ်ကြတာ ၂% လောက်သာရှိပါတယ်။ ဆိုးတာတော့ မဖြစ်ကြပါ။ မူးတာ-မိုက်တာနဲ့ စိုးရိမ်စိတ်သာ ရှိတယ်။ တချို့ သွေးလှူသူတွေကို လူနာအတွက် မလိုတာကို သူ့ပြန်သွင်းပေးတဲ့အခါ သွေးဖေါက်တုံးက သွေးမခဲအောင် ထည့်ပေးထားတဲ့ Sodium citrate ဆေးကြောင့် ဒီဆေးနဲ့ ကိုယ်ထဲက (ကယ်လ်စီယန်) ပေါင်းစပ်ရာကနေ Hypocalcemia (ကယ်လ်စီယန်) နည်းတဲ့အခြေအနေကို ရစေတတ်တယ်။ ပါးစပ် နုပ်ခမ်းကျင်တာ၊ တက်တာ၊ သွေးတိုးတာမျိုးတွေ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် (ကယ်လ်စီယန်) ပြန်ဖြည့်ပေးသင့်တယ်။

သွေးသွင်းပေးရတဲ့ လူနာတွေမှာလဲ သတိထားစရာတွေ ရှိတယ်။ ဖြစ်နိုင်တာတွေကို အုပ်စုခွဲရင် ၂ မျိုးရှိတယ်။
၁။ Immunologic ရောဂါပြီးစနစ်နဲ့ ဆိုင်တာတွေ -
• Acute hemolytic reactions သွေးပျက်စီးတာမျိုး၊ သွေးနီဥ သွင်းရာကနေ 0.016% ဖြစ်တယ်။ 0.003% သေဆုံးတယ်။ သွေးနီဥတွေကို ကိုယ့်ဆီက (အင်တီဘော်ဒီ) တွေကနေ ဖျက်ဆီးပြစ်လို့ဖြစ်ရတယ်။ သွေးအုပ်စုခွဲတာနဲ့ တိုက်ရိုက် စစ်တာမှာ လိုသွားလို့ဖြစ်တယ်။ ကိုယ်ပူ၊ ချမ်း၊ ရင်ပတ်နာ၊ နောက်ကျောနာ၊ သွေးယို၊ နှလုံးခုန်မြန်၊ သွေးဖိအားကျတာတွေ ဖြစ်မယ်။ သိသိချင်း သွေးသွင်းတာကို ရပ်ရမယ်။ ဖြစ်နေတာကို ကုသပေးရမယ်။
• သွေးသွင်းနေတုံးမှာ မဖြစ်ဘဲ နောက်မှဖြစ်လာတာက ပိုအဖြစ်များတယ်။ 0.025% လောက်နီးနီးရှိတယ်။ ဖြစ်တာတွေက သိပ်မဆိုးဘူး။
• Febrile nonhemolytic reactions ဆိုတာက ၇% ဖြစ်နိုင်တယ်။ ဖျားတာ မကြာပါ။
• Allergic reactions လဲဖြစ်နိုင်တယ်။ အင်ပြင်ထွက်မယ်၊ ယားမယ်၊ (ရှော့ခ်) ရမယ်။
• Post-transfusion purpura ဆိုတာ ဖြစ်တာနည်းတယ်။ IV Immunoglobulin နဲ့ ကုရတယ်။
• Transfusion-associated acute lung injury (TRALI) ဆိုတာလဲ plasma components သွင်းရင် ၂ဝဝဝ မှာ တယောက်ရှိတယ်။ ရုတ်တရက် အသက်ရှူကျပ်လာမယ်၊ ဖျားမယ်၊ အဆုပ်ရောင်လာမယ်၊ သွေးဖိအားကျမယ်။

၂။ Infections ကူးစက်ရောဂါတွေနဲ့ဆိုင်တာတွေ -
• Blood products သွေးထဲမှာ (ဗက်တီးရီးယား) ပါနေရင် တခါတလေ သေဆုံးတဲ့အထိဖြစ်စေနိုင်တယ်။ သွေးနီဥသွင်းရင် ၅ သိန်းမှာ တယောက်။
• HIV testing ကြောင့် ဖြစ်တာ အတော် နည်းလာနေပြီဖြစ်တယ်။ ဒါပေမဲ့ Window period ခေါ်တဲ့ ပိုးက သွေးထဲ ရှိနေပြီး (အင်တီဘော်ဒီ) မထွက်လာသေးချိန်မျိုးမှာ စစ်ရင် ကူးစက်နိုင်တယ်။ ဒီသွေးမျိုးကို HIV Seropositive blood ခေါ်တယ်။ Nucleic acid test for the HIV-1 RNA စစ်နည်းကြောင့် အဲလိုဖြစ်တာ နည်းလာစေတယ်။ ယူနစ် ၃ သန်းမှာ တယောက်သာ ရှိတော့တယ်။
• Hepatitis C ကူးစက်တာကတော့ ယူနစ် ၁-၂ သန်းမှာ တယောက်ရှိတယ်။
• တခြားကူးစက်ရောဂါတွေကတော့ Hepatitis B ဘီပိုး၊ Syphilis (ဆစ်ဖလစ်)၊ Chagas disease, Cytomegalovirus infections နဲ့ HTLV တွေ ဖြစ်တယ်။

တခြား သတိထားစရောတွေလဲ ရှိပါသေးတယ်။
• Transfusion inefficacy သွေးလိုသလောက် ထပ်သွင်းမပေးလို့ ဖြစ်တာမျိုး။ သိုလှောင်ထားရလို့ သွေးစွမ်းအား နည်းသွာတာကို သွင်းမိရင်လဲ ဖြစ်နိုင်တယ်။
• Volume overload သွေးထုထည် လိုတာထက်များသွားခြင်းဆိုတာ လူနာမှာ ကျောက်ကပ်၊ နှလုံး သိပ်မကောင်းနေလို့ ဖြစ်တယ်။
• Hypothermia ကိုယ်ပူချိန်ကျခြင်း၊ သွေးတွေကို အေးခဲခန်းမှာထားရလို့ အေးလွန်းတာကို များများ သွင်းရာကနေ ဖြစ်မယ်။
• သွေးနီဥတွေ သွင်းတာကနေ သွေးယိုထွက်နေသူမှာ သွေးပိုယိုစေတာလဲ ဖြစ်တတ်တယ်။
• Metabolic alkalosis ဆိုတာ သွေးထဲက Citrate (ဆစ်ထရိတ်) ဓါတ်တွေ နည်းစေတာကြောင့် ဖြစ်စေတယ်။
• Hypocalcemia (ကယ်လ်စီယန်) နည်းတာလဲ ဖြစ်စေတယ်။

နှစ်စဉ် ဇွန်လ ၁၄ ရက်ကို World Blood Donor Day လို့ သတ်မှတ်ထားတယ်။ (အေ-ဘီ-အို) သွေးအုပ်စုခွဲတဲ့စနစ်ကို စတွေ့ခွဲတဲ့ ပညာရှင် Karl Landsteiner ရဲ့ မွေးနေ့ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ် WHO ခန့်မှန်းချက်အရ ကမ္ဘာတလွှား တနှစ်မှာ သွေးယူနစ်ပေါင်း ၈၁ သန်း သုံးစွဲတယ်။ မြတ်သောဒါန ပြုကြပါခင်ဗျား။

America's Blood Centers ရဲ့သတ်မှတ်ချက်များ -
• သွေးလှူနိုင်တဲ့အသက် အငယ်ဆုံး ၁၇ နှစ် (တချို့ပြည်နယ်တွေမှာ ၁၆ နှစ်) ရှိရမယ်။ သွေးလှူရှင်ရဲ့ အကြီးဆုံးအသက် သတ်မှတ်ချက် မထားပါ။ သွေးလှူဘဏ်ကနေ သားဖွါးမီးယပ်မေးခွန်းတွေလဲ မမေးပါ။
• သွေးလှူဘို့ သွေးထုတ်ယူချိန် ၁ဝ မိနစ်သာကြာမယ်။ စာရင်းမှတ်ပုံတင်တာ၊ သွေးထုတ်တာ၊ သွေးအလှူရှင်ကို တခုခု ကြွေးမွေးတာ အပါအဝင် သွေးလှူဖြစ်စဉ်တခုလုံး တနာရီလောက်ကြာတယ်။ Apheresis (Platelet) collections သွေးမှုံလှူတာမျိုးဆိုရင် ၂ နာရီအထိကြာနိုင်တယ်။
• Whole blood သွေးရိုးရိုးရော Platelet သွေးမှုံလှူတာပါ လှူသူဆီကနေ သွေး (1 pint = 568 millilitres = 1 pound) ထုတ်ယူတယ်။ ၅ဝဝ စီစီ လို့ မှတ်သားနိုင်တယ်။ တချို့နိုင်ငံတွေမှာ ၄ဝဝ စီစီသာ ထုတ်တယ်။
• ယောက်ျားတွေမှာ ပျမ်းမျှ သွေးထုထည် 12 pints နဲ့ မိန်းမတွေမှာ 10 pints ရှိကြတယ်။
• သွေးတခါနဲ့တခါ လှူတာ ရက်ပေါင်း ၅၆ ရက်ခြာသင့်တယ်။ အမှန်က ပြန်ပြည့်ဘို့ ၂ ပတ်ကျော်သာ ကြာတယ်။
• Platelets ဆိုရင် တပတ်မှာ ၂ ကြိမ်အထိ၊ တနှစ်မှာ ၂၄ ခါအထိ လှူနိုင်တယ်။ လှူပြီးတဲ့နောက် နာရီ နည်းနည်းနေရင် ပြန်ပြည့်လာတယ်။
• သွေးထဲက Plasma အရည်ပိုင်းက ပြန်ပြည့်ဘို့ ၂-၃ ရက် အချိန်ယူတယ်။
• FDA-sponsored research protocol ခေါ်တဲ့ အမေရိကန် အစိုးရကနေ တရားဝင် သတ်မှတ်ချက်နည်း အတိုင်း လိုက်နာပြီးလှူတဲ့သွေးကို သွင်းယူတာဟာ စိတ်ချရတယ်။ Nucleic acid Amplification Testing (NAT) လို့ ခေါ်တယ်။ လှူတဲ့သွေးတိုင်းကို HIV နဲ့ Hepatitis C အပါအဝင် စမ်းသပ်နည်းပေါင်း ၁၃ ခုလုပ်တယ်။ အဲဒီအထဲက ၁၁ နည်းဟာ ကူးစက်ရောဂါတွေကို စစ်တယ်။ တခုက သွေးအုပ်စုခွဲတာနဲ့ တခုက တူ-မတူ စစ်တာ ဖြစ်တယ်။
• Universal blood type ဝေသန္တရာသွေးဆိုတာ Type O negative ကိုခေါ်တယ်။ လူဦးရေရဲ့ ၈% ရှိတယ်။
• Universal recipient စူဇကာသွေးဆိုတာ AB positive ဖြစ်တယ်။ ၂့၅% ရှိတယ်။
• Red blood cells လှူထားတဲ့ သွေးနီဥတွေကို စနစ်တကျထားရင် ၄၂ ရက်အထိ သိမ်းထားနိုင်တယ်။
• Plasma သွေးရည်ကြည်ဆိုရင် ၁၂ လအထိ ထားနိုင်တယ်။
• Platelets သွေးမှုံဆိုရင် ၅ ရက် ထားနိုင်တယ်။

- Blood Grouping (A, B, AB, O) အေ၊ ဘီ၊ အေဘီ၊ အို သွေးအုပ်စု ဇယား http://dts-medicaleducation.blogspot.com/2011/11/b-ab-o.html

ဒေါက်တာတင့်ဆွေ
၁၁-၁-၂ဝ၁၂
၃ဝ-၈-၂ဝ၁၃

Instant noodles ခေါက်ဆွဲခြောက်ထုပ်

Fri, Aug 30, 2013 at 5:12 PM
သမီး အခုတလော လုံးဝထမင်းစားချင်စိတ်မရှိဘူးဖြစ်နေတယ်။ ထမင်းဟင်းဆို ကြည့်ချင်စိတ်တောင် မရှိဘူး။ အဲဒါကြောင့် ယမ်ယမ် ကြာဇံပြုတ်ပဲ ပြုတ်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်လို့ပါ။ သိချင်တာက နေ့တိုင်းစားရင် ဘေးဥပါဒ် ဖြစ်မဖြစ်ကိုပါ။ အာဟာရဓာတ်တွေကော ပါပါ့မလားလို့ပါ။ နေ့တိုင်းပုံမှန်စားသင့်တဲ့ အစားအစာထက် ကိုယ်စားချင်တာပဲ ရွေးစားမယ်ဆိုရင်ကော ကောင်းပါ့မလား။ ခေါက်ဆွဲပြုတ်အထုတ်တွေကတော့ နေ့တိုင်းစားရင် ၆ လ ဆို လူတောင် သေနိုင်တယ်လို့ ဖတ်ဖူးပါတယ်။

Mon, Dec 10, 2012 at 4:34 PM
အသက်ကတော့ ၃၄ နှစ်ပါ။ သမီးသိချင်တာက အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ် အကြောင်းပါ။ ဗဟုသုတ အနေဖြင့် သိချင်ပါတယ်။ သမီးတို့မိသားစုက ပြင်ပမှာနေကြတာပါ။ အမြဲလိုလို ခေါက်ဆွဲခြောက်ထုပ် စားဖြစ်နေလို့ သိချင်ပါတယ်။

Instant noodles အသင့်စားသုံးလို့ရတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ Dried noodles ခြောက်အောင် လုပ်ထားတာ ဖြစ်ဖြစ် Precooked noodles ကြိုတင်ပြုတ်ထားတာဖြစ်ဖြစ် ရှိတယ်။ ဂျပန်နိုင်ငံက Momofuku Andō of Nissin Foods ကနေ ၁၉၅၈ ခုနှစ်ကတည်းက စတင်တီထွင်ထုတ်လုပ်ရောင်းချခဲ့တာပါ။ ၁၉၇၁ ခုမှာ Nissin နစ်ဆန်ကနေ Cup Noodles ဆိုတာ စထုတ်တယ်။ ရေစိုခံခွက် Polystyrene cup ခွက်နဲ့လာတယ်။ ၂ဝ၁ဝ စာရင်းအရ တကမ္ဘာလုံးမှာ နှစ်စဉ် ခေါက်ဆွဲခြောက်ထုပ်ပေါင်း ၉၅ ဘီလျန်စားသုံးနေကြတယ်။ တရုတ်နိုင်ငံမှာ ၄၂ ဘီလျန်စားသုံးတာမို့ ၄၄% ရှိတယ်။

Health concerns ကျန်းမာရေးရှုဒေါင့်
ဝေဖန်သူတွေက ခေါက်ဆွဲခြောက်ထုပ်ကို Junk food စာရင်းထဲထည့်ပြီး၊ ကျန်းမာရေးနဲ့မညီဘူးလို့ ထောက်ပြကြတယ်။ (ကာဗွန်ဟိုက်ဒရတ်) နဲ့ အဆီများတယ်။ (ဖိုက်ဘာ)၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ နည်းတယ်တဲ့။ ဒါပေမဲ့ PFC balance (Protein/Fat/Carbohydrate) ကို စစ်ဆေးရင် Protein က 12-13% ရှိသင့်တာမှာ 9% ပါတယ်။ Fat က 20-30% ရှိသင့်တာမှာ 36% ပါတယ်။ Carbohydrate က 57-58% ရှိသင့်တာမှာ 55% ပါတယ်။ တဖက်စောင်းနင်းမဖြစ်ဘူး။ ပိုကောင်းစေချင်ရင် ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်၊ အသား-ငါးကိုပါ ရောစားနိုင်ပါတယ်။

ဆား (ဆိုဒီယမ်) များတယ်လို့ ထောက်ပြတာလဲရှိတယ်။ အမေရိကန်စံနုန်းအရ အသက် ၄ နှစ်ကျော်ကလေးကနေ လူကြီးတိုင်း 1,500 mg/day ဖြစ်ပါတယ်။ ဒါကြောင့် ပိုပြောနေကြာတာလို့ ပြန်ငြင်းဆိုတယ်။ လူတွေ ကောင်းတယ် ပြောပြောနေကြတဲ့ Soup (ဆုပ်) ထက် ဆားနည်းပါတယ်။

စစ်စစ်ပေါက်ပေါက်ပြောရရင် ထုပ်ပိုးပစ္စည်းကနေ ဘာတွေပါနေနိုင်သလဲ။ ဟောမုန်းလိုဟာ ပါသလား။ စစ်ဆေးသူတွေက မတွေ့ဘူးလို့ ထုတ်ပြန်ပါတယ်။ လူအများ စိတ်ချလက်ချ စားသုံးနိုင်အောင်ဆိုပြီး World Instant Noodles Association နဲ့ ဂျပန် Convenience Food Industry Association စတာတွေကနေ အရည်အသွေးအတွက် ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။

၁။ အထဲမှာ အဓိက (ကာဗွန်ဟိုက်ဒရိတ်) တွေပါတယ်။ လူတိုင်းအထွက် နေ့တိုင်းလိုတာမျိုးပါ။ သတိထားရမှာက တနေ့မှာ လိုတာထက် ပိုစားလိုက်ရင် အပိုကို သကြားဓါတ်အနေနဲ့ ကိုယ်ထဲမှာ သိုလှောင်ထားတယ်။ ဒါကို ထုတ်မသုံးနိုင်ရင် အဆီအဖြစ် သိုလှောင်မယ်။ ဒါကြောင့် လိုတက်ပိုမစားရင် ကျန်းမာရေးအတွက် မထိခိုက်နိုင်ဘူး။ ဆီးချိုရှိသူတွေက မများရပါ။
၂။ Ingredients ဘယ်လိုဟာတွေပါနေသလဲသိသင့်တယ်။ နာမည်ရနေတဲ့ Maggi Noodles ကို Atta Noodles လို့ ကြော်ညာထားတယ်။ ဂျုံညိုနဲ့လုပ်တာက ဂျုံဖြူထက်ကောင်းတယ်။ များရင်တော့ မကောင်းလှပါ။
၃။ ခေါက်ဆွဲထုပ်နဲ့တွဲစားမဲ့အစာတွေ သတိပြုပါ။ (ပရိုတင်း) ရအောင် ကြက်သား၊ ကြက်ဥရောမယ်ဆိုရင် ဒါတွေကိုပါ သတိထားပါ။ အလားတူ ဟင်းသီးဟင်းရွက်၊ အနံ့မွှေးတွေ ပါနေတာလဲ သတိထားပါ။
၎။ ဘယ်ဆီသုံးသလဲ။ ထောပတ်ပါလား။ ဆီ (အဆီ) ၁၈% ပါတယ်။

ဂျပန်မှာ အနုမြူဓါတ်ပေါင်းဖို မတော်တဆဖြစ်ပြီးနောက် ဂျပန်ကလာတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို အတော် သတိထားကြရတယ်။ ၂၈-၃-၂ဝ၁၂ နေ့ တိုင်ဝမ်ကသတင်းတပုဒ်မှာ ဂျပန်ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ဓါတ်ရောင်ခြည် သင့်ထားတယ်လို့ ဖတ်ရတယ်။ Iodine 131, cesium 134 and cesium 137 တွေ ပါနေသတဲ့။

ခေါက်ဆွဲအရောင် ဝါလာအောင်၊ ဝါးလို့ကောင်းအောင် Potassium carbonate (ပိုတက်စီယမ်-ကာဗွန်နိတ်) ကို ထည့်တယ်။ အာဟာရတန်ဘိုး မရှိပါ။

“ပြည်ပရောက်တွေ ဖိုက်စတားသွားပြီး ဒိုင်းနင်း-ဝိုင်းနင်း လုပ်ကြတယ်” လို့တော့ အပြောခံရတာဘဲ၊ ဒါပေမဲ့ ကျွန်တော် ကိုယ်တိုင် နိုင်ငံရေးလုပ်ရင်း ဟိုနိုင်ငံသည်နိုင်ငံတွေ ခရီးထွက်ရတော့ စီစဉ်သူတွေက ခရီးစရိတ်နဲ့ တည်းခိုတာဘဲ စီစဉ်ပေးတဲ့အခါဆိုရင် ဟော်တယ်မှာတည်းပြီး၊ ပါလာတဲ့ ခေါက်ဆွဲခြောက်ထုပ်ဘဲ အားပေးရပါတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၁၂-၂ဝ၁၂
၃ဝ-၈-၂ဝ၁၃

CT Scan ရိုက်တာ ဘာအန္တရာယ်ရှိသလဲ

Apr 1, 2011 at 11:21 AM
ကျမ သမီးလေးက နှလုံးမှာ မွေးရာအပေါက်ရှိနေတဲ့အပြင် နှလုံးသွေးကြောကလည်း မှားဝင်နေပါတယ်တဲ့။ ဘယ်ဘက်အခန်းကို ဝင်ရမယ့် သွေးကြောက ညာဘက်အခန်းကို ဝင်နေတာကြောင့် ညာဘက်နှလုံးက ကြီးနေပါတယ်တဲ့။ ဒါကြောင့် ခွဲစိတ်ရမယ်လို့ ပြောပါတယ်။ ကျမတို့က လက်ရှိ (့) မှာ နေကြပါတယ်။ သမီးလေးက ၁ နှစ်ရှိပါပြီ။ သမီးလေးက အခုချိန်ထိကတော့ ကျန်းကျန်းမာမာပါပဲ။ တခါပဲဖျားဘူးပါတယ်။ နှလုံးခုန်နှုံးကတော့ ကျမတို့ထက် တဆလောက် မြန်ပါတယ်။ ကလေးငယ်တွေက လူကြီးတွေထက် နှလုံးခုန်နှုံး မြန်ပါသလား။ တမိနှစ်မှာ ကြိမ်နှုံး ဘယ်လောက်ရှိပါသလဲ။

မခွဲဘဲထားရင် အသက် ဘယ်လောက်ကြာကြာ ရှည်နေနိုင်ပါသလဲ။ သွေးလွှက်ကြောနဲ့ သွေးပြန်ကြောက နှလုံးက တခုတည်းမှာ ဝင်နေတဲ့ လူတယောက်က အသက်ရှင်နိုင်ပါသလား။ CT ရိုက်တဲ့အခါ သုံးတဲ့ ဆေးက သိပ်ပြင်းတယ်လို့ သိရပါတယ်။ ကျမလည်း တခါရိုက်ဘူးပါတယ်။ ဆေးနဲ့ မတည့်လို့ ချက်ချင်း ရပ်လိုက်ရဘူးပါတယ်။ သမီးလေးကို နောက်လထဲမှာ ရိုက်ပါမယ်တဲ့ CT ရိုက်ခြင်းရဲ့ အကျိုးအပြစ်တွေကို သိပါရစေ။ ဒီမှာ ဆေးရုံကြီးတွေက ဆေးတက္ကသိုလ်နဲ့ တွဲထားတာဆိုတော့ သမီးလေးက အစမ်းသပ်ခံ ဖြစ်သွားမှာကို စိုးရိမ်နေပါတယ်။ သမီးလေးကို ၇ လ ပိုင်းမှာ ခွဲဖို့ လျာထားပါတယ်။ ကျမတို့ကတော့ ဆရာဝန်ကို စဉ်းစားဦးမယ်လို့ ပြောထားဆဲပါ။

30-8-2013 Eai wrote: "CT Scean ကိုခေါင်းကိုရိုက်ရင် ဦးနှောက်ကင်ဆာ ဖြစ်နိုင်တယ် ဆိုတာ ဟုတ် လား ဆရာ"

• CT ရိုက်တာကို Very low-risk procedure အလွန်အန္တရာယ်နည်းတဲ့ လုပ်ဆောင်မှုလို့ သတ်မှတ်ပါတယ်။
• ဆရာဝန်တွေက မလိုအပ်ဘဲ ရိုက်ဘို့ မခိုင်းပါ။
• သတိထားစရာတွေ ရှိပါတယ်။ ရိုးရိုး X-rays ထက် ပိုပြီး X-rays သုံးရတယ်။
• ထိုးတဲ့ဆေးကြောင့် ပျို့တာ၊ အနေရခက်တာ၊ နွေးလာတာ၊ စိုထိုင်းထိုင်း ခံစားရတာမျိုး ခဏဖြစ်လာနိုင်တယ်။
• Side effects ဘေးထွက်-ဆိုးကျိုးတွေထဲမှာ သွေးပြန်ကြောထဲ ထိုးပေးရတဲ့ Liquid dye နဲ့ Allergic reactions မတည့်တာ ဖြစ်ပါတယ်။ ဒီလိုမတည့်သူ ၁ သိန်းမှာ ၁ ယောက်သာ ရှိတယ်။ မထိုးခင် တည့်-မတည့် စမ်းသေးတယ်။
• ဒါ့ကြောင့် Asthma ပန်းနာရှိသူ၊ Emphysema အဆုပ်ရောဂါရှိသူတွေကို သတိထားရမယ်။
• ကျောက်ကပ် ကောင်းနေရင် ကိစ္စမရှိပါ။ ရိုက်ပြီးရင် ရေများများ သောက်တာ ကောင်းတယ်။
• ရှားရှားပါးပါး ဒီဆေးက သိပ်မကောင်းတဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်လို့ အထူးသတိထားရတယ်။ ဆေးလျော့ ထိုးရတတ်တယ်။
• ဆီးချိုရှိသူတွေလဲ သတိထားရသူမဲ့ စာရင်းထဲ ပါတယ်။
• နှလုံးရောဂါ ဆိုးဝါးသူတွေကိုလဲ သတိထားရတယ်။
• X-rays သုံးတာမို့ နောင်တချိန်မှာ ကင်ဆာ ဖြစ်မလားလဲ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။ ငြင်းခုံနေဆဲ ဖြစ်တယ်။ ကင်ဆာ ဖြစ်မှာကို သက်သေပြချက်တော့ မရှိသေးပါ။
• ကလေးတွေက လူကြီးထက် ကင်ဆာ ဖြစ်နိုင်ခြေများမယ်လို့ ယူဆကြတယ်။ ၁ နှစ်သားကလေး ဗိုက်ကို ရိုက်ရင် ကင်ဆာဖြစ်နိုင်ခြေ ဝ့၁၈%၊ ခေါင်းကိုရိုက်ရင် ဝ့ဝ၇% လို့ သုတေသနတခုက ဆိုထားတယ်။
• ဒါပေမဲ့ အမေရိကားမှာ ၁၅ နှစ်အောက် ကလေးပေါင်း တနှစ်မှာ ၆ သိန်းကို ရိုက်ပေးနတယ်။
• တကယ်တန်း ပြောရရင် မရိုက်သူတွေမှာလဲ ကင်ဆာဖြစ်နိုင်တဲ့ ကိန်းဂဏန်းနဲ့ ပြောရင် ထူးပြီးပိုတာဟာ မပြောပလောက်ပါ။

ကလေး နှလုံးခုန်နှုန်း
ကလေးတွေက လူကြီးတွေထက် နှလုံးခုန်မြန်တယ်။ ဒါ ပုံမှန်ဖြစ်တယ်။
• ၁ နှစ်အောက်ကလေး = တမိနစ်မှာ ၁၁ဝ-၁၆ဝ
• ၁-၂ နှစ် ကလေး = တမိနစ်မှာ ၁ဝဝ-၁၅ဝ
• ၂-၅ နှစ်ကလေး = တမိနစ်မှာ ၉၅-၁၄ဝ
• ၅-၁၂ နှစ်ကလေး = တမိနစ်မှာ ၈ဝ-၁၂ဝ
• ၁၂ နှစ်အထက်ကလေး = တမိနစ်မှာ ၆ဝ-၁ဝဝ

ဒေါက်တာတင့်ဆွေ
၁-၄-၂ဝ၁၁
၃ဝ-၈-၂ဝ၁၃

Loss of smell နှာခေါင်းက အနံ့မရ ဘာလုပ်ပါ့မလဲ

Q: ဟိုနေ့ကလည်း ခေါင်းကို CT Scean ဆွဲတယ်။ ဘာမှတော့တွေ့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အနံ့ကတော့မရသေးလို့ အဲ့ဆေးတွေပေးပြီးနောက် ၄ လ ပြန်ချိန်းလိုက်ပါတယ်ရှင်။

A: အဲတာ စိတ်သက်သာရာရစေတယ်။ ဆိုင်းနပ်လို့ခေါ်တာ မဖြစ်တာကို သိရတယ်။ အနံ့ရစေတဲ့ အာရုံကြောလေးတွေကို ထိခိုက်မှုက ပြန်မလျှော့သေးလို့ အဲလိုဖြစ်နေသေးတာပါ။ သက်သာလာရင် ကောင်းလာပါမယ်။

နှာခေါင်းကအနံ့မရတာဟာ အများဆုံးက နှာခေါင်းနဲ့ဆိုင်တဲ့နေရာလေးတွေမှာ Nasal congestion ခေါ်တဲ့ ပိတ်ဆို့မှုကနေ ဆက်တာပါ။ Mucous membranes ဖုံးထားတဲ့အလွှာလေးတွေ ရောက်ရမ်းပြီး သွေးကြောလေးတွေ ပိုများရာက နေဆက်တာ ဖြစ်တယ်။ အနံ့ဖြစ်လို့ အာရုံကြောလက္ခဏာဖြစ်တယ်။ ဆေးစာလို ပိတ်တာကို Nasal blockage နှာခေါင်းပိတ်တာနဲ့ အနံ့မရတာကို Anosmia လို့ခေါ်တယ်။ Allergic reactions (အလာဂျီ) ရတာကနေ အများဆုံး ဖြစ်ပါတယ်။ Upper respiratory infections အသက်ရှူလမ်းအထက်ပိုင်း ပိုးဝင်တာကနေလဲ ဖြစ်ပါသေးတယ်။ Common cold အအေးမိတာ၊ Rhinitis နဲ့ Sinusitis ဆိုင်းနပ်စ်ရောင်တာ၊ Influenza တုပ်ကွေး စတာတွေကိုပြောတာပါ။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ဖန်းဂတ်စ် ပိုးမျိုးစုံကနေဖြစ်စေနိုင်တယ်။

နောက်ပြီး Nasal polyps နှာခေါင်းထဲမှာ အလုံးလေးဖြစ်တာ၊ Nasal deformities နှာခေါင်းပုံပန်းမမှန်ဖြစ်တာ၊ Nasal tumors အကိတ်အလုံး (ကင်ဆာ) ဖြစ်တာတွေကလဲ အနံ့မရဖြစ်စေတယ် ဦးနှောက်ရောဂါတချို့ကနေလဲဖြစ်တယ်။ ဥပမာ Brain aneurysm သွေးကြောဖေါင်းတာ နဲ့ Tumor အကျိတ်။ Stroke ဦးနှောက်သွေးကြောမတော်တဆဖြစ်ရင်လဲ နှာခေါင်းအနံ့မရဖြစ်တာခံစားရနိုင်တယ်။ အသက်ကြီးဆာ၊ Alzheimer’s disease (အဇာမိုင်ယား) ရောဂါ၊Chemical exposure ဓါတုဆေးတွေနဲ့ ထိတွေ့မိတာ၊ Medication side effects တချို့ဆေးတွေ (သွေးတိုးကျဆေး) ရဲ့ ဘေးထွက်-ဆိုးကျိုး၊ Radiation therapy ဓါတ်ကင်တာတွေကြောင့်လဲ အနံ့မရ ဖြစ်လာနိုင်တယ်။ Zinc deficiency (ဇင့်) သွပ်ဓါတ် နည်းရင်လဲ ဖြစ်နိုင်တယ်။

အကြောင်းရင်းတွေကို ကုသဘို့ကမဌမဖြစ်တယ်။ အအေးမိရာကနေ၊ (အလာဂျီ) ရတာကနေဖြစ်တာဆိုရင် Oral glucocorticoids ခေါ်တဲ့ Prednisone သောက်ဆေးကို ဆေးပါတ်လည်အောင် တိတိကျကျပေးတယ်။ စားဆေးပေးပြီး နောက်မှာ Topical glucocorticoid nasal spray ဒီဆေးအမျိုးအစားကိုဘဲ နှာခေါင်းထဲပန်းဆေးသုံးတယ်။

Nasal steroid sprays (စတီရွိုက်) နှာခေါင်းထဲထည့်တဲ့ဆေးတွေကတော့ Ffluticasone propionate (Flonase), Mometasone (Nasonex), Budesonide (Rhinocort Aqua), Flunisolide (Nasarel), Triamcinolone (Nasacort AQ), Beclomethasone (Beconase AQ) နဲ့ Fluticasone furoate (Veramyst) စတဲ့နာမည်တွေနဲ့လာတယ်။

ပုံထဲကပြထားတဲ့ဆေးကို Avamys nasal spray ခေါ်တယ်။ Fluticasone furoate ဆေးပါတယ်။ Corticosteroid (စတီရွိုက်) ဆေးအမျိုးအစားဖြစ်ပါတယ်။ နှာခေါင်းအတွင်းမှာ ဖုံးထားတဲ့အလွှာလေးမှာ ရောင်ရမ်းလာတာကို သက်သာစေမယ်။ Allergic rhinitis (အလာဂျီ) ရလို့ နှာခေါင်းမှာဖြစ်လာတာကို သက်သာစေမယ်။ အသက် ၁၂ နှစ်အထက်လူတွေကို တခါသုံးရင် ၂ ချက်ပန်းပါ၊ တနေ့မှာ ၂ ခါ၊ အချိန်တိုမှာသုံးပါ။ သက်သာလာရင် တနေ့ ၁ ခါသာသုံးပါ။ ရေရှည်မသုံးပါနဲ့။

ဒေါက်တာတင့်ဆွေ
၃ဝ-၈-၂ဝ၁၃

Thursday, August 29, 2013

Tinea Versicolor ညှင်း

Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။

မြန်မာပြည်မှာ အစစအရာရာ အလွန်ရှားပါးတဲ့ (မဆလ) ခေတ်မှာ ဆေးရှာရတာ အတော်ခက်ခဲခဲ့တယ်။ ညှင်း ပေါက်နေသူတွေကို အခုရေးမဲ့ဆေးတွေ မပေးနိုင်ဘူး။ နည်းပညာခေတ်ကလဲ ဖလင်နဲ့ရိုက်တဲ့ ကင်မရာခေတ်မို့၊ ဖလင်ဆေးတဲ့ (ဟိုက်ပို) ဆေးရည်အကျကို ဓါတ်ပုံဆိုင်ကတောင်းပြီး အလိမ်းခိုင်းခဲ့ရဘူးတယ်။ နောက်ပြီး Sodium thiosulfate ဆေးရည် လိုက်ရှာပြီး ပေးခဲ့ရသေးတယ်။ ဒီဆေးရည်က ဆေးပညာမှာလဲ အတော်အသုံးကျတယ်။ Cyanide poisoning (စိုင်းယာနိုက်) အဆိပ်သင့်တာ၊ Sulfur mustard poisoning မုံညင်းအဆိပ်သင့်တာတွေမှာလဲ သုံးတယ်။ Calciphylaxis ကျောက်ကပ်ဆေးနေရသူတွေ အခြေအနေဆိုရင်လဲ ပေးတတ်တယ်။ Ringworm ပွေး၊ Tinea versicolor ညှင်းအတွက်လဲ ပေးတယ်။

ခေတ်ပေါ်လိမ်းဆေးတွေ -
• Clotrimazole 1% solution တနေ့တခါ၊ တပါတ်ကြာလိမ်းပါ။ Clotrimazole (1%) + Selenium sulfide (2.5%) (Candid-TV) တွေကို ရောသုံးနိုင်တယ်။ Clotrimazole (Lotrimin, Mycelex) and Miconazole (Lotrimin) လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်ကြာ လိမ်းပါ။ Clotrimazole, Miconazole or Terbinafine လိမ်းဆေးတွေက ခံစားရတာကို သက်သာစေတယ်။
• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Hydrogen peroxide ကလဲ အတူတူဘဲ။ ဒါပေမဲ့ အမာရွတ်ဖြစ်မှာ စိုးရတယ်။
• Ketoconazole (Nizoral ointment and shampoo) လိမ်းဆေးဆိုရင် ၁ဝ မိနစ်ကြာ၊ နေ့စဉ်၊ ၂ ပါတ်လိမ်းပါ။ Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။
• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။ Selenium sulfide shampoo 1% (Selsun Blue) or 1% Ketoconazole shampoo (Nizoral) လိမ်းဆေးကို ၁၅ မိနစ်ကြာ၊ တပါတ်မှာ ၂ ကြိမ်၊ ၂-၄ ပါတ်ကြာလိမ်းပါ။ Selsun Blue ထဲမှာ 1% Selenium sulfide သာပါလို့ တချို့ကိုသာ ပျောက်စေတယ်။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။

ခေတ်ပေါ်သောက်ဆေးတွေ -
• Fluconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊
• Itraconazole (Sporanox) ၅ ရက်သောက်ပါ။ Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။ Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၃-၇ ရက်သောက်ပါ။ သတိထားဘို့က Atorvastatin (Lipitor) ခေါ်တဲ့ (ကိုလက်စထော) ကျဆေးနဲ့ တွဲမပေးသင့်ပါ။
• Ketoconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်သောက်ပါ။ Ketoconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ (၁) ကြိမ်တည်းသောက်ဆေးသောက်ပြီးနောက် ၁-၂ နာရီအကြာမှာ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်ရင် ပိုကောင်းတယ်။
• Ciclopirox (Ciclopirox olamine) ဆေးကိုလဲ အစားထိုးသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ ၂၉-၈-၂ဝ၁၃

Wednesday, August 28, 2013

Petechiae သွေးခြည်ဥ

Tue, Apr 2, 2013 at 10:12 AM
ပုံပါအတိုင်း ကျနော့် သမီးလေး၏ ခြေသလုံးတွင် သွေးကြောမျှင်များ ဖြစ်နေပါသည်။ သမီး၏အသက် ၁၅ နှစ်၊ လွန်ခဲ့သော ၄ နှစ်က သွေးလွန်တုတ်ကွေးဖြစ်ခဲ့၊ တစ်ခါတစ်ရံ နှစ်လုံးအောင့်၍ အသက်ရှူကြပ်၊ ကိုယ်လက်လှုပ်ရှားမှုနည်း၊ (အားကစား မရှိ)။ ယခုလို ခြေသလုံးတွင် သွေးကြေားမျှင်များဖြစ်နေသည်မှာ ၂ နှစ်လောက် ရှိနေပါပြီ။ ဦးချစ်ကောင်း သီချင်းထဲကလို `ခြေသုံးသားက အလှတပါးပါကွယ် သူဟာ ထမီတိုတို´ အခုမှာတော့ သမီးလေးက သရီးကွာတားတောင် ဝတ်ဖို့ ခက်နေပြီဆရာရေ ကူပါအုံးခင်ဗျာ။ သရီးကွာတား ဝတ်ဖို့အရေး မေးတာတော့ မဟုတ်ရပါခင်ဗျာ။ ကျနော့်သမီးနှင့် သမီးကဲ့သို့ ဖြစ်နေသူများသိရှိနိုင်ရန် ဖြေကြားပေးစေလိုပါတယ်။

Sun, Aug 25, 2013 at 12:02 AM
အရေပြားက အထိအခိုက်မခံဘူးဖြစ်နေလို့ပါ။ တစ်ခါတစ်ရံ ယားပြီး အနီကွက်လို အနီဖုလိုဖြစ်တယ်ဆရာ။ လေးလံတဲ့ အထုပ်အပိုးတွေဆွဲရင် လက်ဖဝါးနဲ့ လက်ချောင်းတွေမှာ သွေးခြေဥ သလို နီရဲပြီး အဖြူဖု လေးတွေ ဖြစ်တယ်ဆရာ။ တစ်ခါတစ်ခါ လည်ပင်းကယားပြီးနီတယ်ဆရာ။ စာရေးခုံပေါ်လက်ထောက်ပြီးတင်ထားရင် ခုံနဲ့လက်နဲ့ထိတဲ့ နေရာမှာ အနီဖုလေးတွေဖြစ်ပါတယ်။ အဲလိုဖြစ်တာ ၉ လလောက်ရှိပါပြီ။

Capillaries သွေးကြောမျှဉ်လေးတွေကနေသွေးထွက်နေတာကို မျက်စိနဲ့မြင်ရရင် သွေးချည်ဥလို့ခေါ်တယ်။ ဖြစ်စနိုင်တာတွေကို စာရင်းချရင် အရှည်ကြီးရှိတယ်။

(၁) Prolonged straining သွေးကြောအပေါ်ဖိအားသက်ရောက်ခြင်းတွေက အရိုးရှင်းဆုံးသိနိုင်တာတွေဖြစ်တယ်။
• Crying ငိုခြင်း၊
• Coughing ချောင်းဆိုးခြင်း၊
• Vomiting အန်ခြင်း၊
• Childbirth ကလေးမီးဖွါးရခြင်း၊
• Weightlifting အလေးမခြင်း၊
• Aging skin အသက်ကြီးခြင်း၊
• Alcoholism အရက်သောက်ခြင်း၊
• Trauma ထိခိုက်မိခြင်း၊
• Newborns right after birth ကလေးဖွားကာစ၊
• Penis pump side effect ကျားလိင်အင်္ဂါ လေဟာနယ်ကရိယာဖြင့် စုပ်ခြင်း၊
• Toxic chemical exposure (Pesticides, Arsenic, Benzene) အဆိပ်သင့်ခြင်း

(၂) Certain medications ဆေးဝါးတွေကနေဖြစ်စေခြင်း
• Aspirin, Ibuprofen အကိုက်အခဲပျောက်ဆေးတွေက ထိပ်မှာရှိတယ်။
• Atropine (Atropen)
• Carbamazepine (Carbatrol, Epitol, Tegretol, others)
• Chemotherapy drugs side effect
• Chloral hydrate (Somnote)
• Cimetidine (Tagamet)
• Cortisone
• Desipramine (Norpramin)
• Gold salts
• Heparin
• Indomethacin (Indocin)
• Morphine (Avinza, Ms Contin, others)
• Naproxen (Aleve, Anaprox, Naprosyn)
• Nitrofurantoin (Furadantin, Macrobid, Macrodantin)
• Penicillin
• Quinidine
• Quinine (Qualaquin)
• Rifampin
• Sulfa antibiotics
• Warfarin (Coumadin) ရောဂါများ
• AIDS အေအိုင်ဒီအက်စ်၊
• Allergic reactions အလာဂျီရခြင်း (တခုခုနှင့်မတည့်ခြင်း)၊
• Aplastic anemia သွေးအားနည်းရောဂါတမျိုး၊
• Chickenpox ရေကြောက်၊
• Cytomegalovirus (CMV) infection
• Endocarditis နှလုံးရောင်ခြင်း၊
• Hantavirus pulmonary syndrome
• Leukemia လူကီးမီးယား၊
• Lupus လူးပတ်စ်ရောဂါ၊
• Lymphoma လင်ဖိုးမား
• Meningococcal meningitis ဦးနှောက်မြှေးရောင်ခြင်း၊
• Mononucleosis မိုနိုနယူကလီယိုးဆစ်၊
• Mumps ပသိရောင်ခြင်း၊
• Parvovirus infection
• Parvovirus ဗိုင်းရပ်စ်ရောဂါတမျိုး
• Rheumatoid arthritis လေးဘက်နာ၊
• Rocky Mountain spotted fever
• Rocky Mountain spotted fever ရော့ကီးတောင်တန်းအဖျားရောဂါ၊
• Rubella ဂျာမန်ဝက်သက်၊
• Scleroderma စကယ်လရိုဒါးမား၊
• Sepsis ပိုးဝင်ခြင်း၊
• Strep throat လည်ချောင်းနာ၊
• Thrombocytopenic purpura သွေးမှုံနည်းခြင်း၊
• Vasculitis သွေးကြောရောင်ခြင်း၊
• Vitamin C, K, B9, B12 ဗီတာင်မင်များချို့တဲ့ခြင်း၊

(၃) Thrombocytopenia သွေးမှုံအရေအတွက် နည်းနေခြင်း
သွေးလွန်တုတ်ကွေး Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ Thrombocytopenia သွေးမှုံအရေအတွက် နည်းနေမယ်။ Platelets ကိုစစ်ဆေးဘို့လိုမယ်။ ပုံမှန်အရေအတွက်ဟာ 150,000 ကနေ 450,000/microliter ရှိသင့်တယ်။ ဒါပေမဲ့ 50,000/microliter ထက်နည်းမှသာ တကယ်နည်းနေတဲ့ရောဂါလို့ သတ်မှတ်ပါတယ်။

သွေးမှုံနည်းနေတိုင်း ရောဂါလက္ခဏာမပြတတ်ပါ။ ပြပြီဆိုရင် အရေပြားမှာ သွေးမဲပြာပြာထွက်နေတာ၊ သွေးခြည်ဥနေတာ၊ အရေပြားနဲ့ အမှေးပါးအောက်တွေမှာ သွေးယိုနေတာ၊ နှာခေါင်းသွေးယိုတာ နဲ့ သွားဖုံးသွေးယိုတာတွေ ဖြစ်လာမယ်။ သွေးနီဥနဲ့ သွေးဖြူဥ အမျိုးအစားနဲ့ အရေအတွက်တွေကိုလည်း စစ်ဆေးရပါမယ်။ နည်းနေနိုင်တယ်။ နေမကောင်းသလို ခံစားနေရနိုင်တယ်၊ အားယုတ်နေနိုင်တယ်၊ အစားပျက်နေနိုင်သေးပါတယ်။

Decreased platelet counts သွေးမှုံနည်းနေခြင်း အကြောင်းရင်းများ
(က) Decreased production သွေးမှုံထုတ်ပေးမှု နည်းနေရခြင်း အကြောင်းရင်းများ
Vitamin B12 or folic acid deficiency, Leukemia or myelodysplastic syndrome, Liver failure, Sepsis, systemic viral or bacterial infection, Dengue fever (သွေးလွန်တုပ်ကွေး), Hereditary syndromes, Congenital amegakaryocytic thrombocytopenia, Thrombocytopenia absent radius syndrome, Fanconi anemia, Bernard-Soulier syndrome, May-Hegglin anomaly, Grey platelet syndrome, Alport syndrome, Wiskott–Aldrich syndrome တို့ဖြစ်ပါတယ်။

(ခ) Increased destruction သွေးမှုံဖျက်ဆီးခံနေရခြင်း အကြောင်းရင်းများ
Idiopathic thrombocytopenic purpura, Thrombotic thrombocytopenic purpura, Hemolytic-uremic syndrome, Disseminated intravascular coagulation, Paroxysmal nocturnal hemoglobinuria, Antiphospholipid syndrome, SLE, Post-transfusion purpura, Neonatal alloimmune thrombocytopenia, Splenic sequestration, Dengue fever (သွေးလွန်တုပ်ကွေး), HIV တွေဖြစ်ပါတယ်။

(၈) Medication-induced ဆေးတွေကြောင့်ဖြစ်ရခြင်း
Valproic acid, Methotrexate, Carboplatin, Interferon, Isotretinoin, Panobinostat, Other chemotherapy drugs, Singulair, H2 blockers and proton-pump inhibitors

(ဃ) တခြားအကြောင်းရင်းများ
Immunological platelet destruction (Heparin-induced) ရောဂါပြီးစနစ်ကြောင့်ဖြစ်ရခြင်း၊ Snakebites (pit vipers) မြွေပွေးကိုက်ခံရခြင်း။

ဘာတွေစစ်မလဲ
Coagulation tests သွေးခဲမှုစစ်ဆေးနည်းလုပ်ရမယ်။ ဖြစ်စေတဲ့အကြောင်းရင်းမတူရင် အဖြေမတူပါ။ ဥပမာ -
• Vitamin K deficiency ဗီတာမင် (ကေ) နည်းနေသူမှာ Prothrombin time ကြာမယ်၊ Partial thromboplastin time ကပုံမှန်ဖြစ်မယ်၊ Bleeding time သက်ရောက်မှုမရှိဘူး၊ Platelet count သက်ရောက်မှုမရှိဘူး။
• Aspirin (အက်စ်ပရင်) ဆေးကြောင့်ဖြစ်တာဆိုရင် Partial thromboplastin time ပိုကြာတာတခုသာတွေ့မယ်။
• Thrombocytopenia သွေးမှုံနည်းနေရင် Partial thromboplastin time ပိုကြာတာ နဲ့ Platelet count နည်းနေမယ်။
• Full blood count, Liver enzymes, Renal function, Vitamin B12 levels, Folic acid levels, ESR, Peripheral blood smear စစ်ဆေးနည်းတွေလုပ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ
ဘာကိုမှ မစစ်နိုင်သေးခင် ဗီတာမင် (စီ) ၅ဝဝ အား သောက်ကြတယ်။ ဗီတာမင် (ကေ) ထိုးကြတယ်။

Hematologist သွေးဘက်ဆိုင်ရာအထူးကုဆရာဝန်ကို ပြရမယ်။ အကြောင်းရင်းအတိုင်း ကုသမှုမတူဘူး။ ဥပမာ -
• Thrombotic thrombocytopenic purpura ဆိုတာက အရေးပေါ်ဖြစ်တယ်။
• Idiopathic thrombocytopenic purpura ဆိုရင် Prednisone and other corticosteroids, Intravenous immune globulin, Splenectomy, Danazol, Eltrombopag, Rituximab နဲ့ Romiplostim နည်းတွေ လုပ်ပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၃-၄-၂ဝ၁၃
၂၈-၈-၂ဝ၁၃

Cortisone ကော်တီဇုန်းဆေး သတိနဲ့ပေး

Steroid စတီရွိုက်ဆေးလို့လဲ ခေါ်တယ်။ လူတွေမှာ (ပိုးဝင်တာ။ ထိခိုက်မိတာ၊ ခွဲစိတ်တာ) တခုခုဖြစ်ရင် ရောင်ရမ်းဖြစ်စဉ် ဆိုတာ ဆက်ဖြစ်လာတယ်။ အဲလိုဖြစ်လာချိန်မှာ ကိုယ်ကနေ ဓါတ်တွေထွက်လာမယ်။ အဲဒီဓါတ်တွေ ထွက်မလာစေအောင် ပေးတဲ့ဆေးကို (ကော်တီဇုန်း) ခေါ်ပါတယ်။ (အလာဂျီ) ဖြစ်စဉ်၊ အရေပြားမှာ ဖြစ်တာတွေ၊ အူမကြီးရောဂါ၊ အဆစ်နာ၊ (လူးပတ်စ်)၊ (ဆိုရီယေးဆစ်)၊ အသက်ရှူလမ်းရောဂါတွေမှာလဲ ပေးပါတယ်။

စားဆေး၊ အသားထိုးဆေး၊ အကြောထိုးဆေး၊ အဆစ်ထဲထိုးဆေး၊ လိမ်းဆေး၊ မျက်စဉ်း၊ နားထဲထည့်ဆေး၊ ရှူဆေး၊ အမျိုးမျိုးရှိတယ်။

အထူးသတိထားဘို့က ဒီဆေးကို မတည့်သူတွေနဲ့ (ဖန်းဂတ်စ်) မှို ရောဂါရနေချိန်မှာ ဒီဆေးမျိုး မသုံးရပါ။ ကာကွယ်ဆေး အမျိုးအစားထဲက Live vaccine ခေါ်တဲ့ ရောဂါပိုးအရှင်ကိုသုံးတာမျိုး ထိုးချိန်မှာလဲ ဒီဆေးမျိုးမပေးရပါ။ ကာကွယ်ဆေး အာနိသင်နည်းစေမယ်။ Measles, Mumps, Rubella (MMR), Bacillus Calmette-Guérin (BCG), Oral Polio, Rotavirus, Smallpox, Typhoid, Yellow fever, Varicella (Chickenpox), H1N1 influenza နဲ့ Nasal flu vaccine တွေဖြစ်တယ်။ ခုခံအားစနစ်ကို ယာယီအားနည်းစေတယ်။ ဒါကြောင့် ဒီအချိန်မျိုးမှာ ကူးစက်ရောဂါတွေ ဝင်လွယ်စေမယ်။ ရှိနေတဲ့ ကူးစက်ရောဂါကိုလဲ ပိုဆိုးစေနိုင်သေးတယ်။

• Cirrhosis အသဲခြောက်၊
• Kidney disease ကျောက်ကပ်ရောဂါ၊
• Thyroid disorder လည်ပင်းကြီးရောဂါ၊
• Diabetes ဆီးချို၊
• Malaria ငှက်ဖျားဖြစ်ဘူးသူ၊
• Tuberculosis တီဘီ၊
• Osteoporosis အရိုးပါးရောဂါ၊
• Myasthenia gravis ကြွက်သားအားနည်ရောဂါ၊
• Glaucoma or Cataracts မျက်စိရေတိမ် + အတွင်းတိမ်၊
• Herpes infection of the eyes မျက်စိ ရေယုံ၊
• Stomach ulcers, ulcerative colitis, or diverticulitis အာလမ်းရောဂါတွေ၊
• Depression or mental illness စိတ်ကျရောဂါ၊
• Congestive heart failure နှလုံးအလုပ်မလုပ်ခြင်း၊
• High blood pressure သွေးတိုးရောဂါရှိနေသူတွေကို အထူးသတိထားပေးရမယ်။

ကိုယ်ဝန်ဆောင်နေတုံးပေးရရင် အထဲကကလေးကို ထိခိုက်မလားဆိုတာ မသေချာပါ။ မိခင်နို့ထဲပါနေနိုင်တယ်။ ကလေးဖွံ့ထွားမှုကိုလဲ သက်ရောက်နိုင်တယ်။ Pregnancy and Prednisolone ကိုယ်ဝန်နှင့် (ပရက်နဆိုလုံး) ကို ဖတ်နိုင်ပါတယ်။

ဆရာဝန်တွေသာ သိဘို့လိုတဲ့ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ အများသိသင့်တာတွေကတော့ အိပ်မပျော်၊ စိတ်မူပြောင်း၊ ဝက်ခြံ၊ အရေပြားခြောက်၊ အရေပြားပါး၊ သွေးခြည်ဥ၊ အရောင်ပြောင်း၊ အနာကျက်နှေး၊ ချွေးထွက်များ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့-အန်၊ ဗိုက်အောင့်၊ မျက်နှာ၊ လက်မောင်း၊ ခြေထောက်၊ လည်ပင်း၊ ရင်သား ဖေါင်းပြည့်၊ ဒါကြောင့် ဝလာ၊ ရောင်လာ၊ ဖေါလာစေမယ်။

(ကော်တီဇုန်း) ဆေးတွေက ဓါတ်ပြုနိုင်လို့ ဆေးတွဲပေးရာမှာ သတိထားရမယ်။ အက်စပရင်၊ ဆီးသွားစေတဲ့ဆေး၊ Warfarin သွေးကျဲဆေး၊ Cyclosporine (Gengraf, Neoral, Sandimmune) ခုခံအားအတွက်ဆေး၊ ဆီးချိုဆေးများ၊ Ketoconazole (Nizoral) ဖန်းဂတ်စ်အတွက်ဆေး၊ Rifampin (Rifadin, Rifater, Rifamate, Rimactane) တီဘီဆေးများ၊ Phenytoin (Dilantin) or Phenobarbital (Luminal, Solfoton) အတက်သက်သာဆေးများ။

ဆေးအလေးချိန်နဲ့ တရက်မှာ ဘယ်လောက်သောက်ပြီး၊ ဘယ်လောက်ကြာကြာ သောက်ရမယ်ဆိုတာ ဒီဆေးအတွက် အလွန်အရေးကြီးတယ်။ ဒီဆေးပေးနေသူတိုင်း ဆေးကို ချက်ချင်းရပ်မပြစ်ရပါ။ ဆရာဝန်တွေ အတော်စိတ်ညစ်ရတယ်။ နားမထောင်တဲ့ လူနာတွေ မကြာမကြာတွေ့ရတယ်။ အရက်နဲ့လဲ တွဲမသောက်သင့်ပါ။

Hydrocortisone ဟိုက်ဒရိုကော်တီဇုံး ဆိုတာ (စတီရွိုက်) ဆေးဖြစ်တယ်။ သိပ်အစွမ်းထက်ပြီး သိပ်သတိထား သုံးရတာမျိုး။ ခက်တာက ဆေးလက်မှတ် မပါဘဲ ဝယ်လို့ရတယ်။ အရေပြားမှာ ယားယံတာ၊ နှင်းကူနာ၊ အကောင် ကိုက်တာ၊ တခုခုနဲ့ မတည့်တာ၊ စအိုယားတာ၊ ခေါင်းယားတာ၊ စတာတွေအတွက် 0.5% or 1% Hydrocortisone ဆေးတွေ ဝယ်လို့လွယ်တယ်။ တနေ့ ၁-၄ ကြိမ်သုံးရတယ်။

လိမ်းဆေးညှစ်ဘူး၊ ခရင်မ်၊ လိမ်းဆေးရည်၊ အရည်၊ ဂျဲလ်၊ စပရေး၊ အမြှုပ်၊ စအိုထဲထည့်ဆေး၊ ပါးစပ်ထဲထည့်ဆေး၊ ပုံစံအမျိုးမျိုးနဲ့ လာတယ်။ ဆေးနာမယ်တွေကလဲ အမျိုးမျိုး။ ဒီဆေးကို ဆရာဝန် မညွှန်ဘဲ မသုံးသင့်ဘူး။ ဆေးကို မျှဉ်းဖြတ်ရတယ်။

Colitis ဆိုတဲ့ အူမကြီးရောင်တာအတွက် ညတိုင်း ဖြစ်ဖြစ် တနေ့ ၂ ခါဖြစ်ဖြစ် ၂-၃ ပါတ်ကြာ ပေးရတယ်။ Proctitis ဆိုတဲ့ စအို-အစာဟောင်းအိမ် ရောင်တာအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၃ ပါတ် ပေးတယ်။ Hemorrhoids လိပ်ခေါင်းအတွက် တနေ့ ၁-၂ ကြိမ်၊ ၂-၇ ရက်ပေးတယ်။

ဘေးထွက်ဆိုးကျိုးတွေ တလှေကြီးရှိတယ်။ အရေပြား ခြောက်-ကွဲတယ်၊ ဝက်ခြံထွက်၊ ယားယံ၊ ပူလောင်၊ အရေပြား အရောင်ပြောင်း၊ အစာမကျေ၊ အန်၊ ခေါင်းမူး၊ အိပ်ရေးပျက်၊ စိတ်ကျ၊ အမွှေးပေါက်တာပိုများ၊ ခိုက်မိရင် သွေးခြည်ဥပိုဖြစ်၊ ရာသီ ထိန်နိုင်တယ်။ ပိုဆိုးတာတွေကတော့ အရေပြားအနီကွက်၊ အသက်ရှူခက်၊ ရင်ကျပ်၊ အရေပြား အနာဖြစ်၊ သွေးယိုတာတွေ။

မှိုရောဂါ ရှိနေတုံး ဒီဆေး မသုံးရပါ။ ကျောက်ကပ်၊ အူ၊ နှလုံးရောဂါရှိနေသူ၊ ဆီးချို၊ လည်ပင်းကြီး၊ သွေးတိုး၊ ရေယုံ၊ တီဘီရောဂါရှိနေသူတွေ ဒီဆေးသုံဘို့ အထူးသတိထားရမယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်လဲ သတိပြုပါ။ ဒီဆေးသောက်နေတုံး အရက်သောက် လျှော့ရမယ်။ ဆေးပေးထားသူတွေကို ဆားလျှော့စားဘို့၊ ပရိုတင်း နဲ့ ပိုတက်စီယမ် များများစားဘို့ ဆရာဝန်က ညွှန်ကြားမယ်။

Dexamethasone (ဒက်ဆာမီသဇုန်း) ဟာ Glucocorticoids ဆေးအုပ်စုဝင်တခုဖြစ်တယ်။ Steroid hormone ဆိုတာလဲ (ကော်တီဇုန်း) ဆေးဖြစ်တယ်။ လူကိုယ်ထဲမှာရှိတယ်။ ဓါတ်ခွဲခန်းမှာထုတ်တဲ့ Synthetic steroid hormones တွေကတော့
• Glucocorticoids: Alclometasone, Prednisone, Dexamethasone, Triamcinolone
• Mineralocorticoid: Fludrocortisone
• Vitamin D: Dihydrotachysterol
• Androgens: Apoptone, Oxandrolone, Oxabolone, Testosterone, Nandrolone (Anabolic steroids)
• Oestrogens: Diethylstilbestrol (DES)
• Progestins: Danazol, Norethindrone, Medroxyprogesterone acetate, 17-Hydroxyprogesterone caproate

ဒေါက်တာတင့်ဆွေ
၁၁-၁ဝ-၂ဝ၁ဝ
၂၈-၈-၂ဝ၁၃

Heat sensitivity သူများထက် အပူ မခံနိုင်ဖြစ်ခြင်း

Tue, Aug 27, 2013 at 3:03 PM
Q 1: ကျွန်မအသက် (၃ဝ)ခန့်ရှိပါပြီ။ အိမ်ထောင်မရှိအပျိုဖြစ်ပါတယ်။ ကျွန်မခန္ဓာကိုယ်အတွင်း၊ အပြင်မှာ အပူတွေများပြီး ပူလောင်နေသလို ခံစားနေရပါတယ်။ အဲလိုဖြစ်တာအမြဲတော့မဟုတ်ပါဘူး။ သုံးလလောက်နေမှတစ်ခါ ဖြစ်တာပါ။ နှစ်ပါတ်လောက်နေရင် ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဖြစ်နေတာတော့ ခန့်မှန်းချေ အသက် (၂ဝ) ကျော်ကတည်းကလို့ ထင်ပါတယ်။ ရောဂါလိုလည်းမဟုတ်တော့ ဆေးခန်းမပြမိပါဘူး။ အပူငြိမ်းဆေးတွေပဲသောက်ပါတယ်။ အပူများတဲ့အချိန်မှာ မျက်နှာမှာအပူဖုလေးတွေထွက်တာ အသားအရေတွေခြောက်သွားသလိုဖြစ်တာ စိတ်ညစ်မိပါတယ်။ ချွေးထွက်ရင်လည်း မျက်နှာမှာ အထွက်များပါတယ်။ ရေလည်းများများသောက်ပါတယ်။ အပူ၊ အငန်၊ အစပ်လည်း အရင်ကတည်းက မကြိုက်ပါ။ သက်သက်လွတ်စားနေတာ နှစ်နှစ်နီးပါးရှိပါပြီ။ ဖြစ်နိုင်ရင်သွေးလည်း အမြဲလှူချင်ပါတယ်။ နှစ်ကြိမ်ပဲ လှူခွင့်ရပြီး တစ်ကြိမ်က Pressure များနေလို့ပါ။ အဲလိုအပူတွေမများပဲ ပုံမှန်အတိုင်းဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်။ သွေးအမြဲလှူနိုင်အောင် ဘာတွေစားသောက်ပြီး ဂရုစိုက်သင့်တယ်ဆိုတာ လမ်းညွန်ပြီး ပြောပြပေးပါဦးနော်။

Q 2: ဆရာ ကိုယ်အပူချိန်က သူများတွေနဲ့ မတူပဲ လိုအပ်တာထက် ပိုပူနေပါတယ်။ အဲဒါကြောင့်လဲ လူက အရမ်း ပိန်နေလား မသိဘူး။ ညဘက်ဆို ပိုဆိုးပါတယ်ဆရာ။ တကိုယ်လုံးက ပူနေပြီး အဲကွန်း ဖွင့်တော့လဲ ချမ်းပြီး စောင်ခြုံထားရတယ်။ ဘာကြောင့် အဲလောက် အပူချိန်များနေရတာလဲ။ အပူကျအောင်ဆိုပြီး ရေလည်း အများကြီး သောက်တယ်။ ညဆိုပူတာက ပိုပြီးတော့ ဆိုးတယ်။ အမျိုးသားက ညဆို heat ကဘာဖြစ်လို့ ပိုများရတာလဲတဲ့။ အဲဒါ ဘယ်လို့လဲဆိုတာ အကြံပေးပါအုံး ဆရာ။ မေးမယ်လို့ စဉ်းစားနေတာကြာပြီ။ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ ဆရာကို ဒုက္ခများပေးသလို ဖြစ်နေမှာကြောက်လို့ပါ။ မြန်မာဆေးတွေလဲ စားဘူးတယ် ပိုပူလာသလိုခံစားရလို့ မစားတော့တာပါ။

ဆေးစာအရ ဖြစ်နိုင်တဲ့ အခြေအနေတွေ ဆယ့်လေး-ငါးခုရှိပါတယ်။ အကုန်ရေးပြနေရင် ဖြဲခြောက်သလိုဖြစ်မှာ စိုးတယ်။

သူများထက် အပူမခံနိုင် ဖြစ်နေတာကတော့ ကိုယ်ဝန်ဆောင်တာနဲ့ သွေးဆုံးသူများမှာ အဲလိုလာ ဖြစ်တတ်တယ်။ ဒီလို အခြေအနေတွေက သိသားပါတယ်။ မဟုတ်ရင် လည်ပင်းကြီးသဘောနဲ့ ဆိုင်နိုင်တယ်။ စစ်ဘို့လိုမှာကတော့ လည်ပင်းအကြိတ်ရောဂါ Thyroid diseases တွေ ဖြစ်ပါတယ်။

(သိုင်းရွိုက်) ရောဂါတွေထဲမယ် Goitre လည်ပင်းကြီးလို့ လူတွေက အလွယ်ခေါ်နေကြတဲ့ အရွယ်အစားကြီးနေတာ တခုထဲတော့ မဟုတ်ဘူး။ Thyroid ဟော်မုန်းတွေ များနေတာ၊ နည်းတာလည်း ပါတယ်။ ကင်ဆာ နဲ့ ကင်ဆာမဟုတ်တဲ့ အကြိတ်တွေလဲ ပါတာပေါ့။ အခုပြောနေတာက မေးတဲ့လူမှာ ဖြစ်နိုင်တာကို ဆိုလိုတာ မဟုတ်ဘူးနော်။ လည်ပင်းကြီး ဆိုတာကို ရှင်းနေတာပါ။

အပူ-အအေး နဲ့ ဆိုင်တာထဲမယ် Grave’s disease (Hyperthyroidism) နဲ့ Hashimoto’s thyroiditis (Hypothyroidism) ဆိုတာ ၂ မျိုး ရှိတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ကြတယ်။ Autoimmune thyroid diseases ခုခံအားစနစ်ကြောင့် (သိုင်းရွိုက်) အလုပ်တွေ ကမောက်ကမ ဖြစ်တာပါ။ HIV နဲ့တော့ နည်းနည်းလေးမှ မဆိုင်ပါ။

(ဟာရှိမိုတို) က အသက် ၃ဝ-၅ဝ အမျိုးသမီးတွေမှာ အဖြစ်ဆုံး။ မျိုးရိုးလိုက်နိုင်သေးတယ်။ ဒီထက် အသက်ကြီးသူတွေမှာ သွေးတိုးလဲရှိ၊ သွေးကြောမာ ရောဂါလဲရှိရင် (ဂရေ့ဖ်) ရောဂါဖြစ်နိုင်တယ်။ (သိုင်းရွိုက်) ဟော်မုန်းနည်းရင် အားယုတ်၊ စိတ်ကျ၊ ဘာလုပ်လုပ် နှေးကွေးသူမျိုး ဖြစ်စေတယ်။ (ဟာရှိမိုတို) ကတော့ ပြောင်းပြန်။ ဘာလုပ်လုပ် တက်ကြွသလား မမေးနဲ့။ နောက်ပြီး စိုးရိမ်တတ်တယ်။ နှလုံးခုန် မြန်နေမယ်။ စိတ်တိုမယ်။ ပိန်လာမယ်။ သွေးဖိအား တက်နိုင်တယ်။ ကြာရင် မျက်လုံးပြူးလာမယ်။ အပူမခံနိုင်ဘူး။ အတူအိပ်သူ ခင်ပွန်းကအရင် သတိထားမိတတ်တယ်။ ပြူတင်းပေါက်၊ ပန်ကာ၊ လေအေးစက်ကို ရောဂါရှိသူကသာ ဖွင့်ချင်နေလို့ပါ။

သေခြာအောင် Thyroid Function Test (Thyroid assay) သွေးစစ်ရတယ်။ Thyroid stimulating hormone (TSH) များပြီး၊ Thyroxine ဟော်မုန်း နည်းနေရင် (ဟာရှိမိုတို) ဖြစ်တယ်။ ပြောင်းပြန်ဖြစ်ရင် (ဂရေ့ဖ်) ရောဂါ။

ဖြစ်ရင်လည်း ကုလို့ရပါတယ်။ ဆရာ့မိတ်ဆွေတဦးရဲ့ဇနီး မျက်လုံးကို မြင်တာနဲ့ သံသယဝင်တာကြောင့် မေးကြည့်တယ်။ စိတ်တို၊ အိုက်တတ်၊ အလုပ်လုပ်ရင် ဟောဟောဒိုင်းဒိုင်း၊ လက်ကောက်ဝတ် သွေးခုန်တာ မြန်နေတယ်။ သွေးစစ်တော့ တွေ့ရော၊ ဆေးကုတာ ရိုးရိုးဆေးနဲ့ မရတာမို့ အနုမြူဆေးနဲ့ ကုရတယ်။ ကြားထဲမှာ ကိုယ်ဝန် ကံမကောင်းတာပါ ဖြစ်လိုက်ရရှာသေးတယ်။ အခု လုံးလုံးကောင်းသွားပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁ဝ
၂၈-၈-၂ဝ၁၃

Hepatitis Q and A အသဲရောင်ခြင်း အမး-အဖြေ

Tue, Aug 27, 2013 at 10:21 AM
အမေးများ -
(၁) Hepatitis ရောဂါတွေဟာ ဘယ်အကြောင်းတွေကြောင့် ဖြစ်တာပါလဲ။
(၂) ဘယ်လိုကာကွယ်သင့်ပါသလဲ။
(၃) ကာကွယ်ဆေးကို ဘယ်နှစ်ကြိမ်လောက်ထိုးမှ စိတ်ချရပါသလဲ။
(၄) မြန်မာနိုင်ငံမှာ Hepatitis A, B, C မှာ ဘယ်အမျိုးအစားက ဖြစ်တာများနေပါသလဲဆရာ။
(၅) သေဆုံးမှုအများဆုံးက ဘယ်အမျိုးအစားပါလဲဆရာ။
(၆) မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုနှုန်း သေဆုံးနှုန်း ဘယ်လောက်ရှိပါသလဲ။

အဖြေများ -
1. အသဲရောင်ရောဂါတွေဖြစ်ကြတဲ့ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး အားလုံးက ကူးစက်ရောဂါတွေဖြစ်ကြတယ်။ ဗိုင်းရပ်စ် အများမျိုးကြောင့် ဖြစ်ရတယ်။
2. ကူးစက်နည်းတွေအလိုက် ကာကွယရမယ်။ ကာကွယ်ဆေးရှိတဲ့ အမျိုးအစားတွေဆိုရင် ကာကွယ်ဆေးထိုးထားနိုင်တယ်။ (စီ) ပိုးမှာ ကာကွယ်ဆေး မပေါ်သေးဘူး။ (အေ) က အများဆုံးဖြစ်ပြီး ပါးစပ်ကနေဝင်တဲ့ အစားအသောက်နဲ့ ရေကို သတိထားရတယ်။ (အေ) အတွက် ကာကွယ်ဆေးက လူဆိုင်းထိုးဘို့မလိုဘူး။
3. ကာကွယ်ဆေးထဲမှာ အဓိက (ဘီ) အတွက်သာ သတိထားပြီး ဆေးပါတ်လည်အောာင်ထိုးဘို့ သတိထားရမယ်။ ရောဂါကလဲဆိုးလို့ဖြစ်တယ်။ ဆေးထိုးနည်း စာတပုဒ်ရေးထားပါတယ်။ မိခင်မှာ (ဘီ) ပိုးရှိနေရင် မေးလာမဲ့ကလေးကို ပုံမှန် (ဘီ) ကာကွယ်ဆေးအပြင် နောက်တမျိုးကိုပါ မွေးပြီး ၁၂ နာရီအတွင်း ထိုးရမယ်။ တကြိမ်တည်းဖြစ်တယ်။ အလားတူ ဆရာဝန်၊ ဆရာမ၊ ဓါတ်ခွဲခန်းမှာလုပ်သူတွေ (ဘီ) ပိုးပါတဲ့သွေးဝင်မိတယ်ဆိုရင် အဲဒီ ဆေးမျိုး ချက်ချင်း ထိုးရတယ်။ ဆေးအဆက များတယ်။ ဈေးအလွန်ကြီးတယ်။ (အေ) ကာကွယ်ဆေးကို တချို့နိုင်ငံတွေမှာသာ အကန့်အသတ်နဲ့ ထိုးကြတယ်။ (စီ) ကာကွယ်ဆေး မပေါ်သေးပါ။
4. (အေ) က အများဆုံးဖြစ်တယ်။
5. ကုသရခက်တဲ့ (ဘီ) နဲ့ (စီ) ကြောင့် ဆက်ဖြစ်ရတဲ့ အသဲအလုပ်မလုပ်နိုင်တဲ့အခါမှာသာ သေနိုင်တယ်။ အသဲ အလုပ် မလုပ်နိုင်တာအပြင် ဆက်ဖြစ်လာနိုင်တဲ့ အသဲခြောက်တာနဲ့ အသဲကင်ဆာကြောင့် သေကြရတာက များတယ်။ (ဘီ) ရော (စီ) က သိပ်မကွာလှဘူး။ အသဲရောင် သပ်သပ်ကြောင့်တော့ မသေဘူး။
6. မြန်မာပြည်က ကိန်းဂဏန်းကို ဆရာမသိပါ။ မြန်မာနိုင်ငံတွင် ဘီပိုးတွေ့ရှိသူ လေးဆခန့်မြင့်တက်လာဆိုတဲ့ သတင်းကို ၇-၁၂-၂ဝ၁၂ နေ့က ဖတ်ရပါတယ်။

Hepatitis အသဲရောင်ခြင်း အမျိုးမျိုး
အရက်နဲ့ ဆေးတွေကြောင့် ဖြစ်နိုင်ပေမဲ့ အများဆုံးက (ဗိုင်းရပ်စ်) ပိုးတွေကြောင့် အသဲရောင်ရောဂါ ဖြစ်ရတယ်။ အဖြစ်အများဆုံးက (အေ) ပိုးကြောင့်ဖြစ်တယ်။ အရင်က အသဲရောင်တယ်ဆိုရင် ဒီတခုထဲရှိတယ် ထင်မှတ်ခဲ့ကြတယ်။ ပိုဆိုးတဲ့ (ဘီ) နဲ့ (စီ) တွေ ထပ်တိုးသိလာတယ်။ (ဒီ) နဲ့ (အီး) ကို သိပ်မပြောကြသေးပါ။

• Hepatitis Symptoms အသဲရောင်ရောဂါ လက္ခဏာတွေ
တချို့မှာ ပိုးဝင်တာခံနေရပေမဲ့ ကနဦးအဆင့်မှာ ဘာမှ မဖြစ်သလို နေနိုင်တယ်။ ခံစားရရင် (အေ-ဘီ-စီ) ကြောင့် ဖြစ်တာတိုင်း အားယုတ်၊ ပျို့ချင်၊ အန်ချင်၊ မစားချင်၊ ဗိုက်အောင့်၊ အသား-ဆီးဝါတာတွေ ခံကြရမယ်။ (ဘီ) နဲ့ (စီ) အဝင် ခံနေရသူတွေ နာတာရှည်အဆင့် ရောက်လာပေမဲ့ နှစ်နဲ့ချည်ပြီး လူကောင်းလိုလို နေနိုင်တယ်။ ဖြစ်ပြီဆိုရင်တော့ အသဲက သိပ်မကောင်းတော့ဘူးလို့ ပြောနိုင်တယ်။

• Hepatitis A အသဲရောင် (အေ)
အလွန်ကူးစက်မြန်တယ်။ သာမန်ကာရှန်ကာပါဘဲ။ တချို့ဖြစ်နေတာတောင် မသိကြဘူး။ အလိုလိုပိုးကလဲ ရှင်းသွာမယ်။ အစာနဲ့ ရေကနေကူးစက်တယ်။ "စအိုကနေထွက်ပြီး ပါးစပ်ကနေဝင်နည်း" နဲ့ ကူးစက်တဲ့ရောဂါတွေထဲက တခုဖြစ်တယ်။ သူ့ဖါသူ ပျောက်ပါမယ်။ ဆေးမလိုဘူးပြောရင် ရတယ်။ ရေ-အရည် များများသောက်ပါ။ အရည်ဆိုတာ အရက်မပါဘူး။ အနားယူပါ။

• Hepatitis B အသဲရောင် (ဘီ)
ဖြစ်စ သိပ်ဆိုးတာ မခံစားရဘူး။ မကြာခင် နေကောင်းသွားမယ်။ ကလေးတွေဖြစ်ရင် ဆိုးတယ်။ တနှစ်အောက်ကလေးတွေ ၉ဝ% မှာ တသက်လုံး ပိုးရှိနေလိမ့်မယ်။ ကြာရင်တော့ Liver damage အသဲထိခိုက်၊ Liver failure အသဲ အလုပ် မလုပ်နိုင်တာ နဲ့ Liver cancer အသဲ-ကင်ဆာဖြစ်လာနိုင်တယ်။ ပိုးရှိတဲ့ သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေ ကိုယ့်သွေးထဲ ဝင်တဲ့နည်းတွေနဲ့ ကူးစက်တယ်။ အမေရိကားမှာတော့ အကာအကွယ်မပါတဲ့ လိင်ဆက်ဆံမှုကနေ အတော်များများ ကူးစက်နေတယ်။ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓါး၊ သွားတိုက်တံ စတာတွေ အတူတွဲသုံးတာကနေလဲ ကူးနိုင်တယ်။ မအေကနေ မွေးလာတဲ့ ကလေးကိုလဲ ကူးတယ်။ လိင်ဆက်ဆံဘက် အဖေါ်များသူတွေ၊ မူးယစ်ဆေး ထိုးသူတွေ၊ ဆေးရုံ-ဆေးခန်း-ဓါတ်ခွဲခန်းတွေမှာ အလုပ်လုပ်သူတွမှာ ပိုဖြစ်နိုင်တယ်။

• Chronic Hepatitis B နာတာရှည် အသဲရောင် (ဘီ)
ဆေးကုတာရဲ့ ရည်ရွယ်ချက်က ပိုးတွေကို ထိန်းထားဘို့၊ အသဲကို မထခိုက်စေဘို့ဖြစ်တယ်။ ဆေးစစ်တာ ပုံမှန် လုပ်နေရမယ်။ Antiviral medications ဗိုင်းရပ်စ် ဆေးကို တချို့အတွက်ပေးမယ်။ ဆရာဝန်က ဆုံးဖြတ်ပါမယ်။

• Hepatitis C အသဲရောင် (စီ)
ပိုးအဝင်ခံရသူထဲက ၂၅% ဖြစ်ကာစနောက်မှာ ပိုးကင်းသွားနိုင်တယ်။ ကျန်တဲ့သူတွေက ပိုးနဲ့နေကြမယ်။ နာတာရှည် Chronic hepatitis C ကြောင့် ဆိုးဝါးတဲ့ ဆက်တွဲဖြစ်မှာတွေရှိတယ်။ သက်သာစေမဲ့ ဆေးကုနည်းတွေ ရှိပါတယ်။ သွေးကနေ အများဆုံး ကူးစက်တယ်။ သွေးသွင်းတာ၊ ဆေးထိုးအပ် အတူသုံးတာ၊ ထိုးကွင်းမင်ကြောင်ထိုးတာ၊ လှချင်လို့ ကွင်းတပ်ဆင်တာ၊ သိပ်မများပေမဲ့ မအေကနေ ကလေးကူးတာတွေ ဖြစ်နိုင်တယ်။ လိင်ကနေကူးတာလဲ များတော့မများဘူး။ လိင်ဆက်ဆံဘက် များရင်၊ HIV ပိုးရှိနေရင် ဖြစ်ဘို့ ပိုများတယ်။

• Chronic Hepatitis C နာတာရှည် အသဲရောင် (စီ)
အများဆုံး သုံးတဲ့ဆေးက Antiviral medications ဗိုင်းရပ်စ်ဆေးတွေဖြစ်တဲ့ Interferon ထိုးဆေး နဲ့ Ribavirin စားဆေးကို ရောပေးတယ်။ လူနာတဝက်လောက်မှာ ပျောက်တာဖြစ်ဖြစ် ထိန်းထားနိုင်တာဖြစ်ဖြစ် ရတာတွေ့ရတယ်။ ဒါပေမဲ့ ဘေးထွက်-ဆိုးကျိုးတွေတော့ ခံရမယ်။ လူတိုင်းကိုလဲ ပေးမရဘူး။

• Hepatitis Diagnosis ဘယ်လိုလုပ် ရောဂါမှန်းသိမလဲ
Chronic hepatitis နာတာရှည် အသဲရောင်နေသူတွေ အများစုက ရောဂါက အထဲမှာ နှစ်တွေများစွာ တိတ်တိတ်လေး ဒုက္ခပေးနေတယ်။ ရောဂါနာမည်ရှာ၊ အသေအခြာစောင့်ကြည်။ လိုအပ်ရင် ဆေးကုတာတွေ မလုပ်ရင် တနေ့မှာ ဆိုးဝါးတဲ့ အခြေအနေကို ရောက်လိမ့်မယ်။ ကံကောင်းတာက သွေးစစ်တာနဲ့ ဘာဆိုတာသိနိုင်တယ်။

• Complications နောက်ဆက်တွဲတွေ ဘာဖြစ်နိုင်သလဲ
- Cirrhosis အသဲခြောက်ရောဂါ အများဆုံးဖြစ်တယ်။ အသဲမှာ အမာရွတ်လို ဖြစ်တဲ့သဘောဘဲ။ Biopsy အသားစ ထုတ်ယူစစ်ဆေးနည်းနဲ့ သေခြာအောင်သိမယ်။ အသဲက အရင်လို သူလုပ်ရမဲ့ အလုပ်တွေ မလုပ်နိုင်ဖြစ်လာမယ်။ လုံးဝ မလုပ်နိုင်တော့တဲ့အဆင့် ရောက်လာနိုင်တယ်။ အားယုတ်၊ ပျို့၊ ပိန်၊ ရေဖျင်းစွဲ၊ ခြေထောက်ရောင်၊ အသား-ဆီးဝါတာတွေ ဖြစ်လာမယ်။ စိတ်ပါ မကြည်လင် ဖြစ်လာမယ်။
- Liver Cancer အသဲ-ကင်ဆာ ဖြစ်စေတဲ့အကြောင်းရင်းမှာ အသဲရောင်ခြင်းဟာ ထိပ်မှာနေတယ်။ နာတာရှည် အသဲရောင်သူတွေကို စောင့်ကြည့်နေရတာထဲမှာ ဒါလဲပါတယ်။ သွေးစစ်နေရင်း သိလာမယ်။ Ultrasounds, CT scans နဲ့ MRIs ကနေလဲ သိမယ်။ Biopsy နဲ့သေခြာစေမယ်။

• ဘာလုပ်ရမလဲ
- Hepatitis A သာဆိုရင် လက်ကိုသာ မကြာမကြာဆေးပါ။ B နဲ့ C ဆိုရင် လူအသုံးအဆောင် မှန်သမျှ သီးသန့်သုံးပါ။ အိမ်ရှိလူကုန် (ဘီ) ကာကွယ်ဆေးထိုးထားပါ။ အသဲအထူးကုဆရာဝန်ပြပါ။
- Monitoring Chronic Hepatitis နာတာရှည် အသဲရောင်တာကို စောင့်ကြည့်ခြင်း
နာတာရှည် အသဲရောင် (ဘီ) နဲ့ (စီ) အတွက် မလုပ်မဖြစ် လုပ်ရမယ်။ သွေးပုံမှန်စစ်နေရမယ်။ အသဲအခြေအနေကို သိချင်လို့ဖြစ်တယ်။ Ultrasounds နဲ့ CT scans တွေလဲလိုမယ်။ အသဲအခြေအနေ သင့်နေသမျှ နောက်ထပ်ဆေးကုဘို့ မလိုသေးဘူး။
- Liver Transplant အသဲအစားထိုးခြင်း
အသဲဆိုတာ ဇီဝဖြစ်စဉ်၊ အစာခြေစနစ်၊ အဆိပ်အတောက် ဖယ်ရှားရေးနဲ့ အရေးပါတဲ့ (ပရိုတင်း) တွေ လုပ်ပေးတာတွေ ဆောင်ရွက်ပေးတယ်။ လိုသလောက် မလုပ်နိုင်တော့ရင် မဖြစ်ဘူး။ အသဲအစားထိုးတာ လုပ်ရတော့မယ်။

• Hepatitis A and B Vaccines (အေ) နဲ့ (ဘီ) အတွက် ကာကွယ်ဆေး
အမေရိကားမှာ အသဲရောင်ပေါတဲ့ အရပ်ဒေသတွေ မသွားခင် ၁၂ လကနေ ၂၃ လအရွယ် ကလေးတွေကို (အေ) ကာကွယ်ဆေး ထိုးစေတယ်။ နာတာရှည် အသဲရောင် (ဘီ) နဲ့ (စီ) ရှိသူတွေလဲ ရောဂါမပြီးလောက်သေးဘူးဆိုရင် ထိုးထားသင့်တယ်။ (ဘီ) ကာကွယ်ဆေးကို မွေးကာစကနေ စထိုးရမယ်။ လူကြီးတွေလဲ ကူးနိုင်တဲ့အန္တရာယ်ရှိရင် ထိုးရမယ်။ (စီ) ကာကွယ်ဆေး မရှိသေးပါ။

• Protecting Your Liver အသဲကို ဘယ်လို ကာကွယ်မလဲ
နာတာရှည် အသဲရောင်နေသူတိုင်း အရက် မသောက်ပါနဲ့။ ဆေးသောက်တာလဲ ဆရာဝန်ညွှန်မှသာသောက်ပါ။ ပုံမှန် ဆေးစစ်နေပါ။

• STDs လိင်ဆက်ဆံခြင်းနဲ့ အသဲရောင်ရောဂါ
ယောက်ျားချင်း လိင်တူဆက်ဆံရင် ၁ဝ-၁၅ ဆ ပိုကူးစက်နိုင်တယ်။ အသဲရောင်ရောဂါတွေကို လိင်ကတဆင့် ကူးစက်နိုင်တာ ယောက်ျား-မိန်းမ အတူတူဘဲ။ အသဲရောင် (ဘီ) ဟာ HIV ထက် လိင်ကတဆင့် အဆ ၁ဝဝ ပိုကူးစက်နိုင်တယ်။ အသဲရောင် (အေ)၊ (ဘီ) ရော (စီ) ပါ လိင်ကတဆင့် ကူးစက်နိုင်ပေမဲ့ (စီ) ကအဖြစ် အတော်နည်းပါတယ်။

၂၁-၂-၂ဝ၁၂ နေ့ကသတင်းမှာ အသဲရောင် (စီ) ကြောင့်သေဆုံးရတာက HIV ကြောင့်သေရတာထက် များနေတယ်လို့ ပါတယ်။ ဒါက အမေရိကားမှာပါ။ ဒီရောဂါ ၂ မျိုးလုံးက ကူးပုံကူးနည်းတွေ တူကြတယ်။ သွေး-ဆေးထိုအပ်၊ မိခင်ကနေ ကလေး၊ လိင်ဆက်ဆံမှု (HIV က ပိုများတယ်) တွေကနေ ကူးစေတယ်။ ဆေးသစ် ၂ မျိုးပေါ်လာတယ်။ Protease inhibitors ခေါ်တယ်။ လက်ရှိသုံးနေတဲ့ Pegylated interferon နဲ့ Ribavirin တွေထက် ထိရောက်တာ တွေ့နေရတယ်။ ဒါပေမဲ့ Protease inhibitors အမျိုး ဆေးသစ် (Victrelis) က တပါတ်စာကို $1,100 ကုန်ကျတယ်။ ဆေးသစ် (Incivek) က တပါတ်စာ $4,100 ကျတယ်။ ကုန်ကျစရိတ်သာမကာ ဘေးထွက်-ဆိုးကျိုးတွေလဲ ကြည့်ရတယ်။ သုတေသနတွေ လုပ်နေဆဲဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၅-၃-၂ဝ၁၂
၂၈-၈-၂ဝ၁၃

Monday, August 26, 2013

Caffeine (ကေဖင်း) ရဲ့ဆေးစွမ်းသတ္တိများ

လက်ဖက်၊ လက်ဖက်ရည်နဲ့ ကော်ဖီတွေထဲမှာပါတဲ့ (ကေဖင်း) ဓါတ်ရဲ့သတ္တိတွေအကြောင်း ခပ်တိုတိုလေးရေးပါရစေ။

လေ့လာမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ထားပြီးပြီ။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေကို ကောင်းကောင်းသိနေပါပြီ။ အသင့်အတင့်စားသုံးရင် ရေတိုမှာ ခေါင်းကိုက်၊ ပျို့ချင်၊ စိုးရိမ်စိတ် စတာတွေ ပါတယ်။ ရေရှည်ဆိုရင် Parkinson (ပါကင်ဆိုနစ်ဇင်) ရောဂါ၊ ဆီးချို (၂)၊ အသဲရောဂါ၊ နှလုံး-သွေးလွှတ်ကြောရောဂါတွေ သက်သာစေတာတွေ့ရတယ်။ ဗဟိုအာရုံကြောစနစ်ကို နိုးဆွပေးနိုင်လို့ နှလုံးကြွက်သားနဲ့ အနုစားကြွက်သားတွေကို ပြေလျှော့စေတယ်၊ အစာခြေရည် ပိုထွက်မယ်၊ ဆီးပိုသွားစေမယ်။

Positive effects အပေါင်းသဘောဆောင်တဲ့ အကျိုးတွေ -
• ရေရှည် များများသုံးစွဲရင် နှလုံး-သွေးကြောရောဂါနဲ့ ဆီးချိုရောဂါတွေ အဖြစ်နည်းမယ်။
• Neurotransmitters ခေါ်တဲ့ အာရုံကြောတွေကို နိုးဆွပေးလို့ Acetylcholine, Dopamine, Serotonin, epinephrine and Glutamate တွေပိုထွက်လာမယ်။
• Acetylcholine ဆိုတာ သတိထားမှု၊ အာရုံစူးစိုက်မှု၊ လေ့လာမှု၊ မှတ်ဥာဏ်တွေအတွက် အသုံးဝင်တယ်။
• Increased alertness သတိရှိမှုပိုမယ်။
• Decreased fatigue အားယုတ်တာ သက်သာမယ်။
• Increase the metabolic rate ကိုယ်ခန္ဓာအလုပ်တွေ ပိုစေမယ်။
• Cancer ကင်ဆာဖြစ်မှာလဲ နည်းစေနိုင်တယ်။
• Parkinson's disease (ပါကင်ဆိုနဇင်) ရောဂါ အဖြစ်နည်းစေမယ်။
• Type 2 diabetes ဆီးချို အမျိုးအစား (၂) အဖြစ်နည်းတယ်။
• Hepatic cancers အသဲကင်ဆာ အဖြစ်နည်းတယ်။
• Antioxidant activity အဆိပ်အတောက် ဖယ်ရှားရေး အားပေးတယ်။ Negative effects အနုတ်သဘောဆောင်တာတွေ -
• increase blood pressure သွေးဖိအား များစေမယ်။
• High blood pressure သွေးတိုးရှိနေသူတွေမှာ Strokes, Cerebral vascular disease နောက်ဆက်တွဲ ဖြစ်တာတွေ များစေမယ်။
• Reduce control of fine motor movements အသေးစိတ် ကြွက်သားလှုပ်ရှားမှုကို လျှော့စေလို့ လက်တုံမယ်။
• Cortisol secretion (ကော်တီဇော) ထုတ်ပေးတာကို များစေမယ်။
• Increased insomnia မအိပ်ချင်ဖြစ်မယ်။
• Addictive စွဲစေတယ်။
• Caffeine withdrawal ဖြတ်လိုက်ရင် Headache ခေါင်းကိုက်၊ Fatigue အားယုတ်၊ Decreased alertness သတိရှိမှုနည်းစေမယ်။
• Caffeine 300 mg ထက်များရင် anxiety စိုးရိမ်စိတ်ဖြစ်မယ်။
• Auditory hallucinations နားထဲကနေ သူများမကြားတာကို ကြားနေတာမျိုး ဖြစ်နိုင်တယ်။
• Bone loss at the spine အသက်ကြီးအမျိုးသမီးတွေ ခါးရိုးအားနည်းမယ်။

Coffee mix သော်ရင်ရောအာနိသင်တူပါသလားဆရာ။

Coffee Mix စတဲ့ ကော်ဖီ (ကေဖင်း) နဲ့ တခြားဟာတွေပါ ရောထားတာတွေကို ကျန်းမာရေး ဘက်ကနေ ပြောရရင် နဲနဲရှုတ်ထွေးတယ်။ တခြားပါတာတွေကိုလဲ စစ်ဆေးပြီး အဆိုး-အကောင်းတွေကိုပါ ထည့်ပြောရမယ်။ ကော်ဖီမစ် တွေကို သတိပေးချက်တွေရှိတယ်။ အတူတူပါဘဲ လက်ဖက်တွေကို အထားခံအောင်၊ အမြင်လှအောင်၊ အရသာကဲအောင် တခြားဟာတွေထည့်ကြတော့ အဲတာတွေ တခုချင်းရဲ့ အဆိုး-အကောင်းတွေကိုပါ စဉ်းစားရပါတယ်။

Coffee Mix, Instant Coffee (ကော်ဖီမစ်)၊ (အင်းစတင့်ကော်ဖီ) တွေရဲ့ အာဟာရတန်ဘိုး
• 1 pouch, 200 gm ၁ ထုပ် = ၂ဝဝ ဂရမ်၊
• Calories (ကလိုရီ) = 55
• Calories from Fat အဆီကရတဲ့ အဆီ = 18
• Total Fat စုစုပေါင်းအဆီ = 2.0g 3%
• Saturated Fat ပြည့်ဝအဆီ = 2.0g 10%
• Polyunsaturated Fat, Monounsaturated Fat မပြည့်ဝအဆီ = 0.0g
• Cholesterol (ကိုလက်စထော) = 0mg 0%
• Sodium (ဆိုဒီယမ်) ဆား = 10mg 0%
• Carbohydrates (ကစီဓါတ်) = 9.0g 3%
• Dietary Fiber (ဖိုင်ဘာ) = 0.0g 0%
• Sugars သကြား = 5.0g
• Protein (ပရိုတင်း) = 0.0g
• Vitamin A ဗီတာမင် (အေ) = 0%
• Vitamin C ဗီတာမင် (စီ) = 0%
• Calcium (ကယ်လ်စီယမ်) = 0%
• Iron သံဓါတ် = 0%

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၃

Caffeine in Tea (ကေဖင်း) နဲ့ လက်ဖက်

ဆရာရှင့် လက်ဖက်မှာ ကဖင်းဓါတ်ပါ ပါသလား။ ကေဖင်းဓါတ်ပါတဲ့ အစားအသောက်များကို ပြောပြစေလိုပါတယ်ရှင်။

• Caffeine (ကေဖင်း) ဓါတ်ဟာ သဘာဝအအားဖြင့် ကော်ဖီနဲ့ လက်ဖက်ခြောက်ထဲမှာ ပါနေတယ်။
• လက်ဖက်ရည်ကတော့ ၄ မျိုးရှိတယ်။ Green tea, Oolong tea, White tea နဲ့ Black tea တွေဖြစ်တယ်။
• လက်ဖက်မှန်သမျှ Camellia Sinensis အပင်ကနေရာပါတယ်။
• (ကေဖင်း) ဘယ်လောက်ပါသလဲဆိုတာက အမျိုးမျိုးရှိတယ်။ လက်ဖက်ရည်တခွက်ထဲမှာ ယေဘုယျဆိုရင် 15 to 75 mg ပါတယ်။ အရွက်သပ်သပ်ဆိုရင် အလေးချိန်ရဲ့ ၃% ရှိတယ်။
• အကြမ်းအားဖြင့် ကော်ဖီ တခွက် (၈ အောင်စ) ထဲမှာ 90mg (ကေဖင်း) နဲ့ လက်ဘက်ရည် အထုပ်လေးတွေနဲ့ သောက်ရတဲ့ တခွက် (၈ အောင်စ) ထဲမှာ 65mg ပါတယ်။
• Green Tea လက်ဖက်ရည်တခွက် (၈ အောင်စ) ထဲမှာ (ကေဖင်း) 15-36 mg ပါတယ်။ (ကေဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။
• Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 - 55 mg ပါတယ်။
• White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 - 25 mg ပါတယ်။
• Black Tea လက်ဖက်ရည်ခါးထဲမှာ 25 - 110 mg ပါတယ်။
• Instant coffee ထဲမှာ 65-100mg ပါတယ်။
• Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ ကော်ဖီထဲမှာ 100 (ကေဖင်း) ပါတယ်။
• Beverages ခေါ်တဲ့သောက်စရာအရည်အမျိုးမျိုးထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Soft drinks ခေါ်တဲ့အချိုရည်၊ Energy drinks ခေါ်တဲ့ အားကစားသမားတွေသောက်တဲ့ အချိုရည်တွေထဲမှာ (ကေဖင်း) ဓါတ်ပါတယ်။ တချို့ အမျိုးအစားတွေထဲမှာတော့ ကေဖင်း မပါဘူး။
• Soft drink တွေထဲမှာ Soda, Pop, Coke, Soda pop, Fizzy drink, Tonic, Seltzer, Mineral, Sparkling water, Lolly water နဲ့ Carbonated beverage စတာတွေပါတယ်။
• Alcoholic beverages အရက်တချို့ ဥပမာ Four Loko ထဲမှာ Caffeine (ကေဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ပါတယ်။
• မြန်မာတွေ နေ့တိုင်းစားနေကြတဲ့ လက်ဖက်သုပ်အမျိုးမျိုးထဲမှာလဲ (ကေဖင်း) ဓါတ် အသေအချာပါပေမဲ့ ဘယ်လောက်အထိ အလေးချိန်၊ ရာခိုင်နှုန်းပါသလဲဆိုတာ သုတေသန သိပ်မတွေ့ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၃

Cyproheptadine ဝချင်လို့ပေးတဲ့ဆေး

Mon, Aug 26, 2013 at 10:15 AM
ပုံပါတွဲပို့ပေးလိုက်ပါတယ်ဆရာ။ ဆေးသုံးမျိုးပါ။ သမီးက ဝချင်တယ်ဆိုလို့ ဆရာမက အဲဒီဆေးတွေသောက်ခိုင်းပါတယ်။ အဖြူရောင်ဆေးကဒ်ကတော့ စားဝင်အိပ်ပျော်တဲ့ဆေးတဲ့။ နောက်ကျောဘက်ကိုပါ ဆေးနာမည်မြင်ရအောင် ရိုက်ပေးထားပါတယ်။ အနီရောင်ဆေးတောင့်ကတော့ အားဆေးတဲ့ စွဲသောက်လို့ ရပါတယ်တဲ့။ အဖြူရောင် တစ်လုံးတည်းကတော့ ဝတဲ့ဆေးတဲ့။ cox လို့ ရေးထားပါတယ်။ သူကတော့ စွဲသောက်ဖို့မသင့်ပါဘူးတဲ့ဆရာ။ ပထမ ၂ မျိုးကတော့ တစ်နေ့ကို ၁ လုံးပဲ သောက်ရပါတယ်။ နောက်ဆုံးတစ်မျိုး cox ကတော့ တစ်နေ့ကို မနက်တစ်လုံး ညတစ်လုံး သောက်ရပါတယ်။ အဲဒီဆေးက သောက်ပြီး တစ်ပတ်လောက်ကြာရင် မျက်နှာဖောင်းလာပါတယ်။ စားလို့အိပ်လို့လဲ တော်တော်ကောင်းပါတယ်။ လူလည်း ဝလာပါတယ်။ ဒါပေမယ့် ဖြတ်လိုက်ရင် သိသိသာသာကြီး ပြန်ပိန်သွားပါတယ်။ စွဲသောက်ဖို့မသင့်လို့သာ ဖြတ်လိုက် သောက်လိုက် လုပ်ကြည့်တာပါ။ အမြဲတမ်းဝချင်ပါတယ်။ ဘေးဥပါဒ် မဖြစ်စေတဲ့ ဆေးမျိုး သောက်ချင်ပါတယ်။ အခုပို့ထားတဲ့ဆေးတွေကို ကြည့်ပြီး ဘယ်ဆေးက ဘယ်လိုဆိုတာ ပြောပြပေးပါလားဆရာ။

• Cyproheptadine ဆေးဟာ Antihistamine ခေါ်တဲ့ အင်တီ-ဟစ်စတမင်း ပဌမမျိုးဆက် ဆေးအုပ်စုဝင် ဖြစ်တယ်။
• (အလာဂျီ) ရတာကိုကုသနိုင်တယ်။ ဒါ့အပြင် ဒီဆေးမှာ Anticholinergic, Antiserotonergic နဲ့ Local anesthetic ဆေးသတ္တိတွေလဲရှိတယ်။
• Hay fever ခေါ်တဲ့ မတည့်တာနဲ့တွေလို့ မျက်ရည်တွေကျ၊ နှာချေ၊ နှာရည်ယို၊ ယားယံတာကို အဓိကသုံးတယ်။ Nightmares ခေါ်တဲ့ အိပ်မက်ဆိုးတွေမက်တာကိုလဲ ပေးတယ်။ အထူးသဖြင့် Post-traumatic stress disorder စိတ်ထိခိုက်မှုကြုံရပြီးနောက် ခံစားရတာကို ပေးနိုင်တယ်။
• နဲနဲဆိုးတဲ့ Serotonin syndrome ခေါ်တဲ့ Selective serotonin reuptake inhibitors နဲ့ monoamine oxidase inhibitors ဆေးတွေပေးရတာကို သက်သာစေအောင်လဲသုံးတယ်။ Serotonin producing carcinoid tumour ကင်ဆာတမျိုးကြောင့် Serotonin ဓါတ်ထွက်တာကို သက်သာစေဘို့မှာလဲ သုံးတယ်။
• ကလေးတွေမှာ Migraine (မိုက်ဂရင်း) ခေါင်းမူးရောဂါကိုကာကွယ်ဘို့လဲသုံးနိုင်တယ်။
• SSRI စိတ်ကျဆေးသုံးရလို့ဖြစ်ရတဲ့ Sexual dysfunction လိင်ပိုင်းဆိုင်ရာအားနည်းချက်ကိုသက်သာအောင်လဲ သုံးနိုင်သေးတယ်။
• Drug-induced hyperhidrosis ဆေးကြောင့် ချွေးထွက်များလွန်းတာမှာလဲ ပေးတယ်။
• Cyclical vomiting syndrome အန်တဲ့ရောဂါကိုလဲပေးတယ်။
• ရေရှည်သုံးသူတွေမှာ (ကလေး၊ လူကြီး၊ တိရစ္ဆာန်) အစာစားချင်စိတ်တွေတိုးပြီး၊ လူ (အကောင်) က ကိုယ်အလေးချိန်တိုး လာတယ်။ ပိန်တဲ့သူတွေအတွက် ဆေးနည်းအဖြစ်ပေးလေ့ရှိတယ်။
• ဒီဆေးပေးရင် အိပ်လို့ကောင်းတယ်၊ စိတ်တည်ငြိမ်တယ်၊ စိတ်သက်သာရစေတယ်။ တကယ့် စိတ်ရောဂါ ရှိရင်တော့ မထူးခြားဘူး။

Adverse effects ဘေးထွက်-ဆိုးကျိုးတွေ
• Drowsiness အိပ်ချင်မယ်၊
• Dizziness ခေါင်းမူး၊
• Blurred vision မျက်စိကြည့်မကောင်း၊
• Constipation ဝမ်းချုပ်၊
• Dry mouth, throat, or nose အာခေါင်၊ လည်ပင်း၊ နှာခေါင်းခြောက်၊
• Excitability စိတ်တက်ကြွ၊
• Nausea ပျို့ချင်၊
• Nervousness စိတ်လှုပ်ရှား၊
• Restlessness ဂနာမငြိမ်ဖြစ်၊
• သုတေသနတခုအရ 8–12 mg ကို ၅ ရက်ပေးရင်၊ ကြီးထွားဟော်မုန်းထုတ်တာ နည်းတယ်လို့ သိရတယ်။

ဒီဆေး မပေးသင့်သူတွေ -
• Any chronic disease နာတာရှည်ရောဂါရှိနေသူ၊
• Glaucoma မျက်စိရေတိမ်၊
• Prostate disease ယောက်ျားဆီးကျိတ်ရောဂါ၊
• Ulcers or other stomach problems အစာအိမ်လေနာ၊
• Pregnant or trying to get pregnant ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ဝန်ဆောင်ဘို့အလားအလာရှိနေသူ၊
• Breast-feeding ကလေးနို့တိုက်နေသူတွေ ဒီဆေးမပေးသင့်ပါ။ Cyproheptadine ကို (Cypon) (Periactin) (Peritol) စတဲ့နာမည်တွေနဲ့ရောင်းတယ်။ ဆေးပြား၊ ဆေးရည်၊ အစက်ချဆေးအနေနဲ့ လာတယ်။ ကလေးတွေ အစာစားချင်အောင် Cypon (Cyproheptadine) 4-8 mg ဒါမှမဟုတ် 10-20 drops တနေ့ ၃ ကြိမ်ပေးတယ်။

Special Alerts အထူးသတိပေးချက်
FDA အမေရိကန် အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ အထူးသတိပေးချက်တခုကို ၉-၁ဝ-၂ဝဝ၈ နေ့က ထုတ်ထားတယ်။ သူတို့ဆီမှာ ရောင်းကုန်နာမည် Periactin အနေနဲ့လာတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၃

Sunday, August 25, 2013

Osteoporosis အရိုးပါးရောဂါ

Post Before “read more” Sun, Aug 18, 2013 at 9:43 PM ကျွန်တော့် အမေက ရန်ကုန်မှာနေပါတယ်။ အသက်က ၅၈ နှစ်ရှိပါပြီ။ ရောဂါဖြစ်တာက အောက်ပိုင်း ပူတဲ့ရောဂါ ဖြစ်ပါတယ်။ ခြေထောက်တွေပူတယ်။ ဆေးထိုးဆေးသောက် လုပ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပါတတ်ခန့်က အရိုးကို စစ်တဲ့စက်ဆိုလား အခမဲ့စစ်ပေးတယ်ဆိုလို့ စစ်ကြည့်တာ အရိုးပါးတာ အဆင့် ၃ ကိုရောက်နေပြီပြောပါတယ်။ အဲတာနဲ့ ဆေပေးလိုက်ပါတယ်တဲ့။ တစ်ပါတ်ကို တစ်လုံးသောက်ရတဲ့ဆေး။ အရိုးပါးရောဂါ ဖြစ်တဲ့သူ ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိချင်ပါတယ်ဆရာ။ ကျွန်တော်က နိုင်ငံခြားမှာဆိုတော့ အဝေးကပဲဂရုစိုက် နိုင်ပါတယ်။

• အမျိုးသမီး၊ အသက်ကြီးသူတွေမှာ အဲလိုဖြစ်တာကို Osteoporosis (အော်စတီယို ပိုရိုးဆစ်) လို့ခေါ်တယ်။ တခြားနာမည်တွေလဲရှိတယ်၊ Thin bones အရိုးပါးခြင်းနဲ့ Low bone density အရိုးသိပ်သည်းဆနည်းခြင်း။
• အရိုးအားနည်းတာပြောလဲ မှန်တယ်။ အားနည်းတော့ ကျိုးလွယ်မယ်။
• အရိုးရောဂါထဲမှာ အများဆုံးဖြစ်တာလို့ ပြောနိုင်တယ်။
• Calcium (ကယ်လ်စီယမ်) နဲ့ တခြားဓါတ်တွေကို စစ်ဆေးရင် နည်းနေတာတွေ့ရမယ်။
• (ကယ်လ်စီယမ်) က လူကြီးပုံမှန် 9.0 to 10.5 mg/dL နဲ့ ဒါမှမဟုတ် 2.25 to 2.75 mmol/L လို့ အဖြေထွက်မယ်။
• ကလေးဆိုရင် 7.6 and 10.8 mg/dL ဒါမှမဟုတ် 1.9 to 2.7 mmol/L လို့ အဖြေထွက်မယ်။
• အမျိုးသမီးတွေ အသက် ၅ဝ ကျော်လာရင် တဝက်လောက်မှာဖြစ်တယ်။ အရိုးတခုခုကျိုးပြီး ဆေးရုံ ရောက်လာကြတယ်။
• အရိုးဆိုတာ အသက်ရှိနေသ၍ အသစ်ဖြစ်လိုက်၊ အိုဟောင်းလိုက်၊ သေသွားလို့ အစားထိုးလိုက်နဲ့ သံသရာ လည်နေတယ်။ အသစ်အစားမထိုးနိုင်လာရင် ဒီရောဂါဖြစ်လာမယ်။
• Calcium (ကယ်လ်စီယမ်) နဲ့အတူ Vitamin D ဗီတာမင် (ဒီ) လဲ အတူတူလိုတယ်။
• တချို့လူမျိုးတွေမှာ၊ တချို့မိသားစုတွေမှာ ပိုဖြစ်ကြတယ်။
• အမျိုးသမီးတွေမှာ Estrogen ဟော်မုန်း၊ အမျိုးသားတွေမှာ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်း နည်းလာချိန်ဖြစ်တဲ့
• တချို့ရောဂါတွေအတွက်ပေးနေရတဲ့ ဆေးတွေကြောင့်လဲ ဖြစ်တယ်။
• အိပ်ယာထဲ အကြာကြီးလဲနေရသူတွေ၊ အရက်သောက်များသူတွေ၊ ပိန်သူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ပိုတွေ့ရတယ်။
• ရောဂါရှိနေပေမဲ့ ဘာမှ မခံစားရတာကများတယ်။ အရိုးကျိုးမှ စစ်တော့သိလာရတတ်တယ်။
• ခါးရိုးထဲက နာတာကြာသူတွေ စစ်သင့်တယ်။
• ရောဂါဖြစ်လို့ကြာရင် တချို့က အရပ်ပုသွားကြတယ်။
• Bone mineral density testing စစ်ဆေးနည်းလုပ်ရတယ်။ DEXA scan နည်းလုပ်တာများတယ်။
• အရိုးတွေကို ဓါတ်မှန်လဲရိုက်တယ်။ မကျိုးဘဲရိုက်ကြည်တာနဲ့တော့ မသိနိုင်ပါ။
• Lifestyle changes လူနေမှုပုံစံပြောင်းရတော့မယ်။ အစားအသောက်ပြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။
• ကယ်လ်စီယမ် နဲ့ ဗီတာမင် (ဒီ) သောက်ပါ။
• Bisphosphonates ဆေးကို အများဆုံးပေးတယ်။ Estrogens, Teriparatide, Raloxifene, and Calcitonin တွေလဲ ပေးနိုင်တယ်။
• အမျိုးသမီးတွေ ၄၅-၅ဝ နှစ်ဝန်းကျင် သွေးဆုံးချိန်မှာ ဒီရောဂါဖြစ်လာတယ်။
• အသက် အသက် ၅ဝ ကျော်အမျိုးသမီးများ ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။
• အသက် ၅၁ ကနေ ၇ဝ ဆိုရင် (ကယ်လ်စီယမ်) 1,200 mg of calcium နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။
• ယောက်ျား အသက် ၅၁ ကနေ ၇ဝ အတွက် ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။
• အသက် ၇ဝ ကျော်သူတိုင်း ကယ်လ်စီယမ် 1,200 mg နဲ့ ဗီတာမင် (ဒီ) 800 IU နေ့စဉ်လိုတယ်။
• ဆေးလိပ်၊ အရက် လျှော့ပါ-ဖြတ်ပါ။ ချော်လဲမှာမှန်သမျှ သိထားပါ။
• ပင်လယ်ငါးများ၊ အရိုးပါစားလို့ရတဲ့ငါးတွေ၊ နွားနို့၊ ဒိန်ခဲ၊ တို့ဖူး၊ ဘဂီကူလီ ခေါ်တဲ့မုံလာပွင့်အစိမ်းရောင်တွေမှာ ကယ်လ်စီယမ် ပါတယ်။
• ခွဲစိတ်ကုသဘို့လိုသူတွေကို Kyphoplasty နည်းနဲ့ Spinal fusion နည်းလုပ်ရတယ်။

Kidney Stone Causes ကျောက်ကပ်ကျောက် ဘာတွေကနေဖြစ်စေသလဲ
1. Calcium (ကယ်လ်စီယမ်)၊
2. Other electrolytesတခြားဓါတ်ဆားများ၊
3. Animal protein တိရစ္ဆာန် (ပိရိုင်း)၊
4. Vitamins ဗီတာမင်တွေ နဲ့
5. Other တခြားအကြောင်းတွေဖြစ်ကြတယ်။

Calcium (ကယ်လ်စီယမ်) ဓါတ်ဆားကို ကျောက်ကပ်ကျောက်ထဲမှာ အများဆုံးတွေ့ရတယ်။ ဒါကြောင့် (ကယ်လ်စီယမ်) ဖြည့်စွက်ဆေးအဖြစ်သုံးသူတွေမှာ ပိုဖြစ်နိုင်တယ်လို့ Committee to Review Dietary Reference Intakes for Vitamin D and Calcium (2011) ထဲမှာ ရေးထားတယ်။

ကလေးတွေကို (ကယ်လ်စီယမ်) ပေးရင် နေ့စဉ်လိုအပ်ချက်ထက် မပိုစေရပါ။ နေ့စဉ်လိုအပ်ချက် -
• Infants ၁ နှစ်အောက်ကလေး = 400-600 milligrams
• ၁ နှစ်က ၁ဝ နှစ်ကလေး = 800 milligrams
• ၁ဝ မှ ၁၅ နှစ်ကလေး = 1200-1500 milligrams

Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
Vitamin D ဗီတာမင် (ဒီ) http://dts-medicaleducation.blogspot.in/2009/08/vitamin-d.html

ဒေါက်တာတင့်ဆွေ
၂၅-၈-၂ဝ၁၃

ကျန်းမာစေသော apk file လေးနှစ်ခု

မြန်မာပြည်သူပြည်သားတွေအပေါ် ကျန်းမာစေရန်စေတနာထားလျှက် အင်တာနက်တွင် Blog ပြုလုပ်ကာ ဆေးပညာစာများကို အမြဲမပြတ် ရေးသားဖြေကြားပေးနေသော ဒေါက်တာတင့်ဆွေ ရဲ့ Blog နှစ်ခုကို ဖုန်းကနေဖတ်ရှူနိုင်ဖို့ website တစ်ခုကိုအသုံးပြုပြီး apk file လေးတွေ ပြုလုပ်ထားပါတယ်။ ဆရာ့ စာဖတ်ပရိတ်သတ်တွေ လွယ်ကူ အဆင်ပြေစွာဖတ်နိုင်ရန်အတွက်ပါ။ apk လေးတွေ အသုံးဝင်ပုံကတော့ ဆရာ့ Blog မှာတင်ထားတဲ့ post တွေ အင်တာနက် ဖွင့်ထားချိန်မှာ တက်လာမှာဖြစ်ပြီး တက်လာပြီးသမျှ Post တွေအကုန်လုံး အင်တာနက် အသုံးပြုစရာမလိုပဲ Offline ဖတ်ရှူနိုင်မှာဖြစ်ပါတယ်။

ဆရာ့ Blog တွေမှာ ရိုးရိုး ကျန်းမာရေးပညာပေး ဆေးပညာ စာများကို ရေးသာသော Medical Writings ဆေးပညာစာများ ကတခု လိင်ကျန်းမာရေး ပညာပေး ဆေးစာများဖြစ်သော Medical Writings for Over 18 (အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ) 18+ ကတစ်ခု Blog နှစ်ခု ရှိပါတယ်။ 18+ ဆိုပေမဲ့ Blogger စည်းမျဉ်းအရ သတ်မှတ် ထားခြင်း သာဖြစ်ပြီး ဗဟုသုတ တိုးပွားစေသော ဆေးပညာ စာများသာ ဖြစ်ပါတယ်။ ပေါက်ကရ မထင်စေလိုပါ။

တစ်ခါတည်း Google play store က Download ယူတာမဟုတ်ပဲ အင်တာနက်မှ apk ကို download လုပ်နည်း၊ ဖုန်းမှာ install လုပ်နည်းကို ရှင်းပြပါ့မယ်။ မသိသေးသူများအတွက် ရည်ရွယ်ပါတယ်။ Install လုပ်နည်း ကတော့ Samsaung Galaxy Series ဖုန်းတွေအတွက် ကွတ်တိ ဖြစ်ပါလိမ့်မယ် အခြားဖုန်းအမျိုးအစားများမှာတော့ မပြောတတ်ပါ။

ပထမဆုံး apk ကို zippyshare မှာကျွန်တော်တင်ထားတာဖြစ်လို့ Zippyshare ကနေဒေါင်းရမှာပါ Zippy share ကနေဒေါင်းနည်းကို ပုံမှာကြည့်ပါ။
Download မယူခင်တည်းက မိမိဖုန်းမှာ Setting>Application>Unknown source ကို အမှန်ခြစ်ထားပေးပါ။ Download link ကိုဝင်ပြီး ပုံမှာမျှားအနီပြထားတဲ့ Download Now ကိုနှိပ်ပါ။ Download Complete ဖြစ်တာနဲ့ ပုံမှာ မြားပြထားတဲ့အထဲမှာ Download ယူထားတဲ့ apk file လေးကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီ apk file လေးကို နှိပ်လိုက်တာနဲ့ ပုံမှာပြထားသလို ပေါ်လာပါလိမ့်မယ်။ မြားအနီပြထားတဲ့ Package instsller ကိုနှိပ်ပါ။ နောက်ပေါ်လာသမျှကို OK ရွေးပေးပါ။ အလိုလို Install လုပ်နေပါလိမ့်မယ် Install ပြီးတဲ့အခါ Open နဲ့ Done ဆိုပြီးရွေးစရာ ၂ ခု ပေါ်လာပါလိမ့်မယ်။ကြိုက်တာနှိပ်လိုက်ပါ။

Install လုပ်နည်းသိပြီဆိုတော့ ဆရာ့ရဲ့ Blog ကစာတွေကိုဖတ်ဖို့ apk file လေးတွေ အောက်မှာ Download ယူသွားလိုက်ပါ။ Install လုပ်ပြီး ရင်တော့ post တွေက Connection ကောင်းရင် ကောင်းသလို တက်လာပါလိမ့်မယ်။ ချက်ချင်းတော့ တက်လာမှာမဟုတ်ပါဘူး။

Medical Writings ဆေးပညာစာများ အတွက် apk
Medical Writings for Over 18 အတွက် apk

အဆင်ပြေပါစေခင်ဗျာ။
အမောင်သလင်း

http://thepeacefulhut.blogspot.kr/2013/08/blog-post_6812.html

Wednesday, August 21, 2013

Superstition or Fantasy အယူသီးတာလား ဖြစ်တတ်တာလား

• အရင်တုံးက ကျိုးထားတဲ့နေရာမှာ ကိုက်နာလာရင် မကြာခင် မိုးရွာမယ်လို့သိနေတယ်။ ကနေ့ညနေ မိုးရွာတယ်။
• အသားဝါ (ဂျွန်းဒစ်) ဖြစ်နေသူလူနာ ၃ ယောက်မှာ ၂ ယောက်က အဝါရောင် တခုခုဝတ်ဆင်လာတယ်။
• ၉-၈-၂ဝ၁၃ နေ့ဆေးခန်းချိန်မှာ ဆရာမတယောက် နားကြပ်လွတ်ကျတော့ အေ့း့ မွေးလူနာ လာမယ်လို့ ပြောတာ မွေးလူနာ နံပါတ် ၃၁၅ ဟာ ညဦးကတည်းကရောက်လာပြီး မနက် ၄ နာရီခွဲမှာ မွေးပေးခဲ့ရတယ်။
• ၁၃-၈-၂ဝ၁၃ နေ့ ဆေးခန်းချိန်မှာ ဆရာမတယောက် ရေခွက်လွတ်ကျတော့လဲ အဲလိုပြောတယ်။ ည ၂ နာရီမှာ လဲရာကနေ ကျောကွဲသွားတဲ့ လူနာတယောက်ရောက်တယ်။ ၁၄ ချက်ချုပ်ပေးရတယ်။
• မွေးလူနာနံပါတ် ၃၁၆ ကြတော့ ဘာတခုမှ ထူးတာမရှိဘူး။ တညလုံးစောင့်ကြရပြီး မနက် ၄ နာရီ ၃၅ မိနစ်မှာမွေးပေးရတယ်။

ဒေါက်တာတင့်ဆွေ
၁၄-၈-၁၂ဝ၃

Sinusitis (ဆိုင်နူဆိုက်တစ်)

Wed, Aug 21, 2013 at 1:37 PM
ကျွန်မ့ မှာ အလုပ်လုပ်နေပါတယ်။ နာမည်က့ ပါ။ အသက်က ၃၄နှစ်၊ အိမ်ထောင် ကလေး ၂ ယောက်မိခင်ပါ။
၁။ ဒီလ ၁၈ ရက်နေ့ မှာ နှာမွှန်၊ နှာဆေးပါတယ်။ ၁၉ ရက်နေ့ကစပြီး သတိထားမိလောက်အောင် နှာခေါင်းအလယ် တဝိုက်မှာ နာနေပါတယ်။ နာနေတဲ့ပုံစံက တခုခုနဲ့ ဆောင့်မိပြီး ခိုင်းမိထားသလိုမျိုး ဖွဖွလေးနာနေတာပါ။ နားထင် တစ်ဖက်ဆီမှာလဲ တစ်ချက်ချက်ကိုက်ပါတယ်။
၂။ ၁၉ ရက်နေ့ညမှာပဲ Tiffy Day နှစ်လုံးသောက် အိပ်လိုက်ပါတယ်။ ၂ဝ ရက်နေ့ မနက်ကျတော့ နှာမွှန်တာ နည်းနည်း သက်သာပေမဲ့ နှာခေါင်းအလယ်တဝိုက် နာနေတာမသက်သာပါဘူး နေ့လယ်လောက်မှာ နှာခေါင်းအလယ်တဝိုက် အရိုးရှိတဲ့နားမှာ အနီရောင်သန်းလာပြီး ရောင်သလိုဖြစ်လာပါတယ်။ ညဖက်အလုပ်ကအပြန် ဆေးဆိုင်ဝင်ပြီး ပိုးသက်ဆေးမေးတော့ Amoxicillin capsules 500 ကိုပေးလိုက်ပါတယ်။ ညစာ (၈ နာရီ)မစားခင် တလုံးသောက် ပြီး မအိပ်ခင် (ည ၁၂ ခွဲလောက်ပါ) တလုံးထပ်သောက်ပြီး အိပ်ပါတယ်။
၃။ ၂၁ ရက်နေ့ မနက်ကနေ ခုထိ အရိုးတဝိုက်မှာ ပိုရောင်လာတာ တွေ့ရပါတယ်။ ခေါင်းတော့ မကိုက်တော့ပါဘူး။ တခြားနေရာတွေလဲ နာတာမရှိသေးပါဘူး။
နှာခေါင်းအလယ် အရိုးတဝိုက်ဆီမှာပဲ ကိုက်သလိုနာနေပါတယ်ဆရာ အဲဒါ Sinus infection ဖြစ်နိုင်ပါသလားဆရာ။ ဆရာရဲ့  Sinus infection အကြောင်းရေးထားတဲ့ပိုစ့်အောက်မှာ ဖတ်ကြည့်ပြီးပါပြီဆရာ။ ဒီလိုမျိုးဖြစ်တာ ဒါပထမဆုံး အကြိမ်ပါဆရာ။ ဖြစ်နိုင်ရင် ဆရာဝန်ဆီမသွားသေးပဲ ဆေးအရင်သောက်ကြည့်ချင်ပါတယ်။ ဘာဆေးကို သောက်သင့်လဲဆိုတာ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပေးပါရှင့်။

• Antibiotics ပဋိဇီဝဆေး (Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XR) ကို ၁ဝ-၁၄ ရက် သောက်ပါ။
• Decongestants နှာရည်ကျဲဆေးတွေ (Pseudoephedrine = Chlor Trimeton, Contac Cold, Drixoral Decongestant Non-Drowsy, Elixsure Decongestant, Entex, Genaphed, Kid Kare Drops, Nasofed, Seudotabs, Silfedrine, Sudafed, Sudodrin, SudoGest, Suphedrin, Triaminic Softchews Allergy Congestion, Unifed)၊
• Saltwater rinses ဆားရည်နဲ့စိမ်နိုင်တယ်။
• Nasal corticosteroids နှာခေါင်းထဲထည့်ရသည့် (ကော်တီကိုစတီရွိုက်) ဆေးတွေ (Fluticasone or Beclomethasone) သုံးရပါလိမ့်မယ်။
• Paracetamol အနာ-အရောင်သက်သာစေအောင် တခါသောက် ၁ ပြား၊ တနေ့ ၃-၄ ကြိမ်သောက်ပါ။
• Antihistamine (Citrizine) တည ၁ ပြားသောက်ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၃

လူ့မျက်နှာ နှာခေါင်းတဝှိုက်မှာ (နဖူးရိုး၊ နားထင်ရိုး၊ မျက်ကွင်းအပြင်ရိုး နဲ့ ပါးရိုး၊) အရိုးတွေထဲမယ် အကျိအချွဲ နံရံတွေရှိတဲ့ လေခိုအိတ် (ဆိုင်းနပ်စ်) စုစုပေါင်း ဘယ်-ညာ လေးစုံ ရှိပါတယ်။ တခုတခုဟာ မီးခြစ်ပုံးအရွယ်လောက် ရှိတယ်။

နှာခေါင်းရောဂါ အမျိုးမျိုးကို စာရင်းချလိုက်ရင် ဒီလိုတွေ့ရပါမယ်။
၁။ Drug Allergy ဆေးတခုခုနဲ့ မတည့်လို့ဖြစ်ရတဲ့ (အလာဂျီ) ဖြစ်ခြင်း၊
၂။ Acute or Chronic Sinusitis (Ethmoiditis) ရက်တို-ရက်ရှည် (ဆိုင်းနူဆိုက်တစ်) မျက်ကွင်းအပြင်ဘက်ရိုးရောင်ခြင်း၊
၃။ Chronic Frontal Sinusitis (Chronic Rhinosinusitis) နာတာရှည် (ဆိုင်းနူဆိုက်တစ်) နဖူးထဲကရိုးရောင်ခြင်း၊
၎။ Epistaxis နှာခေါင်းသွေးယိုခြင်း၊
၅။ Foreign Body in the Nose နှာခေါင်းထဲ တခြားပစ္စည်းဝင်ခြင်း၊
၆။ Hematoma of the Nasal Septumနှာခေါင်းပေါက်နှစ်ခုကို ပိုင်းခြားထားတဲ့အကန့် သွေးယိုခြင်း၊
၇။ Nasal Polyps နှာခေါင်းထဲ အသားပိုဖြစ်ခြင်း၊

ဒီစာမှာ ပဌမ ၃ မျိုးအကြောင်းကိုဘဲ ရေးပါရစေ။ (အလာဂျီ)ကြောင့်ဖြစ်တဲ့ (ဆိုင်းနပ်စ်)ရောဂါက နှာရည်တွေယို၊ နှာခြေ၊ အနေအထိုင်ခက်ဖြစ်လာပါတယ်။ ကုသဘို့ Antihistamines (Diphenhydramine, Loratadine, Fexofendadine) (အင်တီ-ဟစ်တမင်း) ဆေး၊ Decongestants (Pseudoephedrine) နှာရည်ကျဲဆေး၊ Nasal corticosteroids (Fluticasone, Beclomethasone) နှာခေါင်းထဲထည့်ရတဲ့ (ကော်တီကို-စတီရွိုက်) ဆေးတွေကို သုံးရပါတယ်။

နောက်ပြီး (အလာဂျီ) ဖြစ်စေတဲ့ အရာတွေကို ယဉ်ပါးအောင်ပြုလုပ်ခြင်း၊ Allergy desensitization လုပ်သင့်ပါတယ်။ ဒါမှ နောင် ရှောင်နိုင်မှာပါ။ ဆားရည်ဖြင့်စိမ်ခြင်း၊ Saltwater rinses ဆိုတာ ကရိယာဝယ်ပြီး လုပ်နိုင်ပါတယ်။ ရေကျက်အေး ၁ ခွက်ထဲမှာ အိမ်သုံးဆား (အိုင်အိုဒင်း မပါ) လက်ဘက်ရည်ဇွန်း တဝက်၊ မုံ့ဖုတ်ရာမှာသုံးတဲ့ ဆိုဒါမှုံ့ နဲနဲထည့်ရပါမယ်။ ဆိုဒါမှုံ့က အပူမလောင်အောင် ကာကွယ်ယုံပါ။ Vaporizers ခေါ်တဲ့ ရေနွေးငွေ့ရှူတဲ့နည်းလဲ ကောင်းပါတယ်။ ရိုးရိုးလေးပါ။ ရေကိုပွက်အောင်လုပ်ပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူပေးရတာပါ။ လျှပ်စစ်ရှိလို့ ကရိယာဝယ်သုံးရင် ပိုကောင်းတာပေါ့။ ဈေးလဲမကြီးပါဘူး။

လူတွေအများဆုံးဖြစ်တတ်တဲ့ ထိပ်ကပ်နာ ခေါ်တဲ့ (ဆိုင်းနပ်စ်)ရောဂါက ဘယ့်လောက်အဖြစ် များသလဲဆိုရင် ဗမာတွေ စွဲနေကြတဲ့ ရုပ်ရှင်ထဲက ကိုရီးယန်းတွေ လေးယောက်မှာ သုံးယောက် ဖြစ်နေသတဲ့။ အစကတော့ အအေးမိတာနဲ့ အတူတူပါဘဲ။ နဲနဲလေး ကိုယ်ပူ၊ နှာချေ၊ နှာစေး၊ နှာပိတ်၊ ချောင်းလေးဆိုး၊ အားယုတ်၊ မစားချင် မသောက်ချင်ဖြစ်။ ကြာတော့ နှာခေါင်းနောက်ပိုင်းမှာ အဆက်မပြတ် Drip သွင်းပေးသလို အရည်တွေ စီးကျနေပါမယ်။

ပိုးဝင်တာအပြင် ပတ်ဝန်းကျင်အခြေအနေကြောင့်လည်း ဖြစ်ရပါတယ်။ လေခိုအိတ်ကလေးတွေထဲမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ လက်ချောင်းပုံ အမွှေးလေးတွေက ပြင်ပကဝင်လာမဲ့ မသင့်တဲ့အရာမှန်သမျှကို တားဆီးပေးပါတယ်။ ရောဂါရရင် အဲဒီအလုပ် မလုပ်နိုင်ဖြစ်လာပါတယ်။ ဒါ့ကြောင့် ဗက်တီးရီးယားတွေ ခိုအောင်း၊ ပေါက်ပွါးပြီး ရောဂါရတော့တာပါဘဲ။

၂-၃ လထက် ကြာကြာဖြစ်ရင်တော့ နာတာရှည်လို့ သတ်မှတ်ပါတယ်။ နှာခေါင်းမှာ နေမထိထိုင်မထိ၊ မသက်မသာ ဖြစ်မယ်၊ နှာရည်ယိုမယ်၊ နှာရည် အရောင်ရှိလာမယ်၊ မျက်နှာမှာ နာနေမေယ်၊ ကိုက်မယ်၊ ကြာလျင် ချောင်းဆိုးပါမယ်၊ (ညအချိန်ပိုဆိုးတယ်)။ ပြည်လိုလဲဖြစ်လာနိုင်တယ်။ နှာရည်ကနံလာမယ်။ မွှေးတာ၊ နံတာမသိ ဖြစ်လာပါလိမ့်မယ်။ ပါးစပ်နဲ့သာ အသက်ရှူရတော့မယ်။ အိပ်ရင် ဟောက်မယ်။ ကလေးများဖြစ်ရင် နားရောဂါဆိုတာ မကြာမကြာရမယ်။ ရက်ကြာကြာနဲ့ ခဏခဏဖြစ်ခြင်းတာမို့ အလုပ်အကိုင်ပျက်၊ စိတ်ပျက်ဖြစ်ပြီး စီးပွါးရေးပါ ထိခိုက်နိုင်ပါတယ်။

ဒီရောဂါ ဟုတ်-မဟုတ် ရောဂါရာဇဝင်ဖြစ်တဲ့ ပန်ဝန်းကျင်အခြေအနေ၊ ရောဂါလက္ခဏာတွေ၊ သောက်ထားတဲ့ဆေး ဆိုတာတွေ သိဘို့လိုပါတယ်။ လိုအပ်ရင် Endoscopy နှာခေါင်းထဲကရိယာနဲ့ကြည့်မယ်၊ X-ray ဓါတ်မှန်ရိုက်တာ၊ နောက်ဆုံးလိုအပ်ရင် CT (Computed tomography) scan ကွန်ပြူတာသုံးပြီး စစ်ဆေးတာလုပ်ရပါမယ်။

ကာကွယ်ဘို့ကတော့ အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖြစ်နိုင်သ၍ ရှောင်ဘို့လိုပါတယ်။ (ထိပ်ကပ် ရောဂါကြောင့် အေးတဲ့တိုင်းပြည်တွေမှာ အလုပ်သွားလုပ်နေသူများ အိပ်ကပ် ပြဿနာမရှိရင်တော့ ကိုယ့်ပြည်ကိုယ်ပြန်လာပေါ့။) လေကိုလဲ ရေဓါတ်ရှိနေအောင် လုပ်ပေးနိုင်တာ ကောင်းတယ်။ Respiratory Humidifiers, Electrode Humidifiers, Resistance Humidifiers, Gas-Fired Steam Humidifiers, Whole House Humidifiers ဆိုပြီး ကုပ္မဏီတွေက ကြော်ညာတာတွေရှိပါတယ်။ အခန်းကို အနံ့အသက်တွေလဲ ကင်းရှင်းအောင်လုပ်ပါ။

နာတာရှည်ဖြစ်ပြီဆိုရင် ဆေးကုသရာမှာလဲ သာမန်ကာရှံကာမဟုတ်ဘဲ အပြင်းအထံနည်း Aggressive treatment သုံးသင့်ပါတယ်။

နှာခေါင်းပုံပန်းပျက်နေသူတွေကိုတော့ ခွဲစိတ်ပေးဘို့လိုမယ်။ နောက်ပြီး နှာခေါင်းထဲထည့်ရတဲ့ (ကော်တီကို စတီရွိုက်) ဆေးတွေ ပေးရမယ်။ ဆားရည်နဲ့စိမ်နည်းသုံးရမယ်။

ဆေးမကုဘဲထားလျင် (အင်ဖက်ရှင်)ဟာ အတွင်းထဲ၊ အရိုးထဲ ရောက်သွားနိုင်ပါတယ်။ နဖူးထဲက လေခိုပေါက်မှာ ဖြစ်တာဆိုရင် မျက်လုံးကို သွားဖိနေလို့၊ အရုပ်နှစ်ထပ်မြင်ရမယ်။ နဖူးဖေါင်းလာမယ်။ ဦးနှောက်ထဲ အနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။ မျက်ကွင်းဘေးကဖြစ်ရင် အနားတဝှိုက် ပြည်တည်နာ Abscess ဖြစ်မယ်။ ပါရိုးထဲဆိုရင် နှာခေါင်းပိတ်နေမယ်။ နားထင်ရိုးထဲဖြစ်ရင် အရုပ်နှစ်ထပ်မြင်တာ၊ မျက်လုံးရွေ့လျားမှု ကောင်းကောင်း လုပ်မရတာ ဖြစ်နေမယ်။ အထဲဆက်ဝင်သွားရင်တော့ ဦးနှောက်ထဲအနာဖြစ်မယ်။ ဦးနှောက်မြှေးရောင်မယ်။

နာတာရှည် (ဗက်တီးရီးယား) ကြောင့်ဖြစ်တဲ့ (ဆိုင်းနပ်စ်) ရောဂါကို ကုသဘို့ ပဋိဇီဝဆေးတွေ Antibiotics (Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XR)၊ နှာရည်ကျဲဆေးတွေ Decongestants (Pseudoephedrine = Chlor Trimeton, Contac Cold, Drixoral Decongestant Non-Drowsy, Elixsure
Amoxicillin & Clavulanic acid = Augmentin ES-600, Augmentin, Augmentin XR ကို ၁ဝ-၁၄ ရက်ကြာ ပေးရပါတယ်။ နှာရည်ကျဲဆေး Decongestants တွေကို ဆက်သုံးနိုင်တယ်။
Decongestant (Entex, Genaphed, Kid Kare Drops, Nasofed, Seudotabs, Silfedrine, Sudafed, Sudodrin, SudoGest, Suphedrin, Triaminic Softchews Allergy Congestion, Unifed)
Saltwater rinse ဆားရည်ဖြင့်စိမ်ခြင်း၊
Nasal corticosteroids နှာခေါင်းထဲထည့်ရသည့် (ကော်တီကိုစတီရွိုက်) ဆေးတွေ (fluticasone or beclomethasone) သုံးရပါလိမ့်မယ်။

နှာခေါင်းရိုးအနေအထား ပုံမှန်မဟုတ်သူများအား ခွဲစိတ်ပေးရပါမယ်။ (ရောဂ) နည်း နဲ့လည်း ကုသပေးနိုင်ပါတယ်။

(အက်သမွိုက်) လေခိုအိတ်များရောင်ခြင်း Ethmoiditis ကတော့ အသက်ရှူလမ်းအထက်ပိုင်း ပိုးဝင်ခြင်းကတဆင့် ဆက်ဖြစ်ရတာပါ၊ (ဗက်တီးရီးယား) ဒါမှမဟုတ် (ဗိုင်းရပ်စ်)ပိုးဟာ လေခိုအိတ်ရဲ့နံရံတွေကို ပျက်စီးစေတယ်။ (အလာဂျီ) ကြောင့်လည်း ဖြစ်နိုင်တယ်။ သူများကို မကူးပါ။ နှာခေါင်းရိုးအနေအထားပုံမမှန်လို့လည်းဖြစ်နိုင်တယ်။ အားနည်းနေသူ ဆိုရင် (ဖန်းဂတ်စ်) မှိုကြောင့်လည်း ဖြစ်နိုင်တယ်။ (ဖန်းဂတ်စ်) မှိုကြောင့်ဖြစ်တာဆိုရင် (ဖန်းဂတ်စ်)ဆေး Amphotrecin B အကြောဆေး ပေးရပါမယ်။

လက္ခဏာတွေကတော့ နဖူးအောက်နား၊ မျက်လုံးနှစ်ဖက်ကြား၊ နှာခေါင်းရဲ့ဘေးမှာ နာမယ်။ မျက်စိအစွန်နား အနည်းငယ် နီပြီး ရောင်မယ်၊ နာနေမယ်။ နှာခေါင်းကနေ အသက်ရှူရတာ ခက်မယ်။ ဖျားနိုင်တယ်။ အနံ့ ကောင်းကောင်းမရ ဖြစ်မယ်။ နှာခေါင်းပိတ်နေမယ်။ နှာရည်ယိုမယ်။

ဆက်ပြန့်မသွားအောင်တားဘို့ ခက်ပါတယ်။ ဒါပေမဲ့ နှာရည်ကို သန့်ရှင်းပေးခြင်း၊ ရေ-အရည်များများသောက်ပေးခြင်း၊ ဆားရည်စိမ်ပေးခြင်း၊ နွားနို့ရှောင်ခြင်းတို့က သက်သာစေပါမယ်။ (အလာဂျီ) ကြောင့်ဖြစ်ရတာဆိုရင် ဖြစ်စေတတ်တဲ့ အခြေအနေကို ရှောင်ပါ။ နှာခေါင်းထဲထည့်ရတဲ့ (ကော်တီကို-စတီရွိုက်) ဆေးတွေ သုံးပါ။ (အင်တီ-ဟစ်တမင်း) ဆေး Antihistamines (Diphenhydramine, Loratadine or Fexofendadine) သုံးပါ၊ နှာရည်ကျဲဆေး Decongestants (pseudoephedrine) သုံးပါ၊ (ဗက်တီးရီးယား)ကြောင်ဖြစ်ရင် ပဋိဇီဝဆေး Antibiotics (Amoxicillin & Clavulanic acid) ပေးပါ၊

ပဋိဇီဝဆေးက မထိရောက်တော့ရင် ခွဲရပါတော့မယ်။ Basic endoscopic surgical procedure ခွဲစိတ်ရတာက မေ့ဆေးဖြစ်ဖြစ် ထုံဆေးဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ပိတ်ဆို့နေတာတွေ ဖယ်ထုတ်၊ အကောင်းတွေတတ်နိုင်သမျှ ချန်ပေးရတာ ဖြစ်ပါတယ်။ ၄ ပါတ်ဆိုရင် ပြန်ကောင်းသွားမှာပါ။

ဒေါက်တာတင့်ဆွေ
၂၅-၈-ဝ၉

Low Back Pain ခါးနာ သက်သာစေရန်

Mon, Aug 19, 2013 at 9:03 AM
ကျွန်မ မနက်မနက် ခါးနာနေပါတယ်။ ညနေပိုင်းလောက်ဆို သက်သာပါတယ်။ ဘယ်ဘက်တင်ပါးရဲ့ အပေါ် မီးညှောင့်ရိုးရဲ့ အပေါ်ထိပ် ဘယ်ဘက်ခြမ်းမှာ နဲနဲရောင်နေပါတယ် ။ ရောင်တဲ့နေရာက ထုံနေသလို ခံစားရပါတယ်။ မရိုမသေ စအိုဝ နေရာမှာပါ ထုံသလိုဖြစ်နေပါတယ်။ မနက်ပိုင်းဆို မထိုင်နိုင်ပဲ လှဲနေရင်သက်သာပါတယ်။ လေးငါးရက်လောက်ရှိပါပြီ။ ဘာဆေးသောက်ရမလဲ သိချင်လို့ပါ။ ဆရာဝန်ဆီ သွားမပြရသေးပါ။ အသက်က ၄၂ နှစ်ပါ။ အိမ်ထောင်နဲ့၊ ကလေး ၂ ယောက်ရှိပါတယ်ရှင်။

• လူတိုင်းလိုလို တချိန်မှာ ဖြစ်ဘူးကြတယ်။ သူ့ဖါသူ ပျောက်သွားတာ များတယ်။ မပျောက်ဘူးဆိုရင် ထိရောက်တဲ့ ကုသနည်းတွေ ရှိတယ်။
• Dull ache ထုံပြင်းပြင်းနာတာနဲ့ Stabbing or shooting sensation ထိုးတာခံရသလိုနာတယ်။ ခါးမတ်အောင် နေလို့ မရဖြစ်တယ်။ အားကစားလုပ်ရင်း၊ အလုပ်လုပ်ရင်း ရုတ်တရက် နာလာတာ ရှိတယ်။ ၃ ရက်နေလို့မှ မပျောက်ရင် ဆရာဝန်ပြပါ။ ၃ လနေလို့မှ မပျောက်ရင် နာတာရှည်လို့ သတ်မှတ်တယ်။
• အသက် ၃ဝ ကျော်လောက်မှာ အများဆုံး စဖြစ်ဘူးတတ်တယ်။ ဒိထက် အသက် ကြီးလာလေလေ ဖြစ်နိုင်ခြေ များလေလေ။ ကိုယ်အလေးချိန် ပိုလာတာ၊ လှုတ်ရှားမှု နည်းလာတာတွေကြောင့်ဖြစ်မယ်။
• ဆီးသွား-ဝမ်းသွားတာအထိ ထိခိုက်လာရင်၊ အောက်ပိုင်းမှာ အားနည်းလာရင်၊ ဖျားလာရင်၊ ချောင်းဆိုး လိုက်ချိန်မှာ ပိုနာတာဖြစ်ရင်၊ ဆီးသွားလို့ ပိုနာရင် အရေးကြီးတာ ဖြစ်နိုင်တယ်။
• အလေးအပင်မရာကနေဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်ရင်းကနေဖြစ်တာမျိုးက Muscle Strain ကြွက်သားနာတာ ခေါ်တယ်။
• နောက်တမျိုးက ခါးရိုးဆစ်က အရွတ်ရွေ့တာ Sciatica ခေါ်တယ်။ နောက်ဟာမျိုးဆိုရင် Sciatic nerve (ဆိုင်ယားတစ်) အာရုံကြောတလျှောက် လိုက်နာမယ်။ တင်ပါး-ပေါင်-ခြေသလုံးအထိ နာမယ်။
• အလုပ်လုပ်ရာမှာ အလေးမရတာ၊ ဆွဲရတာမျိုးတွေက Twists the spine ခါးကိုလိမ်သလိုလုပ်ရရင်ဖြစ်နိုင်တယ်။ ထိုင်လုပ်နေရတာ ကြာသူတွေလဲ နာနိုင်တယ်။
• ပိုက်ဆံအိတ်၊ ကျောပိုးအိတ်၊ လက်ဆွဲအိတ်တွေကြောင့်လဲ ဖြစ်နိုင်တယ်။
• Gym or Golf course အားကစားနည်းတွေကနေလဲ နာတယ်။
• ခါးရိုးမကြီးဆိုတာ အရိုးလေးတွေ တခုနဲ့တခု ထပ်နေတယ်။ အရိုးတခုနဲ့တခုကြားမှာ အရိုးနုပြားလေးတွေရှိတယ်။ အရိုးလောက် မသန်မာလို့ အသက်ကြီးသူတွေ အားမကောင်းတော့ဘူး။ ခါးကိုထိခိုက်မိရင် စုပ်ပြဲသွားနိုင်တယ်။ ကျွံသွားနိုင်တယ်။ နောက်ကိုကျွံရင် သူ့နောက်က အာရုံကြောမကြီးကို သွားဖိစေနိုင်တယ်။ Herniated Disc ခေါ်တယ်။ အလွန်နာမယ်။
• Spinal stenosis ခါးရိုးနေရာကျဉ်းတဲ့ရောဂါမျိုးကနေလဲ အာရုံကြောကိုဖိစေပြီး နာစေနိုင်တယ်။ Spondylitis ရောဂါကနေလဲ နာနိုင်တယ်။ Fibromyalgia ရောဂါကနေလဲ နာနိုင်တယ်။
• ခါးနာတာသေခြာအောင် X-rays, CT or MRI scans တွေနဲ့ခွဲခြားရတယ်။

ဘယ်လိုကုသမလဲ
(၁) Posture အနေအထိုင် ပုံစံ၊ ခါးမတ်ထိုင်ပါ။ ခါးအမှီပါစေရမယ်။ ပခုံးပါ နားစရာရှိသင့်တယ်။ ခြေထောက်ကလဲ နားစေနိုင်ရမယ်။ မတ်တပ်ရပ်ရင် ကိုယ်အလေးချိန်ကို ခြေနှစ်ဖက်လုံးပေါ်မှာ မျှနေပါစေ။
(၂) Muscle strain ကြောင့်နာတာမျိုးက သူ့အလိုလိုကောင်းမှာပါ။ ဒါပေမဲ့ Heating pad or warm baths အပူကပ်ပေးတာ လုပ်နိုင်တယ်။
(၃) Bed Rest ခါးနာတာကို နားခိုင်းမလား။ ခါးနာသူတွေက အိပ်ရာထဲကမထချင်ကြဘူး။ ဒါပေမဲ့ Muscle strain ကြောင့်သာဆိုရင် လုပ်နေကြအလုပ်ကို စောနိုင်သမျှစောပြီး ပြန်လုပ်သင့်တယ်။ အိပ်ရာထဲမှာ ၁-၂ ရက် နေသူတွေက ခါးနာပိုဆိုးစေနိုင်တယ်။
(၄) Yoga (ယောဂ) နည်းကို ၃ လနေလို့မှ မသက်သာသေးသူတွေ ၃ လ လုပ်သင့်တယ်။
(၅) Spinal Manipulation အထူးကုဆရာဝန်တွေက တချို့ကိုလုပ်ပေးတယ်။
(၆) Massage Therapy နှိပ်နည်းကို နာတာရှည် ခါးနာသူတွေကို လုပ်ပေးနိုင်တယ်။ ဒါလဲ ၂ လလောက် အချိန်ယူတယ်။
(၇) Acupuncture အပ်စိုက်ကုသနည်း ထိရောက်မှုက လေ့လာမှုတွေမှာ မတူကြတာတွေ့ရတယ်။ Simulated acupuncture နည်းရော Real acupuncture with needles နည်းရောလုပ်နတယ်။
(၈) Acetaminophen, Ibuprofen, or Naproxen စားဆေးတွေနဲ့ အနာသက်သာစေတဲ့ လိမ်းဆေးတွေ သုံးတယ်။ လိုသေးရင် ပိုပြင်းတဲ့ဆေးပေးမယ်။
(၉) Steroid Injections (စတီရွိုက်) ထိုးဆေးလဲ တချို့ကိုထိုးပေးတယ်။
(၁ဝ) ခွဲစိတ်ကုသနည်း၊
(၁၁) Physical Therapy (ဖီဇီယို) ကုသနည်းမှာ Stretches, Strength exercises, and Low-impact cardio နည်းတွေ သုံးတယ်။
(၁၂) ခါးကို Flexion and extension exercises ခါးကို အကွေး-အဆန့် လေ့ကျင့်ခန်း လုပ်ပေးတယ်။

ဘယ်လို ကာကွယ်မလဲ။ အတိအကျ မဖြစ်ရပါဘူးလို့ အာမခံနိုင်တာဆော့ မရှိပါ။ အလွန်ကောင်းတဲ့နည်းတွေကတော့ -
• ကိုယ်အလေးချိန်ထိန်းပါ၊
• လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
• မ,စရာရှိရင် ခြေနဲ့သာ မပါ။ ခါးနဲ့ မမပါနဲ့။ အလုပ်လုပ်ရာ အနေအထိုင်မှာ ခါးကို သက်တောင့်သက်သာ အမြဲရှိပါစေ။
• ခေါင်းအုံးမြင့်တာ မသင့်ပါ။ အိပ်ရာခင်း မာမာမှာသာ လဲလျောင်းပါ၊ အိပ်ပါ။ မွေ့ယာ မသင့်ပါ။ ကြိုးကုတင်၊ Dream bed (ဒရင်းမ်ဘက်)၊ စပရင်ကုတင် မသင့်ပါ။
• ထိုင်ရင် ပေါင်ကအောက်ခံမှာထိနေ၊ ကျောက နောက်မှီနဲ့ထိနေရမယ်။ ဖင်ထိုင်ခုံမှာ မထိုင်ပါနဲ့။ ကြမ်းပေါ် တင်ပါးချ မထိုင်ပါနဲ့။ ပက်လက်ကုလားထိုင်၊ (ဆိုဖါ) အိတာမှာ မထိုင်ပါနဲ့။
• မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးလုပ်ရာမှာ ကြွေခွက်၊ စားပွဲ၊ ခုံ ကိုယ်နဲ့ အနေတော်ပါစေ။ နည်းနည်းလေးမှ မကုံးရစေပါနဲ့။
• ရေအိမ်သာ ဒူးကို ၉ဝ ဒီဂရီ ကွေးနိုင်တဲ့ အမျိုးအစားသုံးပါ။

Sacralization မွေးရာပါခါးဆစ်ရောဂါတမျိုးရှိတယ်။ လူဦးရေရဲ့ ၃့၅% မှာ ခါးရိုးဆစ်နံပါတ် (၅) ရဲ့ ဘေးဘက် ထွက်နေတဲ့အရိုးနဲ့ အောက်က (ဆေခရမ်) တင်ပါးရိုး သွားပြီးတွယ်ဆက်နေတာမျိုးရှိကြတယ်။ တထက်တည်းရော နှစ်ဖက်လုံးပါအဲလိုဖြစ်နေနိုင်တယ်။ တချို့မှာ ခါးအောက်ပိုင်းနာတာကိုခံစားရမယ်။ တချို့က ဘာမှ မခံစားရဘူး။

ဒေါက်တာတင့်ဆွေ
၂ဝ-၂-၂ဝ၁၂

ESL အင်္ဂလိပ်စာ

ကျောင်းစဖွင်ပြီလို့ရေးတော့ မေးပါတယ်။ ဘာသင်တဲ့ကျောင်းလဲ ဆရာတဲ့။  ကျောင်းအကြောင်း နည်းနည်း နည်းနည်း ရေးထားပြီး။ တယောက်က မေးဖူးတယ်။ အခုမှ...